Fanfics

nine // The End

20:59, 22 August 2025

Jake အသိစိတ်ပြန်လည်ဝင်လာတော့ သူ့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ဖြူဖွေးနေသည်။ ဆေးရုံတစ်ခုမှာ သူရောက်နေတယ်ဆိုတာကို သိလိုက်တော့ ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်သွားခဲ့တယ်။ အနည်းငယ်နာကျင်နေတဲ့ သူ့ခန္ဓာကိုယ်ကို သူ သတိထားလိုက်မိတယ်။

"ငါ ဘယ်ရောက်နေတာလဲ..."

Jake က တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့ဘေးမှာရှိတဲ့ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ကို သူ သတိထားမိလိုက်တယ်။ မျက်နှာလေးက ဖြူဖျော့ဖျော့ဖြစ်နေပြီး လက်မောင်းမှာတော့ ပလာစတာအဖြူလေးကပ်ထားတယ်။ သူ့မျက်နှာကို သေချာကြည့်လိုက်တော့ Nova ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။Nova က သူ့ဘေးမှာ အိပ်ပျော်နေခဲ့တာ။ ဘာလို့လဲဆိုတဲ့မေးခွန်းက Jake ရဲ့ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။ အဲဒီအချိန်မှာ Jake ရဲ့လက်မောင်းကိုကြည့်လိုက်တော့ သွေးလှူဖို့အတွက် ချိတ်ထားတဲ့ကြိုးတစ်ချောင်းကို သူ တွေ့လိုက်ရတယ်။ Jake ရဲ့စိတ်ထဲမှာ ထိတ်လန့်မှုတွေနဲ့အတူ နားမလည်နိုင်တဲ့ ခံစားချက်တွေဖြစ်ပေါ်လာတယ်။

Nova က သူ့အတွက် သွေးလှူပေးနေခဲ့တာလား။ Jake က သူမကို စွန့်ပစ်ခဲ့ပေမယ့် သူမကတော့ သူ့ကို ကယ်တင်ဖို့အတွက် ဘေးနားမှာရှိနေပေးခဲ့တာလား။ Jake ရဲ့နှလုံးသားက နာကျင်မှုတွေနဲ့အတူ အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။

"Nova..."

Jake ရဲ့ အသံက တိုးတိုးလေးဖြစ်နေခဲ့ပေမယ့် Nova ကတော့ နိုးသွားခဲ့တယ်။ မျက်လုံးပွင့်လာတော့ Jake ကိုမြင်တဲ့အခါမှာ သူမရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေနဲ့အတူ မျက်ရည်တွေလည်လာခဲ့တယ်။

"Jake... နင် နိုးလာပြီ"

Nova ရဲ့စကားက Jake ရဲ့နှလုံးသားကို ပိုပြီးနာကျင်စေတယ်။ သူမရဲ့မျက်ရည်တွေက ဝမ်းနည်းမှုကြောင့်မဟုတ်ဘဲ ပျော်ရွှင်မှုကြောင့်ဆိုတာကို Jake ကောင်းကောင်းသိနေခဲ့သည်။

မင်း ဘယ်လိုလုပ်ပြီး...Jake က Nova ရဲ့လက်ကို ကိုင်လိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်တယ်။

"မင်း ဘယ်လိုလုပ်ပြီး ငါ့ကိုဒီမှာရှိနေတာ သိတာလဲ"

Nova ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့တယ်။

"နင့်သူငယ်ချင်းတွေဆီကနေ သိရတာ နင်တို့နှစ်ယောက်က လမ်းခွဲခဲ့ကြတာကအစ နင် ဆိုင်ကယ်တိုက်မှုဖြစ်တာအထိ အကုန်လုံးကို သူတို့ပြောပြပေးခဲ့တယ်"

