Fanfics

Four

08:07, 14 August 2025

ရက်တွေကြာလာတာနဲ့အမျှ Jake ရဲ့ဘဝမှာ Kira ဟာ ပိုပြီးအရေးပါလာခဲ့သည်။ Kira နဲ့အတူရှိနေချိန်တွေမှာ Jake က Nova ကို လုံးဝကိုမေ့ထားနိုင်ခဲ့၏။ Kira နဲ့ စကားပြောရတာ၊ သူမရဲ့အေးစက်စက်ဟန်ပန်ကို ရအောင်တူးဆွရတာတွေက Jake ကို စိန်ခေါ်မှုတွေပေးနေပြီး ပျော်ရွှင်နေစေသည်။ Kira နဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာ Nova ရဲ့ စွဲလမ်းမှုတွေ၊ နာကျင်မှုတွေက Jake အတွက် ဘာမှမဟုတ်တော့ပါ။

တစ်ခါတစ်လေဆိုရင် Nova နဲ့ တစ်နေကုန် ဖုန်းတစ်ခါတောင် မပြောဖြစ်ပေ။ Nova ဆီက ဝင်လာတဲ့ ဖုန်း Call တွေ၊ မက်ဆေ့ချ်တွေက Jake အတွက် အနှောင့်အယှက်တစ်ခုလို ဖြစ်နေခဲ့တယ်။ Nova ကိုလည်း ဘာအကြောင်းမှမပြောဘဲ ပျောက်ကွယ်သွားတတ်တဲ့ Jake ရဲ့ အကျင့်က ပိုပြီးဆိုးလာခဲ့တယ်။ Nova ကတော့ ဒီအတိုင်း သူမဘာမှမပြောဘဲ Jake ကိုပဲ အပြစ်တင်တာမျိုးတွေ မလုပ်ဘဲ နားလည်ပေးနေခဲ့တယ်။

"Jake... ငါ့ကို တစ်နေ့တစ်ခါလောက် ဖုန်းလေးတော့ ပြန်ပြောပေးပါနော်"

ဒီလိုစကားမျိုးတွေကပဲ Nova ရဲ့ နှလုံးသားက ဘယ်လောက်တောင် ကြေမွနေပြီလဲဆိုတာကို ပြနေတယ်။ သူမရဲ့ အချစ်တွေက Jake အတွက် လုံးဝကို အရေးမပါတော့တာကို Nova လည်း တဖြည်းဖြည်း သဘောပေါက်လာခဲ့ပြီ။ ဒါပေမဲ့ သူမက Jake ကို အလွယ်တကူ စွန့်လွှတ်နိုင်ခဲ့ခြင်းမရှိဘူး။ Jake အပေါ်ထားတဲ့ အချစ်တွေ၊ စွဲလမ်းမှုတွေက သူမကို ဒီဆက်ဆံရေးထဲကနေ လွတ်မြောက်ခွင့်မပေးနိုင်ပါ။

Jake နဲ့ Nova တို့ရဲ့လမ်းက ပိုပြီးဝေးကွာသွားခဲ့ပြီ။ တစ်ယောက်ကတော့ အချစ်အသစ်တစ်ခုကို ပျော်ရွှင်စွာ ရှာဖွေနေပြီး၊ တစ်ယောက်ကတော့ နာကျင်မှုတွေနဲ့အတူ ရုန်းကန်နေရ၏။

ဒီနေ့တော့ Jake နဲ့ Nova တို့အတူတူ အပြင်မှာ တွေ့ဆုံဖို့ ချိန်းခဲ့ကြသည်။ ဒီတွေ့ဆုံမှုက Jake ရဲ့ဆန္ဒကြောင့်တော့ မဟုတ်ခဲ့ဘဲ Nova ရဲ့ အတင်းအကြပ် တောင်းဆိုမှုကြောင့်ပဲ ဖြစ်သည်။ Nova ဟာ Jake ရဲ့အေးစက်မှုတွေကို ပြန်လည်နွေးထွေးဖို့ ကြိုးစားချင်ခဲ့တာကြောင့် ဒီအခွင့်အရေးလေးကိုလက်လွှတ်မခံချင်ခဲ့ပါ။

