19
09:02, 9 March 2025U.
"နာနီ ကိုယ့်ကိုဘာလို့ စိတ်ဆိုးတာလဲဗျ "
" ဟင့်အင်း မဆိုးပါဘူးနော်် "
အခုနာနီတို့က ပင်လယ်ဘက်ကိုမျက်နှာမူထားတဲ့ခုံတန်းလေးမှာထိုင်နေကြတာဖြစ်ပြီး ရေဆော့နေတဲ့သူတွေကိုကြည့်နေကြတာ။
" ခွန်စကိုင်း "
" ဗျ "
" မေးစရာရှိတယ် "
" မေးပါဗျာ "
နာနီ စကိုင်းရဲ့မျက်နှာကို တွေတွေလေးကြည့်လိုက်ပြီး ပင်လယ်ဘက်ကိုပြန်ကြည့်လိုက်တယ် ပြီးမှ
" ခွန်စကိုင်း အချိန်ခရီးသွားခြင်းကိုယုံလား "
" အချိန်ခရီးသွားခြင်း? "
နာနီမေးလိုက်တော့ စကိုင်းက အသံယောင်လိုက်၍ထပ်မေးတယ်။ နာနီခေါင်းညိမ့်ပြလိုက်ပြီး
" အွန်း အချိန်ခရီးသွားခြင်း ဒီဘက်ဘဝမှာ တစ်ခုခုမတော်တဆဖြစ်ပြီး မေ့မျှော်နေရာက စိတ်ဝိဉာဉ်က အရင်ဘဝကိုရောက်သွားသလိုမျိုးပေါ့ "
" အဲ့လိုဆိုရင်တော့ ကိုယ်မပြောတတ်ဘူး ကိုယ်,ကိုယ်တိုင်လည်း မဖြစ်ဖူးဘူးလေ "
စကိုင်းက ဟာသ,သဘောနဲ့ရယ်ကာပြောတာကြောင့် နာနီက စကိုင်းရဲ့ ပုခုံးကိုရိုက်လိုက်ပြီး
" ခွန်စကိုင်းနော် အကောင်းပြောနေတာကို "
" ကိုယ်မှတကယ်မသိတာကို နီနီရဲ့ ပြီးတော့ နီနီက စာရေးသူဆိုတော့ အဲ့လိုတွေရေးပေမယ့် ကိုယ်ကဒီတိုင်းဆိုတော့ယုံဖို့ခက်တယ်မဟုတ်လား "
နာနီ မျက်မှောင်ကြုပ်လိုက်ပြီး
" နေပါအုံး ခွန်စကိုင်း ကျွန်တော်က စာရေးသူဆိုတာဘယ်လိုသိတာလဲ ဒါက ကျွန်တော့်သူငယ်ချင်းနဲ့မိသားစုပဲသိထားတာ "
နာနီမေးလိုက်တော့ စကိုင်းမျက်နှာကသွေးရောင်နည်းလာပြီးဖြူဖက်ဖြူရော်ဖြစ်လာတယ်။ လည်ပင်းကိုပွတ်သပ်ရင်း စကိုင်းက နာနီ့အရှေ့ ထိုင်ချလိုက်တာကြောင့် နာနီကြောင်အမိသွားတယ်။
" ခွန်စကိုင်း ဘာလုပ်တာလဲ ထပါ "
စကိုင်းက သက်ပြင်းအရှည်ကြီးချတယ် ပြီးတော့ပြုံးပြပြီး နာနီ့လက်ကိုကိုင်ကာ
" ကိုယ်အမှန်တိုင်းဝန်ခံပါ့မယ်..တကယ်တော့ ကိုယ်နာနီ့ကိုအစထဲကသိပါတယ် "
" ဟမ် "
" နာနီ မှတ်မိလားတော့ မသိဘူး ကိုယ်တို့တွေ အလယ်တန်းလည်းတူတူတက်ခဲ့ဖူးတယ်လေ "
နာနီ မျက်နှာက တကယ်ကိုနားမလည်မှုတွေအပြည့်ပင်။
" ခွန်စကိုင်း ဘာတွေပြောနေတာလဲဟင် "
စကိုင်းမျက်နှာက နူးညံ့မှုအပြည့်ဖြစ်နေပြီး ပြုံးလျက်သာ နာနီ့မျက်နှာကိုကြည့်ရင်း ဖြေးဖြေးချင်းပြောပြတယ်။
" နာနီဗျ နာနီ အလယ်တန်းတုန်းက ချင်းမိုင်မှာတက်တုန်းကလေ ကိုယ်လည်းအဲ့မှာတက်ခဲ့တာဗျ နာနီ့ကတစ်ယောက်ထဲနေတတ်တဲ့သူမို့ ကိုယ့်ကိုသတိမထားမိတာ။ နာနီအဲ့တုန်းက မျက်မှန်အဝိုင်းလေးနဲ့လေ ခေါင်းကိုက်လို့မှောက်အိပ်နေတာထင်တယ် ကိုယ်ပြေးဆော့ရင်းနဲ့ နာနီ့ခုံကို တိုက်မိခဲ့တာလေ "
နာနီ့ မျက်လုံးထဲ ငယ်ငယ်တုန်းက သူ့ကိုအမြဲနှောင့်ယှက်နေတတ်တဲ့ လူကောင်ထွားထွားကလေးတစ်ယောက်ကိုပြေးမြင်မိတယ်။ နောက်တော့ မသေချာမရေရာဖြစ်ကာနဲ့
" အာ အဲ့ကလေးက "
" အင်း အဲ့တာကိုယ်ပါ "
Flash back
အမှတ်(၇) အထွေထွေအထက်တန်းကျောင်း။အလယ်တန်း တတိယနှစ် အခန်းခွဲ(B)။
(အထက်တန်းနဲ့အလယ်တန်းရောထားတာပါနော်။)
" ကဲကဲ မုန်းစားဆင်းပြီနော်ကလေးတွေ အရမ်းလည်းမဆော့ကြနဲ့အုံး ဆရာမသွားပြီ "
ဆရာမဖြစ်သူက ပြောပြီးတာနဲ့အခန်းထဲကထွက်သွားလိုက်တယ်။ စကိုင်းလည်း ထမင်းဘူးထုတ်ပြီး သူငယ်ချင်းတွေနားသွားထိုင်ကာ
" တူတူစားကြမယ် "
စကိုင်း ကအဖွားလက်ရာဖြစ်တဲ့ ထမင်းဘူးကိုစားနေရင်း ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်မိတော့ တစ်ယောက်ထဲ ထမင်းစားပြီး ထမင်းဘူးတွေကိုသိမ်းကာ မှောက်အိပ်နေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ရတယ်။
သူက စာလိုက်မလုပ်ပေမယ့်လည်း စာကရတယ်ထင်တယ်။စာမေးပွဲအမှတ်တွေလည်းကောင်းတယ် ဒါပေမယ့်လည်း အချိန်ပြည့်မှောက်အိပ်နေတာ။ဆရာမတွေကလည်းဘာမှမပြောဘူး။
" စိန့်စိန့် နင်ဘာကိုကြည့်နေတာလဲ "