Nova ရဲ့စကားကြောင့် Jake ရဲ့နှလုံးသားက နာကျင်မှုတွေနဲ့အတူ အပြစ်ရှိတဲ့စိတ်တွေနဲ့ ပြည့်လာခဲ့တယ်။ Jake က သူ့သူငယ်ချင်းတွေကိုတောင် မျက်ကွယ်ပြုခဲ့ပေမယ့် သူတို့ကတော့ Nova ကို သတင်းပေးခဲ့ကြတာကို သိလိုက်ရတယ်။ ဒီအချိန်မှာမှ Jake က သူ့သူငယ်ချင်းတွေနဲ့ Nova ရဲ့တန်ဖိုးကို ပိုပြီးသေချာသိလိုက်ရတယ်။

"ငါ့အတွက် သွေးလှူပေးခဲ့တာလား"

Jake ရဲ့မေးခွန်းကို Nova က ခေါင်းငြိမ့်ပြလိုက်တယ်။ "ဟုတ်တယ်" လို့ ပြောလိုက်တဲ့အခါ Jake ရဲ့ရင်ထဲမှာ လှုပ်ခါသွားခဲ့တယ်။ Jake က Nova ကို အေးစက်စက်နဲ့ ဆက်ဆံခဲ့ပေမယ့် Nova ကတော့ သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တာကို Jake ကောင်းကောင်းသိနေပြီ။

"Nova... ငါ Sorry ပါ"

Jake ရဲ့အသံက နောင်တရမှုတွေပြည့်နေခဲ့တယ်။ Nova က သူ့ရဲ့မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး ခပ်ပါးပါးလေး ပြုံးလိုက်တယ်။

"ရပါတယ် Jake ရယ်... နငိအဆင်ပြေနေရင် ရပါပြီ"

Nova ရဲ့စကားကြောင့် Jake တစ်ယောက် ပိုပြီးနာကျင်လာခဲ့တယ်။ သူမရဲ့ရိုးသားဖြူစင်တဲ့အချစ်က သူ့ရဲ့အဆိပ်အတောက်တွေကို အမြဲတမ်းဖြေဖျောက်ပေးနိုင်ခဲ့တယ်။ Nova က သူ့ကို တစ်ခါမှ မစွန့်ပစ်ခဲ့သလို၊ သူနာကျင်နေချိန်မှာလည်း အမြဲတမ်း ဘေးနားမှာရှိနေပေးခဲ့တယ်။

Jake ရဲ့မျက်နှာကို ငေးကြည့်နေတဲ့ Novaရုတ်တရက် လန့်နိုးသွားခဲ့တယ်။ မျက်လုံးပွင့်လာတော့ သူမရဲ့အခန်းထဲမှာရှိနေပြီး မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်က သူမရဲ့စိတ်ကို ထိတ်လန့်စေတယ်။ ညအမှောင်ထဲမှာ တစ်ယောက်တည်း ရုန်းကန်နေရတဲ့အခြေအနေက သူမကို ပိုပြီးနာကျင်စေတယ်။

ဒီတော့မှ သူမ နားလည်သွားခဲ့တယ်။ သူမ ခုနက မြင်ခဲ့တဲ့အဖြစ်အပျက်တွေအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်ခဲ့တာကိုး။ သူမဟာ ဆေးသုံးထားတာကြောင့် ရက်ပေါင်းများစွာ မအိပ်နိုင်ဘဲ အခုမှပဲ ခဏတာ အိပ်ပျော်သွားခဲ့တာ။ သူမရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေက ပျောက်ကွယ်သွားပြီး နေရာမှာ ဝမ်းနည်းမှုတွေက ဝင်လာခဲ့တယ်။

"မဟုတ်ဘူး... ဒါက အိပ်မက်မဟုတ်ဘူး"

Nova က ရေရွတ်ရင်း အခန်းထဲက အမှတ်တရပုံတွေအားလုံးကို ဖယ်ရှားပစ်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့စိတ်ထဲက နာကျင်မှုကိုတော့ မဖျောက်ဖျက်နိုင်ခဲ့ဘူး။ Jake က သူမရဲ့ဘဝထဲကနေ ထွက်သွားခဲ့ပြီဆိုတာကို သူမ ကောင်းကောင်းသိနေခဲ့ပြီ။

