18
16:15, 6 March 2025U.
နာနီအခု ခေါင်းတော်တော်ကိုကိုက်နေပြီ။ ဘာလို့ဆို အခန်းထဲရောက်တာနဲ့ခွန်စကိုင်းက တစ်လျှောက်လုံး နီနီ ဆိုပြီးပဲခေါ်တာလေ!
" နီနီဗျ ကိုယ်ရေချိုးပြီးပြီးဗျ "
ဖုန်းကြည့်နေတဲ့နာနီက အသံလာရာကိုကြည့်လိုက်တော့ ရေချိုးခန်းထဲက ထွက်လာတဲ့ ခွန်စကိုင်း။ နာနီမျက်နှာလေးသွေးရောင်သန်းသွားတယ်။ စကိုင်းက ရေချိုးပြီးကာစမို့ အင်္ကျီကျွတ်နဲ့ပင် အောက်ပိုင်းမှာတော့ တဘတ်အဖြူနဲ့ပတ်ထားတယ်။
ခေါင်းလျှော်ထားပုံရပြီး ခေါင်းကိုပုဝါနဲ့သုတ်ကာ နာနီ့ကိုပြုံးပြရင်းပြောနေတယ်။ နာနီ စကိုင်းကို ခေါင်းအစခြေအဆုံးကြည့်လိုက်တယ်။ စကိုင်းက တကယ်ကို ယောင်္ကျားဆန်တာပင်။
နာနီ ကုတင်ပေါ်ထိုင်နေရာကနေထလိုက်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်။ နာနီ ရေချိုးမလို့လုပ်ရင်း တစ်ခုကိုတွေးမိပြီး အပြင်ဘက်ကိုပြန်ထွက်တော့ စကိုင်းက ကုတင်ပေါ်မှာ ခေါင်းထိုင်သုတ်နေရင်းနာနီ့ကိုကြည့်တယ်။
" နီနီ ဘာကျန်ခဲ့လို့လဲဗျ "
စကိုင်းက ပြုံးစိပြုံးစိနဲ့မေးလာတာမို့ နာနီမျက်စောင်းထိုးလိုက်ပါသေးတယ်။ တကယ်ပါပဲ နီနီဆိုတာကို ခေါ်လို့ရတိုင်း ခေါ်နေတော့တာပဲ။
နာနီ အိတ်ထဲက အဝတ်အစားတစ်စုံထုတ်ပြီး ရေချိုးခန်းထဲယူသွားလိုက်တယ်။ အနောက်ဘက်က စကိုင်းစီက ရယ်သံ သဲ့သဲ့လေးတော့ကြားမိပါသေးတယ်။
နာနီ ရေချိုးခေါင်းလျှော်ပြီးတော့ ရေချိုးခန်းထဲမှာပဲ အင်္ကျီအဝတ်အစားလဲလိုက်တယ်။ နာနီ အဝတ်စားအကုန်လဲပြီး ပြန်ထွက်တော့ စကိုင်းက ကုတင်ပေါ်မှာ ထိုင်ရင်းဖုန်းကြည့်နေတာ။ နာနီထွက်လာတာကိုမြင်တော့ စကိုင်းက ပြုံးပြတယ်။ နာနီကတော့ မျက်မှောင်ကြုပ်လိုက်ပြီး
" အခုထိ အင်္ကျီမဝတ်သေးဘူးလား ဘယ်သူ့ကိုမြင်စေချင်နေတာတုန်း အအေးပတ်ပြီး ဂန့်သွားအုံးမယ်နော် ဟွန်း "
နာနီ့စကားကြောင့် စကိုင်းက အသံထွက်တဲ့ထိရယ်လိုက်ပြီး
" ခုနက နီနီက ကိုယ့်ကိုအကြာကြီးကြည့်နေလို့လေ ထပ်ကြည့်ချင်အုံးမယ်ထင်လို့ "
" ဘယ်မှာကြည့်လို့လဲ ခွန်စကိုင်းနော် လူကိုလာစွပ်စွဲမနေနဲ့ "
စကိုင်းက နာနီ့ရဲ့ချစ်ဖို့ကောင်းတဲ့အပြုအမှူတွေကြောင့် ခေါင်းခါရင်းရယ်နေရုံသာတတ်နိုင်တော့တယ်။
" နီနီ ခေါင်းမသုတ်ဘူးလားဗျ နေမကောင်းဖြစ်နေလိမ့်မယ် "
" သုတ်ထားပြီးပါပြီ နည်းနည်းပဲစိုတော့တာ "
နာနီက ငယ်ငယ်ထဲက ခေါင်းလျှော်ပြီး ခေါင်းသုတ်ဖို့ပျင်းတဲ့သူဖြစ်တယ်။ မိဘတွေအိမ်ရောက်ရင်တော့ အမေဖြစ်သူကတော့ သုတ်ပေးတယ်။
စကိုင်းက နာနီ့အနားကို ရောက်လာပြီး နာနီ့လက်ကိုဆွဲပြီး ကုတင်ပေါ်မှာထိုင်ခိုင်းတယ်။ နောက်တော့ သဘတ်တစ်ထည်ယူလာပြီး နာနီ့အနောက်မှာနေရင်း နာနီ့ခေါင်းကိုညင်ညင်သာသာလေးသုတ်ပေးတယ်။
နာနီ ခေါင်းမော့ကြည့်တဲ့အချိန်နဲ့စကိုင်းခေါင်းငုံ့နေတဲ့အချိန်က ထပ်တူကျသွားတာကြောင့် အကြည့်ချင်းဆုံသွားတယ်။ နာနီ တော်တော်နဲ့ စကိုင်းအကြည့်ကိုမလွှဲနိုင်။
စကိုင်းက ယုဒ္ဓယမှာတွေ့ခဲ့တဲ့ သူနဲ့ တူတာလား၊ တစ်ယောက်ထဲလားဆိုတာကိုပင် နာနီမသိနိုင်တော့ပေ။ ဖြစ်နိုင်ရင် ဒီစကိုင်းကိုလည်း နာနီ့အနားမှာ အချိန်ပြည့်ရှိစေချင်တယ်။ နာနီ ဒီလူနဲ့အတူရှိနေတဲ့အခါလည်း နွေးထွေးမှု ပျော်ရွှင်မှုကိုအကုန်ခံစားရတယ်။ နာနီပျော်တယ်။
" နီနီဗျ ဒီလိုကိုယ့်ကိုဆက်ကြည့်နေအုံးမယ်ဆိုရင် ကိုယ်က နီနီ့ကို ဘယ်လိုခေါင်းသုတ်ပေးရတော့မလဲဗျ "
နာနီ ခေါင်းလေး ပြန်ချလိုက်ပြီး နှုတ်ခမ်းစူကာ မကျေမနပ်လေသံနဲ့
" ခွန်စကိုင်း နာနီလို့ပဲခေါ်ပါဆို "
စကိုင်းစီက ရယ်သံလေးထွက်လာပြီး
" အပြင်မှာတုန်းက နီနီ ဆို "
" ခွန်စကိုင်းနော် "
" နီနီ နော် "
" ခွန်စကိုင်း!! "
" ခင်ဗျာ "
နာနီ ဘာမှမပြောတော့ဘဲ မတ်တပ်ထရပ်လိုင်ပြီး စကိုင်းကိုကြည့်ရင်းမျက်စောင်းထိုးလိုက်တယ်။ ပြီးတာနဲ့ အပြင်ဘက်ကို ထွက်သွားလိုက်တယ်။ အဲ့ခွန်စကိုင်းနဲ့အတူတူမနေဘူး အခန်းပြောင်းမယ် လူကိုအမြဲတမ်း စနေတော့တာပဲ။
