Fanfics

eight

13:49, 22 August 2025

Nova ဟာသူမရဲ့အခန်းလေးထဲမှာ တစ်ယောက်တည်း ထိုင်နေခဲ့တာ အချိန်တွေကြာပြီ။ အခန်းထဲက တိတ်ဆိတ်မှုက သူမရဲ့စိတ်ကို ပိုပြီး လွမ်းဆွတ်စေတယ်။ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ Jake နဲ့အတူရိုက်ထားတဲ့ ပုံတွေကို သူမငေးကြည့်နေမိတယ်။ အဲဒီပုံတွေထဲမှာ Jake ရဲ့မျက်နှာပေါ်က အပြုံးတွေက ရိုးသားဖြူစင်ခဲ့ပေမယ့် အခုတော့ Jake ရဲ့မျက်နှာပေါ်မှာ အေးစက်မှုတွေပဲရှိနေတော့တာကို သူမ သတိရသွားခဲ့တယ်။

Jake က သူမကို လိမ်ခဲ့တာ၊ စွန့်ပစ်သွားခဲ့တာတွေအားလုံးကို သူမ ကောင်းကောင်းသိနေခဲ့ပေမယ့် သူမရဲ့ရင်ထဲက Jake ကိုချစ်တဲ့အချစ်တွေကတော့ မပျောက်ကွယ်နိုင်ခဲ့ပါ။

Jake ကို နာကျင်စေချင်ပေမယ့် သူမကိုယ်တိုင်ကပဲ ပိုပြီးနာကျင်နေခဲ့တယ်။

"Jake... ငါ နင့်ကိုအရမ်းလွမ်းတယ်"

Nova က တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ သူမရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေလည်လာခဲ့တယ်။ သူမရဲ့နာကျင်မှုတွေက အတိတ်က အမှတ်တရတွေကို ဖျက်ဆီးပစ်နိုင်ခဲ့ပေမယ့် Jake အပေါ်ထားတဲ့ အချစ်တွေကိုတော့ မဖျက်ဆီးနိုင်ခဲ့ဘူး။

Jake မရှိတော့တဲ့ဘဝမှာ Nova ဟာ သူမရဲ့ကိုယ်ပိုင်အမှတ်တရတွေထဲမှာပဲ ပိတ်မိနေခဲ့ပြီ။ Jake နဲ့အတူတူရှိခဲ့ဖူးတဲ့ ကော်ဖီဆိုင်လေးတွေ၊ ပန်းခြံတွေ၊ လမ်းလေးတွေအားလုံးက အခုတော့ သူမရဲ့နာကျင်မှုကို ပိုပြီးတိုးစေတယ်။

Nova တစ်ယောက် Jake ကို လွမ်းဆွတ်နေပေမယ့် ဒီလွမ်းဆွတ်မှုတွေက Jake ရဲ့အချစ်ကို ပြန်ရစေမှာမဟုတ်ဘူးဆိုတာကို သူမသိနေခဲ့ပြီ။

Nova တစ်ယောက် ရင်ထဲက နာကျင်မှုတွေကို ရေရွတ်ရင်း Jake ရဲ့ပုံကို ငေးကြည့်နေမိတယ်။ သူမဟာ Jake ရဲ့အချစ်ကို အမိန့်ပေးပြီး ရယူချင်ခဲ့တာမျိုးမဟုတ်ဘဲ တောင်းဆိုနေခဲ့တာကို အမြဲသတိရနေတယ်။ "ငါ့ကို ချစ်ပါ" လို့ တစ်ခါမှ အတင်းအကြပ် မပြောခဲ့ဘဲ "ငါ့ကို ဂရုစိုက်ပေးပါ"၊ "ငါ့ကို တစ်ရက်လောက်တော့ အချိန်ပေးပါ" ဆိုတဲ့ စကားလုံးတွေက Nova ရဲ့တောင်းဆိုမှုတွေပဲဖြစ်ခဲ့တယ်။