သူငယ်ချင်းအုပ်စုထဲက ကောင်မလေးတစိယောက်က ငေးနေတဲ့ စကိုင်းကိုငယ်နာမည်ခေါ်ပြီးမေးတယ်။ စကိုင်းငယ်ငယ်ထဲကနာမည်ကို ဖွားဖွားက ဗေဒင်တွက်ပြီး စိန့် လို့ပဲပေးထားတာ။ မေမေတို့က ပြန် ပြောင်းပေးပေမယ့် ဖွားဖွားက သူ့စီလာတိုင်း စကိုင်းလို့မခေါ်ဘဲ စိန့်လို့ပဲခေါ်တာ။
" အဲ့နာမည်ကြီး မခေါ်နဲ့လို့ "
စကိုင်းက ပြောလိုက်တော့ အဲ့ကောင်မလေးက စိန့်စိန့်လို့ အကျယ်ကြီးခေါ်ပြီး စာသင်ခန်းထဲပတ်ပြေးတယ်။ စကိုင်းလည်း သူ့နောက်ကိုလိုက်ရိုက်ရင်း
' ဝုန်း!! '
" အာ့ "
ပတ်ပြေးနေရင်း ဒုတိယအတန်းရဲ့ ဒုတိယမြောက်ခုံကိုစကိုင်းကဝင်တိုက်မိတယ်။ စကိုင်းဝင်တိုက်တဲ့အားက သိပ်မပြင်းပါဘူး ခုံပေါ်ကလူလေးအောက်ကိုပြုတ်ကျသွားရုံပဲ။
မှောက်အိပ်နေတဲ့သူက ပြုတ်ကျသွားတာကြောင့်လန့်သွားတဲ့ပုံနဲ့ နိုးလာပြီး စကိုင်းကိုဘုကြည့်ကြည့်တယ်။ သူက အားယူပြီးပြန်ထပေမယ့် ထလို့မလို့ထင်တယ်။ နေရာမှာ ဆောင့်ဆောင့်လေးပြန်ထိုင်ပြီး မျက်ရည်ဝဲတဲ့မျက်လုံးလေးနဲ့ စကိုင်းကိုမော့ကြည့်တယ်။
စကိုင်းက တကယ်ကိုဒီအတန်းထဲမှာ လူကောင်အထွားဆုံးနဲ့အရပ်အရှည်ဆုံးဖြစ်တယ်။ ပြုတ်ကျနေတဲ့သူက အရပ်ကစကိုင်းလောက်ရှိရင်တောင် လူကတော့ ပိန်ပြီးညှက်တယ်။
စကိုင်းလည်း ပြုံးပြလိုက်ပြီး
" ဘာမှဖြစ်ဘူးနော် ကျောင်းဆေးခန်းကို ခေါ်သွားပေးမယ် "
ကြမ်းပြင်ပေါ်ထိုင်နေတဲ့ကောင်လေးက ခေါင်းငုံ့သွားတာကို ခေါင်းညိမ့်တယ်အမှတ်နဲ့ စကိုင်း ပါးနှစ်ဖက်မို့တက်အောင်ပြုံးလိုက်ပြီး ဒူးကိုကွေးလိုက်ကာ ကြမ်းပြင်ပေါ်ထိုင်နေတဲ့ သူကိုလက်မောင်းနှစ်ဖက်ကနေမလိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ စကိုင်းကိုမော့ကြည့်ပြန်တယ်။
ချစ်စရာကောင်းလိုက်တာကွာ။
စကိုင်းလည်း ချီလိုက်ပြီး ကောင်လေးကိုတင်ပါးကထိန်းကိုင်ရင်း ကျောင်းဆေးခန်းကိုခေါ်သွားလိုက်တယ်။ ဘာလို့လဲတော့မသိဘူး ကောင်လေးက စကိုင်းရဲ့ပုခုံးပေါ်မှာမျက်နှာဝှက်ထားတယ်။ ဆေးပေးခန်းရောက်လို့ ကုတင်ပေါ်ချပေးတော့လည်း မျက်နှာကြီးကရဲတွတ်နေတာ ခရမ်းချဉ်သီးလေးလိုပဲ ကိုက်ပစ်လိုက်ချင်တယ်။
ဆေးဆရာမက စကိုင်းတို့ကိုတွေ့တော့
" ဟယ် နာနီ ကလေး ဘာဖြစ်လာတာလဲ "
ကုတင်ပေါ်ကကောင်လေးကို စိုးရိမ်တကြီးမေးနေတာဖြစ်ပြီး စကိုင်းအဲ့နေ့က သိလိုက်ရတာက အဲ့ကောင်လေးရဲ့နာမည်ဟာ နာနီ ဆိုတာပဲ။...တစ်ပတ်လောက်ကြာသွားတော့ ကောင်လေးက ကျောင်းပြန်လာတက်တယ်။ စကိုင်းလည်း သူ့ကြောင့်နေမကောင်းဖြစ်လို့ကျောင်းပျက်တယ်ထင်ပြီး ကောင်လေးရဲ့စားပွဲခုံနားသွားရပ်တော့ ကောင်လေးကမော့ကြည့်တယ်။ စကိုင်းဖြစ်မှန်းသိတာနဲ့ ကောင်လေးက မတ်တပ်ထရပ်ပြီး မျပက်မှောင်ကြုပ်ကာ စကိုင်းကိုကြည့်တယ်။
" သက်သာလားဟင် "
" ..... "
" တောင်းပန်တယ်နော် ငါ့ကြောင့်ဖြစ်တာလေ ဖင်ညှောင့်ရိုးအောင့်သွားလို့ဆို တော်တော်ဆိုးနေလား "
စကိုင်းကပြောလိုက်တော့ ကောင်လေးက မျက်နှာရဲတက်လာပြီး စကိုင်းရဲ့ပါးစပ်ကိုလာအုပ်တယ်။
" မင်း ပါးစပ်ပိတ်ထားလို့ရလား ငါ့ကိုလာမနှောက်ယှက်နဲ့ ကိုယ့်ဘာကိုယ်နေ "
" စကားပြောတတ်တာလား "
" မင်းက ဦးနှောက်မပါဘူးလား "
" ဘယ်သိမလဲ ငါ့ကိုမှစကားမပြောတာ ငါ့ကိုတင်မဟုတ်ဘူး မင်းကဘယ်သူ့ကိုမှမပြောဘူးလေ စာသင်ချိန်တောင်မှောက်အိပ်နေပြီးတော့ "
" ထွက်သွား! "
ဟွန်း ဒီကောင်လေးကလည်း ဒေါသကြီးလိုက်တာ။ စိတ်ပူလို့ သတင်းလာမေးတာတောင် မောင်းထုတ်တယ်။
" ဟေ့ စိန့်စိန့် "
စကိုင်းက နာနီ့အနားရပ်နေတုန်း အခန်းထဲဝင်လာတဲ့ စကိုင်းရဲ့သူငယ်ချင်းမလေးက လှမ်းခေါ်တယ်။ စကိုင်းလည်း သွားလိုက်တယ်။
" ဟဲ့ စိန့်စိန့် နင်သူနဲ့မပေါင်းနဲ့ သူကအကျင့်မကောင်းဘူးထင်တယ် ဘယ်သူ့မှသူ့အနားမကပ်ဘူး "
" ဘာဖြစ်လဲ ငါ့ဘာငါပေါင်းတာ နင်နဲ့ဆိုင်တာကျနေလို့ "
" အောင်မာ ပြောလည်းပြောပြရသေးတယ် ပေါင်းချင်ပေါင်းပေါ့ ပြီးမှအထိုးခံရအရိုက်ခံရတာဆို ငါ့ကိုလာမပြောနဲ့ဟွန်း "
