7
19:32, 20 February 2025U
စကိုင်းက နာနီပြေးထွက်သွားတာကိုကြည့်ပြီးပြုံးလိုက်တယ်။ ထင်ထားသလိုဖြစ်နေပြီထင်တယ်။ စကိုင်းက ငယ်ငယ်ကလေးထဲကပင် သူ့မိဘတွေနဲ့မှလွဲရင် ကျန်တဲ့သူတွေနဲ့ဆို အဆင်မပြေခဲ့တာများလို့တစ်ယောက်ထဲပဲနေဖြစ်တာများတယ်။
နာနီ့ကိုစစတွေ့တဲ့နေ့ သူ့လက်ကောက်ဝတ်မှာကြိုးနီလေးစစတည်ရှိလာတဲ့နေ့ကနေစပြီး နာနီ့အနားရှိရတာ သူ့အတွက်အဆင်ပြေတယ်။ နာနီနဲ့အတူတူရှိချင်တယ်။ တစ်ခုခုပျော်စရာလုပ်ဖို့တွေးမိရင် နာနီ့ကိုအရင်သတိရတာမျိုး တွေဖြစ်မိတယ်။
စကိုင်းအရာအားလုံးကိုပြန်တွေးမိရင်ပင် လက်ကောက်ဝတ်ကအနီရောင်ကြိုးအမျှင်လေးကိုကိုင်ကြည့်လိုက်တယ်။ ဒီကြိုးနီကသူတို့အတွက်ဖူးစာကြိုးနီလေးဖြစ်နေခဲ့သလား။ဒီကြိုးနီလေးကိုဖျက်ပစ်ဖို့ရယ်တစ်ခါမှ မစဉ်းစားမိ။ နာနီ့လက်မှာကြိုးနီလေးရှိတာကိုမြင်ရင်စိတ်ထဲအလိုလိုဝမ်းသာလာမိတယ်။
ကံကြမ္မာရဲ့ရွေးချယ်မှုသာဆို စကိုင်းငြင်းဆိုမှာမဟုတ်ပေ။ အကယ်၍ ကံကြမ္မာရဲ့ရွေးချယ်မှုမဟုတ်ဘူးဆိုပြန်ရင်လည်း စကိုင်း နာနီ့ကိုဘယ်တော့မှငြင်းဆိုမှာမဟုတိပေ။နာနီက သူ့အတွက် တကယ်ကို စိတ်အေးချမ်းစေရာလေးဖြစ်တယ်။ နာနီ့အတွက်လည်း သူက ထပ်တူဖြစ်စေချင်တယ်။
နာနီထွက်သွားတဲ့လမ်းကနေပဲ စကိုင်းပြန်ထွက်လာလိုက်တော့ အဆောင်တစ်ခုမှာ နာနီ့ရဲ့ အော်သံကြားလိုက်ရတာမို့ အမြန်ပင်ပြေးသွားလိုက်တယ်။ အဆောင်ထဲရောက်တော့ နာနီက ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး ခေါင်းကိုထုရိုက်နေတယ်။
" နာနီ.."
နာနီ့စီ အလျင်အမြန်ပြေးသွားလိုက်တယ်။စကိုင်းကအစေခံတွေကိုအော်ခေါ်လိုက်ပြီး နာနီ့ကိုပွေ့ချီကာ ကုတင်ပေါ်ထက် ညင်ညင်သာသာတင်ပေးလိုက်တယ်။
နာနီရဲ့အစေခံတွေကရောဒီအချိန်မှာဘယ်ရောက်နေတာလဲ။နာနီ့အနားမှာဘယ်တော့မှအစေခံအများအပြားကိုမတွေ့ရတတ်။ လီနာဘေးနားမှာသာ သုံးလေးယောက်ရှိကောင်းရှိနေလိမ့်မယ်။ စကိုင်းတွေ့သမျှ နာနီတစ်ယောက်ထဲသာ။ တစ်ခါတစ်ရံမှသာ အိုက်ကန်ဆိုတဲ့ကောင်လေးကိုတွေ့ရတတ်တာ။
" နာနီ ခနလေးနော်...ခနလေး ကိုယ်သခင်ကြီးကိုသွားခေါ်ပေးမယ် "
စကိုင်းက နာနီ့နဖူးပေါ်က ချွေးစေးလေးတွေကိုသုတ်ပေးရင်းပြောလိုက်တယ်။ သူထဖို့အလုပ် နာနီက သူ့လက်ကိုဆုပ်ကိုင်လာပြီး။