နာနီ အောက်ထပ်ကိုရောက်လာရင်း ပတ်ကြည့်မိတော့ မီးဖိုချောင်အခန်းနားရောက်လာတယ်။ နာနီ အထဲဝင်တော့ နာနီ့အမေနဲ့ အခြားအဒေါ်ကြီးတစ်ယောက်က ချက်ပြုတ်နေကြတာ။
" မင်္ဂလာပါ အဒေါ် "
" အယ် သား နာနီလေးပဲ ဘာလို့လဲသား ဗိုက်ဆာလို့လား "
စကိုင်းရဲ့အမေက နာနီ့ကိုနွေးထွေးစွာကြိုဆိုရင်းမေးတယ်။
" မဟုတ်ပါဘူးဗျ ကျွန်တော် ပတ်ကြည့်နေရင်းရောက်လာတာပါ ကျွန်တော်ဘာကူလုပ်ပေးရမလဲဗျ "
" ရပါတယ်နာနီလေးရဲ့ သားပျင်းနေလို့ဆို ဒီမှာထိုင်ရင်း အန်တီတို့နဲ့စကားပြောလို့ရတယ်လေ သားထိုင် "
နာနီပြုံးပြပြီး ထိုင်ခုံမှာသွားထိုင်နေလိုက်တယ်။ စားပွဲပေါ်မှာ ဟင်းပွဲအချိုနဲ့ အချိုပွဲသုံးလေးပွဲကိုရှိနေပြီး နာနီ thong yip ပန်းကန်ကိုမြင်ရတာကြောင့် အံ့ဩသင့်သွားပြီး။
" အန်တီဗျ ဒါ thong yip မဟုတ်လားဗျ "
နာနီမေးတော့ စကိုင်းရဲ့အမေက နာနီ့ဘက်ကိုလှည့်ကြည့်ပြီး
" နာနီလေးက thong yip ကိုလည်းသိတာလား၊ အယုဒ္ဓယခေတ်အချိုပွဲလေးလေ ဒီဘက်ခေတ်မှာတော့ ရှားသွားပြီ စားတဲ့သူတွေတောင် "
" အန်တီ ကျွန်တော်တစ်ခုလောက်စားကြည့်လို့ရမလား ဟီး "
" ရတာပေါ့ ရတာပေါ့ စားကြည့် နာနီလေး "
နာနီလည်း ခွင့်ပြုကာမှ တစ်ခုယူပြီးစားကြည့်လိုက်တယ်။ အရသာကတော့ အယုဒ္ဓယမှာ စားခဲ့တာနဲ့ထပ်တူမကျပေမယ့် တကယ်ကိုစားလို့ပင်ကောင်းတယ်။
" အွန်းး အန်တီ အရမ်းစားလို့ကောင်းတာပဲ "
စကိုင်းရဲ့အမေက နာနီ့ကိုပြုံးကာကြည့်မေတယ်။
" နာနီလေးက တကယ်ကိုစားတတ်တာပဲ "
" တကယ်တော့ ကျွန်တော် အဲ့အချိုပွဲကိုလုပ်လည်းလုပ်တတ်တယ်ဗျ ဟီး "
နာနီပြောတော့ စကိုင်းရဲ့အမေက အံ့ဩသွားသလိုကြည့်လာရင်းပြုံးပြတယ်။
" တကယ်လားကွဲ့ "
" ဟီး ဟုတ်တယ်ဗျ ကျွန်တော်က အိမ်မှာတစ်ယောက်ထဲပဲနေဖြစ်တာဆိုတော့ ဟင်းချက်နည်းတွေမုန့်လုပ်နည်းတွေကိုတော်တော်များများသိတယ်ဗျ ဟီး "
နာနီပြောပြီး စကိုင်းအမေနားကိုထကာသွားလိုက်ပြီး နေရာတစ်ခုကနေရပ်နေရင်း ကြည့်နေတယ်။
" ဘာလုပ်နေတာလဲ သိချင်လို့လားနာနီလေး "
နာနီစိတ်ဝင်တစားကြည့်နေတာကို သတိထားမိတော့ စကိုင်းရဲ့အမေက မေးလိုက်ခြင်းဖြစ်တယ်။ နာနီက ခေါင်းလေးတဆက်ဆက်ငြိမ့်လိုက်တော့ စကိုင်းရဲ့အမေက သဘောတကျရယ်ကာ နာနီခေါင်းလေးကိုပွတ်လိုက်သေးတယ်။
" နာနီလေးက တကယ်ချစ်စရာလေးကွယ် ဒါကြောင့်သားလေးက သဘောကျတာနေမှာ "
နာနီရဲ့နားရွက်လေးတွေရဲတက်သွားပြီး အသံပိစိလေးနဲ့မေးလိုက်တယ်။
" ဗျာ "
စကိုင်းရဲ့အမေက ပြုံးကာ မုန့်ကိုလုပ်နေရင်း နာနီ့ကိုပြောတယ်။
" ဟုတ်တယ်ကလေးရဲ့ သားစကိုင်းက အနေအေးတယ်လေ သူငယ်ချင်းတွေလည်းဘယ်တော့မှခေါ်မလာတတ်ဘူး "
" အော် အဲ့တာဆို အားလုံးကိုပေါ့ "
နာနီရဲ့စကားကိုကြားတော့ စကိုင်းရဲ့အမေက ရယ်လိုက်ပီး
" သားက နာနီလေးကိုပဲ သဘောကျတဲ့ပုံပါ ကြည့်ပါလား အမေတို့ကိုသားနဲ့ပဲ မိတ်ဆက်ပေးတာလေ "
နာနီပြန်စဉ်းစားမိတော့လည်း ဟုတ်နေတာကြောင့် အနည်းငယ်တော့ကျေနပ်မိသွားတယ်။ ပြုံးမိလိုက်ပြီး အဒေါ်လုပ်နေတဲ့ အချိုပွဲမုန့်ကိုပဲ အာရုံစိုက်ကြည့်လိုက်တယ်။
" ဒါက luk chup လို့ခေါ်တယ်။ ပဲကိုအဓိကထားပြီးလုပ်ရတဲ့ အချိုပွဲပဲ အခုက ပုံဖော်နေတာ၊ အသီးပုံစံ ကြိုက်သလိုဖော်လို့ရတယ် ဒါပြီးရင် ဟိုက အရောင်လေးတွေတင်ပေးရုံပဲ၊ နာနီလေး လုပ်ချင်လို့လား "
အဒေါ့်ရဲ့အမေးစကားကြောင့် နာနီခေါင်းကိုတဆက်ဆက်ညိမ့်လိုက်တယ်။ အဒေါ့်ဘေးနားချက်ချင်းကပ်သွားပြီး မုန့်အလုံးလေးတွေကိုယူကာ အဒေါ်လုပ်တဲ့အတိုင်းလိုက်လုပ်လိုက်တော့ ပုံလေးထွက်လာတယ်။ နာနီစစချင်းလုပ်တာမို့ ပုံစံတော့မကျပေ။
တဖြေးဖြေးလုပ်နေရင်းနဲ့ပင် ပုံလေးကျကာ ပိုပြီးလှလာတာကြောင့် နာနီပြုံးလိုက်တယ်။ မုန့်လုံးတွေအကုန်ပြီးတာနဲ့ အနားမှာရှိတဲ့ မုန့်အရောင်တဲ့ ကာလာဆေးတွေကို လိုက်သုတ်ပေးလိုက်တယ်။
နာနီ လုပ်နေရင်း တစ်ယောက်ယောက်ကြည့်နေတယ်လို့ခံစားရတာကြောင့် ခေါင်းမောါကြည့်လိုက်တော့
" အို့ ခွန်စကိုင်း!! "
" အယ် သားရောက်နေတာပဲ အသံတောင်မပေးဘူး "
