Fanfics

7🌪️

17:09, 20 July 2023

U...!

"အင်း အဖျားဝင်နေပြီကိုး..."

သူ့ပြောသံကြောင့် fourth မော့ကြည့်လာသည်...

"မင်းကဘယ်လိုသိတာလဲ?"

နှုတ်ခမ်းလေးထော်ကာပြောလာသောကောင်လေး၏ နဖူးကိုခပ်ဖွဖွတွန်းလိုက်ရင်း...

"မင်းနဲ့ငါက ဟိုးနှာချေးတွဲလောင်းအချိန်ထဲက ပုခုံးဖက်ပေါင်းလာတာပါကွာ... မင်းဖျားရင်လည်းငါဘဲဂရုစိုက်ပေးနေကြကို အခုမှမေးခွန်းအဆန်းတွေထမေးနေတယ် အရူးလေး!"

နှုတ်ခမ်းထော်သည်ထက်ထော်လာ‌သောကောင်လေးအားကြည့်ရင်း တစ်ချက်မျှပြုံးကာ ခုတင်ပေါ်သို့လှဲခိုင်းလိုက်ပြီး အနီးနားရှိစားပွဲသေးသေးလေးသို့သွားကာ အံဆွဲထဲမှဆေးအချို့ကိုထုတ်ယူလိုက်သည်....ထို့နောက် ရေချိုးခန်းထဲဝင်၍ ရေဇလုံနှင့် တဘက်တစ်ထည်ယူကာ အသေးကောင်ရှိရာသို့ပြန်လာလိုက်သည်...အသေးကောင်ခမျာတော့ မျက်တောင်တစ်ချက်မခတ်ဘဲ သူလုပ်သမျှကိုအသေးစိတ်လိုက်ကြည့်နေလေရဲ့......

"ထူးဆန်းလို့လား အသေးကောင်"

ရေဇလုံကို ခုံပေါ်တင်ရင်း ဘေးနားဝင်ထိုင်ကာပြောလိုက်တော့ ခေါင်းခါပြလာသည်လေ.....အူကြောင်ကြောင်ကြည့်နေသော မျက်လုံးများအားလျစ်လျူရှုလိုက်ရင်း တဘက်ကို ရေနွေးနွေးထဲသို့စိမ်ထားလိုက်ပြီး သောက်ရမည့် ဆေးလုံးအနည်းငယ်ကိုဖောက်၍ လက်ဖဝါးထဲထည့်လိုက်ကာ အနီးနားရှိ ရေကရားကိုယူလျက် ဖန်ခွက်ထဲသို့ ရေအနည်းငယ်ထည့်လိုက်သည်....

"ထ... ဆေးသောက်လိုက် အသေးကောင်"

ထထိုင်ကာ သူ့လက်ဖဝါးထဲမှဆေးလုံးများကိုလွှဲပြောင်းယူ၍ လက်ထဲမှဖန်ခွက်ကိုဆွဲယူကာ သောက်ကျလိုက်ပြီးနောက် ပြန်လှဲသွားလေသော fourth...

ရေနွေးဇလုံထဲတွင်စိမ်ထားသော တဘက်အား ရေစစ်အောင်ညှစ်ကာ နဖူးပေါ်သို့ တင်ပေးလိုက်သည်..

"အဟင်းဟင်း..!ဒီပုံစံနဲ့ မနက်ဖြန်ဘယ်လိုကမြင်းအုန်းမလဲ သိချင်မိသား"

ရီသံစွက်ရင်း စနောက်လိုက်တော့ နှာထိပ်လေးများနီရဲကာ ဒေါသတကြီးဖြင့်အော်လာသည်...

"မင်းစောက်ပေါက်ပိတ်ထား သောက်ပေါကောင်!!!"

"ဟားဟားဟား!!!"

အော်ပုံလေးကိုကြည့်ရင်း သူအကျယ်ကြီး‌အော်ရီမိလိုက်သည်... မင်းက စ လို့ကောင်းတယ် အ‌သေးကောင်!

..............................နှစ်ခြိုက်စွာအိပ်မောကျနေသောကောင်လေးနှင့် ညလယ်လောက်ထိမအိပ်ဘဲ တစ်ယောက်ထဲ ဟိုသွားဒီသွားဖြင့်အလုပ်ရှုပ်နေရသော ကောင်လေး....