" နေပါ ပြောစရာလား ဟွန်းဟွန်း "
သူငယ်ချင်းမလေးက ထွက်သွားတော့ စကိုင်းလည်း ထိုင်ခုံနေရာမှာဝင်ထိုင်နေလိုက်တယ်။ လူတွေကလည်းမဖြစ်နိုင်တာတွေပြောကြတယ်။ အဲ့ကောင်လေးက သူ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။ ထိုးတယ်ဆိုလို့ ဟုတ်သား စကိုင်းလည်းအထိုးခံရတာပဲ လက်သီးနဲ့တော့မဟုတ်ဘူး မျက်စောင်းလေးနဲ့ ဒါမျိုးကတော့ စကိုင်းတို့က အထိုးခံနိုင်ပါတယ်။..." ဖွားဖွား သားကျူရှင်မတက်ဘူးလို့ "
အခုဆို အထက်တန်းရဲ့ပထမနှစ်ကိုစကိုင်းရောက်လာပြီမို့ ဖွားဖွားက စကိုင်းကိုကျူရှင်ဆီအတင်းဆွဲခေါ်လာခြင်းဖြစ်တယ်။
" စိန့်စိန့် နင်အပတ်တိုင်းကျနေလို့ဘယ်လိုဖြစ်မလဲ မဟုတ်ရင် နင်တက္ကသိုလ်ကောင်းကောင်းမရဘဲနေလေ့မယ် "
" ဟင့်အင်း သားမတက်ချင်ဘူး သားမတက်ချင်ဘူးလို့ "
စကိုင်းက ငြင်းရင်းနဲ့တင် ကျူရှင်အဝထိ ရောက်လာပြီဖြစ်တယ်။
" ဆရာမလေးရယ် ကျွန်မမြေးကိုအပ်ပါတယ်ရှင် မရတာရှိရင် နာနာသာရိုက်ပါ "
" ရပါတယ်ရှင် ရိုက်ဖို့ကတော့ စိတ်သာချထားလိုက်ပါ "
စကိုင်းလည်း စိတ်ပေါက်ပေါက်နဲ့ကျူရှင်ထဲဝင်ပြီး မျက်လုံးကစားကြည့်တော့ ထောင့်ဘက်မှာထိုင်ပြီး ကလေးလေးသုံးယောက်ကိုစာရှင်းပြနေတဲ့ အဖြူရောင်အရိပ်လေးကိုတွေ့လိုက်ရတယ်။
" တီချယ် အဲ့တာက ဘယ်သူလဲ "
စကိုင်းက ဆရာမလေးနားကပ်ပြီး ထောင့်ဘက်ကိုလက်ညိုးထိုးပြကာမေးလိုက်တယ်။
" အော် အဲ့တာတီချယ့်တူလေးလေ သားတို့နဲ့တစ်ကျောင်းထဲ သူလည်းအထက်တန်းပထမနှစ်ပဲ "
" သူက ပြန်သင်ပြပေးတာလား "
" ဟုတ်တယ်လေ သူက အလယ်တန်းကလေးတွေကိုသင်ပေးတာ "
" တီချယ် အဲ့တာဆို ကျွန်တော်သူ့စီမှာသင်လို့ရမလားဟင် "
စကိုင်းရဲ့အမေးစကားကြောင့် ဆရာမလည်း အံ့ဩသွားပုံရပြီး မျက်လုံးအိမ်ပါကျယ်သွားတယ်။
" ဟမ် "
စကိုင်းလည်း တီချယ်ကိုပြောပြီးတာနဲ့ ထောင့်ဘက်ကိုထွက်လာပြီး
" အဟမ်းအဟမ်း "
ချောင်းဟန့်တော့ အဖြူရောင်လေးကမော့ကြည့်လာတယ်။စကိုင်းကိုမြင်တော့ မယုံနိုင်သလိုမျက်နှာထားနဲ့ သူ့အဒေါ်ကိုလှမ်းကြည့်တယ်။ သူ့အဒေါ်က ဘာလုပ်ပြလဲတော့မသိ ကျွန်တော့်ဘက်ပြန်လှည့်ပြီး မျက်စောင်းထိုးပြန်တယ်။
ကလေးသုံးယောက်ထွက်သွားတော့ ကျွန်တော်လည်း သူ့ဘေးနားဝင်ထိုင်ပြီး
" အဟမ်း ကျွန်တော့်နာမည်က..."
" စိတ်မဝင်စားဘူး "
' အင် '
စကိုင်းဘာမှမပြောနိုင်တော့ဘဲ ပါးစပ်ပိတ်သွားတယ်။
" ဒါဆိုလည်း ရှေ့လျှောက်သေချာသင်ပေးပါအုံးနော် ဆရာနာနီဗျ "
" မသင်ဘူး "
စကိုင်းမျက်နှာမှာ ကျေးဇူးတင်ချင်စိတ်တွေတဖွားဖွားပေါ်သွားတယ်။ ဝှါး နာနီက လူမှု့ဆက်ဆံရေးကောင်းချက်ပဲ။
" သင်ပေးရမှာပဲ မရဘူးနော် နာနီ "
" မသင်ပေးဘူး "
" ခုနက ကလေးတွေကိုကျ သင်ပေးပြီးတော့ "
" သူတို့က ကလေးတွေ "
" ငါလည်းကလေးပဲလေ ငါ့ကိုလည်းစာပြန်ပြပေး "
စကိုင်းက နာနီ့အနားကိုအတင်းကပ်ပြီးပြောတော့ နာနီကစကိုင်းဘက်လှည့်ပြီး အသံတိုးတိုးနဲ့
" မင်းက အရမ်းတုံးတယ် စာမပြချင်ဘူး " တဲ့။...အခုဆို စကိုင်းနဲ့ နာနီ့ကြားက ဆက်ဆံရေးက ပိုကောင်းမွန်လာပြီဖြစ်တယ်။ နာနီက စကိုင်းကို စိတ်ရှည်လက်ရှည်နဲ့စာရှင်းပြပေးတယ်။ စကိုင်းလည်းအမှတ်တွေကောင်းလာတယ်။ စကိုင်းကအစောထဲက စာမရတာက မလုပ်လို့လေ ဉာဏ်တုံးလို့မှဟုတ်မနေတာ။
" စိန့်စိန့် မင်းဘာတွေရေးထားတာလဲ "
ဟုတ်ပါတယ် နာနီက စကိုင်းကို ဖွားဖွားခေါ်တဲ့အတိုင်းပဲခေါ်တာ။ စကိုင်းပါဆိုလည်းမရဘူး။
" ဘာမှားလို့လဲ "
" မင်း လစ်သီယမ်ရဲ့ atomic number တောင် မသိဘူးလား "
" ၁၃ လေ "
စကိုင်းပြောတော့ နာနီက အနားမှာရှ်ိတဲ့ ရှုဆေးကိုနှာခေါင်းထဲထည့်လိုက်တယ်။ သနားပါတယ် နေမကောင်းဘူးနေမှာ နှာခေါင်းနှစ်ဖက်လုံးမှာလည်း ရှူဆေးနှစ်ဗူးလုံးနဲ့ နားထင်မှာလည်း ပလာစတာတွေကပ်ထားသေးတာ။
ပြီးတော့ နာနီက စကိုင်းကို ဘေးနားက သံပ့ရာသီးနဲ့ ပစ်ပေါက်ပြီး