စကိုင်းက မီးဖိုခန်းအဝမှာ နံရံကိုမှီရပ်ရင်း နာနီ့ကိုပြုံးကာကြည့်နေတာပင်။ ရေကူးမှာမို့ထင် အပေါ်က တီရှပ်အပွကိုပဲ ဘောင်းဘီ အတိုအနက်လေးနဲ့တွဲဝတ်ထားတာ။ လက်မှာလဲ ဆွယ်တာပန်းရောင်တစ်ထည်ကိုလည်း လက်မှာကိုင်ထားသေးတယ်။ ဒီလိုတောင် ကြည့်လို့ကိုကောင်းနေတာ အမြင်ကပ်လိုက်တာနော်။
" မင်္ဂလာပါ အမေဗျ၊ အခန်းထဲက လူကိုထိုးပြီးထွက်သွားတဲ့ ကြောင်ပေါက်စလေးကို လိုက်ရှာရင်း ဒီကိုရောက်လာတာပါ "
" ဟယ့် မင်းနဲ့လည်း ဘယ်ကြောင်ကထိုးတတ်လို့တုန်းကွဲ့ "
နာနီ စကိုင်းကို မျက်စောင်းထပ်ထိုးလိုက်ပြီး မုန့်ကိုပဲအရောင်တင်ဖို့ကို အာရုံစိုက်နေလိုက်တယ်။ ဘယ်တုန်းကသူ့ကိုထိုးမိလို့လဲ မဟုတ်တာတွေလာလာပြောနေတယ်။
" ကျွန်တော့်ကြောင်လေးက စိတ်ဆိုးရင်ထိုးတတ်တယ်ဗျ တစ်ခါတစ်လေ သူက ကိုက်လည်းကိုက်တတ်သေးတာ "
" ခွန်စကိုင်းနော် မဟုတ်တာတွေလာပြောနေတယ် ဘယ်တုန်းက ခွန်စကိုင်းက ကိုက်ဖူးလို့လဲ ဘယ်တုန်းကရော ထိုးဖူးလို့လဲ "
နာနီ့အသံထွက်လာမှ စကိုင်းရဲ့အမေက သေသေချာချာနားလည်သွားပုံရကာ အသံထွက်တဲ့ထိရယ်ကြတယ်။
" ဟော် အခု နီနီ ကိုယ့်ကိုထိုးနေတာပဲလေ "
" ဟာ ဘယ်မှာထိုးလို့လဲလို့ ခွန်စကိုင်းနော်် လူကို လာစွတ်စွဲပြန်ပြီ "
နာနီမျက်စောင်းထပ်ထိုးလိုက်တော့ စကိုင်းကသဘောတကျရယ်ကာ နာနီ့အနားကိုလျှောက်လာပြီး ခါးကိုင်ကာ မျက်နှာကို နာနီ့နားထိတိုးလိုက်ပြီး
" နီနီ အခုကိုယ့်ကို မျက်စောင်းထိုးနေတယ်လေ "
နီးကပ်လွန်းတဲ့အကွာအဝေးက တစ်ယောက်နှလုံးခုန်သံ တစ်ယောက်ကြားရလောက်တဲ့အခြေအနေ။
နာနီ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မျက်နှာကိုရှောင်လွှဲလိုက်တော့မှ စကိုင်းက ခွာပေးပြီး နာနီ့ဘေးနားလာထိုင်တယ်။
" ကဲကဲ နာနီ့ကိုထပ်စမနေနဲ့ ဟိုမှာရှက်နေပြီ ကြည့်လိုက်အုံး "
စကိုင်းရဲ့အမေက ပြောလာတာကြောင့် နာနီ ထိုင်နေရာက ထရပ်လိုက်ပြီး
" ကျွန်တော်သွားနားလိုက်အုံးမယ်ဗျ "
ဆိုပြီး ထွက်သွားတော့ စကိုင်းက နာနီ့အနောက်ကနေ လိုက်လာတယ်။ နာနီက အပြင်ဘက်ကိုထွက်လာတာဖြစ်တယ်။ နေသာနေပေမယ့် လေက တိုက်နေသေးတာကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေသေးတယ်။
" နာနီ ဗျ "
" အစ်ကို စကိုင်းရှင့် "
နာနီ့နာမည်ကိုစကိုင်းကခေါ်ပေမယ့် နာနီလှည့်မကြည့်ဘဲ အရှေ့ကိုဆက်လျှောက်နေမိပေမယ့် အနောက်ဘက်က အသံဆာဆာနဲ့လီလီ့ရဲ့အသံထွက်လာတဲ့အခါမှာတော့ နာနီ မျက်မှောင်ကြုပ်ကာကြည့်လိုက်မိတယ်။
" အစ်ကိုစကိုင်းရှင့် "
" အော် လီလီ "
စကိုင်းက လီလီ့ဘက်လှည်ကာစကားပြောနေသေးတယ်။ နာနီမျက်မှောင်ကြုပ်ပြီး စကိုင်းဘေးနား သွားရပ်ကာ စကိုင်းအင်္ကျီစလေးကို လက်လေးနဲ့ ဖွဖွလေးမသိမသာကိုင်ထားလိုက်တယ်။
စကိုင်းကိုကြည့်မိတော့ စကိုင်းကပြုံးသွားတယ်။ ဟွန်း အဲ့လီလီနဲ့စကားပြောရတာအရမ်းပျော်နေပုံပဲ အံ့ဩပ့။
" ချမ်းတယ်နော် ရာသီဥတုက "
" အဟွန်း "
လီလီ့စကားသံကိုကြားတော့ နာနီချောင်းဟန့်လိုက်တယ်။ မသိတာကြလို့ စကိုင်းလက်ထဲက ဆွယ်တာကိုတောင်းနေတာလေ ရိုးနေပြီ။
" အင်း ဟုတ်တယ် လီလီလည်း အခန်းပြန်ပြီးနားရင်နားပေါ့ "
စကိုင်းပြောလိုက်တော့ လီလီကမျက်နှာကွက်ခနဲပျက်သွားတယ်။
" လီလီဖျားတော့မယ်ထင်တယ် လီလီ အနွေးထည်ယူလာဖို့မေ့သွားတယ် "
" အော် အင်းနော် "
နာနီလည်း စကိုင်းရဲ့ အင်္ကျီစကို မလွှတ်ဘဲကိုင်ထားဆဲပင်။
" အဟွတ် ဟို အစ်ကိုစကိုင်းရှင့် ညီမကို အစ်ကို့လက်ထဲကဆွယ်တာလေး ငှားလို့ရမလားရှင့် နောက်နေ့ကျသေချာလျှော်ပြီးပြန်ပေးပါ့မယ်နော် အဟွတ်အဟွတ် "
နာနီ့မျက်နှာမှာအလိုမကျတဲ့ပုံရိပ်တွေကပိုလာတယ်။ စကိုင်းအင်္ကျီစကိုကိုင်ထားတဲ့နာနီ့လက်တွေကလည်းတင်းကျပ်လာတယ်။
စကိုင်းကိုကြည့်မိတော့ တွေးတောနေပုံရပြီး ဆွယ်တာကိုလီလီ့ထံကမ်းပေးလိုက်တယ်။
" ဒီမှာပါ "
နာနီ့မျက်နှာက ပိုမည်းမှောင်သွားပြီး စကိုင်းအင်္ကျီစကိုကိုင်ထားရာမှ လွှတ်လိုက်ပြီး စကိုင်းရဲ့ခါးကိုလက်နဲ့လိမ်ဆွဲလိုက်တယ်။ ခြေဆောင့်ကာထွက်လာလိုက်တယ်။
" နာနီဗျ နာနီ.."