"ဟူး~"

သူသက်ပြင်းချမိသည်...အသေးကောင်၏ဘေးနားသို့တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း မျက်စိနားသို့ကျနေသော ဆံပင်အချို့ကို ဖယ်ပေးလိုက်သည်...

"မင်းကတော့ အိပ်နိုင်ပါ့နော်..! ငါကတော့မင်းဘယ်ချိန်မှအဖျားကျမှာလဲ စောင့်ကြည့်နေရတာ မောတယ်အသေးကောင်!"

တစ်ယောက်ကြားနိုင်ယုံလေသံဖြင့်သာပြောလိုက်သည်...ထို့နောက် ဟောက်သံပါထွက်နေသောအနှီလူသားလေး၏ နဖူးအားတစ်ချက်မျှစမ်းလိုက်သည်...

"တော်သေးတာပေါ့ ခုနကလောက်မပူတော့လို့.."

စိတ်ပူရသည့်အနေအထားမရှိတော့တာကြောင့်အသေးကောင်၏ဘေးနားသို့ဝင်အိပ်လိုက်သည်...အိပ်ပျော်စေရန် မျက်လုံးမှိတ်ကာရှိသေး

"အင်းးး....Gem~"

အသေးကောင်၏ ခပ်တိုးတိုးခေါ်သံကြာင့် မျက်လုံးများပြန်ပွင့်ကာ ဘေးဘက်သို့လည့်ကြည့်လိုက်သည်...

"ဟမ် ဘာလဲ Fourth"

သူမေးသော်လည်း ပြန်မဖြေ...ရုတ်ချည်းဆိုသလို သူ့ရင်ခွင်ထဲတိုးဝင်လာသော အသေးကောင်ကြောင့် ချမ်းနေမှန်းသိလိုက်ရသည်..ထို့ကြောင့် ခြေရင်းမှဂွမ်းစောင်အားဆွဲယူကာ နှစ်ယောက်အပေါ်သို့ခြုံအုပ်လိုက်ရင်း ရင်ခွင်ထဲရောက်နေသော ကောင်လေးအား တင်းကြပ်စွာဖက်ထားလိုက်သည်.....

ငါသိတာပေါ့ ငါသူငယ်ချင်းလေးက‌ဖျားရင်လူအရမ်းကပ်တာလေ!

..............................

ဖုန်းမှရုတ်တရက်ထမြည်လာသော Alarm သံကြောင့် ဖုန်းကိုဆွဲယူလိုက်ရင်း ပိတ်ပစ်လိုက်သည်....ထို့နောက် မျက်လုံးများအားဖွင့်ကာ ဘေးဘက်သို့လှည့်ကြည့်လိုက်သည်..

"မနိုးသေးဘူးဘဲ.."

ရေရွတ်လိုက်ရင်း အိပ်ပျော်နေသောအသေးကောင်၏ နဖူးပေါ်သို့လက်ဖြင့်စမ်းလိုက်သည်.....

"အမယ် အဖျားတောင်ကျသွားပြီဘဲ!"

အသေးကောင်ဖိထားသော လက်တစ်ဖက်အား ထိုကောင်လေးမနိုးသွားစေရန်ဂရုစိုက်၍ အသာအယာဆွဲထုတ်လိုက်သည်...ထို့နောက် ထထိုင်လိုက်ရင်း မျက်လုံးများအားပွတ်သပ်ကာ ကုတင်ပေါ်မှဆင်း၍ ရေချိုးခန်းဆီသို့ဦးတည်လာခဲ့သည်.....သွားတိုက်မျက်နှာသစ် ပုံမှန်အတိုင်းလုပ်ကာ ပြန်ထွက်လာခဲ့သည်...ထို့နောက် အသေးကောင်ကြည့်ကာကန်ထုတ်ထားသော စောင်အား ပြန်ခြုံပေးခဲ့ပြီး နိုးလာရင်စားဖို့ရာ ဆန်ပြုတ်ပြုတ်ရန်အတွက် မီးဖိုခန်းဆီသို့ ဦးတည်လာခဲ့တော့သည်....