ဒီလိုတောင်းဆိုမှုတွေက Jake ရဲ့နားထဲမှာ ဆူညံသံတစ်ခုလိုပဲ ဖြစ်နေခဲ့တယ်။ Nova က သူမရဲ့အချစ်တွေက Jake အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတာကို မသိခဲ့ဘူး။ သူမက အချစ်ကို Jake ဆီကနေ ပြန်လိုချင်ခဲ့တာ။ ဒါပေမဲ့ Jake ကတော့ သူမရဲ့အချစ်ကို မျက်ကွယ်ပြုခဲ့ပြီး Kira ရဲ့အေးစက်တဲ့အချစ်ကိုသာ ရွေးချယ်ခဲ့တယ်M

Nova ရဲ့အခန်းထဲက တိတ်ဆိတ်မှုက သူမရဲ့တောင်းဆိုမှုတွေကို ပြန်လည်အမှတ်ရစေတယ်။ အချိန်တိုင်းမှာ Jake ဆီက ချစ်ခြင်းမေတ္တာကို တောင်းဆိုခဲ့ရတဲ့ Nova ရဲ့ဘဝက အခုတော့ အချစ်မဲ့တဲ့အခြေအနေတစ်ခုကို ရောက်နေခဲ့ပြီ။

Jake က သူမရဲ့တောင်းဆိုမှုတွေကို ဘယ်တော့မှ မဖြည့်ဆည်းပေးခဲ့ဘူး။ ဒါပေမဲ့ Nova ကတော့ သူ့အပေါ်ထားတဲ့ အချစ်တွေကို မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါဟာ Nova အတွက်တော့ အချစ်ရဲ့အဆိပ်အတောက်ထဲမှာ ပိတ်မိနေတဲ့ဘဝတစ်ခုပဲ ဖြစ်နေခဲ့တယ်။

Jake နဲ့ Nova တို့ရဲ့ဘဝက အခုတော့ အချစ်မဲ့တဲ့ ကမ္ဘာနှစ်ခုလို ဖြစ်နေခဲ့ပြီ။ တစ်ယောက်ကတော့ အခန်းလေးထဲမှာ နာကျင်မှုတွေနဲ့အတူ Jake ကို လွမ်းဆွတ်နေခဲ့ပြီး၊ နောက်တစ်ယောက်ကတော့ သူ့ရဲ့အမှားတွေအတွက် နောင်တရမှုတွေနဲ့အတူ Nova ကို လွမ်းဆွတ်နေခဲ့တယ်။ အချစ်ကို အလေးအနက်မထားခဲ့တဲ့ Jake နဲ့ အချစ်ကို စွဲလမ်းခဲ့တဲ့ Nova တို့ဟာ အခုတော့ လွမ်းဆွတ်ခြင်းဆိုတဲ့ ဒဏ်ခတ်မှုကို နှစ်ယောက်စလုံး ခံစားနေကြရသည်။

Jake အတွက်တော့ Kira နဲ့အတူရှိနေချိန်တုန်းက Nova ရဲ့တန်ဖိုးကို မသိခဲ့ဘူး။ အခုချိန်မှာတော့ Nova မရှိတော့တဲ့ဘဝက သူ့အတွက် ဘယ်လောက်တောင် အထီးကျန်တယ်ဆိုတာကို သူကောင်းကောင်းခံစားနေရပြီ။ Nova ရဲ့ နွေးထွေးတဲ့အချစ်ကို သူဆုံးရှုံးလိုက်ရပြီဆိုတာကို Jake ကောင်းကောင်းနားလည်သွားခဲ့ပြီ။

Nova အတွက်တော့ Jake မရှိတော့တဲ့ဘဝက နေ့တိုင်းလိုလို အမှောင်ထဲမှာ ပိတ်မိနေရသလိုပဲ။ Jake အပေါ်ထားတဲ့ အချစ်တွေက သူမကို နာကျင်စေခဲ့ပေမယ့် ဒီအချစ်တွေကပဲ သူမကို ဆက်ပြီးအသက်ရှင်နေစေတယ်။ အခုတော့ သူမက နာကျင်မှုတွေနဲ့အတူ Jake ကို လွမ်းဆွတ်နေရ၏။