နာနီ့ခြေလှမ်းတွေကမပြေးရုံတမယ်ပင် ပိုသွက်လာတယ်။ စကိုင်းက အနောက်ကပြေးလာပြီး နာနီ့လက်ကိုဆွဲကာ နာနီ့ကိုသွားနေရာမှရပ်စေတယ်။
နာနီအနောက်ကိုလှည့်ကြည့်မိတော့ စကိုင်းလက်ထဲဆွယ်တာက ပြန်ပါမလာတာကြောင့် နှုတ်ခမ်းစူလိုက်မိတယ်။
" ဘာလဲ လွှတ်နော် ခွန်စကိုင်း "
" နာနီဗျ ကိုယ်နဲ့မရင်းနှီးတဲ့နေရာတွေကို ဒီလိုလျှောက်သွားနေလို့မဖြစ်ဘူးနော် "
စကိုင်းစီကထွက်လာတဲ့ စကားကြောင့် နာနီ စကိုင်းရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်မိတယ်။ အယုဒ္ဓယခေတ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်နဲ့တူနေတာကို သတိရမိသွားတဲ့အခါ နာနီ့ရင်ဘတ်ထဲတင်းကျပ်သွားတယ်။
" လွှတ်... "
နာနီ့အသံက အနည်းငယ်တုန်နေတာကြောင့်စကိုင်းစိုးရိမ်စိတ်ကြီးစွာ လက်ကိုပိုတင်းကျပ်စွာကိုင်လာရင်း
" ဘာဖြစ်တာလဲဗျ တစ်ခုခုဖြစ်လို့လား နာနီအဆင်ပြေရဲ့လား ကိုယ်တစ်ခုခုမှားတာလုပ်မိလို့လား ကိုယ်တောင်းပန်တယ်နော် နာနီဗျ "နာနီ စိတ်ကိုတင်းလိုက်ပြီး စကိုင်းလက်ကိုရုန်းလိုက်ကာ
" ဟွန်း တော်ပါ လာမပြောနဲ့ "
နာနီရဲ့ပြန်အဆင်ပြေသွားတဲ့ပုံကိုမြင်ရတော့ စကိုင်းပြန်ပြုံးနိုင်ပြီး
" ကိုယ့်ကို စိတ်ကောက်နေတာလားဗျ "
" ကောက်စရာလား မကောက်ပါဘူးနော် "
နာနီက ပြောပြီးအနောက်ကိုလှည့်လိုက်တော့ အေဂျေနဲ့ဂျေဂျေ စက်ဘီးပတ်စီးနေကြတာကိုတွေ့ရတာကြောင့် နာနီလက်ပြလိုက်တော့ စက်ဘီးကိုနာနီ့ရှေ့မှာရပ်ကြတယ်။
" သားကြီး ဟိုဘက်မှာ ဆိုင်တွေအများကြီးဟ လှလည်းလှတယ်ဟ သွားကြမလား ငါ့စက်ဘီးပေါ်တက် "
" ရတယ် ရတယ် ငါ့ကိုစက်ဘီးခဏငှား ငါ့ဘာငါသွားကြီးမယ် " ဆိုပြီး နာနီ့က အေဂျေ့ကိုစက်ဘီးပေါ်က မောင်းထုတ်ပြီး ကိုယ့်ဟာကိုယ်မောင်းသွားလိုက်တယ်။
စကိုင်းကလည်း ဂျေဂျေ့နားသွားရပ်လိုက်တော့ ဂျေဂျေက ရယ်ပြပြီး စက်ဘီးပေါ်ကနေ အလိုက်တသိနဲ့ဆင်းပေးတယ်။
အခုတော့ စက်ဘီးကိုငှားလာတဲ့လူနှစ်ယောက်က ရပ်ပြီးသာကြည့်နေနိုင်တော့တယ်။... နာနီလည်း ပတ်ကြည့်ရင်း ကော်ဖီဆိုင်၊ကိတ်မုန့်ဆိုင်၊စာအုပ်ဆိုင်တွေကိုအများကြီးတွေတယ်။ အနည်းငယ်ရှေးကျတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ စက်ဘီးရပ်လိုက်ပြီး အထဲဝင်ကြည့်လိုက်တော့ စာအုပ်အဟောင်းတွေကြီးပဲဖြစ်တယ်။
စကိုင်းလည်း နာနီဝင်သွားတဲ့ ဆိုင်အရှေ့ စက်ဘီးကို ရပ်ပြီး ဆိုင်ထဲဝင်သွားလိုက်တယ်။ ဝင်ဝင်ချင်း စာအုပ်အဟောင်းတွေရဲ့ အနံ့အသက်က မွှေးနေတာမျိုးမဟုတ်သလို မမွှေးတာမျိုးလည်းမဟုတ် အနံ့ထဲမှာကိုက အမှတ်တရများစွာပါဝင်နေသလိုမျိုး။
စာအုပ်တန်း သုံးတန်းလောက်ဝင်သွားလိုက်တော့ နာနီ့ကိုတွေ့လိုက်ရပြီး စာအုပ်ဆိုင်ပိုင်ရှင်ဟုထင်ရတဲ့ အသက်လတ်ပိုင်းအမျိုးသမီးကိုလည်းတွေ့ရတယ်။ စကိုင်းလည်း နာနီ့ဘေးနားသွားရပ်လိုက်ပြီး
" အဟမ်းအဟမ်း "
လှည့်မကြည့်လာပေ။ ထပ်ပြီး အသံတိုးတိုးနဲ့ထပ်ခေါ်လိုက်တယ်။
" နာနီလေးဗျ~ "
ဒါလည်း လှည့်မကြည့်လာပေ။ စကိုင်းတစ်ခုခုကိုတွေးမိပြီး စာအုပ်ရှာနေဟန်ဖြစ်
" နည်းနည်းလောက် လှည့်ကြည့်ပါအုံးလား "
ဆိုကာမှ အလိုမကျတဲ့မျက်ဝန်းလှလှတို့ဖြင့် စကိုင်းဘက်ကိုလှည့်ကြည့်လာသည်။ ချစ်ဖို့ကောင်းလွန်းလို့ ရူးရပါပြီ။
" ဆိုတဲ့ စာအုပ်ရှိလားဗျ "
" ဟေ တစ်ခါမှမကြားဖူးဘူးနော် "
" အော်ဟုတ်လားဗျ ကျေးဇူး "
အဲ့တော့မှ နာနီ့ကစကိုင်းကိုမျက်စောင်းထိုးရင်း အရှေ့ကိုလှည့်သွားပြန်သည်။
" စိတ်မဆိုးပါနဲ့ဗျ "
နာနီထပ်ပြီးလှည့်ကြည့်လာပြန်တယ်။ စကိုင်းလည်း ပြုံးစိစိဖြင့်
" ဆိုတဲ့ စာအုပ်ရောရှိလားဗျ "
" ကဲ ဒီကလေးနှယ် ဘာစာအုပ်တွေမေးနေမှန်းမသိဘူး ကိုယ့်ဘာသာရှာပြီး ရှိရင်ယူသွားတော့ "
ဆိုင်ရှင်အမျိုးသမီးကပြောပြီးထွက်သွားတော့ နာနီလည်း စာအုပ်နှစ်အုပ်ကိုယူပြီးလိုက်ထွက်သွားတယ်။
" ဟီးဟီး "
စကိုင်းပြုံးပြတော့ နာနီကမျက်စောင်းထိုးနဲ့ စကိုင်းခြေထောက်ကို တက်နင်းသွားပါလေရော။
" အာ့ "
စကိုင်းလည်း နာသွားတဲ့ခြေထောက်ကိုကိုင်ပြီး နာနီ့ကျောပြင်ကိုကြည့်လိုက်မိသည်။
ကြောင်လေးတွေက စိတ်ဆိုးရင်ဒီလိုပဲလားဗျ။
//////////////////
HèHè
Z.
နာနီအခု ေခါင္းေတာ္ေတာ္ကိုကိုက္ေနၿပီ။ ဘာလို႔ဆို အခန္းထဲေရာက္တာနဲ႕ခြန္စကိုင္းက တစ္ေလွ်ာက္လုံး နီနီ ဆိုၿပီးပဲေခၚတာေလ!