............................ဝေတေဝါးတားဖြင့် နိုးထလာခဲ့သောမနက်ခင်း.... ကိုက်ခဲနေသောခေါင်းကြောင့် နားထင်ကိုတစ်ချက်မျှဖိကာ နှိပ်ပေးလိုက်သည်...မျက်စိများအားပွတ်သပ်ရင်း ခြုံထားသော စောင်အားဖယ်ထုတ်ကာ ရေချိုးခန်းသို့ဝင်လာပြီးနောက် သွားတိုက်မျက်နှာသစ်လျက် မျက်နှာကိုတဘက်ဖြင့်သုတ်ပြီး တဘက်အားပုခုံးပေါ်တင်ရင်း ပြန်ထွက်လာခဲ့သည်....ညက သူ့ကိုဒေါသထွက်အောင် စ သွားခဲ့သော အကြီးကောင်ကိုမတွေ့တာကြောင့် မျက်စိလေးများ‌ေဝ့ဝိုက်ကြည့်လိုက်တော့ မီးဖို‌ချောင်ဘက်မှ လှုပ်ရှားနေသောအရာတစ်ခုကိုမြင်လိုက်တာကြောင့် အနီးနားသို့လျှောက်ကြည့်လိုက်သည်...

"အိုး! နွားလိုကောင် မင်းတောင်မီးဖိုချောင်ထဲဝင်လို့ပါလားဟ!"

______________________

ဂွတ်နှိုက်ခ😴

Z..!

"အင္း အဖ်ားဝင္ေနၿပီကိုး..."

သူ့ေျပာသံေၾကာင့္ fourth ေမာ့ၾကည့္လာသည္...

"မင္းကဘယ္လိုသိတာလဲ?"

ႏႈတ္ခမ္းေလးေထာ္ကာေျပာလာေသာေကာင္ေလး၏ နဖူးကိုခပ္ဖြဖြတြန္းလိုက္ရင္း...

"မင္းနဲ႔ငါက ဟိုးႏွာေခ်းတြဲေလာင္းအခ်ိန္ထဲက ပုခုံးဖက္ေပါင္းလာတာပါကြာ... မင္းဖ်ားရင္လည္းငါဘဲဂ႐ုစိုက္ေပးေနၾကကို အခုမွေမးခြန္းအဆန္းေတြထေမးေနတယ္ အ႐ူးေလး!"

ႏႈတ္ခမ္းေထာ္သည္ထက္ေထာ္လာ‌ေသာေကာင္ေလးအားၾကည့္ရင္း တစ္ခ်က္မွ်ၿပဳံးကာ ခုတင္ေပၚသို႔လွဲခိုင္းလိုက္ၿပီး အနီးနားရွိစားပြဲေသးေသးေလးသို႔သြားကာ အံဆြဲထဲမွေဆးအခ်ိဳ႕ကိုထုတ္ယူလိုက္သည္....ထို႔ေနာက္ ေရခ်ိဳးခန္းထဲဝင္၍ ေရဇလုံႏွင့္ တဘက္တစ္ထည္ယူကာ အေသးေကာင္ရွိရာသို႔ျပန္လာလိုက္သည္...အေသးေကာင္ခမ်ာေတာ့ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ သူလုပ္သမွ်ကိုအေသးစိတ္လိုက္ၾကည့္ေနေလရဲ႕......

"ထူးဆန္းလို႔လား အေသးေကာင္"

ေရဇလုံကို ခုံေပၚတင္ရင္း ေဘးနားဝင္ထိုင္ကာေျပာလိုက္ေတာ့ ေခါင္းခါျပလာသည္ေလ.....အူေၾကာင္ေၾကာင္ၾကည့္ေနေသာ မ်က္လုံးမ်ားအားလ်စ္လ်ဴရႈလိုက္ရင္း တဘက္ကို ေရေႏြးေႏြးထဲသို႔စိမ္ထားလိုက္ၿပီး ေသာက္ရမည့္ ေဆးလုံးအနည္းငယ္ကိုေဖာက္၍ လက္ဖဝါးထဲထည့္လိုက္ကာ အနီးနားရွိ ေရကရားကိုယူလ်က္ ဖန္ခြက္ထဲသို႔ ေရအနည္းငယ္ထည့္လိုက္သည္....