" ၃ ကွ "
ထားလိုက်ပါ ဒါက ကမ်မစီမို့ လူတိုင်းမှားတတ်ကြပါတယ်။..." သင်္ချာ အိမ်စာပြီးပြီ လား "
" ပြီးပြီလေ ဒီမှာ "
နာနီက စကိုင်းကိုမယုံကြည်တဲ့အကြည့်မျိုးနဲ့ကြည့်တာကြောင့် စကိုင်းက နာနီ့လက်ထဲ စာအုပ်အတင်းထိုးထည့်ပေးလိုက်တယ်။
" နှစ်ထပ်ကိန်းတွေရှာရတာမဟုတ်ဘူးလား ဒီ၃၂ က ဘာကြီးတုန်း ဘယ်ဟာရဲ့နှစ်ထပ်ကိန်းတုန်း "
" ၁၆လေ "
နောက်ထပ်သံပရာသီးတစ်လုံးကလည်း စကိုင်းနဖူးတည့်တည့်ကိုလာမှန်ပါတယ်။
အဲ့နောက်ပိုင်းမှာတော့ နာနီက စကိုင်းကို ဘာသာရပ်တိုင်းရဲ့အခြေခံတွေကိုသေချာရှင်းပြပေးတယ်။ ကျက်နည်း တွက်နည်း မှတ်နည်း အကုန်လုံးကို ပြောပြပေးတယ်။
တကယ်ပါ နာနီသင်ပေးပြီးတဲ့နောက်ပိုင်း စကိုင်းရဲ့အမှတ်တွေက တကယ်ကိုတက်လာတာ။ စကိုင်းကိုယ်တိုင်လည်း စာလုပ်ချိန် သတ်မှတ်လာနိုင်ပြီး နာနီပြောသမျှစာတွေကိုသေချာမှတ်လာနိုင်တယ်။
" အွန်း အမှတ်တွေအရမ်းကောင်းလာပြီ တကယ်အရမ်းတိုးတက်လာတယ် "
နာနီပြောတာကို စကိုင်းက ပါးနှစ်ဖက်မို့တက်အောင်ပြုံးပြလိုက်တယ်။ နာနီကတော့ခေါင်းညိမ့်ရင်းနဲ့ပဲ ပစ္စည်းတွေကိုသိမ်းတယ်။
" နာနီ "
" အင်း "
" ဘာဖြစ်ချင်လဲ "
" ဟမ် ဘာကိုလဲ "
" ဟို ဝါသနာ ရည်မှန်းချက် လိုမျိုးလေ "
" မရှိဘူး "
" ဟွန် ဘာလို့မရှိတာလဲ ငါ့ကိုပြောတော့ ရည်မှန်းချက်မြင့်မြင့်ထားပြီးကြိုးစားရမယ်ဆို "
" လူတုံးတွေကို အားပေးတဲ့စကား ငါတို့က အားပေးစကားမရှိလည်းစာလုပ်နိုင်တယ် "
နာနီ့စကားအဆုံး စကိုင်းနင်သွားတယ် ဘာမှထပ်မပြောတော့ဘူး။နာနီ့အနောက်ကနေ အထုတ်ကိုင်ပေးရင်း စကိုင်းက ဆိုင်ကယ်နဲ့ နာနီ့ကိုအမ်ထိအမြဲလိုက်ပို့ပေးတယ်။
နာနီ့အိမ်ရောက်တော့ နာနီက ဆိုင်ကယ်ဦးထုပ်ကိုစကိုင်းထံပေးရင်း
" ဝတ္ထုရေးတဲ့သူဖြစ်ချင်တာ "
လို့ပြောပြီး အိမ်ထဲကို ပုံမှန်အတိုင်းလမ်းလျှောက်ရင်းဝင်သွားခဲ့တယ်။
စကိုင်းကပြုံးလိုက်ပြီး နာနီ့အတွက် အသုံးလိုမယ့် ဝတ္ထုစာအုပ်တွေကိုဝယ်ပြီးစုထားတယ်။ လက်ဆောင်ကို တက္ကသိုလ်တူတူတက်ရတဲ့အခါကျပေးမယ်လို့တွေးရင်းပေါ့။
အဲ့လိုနဲ့ အထက်တန်းရဲ့ပထမနှစ်စာမေးပွဲပြီးတော့ စကိုင်းက နာနီ့ကိုမေးခဲ့ပါတယ်။
" ဘယ်တက္ကသိုလ် ဝင်ချင်တာလဲ "
" ဘန်ကောက်တက္ကသိုလ် "
" အော် မေဂျာကရော အနုပညာလား "
" ဗိသုကာ "...နောက်နှစ်မှာတော့ နာနီက ကျောင်းကိုရောက်မလာခဲ့ပေ။ပထမနှစ်ပြီးထဲက အဆင်အသွယ်မရတော့တာ နောက်ဆုံး ကြားရတဲ့နာနီ့သတင်းက ဘန်ကောက်ပြောင်းသွားတယ်ဆိုတာပဲ။
အဲ့နောက်ပိုင်း သူတို့အဆက်အသွယ်မရှိကြတော့ပေ။ စကိုင်းလည်း နာနီပြောတဲ့ တက္ကသိုလ်ကိုရှာကြည့်တော့အမှတ်ကမနည်းတာမို့ တက္ကသိုလ်ဝင်နိုင်အောင်ကိုသာ စာကြိုးစားရပါတော့တယ်။
Flash back end
စကိုင်းပြောပြတဲ့စကားတွေက နာနီ့ဦးနှောက်ထဲပုံရိပ်တွေအဖြစ် အပြေးအလွှားဖြစ်ကာ တစ်ခန်းရပ်စီပြနေတယ်။
" နာနီ ကိုယ့်မယုံနိုင်လောက်ဘူးဆိုတာသိပါတယ်။ တကယ်က ကိုယ်အဲ့တုန်းက နာနီနဲ့အတူရှိရင်ဖြစ်ပေါ်တဲ့ခံစားချက်ကို အဓိပ္ပာယ်မဖွင့်ဆိုတတ်ဘူး။ နာနီမရှိတော့မှ ကိုယ်လွမ်းတတ်သွားတာ ကိုယ်စိတ်ထင်သံယောဇဉ်တွယ်နေတာလို့ထင်မိပေမယ့် နာနီ့ကို တက္ကသိုလ်မှာပြန်တွေ့လိုက်ရတော့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာပထမဆုံးတွေ့ချင်နေခဲ့တာ နာနီဖြစ်နေတာမှန်းကိုယ်သိသွားတယ်၊ ကိုယ်ကြိုးစားခဲ့ရတဲ့အကြောင်းပြချက်ဟာ နာနီ့အနားရှိနေရဖို့ဆိုတာကိုယ်သိသွားတယ်၊ အဆုံးသတ်မှာတော့ ကိုယ်နာနီ့ကိုချစ်မိနေတာသေချာသွားတာ၊ ကိုယ့်ကို ယုံကြည်ပေးနိုင်မလားနာနီဗျ "
" ခွန်စကိုင်း နေ နေ နေပါအုံး အခု ကျွန်တော့်ကို "
" ဟုတ်တယ်ဗျ ကိုယ်နာနီ့ကို ရည်းစားစကားပြောနေတာပါ "
/////////////////
Genius Khun Sky 😭🙏🏻
နောက်ပိုင်း ဇာတ်သိမ်းပိုင်းပါရှင့်။
Z.
