4🌪️
17:11, 17 July 2023"Gem!"
"အွန်း ဘာတုန်းပြော"
စားနေရင်းဖြင့်ဖြေလာသော အကြီးကောင်အားကြည့်ရင်း...
"မင်းကျောကုန်းအခြေအနေ"
"တော်တော်ဆိမ့်သွားတယ်!"
"ကောင်းတယ်မှတ်ထား..!ဒါနဲ့ အချစ်ကဘာလဲ!"
"အချစ်က စိတ်သောကလေ အားနေအပူအပင်တွေဘဲရနေတာ.."
မတုံ့မဆိုင်းပင်ဖြေလာပါသောသကောင့်သားကြောင့် ရီမိရပြန်သည်လေ..ဘယ်လိုငပေါကောင်လဲ!
"မဟုတ်လို့လား ငါပြောတာ?"
"အင်းပါဟုတ်ပါတယ် ငါဘာမှမပြောပါဘူးနော် စားစား"
စားသောက်နေရာမှသူ့အားကြည့်ရင်း..
"မင်းကရောမစားဘူးလား?"
"ဟင့်အင်း ဗိုက်မဆာ..."
"ရော့ စား!"
စကားမဆုံးခင်ပင်ထိုးကျွေးလာသောGemကြောင့် သူစားရပြန်သည်လေ..မစားရင်သူ့ကို ကျန်းမာရေးဘယ်လောက်ထိခိုက်နိုင်ကြောင်းတွေဂါထာလိုက်ရွတ်မည်ကိုကြိုမြင်နေရသည်မို့ပေါ့...ဆရာဝန်လုပ်မယ်ဆိုတဲ့အကြီးကောင်အားသူမဆိုစလောက်တော့ကြောက်မိပါရဲ့..
"မြန်မြန်စား ပြီးရင်အတန်းသွားတက်ရအောင် ဒီတစ်ခါမင်းအတွက်အရေးကြီးတဲ့အတန်းနော်!"
"ငါသိပါတယ်ဟ!"
ထိုစဉ်အနားရောက်လာသောမိန်းကလေးကြောင့် ထဖို့ပြင်နေရာမှ ပြန်ထိုင်လိုက်ရသည်..
"P'Gemဒါလေးလက်ခံပေးပါနော်~"
အသံတိုးတိုးလေးဖြင့်ပြောကာ ပန်းစည်းလေးတစ်စည်းနဲ့စာအိတ်လေးတစ်ခုချသွား၍ ပြေးထွက်သွားခဲ့သော မိန်းကလေး...တစ်ဖန် သူ၏သူငယ်ချင်းအားကြည့်မိပြန်တော့ ပေးခဲ့သည်လို့တောင်မထင်ပေ ဒီကောင်အေးစက်နိုင်လိုက်ပုံများ....လွယ်အိတ်ကောက်လွယ်ကာသူ့လက်အား လာဆွဲလေသည်....
"သွားမယ် အသေးကောင် နောက်ကျနေပြီ!"
"ဒီမှာ ဟိုပန်းနဲ့..."
"ထားခဲ့ မင်းနဲ့စာလောက်စောက်ရေးမပါဘူး!"
ပြောရင်းပင်ဆွဲထွက်သွားသောအကြီးကောင်နောက်အားအလိုက်သင့်ပင်လိုက်ခဲ့မိလိုက်တော့သည်..တစ်ခါတစ်လေ ဒီကောင်ဟာအရမ်းတစ်ဇွတ်ထိုးဆန်ပါ၏..!
..............
စာကိုစိတ်ဝင်တစားသင်နေသောဘေးမှအကြီးကောင်အားတစ်ချက်တစ်ချက်လှည့်လှည့်ကြည့်မိသည်...ဒီကောင်ကတော့ဆရာဝန်ဖြစ်ဖို့အစွမ်းကုန်ကြိုးစားနေတာဘဲ...သူပြောခဲ့တာလေးမှတ်မိသေးတာပေါ့..
'ငါကကြီးလာရင်ဆရာဝန်လုပ်ပြီးနေမကောင်းတဲ့သူတွေကိုအများကြီးကုပေးမှာ မင်းအပါအဝင်ပေါ့ အသေးကောင်!'
အတွေးထဲမျောနေစဉ်..
"သား Gemini နဲ့ Fourth တီချယ့်ကို library ထဲက Medical book တွေသွားယူပေးပါအုန်းကွယ်"
ဆရာမ၏အသံကြောင့်အတွေးဟာပျက်ပြယ်သွားရလေသည်..
"ဟုတ်!"
နှစ်ယောက်သားဆရာမကိုနှုတ်ဆက်ရင်း library သို့ခြေဦးလှည့်လာခဲ့တော့သည်...
"အကြီးကောင် ဒီစာအုပ်တွေပါလား.."