"ထ... ေဆးေသာက္လိုက္ အေသးေကာင္"

ထထိုင္ကာ သူ့လက္ဖဝါးထဲမွေဆးလုံးမ်ားကိုလႊဲေျပာင္းယူ၍ လက္ထဲမွဖန္ခြက္ကိုဆြဲယူကာ ေသာက္က်လိုက္ၿပီးေနာက္ ျပန္လွဲသြားေလေသာ fourth...

ေရေႏြးဇလုံထဲတြင္စိမ္ထားေသာ တဘက္အား ေရစစ္ေအာင္ညႇစ္ကာ နဖူးေပၚသို႔ တင္ေပးလိုက္သည္..

"အဟင္းဟင္း..!ဒီပုံစံနဲ႔ မနက္ျဖန္ဘယ္လိုကျမင္းအုန္းမလဲ သိခ်င္မိသား"

ရီသံစြက္ရင္း စေနာက္လိုက္ေတာ့ ႏွာထိပ္ေလးမ်ားနီရဲကာ ေဒါသတႀကီးျဖင့္ေအာ္လာသည္...

"မင္းေစာက္ေပါက္ပိတ္ထား ေသာက္ေပါေကာင္!!!"

"ဟားဟားဟား!!!"

ေအာ္ပုံေလးကိုၾကည့္ရင္း သူအက်ယ္ႀကီး‌ေအာ္ရီမိလိုက္သည္... မင္းက စ လို႔ေကာင္းတယ္ အ‌ေသးေကာင္!

..............................ႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနေသာေကာင္ေလးႏွင့္ ညလယ္ေလာက္ထိမအိပ္ဘဲ တစ္ေယာက္ထဲ ဟိုသြားဒီသြားျဖင့္အလုပ္ရႈပ္ေနရေသာ ေကာင္ေလး....

"ဟူး~"

သူသက္ျပင္းခ်မိသည္...အေသးေကာင္၏ေဘးနားသို႔တင္ပါးလႊဲဝင္ထိုင္လိုက္ရင္း မ်က္စိနားသို႔က်ေနေသာ ဆံပင္အခ်ိဳ႕ကို ဖယ္ေပးလိုက္သည္...

"မင္းကေတာ့ အိပ္ႏိုင္ပါ႔ေနာ္..! ငါကေတာ့မင္းဘယ္ခ်ိန္မွအဖ်ားက်မွာလဲ ေစာင့္ၾကည့္ေနရတာ ေမာတယ္အေသးေကာင္!"

တစ္ေယာက္ၾကားႏိုင္ယုံေလသံျဖင့္သာေျပာလိုက္သည္...ထို႔ေနာက္ ေဟာက္သံပါထြက္ေနေသာအႏွီလူသားေလး၏ နဖူးအားတစ္ခ်က္မွ်စမ္းလိုက္သည္...

"ေတာ္ေသးတာေပါ႔ ခုနကေလာက္မပူေတာ့လို႔.."

စိတ္ပူရသည့္အေနအထားမရွိေတာ့တာေၾကာင့္အေသးေကာင္၏ေဘးနားသို႔ဝင္အိပ္လိုက္သည္...အိပ္ေပ်ာ္ေစရန္ မ်က္လုံးမွိတ္ကာရွိေသး

"အင္းးး....Gem~"

အေသးေကာင္၏ ခပ္တိုးတိုးေခၚသံၾကာင့္ မ်က္လုံးမ်ားျပန္ပြင့္ကာ ေဘးဘက္သို႔လည့္ၾကည့္လိုက္သည္...

"ဟမ္ ဘာလဲ Fourth"

သူေမးေသာ္လည္း ျပန္မေျဖ...႐ုတ္ခ်ည္းဆိုသလို သူ့ရင္ခြင္ထဲတိုးဝင္လာေသာ အေသးေကာင္ေၾကာင့္ ခ်မ္းေနမွန္းသိလိုက္ရသည္..ထို႔ေၾကာင့္ ေျခရင္းမွဂြမ္းေစာင္အားဆြဲယူကာ ႏွစ္ေယာက္အေပၚသို႔ၿခဳံအုပ္လိုက္ရင္း ရင္ခြင္ထဲေရာက္ေနေသာ ေကာင္ေလးအား တင္းၾကပ္စြာဖက္ထားလိုက္သည္.....

