Fanfics

3🌪️

17:53, 16 July 2023

"........"

Gemini ပြောလိုက်သောစကားကြောင့်သူဆွံ့အသွားမိသည်...ဒီကောင်ငယ်ငယ်ကစောက်ကျင့်တွေပြန်ပေါ်လာတာလား!!!

"ဘာဖြစ်သွားတာလဲ အသေးကောင် ဟမ်?"

ရုတ်ချည်းဆိုသလိုသူ၏ဂုတ်ပိုးအားထိပါးလာသည်ကြောင့် အမြန်ပြင်အဝေးသို့အားဖြင့်တွန်းထုတ်လိုက်မိသည်..

"အ့! Ai Fourth"

တွန်းလိုက်သည့်အရှိန်ခပ်ပြင်းပြင်းကြောင့် ခုံစောင်းနှင့်ကြောပြင်ရိုက်မိကာ ကြောပြင်တစ်ခုလုံးအောင့်ထွက်သွားသည်အထိ...

"ဒါငါ့ကိုရိသဲ့သဲ့လာလုပ်တာရောတက်နင်းတာရောအတွက်ကလဲ့စားဘဲ...နောက်ခါဆင်ခြင်နေ မအေဘေး!"

လက်ညိုးထိုးရင်းပြောလိုက်ပြီးမတ်တပ်ပင်မရပ်နိုင်တော့သောသူ့ရှေ့မှလူအားဆက်မကြည့်နိုင်တော့သည့်အတွက် မျက်နှာလွှဲချကာ အခန်းပြင်သို့ထွက်လာခဲ့မိသည်...

Gemini အားယူရင်းမတ်တပ်ရပ်လိုက်ကာထွက်သွားသောကျောပြင်ငယ်လေးအားကြည့်ရင်း....

"မင်းခုထိမှတ်မိနေတုန်းဘဲပေါ့ Fourth...ငါမင်းမေ့သွားပြီထင်ခဲ့မိတာ~ငါတို့ကတိကိုလည်းမင်းမှတ်မိသေးလောက်ရောပေါ့ အသေးကောင်"

...........................

ဟင့်အင်းမဖြစ်နိုင်ဘူး!

Fourth ရဲ့အတွေးတစ်ချို့ဟာ အတိတ်ဆီသို့ပြန်ရောက်သွားသည်...၁၄နှစ်သားလောက်တုန်းကပေါ့~

"Gem!!!ငါတို့အပြင်သွားကစားရအောင်"

"အိုး သားသားလေး သားသူငယ်ချင်းအထဲမှာကွဲ့ ကိုယ်နည်းနည်းပူနေလို့ကွယ်အပြင်မထွက်ခိုင်းထားတာ သွားကြည့်လေသားသား"

"ဟုတ်ဟုတ် အန်တီ သားသူ့ကိုသွားကြည့်ပါ့မယ်ဗျ"

အပြုံးချိုချိုနှင့်ကြိုဆိုလာသော အန်တီKonအား နှုတ်ဆက်ရင်း သူငယ်ချင်း၏အခန်းရှိရာဒုတိယအထက်သို့အပြေးကလေးတက်လာခဲ့လိုက်သည်...အခန်းတံခါးကိုအသာအယာဖွင့်လိုက်ရင်းဝင်ကာ ပြန်လည်ပိတ်ခဲ့လိုက်သည်...

"Yoo Gemမင်းဖျားနေတာဆို"

ပုံမှန်လိုပင် Gemအိပ်နေသည်အထင်နှင့်ကုတင်ပေါ်တက်လိုက်ရင်း ဘေးတစ်စောင်းလှဲနေသောသူအား လှုပ်နှိုးလိုက်သည်...သို့သော် သူ့အထင်ဟာမှန်မနေခဲ့ပါ..ရုတ်ချည်းဆိုသလို အပေါ်မှအုပ်မိုးခံလိုက်ရပြီး အနမ်းပါခံလိုက်ရတာကြောင့် ခနတော့ကြောင်သွားမိသည်....သတိပြန်ဝင်လာလေတော့ Gemဟာသူ့လက်နှစ်ဖက်အားချုပ်ကိုင်ကာ နှုတ်ခမ်းများအားစုပ်ယူနမ်းရှိုက်နေတာကြောင့် အားကုန်ရုန်းထွက်မိသည်...

*ဒါက..ဒါဘာ ဘာတွေဖြစ်ကုန်ရတာလဲ*

သို့ဆိုသော်ငြား Gemနှင့်သူဟာအင်အားချင်းမမျှတခဲ့တာကြောင့် သူကိုယ်လွှတ်မရုန်းနိုင်ခဲ့ပါ..ပါးပြင်‌ပေါ်သို့ကျရောက်လာသည့် မျက်ရည်တစ်စက်ကြောင့် လန့်သွားသည်...ခနမျှကြာလေတော့ နမ်းနေရာမှခွာလိုက်ရင်း Gemini ဟာတစ်သိမ့်သိမ့်ငိုနေခဲ့သည်လေ...ဒါကဘယ်လိုတောင်လဲ အနမ်းခံခဲ့ရတာသူမဟုတ်ပါလား ဘာလို့ဒီကောင်က....

"ငါတောင်းပန်ပါတယ်.... fourth ငါတစ်ကယ်တောင်းပန်ပါတယ်"

ပြောနေရင်းနဲ့ကိုပင် မိုးပြိုသလိုသူ့အပေါ်ပြိုကျလာခဲ့သောခန္ဓာကိုယ်အား ပြန်လည်ဖက်တွယ်ကာနှစ်သိမ့်ပေးလိုက်မိသည်...

