Fanfics

6🌪️

17:19, 19 July 2023

U...!

"Fourth ပြန်ကြမယ် အေးလာပြီ"

ကမ်းခြေရှိသဲသောင်ပြင်ကြီးတွင်ခြေဆန့်ကာထိုင်နေသော အသေးကောင်အားအသင့်ပါလာသော အနွေးထည်ကိုပစ်ပေးလိုက်ရင်းပြောလိုက်သည်...

"အင်း..."

သူပစ်ပေးလိုက်သောအနွေးထည်ကိုဝတ်ရင်းထလာသော Fourth...

"ဘယ်လိုနေလဲ ပျော်ရဲ့လား?"

"ပျော်တာပေါ့ ဒါပေမဲ့ငါလုံးဝကြီးပျော်တာတော့မဟုတ်ဘူး!"

"ဟ! ခွေးကောင် ဘာလုပ်ချင်သေးလို့တုန်း?"

"အင်း ငါခုထိ ဘာမှမစားရသေးဘူး အကြီးကောင် မနက်က canteen မှာငါကျွေးထားတဲ့အတွက် ဒီညငါ့ကိုမင်းကအဝလိုက်ကျွေးရမယ်! ဒါမှငါကျေနပ်မှာ"

"ဘာ အဟား! ဒီကောင်ငစားဘဲ သွားစားစမ်းပါ မင်းကြိုက်သလောက်စား ကျသလောက်ငါရှင်းမယ် ဟုတ်ပြီလား!"

သူပြောလိုက်တော့ ပြုံးရွှင်သွားသည့်မျက်နှာလေးဖြင့်ဈေးတန်းကြီးရှိရာဘက်သို့ပြေးထွက်သွားသော အသေးကောင်အားကြည့်ရင်း ပြုံးမိပြန်သည်....မင်းပျော်နေတာမြင်ရင်ငါကပါလိုက်ပြုံးနေရော! ငါကတစ်ကယ်အရူးဘဲ!!

..................

"အကြီးကောင်"

စားသောက်နေရင်းပင်ပလုတ်ပလောင်းဖြင့်မပီမသခေါ်သံကြောင့် ဖုန်းပွတ်နေရာမှအသံလာရာသို့ကြည့်လိုက်သည်...

"အင်းပြော"

"ပါးစပ်ဟ"

"ဟမ်?"

နားမလည်သည့်ပုံစံဖြင့်ကြည့်လိုက်တော့..

"ဟဆိုဟလေ"

ဘာမှန်းမသိသော်လည်းအသေးကောင်၏တစ်ချက်လွှတ်အမိန့်ကြောင့် ပါးစပ်ဟပေးလိုက်သည်...ထိုစဉ်ပါးစပ်ထဲသို့ဝင်ရောက်လာသော အသားနှင့်ဆလပ်ရွက်များ...

"အွန်း! Ai fourth!!!"

"အဟွန့် ခ်ခ် ခွီး! ဟားဟားဟား!!!"

သူများပါးစပ်ထဲအတင်းထိုးထည့်ကာ အသားကုန်ခွီးနေသော သကောင့်သားလေး၏ဇာတ်ပိုးသို့ နှစ်ချက်လောက်ဆင့်အုပ်ပေးလိုက်သည်..

"အာ့ ဘောဘဲဟ နာတယ် မသာရဲ့!"

ပြန်ထွေးထုတ်ရန်လုပ်နေသောသူ့အား ထိုင်နေရာမှထလာကာအနောက်ဘက်သို့လျှောက်လာပြီးချက်ချင်းပင်သူ့ပါးစပ်ကိုလက်ဖြင့်လာပိတ်လေသောအသေးကောင်!

"မျိုချ မထွေးနဲ့ အကုန်စား တစ်စက်တောင်ကျမသွားစေနဲ့နော်!!"

ထွေးချင်သော်လည်းပါးစပ်ကိုအသေပိတ်ထားသောကောင်လေးကြောင့် မစားချင်စားချင်နဲ့ အမုန်းဆုံးဖြစ်သောဆလပ်ရွက်ကြီးအား ဝါးကာမျိုချလိုက်ရသည်...အွီး!!ခါးလိုက်တာ!!!