" နီနီဗ် ကိုယ္ေရခ်ိဳးၿပီးၿပီးဗ် "
ဖုန္းၾကည့္ေနတဲ့နာနီက အသံလာရာကိုၾကည့္လိုက္ေတာ့ ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ ခြန္စကိုင္း။ နာနီမ်က္ႏွာေလးေသြးေရာင္သန္းသြားတယ္။ စကိုင္းက ေရခ်ိဳးၿပီးကာစမို႔ အကၤ်ီကြၽတ္နဲ႕ပင္ ေအာက္ပိုင္းမွာေတာ့ တဘတ္အျဖဴနဲ႕ပတ္ထားတယ္။
ေခါင္းေလွ်ာ္ထားပုံရၿပီး ေခါင္းကိုပုဝါနဲ႕သုတ္ကာ နာနီ႕ကိုၿပဳံးျပရင္းေျပာေနတယ္။ နာနီ စကိုင္းကို ေခါင္းအစေျခအဆုံးၾကည့္လိုက္တယ္။ စကိုင္းက တကယ္ကို ေယာကၤ်ားဆန္တာပင္။
နာနီ ကုတင္ေပၚထိုင္ေနရာကေနထလိုက္ၿပီး ေရခ်ိဳးခန္းထဲဝင္သြားလိုက္တယ္။ နာနီ ေရခ်ိဳးမလို႔လုပ္ရင္း တစ္ခုကိုေတြးမိၿပီး အျပင္ဘက္ကိုျပန္ထြက္ေတာ့ စကိုင္းက ကုတင္ေပၚမွာ ေခါင္းထိုင္သုတ္ေနရင္းနာနီ႕ကိုၾကည့္တယ္။
" နီနီ ဘာက်န္ခဲ့လို႔လဲဗ် "
စကိုင္းက ၿပဳံးစိၿပဳံးစိနဲ႕ေမးလာတာမို႔ နာနီမ်က္ေစာင္းထိုးလိုက္ပါေသးတယ္။ တကယ္ပါပဲ နီနီဆိုတာကို ေခၚလို႔ရတိုင္း ေခၚေနေတာ့တာပဲ။
နာနီ အိတ္ထဲက အဝတ္အစားတစ္စုံထုတ္ၿပီး ေရခ်ိဳးခန္းထဲယူသြားလိုက္တယ္။ အေနာက္ဘက္က စကိုင္းစီက ရယ္သံ သဲ့သဲ့ေလးေတာ့ၾကားမိပါေသးတယ္။
နာနီ ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးေတာ့ ေရခ်ိဳးခန္းထဲမွာပဲ အကၤ်ီအဝတ္အစားလဲလိုက္တယ္။ နာနီ အဝတ္စားအကုန္လဲၿပီး ျပန္ထြက္ေတာ့ စကိုင္းက ကုတင္ေပၚမွာ ထိုင္ရင္းဖုန္းၾကည့္ေနတာ။ နာနီထြက္လာတာကိုျမင္ေတာ့ စကိုင္းက ၿပဳံးျပတယ္။ နာနီကေတာ့ မ်က္ေမွာင္ၾကဳပ္လိုက္ၿပီး
" အခုထိ အကၤ်ီမဝတ္ေသးဘူးလား ဘယ္သူ႕ကိုျမင္ေစခ်င္ေနတာတုန္း အေအးပတ္ၿပီး ဂန႔္သြားအုံးမယ္ေနာ္ ဟြန္း "
နာနီ႕စကားေၾကာင့္ စကိုင္းက အသံထြက္တဲ့ထိရယ္လိုက္ၿပီး
" ခုနက နီနီက ကိုယ့္ကိုအၾကာႀကီးၾကည့္ေနလို႔ေလ ထပ္ၾကည့္ခ်င္အုံးမယ္ထင္လို႔ "
" ဘယ္မွာၾကည့္လို႔လဲ ခြန္စကိုင္းေနာ္ လူကိုလာစြပ္စြဲမေနနဲ႕ "
စကိုင္းက နာနီ႕ရဲ႕ခ်စ္ဖို႔ေကာင္းတဲ့အျပဳအမႉေတြေၾကာင့္ ေခါင္းခါရင္းရယ္ေန႐ုံသာတတ္နိုင္ေတာ့တယ္။
" နီနီ ေခါင္းမသုတ္ဘူးလားဗ် ေနမေကာင္းျဖစ္ေနလိမ့္မယ္ "
" သုတ္ထားၿပီးပါၿပီ နည္းနည္းပဲစိုေတာ့တာ "
နာနီက ငယ္ငယ္ထဲက ေခါင္းေလွ်ာ္ၿပီး ေခါင္းသုတ္ဖို႔ပ်င္းတဲ့သူျဖစ္တယ္။ မိဘေတြအိမ္ေရာက္ရင္ေတာ့ အေမျဖစ္သူကေတာ့ သုတ္ေပးတယ္။
စကိုင္းက နာနီ႕အနားကို ေရာက္လာၿပီး နာနီ႕လက္ကိုဆြဲၿပီး ကုတင္ေပၚမွာထိုင္ခိုင္းတယ္။ ေနာက္ေတာ့ သဘတ္တစ္ထည္ယူလာၿပီး နာနီ႕အေနာက္မွာေနရင္း နာနီ႕ေခါင္းကိုညင္ညင္သာသာေလးသုတ္ေပးတယ္။
နာနီ ေခါင္းေမာ့ၾကည့္တဲ့အခ်ိန္နဲ႕စကိုင္းေခါင္းငုံ႕ေနတဲ့အခ်ိန္က ထပ္တူက်သြားတာေၾကာင့္ အၾကည့္ခ်င္းဆုံသြားတယ္။ နာနီ ေတာ္ေတာ္နဲ႕ စကိုင္းအၾကည့္ကိုမလႊဲနိုင္။
စကိုင္းက ယုဒၶယမွာေတြ႕ခဲ့တဲ့ သူနဲ႕ တူတာလား၊ တစ္ေယာက္ထဲလားဆိုတာကိုပင္ နာနီမသိနိုင္ေတာ့ေပ။ ျဖစ္နိုင္ရင္ ဒီစကိုင္းကိုလည္း နာနီ႕အနားမွာ အခ်ိန္ျပည့္ရွိေစခ်င္တယ္။ နာနီ ဒီလူနဲ႕အတူရွိေနတဲ့အခါလည္း ႏြေးေထြးမႈ ေပ်ာ္႐ႊင္မႈကိုအကုန္ခံစားရတယ္။ နာနီေပ်ာ္တယ္။
" နီနီဗ် ဒီလိုကိုယ့္ကိုဆက္ၾကည့္ေနအုံးမယ္ဆိုရင္ ကိုယ္က နီနီ႕ကို ဘယ္လိုေခါင္းသုတ္ေပးရေတာ့မလဲဗ် "
နာနီ ေခါင္းေလး ျပန္ခ်လိဳက္ၿပီး ႏႈတ္ခမ္းစူကာ မေက်မနပ္ေလသံနဲ႕
" ခြန္စကိုင္း နာနီလို႔ပဲေခၚပါဆို "
စကိုင္းစီက ရယ္သံေလးထြက္လာၿပီး
" အျပင္မွာတုန္းက နီနီ ဆို "
" ခြန္စကိုင္းေနာ္ "
" နီနီ ေနာ္ "
" ခြန္စကိုင္း!! "
" ခင္ဗ်ာ "
နာနီ ဘာမွမေျပာေတာ့ဘဲ မတ္တပ္ထရပ္လိုင္ၿပီး စကိုင္းကိုၾကည့္ရင္းမ်က္ေစာင္းထိုးလိုက္တယ္။ ၿပီးတာနဲ႕ အျပင္ဘက္ကို ထြက္သြားလိုက္တယ္။ အဲ့ခြန္စကိုင္းနဲ႕အတူတူမေနဘူး အခန္းေျပာင္းမယ္ လူကိုအၿမဲတမ္း စေနေတာ့တာပဲ။
နာနီ ေအာက္ထပ္ကိုေရာက္လာရင္း ပတ္ၾကည့္မိေတာ့ မီးဖိုေခ်ာင္အခန္းနားေရာက္လာတယ္။ နာနီ အထဲဝင္ေတာ့ နာနီ႕အေမနဲ႕ အျခားအေဒၚႀကီးတစ္ေယာက္က ခ်က္ျပဳတ္ေနၾကတာ။