ကော်ဖီဆိုင်လေးရဲ့ ထောင့်တစ်နေရာမှာ သူတို့နှစ်ယောက် ထိုင်နေကြပေမယ့် သူတို့ကြားထဲမှာတော့ တိတ်ဆိတ်မှုက လွှမ်းခြုံနေတယ်။ Nova က Jake ကို စကားတွေစပြောဖို့ ကြိုးစားပေမယ့် Jake ကတော့ သူ့ဖုန်းထဲက Kira ရဲ့မက်ဆေ့ချ်တွေကိုသာ ကြည့်နေခဲ့တယ်။ ဖုန်း screen ထဲက Kira ရဲ့ပုံရိပ်တွေက Jake ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဖန်တီးပေးနေခဲ့ပေမယ့် Nova ကိုတော့ လုံးဝကို အရေးမစိုက်ခဲ့ဘူး။

"Jake..."

Nova က Jake ရဲ့လက်ကို ကိုင်ဖို့ကြိုးစားလိုက်တော့ Jake ရဲ့လက်က ခပ်မြန်မြန်ရုတ်သိမ်းသွားတယ်။ Nova ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေပျောက်ကွယ်သွားပြီး နာကျင်မှုတွေက နေရာယူလာခဲ့တယ်။

"ငါတို့ကို စကားပြောလို့ရအောင် ဖုန်းကိုချလိုက်လို့ရမလား"

Nova ရဲ့စကားကြောင့် Jake စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ပြီး ဖုန်းကို စားပွဲပေါ်မှာ မှောက်ထားလိုက်တယ်။ "အခုတော့ စကားပြောကြပြီပေါ့" လို့ သူ့စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်။

"မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးက အရင်လိုမဟုတ်တော့ဘူးဆိုတာကို မင်းမသိဘူးလား"

Jake ရဲ့ အေးစက်စက်နဲ့ ပြတ်သားတဲ့စကားက Nova ရဲ့ နှလုံးသားကို တစ်စစီ ခွဲခြားလိုက်သလိုပဲ။ Nova ရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေလည်လာခဲ့ပြီး ခပ်တိုးတိုးပဲ ပြန်ဖြေလိုက်တယ်။

"ငါ သိပါတယ် Jake ရယ်... ဒါပေမဲ့ ငါ နင့်ကို အရမ်းချစ်တယ်"

Nova ရဲ့ မျက်ရည်တွေက Jake ကို ဘယ်လိုမှ မလှုပ်ရှားနိုင်ခဲ့ဘူး။ သူ့အတွက်တော့ Nova ရဲ့အချစ်တွေက လိုချင်သလောက်ရနေတဲ့ အရာတစ်ခုပဲ ဖြစ်နေခဲ့တယ်။ အခုချိန်မှာ သူ့ရင်ထဲမှာ Nova အတွက် နေရာမရှိတော့ဘူးဆိုတာကို သူ သေချာသိနေပြီ။ Nova နဲ့အတူရှိနေချိန်က သူ့အတွက် ပျော်ရွှင်မှုထက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေခဲ့တယ်။

ဒီလိုနဲ့ Jake နဲ့ Nova တို့ရဲ့တွေ့ဆုံမှုဟာ အတူရှိနေရင်းက ဝေးကွာနေသလိုမျိုးပဲ ခံစားနေခဲ့ရတယ်။ Nova အတွက်တော့ နာကျင်စရာဖြစ်နေခဲ့ပေမယ့် Jake ကတော့ ဒီအခြေအနေကို ပြီးပြတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားနေခဲ့တယ်။