"ခ်ခ် ခွီး! အဆင်ပြေလားဘရို"

ပါးစပ်ကိုပိတ်ထားသည့်လိုက်အားဖယ်ကာ နေရာသို့သွားပြန်ထိုင်လေသော အသေးကောင်အား နဂါးမျက်စောင်းဖြင့်ကြည့်လိုက်သည်..

"လီးပေါ့ ဆလပ်ရွက် လာထိုးထည့်ပြီး မင်းဖေကြီးတော်ကိုအဆင်ပြေလား!!"

"မင်းကလည်း အသီးအရွက်စားမှအားရှိလို့ငါကခွံ့ကျွေးတာပါ ဒီကသူဌေးသားအချောလေးကိုကျေးဇူးတောင်တင်သင့်တာ!"

"လီးကိုကျေးဇူးတင် ခွေးကောင်!"

"ဘောနော်ဘောဘဲ နွားလိုကောင်!"

အေးချမ်းလှသောစားသောက်ဆိုင်လေးရဲ့ထောင့်တစ်နေရာမှာ ကောင်လေးနှစ်ယောက်ကတော့ရန်ဖြစ်သံတွေနဲ့ ဆူညံလို့နေလေရဲ့....

........................

အခန်းသို့ပြန်ရောက်လာပြီဆိုတာနဲ့ ဝတ်ထားသောအနွေးထည်ကိုချွတ်ပစ်ကာ ရေချိုးခန်းသို့ဝင်သွားလေသော fourth.....

သူလည်းဝတ်ထားသည့်အနွေးထည်ကိုချွတ်လိုက်ရင်း ခုတင်ပေါ်သို့အသေးကောင်ပစ်တင်သွားခဲ့သော အနွေးထည်အားကောက်ကာ အဝတ်ခြင်းထဲသို့ထည့်လိုက်သည်....ထို့နောက် ခုတင်ပေါ်တွင်ထိုင်ကာ ဖုန်းထုတ်၍ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်..

ခနကြာတော့ ခေါင်းတွင်ရေစက်လက်ဖြင့် သဘက်တစ်ထည်ပတ်ကာထွက်လာပြီး နောက်မှန်ရှေ့တွင်ထိုင်ကာ ခေါင်းသုတ်နေသောအသေးကောင်.....

"Fourth ဒီကိုလာ ငါသုတ်ပေးမယ်!"

လျော့တိလျော့ရဲဖြင့်သုတ်နေသော အသေးကောင်အားကြည့်ရင်းခေါင်းတစ်ချက်ခါကာ သူ့ဆီသို့လာရန်ခေါ်လိုက်လေတော့ မလာချင်လာချင်နှင့်ထလာသည်လေ...

"ဒီမှာထိုင်"

သူပြောသလိုပင်တသဝေမတိမ်းလိုက်လုပ်နေသောကောင်လေးကြောင့် ပြုံးမိပြန်သည်...တစ်ကယ်ဘဲငါကျပ်မပြည့်တော့ဘူးထင်တယ်!

"Fourth!"

ခေါင်းသုတ်ပေးနေရင်းသူ့နာမည်ခေါ်လိုက်တာကြောင့် မေးငေါ့ပြလာသည်..

"မနက်ဖြန်ငါတို့ကျောင်းလဲပိတ်တော့ ဒီမှာဘဲပိတ်ရက်နှစ်ရက်လုံးနေမလားလို့ မင်းနေချင်လား?"

"အင်း နေမယ် ဒါမဲ့ နှစ်ရက်လုံးကြီးတော့ မဟုတ်ဘူး မနက်ဖြန်ဒီမှာနေမယ် သဘက်ခါကို ဖူးခက်သွားမယ်!"

"အင်း ဟုတ်ပြီလေ ဒါဆို ငါတို့အဲ့လိုဘဲလုပ်ကြတာပေါ့"

"‌ဒါနဲ့ မာမီတို့ဒယ်ဒီတို့ကရော!"