" မဂၤလာပါ အေဒၚ "
" အယ္ သား နာနီေလးပဲ ဘာလို႔လဲသား ဗိုက္ဆာလို႔လား "
စကိုင္းရဲ႕အေမက နာနီ႕ကိုႏြေးေထြးစြာႀကိဳဆိုရင္းေမးတယ္။
" မဟုတ္ပါဘူးဗ် ကြၽန္ေတာ္ ပတ္ၾကည့္ေနရင္းေရာက္လာတာပါ ကြၽန္ေတာ္ဘာကူလုပ္ေပးရမလဲဗ် "
" ရပါတယ္နာနီေလးရဲ႕ သားပ်င္းေနလို႔ဆို ဒီမွာထိုင္ရင္း အန္တီတို႔နဲ႕စကားေျပာလို႔ရတယ္ေလ သားထိုင္ "
နာနီၿပဳံးျပၿပီး ထိုင္ခုံမွာသြားထိုင္ေနလိုက္တယ္။ စားပြဲေပၚမွာ ဟင္းပြဲအခ်ိဳနဲ႕ အခ်ိဳပြဲသုံးေလးပြဲကိုရွိေနၿပီး နာနီ thong yip ပန္းကန္ကိုျမင္ရတာေၾကာင့္ အံ့ဩသင့္သြားၿပီး။
" အန္တီဗ် ဒါ thong yip မဟုတ္လားဗ် "
နာနီေမးေတာ့ စကိုင္းရဲ႕အေမက နာနီ႕ဘက္ကိုလွည့္ၾကည့္ၿပီး
" နာနီေလးက thong yip ကိုလည္းသိတာလား၊ အယုဒၶယေခတ္အခ်ိဳပြဲေလးေလ ဒီဘက္ေခတ္မွာေတာ့ ရွားသြားၿပီ စားတဲ့သူေတြေတာင္ "
" အန္တီ ကြၽန္ေတာ္တစ္ခုေလာက္စားၾကည့္လို႔ရမလား ဟီး "
" ရတာေပါ့ ရတာေပါ့ စားၾကည့္ နာနီေလး "
နာနီလည္း ခြင့္ျပဳကာမွ တစ္ခုယူၿပီးစားၾကည့္လိုက္တယ္။ အရသာကေတာ့ အယုဒၶယမွာ စားခဲ့တာနဲ႕ထပ္တူမက်ေပမယ့္ တကယ္ကိုစားလို႔ပင္ေကာင္းတယ္။
" အြန္းး အန္တီ အရမ္းစားလို႔ေကာင္းတာပဲ "
စကိုင္းရဲ႕အေမက နာနီ႕ကိုၿပဳံးကာၾကည့္ေမတယ္။
" နာနီေလးက တကယ္ကိုစားတတ္တာပဲ "
" တကယ္ေတာ့ ကြၽန္ေတာ္ အဲ့အခ်ိဳပြဲကိုလုပ္လည္းလုပ္တတ္တယ္ဗ် ဟီး "
နာနီေျပာေတာ့ စကိုင္းရဲ႕အေမက အံ့ဩသြားသလိုၾကည့္လာရင္းၿပဳံးျပတယ္။
" တကယ္လားကြဲ႕ "
" ဟီး ဟုတ္တယ္ဗ် ကြၽန္ေတာ္က အိမ္မွာတစ္ေယာက္ထဲပဲေနျဖစ္တာဆိုေတာ့ ဟင္းခ်က္နည္းေတြမုန႔္လုပ္နည္းေတြကိုေတာ္ေတာ္မ်ားမ်ားသိတယ္ဗ် ဟီး "
နာနီေျပာၿပီး စကိုင္းအေမနားကိုထကာသြားလိုက္ၿပီး ေနရာတစ္ခုကေနရပ္ေနရင္း ၾကည့္ေနတယ္။
" ဘာလုပ္ေနတာလဲ သိခ်င္လို႔လားနာနီေလး "
နာနီစိတ္ဝင္တစားၾကည့္ေနတာကို သတိထားမိေတာ့ စကိုင္းရဲ႕အေမက ေမးလိုက္ျခင္းျဖစ္တယ္။ နာနီက ေခါင္းေလးတဆက္ဆက္ၿငိမ့္လိုက္ေတာ့ စကိုင္းရဲ႕အေမက သေဘာတက်ရယ္ကာ နာနီေခါင္းေလးကိုပြတ္လိုက္ေသးတယ္။
" နာနီေလးက တကယ္ခ်စ္စရာေလးကြယ္ ဒါေၾကာင့္သားေလးက သေဘာက်တာေနမွာ "
နာနီရဲ႕နား႐ြက္ေလးေတြရဲတက္သြားၿပီး အသံပိစိေလးနဲ႕ေမးလိုက္တယ္။
" ဗ်ာ "
စကိုင္းရဲ႕အေမက ၿပဳံးကာ မုန႔္ကိုလုပ္ေနရင္း နာနီ႕ကိုေျပာတယ္။
" ဟုတ္တယ္ကေလးရဲ႕ သားစကိုင္းက အေနေအးတယ္ေလ သူငယ္ခ်င္းေတြလည္းဘယ္ေတာ့မွေခၚမလာတတ္ဘူး "
" ေအာ္ အဲ့တာဆို အားလုံးကိုေပါ့ "
နာနီရဲ႕စကားကိုၾကားေတာ့ စကိုင္းရဲ႕အေမက ရယ္လိုက္ပီး
" သားက နာနီေလးကိုပဲ သေဘာက်တဲ့ပုံပါ ၾကည့္ပါလား အေမတို႔ကိုသားနဲ႕ပဲ မိတ္ဆက္ေပးတာေလ "
နာနီျပန္စဥ္းစားမိေတာ့လည္း ဟုတ္ေနတာေၾကာင့္ အနည္းငယ္ေတာ့ေက်နပ္မိသြားတယ္။ ၿပဳံးမိလိုက္ၿပီး အေဒၚလုပ္ေနတဲ့ အခ်ိဳပြဲမုန႔္ကိုပဲ အာ႐ုံစိုက္ၾကည့္လိုက္တယ္။
" ဒါက luk chup လို႔ေခၚတယ္။ ပဲကိုအဓိကထားၿပီးလုပ္ရတဲ့ အခ်ိဳပြဲပဲ အခုက ပုံေဖာ္ေနတာ၊ အသီးပုံစံ ႀကိဳက္သလိုေဖာ္လို႔ရတယ္ ဒါၿပီးရင္ ဟိုက အေရာင္ေလးေတြတင္ေပး႐ုံပဲ၊ နာနီေလး လုပ္ခ်င္လို႔လား "
အေဒါ့္ရဲ႕အေမးစကားေၾကာင့္ နာနီေခါင္းကိုတဆက္ဆက္ညိမ့္လိုက္တယ္။ အေဒါ့္ေဘးနားခ်က္ခ်င္းကပ္သြားၿပီး မုန႔္အလုံးေလးေတြကိုယူကာ အေဒၚလုပ္တဲ့အတိုင္းလိုက္လုပ္လိုက္ေတာ့ ပုံေလးထြက္လာတယ္။ နာနီစစခ်င္းလုပ္တာမို႔ ပုံစံေတာ့မက်ေပ။
တေျဖးေျဖးလုပ္ေနရင္းနဲ႕ပင္ ပုံေလးက်ကာ ပိုၿပီးလွလာတာေၾကာင့္ နာနီၿပဳံးလိုက္တယ္။ မုန႔္လုံးေတြအကုန္ၿပီးတာနဲ႕ အနားမွာရွိတဲ့ မုန႔္အေရာင္တဲ့ ကာလာေဆးေတြကို လိုက္သုတ္ေပးလိုက္တယ္။
နာနီ လုပ္ေနရင္း တစ္ေယာက္ေယာက္ၾကည့္ေနတယ္လို႔ခံစားရတာေၾကာင့္ ေခါင္းေမာါၾကည့္လိုက္ေတာ့
" အို႔ ခြန္စကိုင္း!! "
" အယ္ သားေရာက္ေနတာပဲ အသံေတာင္မေပးဘူး "