"အင်း မသိဘူး အကုန်ထင်တာဘဲ အကုန်ယူသွားမှာပေါ့!"
"အောင်း!Medical book တွေက တစ်အုပ်တစ်အုပ်ကိုအထူကြီး ပြီးတော့ နည်းနည်းနောနောမဟုတ်ဘူး အာ့ကိုအကုန်တဲ့လား လခွမ်း!"
"မသယ်ချင်လည်းနေ ခွေးကောင်လေး နားညီးတယ်!"
အကြီးကောင်၏လေသံနည်းနည်းမြင့်လာတာကြောင့် သူဘက်ကဘဲလျော့လိုက်ရသည်..မဟုတ်ရင်ဒီနေ့ဒီချိန်ဒီနေရာမှာတင်သူတို့နှစ်ဦး ရန်ပွဲကြီးဖြစ်သွားနိုင်သည်လေ...
.......
"အာ့ လေးလိုက်တာ.."
"မင်းဖြည်းဖြည်းဘဲလျှောက်လာခဲ့ ငါအရင်ဒါတွေသွားထားပြီးမင်းကိုလာကူပေးမယ် အသေးကောင်!"
"သတိထား ချော်လဲမယ် အကြီးကောင်!"
ပြောပြီးပြီးချင်းပြေးထွက်သွားခဲ့သောအကြီးကောင်အားသတိပေးစကားလှမ်းပြောလိုက်သည်...မတည့်သော်ငြားမသိမသာလေးတော့ဂရုစိုက်ကူညီပေးတတ်ကြပါရဲ့..
ခနကြာတော့ သူဆီသို့အကြီးကောင်ပြန်ရောက်လာခဲ့သည်....
"ပေးငါ့ကိုတစ်ဝက်!"
မနိုင်မနင်းဖြစ်နေသည့်သူ့ဆီမှစာအုပ်တစ်ဝက်အားခွဲယူလိုက်သောGem!
" Thanks bro!"
"No need bro!"
"ဟားဟား!"
သူတို့ရီလိုက်ကြမိသည်..တစ်ခါတစ်လေတော့လည်းသူတို့ဟာတစ်ကယ်ကိုပေါတောတောတွေပင်!
.......
ဆရာမခိုင်းသည့်အတိုင်းစာအုပ်ပုံကြီးအားဆရာမဆီသို့ပေးခဲ့ရင်းနေရာတွင်ပြန်ထိုင်လိုက်သည်....ခနကြာတော့ သူနည်းနည်းပျင်းစပြုလာသည်..Gemကတော့စာတွေကိုကြိုးစားသင်ယူနေစဲပင်....အင်းပေါ့လေ သူသဘောကျရာဆိုတော့သူကတော့ဘယ်ပျင်းပါ့မလဲ!
ဆရာမလေးထွက်အသွား သူလည်းမှောက်အိပ်မိလိုက်တော့သည်..တစ်ကယ်ကိုဆရာမရှင်းပြခဲ့တာကြီးက အိပ်ငိုက်ချင်စရာကြီးပင်!
"ဟေး အသေးကောင် are you ok?"
သူ့၏ဂုတ်ပိုးအားခပ်ဖွဖွရိုက်ရင်းမေးလာသောအကြီးကောင်ကိုကြည့်ရင်း...
"အင်းပြေသလိုလိုနဲ့မပြေဘူးကွာ!"
သူ့အဖြေကိုကြားတော့ Gemကရီသည်..
"မင်းအိပ်မငိုက်အောင်ငါဘာလုပ်ပေးရမလဲ!"
"မသိဘူးကွာ ခုတော့ငါခေါင်းကိုထောင်မရတော့တာ!"
အမေးအမြန်းထူလှသောသူအားစိတ်မရှည်စွာပြန်ဖြေလိုကိရငိးအခြားတစ်ဖက်သို့လှည့်လိုက်သည်...
"နောက်တစ်ချိန်ဘာအတန်းမှအရေးမကြီးတော့ဘူးမို့လား ငါတို့အတန်းလစ်ကြည့်ကြရအောင် fourth!"
'ဂွက်!'
"အောင်း! Ai fourth လီးမို့လာရိုက်လား?"
"စဉ်းစဉ်းစားစားပြောလေ လူကြည့်တော့အတန်းခေါင်းဆောင် လုပ်ဖို့တွေးနေတာ မဟုတ်တရုတ်နဲ့!"
"ငါကစေတနာနဲ့သေနာလေးရဲ့!"
"ဘောကိုစေတနာ! မအိမ်လုံး"
"နွားလေး!"
သူတို့တစ်ယောက်ကိုတစ်ယောက်ကျောပေးလိုက်ကြသည်....သေနာကျလေးကတစ်မျိုးမဟုတ်တစ်မျိုးထထဖောက်တတ်ပါ၏!
__________________
Yooooo🗿
There are no comments yet. Log in to be the first to leave a review!