" နာနီ ကိုယ့္ကိုဘာလို႔ စိတ္ဆိုးတာလဲဗ် "
" ဟင့္အင္း မဆိုးပါဘူးေနာ္္ "
အခုနာနီတို႔က ပင္လယ္ဘက္ကိုမ်က္ႏွာမူထားတဲ့ခုံတန္းေလးမွာထိုင္ေနၾကတာျဖစ္ၿပီး ေရေဆာ့ေနတဲ့သူေတြကိုၾကည့္ေနၾကတာ။
" ခြန္စကိုင္း "
" ဗ် "
" ေမးစရာရွိတယ္ "
" ေမးပါဗ်ာ "
နာနီ စကိုင္းရဲ႕မ်က္ႏွာကို ေတြေတြေလးၾကည့္လိုက္ၿပီး ပင္လယ္ဘက္ကိုျပန္ၾကည့္လိုက္တယ္ ၿပီးမွ
" ခြန္စကိုင္း အခ်ိန္ခရီးသြားျခင္းကိုယုံလား "
" အခ်ိန္ခရီးသြားျခင္း? "
နာနီေမးလိုက္ေတာ့ စကိုင္းက အသံေယာင္လိုက္၍ထပ္ေမးတယ္။ နာနီေခါင္းညိမ့္ျပလိုက္ၿပီး
" အြန္း အခ်ိန္ခရီးသြားျခင္း ဒီဘက္ဘဝမွာ တစ္ခုခုမေတာ္တဆျဖစ္ၿပီး ေမ့ေမွ်ာ္ေနရာက စိတ္ဝိဉာဥ္က အရင္ဘဝကိုေရာက္သြားသလိုမ်ိဳးေပါ့ "
" အဲ့လိုဆိုရင္ေတာ့ ကိုယ္မေျပာတတ္ဘူး ကိုယ္,ကိုယ္တိုင္လည္း မျဖစ္ဖူးဘူးေလ "
စကိုင္းက ဟာသ,သေဘာနဲ႕ရယ္ကာေျပာတာေၾကာင့္ နာနီက စကိုင္းရဲ႕ ပုခုံးကိုရိုက္လိုက္ၿပီး
" ခြန္စကိုင္းေနာ္ အေကာင္းေျပာေနတာကို "
" ကိုယ္မွတကယ္မသိတာကို နီနီရဲ႕ ၿပီးေတာ့ နီနီက စာေရးသူဆိုေတာ့ အဲ့လိုေတြေရးေပမယ့္ ကိုယ္ကဒီတိုင္းဆိုေတာ့ယုံဖို႔ခက္တယ္မဟုတ္လား "
နာနီ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး
" ေနပါအုံး ခြန္စကိုင္း ကြၽန္ေတာ္က စာေရးသူဆိုတာဘယ္လိုသိတာလဲ ဒါက ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႕မိသားစုပဲသိထားတာ "
နာနီေမးလိုက္ေတာ့ စကိုင္းမ်က္ႏွာကေသြးေရာင္နည္းလာၿပီးျဖဴဖက္ျဖဴေရာ္ျဖစ္လာတယ္။ လည္ပင္းကိုပြတ္သပ္ရင္း စကိုင္းက နာနီ႕အေရွ႕ ထိုင္ခ်လိဳက္တာေၾကာင့္ နာနီေၾကာင္အမိသြားတယ္။
" ခြန္စကိုင္း ဘာလုပ္တာလဲ ထပါ "
စကိုင္းက သက္ျပင္းအရွည္ႀကီးခ်တယ္ ၿပီးေတာ့ၿပဳံးျပၿပီး နာနီ႕လက္ကိုကိုင္ကာ
" ကိုယ္အမွန္တိုင္းဝန္ခံပါ့မယ္..တကယ္ေတာ့ ကိုယ္နာနီ႕ကိုအစထဲကသိပါတယ္ "
" ဟမ္ "
" နာနီ မွတ္မိလားေတာ့ မသိဘူး ကိုယ္တို႔ေတြ အလယ္တန္းလည္းတူတူတက္ခဲ့ဖူးတယ္ေလ "
နာနီ မ်က္ႏွာက တကယ္ကိုနားမလည္မႈေတြအျပည့္ပင္။
" ခြန္စကိုင္း ဘာေတြေျပာေနတာလဲဟင္ "
စကိုင္းမ်က္ႏွာက ႏူးညံ့မႈအျပည့္ျဖစ္ေနၿပီး ၿပဳံးလ်က္သာ နာနီ႕မ်က္ႏွာကိုၾကည့္ရင္း ေျဖးေျဖးခ်င္းေျပာျပတယ္။
" နာနီဗ် နာနီ အလယ္တန္းတုန္းက ခ်င္းမိုင္မွာတက္တုန္းကေလ ကိုယ္လည္းအဲ့မွာတက္ခဲ့တာဗ် နာနီ႕ကတစ္ေယာက္ထဲေနတတ္တဲ့သူမို႔ ကိုယ့္ကိုသတိမထားမိတာ။ နာနီအဲ့တုန္းက မ်က္မွန္အဝိုင္းေလးနဲ႕ေလ ေခါင္းကိုက္လို႔ေမွာက္အိပ္ေနတာထင္တယ္ ကိုယ္ေျပးေဆာ့ရင္းနဲ႕ နာနီ႕ခုံကို တိုက္မိခဲ့တာေလ "
နာနီ႕ မ်က္လုံးထဲ ငယ္ငယ္တုန္းက သူ႕ကိုအၿမဲႏွောင့္ယွက္ေနတတ္တဲ့ လူေကာင္ထြားထြားကေလးတစ္ေယာက္ကိုေျပးျမင္မိတယ္။ ေနာက္ေတာ့ မေသခ်ာမေရရာျဖစ္ကာနဲ႕
" အာ အဲ့ကေလးက "
" အင္း အဲ့တာကိုယ္ပါ "
Flash back
အမွတ္(၇) အေထြေထြအထက္တန္းေက်ာင္း။အလယ္တန္း တတိယႏွစ္ အခန္းခြဲ(B)။
(အထက္တန္းနဲ႕အလယ္တန္းေရာထားတာပါေနာ္။)
" ကဲကဲ မုန္းစားဆင္းၿပီေနာ္ကေလးေတြ အရမ္းလည္းမေဆာ့ၾကနဲ႕အုံး ဆရာမသြားၿပီ "
ဆရာမျဖစ္သူက ေျပာၿပီးတာနဲ႕အခန္းထဲကထြက္သြားလိုက္တယ္။ စကိုင္းလည္း ထမင္းဘူးထုတ္ၿပီး သူငယ္ခ်င္းေတြနားသြားထိုင္ကာ
" တူတူစားၾကမယ္ "
စကိုင္း ကအဖြားလက္ရာျဖစ္တဲ့ ထမင္းဘူးကိုစားေနရင္း ပတ္ဝန္းက်င္ကိုေဝ့ဝဲၾကည့္မိေတာ့ တစ္ေယာက္ထဲ ထမင္းစားၿပီး ထမင္းဘူးေတြကိုသိမ္းကာ ေမွာက္အိပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကိုေတြ႕ရတယ္။
သူက စာလိုက္မလုပ္ေပမယ့္လည္း စာကရတယ္ထင္တယ္။စာေမးပြဲအမွတ္ေတြလည္းေကာင္းတယ္ ဒါေပမယ့္လည္း အခ်ိန္ျပည့္ေမွာက္အိပ္ေနတာ။ဆရာမေတြကလည္းဘာမွမေျပာဘူး။
" စိန႔္စိန႔္ နင္ဘာကိုၾကည့္ေနတာလဲ "