ငါသိတာေပါ႔ ငါသူငယ္ခ်င္းေလးက‌ဖ်ားရင္လူအရမ္းကပ္တာေလ!

..............................

ဖုန္းမွ႐ုတ္တရက္ထျမည္လာေသာ Alarm သံေၾကာင့္ ဖုန္းကိုဆြဲယူလိုက္ရင္း ပိတ္ပစ္လိုက္သည္....ထို႔ေနာက္ မ်က္လုံးမ်ားအားဖြင့္ကာ ေဘးဘက္သို႔လွည့္ၾကည့္လိုက္သည္..

"မႏိုးေသးဘူးဘဲ.."

ေရရြတ္လိုက္ရင္း အိပ္ေပ်ာ္ေနေသာအေသးေကာင္၏ နဖူးေပၚသို႔လက္ျဖင့္စမ္းလိုက္သည္.....

"အမယ္ အဖ်ားေတာင္က်သြားၿပီဘဲ!"

အေသးေကာင္ဖိထားေသာ လက္တစ္ဖက္အား ထိုေကာင္ေလးမႏိုးသြားေစရန္ဂ႐ုစိုက္၍ အသာအယာဆြဲထုတ္လိုက္သည္...ထို႔ေနာက္ ထထိုင္လိုက္ရင္း မ်က္လုံးမ်ားအားပြတ္သပ္ကာ ကုတင္ေပၚမွဆင္း၍ ေရခ်ိဳးခန္းဆီသို႔ဦးတည္လာခဲ့သည္.....သြားတိုက္မ်က္ႏွာသစ္ ပုံမွန္အတိုင္းလုပ္ကာ ျပန္ထြက္လာခဲ့သည္...ထို႔ေနာက္ အေသးေကာင္ၾကည့္ကာကန္ထုတ္ထားေသာ ေစာင္အား ျပန္ၿခဳံေပးခဲ့ၿပီး ႏိုးလာရင္စားဖို႔ရာ ဆန္ျပဳတ္ျပဳတ္ရန္အတြက္ မီးဖိုခန္းဆီသို႔ ဦးတည္လာခဲ့ေတာ့သည္....

............................ေဝေတဝါးတားျဖင့္ ႏိုးထလာခဲ့ေသာမနက္ခင္း.... ကိုက္ခဲေနေသာေခါင္းေၾကာင့္ နားထင္ကိုတစ္ခ်က္မွ်ဖိကာ ႏွိပ္ေပးလိုက္သည္...မ်က္စိမ်ားအားပြတ္သပ္ရင္း ၿခဳံထားေသာ ေစာင္အားဖယ္ထုတ္ကာ ေရခ်ိဳးခန္းသို႔ဝင္လာၿပီးေနာက္ သြားတိုက္မ်က္ႏွာသစ္လ်က္ မ်က္ႏွာကိုတဘက္ျဖင့္သုတ္ၿပီး တဘက္အားပုခုံးေပၚတင္ရင္း ျပန္ထြက္လာခဲ့သည္....ညက သူ့ကိုေဒါသထြက္ေအာင္ စ သြားခဲ့ေသာ အႀကီးေကာင္ကိုမေတြ႕တာေၾကာင့္ မ်က္စိေလးမ်ားေ‌ဝ့ဝိုက္ၾကည့္လိုက္ေတာ့ မီးဖို‌ေခ်ာင္ဘက္မွ လႈပ္ရွားေနေသာအရာတစ္ခုကိုျမင္လိုက္တာေၾကာင့္ အနီးနားသို႔ေလွ်ာက္ၾကည့္လိုက္သည္...

"အိုး! ႏြားလိုေကာင္ မင္းေတာင္မီးဖိုေခ်ာင္ထဲဝင္လို႔ပါလားဟ!"

______________________

ဂြတ္ႏႈိက္ခ😴

There are no comments yet. Log in to be the first to leave a review!

Similar stories