Nova ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တွေလည်နေတာကို မြင်တော့ Jake ရဲ့ စိတ်ထဲမှာ ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ လူတွေအများကြီးရှိတဲ့ ကော်ဖီဆိုင်ထဲမှာ ဒီလိုမျက်ရည်တွေကို သူ မမြင်ချင်ပါ။ အဲဒီမျက်ရည်တွေက သူ့ရဲ့ အေးစက်စက်အချစ်ကို ဖော်ပြနေသလိုပဲလို့ ခံစားရတယ်။ Jake တစ်ယောက် Nova ရဲ့လက်ကို ဆွဲပြီး ဆိုင်ထဲကနေ အပြင်ကို ဆွဲခေါ်လာခဲ့တယ်။

ကားပေါ်ရောက်တော့ Nova က အားမရနိုင်စွာနဲ့ ရှိုက်ကြီးတငင် ငိုကြွေးတော့တယ်။ Jake ရဲ့ စိတ်အနှောင့်အယှက်မှုက ဒေါသအဖြစ် ပြောင်းလဲသွားခဲ့တယ်။

"ငါ့ကိုကြည့်... လူကြားထဲမှာ မငိုနဲ့ ငါ ရှက်တယ်"

Jake ရဲ့ အေးစက်စက်စကားကြောင့် Nova ရဲ့ ငိုသံတွေ ရပ်တန့်သွားပြီး မျက်ရည်တွေကြားကနေ သူ့ကို မော့ကြည့်လိုက်တယ်။ Jake ရဲ့ မျက်နှာပေါ်မှာ ဂရုဏာစိတ်ဆိုတာ လုံးဝကို မရှိခဲ့။

"မင်းနဲ့ငါ အခုလို ဆက်ဆံရေးမျိုးကို ဆက်မလုပ်သင့်ဘူး Nova"

Nova ရဲ့မျက်နှာပေါ်က မျက်ရည်တွေကို မြင်တော့ Jake ရဲ့ဒေါသက ပိုပြီး ပြင်းထန်လာခဲ့တယ်။ "ငါ ရှက်တယ်" ဆိုတဲ့ စကားလုံးတွေက သူ့ရဲ့မာနကို ဖော်ပြနေသလိုပါပဲ။ လူတွေရှေ့မှာ ငိုနေတဲ့ Nova ကို သူရှက်မိတယ်။ သူ့ရဲ့အေးစက်တဲ့ ဆက်ဆံရေးက Nova ကို နာကျင်စေတာကို သူဂရုမစိုက်ခဲ့ပါ။

"ဒီလိုဆက်ဆံရေးမျိုးက ဘယ်သူ့အတွက်မှ အဆင်မပြေဘူး"

Jake ရဲ့စကားကြောင့် Nova ရဲ့မျက်ရည်တွေက ဖြိုမချနိုင်တော့အောင် ကျဆင်းလာတယ်။ သူမ ဘာမှပြန်မပြောဘဲ တိတ်တဆိတ်ငိုနေခဲ့တယ်။ Jake စိတ်ထဲမှာတော့ Nova ရဲ့မျက်ရည်တွေက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုလိုပဲ ခံစားရတယ်။ "ဘယ်လိုလုပ်ရမလဲ" ဆိုတဲ့အတွေးတွေနဲ့ Jake ရဲ့စိတ်တွေ ရှုပ်ထွေးနေချိန်မှာ ရုတ်တရက် Nova ရဲ့နှုတ်ခမ်းကို ဆွဲနမ်းလိုက်တယ်။

အနမ်းက နူးညံ့မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတာမဟုတ်ဘဲ အေးစက်စက်နဲ့ ဒေါသတွေသာ လွှမ်းမိုးနေခဲ့တယ်။ Nova ရဲ့နှုတ်ခမ်းသားတွေက စိုစွတ်နေပေမယ့် Jake ရဲ့အနမ်းက ခြောက်သွေ့နေသလို ခံစားရတယ်။ Nova ရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ပြန်ဝင်လာသလို ခံစားရတယ်။ "သူ ငါ့ကို မစွန့်လွှတ်သေးဘူး" လို့ သူမတွေးမိပေမယ့် ဒီအနမ်းက နာကျင်မှုတွေနဲ့ ပြည့်နေမှန်း သူမမသိခဲ့ဘူး။