သူငယ္ခ်င္းအုပ္စုထဲက ေကာင္မေလးတစိေယာက္က ေငးေနတဲ့ စကိုင္းကိုငယ္နာမည္ေခၚၿပီးေမးတယ္။ စကိုင္းငယ္ငယ္ထဲကနာမည္ကို ဖြားဖြားက ေဗဒင္တြက္ၿပီး စိန႔္ လို႔ပဲေပးထားတာ။ ေမေမတို႔က ျပန္ ေျပာင္းေပးေပမယ့္ ဖြားဖြားက သူ႕စီလာတိုင္း စကိုင္းလို႔မေခၚဘဲ စိန႔္လို႔ပဲေခၚတာ။
" အဲ့နာမည္ႀကီး မေခၚနဲ႕လို႔ "
စကိုင္းက ေျပာလိုက္ေတာ့ အဲ့ေကာင္မေလးက စိန႔္စိန႔္လို႔ အက်ယ္ႀကီးေခၚၿပီး စာသင္ခန္းထဲပတ္ေျပးတယ္။ စကိုင္းလည္း သူ႕ေနာက္ကိုလိုက္ရိုက္ရင္း
' ဝုန္း!! '
" အာ့ "
ပတ္ေျပးေနရင္း ဒုတိယအတန္းရဲ႕ ဒုတိယေျမာက္ခုံကိုစကိုင္းကဝင္တိုက္မိတယ္။ စကိုင္းဝင္တိုက္တဲ့အားက သိပ္မျပင္းပါဘူး ခုံေပၚကလူေလးေအာက္ကိုျပဳတ္က်သြား႐ုံပဲ။
ေမွာက္အိပ္ေနတဲ့သူက ျပဳတ္က်သြားတာေၾကာင့္လန႔္သြားတဲ့ပုံနဲ႕ နိုးလာၿပီး စကိုင္းကိုဘုၾကည့္ၾကည့္တယ္။ သူက အားယူၿပီးျပန္ထေပမယ့္ ထလို႔မလို႔ထင္တယ္။ ေနရာမွာ ေဆာင့္ေဆာင့္ေလးျပန္ထိုင္ၿပီး မ်က္ရည္ဝဲတဲ့မ်က္လုံးေလးနဲ႕ စကိုင္းကိုေမာ့ၾကည့္တယ္။
စကိုင္းက တကယ္ကိုဒီအတန္းထဲမွာ လူေကာင္အထြားဆုံးနဲ႕အရပ္အရွည္ဆုံးျဖစ္တယ္။ ျပဳတ္က်ေနတဲ့သူက အရပ္ကစကိုင္းေလာက္ရွိရင္ေတာင္ လူကေတာ့ ပိန္ၿပီးညွက္တယ္။
စကိုင္းလည္း ၿပဳံးျပလိုက္ၿပီး
" ဘာမွျဖစ္ဘူးေနာ္ ေက်ာင္းေဆးခန္းကို ေခၚသြားေပးမယ္ "
ၾကမ္းျပင္ေပၚထိုင္ေနတဲ့ေကာင္ေလးက ေခါင္းငုံ႕သြားတာကို ေခါင္းညိမ့္တယ္အမွတ္နဲ႕ စကိုင္း ပါးႏွစ္ဖက္မို႔တက္ေအာင္ၿပဳံးလိုက္ၿပီး ဒူးကိုေကြးလိုက္ကာ ၾကမ္းျပင္ေပၚထိုင္ေနတဲ့ သူကိုလက္ေမာင္းႏွစ္ဖက္ကေနမလိုက္ေတာ့ မ်က္လုံးအဝိုင္းသားနဲ႕ စကိုင္းကိုေမာ့ၾကည့္ျပန္တယ္။
ခ်စ္စရာေကာင္းလိုက္တာကြာ။
စကိုင္းလည္း ခ်ီလိုက္ၿပီး ေကာင္ေလးကိုတင္ပါးကထိန္းကိုင္ရင္း ေက်ာင္းေဆးခန္းကိုေခၚသြားလိုက္တယ္။ ဘာလို႔လဲေတာ့မသိဘူး ေကာင္ေလးက စကိုင္းရဲ႕ပုခုံးေပၚမွာမ်က္ႏွာဝွက္ထားတယ္။ ေဆးေပးခန္းေရာက္လို႔ ကုတင္ေပၚခ်ေပးေတာ့လည္း မ်က္ႏွာႀကီးကရဲတြတ္ေနတာ ခရမ္းခ်ဥ္သီးေလးလိုပဲ ကိုက္ပစ္လိုက္ခ်င္တယ္။
ေဆးဆရာမက စကိုင္းတို႔ကိုေတြ႕ေတာ့
" ဟယ္ နာနီ ကေလး ဘာျဖစ္လာတာလဲ "
ကုတင္ေပၚကေကာင္ေလးကို စိုးရိမ္တႀကီးေမးေနတာျဖစ္ၿပီး စကိုင္းအဲ့ေန႕က သိလိုက္ရတာက အဲ့ေကာင္ေလးရဲ႕နာမည္ဟာ နာနီ ဆိုတာပဲ။...တစ္ပတ္ေလာက္ၾကာသြားေတာ့ ေကာင္ေလးက ေက်ာင္းျပန္လာတက္တယ္။ စကိုင္းလည္း သူ႕ေၾကာင့္ေနမေကာင္းျဖစ္လို႔ေက်ာင္းပ်က္တယ္ထင္ၿပီး ေကာင္ေလးရဲ႕စားပြဲခုံနားသြားရပ္ေတာ့ ေကာင္ေလးကေမာ့ၾကည့္တယ္။ စကိုင္းျဖစ္မွန္းသိတာနဲ႕ ေကာင္ေလးက မတ္တပ္ထရပ္ၿပီး မ်ပက္ေမွာင္ၾကဳပ္ကာ စကိုင္းကိုၾကည့္တယ္။
" သက္သာလားဟင္ "
" ..... "
" ေတာင္းပန္တယ္ေနာ္ ငါ့ေၾကာင့္ျဖစ္တာေလ ဖင္ေညွာင့္ရိုးေအာင့္သြားလို႔ဆို ေတာ္ေတာ္ဆိုးေနလား "
စကိုင္းကေျပာလိုက္ေတာ့ ေကာင္ေလးက မ်က္ႏွာရဲတက္လာၿပီး စကိုင္းရဲ႕ပါးစပ္ကိုလာအုပ္တယ္။
" မင္း ပါးစပ္ပိတ္ထားလို႔ရလား ငါ့ကိုလာမႏွောက္ယွက္နဲ႕ ကိုယ့္ဘာကိုယ္ေန "
" စကားေျပာတတ္တာလား "
" မင္းက ဦးႏွောက္မပါဘူးလား "
" ဘယ္သိမလဲ ငါ့ကိုမွစကားမေျပာတာ ငါ့ကိုတင္မဟုတ္ဘူး မင္းကဘယ္သူ႕ကိုမွမေျပာဘူးေလ စာသင္ခ်ိန္ေတာင္ေမွာက္အိပ္ေနၿပီးေတာ့ "
" ထြက္သြား! "
ဟြန္း ဒီေကာင္ေလးကလည္း ေဒါသႀကီးလိုက္တာ။ စိတ္ပူလို႔ သတင္းလာေမးတာေတာင္ ေမာင္းထုတ္တယ္။
" ေဟ့ စိန႔္စိန႔္ "
စကိုင္းက နာနီ႕အနားရပ္ေနတုန္း အခန္းထဲဝင္လာတဲ့ စကိုင္းရဲ႕သူငယ္ခ်င္းမေလးက လွမ္းေခၚတယ္။ စကိုင္းလည္း သြားလိုက္တယ္။
" ဟဲ့ စိန႔္စိန႔္ နင္သူနဲ႕မေပါင္းနဲ႕ သူကအက်င့္မေကာင္းဘူးထင္တယ္ ဘယ္သူ႕မွသူ႕အနားမကပ္ဘူး "
" ဘာျဖစ္လဲ ငါ့ဘာငါေပါင္းတာ နင္နဲ႕ဆိုင္တာက်ေနလို႔ "
" ေအာင္မာ ေျပာလည္းေျပာျပရေသးတယ္ ေပါင္းခ်င္ေပါင္းေပါ့ ၿပီးမွအထိုးခံရအရိုက္ခံရတာဆို ငါ့ကိုလာမေျပာနဲ႕ဟြန္း "