" ဟင့်အင်း မသွားပါနဲ့၊ နာနီ့ကိုတစ်ယောက်ထဲထပ်မထားသွားပါနဲ့ "
နာနီက အသံပိစိလေးနဲ့ပြောလာတာကြောင့် ကျွန်တော််နာနီ့ဘေးမှာပြန်ထိုင်လိုက်ပြီး နာနီ့မျက်နှာက မျက်ရည်လေးတွေကိုဖွဖွလေးသုတ်ပေးလိုက်တယ်။ တိုးတိုးသာသာပြောတဲ့အပြင် ဒီဒေသရဲ့စကားမဟုတ်တာကြောင့် စကိုင်းကအပြည့်အစုံနားမလည်ပေမယ့် နာနီကသူ့ကိုအနားရှိစေချင်နေမှန်း စကိုင်းခံစားရတယ်။
" ကိုယ်ရှိတယ်နော် နာနီ.. နာနီ့ရဲ့ဘေးမှာကိုယ်ရှိနေမယ်နော် "
"အွန်းးးးခွန်...စကိုင်း "
နာနီ့ရဲ့နှုတ်ခမ်းမှ ခွန်စကိုင်းဆိုတဲ့ အသံလေးကပီပီပြင်ပြင်ထွက်လာတာမို့ စကိုင်းရဲ့စိတ်ထဲဝမ်းနည်းမှုနဲ့ဝမ်းသာမှုရောယှက်တဲ့ခံစားချက်တစ်ခုတိုးလို့ဝင်လာတယ်။
စကိုင်းကပြုံးလိုက်ပြီး
" စိတ်မပူပါနဲ့ ကိုယ်နာနီ့အနားမှာအမြဲရှိနေပေးမှာမို့ စိတ်မပူပါနဲ့ "
နာနီက သူရောက်လာချင်းကလို ခန္ဓာကိုယ်က တုန်ရီမနေတော့ဘဲ တဖြေးဖြေးချင်ငြိမ်သက်လာတယ်။စကိုင်းရဲ့လက်ပေါ်မှာ အိပ်ပျော်သွားပုံရတဲ့နာနီက ငြိမ်သက်သွားတယ်။ စကိုင်းက နာနီ့ခေါင်းအောက်လျှိုဝင်နေတဲ့ လက်တစ်ဖက်ကိုထုတ်လိုက်ပြီး နာနီ့ရဲ့နဖူးပေါ်တင်နေတဲ့ ဆံပင်လေးတွေကိုသပ်ပေးလိုက်တယ်။
ဒီအချိန်ထိတိုင် အစေခံရယ်လို့တစ်ယောက်ကမှပေါ်မလာ ပြီးတော့ နာနီ့အဆောင်ကအနောက်ဘက်ကျနေသေးသည်။ စကိုင်းစိတ်ထဲ မရေမရာဖြစ်လာတယ်။ စကိုင်းအနောက်ကနေ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ခံစားရလို့လှည့်ကြည့်လိုက်တော့။
" အာ သ..သခင်လေး စကိုင်းရှင့် ခုနက အော်သံကြားမိလို့ "
လီနာက စကိုင်းလှည့်ကြည့်လိုက်တော့မှအသံထွက်လာတယ်။ လီနာ့လက်ကိုကြည့်မိတော့ တင်းနေအောင်ဆုပ်ထားတယ်။ လီနာကအခုနာနီ့ကိုစိတ်မပူဘူးလား။ စစတွေ့တုန်းက သူပဲနာနီ့ကိုအရမ်းစိတ်ပူနေတဲ့ပုံစံနဲ့လေ။
" အစ်ကိုနာနီ ဘာဖြစ်တာလဲရှင့် "
" အဆင်ပြေသွားပါပြီ ဘာလို့ ခွန်နာနီ့နားမှာ အစေခံတစ်ယောက်မှ မရှိရတာလဲ "
စကိုင်းအသံက မာကောင်းမာနေနိုင်တယ်။ သူ့စိတ်ထင်လားမသိပေမယ့် နာနီတစ်ယောက်ထဲ ဒီစံအိမ်နဲ့ကွဲထွက်နေသယောင်။ စကားပြောပုံကအစဒီစံအိမ်ကလူတွေနဲ့မတူဘူး။
" အာ အစ်ကိုက ဒီစံအိမ်က အစေခံတွေနဲ့ ဟို မတည့်တာပါ "