"ငါဖုန်းဆက်ပြီးပြီ အကုန်လုံးခွင့်ပြုတယ်"

"မင်းဘယ်တုန်းထဲက ကမြင်းလိုက်ပြန်တာလဲ"

"ဒါက ခပ်စောစောသတိပေးတာလို့ခေါ်တယ် အရူးလေးရဲ့"

"ရပြီ "

သူလွှတ်ပေးလိုက်တော့ထကာ ဘီဒိုထဲရှိ ညအိတ်ဝတ်စုံ တစ်စုံအားဆွဲထုတ်ရင်းဝတ်ကာ သူ့နားသို့ပြန်လျှောက်လာသည်..ထို့နောက် ဝင်ထိုင်ကာ သူ့အားရုတ်တရက်အ‌နောက်မှသိုင်းဖက်လာသည်ကြောင့် လန့်သွားရသည်...

"ဘာဖြစ်လို့တုန်း"

မေးလိုက်တော့ ကောင်လေးမှာခေါင်းခါသည်...သူ့ပုခုံးပေါ်သို့ခေါင်းလေးမှီတင်လာသည်ကြောင့် လက်ဖြင့် အနှီလူသားလေး၏ နဖူးအားစမ်းလိုက်သည်....

သူထင်တာမှန်နေတာဘဲ ဒီကောင်လေးအဖျားဝင်နေပြီ!

___________________

အလုပ်တွေများလိုက်တာလူတွေရယ် အလုပ်ပိပြီးသေတဲ့မသာ ကျတော်အရင်ဆုံးစံပြဖြစ်တော့မယ်ထင်တယ်ဗျို့!!

Z..!

"Fourth ျပန္ၾကမယ္ ေအးလာၿပီ"

ကမ္းေျခရွိသဲေသာင္ျပင္ႀကီးတြင္ေျခဆန္႔ကာထိုင္ေနေသာ အေသးေကာင္အားအသင့္ပါလာေသာ အေႏြးထည္ကိုပစ္ေပးလိုက္ရင္းေျပာလိုက္သည္...

"အင္း..."

သူပစ္ေပးလိုက္ေသာအေႏြးထည္ကိုဝတ္ရင္းထလာေသာ Fourth...

"ဘယ္လိုေနလဲ ေပ်ာ္ရဲ႕လား?"

"ေပ်ာ္တာေပါ႔ ဒါေပမဲ့ငါလုံးဝႀကီးေပ်ာ္တာေတာ့မဟုတ္ဘူး!"

"ဟ! ေခြးေကာင္ ဘာလုပ္ခ်င္ေသးလို႔တုန္း?"

"အင္း ငါခုထိ ဘာမွမစားရေသးဘူး အႀကီးေကာင္ မနက္က canteen မွာငါေကြၽးထားတဲ့အတြက္ ဒီညငါ႔ကိုမင္းကအဝလိုက္ေကြၽးရမယ္! ဒါမွငါေက်နပ္မွာ"

"ဘာ အဟား! ဒီေကာင္ငစားဘဲ သြားစားစမ္းပါ မင္းႀကိဳက္သေလာက္စား က်သေလာက္ငါရွင္းမယ္ ဟုတ္ၿပီလား!"

သူေျပာလိုက္ေတာ့ ၿပဳံးရႊင္သြားသည့္မ်က္ႏွာေလးျဖင့္ေဈးတန္းႀကီးရွိရာဘက္သို႔ေျပးထြက္သြားေသာ အေသးေကာင္အားၾကည့္ရင္း ၿပဳံးမိျပန္သည္....မင္းေပ်ာ္ေနတာျမင္ရင္ငါကပါလိုက္ၿပဳံးေနေရာ! ငါကတစ္ကယ္အ႐ူးဘဲ!!

..................

"အႀကီးေကာင္"

စားေသာက္ေနရင္းပင္ပလုတ္ပေလာင္းျဖင့္မပီမသေခၚသံေၾကာင့္ ဖုန္းပြတ္ေနရာမွအသံလာရာသို႔ၾကည့္လိုက္သည္...

"အင္းေျပာ"

"ပါးစပ္ဟ"

"ဟမ္?"

နားမလည္သည့္ပုံစံျဖင့္ၾကည့္လိုက္ေတာ့..