Jake ဟာ ဆိုင်ကယ်မတော်တဆမှုတစ်ခုကြောင့် ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုတာကို သူမ နောက်ဆုံးမှာ လက်ခံလိုက်တယ်။ ဒီအဖြစ်အပျက်က သူမရဲ့နှလုံးသားကို တစ်စစီ ကြေမွသွားစေတယ်။ Jake ကို ပြန်လိုချင်ခဲ့တဲ့ Nova ရဲ့မျှော်လင့်ချက်တွေအားလုံးဟာ အခုတော့ ဘာမှမဟုတ်တော့ဘူးဆိုတာကို သူမသိလိုက်ပြီ။

Nova ဟာ အချစ်ကို ဆေးတွေနဲ့ဖျက်ဆီးပစ်ခဲ့သလိုပဲ Jake ကတော့ သူ့ရဲ့ဘဝကို အရှိန်နဲ့အဆုံးသတ်လိုက်တော့တယ်။ အခုတော့ Nova ဟာ အိပ်မက်တစ်ခုရဲ့နောက်မှာ နာကျင်မှုတွေနဲ့အတူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ရပြီ။

Jake ရဲ့ သေဆုံးမှုက သူမအတွက် နောက်ဆုံးထွက်သက်တစ်ခုလို ဖြစ်နေခဲ့ပြီ။ Nova တစ်ယောက် ကုတင်ပေါ်ကနေ ထလာပြီး မှန်ထဲမှာ ကိုယ့်ပုံရိပ်ကို ပြန်ကြည့်လိုက်တယ်။ သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး ရုပ်ရည်က ပျက်ယွင်းနေပြီ။ ဒါပေမဲ့ အဆိုးဆုံးကတော့ သူမရဲ့လက်ကောက်ဝတ်တွေနဲ့ ခြေထောက်တွေပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာတွေပဲ။

နာကျင်မှုတွေကို မခံစားနိုင်တော့တဲ့အခါမှာ Nova ဟာ သူမရဲ့ကိုယ်ခန္ဓာကို အပြစ်ပေးတော့တယ်။ သွေးစတွေက ဒဏ်ရာတွေပေါ်မှာ ကပ်ညှိနေပြီး နာကျင်မှုတွေက သူမရဲ့စိတ်ကို ပိုပြီးနာကျင်စေတယ်။ "ငါ ဘာလို့ဒီလိုလုပ်မိတာလဲ" ဆိုတဲ့ မေးခွန်းကို သူမ မဖြေနိုင်ခဲ့ဘူး။

Jake မရှိတော့တဲ့ဘဝမှာ သူမရဲ့စိတ်က လွတ်မြောက်ဖို့အတွက် နည်းလမ်းမရှိတော့ဘူး။ သူမဟာ Jake ကိုစွဲလမ်းခဲ့သလိုပဲ နာကျင်မှုတွေကိုလည်း စွဲလမ်းနေခဲ့ပြီ။ ဓားနဲ့ကိုယ်တိုင်ကိုယ်ကျ ထိုးသွင်းခဲ့တဲ့ ဒဏ်ရာတွေက သူမရဲ့နာကျင်မှုကို သက်သေခံနေခဲ့တယ်။

Nova ရဲ့ဘဝက အခုတော့ အမှောင်ထဲမှာ ပိတ်မိနေပြီး လွတ်မြောက်ဖို့လမ်းကို သူမ မရှာနိုင်တော့ဘူး။ Jake ရဲ့အချစ်က သူမကို နာကျင်စေခဲ့သလိုပဲ၊ သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်နေခဲ့ပြီ။

Jake ဆိုင်ကယ်မတော်တဆမှုဖြစ်သွားတယ်ဆိုတဲ့ သတင်းကို Nova သူမရဲ့သူငယ်ချင်းဆီက ဖုန်းနဲ့ကြားလိုက်ရတဲ့ညက သူမရဲ့ကမ္ဘာတစ်ခုလုံး ပြိုလဲသွားခဲ့ပြီ။ "Nova... Jake ဆိုင်ကယ် accident ဖြစ်သွားတယ်" ဆိုတဲ့ စကားလုံးတွေက သူမရဲ့နားထဲကို ရောက်လာတော့ Nova တစ်ယောက် အေးခဲသွားခဲ့တယ်။