စကိုင္းက မီးဖိုခန္းအဝမွာ နံရံကိုမွီရပ္ရင္း နာနီ႕ကိုၿပဳံးကာၾကည့္ေနတာပင္။ ေရကူးမွာမို႔ထင္ အေပၚက တီရွပ္အပြကိုပဲ ေဘာင္းဘီ အတိုအနက္ေလးနဲ႕တြဲဝတ္ထားတာ။ လက္မွာလဲ ဆြယ္တာပန္းေရာင္တစ္ထည္ကိုလည္း လက္မွာကိုင္ထားေသးတယ္။ ဒီလိုေတာင္ ၾကည့္လို႔ကိုေကာင္းေနတာ အျမင္ကပ္လိုက္တာေနာ္။
" မဂၤလာပါ အေမဗ်၊ အခန္းထဲက လူကိုထိုးၿပီးထြက္သြားတဲ့ ေၾကာင္ေပါက္စေလးကို လိုက္ရွာရင္း ဒီကိုေရာက္လာတာပါ "
" ဟယ့္ မင္းနဲ႕လည္း ဘယ္ေၾကာင္ကထိုးတတ္လို႔တုန္းကြဲ႕ "
နာနီ စကိုင္းကို မ်က္ေစာင္းထပ္ထိုးလိုက္ၿပီး မုန႔္ကိုပဲအေရာင္တင္ဖို႔ကို အာ႐ုံစိုက္ေနလိုက္တယ္။ ဘယ္တုန္းကသူ႕ကိုထိုးမိလို႔လဲ မဟုတ္တာေတြလာလာေျပာေနတယ္။
" ကြၽန္ေတာ့္ေၾကာင္ေလးက စိတ္ဆိုးရင္ထိုးတတ္တယ္ဗ် တစ္ခါတစ္ေလ သူက ကိုက္လည္းကိုက္တတ္ေသးတာ "
" ခြန္စကိုင္းေနာ္ မဟုတ္တာေတြလာေျပာေနတယ္ ဘယ္တုန္းက ခြန္စကိုင္းက ကိုက္ဖူးလို႔လဲ ဘယ္တုန္းကေရာ ထိုးဖူးလို႔လဲ "
နာနီ႕အသံထြက္လာမွ စကိုင္းရဲ႕အေမက ေသေသခ်ာခ်ာနားလည္သြားပုံရကာ အသံထြက္တဲ့ထိရယ္ၾကတယ္။
" ေဟာ္ အခု နီနီ ကိုယ့္ကိုထိုးေနတာပဲေလ "
" ဟာ ဘယ္မွာထိုးလို႔လဲလို႔ ခြန္စကိုင္းေနာ္္ လူကို လာစြတ္စြဲျပန္ၿပီ "
နာနီမ်က္ေစာင္းထပ္ထိုးလိုက္ေတာ့ စကိုင္းကသေဘာတက်ရယ္ကာ နာနီ႕အနားကိုေလွ်ာက္လာၿပီး ခါးကိုင္ကာ မ်က္ႏွာကို နာနီ႕နားထိတိုးလိုက္ၿပီး
" နီနီ အခုကိုယ့္ကို မ်က္ေစာင္းထိုးေနတယ္ေလ "
နီးကပ္လြန္းတဲ့အကြာအေဝးက တစ္ေယာက္ႏွလုံးခုန္သံ တစ္ေယာက္ၾကားရေလာက္တဲ့အေျခအေန။
နာနီ မ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ၿပီး မ်က္ႏွာကိုေရွာင္လႊဲလိုက္ေတာ့မွ စကိုင္းက ခြာေပးၿပီး နာနီ႕ေဘးနားလာထိုင္တယ္။
" ကဲကဲ နာနီ႕ကိုထပ္စမေနနဲ႕ ဟိုမွာရွက္ေနၿပီ ၾကည့္လိုက္အုံး "
စကိုင္းရဲ႕အေမက ေျပာလာတာေၾကာင့္ နာနီ ထိုင္ေနရာက ထရပ္လိုက္ၿပီး
" ကြၽန္ေတာ္သြားနားလိုက္အုံးမယ္ဗ် "
ဆိုၿပီး ထြက္သြားေတာ့ စကိုင္းက နာနီ႕အေနာက္ကေန လိုက္လာတယ္။ နာနီက အျပင္ဘက္ကိုထြက္လာတာျဖစ္တယ္။ ေနသာေနေပမယ့္ ေလက တိုက္ေနေသးတာေၾကာင့္ ခ်မ္းစိမ့္စိမ့္ျဖစ္ေနေသးတယ္။
" နာနီ ဗ် "
" အစ္ကို စကိုင္းရွင့္ "
နာနီ႕နာမည္ကိုစကိုင္းကေခၚေပမယ့္ နာနီလွည့္မၾကည့္ဘဲ အေရွ႕ကိုဆက္ေလွ်ာက္ေနမိေပမယ့္ အေနာက္ဘက္က အသံဆာဆာနဲ႕လီလီ့ရဲ႕အသံထြက္လာတဲ့အခါမွာေတာ့ နာနီ မ်က္ေမွာင္ၾကဳပ္ကာၾကည့္လိုက္မိတယ္။
" အစ္ကိုစကိုင္းရွင့္ "
" ေအာ္ လီလီ "
စကိုင္းက လီလီ့ဘက္လွည္ကာစကားေျပာေနေသးတယ္။ နာနီမ်က္ေမွာင္ၾကဳပ္ၿပီး စကိုင္းေဘးနား သြားရပ္ကာ စကိုင္းအကၤ်ီစေလးကို လက္ေလးနဲ႕ ဖြဖြေလးမသိမသာကိုင္ထားလိုက္တယ္။
စကိုင္းကိုၾကည့္မိေတာ့ စကိုင္းကၿပဳံးသြားတယ္။ ဟြန္း အဲ့လီလီနဲ႕စကားေျပာရတာအရမ္းေပ်ာ္ေနပုံပဲ အံ့ဩပ့။
" ခ်မ္းတယ္ေနာ္ ရာသီဥတုက "
" အဟြန္း "
လီလီ့စကားသံကိုၾကားေတာ့ နာနီေခ်ာင္းဟန႔္လိုက္တယ္။ မသိတာၾကလို႔ စကိုင္းလက္ထဲက ဆြယ္တာကိုေတာင္းေနတာေလ ရိုးေနၿပီ။
" အင္း ဟုတ္တယ္ လီလီလည္း အခန္းျပန္ၿပီးနားရင္နားေပါ့ "
စကိုင္းေျပာလိုက္ေတာ့ လီလီကမ်က္ႏွာကြက္ခနဲပ်က္သြားတယ္။
" လီလီဖ်ားေတာ့မယ္ထင္တယ္ လီလီ အႏြေးထည္ယူလာဖို႔ေမ့သြားတယ္ "
" ေအာ္ အင္းေနာ္ "
နာနီလည္း စကိုင္းရဲ႕ အကၤ်ီစကို မလႊတ္ဘဲကိုင္ထားဆဲပင္။
" အဟြတ္ ဟို အစ္ကိုစကိုင္းရွင့္ ညီမကို အစ္ကို႔လက္ထဲကဆြယ္တာေလး ငွားလို႔ရမလားရွင့္ ေနာက္ေန႕က်ေသခ်ာေလွ်ာ္ၿပီးျပန္ေပးပါ့မယ္ေနာ္ အဟြတ္အဟြတ္ "
နာနီ႕မ်က္ႏွာမွာအလိုမက်တဲ့ပုံရိပ္ေတြကပိုလာတယ္။ စကိုင္းအကၤ်ီစကိုကိုင္ထားတဲ့နာနီ႕လက္ေတြကလည္းတင္းက်ပ္လာတယ္။
စကိုင္းကိုၾကည့္မိေတာ့ ေတြးေတာေနပုံရၿပီး ဆြယ္တာကိုလီလီ့ထံကမ္းေပးလိုက္တယ္။
" ဒီမွာပါ "
နာနီ႕မ်က္ႏွာက ပိုမည္းေမွာင္သြားၿပီး စကိုင္းအကၤ်ီစကိုကိုင္ထားရာမွ လႊတ္လိုက္ၿပီး စကိုင္းရဲ႕ခါးကိုလက္နဲ႕လိမ္ဆြဲလိုက္တယ္။ ေျခေဆာင့္ကာထြက္လာလိုက္တယ္။
" နာနီဗ် နာနီ.."
