Fanfics

Five

12:25, 16 August 2025

Jake တစ်ယောက် အိမ်ထဲမှာ လဲလျောင်းနေရင်း ဖျားနာနေသည်။ ကိုယ်တွေပူ၊ ခေါင်းတွေလည်း ထိုးကိုက်နေသည်။ အရင်ကဆိုရင် ဒီလိုဖျားတဲ့အချိန်မျိုးဆို Nova က သူ့ကို လာပြုစုပေးနေကျ။ အခုချိန်မှာတော့ Jake ကိုယ်တိုင်လည်း အထီးကျန်ဆန်နေတယ်လို့ ခံစားနေရသည်။

ဒီလိုခံစားချက်နဲ့အတူ Jake က Kira ဆီကို စာတစ်စောင်ပို့လိုက်တယ်။ "Sorry. ငါ နေမကောင်းလို့ ဖျားနေတယ်၊ ဒီနေ့တော့ တွေ့နိုင်မှာမဟုတ်ဘူး" လို့ ရေးလိုက်တယ်။ Nova ကတော့ ဒီလိုစာပို့လိုက်တာနဲ့တင် စိုးရိမ်ပူပန်ပြီး သူ့ဆီကို ရောက်လာတော့မယ်ဆိုတာကို Jake သိနေခဲ့ပေမယ့် Kira ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့၏။

သိပ်မကြာခင်မှာပဲ Kira ဆီက စာတစ်စောင် ပြန်ဝင်လာတယ်။ "ဘာဖြစ်လို့လဲ" လို့မေးမယ့်အစား "အော်... ချိန်းထားတာ ပျက်သွားပြီပေါ့ ရှင့်ကိုစောင့်နေတာ ကြာပြီ" ဆိုတဲ့ စာသားတွေက Jake ရဲ့ နှလုံးသားကို အေးစက်သွားစေခဲ့တယ်။ Kira က သူ့ကို စိတ်ပူနေတာမဟုတ်ဘဲ ချိန်းထားတာပျက်သွားလို့ပဲ စိတ်ကောက်နေခဲ့တာကို Jake သိလိုက်ရတယ်။

"Nova သာဆိုရင် ဒီလိုမဟုတ်ဘူး" လို့ Jake စိတ်ထဲကနေ ရေရွတ်မိတယ်။ Nova ရဲ့ အချစ်က ဘယ်လောက်တောင် နွေးထွေးတယ်၊ ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာကို သူ အခုမှပဲ သေချာခံစားမိလိုက်တယ်။ ဒါပေမဲ့ ဒီလိုခံစားချက်က ခဏလေးပဲ တည်ရှိနိုင်ခဲ့တယ်။

Jake က Kira ကို "ငါ မင်းအတွက် အရမ်းစိတ်မကောင်းပါဘူး" လို့ ရေးလိုက်ပြီး ဖုန်းကိုချထားလိုက်တော့တယ်။ Kira နဲ့ ဆက်တွဲဖို့ဆိုတာ သူ့အတွက် ပျော်ရွှင်မှုထက် စိန်ခေါ်မှုတွေပဲ ဖြစ်လာလိမ့်မယ်ဆိုတာကို သူ သေချာနားလည်သည်။။ ဒါပေမဲ့ Jake က Nova ကို စွန့်ပစ်လိုက်ပြီဖြစ်သလို ဒါကပဲ သူ့ဘဝအတွက် အခက်အခဲအသစ်တစ်ခုကို ဖန်တီးတော့မှာ ဖြစ်သည်။

တစ်နေကုန်လုံး Jake တစ်ယောက် ဖျားနာနေတဲ့ကြားကပဲ ဖုန်းကိုအကြိမ်ကြိမ်ဖွင့်ကြည့်နေခဲ့တယ်။ တစ်နေကုန်လုံး Kira ဆီက ဖုန်း Call တစ်ခု၊ စာတစ်စောင်လောက်တော့ ဝင်လာလိမ့်နိုးနဲ့ မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ Kira ဆီက ဘာအစအနမှ မရခဲ့ဘူး။Jake ရဲ့ဖုန်းက တိတ်ဆိတ်လို့နေခဲ့တယ်။ Nova သာဆိုရင် ဒီအချိန်မှာ သူ့ကိုဖုန်းခေါ်ပြီး ဘယ်လိုခံစားရလဲ၊ ဘာတွေစားချင်လဲဆိုတာတွေကို မေးနေလောက်ပြီ။ Nova ရဲ့ နွေးထွေးတဲ့အသံလေးကို ကြားနေရမယ့်အစား Jake ရဲ့စိတ်က Kira ဆီက အေးစက်စက် စာတစ်စောင်လောက်တောင် ရဖို့မျှော်လင့်နေခဲ့ရသည်။