"ဟဆိုဟေလ"

ဘာမွန္းမသိေသာ္လည္းအေသးေကာင္၏တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္ ပါးစပ္ဟေပးလိုက္သည္...ထိုစဉ္ပါးစပ္ထဲသို႔ဝင္ေရာက္လာေသာ အသားႏွင့္ဆလပ္ရြက္မ်ား...

"အြန္း! Ai fourth!!!"

"အဟြန္႔ ခ္ခ္ ခြီး! ဟားဟားဟား!!!"

သူမ်ားပါးစပ္ထဲအတင္းထိုးထည့္ကာ အသားကုန္ခြီးေနေသာ သေကာင့္သားေလး၏ဇာတ္ပိုးသို႔ ႏွစ္ခ်က္ေလာက္ဆင့္အုပ္ေပးလိုက္သည္..

"အာ့ ေဘာဘဲဟ နာတယ္ မသာရဲ႕!"

ျပန္ေထြးထုန္ရန္လုပ္ေနေသာသူ့အား ထိုင္ေနရာမွထလာကာအေနာက္ဘက္သို႔ေလွ်ာက္လာၿပီးခ်က္ခ်င္းပင္သူ့ပါးစပ္ကိုလက္ျဖင့္လာပိတ္ေလေသာအေသးေကာင္!

"မ်ိဳခ် မေထြးနဲ႔ အကုန္စား တစ္စက္ေတာင္က်မသြားေစနဲ႔ေနာ္!!"

ေထြးခ်င္ေသာ္လည္းပါးစပ္ကိုအေသပိတ္ထားေသာေကာင္ေလးေၾကာင့္ မစားခ်င္စားခ်င္နဲ႔ အမုန္းဆုံးျဖစ္ေသာဆလပ္ရြက္ႀကီးအား ဝါးကာမ်ိဳခ်လိုက္ရသည္...အြီး!!ခါးလိုက္တာ!!!

"ခ္ခ္ ခြီး! အဆင္ေျပလားဘ႐ို"

ပါးစပ္ကိုပိတ္ထားသည့္လိုက္အားဖယ္ကာ ေနရာသို႔သြားျပန္ထိုင္ေလေသာ အေသးေကာင္အား နဂါးမ်က္ေစာင္းျဖင့္ၾကည့္လိုက္သည္..

"လီးေပါ႔ ဆလပ္ရြက္ လာထိုးထည့္ၿပီး မင္းေဖႀကီးေတာ္ကိုအဆင္ေျပလား!!"

"မင္းကလည္း အသီးအရြက္စားမွအားရွိလို႔ငါကခြံ႕ေကြၽးတာပါ ဒီကသူေဌးသားအေခ်ာေလးကိုေက်းဇူးေတာင္တင္သင့္တာ!"

"လီးကိုေက်းဇူးတင္ ေခြးေကာင္!"

"ေဘာေနာ္ေဘာဘဲ ႏြားလိုေကာင္!"

ေအးခ်မ္းလွေသာစားေသာက္ဆိုင္ေလးရဲ႕ေထာင့္တစ္ေနရာမွာ ေကာင္ေလးႏွစ္ေယာက္ကေတာ့ရန္ျဖစ္သံေတြနဲ႔ ဆူညံလို႔ေနေလရဲ႕....

........................

အခန္းသို႔ျပန္ေရာက္လာၿပီဆိုတာနဲ႔ ဝတ္ထားေသာအေႏြးထည္ကိုခြၽတ္ပစ္ကာ ေရခ်ိဳးခန္းသို႔ဝင္သြားေလေသာ fourth.....

သူလည္းဝတ္ထားသည့္အေႏြးထည္ကိုခြၽတ္လိုက္ရင္း ခုတင္ေပၚသို႔အေသးေကာင္ပစ္တင္သြားခဲ့ေသာ အေႏြးထည္အားေကာက္ကာ အဝတ္ျခင္းထဲသို႔ထည့္လိုက္သည္....ထို႔ေနာက္ ခုတင္ေပၚတြင္ထိုင္ကာ ဖုန္းထုတ္၍ဟိုၾကည့္ဒီၾကည့္လုပ္ေနလိုက္သည္..