" ေနပါ ေျပာစရာလား ဟြန္းဟြန္း "
သူငယ္ခ်င္းမေလးက ထြက္သြားေတာ့ စကိုင္းလည္း ထိုင္ခုံေနရာမွာဝင္ထိုင္ေနလိုက္တယ္။ လူေတြကလည္းမျဖစ္နိုင္တာေတြေျပာၾကတယ္။ အဲ့ေကာင္ေလးက သူ႕ကိုဘာလုပ္နိုင္မွာမို႔လို႔လဲ။ ထိုးတယ္ဆိုလို႔ ဟုတ္သား စကိုင္းလည္းအထိုးခံရတာပဲ လက္သီးနဲ႕ေတာ့မဟုတ္ဘူး မ်က္ေစာင္းေလးနဲ႕ ဒါမ်ိဳးကေတာ့ စကိုင္းတို႔က အထိုးခံနိုင္ပါတယ္။..." ဖြားဖြား သားက်ဴရွင္မတက္ဘူးလို႔ "
အခုဆို အထက္တန္းရဲ႕ပထမႏွစ္ကိုစကိုင္းေရာက္လာၿပီမို႔ ဖြားဖြားက စကိုင္းကိုက်ဴရွင္ဆီအတင္းဆြဲေခၚလာျခင္းျဖစ္တယ္။
" စိန႔္စိန႔္ နင္အပတ္တိုင္းက်ေနလို႔ဘယ္လိုျဖစ္မလဲ မဟုတ္ရင္ နင္တကၠသိုလ္ေကာင္းေကာင္းမရဘဲေနေလ့မယ္ "
" ဟင့္အင္း သားမတက္ခ်င္ဘူး သားမတက္ခ်င္ဘူးလို႔ "
စကိုင္းက ျငင္းရင္းနဲ႕တင္ က်ဴရွင္အဝထိ ေရာက္လာၿပီျဖစ္တယ္။
" ဆရာမေလးရယ္ ကြၽန္မေျမးကိုအပ္ပါတယ္ရွင္ မရတာရွိရင္ နာနာသာရိုက္ပါ "
" ရပါတယ္ရွင္ ရိုက္ဖို႔ကေတာ့ စိတ္သာခ်ထားလိုက္ပါ "
စကိုင္းလည္း စိတ္ေပါက္ေပါက္နဲ႕က်ဴရွင္ထဲဝင္ၿပီး မ်က္လုံးကစားၾကည့္ေတာ့ ေထာင့္ဘက္မွာထိုင္ၿပီး ကေလးေလးသုံးေယာက္ကိုစာရွင္းျပေနတဲ့ အျဖဴေရာင္အရိပ္ေလးကိုေတြ႕လိုက္ရတယ္။
" တီခ်ယ္ အဲ့တာက ဘယ္သူလဲ "
စကိုင္းက ဆရာမေလးနားကပ္ၿပီး ေထာင့္ဘက္ကိုလက္ညိုးထိုးျပကာေမးလိုက္တယ္။
" ေအာ္ အဲ့တာတီခ်ယ့္တူေလးေလ သားတို႔နဲ႕တစ္ေက်ာင္းထဲ သူလည္းအထက္တန္းပထမႏွစ္ပဲ "
" သူက ျပန္သင္ျပေပးတာလား "
" ဟုတ္တယ္ေလ သူက အလယ္တန္းကေလးေတြကိုသင္ေပးတာ "
" တီခ်ယ္ အဲ့တာဆို ကြၽန္ေတာ္သူ႕စီမွာသင္လို႔ရမလားဟင္ "
စကိုင္းရဲ႕အေမးစကားေၾကာင့္ ဆရာမလည္း အံ့ဩသြားပုံရၿပီး မ်က္လုံးအိမ္ပါက်ယ္သြားတယ္။
" ဟမ္ "
စကိုင္းလည္း တီခ်ယ္ကိုေျပာၿပီးတာနဲ႕ ေထာင့္ဘက္ကိုထြက္လာၿပီး
" အဟမ္းအဟမ္း "
ေခ်ာင္းဟန႔္ေတာ့ အျဖဴေရာင္ေလးကေမာ့ၾကည့္လာတယ္။စကိုင္းကိုျမင္ေတာ့ မယုံနိုင္သလိုမ်က္ႏွာထားနဲ႕ သူ႕အေဒၚကိုလွမ္းၾကည့္တယ္။ သူ႕အေဒၚက ဘာလုပ္ျပလဲေတာ့မသိ ကြၽန္ေတာ့္ဘက္ျပန္လွည့္ၿပီး မ်က္ေစာင္းထိုးျပန္တယ္။
ကေလးသုံးေယာက္ထြက္သြားေတာ့ ကြၽန္ေတာ္လည္း သူ႕ေဘးနားဝင္ထိုင္ၿပီး
" အဟမ္း ကြၽန္ေတာ့္နာမည္က..."
" စိတ္မဝင္စားဘူး "
' အင္ '
စကိုင္းဘာမွမေျပာနိုင္ေတာ့ဘဲ ပါးစပ္ပိတ္သြားတယ္။
" ဒါဆိုလည္း ေရွ႕ေလွ်ာက္ေသခ်ာသင္ေပးပါအုံးေနာ္ ဆရာနာနီဗ် "
" မသင္ဘူး "
စကိုင္းမ်က္ႏွာမွာ ေက်းဇူးတင္ခ်င္စိတ္ေတြတဖြားဖြားေပၚသြားတယ္။ ဝွါး နာနီက လူမႈ႕ဆက္ဆံေရးေကာင္းခ်က္ပဲ။
" သင္ေပးရမွာပဲ မရဘူးေနာ္ နာနီ "
" မသင္ေပးဘူး "
" ခုနက ကေလးေတြကိုက် သင္ေပးၿပီးေတာ့ "
" သူတို႔က ကေလးေတြ "
" ငါလည္းကေလးပဲေလ ငါ့ကိုလည္းစာျပန္ျပေပး "
စကိုင္းက နာနီ႕အနားကိုအတင္းကပ္ၿပီးေျပာေတာ့ နာနီကစကိုင္းဘက္လွည့္ၿပီး အသံတိုးတိုးနဲ႕
" မင္းက အရမ္းတုံးတယ္ စာမျပခ်င္ဘူး " တဲ့။...အခုဆို စကိုင္းနဲ႕ နာနီ႕ၾကားက ဆက္ဆံေရးက ပိုေကာင္းမြန္လာၿပီျဖစ္တယ္။ နာနီက စကိုင္းကို စိတ္ရွည္လက္ရွည္နဲ႕စာရွင္းျပေပးတယ္။ စကိုင္းလည္းအမွတ္ေတြေကာင္းလာတယ္။ စကိုင္းကအေစာထဲက စာမရတာက မလုပ္လို႔ေလ ဉာဏ္တုံးလို႔မွဟုတ္မေနတာ။
" စိန့္စိန့္ မင္းဘာေတြေရးထားတာလဲ "
ဟုတ္ပါတယ္ နာနီက စကိုင္းကို ဖြားဖြားေခၚတဲ့အတိုင္းပဲေခၚတာ။ စကိုင္းပါဆိုလည္းမရဘူး။
" ဘာမွားလို႔လဲ "
" မင္း လစ္သီယမ္ရဲ႕ atomic number ေတာင္ မသိဘူးလား "
" ၁၃ ေလ "
စကိုင္းေျပာေတာ့ နာနီက အနားမွာရွ္ိတဲ့ ရႈေဆးကိုႏွာေခါင္းထဲထည့္လိုက္တယ္။ သနားပါတယ္ ေနမေကာင္းဘူးေနမွာ ႏွာေခါင္းႏွစ္ဖက္လုံးမွာလည္း ရႉေဆးႏွစ္ဗူးလုံးနဲ႕ နားထင္မွာလည္း ပလာစတာေတြကပ္ထားေသးတာ။
ၿပီးေတာ့ နာနီက စကိုင္းကို ေဘးနားက သံပ့ရာသီးနဲ႕ ပစ္ေပါက္ၿပီး
" ၃ ကြ "