ဖုန်းကို ပစ်ချလိုက်ပြီးနောက်မှာ Nova ရဲ့စိတ်က မူးနောက်နောက်ဖြစ်သွားခဲ့တယ်။ သူမရဲ့နှလုံးသားက ပေါက်ကွဲသွားသလို ခံစားရတယ်။ သူမရဲ့စိတ်နဲ့လူနဲ့က တစ်ဝက်တစ်ပျက် ဖြစ်သွားခဲ့ကာ "ဟင့်အင်း... ဒါက မဟုတ်ဘူး Jake ဒီလိုမဖြစ်နိုင်ဘူး" လို့ သူမ ရေရွတ်လိုက်မိတယ်။

ဒီစိတ်နဲ့ပဲ Nova ရေချိုးခန်းထဲကိုဝင်ပြီး ရေချိုးကန်ထဲမှာ ရေထည့်လိုက်တယ်။ သူမရဲ့ကိုယ်ခန္ဓာကို ရေထဲမှာနှစ်မြှုပ်လိုက်ပြီး အိပ်ပျော်သွားခဲ့တယ်။ အဲဒီညက သူမ တစ်ညလုံးရေချိုးကန်ထဲမှာ အိပ်ခဲ့ပေမယ့် သူမရဲ့စိတ်က သေသွားသလိုပဲ။ သူမ မသေခဲ့ဘူး။မနက်မိုးလင်းတော့ Nova တစ်ယောက် မျက်လုံးဖွင့်လိုက်ချိန်မှာ သူမရဲ့နှလုံးသားက အေးစက်နေခဲ့ပြီ။ Jake ကို သူမ စွန့်လွှတ်ရတော့မယ်ဆိုတာကို သူမ ကောင်းကောင်းသိနေခဲ့ပြီ။ ဒီလိုနဲ့ Nova ရဲ့ဘဝက အမှောင်ထဲမှာ ပိတ်မိနေခဲ့ပြီ။

Nova တစ်ယောက်တည်း အခန်းထဲမှာ နေနေရင်း တခါတလေဆိုရင် သူမတစ်ယောက်တည်း ရယ်မောပြုံးနေတတ်သည်။ အပြင်လူတွေအတွက်တော့ သူမသည် ရူးနေသလိုဖြစ်နေပေမယ့် သူမရဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာတော့ Jake နဲ့အတူရှိနေသလို ခံစားနေရသည်။ သူမဟာ Jake နဲ့စကားပြောနေသလို၊ သူ့ရဲ့မျက်နှာကို လက်နဲ့ထိတွေ့နေသလိုမျိုး လုပ်တတ်သည်။ဒီလိုပုံစံမျိုးက Nova အတွက်တော့ နာကျင်မှုတွေကို ခဏတာမေ့ထားနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေခဲ့သည်။ Jake မရှိတော့တဲ့အမှန်တရားကို သူမ မရင်ဆိုင်နိုင်ခဲ့ဘူး။ ဒါကြောင့်ပဲ သူမဟာ စိတ်ကူးယဉ်ကမ္ဘာလေးတစ်ခုကို ဖန်တီးခဲ့ပြီး အဲဒီကမ္ဘာထဲမှာ Jake နဲ့အတူတူ ပျော်ရွှင်နေခဲ့သည်။

တစ်နေ့တော့ သူမရဲ့သူငယ်ချင်းက သူမရဲ့အခန်းထဲကို ဝင်လာတော့ Nova ကို တစ်ယောက်တည်း ရယ်မောနေတာကို မြင်တော့ စိတ်မကောင်းဖြစ်သွားခဲ့သည်။ သူငယ်ချင်းက သူမကို ပွေ့ဖက်လိုက်ပြီး "Nova... နင် ဒီလိုမဖြစ်သင့်ဘူး" လို့ ပြောလိုက်ပေမယ့် Nova ကတော့ သူမရဲ့စိတ်ကူးယဉ်ကမ္ဘာလေးထဲကနေ မထွက်ချင်ခဲ့ဘူး။