Jake နဲ့ Nova တို့ရဲ့အချစ်က လွဲချော်သွားခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်နေဆဲပဲ။ လွမ်းဆွတ်ခြင်းဆိုတဲ့ နာကျင်မှုက နှစ်ယောက်စလုံးကို အညီအမျှ ဒဏ်ခတ်နေခဲ့သည်။

Jake တစ်ယောက် အိမ်ထဲမှာ ပိတ်လှောင်နေတာ ရက်ပေါင်းများစွာ ကြာခဲ့ပြီ။ အိမ်အပြင်ကို လုံးဝမထွက်ဖြစ်သလို သူငယ်ချင်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှန်သမျှကိုလည်း သူ မကိုင်တော့ပါ။ သူ့ရဲ့စိတ်ထဲမှာ နောင်တတွေနဲ့ အတိတ်က အဖြစ်အပျက်တွေကသာ အမြဲရှိနေခဲ့တယ်။ Kira ရဲ့အေးစက်တဲ့အပြုအမူတွေက Jake ကို နာကျင်စေခဲ့ပေမယ့် Nova ရဲ့ရိုးသားတဲ့အချစ်ကို ဆုံးရှုံးလိုက်ရတာက သူ့အတွက် ပိုပြီး နာကျင်စေသည်။

ဒီလိုနဲ့ Jake ရဲ့ဘဝက အထီးကျန်တဲ့ထောင်ချောက်တစ်ခုထဲမှာ ပိတ်မိနေခဲ့ပြီ။ သူငယ်ချင်းတွေရဲ့ စကားတွေကလည်း သူ့အတွက် ဘာမှအဓိပ္ပာယ်မရှိတော့သလိုပဲ။ Jake က သူ့ရဲ့အမှားတွေအတွက် Nova ဆီကနေ ခွင့်လွှတ်မှုကို ပြန်ရဖို့ ကြိုးစားချင်ခဲ့ပေမယ့် Nova ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို သူ မသိတော့ပေ။

Jake ရဲ့အိမ်ထဲက တိတ်ဆိတ်မှုက Nova မရှိတော့တဲ့ဘဝက ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့တယ်ဆိုတာကို ပြသနေခဲ့တယ်။ Jake ကတော့ Nova ကိုလွမ်းနေခဲ့ပေမယ့် Nova ကိုလည်း သူ ဘယ်လိုမှ မရှာနိုင်ခဲ့ဘူး။

Jake တစ်ယောက် အိမ်ထဲကနေ မထွက်ဘဲ ပိတ်လှောင်နေတာ ရက်တွေအကြာကြီးရှိခဲ့ပြီ။ ဒီနေ့တော့ စိတ်ညစ်လွန်းတာကြောင့် အပြင်ကို ခဏထွက်လာခဲ့တယ်။ ဆိုင်ကယ်ကို စီးပြီး လမ်းမပေါ်မှာ ဘယ်ကိုသွားရမလဲမသိဘဲ လှည့်ပတ်နေခဲ့တယ်။ သူ့အတွက် ပျော်စရာနေရာ၊ စိတ်ထွက်ပေါက်ဆိုတာ လုံးဝမရှိတော့ဘူးလို့ ခံစားနေရတယ်။