ခနၾကာေတာ့ ေခါင္းတြင္ရေရစက္လက္ျဖင့္ သဘက္တစ္ထည္ပတ္ကာထြက္လာၿပီး ေနာက္မွန္ေရွ႕တြင္ထိုင္ကာ ေခါင္းသုတ္ေနေသာအေသးေကာင္.....

"Fourth ဒီကိုလာ ငါသုတ္ေပးမယ္!"

ေလ်ာ့တိေလ်ာ့ရဲျဖင့္သုတ္ေနေသာ အေသးေကာင္အားၾကည့္ရင္းေခါင္းတစ္ခ်က္ခါကာ သူ့ဆီသို႔လာရန္ေခၚလိုက္ေလေတာ့ မလာခ်င္လာခ်င္ႏွင့္ထလာသည္ေလ...

"ဒီမွာထိုင္"

သူေျပာသလိုပင္တသေဝမတိမ္းလိုက္လုပ္ေနေသာေကာင္ေလးေၾကာင့္ ၿပဳံးမိျပန္သည္...တစ္ကယ္ဘဲငါက်ပ္မျပည့္ေတာ့ဘူးထင္တယ္!

"Fourth!"

ေခါင္းသုတ္ေပးေနရင္းသူ့နာမည္ေခၚလိုက္တာေၾကာင့္ ေမးေငါ႔ျပလာသည္..

"မနက္ျဖန္ငါတို႔ေက်ာင္းလဲပိတ္ေတာ့ ဒီမွာဘဲပိတ္ရက္ႏွစ္ရက္လုံးေနမလားလို႔ မင္းေနခ်င္လား?"

"အင္း ေနမယ္ ဒါမဲ့ ႏွစ္ရက္လုံးႀကီးေတာ့ မဟုတ္ဘူး မနက္ျဖန္ဒီမွာေနမယ္ သဘက္ခါကို ဖူးခက္သြားမယ္!"

"အင္း ဟုတ္ၿပီေလ ဒါဆို ငါတို႔အဲ့လိုဘဲလုပ္ၾကတာေပါ႔"

"‌ဒါနဲ႔ မာမီတို႔ဒယ္ဒီတို႔ကေရာ!"

"ငါဖုန္းဆက္ၿပီးၿပီ အကုန္လုံးခြင့္ျပဳတယ္"

"မင္းဘယ္တုန္းထဲက ကျမင္းလိုက္ျပန္တာလဲ"

"ဒါက ခပ္ေစာေစာသတိေပးတာလို႔ေခၚတယ္ အ႐ူးေလးရဲ႕"

"ရၿပီ "

သူလႊတ္ေပးလိုက္ေတာ့ထကာ ဘီဒိုထဲရွိ ညအိတ္ဝတ္စုံ တစ္စုံအားဆြဲထုတ္ရင္းဝတ္ကာ သူ့နားသို႔ျပန္ေလွ်ာက္လာသည္..ထို႔ေနာက္ ဝင္ထိုင္ကာ သူ့အား႐ုတ္တရက္အ‌ေနာက္မွသိုင္းဖက္လာသည္ေၾကာင့္ လန္႔သြားသည္...

"ဘာျဖစ္လို႔တုန္း"

ေမးလိုက္ေတာ့ ေကာင္ေလးမွာေခါင္းခါသည္...သူ့ပုခုံးေပၚသို႔ေခါင္းေလးမွီတင္လာသည္ေၾကာင့္ လက္ျဖင့္ အႏွီလူသားေလး၏ နဖူးအားစမ္းလိုက္သည္....

သူထင္တာမွန္ေနတာဘဲ ဒီေကာင္ေလးအဖ်ားဝင္ေနၿပီ!

___________________

အလုပ္ေတြမ်ားလိုက္တာလူေတြရယ္ အလုပ္ပိၿပီးေသတဲ့မသာ က်ေတာ္အရင္ဆုံးစံျပျဖစ္ေတာ့မယ္ထင္တယ္ဗ်ိဳ႕!!

There are no comments yet. Log in to be the first to leave a review!

Similar stories