" မတည့်တာဆိုတာက ဘာသဘောကိုပြောတာလဲ "
" ဟို အဲ့တာက အစ်ကိုနာနီက အရင်ထဲက အစေခံတွေကိုအမြဲရိုက်နှက်နေတာမို့ အစေခံတွေက အစ်ကိုနဲ့အဆင်မပြေကြတာပါ "
အစ်ကိုနာနီကအစေခံတွေကိုရိုက်နှက်နှိပ်စက်တဲ့ဆိုတဲ့စကားအဆုံး စကိုင်းရဲ့မျက်ခုံးနှစ်ဖက်ဟာအပေါ်ကိုမြင့်တက်သွားတယ်။ပြီးတော့ အိပ်ပျော်နေတဲ့ နာနီ့ရဲ့လက်ဖဝါးတွေကိုကြည့်လိုက်မိတယ်။
*ဟင့်အင်း မဖြစ်နိုင်တာ ကိုယ့်နာနီလက်ဖဝါးကနူးနူးညံ့ညံ့လေးတွေ ဘယ်လိုလုပ် ကြာပွတ်ကိုကိုင်နိုင်မှာတဲ့လဲ*
" ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှင်နဲ့အစေခံ အိမ်ရှင်ကိုအကူအညီမဖြစ်စေမယ့်အစေခံတွေကိုဆို ဘာလို့စံအိမ်မှာဆက်ထားနေစရာလိုသလဲ"
" အာ အစ်ကိုနာနီ့ရဲ့ ကိုယ်ပိုင်အစေခံက ခုနက သခင်ကြီးသွားတဲ့နောက်ပါသွားရလို့ အစ်ကိုနာနီကလည်း အရင်ထဲက အစေခံတွေနဲ့ အဆင်မပြေတာကြောင့် အစေခံတွေမထားပေးဖြစ်တော့တာပါ "
" သခင်ကြီးက မိန့်တာလားဗျ "
စကိုင်းရဲ့အမေးစရာကို လီနာမဖြေဘဲရပ်နေတော့ စကိုင်းကတကယ်ဒေါထွက်မိသွားတယ်။
" သခင်ကြီး...ကတောင်မမိန့်ထားဘဲ ဒီလိုတွေဖြစ်နေတာကို ခွန်နာနီညီမဖြစ်တဲ့မင်းက လက်ခံနိုင်တယ်တဲ့လား "
စကိုင်းက စစချင်းအသံကျယ်မလိုဖြစ်ပေမယ့် ဘေးနားဝယ်အိပ်နေတဲ့နာနီကြောင့်အသံကိုပြန်ထိမ်းလိုက်ရတယ်။
" သခင်လေးစကိုင်းရှင် အစ်ကိုနာနီက အစေခံတွေကိုမသနားပေမယ့် ကျွန်မကတော့သနားတယ်ရှင့် "
စကိုင်းဘာမှဆက်မပြောနေတော့ဘူး။ဘာလို့ဆို နာနီကသူ့ရဲ့လက်ကိုဆုပ်ကိုင်လာလို့ပင်။
" သခင်ကြီးကိုတင်ပြသင့်တယ်လို့ ကျွန်တော်တော့ထင်ပါတယ်။ သခင်မလေးလီနာကပဲဆောင်ရွက်သင့်ပါတယ်။ "
စကိုင်းက စကားကိုပြေပြေလည်လည်ပြောလိုက်မှ လီနာ့ရဲ့မျက်ဝန်းကပြန်ဖျော့လာပြီး ပြုံးလာနိုင်တယ်။
" သခင်ကြီးကိုတင်ပြလိုက်ပါမယ်ရှင့်။ သခင်လေးရော ပြန်တော့မလားရှင့် ကျွန်မလှေဆိပ်ကမ်းကိုလိုက်ပို့ပါမယ်။ အစ်ကိုနာနီ့ကိုစိတ်မပူပါနဲ့ ညီမကိုယ်တိုင် လာကြည့်ပေးလိုက်ပါ့မယ်ရှင့် "
" အွန်း ကျွန်တော်ခနနေပြန်လိုက်ပါ့မယ်ဗျ။ အခုခနလောက်နေလိုက်ပါအုံးမယ် "
လီနာကတော့ ဟုတ်ကဲ့ရှင့်ဟုဆိုကာထွက်သွားတယ်။ အဲ့တော့မှ စကိုင်းကနာနီဘက်ကိုလှည့်ကာ။