နောက်ဆုံးမှာတော့ သူ့ရဲ့ဆိုင်ကယ်က ပန်းခြံလေးတစ်ခုနားကို ရောက်လာခဲ့တယ်။ ညဘက်ဖြစ်နေပေမယ့် ပန်းခြံထဲမှာ လှုပ်ရှားနေတဲ့ လူတွေ၊ ရယ်မောနေတဲ့ကလေးတွေရဲ့အသံက Jake ရဲ့ နာကျင်နေတဲ့စိတ်ကို ပိုပြီးနာကျင်စေတယ်။ ဒီပန်းခြံလေးထဲမှာ Nova နဲ့အတူတူ လမ်းလျှောက်ခဲ့ဖူးတဲ့အမှတ်တရတွေကို သူ ပြန်သတိရသွားခဲ့တယ်။

Nova က လက်ထဲမှာ ရေခဲချောင်းလေးကိုင်ပြီး ပန်းခြံထဲက အပင်တွေကို လှမ်းညွှန်ပြနေတတ်တဲ့ ကလေးမလေးတစ်ယောက်လိုပဲ။ Jake ရဲ့အေးစက်တဲ့စိတ်ကို သူမရဲ့ရယ်မောသံလေးတွေနဲ့ အချိန်တိုင်း နွေးထွေးအောင် လုပ်ပေးခဲ့ဖူးတယ်။ အခုတော့ အဲဒီရယ်မောသံတွေက သူ့အတွက် အိပ်မက်တစ်ခုလိုပဲ ဖြစ်နေခဲ့ပြီ။

Jake က ပန်းခြံထဲမှာ ဆိုင်ကယ်ကိုရပ်လိုက်ပြီး ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ Nova တစ်ယောက်တည်းသာ ရှိနေခဲ့တယ်။ Nova ရဲ့ပုံရိပ်က သူ့ရဲ့ခေါင်းထဲမှာ တဝဲလည်လည်နဲ့ ပေါ်နေခဲ့ပြီး သူ့ရဲ့အမှားတွေကို ပြန်လည်အပြစ်တင်နေခဲ့တယ်။

ဒီပန်းခြံလေးက Jake အတွက် ပျော်ရွှင်စရာနေရာတစ်ခုမဟုတ်ဘဲ နာကျင်စရာအမှတ်တရတွေကို ပြန်လည်သတိရစေတဲ့နေရာတစ်ခု ဖြစ်လာခဲ့သည်။

Jake တစ်ယောက် ပန်းခြံထဲက ခုံတန်းလျားတစ်ခုမှာ ထိုင်ရင်း သူ့ရဲ့စိတ်တွေက Nova နဲ့အတူရှိခဲ့တဲ့ အတိတ်ကို ပြန်လည်ရောက်ရှိသွားတယ်။ သူ့ရဲ့မျက်လုံးတွေက သူ့ရှေ့မှာရှိနေတဲ့ ချစ်စရာကောင်းတဲ့အတွဲလေးဆီကို ရောက်သွားတယ်။

ကောင်လေးက ကောင်မလေးကို ပန်းလေးတစ်ပွင့်ခူးပေးလိုက်တော့ ကောင်မလေးက ရယ်မောလိုက်တယ်။ ကောင်လေးက ကောင်မလေးရဲ့ဆံပင်တွေကို သပ်တင်ပေးနေတာကို မြင်တော့ Jake ရဲ့ရင်ထဲမှာ လှုပ်ခါသွားခဲ့တယ်။

Jake ရဲ့နှလုံးသားထဲမှာ နာကျင်မှုတွေ ပြင်းထန်လာတယ်။ သူ့ရဲ့စိတ်က မခံစားနိုင်လောက်အောင် ဝမ်းနည်းလာခဲ့တယ်။ Nova နဲ့အတူရှိခဲ့တုန်းက အချိန်တွေကို သူ ပြန်သတိရသွားတယ်။ Nova ရဲ့ရယ်မောသံတွေ၊ သူမရဲ့ဖြူစင်တဲ့အချစ်တွေက သူ့အတွက် ဘယ်လောက်တောင် အဖိုးတန်ခဲ့လဲဆိုတာကို သူ အခုမှပဲ သေချာနားလည်သွားခဲ့သည်။