"ငါ*sab* ငါမင်းကိုမစွန့်လွှတ် *sab*ချင်ဘူး ငါမင်းကိုမဆုံးရှုံးပါရစေနဲ့ ငါ့..ငါ့ဆီကထွက်မသွားလိုက်ပါနဲ့~"

သူ့ကိုတင်းကြပ်နေအောင်ဖက်ထားရင်းငိုသံများဖြင့်ပြောနေသောသူအား တွန်းလိုက်ရင်း...

"နေစမ်းပါအုန်း ငါကဘယ်လိုသွားရမှာလဲအကြီးကောင်? ဘာတွေပြောနေတာလဲ"

နားမလည်စွာပင်မေးလိုက်တော့..မျက်ရည်များကိုဆွဲသုတ်ရင်း..

"*Sab*ငါမင်းကိုမနေ့ကကောင်မလေးတစ်ယောက်နဲ့လက်ကိုင်ပြီးစကားပြောနေတာကိုကျောင်းမှာတွေ့လိုက်တယ် အဲ့ချိန်ကမင်းနဲ့ငါအမြဲ ဘတ်စ်ကတ်ဘောကစားနေကြလေ ဒါမဲ့မင်းအဲ့တုန်းကရောက်မလာခဲ့ဘူး ငါ့သိလိုက်တာကမင်းကောင်မလေးရနေခဲ့တာဘဲ! အဲ့လိုနဲ့မင်းသူမကိုဘဲဂရုစိုက်တော့မှာမို့လား မင်းငါ့ကိုထားခဲ့မှာမို့လား?"

"ဟမ်? အဟား ဘာဖြစ်တယ်"

သူအော်ရီမိခဲ့သည်..ဘယ်လိုတောင်ပေါတောတောအတွေးတုန်း!

"အဲ့တာငါ့ညီမဝမ်းကွဲပါကွ..! သူ့လက်ဒဏ်ရာရနေလို့ပလာစတာကပ်ပေးနေတာ ဘတ်စ်ကတ်ဘောလာမကစားတာက ငါကျောင်းစာမပြီးသေးလို့ ငါစာအုပ်သွားယူရင်းသူမနဲ့တွေ့တာ အဲ့မှာသူမကဒဏ်ရာရနေတော့ငါက ပလာစတာကပ်ပေးခဲ့ရုံပါ ငတုံးကောင်!"

အရမ်းတုံးအလွန်းသောသူသောနဖူးကိုတွန်းလိုက်ရင်းပြောလိုက်သည်..

"အော်~ငါမသိဘူး မင်းကိုဆုံးရှူံးရမှာဘဲငါကြောက်တယ်!"

"ကဲ ငါကမင်းကိုပစ်မသွားပါဘူးဆိုတာမင်းယုံအောင်ငါဘာလုပ်ပြရမလဲ?"

"ငါရည်းစားမရမချင်းမင်းလည်းရည်းစားလုံးဝမထားပါဘူးဆိုတဲ့ကတိ"

"အိုးဟိုး ရတယ်ရတယ် ဒါများ!"

ကမ်းပေးလာသောGem၏လက်သန်းပေါ်တွင် သူ၏လက်သန်းဟာနေရာယူလိုက်ရင်း ကတိပေးခဲ့ကြသည်။

"ခုတော့ငါ့ရဲ့ First kiss ကမင်းဆီရောက်သွားပြီ နွားကောင်!"

"ဘာဖြစ်လဲ တူတူဘဲ ခွေးကောင်!မင်းကိုဆုံးရှုံးရမှာကြောက်တာနဲ့ ငါလည်းကြံမိကြံရာလုပ်လိုက်တာ ငါပါပါသွားပြီ!"

"သောက်ရူး!"

.....

"အသေးကောင်!"

"အမေ့!"

"ဘာတွေတွေးတော?"

"Ai Gem မင်းလာနိုင်သေးတယ်ပါ့လေ!"

"ဒါပေါ့ ငါ့သူငယ်ချင်းလေးအတွဲတကာကြားလေလွှင့်နေမှာစိတ်ပူလို့"

"ငါကတဲ့လား?မင်းလိုအပေါင်းအသင်းမရှိတဲ့ကောင်မဟုတ်ဘူး!"

ဘယ်လောက်နာအောင်ပြောနေပစေအရယ်မပြတ်တဲ့အကြီးကောင်ရယ်ပါ...

"ဟား အေးပါကွာ ငါ့မှာမင်းတစ်ယောက်လုံးရှိနေတာဘဲအသေးကောင်ရ ဘာအပေါင်းအသင်းမှမလိုပါဘူး!"

Gem၏ရုတ်တရက်ဆန်သောစကားကြောင့်ရင်ထဲနွေးခနဲ..

"ဟုတ်ပါပြီ!ဘာကိစ္စလာ?"

"မျိုဖို့လေ ဒီနေ့မင်းကျွေး"

"မင်းလိုကောင်နဲ့တော့လား အားနေငါ့ဆီကဘဲဂုန်းဆင်းနေနော်"

"မင်းကျွေးတာ ပိုအရသာရှိတယ်"

"စောက်သူဌေးသားကောင်!"

"😝"

တစ်ကယ်ပါ ပြောင်ချော်ချော်မျက်ခွက်နဲ့ဒီလိုလူအား သူမတရားလည်းခင်သလို တစ်ခါတစ်လေတော့လည်းဆွဲထိုးပစ်ချင်မိပါ၏!!

_____________

ဘာတွေမှန်းကိုမသိတာ

There are no comments yet. Log in to be the first to leave a review!

Similar stories