Jake ရဲ့နှလုံးသားထဲမှာ အထီးကျန်မှုက ကြီးစိုးလာခဲ့တယ်။ Kira ရဲ့အချစ်က လွယ်ကူတဲ့အရာမဟုတ်ဘဲ သူကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ရဲ့ အချစ်ကို ရဖို့အတွက် ကြိုးစားရတော့မယ့် အခြေအနေရောက်သွားခဲ့သလိုပင်။

ဒီနေ့တော့ Jake နဲ့ Kira တို့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားကြ၏။ နှစ်ယောက်သားအတွဲခုံမှာ ထိုင်နေကြပေမယ့် Kira ကတော့ ရုပ်ရှင်ကို စိတ်မဝင်စားသလိုပင်။ Jake ရဲ့ ပေါင်ပေါ်ကို တက်ထိုင်လိုက်ပြီး အကြည့်စူးစူးတွေနဲ့ သူ့ကိုကြည့်နေခဲ့သည်။ Jake စိတ်ထဲမှာတော့ အနည်းငယ်ရှက်သလို ခံစားလိုက်ရတယ်။

"ငါတို့ကို လူတွေကြည့်နေလိမ့်မယ်"

Jake ရဲ့စကားကို Kira က ဂရုမစိုက်ခဲ့ဘဲ သူ့ရဲ့နှုတ်ခမ်းကို နမ်းလိုက်တော့တယ်။ အနမ်းက ပြင်းရှလွန်းတာကြောင့် Jake စိတ်ထဲမှာ ရင်ခုန်သွားခဲ့တယ်။ Kira ရဲ့ အနမ်းတွေက စိတ်လှုပ်ရှားစရာကောင်းပေမယ့် သူ့ရင်ထဲမှာတော့ အချစ်ကြောင့်ဖြစ်ပေါ်တဲ့ ခံစားချက်မျိုး မဟုတ်ခဲ့ဘူး။ ဒါဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ စိတ်လှုပ်ရှားမှုမျိုးသာ ဖြစ်နေခဲ့တယ်။

ဒီအချိန်မှာပဲ Jake ရဲ့စိတ်ထဲမှာ Nova ရဲ့ပုံရိပ်က ပြန်ပေါ်လာခဲ့တယ်။ Nova နဲ့ ရုပ်ရှင်ကြည့်ခဲ့တုန်းက အချိန်တွေကို သူ ပြန်သတိရသွားတယ်။ Nova က ရုပ်ရှင်ကြည့်နေချိန်ဆိုရင် Jake ကို အာရုံမစိုက်ဘဲ ရုပ်ရှင်ထဲမှာပဲ စိတ်ရောက်နေခဲ့တဲ့ ကလေးမလေးတစ်ယောက်လိုပဲ။ ဟာသကားဆိုရင် ရယ်မောပြီး၊ သရဲကားဆိုရင် ကြောက်ပြီး သူ့ရဲ့လက်ကို တင်းတင်းဆုပ်ကိုင်တတ်တဲ့ Nova ရဲ့ အပြုအမူတွေက Jake ရဲ့ ရင်ထဲမှာ အနွေးဓာတ်တစ်ခုကို ပေးနေခဲ့ဖူးသည်။ အခုတော့ Jake ရဲ့ရင်ထဲမှာ Nova ရဲ့ပုံရိပ်နဲ့ Kira ရဲ့ အနမ်းတွေဟာ ဆန့်ကျင်ဘက်လို ဖြစ်နေခဲ့သည်။

Jake က Kira ကို ရုပ်ရှင်ရုံထဲမှာ လူတွေအများကြီးရှိနေတာတောင် မရှောင်ဘဲ နမ်းနေပေမယ့် သူ့စိတ်ထဲမှာ Nova နဲ့အတူရှိနေခဲ့တုန်းက ရခဲ့တဲ့ ရိုးသားတဲ့အချစ်ကို သတိရနေခဲ့တယ်။ ဒါပေမဲ့ ဒီလိုခံစားချက်က ခဏတာသာ ဖြစ်ပေါ်ခဲ့တယ်။ Kira ရဲ့အနမ်းတွေက သူ့ရဲ့အတွေးတွေကို ချက်ချင်းပဲ ဖျောက်ဖျက်ပစ်နိုင်ခဲ့တယ်။