Jake က မျက်ရည်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မထိန်းချုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့တယ်။ "ငါ ဘာလို့ Nova ကို စွန့်ပစ်ခဲ့မိတာလဲ" ဆိုတဲ့မေးခွန်းက သူ့ရဲ့ခေါင်းထဲမှာ အချိန်တိုင်းရှိနေခဲ့တယ်။ သူကိုယ်တိုင် အချစ်ကို ဂရုမစိုက်ခဲ့လို့ပဲ ဒီလိုအခြေအနေမျိုးကို ရောက်နေတာဆိုတာကို Jake ကောင်းကောင်းသိနေခဲ့ပြီ။

Jake ဟာ အခုတော့ သူ့ရဲ့အချစ်မဲ့တဲ့ဘဝကို တစ်ယောက်တည်း ရင်ဆိုင်နေရပြီ။ သူ့ရှေ့မှာရှိတဲ့ ချစ်သူစုံတွဲက သူ့ရဲ့နာကျင်မှုကို ပိုပြီးထင်ရှားစေတယ်။ ချစ်ခြင်းမေတ္တာဆိုတဲ့အရာက သူ့ဘဝထဲမှာ မရှိတော့ဘူးဆိုတာကို သူ အခုမှပဲ လက်ခံလိုက်တော့သည်။

Jake တစ်ယောက် မခံမရပ်နိုင်အောင် ဝမ်းနည်းလာတဲ့အခါမှာ သူ့ရဲ့နာကျင်မှုကို ဖျောက်ဖျက်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ထွက်ပြေးဖို့ပဲဆိုတာကို သူသိတယ်။ ချက်ချင်းပဲ ဆိုင်ကယ်ပေါ်ကို ပြန်တက်ပြီး အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်လာခဲ့တယ်။ လေတိုက်တဲ့အရှိန်က သူ့ရဲ့မျက်ရည်တွေကို ခြောက်သွေ့စေပေမယ့် ရင်ထဲက နာကျင်မှုကိုတော့ မဖျောက်ဖျက်နိုင်ခဲ့ဘူး။Jake ရဲ့စိတ်ထဲမှာ Nova ရဲ့ပုံရိပ်က အချိန်တိုင်းရှိနေခဲ့တယ်။ Nova ရဲ့အပြုံး၊ သူမရဲ့ရယ်သံ၊ သူမရဲ့ရိုးသားတဲ့အချစ်... အရာအားလုံးက သူ့ရဲ့ခေါင်းထဲမှာ ပြန်ပေါ်လာပြီး သူ့ကို ပိုပြီးနာကျင်စေတယ်။ "ငါ အမှားလုပ်မိပြီ" ဆိုတဲ့ အတွေးက သူ့ရဲ့စိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့တယ်။

လမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းနေချိန်မှာပဲ Jake ရဲ့ဆိုင်ကယ်က နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိသွားတော့တယ်။ ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့် Jake ရဲ့ခန္ဓာကိုယ်က လမ်းမပေါ်မှာ လွင့်စင်သွားခဲ့တယ်။ ဆိုင်ကယ်နှစ်စီးက လမ်းမပေါ်မှာ လဲကျနေခဲ့ပြီး Jake ရဲ့ခန္ဓာကိုယ်ကတော့ သွေးအလိမ်းလိမ်းနဲ့ လဲကျနေခဲ့တယ်။

အရာရာက ရုတ်တရက် အဆုံးသတ်သွားသလိုပဲ။ Jake ရဲ့အသိစိတ်တွေက မှေးမှိန်ပျောက်ကွယ်သွားချိန်မှာ သူ့ရဲ့နားထဲမှာတော့ Nova ရဲ့အသံလေးကို ကြားနေရသလို ခံစားလိုက်ရတယ်။ "Jake... ငါ နင့်ကိုချစ်တယ်" ဆိုတဲ့အသံက သူ့ရဲ့နားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။

Tbc >>>

Total Words - #1919

There are no comments yet. Log in to be the first to leave a review!

Similar stories