အနမ်းရပ်သွားတော့ Jake က Nova ရဲ့မျက်နှာကို မကြည့်ဘဲ ဖုန်းကိုကြည့်ပြီး စကားအနည်းငယ်ပြောလိုက်တယ်။ "Sorry. ငါ စိတ်ရှုပ်ထွေးသွားလို့ပါ" ဆိုတဲ့ စကားက Nova ရဲ့နှလုံးသားကို နောက်တစ်ကြိမ် နာကျင်စေခဲ့တယ်။ ဒီအနမ်းက အမှားတစ်ခုလား၊ ဒါမှမဟုတ် သူမကို နှစ်သိမ့်ဖို့လားဆိုတာ Nova မသိတော့ဘူး။ ဒီအနမ်းက Jake ရဲ့အချစ်ကို ဖော်ပြနေတာမဟုတ်ဘဲ လမ်းခွဲဖို့ အဆံုးသတ်​တစ်ခုသာ ဖြစ်နေခဲ့တယ်။

"ငါတို့ လမ်းခွဲသင့်ပြီ"

Jake ရဲ့ အေးစက်စက်စကားက Nova ရဲ့ရင်ကို တိုက်ရိုက်ထိမှန်သွားကာ သူမရဲ့နှလုံးသားတစ်ခုလုံး စုပ်ပြတ်သတ်သွားခဲ့သည်။ Jake ရဲ့အနမ်းက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အဆုံးသတ်ခြင်းရဲ့ အစဖြစ်နေခဲ့တာကို သူမ အခုမှ နားလည်ခဲ့သည်။

Jake ရဲ့စကားကြောင့် Nova တစ်ယောက် ရင်ဘတ်ထဲက အသက်ရှူသံတွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ မျက်ရည်တွေကြားကနေ သူ့ကို မယုံနိုင်စွာကြည့်လိုက်မိတယ်။ "ငါတို့ လမ်းခွဲသင့်ပြီ" ဆိုတဲ့ စကားလုံးတွေက သံတူရွင်းတွေလို သူမရဲ့ နှလုံးသားကို ထိုးစိုက်နေခဲ့တယ်။ အစောပိုင်းက ရရှိခဲ့တဲ့ အနမ်းရဲ့ နူးညံ့မှုက အခုချိန်မှာတော့ အေးစက်တဲ့ အဆုံးသတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

"ဘာလို့လဲ Jake..."

Nova ရဲ့အသံက တုန်ယင်နေပြီး ဝမ်းနည်းမှုတွေပြည့်နေတယ်။ Jake က Nova ကို တစ်ချက်လေးတောင် မကြည့်ဘဲ မျက်နှာလွှဲထားခဲ့တယ်။ သူ့အကြည့်တွေက ဘယ်ကိုရောက်နေလဲဆိုတာကို သူမ မသိပေမယ့် သူမကိုတော့ မကြည့်ချင်ဘူးဆိုတာကိုတော့ သေချာသိလိုက်တယ်။

"အရာရာတိုင်းက မပြောင်းလဲနိုင်ဘူး Nova... ငါတို့ရဲ့ဆက်ဆံရေးက အစကလို မဟုတ်တော့ဘူး"

Jake ရဲ့ စကားလုံးတွေက တိုတိုတုတ်တုတ်နဲ့ ပြတ်သားလွန်းတယ်။ Nova က သူ့ရဲ့လက်ကို လှမ်းကိုင်လိုက်ပေမယ့် Jake က ခပ်မြန်မြန်ရုတ်သိမ်းသွားခဲ့တယ်။

"ဟင့်အင်း... ငါ့ကိုမထားခဲ့ပါနဲ့ Jake... ငါနင့်ကိုချစ်တယ်"