Jake တစ်ယောက် Nova ရဲ့အချစ်ကို စွန့်ပစ်ပြီး Kira ရဲ့ ပြင်းရှတဲ့အနမ်းတွေကို ပိုင်ဆိုင်ဖို့အတွက် ရွေးချယ်လိုက်ခဲ့သည်။ ဒီရွေးချယ်မှုက သူ့အတွက် နောက်ပိုင်းမှာ ဘယ်လောက်တောင် စိတ်ပျက်စရာဖြစ်လာမလဲဆိုတာကို သူ မသိသေးပေ။

Kira ရဲ့ ကလပ်တွေ၊ ဘားတွေ၊ ရုပ်ရှင်ရုံတွေလို နေရာမျိုးတွေကိုသာ ရွေးချယ်မှုက Jake ကို ပိုပြီး ဆွဲဆောင်နေသလိုပဲ။ Kira က ဘယ်တော့မှ ပန်းခြံတွေ၊ ကစားကွင်းတွေလိုမျိုး နေရာတွေမှာ Date ဖို့ မရွေးချယ်ခဲ့ပါ။ သူမရဲ့ဘဝက အမြဲတမ်းတောက်ပနေတဲ့မီးရောင်တွေ၊ ဆူညံတဲ့ဂီတသံတွေနဲ့သာ ပြည့်နေခဲ့သည်။

Jake လည်း ဒီအခြေအနေကို သဘောကျသည်။ Nova နဲ့ဆိုရင် ပန်းခြံတွေမှာလမ်းလျှောက်တာ၊ ကော်ဖီဆိုင်လေးတွေမှာ စကားပြောတာတွေက အခုချိန်မှာ သူ့အတွက် ပျင်းစရာဖြစ်လာခဲ့ပြီ။ Kira ရဲ့ ပြင်းရှတဲ့အပြုအမူတွေက သူ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ Jake ရဲ့စိတ်ထဲမှာ အမြဲတမ်းပျော်ရွှင်နေရဲ့လား...?။

ကလပ်တွေ၊ ဘားတွေမှာ ပျော်ပါးနေချိန်မှာလည်း Jake ရဲ့စိတ်က လွတ်လပ်နေတာမဟုတ်ဘဲ အမြဲတမ်းတင်းမာနေခဲ့တယ်။ Kira ရဲ့စိတ်ကို သူ မပိုင်ဆိုင်နိုင်သေးဘူး။ Kira က သူနဲ့အတူ ပျော်ရွှင်နေပေမယ့် နောက်တစ်နေ့မှာ သူ့ကို ပစ်ထားပြီး အခြားကောင်လေးတစ်ယောက်နဲ့ ရှိနေမလားဆိုတဲ့ စိုးရိမ်စိတ်က Jake ရဲ့ ရင်ထဲမှာ အမြဲတမ်းရှိနေခဲ့တယ်။

ဒီအခြေအနေကို Nova နဲ့ ပြန်ယှဉ်ကြည့်လိုက်တော့ Jake ရဲ့ ရင်ထဲမှာ တစ်မျိုးဖြစ်လာခဲ့တယ်။ Nova က သူ့အတွက် ဘယ်တော့မှ စိတ်ပူစရာမရှိခဲ့ဘူး။ သူမရဲ့အချစ်တွေက လုံခြုံမှုပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ Jake တစ်ယောက် လုံခြုံမှုမဲ့တဲ့အချစ်ကို ရှာဖွေနေခဲ့ပြီ။

Jake အတွက် Kira နဲ့အတူ ပျော်ပါးနေတဲ့ ကလပ်ညတွေက ပျော်ရွှင်စရာတွေထက် အထီးကျန်မှုတွေကိုသာ ပိုပေးနေခဲ့တယ်။ Kira ရဲ့ ပြင်းရှတဲ့အနမ်းတွေက သူ့ရဲ့နှလုံးသားကို ဘယ်တော့မှ မနွေးထွေးစေနိုင်ပါ။ ရင်ခုန်လောက်ရုံသာတင်။

Tbc >>>

Total Words - #1244

There are no comments yet. Log in to be the first to leave a review!

Similar stories