ထားလိုက္ပါ ဒါက ကမ္မစီမို႔ လူတိုင္းမွားတတ္ၾကပါတယ္။..." သခၤ်ာ အိမ္စာၿပီးၿပီ လား "
" ၿပီးၿပီေလ ဒီမွာ "
နာနီက စကိုင္းကိုမယုံၾကည္တဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္တာေၾကာင့္ စကိုင္းက နာနီ႕လက္ထဲ စာအုပ္အတင္းထိုးထည့္ေပးလိုက္တယ္။
" ႏွစ္ထပ္ကိန္းေတြရွာရတာမဟုတ္ဘူးလား ဒီ၃၂ က ဘာႀကီးတုန္း ဘယ္ဟာရဲ႕ႏွစ္ထပ္ကိန္းတုန္း "
" ၁၆ေလ "
ေနာက္ထပ္သံပရာသီးတစ္လုံးကလည္း စကိုင္းနဖူးတည့္တည့္ကိုလာမွန္ပါတယ္။
အဲ့ေနာက္ပိုင္းမွာေတာ့ နာနီက စကိုင္းကို ဘာသာရပ္တိုင္းရဲ႕အေျခခံေတြကိုေသခ်ာရွင္းျပေပးတယ္။ က်က္နည္း တြက္နည္း မွတ္နည္း အကုန္လုံးကို ေျပာျပေပးတယ္။
တကယ္ပါ နာနီသင္ေပးၿပီးတဲ့ေနာက္ပိုင္း စကိုင္းရဲ႕အမွတ္ေတြက တကယ္ကိုတက္လာတာ။ စကိုင္းကိုယ္တိုင္လည္း စာလုပ္ခ်ိန္ သတ္မွတ္လာနိုင္ၿပီး နာနီေျပာသမွ်စာေတြကိုေသခ်ာမွတ္လာနိုင္တယ္။
" အြန္း အမွတ္ေတြအရမ္းေကာင္းလာၿပီ တကယ္အရမ္းတိုးတက္လာတယ္ "
နာနီေျပာတာကို စကိုင္းက ပါးႏွစ္ဖက္မို႔တက္ေအာင္ၿပဳံးျပလိုက္တယ္။ နာနီကေတာ့ေခါင္းညိမ့္ရင္းနဲ႕ပဲ ပစၥည္းေတြကိုသိမ္းတယ္။
" နာနီ "
" အင္း "
" ဘာျဖစ္ခ်င္လဲ "
" ဟမ္ ဘာကိုလဲ "
" ဟို ဝါသနာ ရည္မွန္းခ်က္ လိုမ်ိဳးေလ "
" မရွိဘူး "
" ဟြန္ ဘာလို႔မရွိတာလဲ ငါ့ကိုေျပာေတာ့ ရည္မွန္းခ်က္ျမင့္ျမင့္ထားၿပီးႀကိဳးစားရမယ္ဆို "
" လူတုံးေတြကို အားေပးတဲ့စကား ငါတို႔က အားေပးစကားမရွိလည္းစာလုပ္နိုင္တယ္ "
နာနီ႕စကားအဆုံး စကိုင္းနင္သြားတယ္ ဘာမွထပ္မေျပာေတာ့ဘူး။နာနီ႕အေနာက္ကေန အထုတ္ကိုင္ေပးရင္း စကိုင္းက ဆိုင္ကယ္နဲ႕ နာနီ႕ကိုအမ္ထိအၿမဲလိုက္ပို႔ေပးတယ္။
နာနီ႕အိမ္ေရာက္ေတာ့ နာနီက ဆိုင္ကယ္ဦးထုပ္ကိုစကိုင္းထံေပးရင္း
" ဝတၳဳေရးတဲ့သူျဖစ္ခ်င္တာ "
လို႔ေျပာၿပီး အိမ္ထဲကို ပုံမွန္အတိုင္းလမ္းေလွ်ာက္ရင္းဝင္သြားခဲ့တယ္။
စကိုင္းကၿပဳံးလိုက္ၿပီး နာနီ႕အတြက္ အသုံးလိုမယ့္ ဝတၳဳစာအုပ္ေတြကိုဝယ္ၿပီးစုထားတယ္။ လက္ေဆာင္ကို တကၠသိုလ္တူတူတက္ရတဲ့အခါက်ေပးမယ္လို႔ေတြးရင္းေပါ့။
အဲ့လိုနဲ႕ အထက္တန္းရဲ႕ပထမႏွစ္စာေမးပြဲၿပီးေတာ့ စကိုင္းက နာနီ႕ကိုေမးခဲ့ပါတယ္။
" ဘယ္တကၠသိုလ္ ဝင္ခ်င္တာလဲ "
" ဘန္ေကာက္တကၠသိုလ္ "
" ေအာ္ ေမဂ်ာကေရာ အႏုပညာလား "
" ဗိသုကာ "...ေနာက္ႏွစ္မွာေတာ့ နာနီက ေက်ာင္းကိုေရာက္မလာခဲ့ေပ။ပထမႏွစ္ၿပီးထဲက အဆင္အသြယ္မရေတာ့တာ ေနာက္ဆုံး ၾကားရတဲ့နာနီ႕သတင္းက ဘန္ေကာက္ေျပာင္းသြားတယ္ဆိုတာပဲ။
အဲ့ေနာက္ပိုင္း သူတို႔အဆက္အသြယ္မရွိၾကေတာ့ေပ။ စကိုင္းလည္း နာနီေျပာတဲ့ တကၠသိုလ္ကိုရွာၾကည့္ေတာ့အမွတ္ကမနည္းတာမို႔ တကၠသိုလ္ဝင္နိုင္ေအာင္ကိုသာ စာႀကိဳးစားရပါေတာ့တယ္။
Flash back end
စကိုင္းေျပာျပတဲ့စကားေတြက နာနီ႕ဦးႏွောက္ထဲပုံရိပ္ေတြအျဖစ္ အေျပးအလႊားျဖစ္ကာ တစ္ခန္းရပ္စီျပေနတယ္။
" နာနီ ကိုယ့္မယုံနိုင္ေလာက္ဘူးဆိုတာသိပါတယ္။ တကယ္က ကိုယ္အဲ့တုန္းက နာနီနဲ႕အတူရွိရင္ျဖစ္ေပၚတဲ့ခံစားခ်က္ကို အဓိပၸာယ္မဖြင့္ဆိုတတ္ဘူး။ နာနီမရွိေတာ့မွ ကိုယ္လြမ္းတတ္သြားတာ ကိုယ္စိတ္ထင္သံေယာဇဥ္တြယ္ေနတာလို႔ထင္မိေပမယ့္ နာနီ႕ကို တကၠသိုလ္မွာျပန္ေတြ႕လိုက္ရေတာ့ ကိုယ့္ဘဝတစ္ေလွ်ာက္လုံးမွာပထမဆုံးေတြ႕ခ်င္ေနခဲ့တာ နာနီျဖစ္ေနတာမွန္းကိုယ္သိသြားတယ္၊ ကိုယ္ႀကိဳးစားခဲ့ရတဲ့အေၾကာင္းျပခ်က္ဟာ နာနီ႕အနားရွိေနရဖို႔ဆိုတာကိုယ္သိသြားတယ္၊ အဆုံးသတ္မွာေတာ့ ကိုယ္နာနီ႕ကိုခ်စ္မိေနတာေသခ်ာသြားတာ၊ ကိုယ့္ကို ယုံၾကည္ေပးနိုင္မလားနာနီဗ် "
" ခြန္စကိုင္း ေန ေန ေနပါအုံး အခု ကြၽန္ေတာ့္ကို "
" ဟုတ္တယ္ဗ် ကိုယ္နာနီ႕ကို ရည္းစားစကားေျပာေနတာပါ "
/////////////////
Genius Khun Sky 😭🙏🏻
ေနာက္ပိုင္း ဇာတ္သိမ္းပိုင္းပါရွင့္။
There are no comments yet. Log in to be the first to leave a review!