Nova ရဲ့ အသံက တောင်းပန်နေသလို ဖြစ်နေခဲ့တယ်။ အမြဲတမ်း အလျှော့ပေးနေခဲ့ရတဲ့ Nova ရဲ့ အချစ်က အခုချိန်မှာတော့ Jake ကို ပိုပြီးစိတ်ကုန်စေခဲ့တယ်။

"ငါ့ရဲ့အချစ်က မင်းအတွက် နာကျင်မှုတွေပဲ ပေးနေတာကို မင်းမမြင်နိုင်သေးဘူးလား Nova"

Jake ရဲ့ အေးစက်စက်လေသံက Nova ရဲ့ အချစ်ကို စက်ဆုပ်သလို ဖြစ်နေခဲ့တယ်။ Nova ရဲ့ နှလုံးသားက ပိုပြီးနာကျင်လာခဲ့ပြီး သူမရဲ့ မျက်ရည်တွေကလည်း မိုးရေစက်တွေလို တသွင်သွင်ကျဆင်းလာတယ်။

"ဒါပေမဲ့... ငါက နာကျင်နေရတာကိုပဲ ပျော်နေခဲ့တာ"

ဒီစကားကိုပြောလိုက်တဲ့အခါမှာတော့ Nova တစ်ယောက် ရယ်ရမလား၊ ငိုရမလား မသိတော့အောင် ခံစားလိုက်ရတယ်။ Jake ရဲ့ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ အချစ်ထဲမှာ သူမကပဲ နစ်မွန်းနေခဲ့တာ။ လမ်းခွဲရမှာကို သူမကြောက်တယ်။ Jake မရှိဘဲ ဘယ်လိုနေရမလဲဆိုတာကို သူမ မတွေးဝံ့ခဲ့ဘူး။

"ဒီအနမ်းက ငါ့အတွက် အဆုံးသတ်ဖြစ်နေခဲ့ပြီ Nova... ဒီအနမ်းက ငါ မင်းကို ဘယ်လောက်တောင် စွန့်ပစ်ဖို့ လိုနေလဲဆိုတာကို ပြောပြချင်ခဲ့တာ"

Jake က ကားကို စတင်မောင်းနှင်လိုက်တယ်။ Nova ရဲ့ မျက်ရည်တွေကြားက အေးစက်တဲ့မျက်နှာနဲ့အတူ သူမကို လမ်းဘေးမှာ တစ်ယောက်တည်း ထားခဲ့တော့သည်။ Jake ရဲ့ ကားနောက်ကျောကိုကြည့်ပြီး Nova တစ်ယောက် ရင်ဘတ်ထဲက အလုံပိတ်ထားတဲ့ နာကျင်မှုတွေအားလုံးကို ပွင့်ထွက်သွားစေလိုက်တော့သည်။

Jake ရဲ့ကားက တဖြည်းဖြည်း ဝေးကွာသွားချိန်မှာတော့ Nova တစ်ယောက် လမ်းဘေးမှာ တစ်ယောက်တည်း ရပ်ကျန်ခဲ့ရသည်။ ရုတ်တရက် အားအင်တွေကုန်ခမ်းသွားသလို ခံစားရပြီး သူမရဲ့ဒူးတွေက ပျော့ခွေကျသွားတယ်။ လမ်းဘေးမှာပဲ သူမ ဒူးထောက်ထိုင်ချလိုက်ပြီး ရင်ဘတ်ထဲက နာကျင်မှုတွေအားလုံးကို အော်ဟစ်ငိုကြွေးပစ်လိုက်တော့သည်။

သူမရဲ့ ငိုသံတွေက အေးစက်နေတဲ့ လေထဲမှာ ပျံ့လွင့်သွားခဲ့ပေမယ့် ဘယ်သူကမှ ဂရုမစိုက်ခဲ့ကြဘူး။ သူမရဲ့မျက်ရည်တွေက ပါးပြင်ပေါ်မှာ တသွင်သွင်စီးကျနေပြီး Jake အပေါ်ထားတဲ့ အချစ်တွေနဲ့အတူ သူမရဲ့နှလုံးသားကို ရိုက်ချိုးနေခဲ့တယ်။ Jake နဲ့တွဲခဲ့တဲ့ ၇ လတာကာလအတွင်းမှာ မျှော်လင့်ခဲ့ရတဲ့ နေ့ရက်တွေ၊ နာကျင်ခဲ့ရတဲ့ ညတွေ၊ ခံစားခဲ့ရတဲ့ အထီးကျန်မှုတွေအားလုံးဟာ အခုချိန်မှာတော့ အဆုံးသတ်သွားပြီ။