" ဘယ်ချိန်ထဲကနိုးနေတာလဲ နာနီဗျ "
စကိုင်းက လေသံအေးအေးလေးနဲ့ပြောကာမှ နာနီမျက်လုံးတစ်ဖက်ချင်းစီဖွင့်ကြည့်လိုက်တယ်။ အပြင်ဘက်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိတာကြောင့် နာနီထထိုင်မလိုလုပ်တော့ စကိုင်းက နာနီ့ရဲ့ခါးကိုဖက်ပြီး ထူပေးတယ်။
နာနီကဘာမှမပြောဘဲ အောက်နှုတ်ခမ်းလေးကိုက်ကာ ခေါင်းလေးငုံ့ထားတယ်။
" နာနီဗျ အဆင်ပြေရဲ့လား "
နာနီအသံလည်းမထွက် ခေါင်းလည်းမမော့ဘဲ ခေါင်းလေးငြိမ့်ပြလိုက်တယ်။အမှန်တိုင်းပြောရရင် နာနီအရမ်းဝမ်းနည်းနေတာ။ ဒီရောက်ထဲက သူ့ကိုတကယ်ဂရုစိုက်တဲ့သူမရှိဘူးဆိုတာ သူသိလိုက်ရပြီလေ။
နာနီထံမှာ ရှိုက်သံညင်ညင်လေးထွက်လာတော့ စကိုင်းက ဘာလုပ်လို့လုပ်ရမလဲကိုပင်မသိတော့။
" နာနီ အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲ တစ်ခုခု ဖြစ်လို့လား "
စကိုင်းက မေးနေတုန်းပင်ရှိသေး နာနီက သူ့ပုခုံးပေါ် ခေါင်းကိုဝှက်ကာစတင်ငိုကြွေးတော့သည်။ စကိုင်းကလည်းအလိုက်သင့် နာနီ့ရဲ့ကျောကုန်းကိုဖွဖွလေးပုတ်ပေးလိုက်တယ်။
" နာနီအိမ်ပြန်ချင်တယ်...ဒီမှာ ဘယ်သူမှနာနီ့ကိုမလိုချင်ကြဘူး "
ငိုသံရောကာ ကလေးလေးတစ်ယောက်လိုပြောနေတဲ့နာနီကြောင့် စကိုင်းပင်စိတ်မကောင်း။
" ကိုယ်ရှိတယ်နော် နာနီ၊ ကိုယ်လိုချင်တယ်နော် "
စကိုင်းပြောတော့ နာနီက စကိုင်းပုခုံးထက်မျက်နှာဝှက်ထားရမှထလာပြီး စကိုင်းကိုတစ်ချက်မော့ကြည့်တယ်။ နောက်တော့ နှုတ်ခမ်းလေးမဲ့သွားကာ ပုခုံးထက် မျက်နှာပြန်ရောက်သွားတော့တယ်။
စကိုင်းက ဝမ်းသာပါတယ်။ နာနီ့ရဲ့အဆိုးဆုံးအချိန်မှာ စကိုင်းကသူ့ဘေးနားရှိနိုင်လို့လေ။
ငိုတာဝသွားတဲ့ကလေးက စကိုင်းပုခုံးထက်ဝယ်အိပ်ပျော်သွားတော့ စကိုင်းပြုံးလိုက်မိတယ်။ ဝမ်းနည်းနေချိန် လူကိုအရမ်းကပ်မယ့် ကလေးလေးကို ရထားသလိုပဲ။
စကိုင်းက နာနီ့ကို အိပ်ယာထက်ပြန်နေရာချပေးလိုက်ပြီး နာနီ့မျက်နှာလေးကို ကြည့်နေလိုက်တယ်။
" နာနီ့မှာ ကိုယ်ရှိတယ်နော်၊ နာနီ့ကို ကိုယ်တတ်နိုင်သလောက်ကာကွယ်ပေးမှာမို့ ထပ်ပြီးမငိုပါနဲ့တော့ ကိုယ့်ရဲ့နာနီလေး "
စကိုင်းက နာနီ အသေအချာအိပ်ပြီ စိတ်ချရပြီဆိုကာမှ အိပ်ဆောင်ကထွက်လာပြီး စံအိမ်ကိုသာပြန်လိုက်တယ်။ စံအိမ်ကို ပြန်ရောက်တော့ အဖေနဲ့အတူ နန်းတော်ကိုမှာ အစည်းအဝေးကျင်းပရတယ်။