Nova ရဲ့စိတ်က Jake ကို ဆွဲဆောင်ထားသလိုပဲ၊ Jake ရဲ့စိတ်က Nova ရဲ့စိတ်ကို ထိန်းချုပ်ထားခဲ့သည်။ Jake က သူမရဲ့အချစ်တွေကို နာကျင်စေခဲ့ပေမယ့် သူမရဲ့စိတ်ကူးယဉ်ကမ္ဘာထဲမှာတော့ Jake ဟာ သူမကိုချစ်တဲ့ကောင်လေးအဖြစ်သာ တည်ရှိနေခဲ့သည်။

ဒီနေ့ညမှာတော့ Nova ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးဟာ အမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အခါ ပြိုလဲသွားခဲ့ပြီ။ Jake ရဲ့ ပုံရိပ်က သူမရဲ့စိတ်ထဲမှာ အမြဲရှိနေခဲ့ပေမယ့် Jake ကတော့ ဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုတဲ့ အမှန်တရားကို သူမ မခံစားနိုင်တော့ပါ။

Nova တစ်ယောက် ရူးသွပ်စွာနဲ့ အော်ဟစ်လိုက်ပြီး သူမရဲ့ရင်ဘတ်ကို လက်နဲ့ထိုးလိုက်တယ်။ "Jake... နင် ငါ့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပဲ" လို့ ရေရွတ်ရင်း Nova ရဲ့လက်ထဲမှာ ဓားတစ်ချောင်းကိုယူလိုက်သည်။ သူမရဲ့စိတ်က Jake ကို ပိုင်ဆိုင်ဖို့အတွက် နည်းလမ်းတစ်ခုတည်းသာ ရှိတယ်လို့ တွေးနေခဲ့တယ်။ အဲဒါကတော့ Jake ကို သူမရဲ့နှလုံးသားထဲမှာ အမြဲတမ်းထားဖို့ပဲ။

"နင် ငါနဲ့အတူ အမြဲရှိနေလိမ့်မယ်"

Nova က အဲဒီစကားကို ရေရွတ်ရင်း သူမရဲ့ရင်ဘတ်ကို ဓားနဲ့ခွဲလိုက်တယ်။ ဓားက သူမရဲ့ရင်ဘတ်ကို ထိုးစိုက်သွားတဲ့အခါ Nova ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ သွေးတွေက သူမရဲ့ရင်ဘတ်ပေါ်မှာ စီးကျလာခဲ့ပေမယ့် သူမအတွက်တော့ နာကျင်မှုဆိုတာ မရှိတော့ဘူး။ Jake နဲ့အတူရှိတော့မယ်ဆိုတဲ့ အတွေးက သူမကို ပျော်ရွှင်စေတယ်။

ဒီလိုနဲ့ Nova ရဲ့ဘဝက အဆုံးသတ်သွားခဲ့ပြီ။ ရိုးသားဖြူစင်ခဲ့တဲ့အချစ်က သူမကို နာကျင်စေခဲ့သလိုပဲ Jake ရဲ့အဆိပ်အတောက်တွေက သူမရဲ့ဘဝကို ဖျက်ဆီးပစ်လိုက်တယ်။ Jake မရှိတော့တဲ့ဘဝမှာ Nova ဟာ သူမရဲ့ကိုယ်ပိုင်အချစ်ကို အဆုံးသတ်လိုက်ပါတော့သည်။

Nova တစ်ယောက် သူမရဲ့နှလုံးသားကို ခွဲပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူမဟာ အဆုံးမရှိတဲ့ မြက်ခင်းပြင်တစ်ခုပေါ်မှာ ရောက်နေခဲ့သည်။ အရာအားလုံးက လှပလွန်းနေပြီး လေကလည်း အေးစိမ့်စိမ့်လေး တိုက်ခတ်နေတယ်။ ဒီနေရာက ဘယ်နေရာလဲဆိုတာကို သူမ မသိခဲ့ဘူး။အဲဒီအချိန်မှာပဲ နောက်ကျောဘက်ကနေ ရင်းနှီးနေတဲ့အသံတစ်သံကို သူမ ကြားလိုက်ရတယ်။