ဒီတစ်ကြိမ်မှာတော့ သူမ ဘယ်သူ့ကိုမှ လိုက်တောင်းပန်ဖို့ မကြိုးစားခဲ့ဘူး။ သူမရဲ့စိတ်ကလည်း Jake ကို လိုက်မမီတော့ဘူး။ Jake က သူမကို ဘယ်လောက်တောင် လိမ်ခဲ့တယ်၊ ဘယ်လောက်တောင် အရေးမစိုက်ခဲ့ဘူးဆိုတာကို သူမ ကောင်းကောင်းသိနေခဲ့သည်။

Nova တစ်ယောက် လမ်းဘေးမှာ ဒူးထောက်ငိုကြွေးနေချိန်မှာ လူတွေရဲ့အကြည့်တွေက သူမဆီကို ဦးတည်လာခဲ့သည်။ တချို့ကတော့ သနားသလိုကြည့်ပြီး၊ တချို့ကတော့ စူးစမ်းသလို ကြည့်နေခဲ့ကြသည်။ အဲဒီအကြည့်တွေက သူမရဲ့နာကျင်မှုကို ပိုပြီးတိုးစေကာ လူတွေရဲ့အကြည့်တွေကို ရှောင်ရှားဖို့အတွက် Nova က သူ့မျက်နှာကို လက်နဲ့အုပ်ပြီး ပိုပြီးအော်ငိုပစ်လိုက်သည်။

ဒီအခြေအနေမှာ သူမ ဘယ်လောက်အထိ နာကျင်နေလဲဆိုတာကို ဘယ်သူမှ နားမလည်ပေးနိုင်ခဲ့ကြဘူး။ လူတွေကတော့ ခဏတာကြည့်ပြီး သူတို့ရဲ့လမ်းကို ပြန်ဆက်သွားကြတယ်။ Nova ကတော့ ဒီအကြည့်တွေရဲ့ဖိအားအောက်မှာ ပိုပြီးကြေကွဲလာခဲ့တယ်။ သူမရဲ့နှလုံးသားက ပိုပြီးနာကျင်လာခဲ့ပေမယ့် Jake ကို ချစ်တဲ့အချစ်ကတော့ လုံးဝကိုမပြောင်းလဲခဲ့ဘူး။

ဟုတ်ပါတယ်... Jake က သူမကို စွန့်ပစ်သွားခဲ့ပြီ။ ဒါပေမဲ့ Nova ကတော့ Jake အပေါ်ထားတဲ့ အချစ်တွေကို မဖျက်ဆီးပစ်နိုင်ခဲ့ဘူး။ သူ့ရဲ့အေးစက်တဲ့အပြုအမူတွေ၊ လိမ်ညာမှုတွေက Nova ရဲ့နှလုံးသားကို နာကျင်စေခဲ့ပေမယ့် ဒီအချစ်က ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ဘူး။

"Jake... နင် ဘယ်လိုဖြစ်ဖြစ် ငါ နင့်ကိုချစ်နေတုန်းပါပဲ"

Nova က တိုးတိုးလေး ရေရွတ်လိုက်တယ်။သူမကတော့ Jake ရဲ့အချစ်ကို ရဖို့အတွက် အချိန်တိုင်း တောင်းပန်နေရတဲ့ကောင်မလေးအဖြစ်ပဲ ဆက်လက်တည်ရှိနေခဲ့တယ်။

Tbc >>>

Total Words - #2298

There are no comments yet. Log in to be the first to leave a review!

Similar stories