နာနီ႕ေျခလွမ္းေတြကမေျပး႐ုံတမယ္ပင္ ပိုသြက္လာတယ္။ စကိုင္းက အေနာက္ကေျပးလာၿပီး နာနီ႕လက္ကိုဆြဲကာ နာနီ႕ကိုသြားေနရာမွရပ္ေစတယ္။
နာနီအေနာက္ကိုလွည့္ၾကည့္မိေတာ့ စကိုင္းလက္ထဲဆြယ္တာက ျပန္ပါမလာတာေၾကာင့္ ႏႈတ္ခမ္းစူလိုက္မိတယ္။
" ဘာလဲ လႊတ္ေနာ္ ခြန္စကိုင္း "
" နာနီဗ် ကိုယ္နဲ႕မရင္းႏွီးတဲ့ေနရာေတြကို ဒီလိုေလွ်ာက္သြားေနလို႔မျဖစ္ဘူးေနာ္ "
စကိုင္းစီကထြက္လာတဲ့ စကားေၾကာင့္ နာနီ စကိုင္းရဲ႕မ်က္လုံးတည့္တည့္ကိုစိုက္ၾကည့္လိုက္မိတယ္။ အယုဒၶယေခတ္တုန္းက ျဖစ္ခဲ့တဲ့အျဖစ္အပ်က္နဲ႕တူေနတာကို သတိရမိသြားတဲ့အခါ နာနီ႕ရင္ဘတ္ထဲတင္းက်ပ္သြားတယ္။
" လႊတ္... "
နာနီ႕အသံက အနည္းငယ္တုန္ေနတာေၾကာင့္စကိုင္းစိုးရိမ္စိတ္ႀကီးစြာ လက္ကိုပိုတင္းက်ပ္စြာကိုင္လာရင္း
" ဘာျဖစ္တာလဲဗ် တစ္ခုခုျဖစ္လို႔လား နာနီအဆင္ေျပရဲ႕လား ကိုယ္တစ္ခုခုမွားတာလုပ္မိလို႔လား ကိုယ္ေတာင္းပန္တယ္ေနာ္ နာနီဗ် "နာနီ စိတ္ကိုတင္းလိုက္ၿပီး စကိုင္းလက္ကို႐ုန္းလိုက္ကာ
" ဟြန္း ေတာ္ပါ လာမေျပာနဲ႕ "
နာနီရဲ႕ျပန္အဆင္ေျပသြားတဲ့ပုံကိုျမင္ရေတာ့ စကိုင္းျပန္ၿပဳံးနိုင္ၿပီး
" ကိုယ့္ကို စိတ္ေကာက္ေနတာလားဗ် "
" ေကာက္စရာလား မေကာက္ပါဘူးေနာ္ "
နာနီက ေျပာၿပီးအေနာက္ကိုလွည့္လိုက္ေတာ့ ေအေဂ်နဲ႕ေဂ်ေဂ် စက္ဘီးပတ္စီးေနၾကတာကိုေတြ႕ရတာေၾကာင့္ နာနီလက္ျပလိုက္ေတာ့ စက္ဘီးကိုနာနီ႕ေရွ႕မွာရပ္ၾကတယ္။
" သားႀကီး ဟိုဘက္မွာ ဆိုင္ေတြအမ်ားႀကီးဟ လွလည္းလွတယ္ဟ သြားၾကမလား ငါ့စက္ဘီးေပၚတက္ "
" ရတယ္ ရတယ္ ငါ့ကိုစက္ဘီးခဏငွား ငါ့ဘာငါသြားႀကီးမယ္ " ဆိုၿပီး နာနီ႕က ေအေဂ့်ကိုစက္ဘီးေပၚက ေမာင္းထုတ္ၿပီး ကိုယ့္ဟာကိုယ္ေမာင္းသြားလိုက္တယ္။
စကိုင္းကလည္း ေဂ်ေဂ့်နားသြားရပ္လိုက္ေတာ့ ေဂ်ေဂ်က ရယ္ျပၿပီး စက္ဘီးေပၚကေန အလိုက္တသိနဲ႕ဆင္းေပးတယ္။
အခုေတာ့ စက္ဘီးကိုငွားလာတဲ့လူႏွစ္ေယာက္က ရပ္ၿပီးသာၾကည့္ေနနိုင္ေတာ့တယ္။... နာနီလည္း ပတ္ၾကည့္ရင္း ေကာ္ဖီဆိုင္၊ကိတ္မုန႔္ဆိုင္၊စာအုပ္ဆိုင္ေတြကိုအမ်ားႀကီးေတြတယ္။ အနည္းငယ္ေရွးက်တဲ့ ဆိုင္တစ္ဆိုင္ေရွ႕မွာ စက္ဘီးရပ္လိုက္ၿပီး အထဲဝင္ၾကည့္လိုက္ေတာ့ စာအုပ္အေဟာင္းေတြႀကီးပဲျဖစ္တယ္။
စကိုင္းလည္း နာနီဝင္သြားတဲ့ ဆိုင္အေရွ႕ စက္ဘီးကို ရပ္ၿပီး ဆိုင္ထဲဝင္သြားလိုက္တယ္။ ဝင္ဝင္ခ်င္း စာအုပ္အေဟာင္းေတြရဲ႕ အနံ႕အသက္က ေမႊးေနတာမ်ိဳးမဟုတ္သလို မေမႊးတာမ်ိဳးလည္းမဟုတ္ အနံ႕ထဲမွာကိုက အမွတ္တရမ်ားစြာပါဝင္ေနသလိုမ်ိဳး။
စာအုပ္တန္း သုံးတန္းေလာက္ဝင္သြားလိုက္ေတာ့ နာနီ႕ကိုေတြ႕လိုက္ရၿပီး စာအုပ္ဆိုင္ပိုင္ရွင္ဟုထင္ရတဲ့ အသက္လတ္ပိုင္းအမ်ိဳးသမီးကိုလည္းေတြ႕ရတယ္။ စကိုင္းလည္း နာနီ႕ေဘးနားသြားရပ္လိုက္ၿပီး
" အဟမ္းအဟမ္း "
လွည့္မၾကည့္လာေပ။ ထပ္ၿပီး အသံတိုးတိုးနဲ႕ထပ္ေခၚလိုက္တယ္။
" နာနီေလးဗ်~ "
ဒါလည္း လွည့္မၾကည့္လာေပ။ စကိုင္းတစ္ခုခုကိုေတြးမိၿပီး စာအုပ္ရွာေနဟန္ျဖစ္
" နည္းနည္းေလာက္ လွည့္ၾကည့္ပါအုံးလား "
ဆိုကာမွ အလိုမက်တဲ့မ်က္ဝန္းလွလွတို႔ျဖင့္ စကိုင္းဘက္ကိုလွည့္ၾကည့္လာသည္။ ခ်စ္ဖို႔ေကာင္းလြန္းလို႔ ႐ူးရပါၿပီ။
" ဆိုတဲ့ စာအုပ္ရွိလားဗ် "
" ေဟ တစ္ခါမွမၾကားဖူးဘူးေနာ္ "
" ေအာ္ဟုတ္လားဗ် ေက်းဇူး "
အဲ့ေတာ့မွ နာနီ႕ကစကိုင္းကိုမ်က္ေစာင္းထိုးရင္း အေရွ႕ကိုလွည့္သြားျပန္သည္။
" စိတ္မဆိုးပါနဲ႕ဗ် "
နာနီထပ္ၿပီးလွည့္ၾကည့္လာျပန္တယ္။ စကိုင္းလည္း ၿပဳံးစိစိျဖင့္
" ဆိုတဲ့ စာအုပ္ေရာရွိလားဗ် "
" ကဲ ဒီကေလးႏွယ္ ဘာစာအုပ္ေတြေမးေနမွန္းမသိဘူး ကိုယ့္ဘာသာရွာၿပီး ရွိရင္ယူသြားေတာ့ "
ဆိုင္ရွင္အမ်ိဳးသမီးကေျပာၿပီးထြက္သြားေတာ့ နာနီလည္း စာအုပ္ႏွစ္အုပ္ကိုယူၿပီးလိုက္ထြက္သြားတယ္။
" ဟီးဟီး "
စကိုင္းၿပဳံးျပေတာ့ နာနီကမ်က္ေစာင္းထိုးနဲ႕ စကိုင္းေျခေထာက္ကို တက္နင္းသြားပါေလေရာ။
" အာ့ "
စကိုင္းလည္း နာသြားတဲ့ေျခေထာက္ကိုကိုင္ၿပီး နာနီ႕ေက်ာျပင္ကိုၾကည့္လိုက္မိသည္။
ေၾကာင္ေလးေတြက စိတ္ဆိုးရင္ဒီလိုပဲလားဗ်။
//////////////////
HèHè
There are no comments yet. Log in to be the first to leave a review!