"စောင့်ရတာ နောက်ကျသွားလား Nova... ငါရောက်လာပြီ"

Nova တစ်ယောက် မျက်လုံးပြူးပြူးနဲ့ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူမရဲ့နှလုံးသားက ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရတယ်။ သူမရဲ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့သူက Jake ပဲ ဖြစ်နေခဲ့တယ်။ Jake ရဲ့မျက်နှာပေါ်မှာ အရင်ကလို အေးစက်စက်အမူအရာတွေမရှိတော့ဘဲ ရိုးသားဖြူစင်တဲ့အပြုံးက နေရာယူထားခဲ့တယ်။

"Jake..."

Jake ရဲ့စကားကြောင့် Nova ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေလည်လာခဲ့တယ်။ သူမရဲ့နှလုံးသားက ပျော်ရွှင်မှုတွေနဲ့အတူ နာကျင်မှုတွေလည်း ရောနှောနေခဲ့တယ်။ ဒါဟာ အိပ်မက်လား၊ ဒါမှမဟုတ် အမှန်တရားလားဆိုတာကို သူမ ခွဲခြားလို့မရတော့ဘူး။ဒီလိုနဲ့ Nova နဲ့ Jake တို့ဟာ အဆုံးမရှိတဲ့မြက်ခင်းပြင်ပေါ်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီ။ သူတို့နှစ်ယောက်ရဲ့နာကျင်မှုတွေအားလုံးဟာ ဒီနေရာမှာ အဆုံးသတ်သွားခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပေ။

သူမ Jake ကို မြင်လိုက်ရတဲ့ ပျော်ရွှင်မှုက ကြာရှည်မခံခဲ့။ Jake ရဲ့ မျက်နှာကို ကြည့်ပြီး ပြုံးနေရင်းနဲ့ပဲ သူမရဲ့ ခြေထောက်တွေက တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားသလို ခံစားနေရသည်။ အဆုံးမရှိတဲ့ မြက်ခင်းပြင်က အခုတော့ သူတို့နှစ်ယောက်ကို ခွဲထုတ်နေသလိုပဲ။

"Jake... Jake...Jake"

Nova က တုန်ယင်နေတဲ့ အသံနဲ့ ရေရွတ်လိုက်တယ်။ Jake ကလည်း Nova ဆီကို လှမ်းလာပေမယ့် သူမဆီကို ဘယ်တော့မှ မရောက်တော့ဘူး။ သူတို့ကြားမှာ နေရာလွတ်က ပိုပြီးကျယ်လာခဲ့တယ်။ Nova ရဲ့ လက်တွေက Jake ရဲ့ လက်တွေကို မဆုပ်ကိုင်နိုင်တော့ဘူး။

"ဟင့်အင်း... မဟုတ်သေးဘူး"

Nova က အော်ဟစ်လိုက်ပြီး Jake ကို ပြန်လိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့ ခြေထောက်တွေက ရှေ့ကို မလှမ်းနိုင်တော့ဘူး။ Nova ရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေက ပိုပြီး ပြင်းထန်လာခဲ့တယ်။ Jake ကို နောက်တစ်ကြိမ် ထပ်ပြီးဆုံးရှုံးရတော့မယ်ဆိုတဲ့ အတွေးက သူမရဲ့စိတ်ကို ရူးသွပ်စေခဲ့တယ်။

"Nova..."

Jake ရဲ့ အသံကလည်း တဖြည်းဖြည်းနဲ့ မှိန်သွားခဲ့ပြီး နောက်ဆုံးမှာတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ပြီ။ နောက်ဆုံးတော့ Nova တစ်ယောက်တည်းပဲ အဆုံးမရှိတဲ့ မြက်ခင်းပြင်ပေါ်မှာ ကျန်ရစ်ခဲ့သည်။

The End <Thanks For Reading>

Total Words - #2468

There are no comments yet. Log in to be the first to leave a review!

Similar stories