ဘုရင့်အမိန့်အရ စကိုင်းက နောက်နေ့မှာ အယုဒ္ဓယမြောက်ပိုင်းကိုပင် သွားရောက်စုံစမ်းရမှာဖြစ်တယ်။ဟီရမ်ကစ်စံအိမ်မှ လီနာကလည်းလိုက်မှာဖြစ်တယ်။ ဘာကြောင့်ထည့်ပေးလဲဆိုတာမသိသလိုသိလည်းမသိချင်။ အရင်အခါတွေကတော့ မထည့်ပေးခဲ့ဖူးဘူးလေ။
သွားမယ့်ရက်ကျ လီနာ့ကိုဝင်ခေါ် ရမှာဖြစ်တယ်။အစကဝင်မခေါ်ချင်ပေမယ့်လည်း နာနီ့ကိုပါနှုတ်ဆက်လို့ရသည်မို့ စကိုင်းလက်ခံလိုက်ချင်းဖြစ်သည်။
စကိုင်းရဲ့မိဘတွေကတော့ သူတို့အချင်းချင်းဘာတွေပြောနေမှန်းမသိပေ ပျော်တော့ပျော်နေကြတယ်။
//////////////
နာနီ မနက်နိုးတော့ မနေ့ကဖြစ်ခဲ့သည်ကိုမေ့မရ။ နာနီဘာဖြစ်သွားလဲကို အိုက်ကန်နဲ့ ကြီးတော်ပရစ်ကတော့မသိ။ကျန်တဲ့အစေခံတွေကတော့ သိလျက်နဲ့ကိုမသိချင်ယောင်ဆောင်ထားကြတယ်။
နာနီ ဒီနေ့လည်းတစ်နေကုန်အခန်းထဲထိုင်နေမိတယ်။အစားလည်းထွက်မစားချင်တော့ အိုက်ကန်ကိုသာ အခန်းထဲယူလာခိုင်းလိုက်တယ်။ အိုက်ကန်က နာနီတစ်ခုခုဖြစ်နေတာကိုသတိထားမိသည့်ပုံပေါ်သည်။ အတင်းမေးနေတော့ နာနီက ဒီတိုင်းနေမကောင်းတာလို့ပဲပြောထားရတယ်။ဒါတောင် သကောင့်သားကမယုံချင်သေး။
" အိုက်ကန် မနေ့က သခင်ကြီးနဲ့လိုက်သွားတာမလား "
" ဟုတ်တယ်ဗျ နန်းတော်မှာ အစည်းအဝေးလုပ်ကြတာဗျ သခင်လေးဝုန်ဂရာဝီးတောင်ရောက်လာသေး သူကတော့နောက်ကျတာပါဗျာ "
နာနီပြုံးလိုက်မိတယ်။ ဘာကြောင့်နောက်ကျတာလဲဆိုတာသူအသေအချာသိလို့လေ။
" အွန်း ဘာတွေပြောကြတာလဲ "
" မနက်ဖြန်ကျ သခင်လေးဝုန်ဂရာဝီးတို့အဖွဲ့မြောက်ပိုင်းသွားပြီး စုံစမ်းရမယ်တဲ့ဗျ "
" ဘာ!!!! မနက်ဖြန်?? "
" ဟာ သခင်လေးရာ ဘာဖြစ်တာလဲ လန့်လိုက်တာဗျာ "
" အိုက်ကန် ပြန်ပြောအုံးတကယ်လား "
" ဟုတ်တယ်ဗျ မနက်ဖြန်သွားရတော့မှာ "
" သွား အဲ့တာဆို အဝတ်အစားတွေထုတ်ထားတော့ "
" ဟမ် သခင်လေး ဘာလုပ်ဖို့တုန်းဗျ "
" သွားရမယ်လေ "
" ??? "
" အယုဒ္ဓယမြောက်ပိုင်းကိုလေ သွားကြမယ် မြန်မြန်လုပ် "
" ခ..ခဏလေးနေပါအုံး သခင်လေး ကျုပ်တို့မပါဘူးလေ ကျုပ်တို့သွားစရာမလိုဘူးလေ "
အိုက်ကန်က နာနီကိုကြောင်ကြည့်နေတယ်။ နာနီက အိုက်ကန်နားကိုကပ်လိုက်ပြီး
" ငါတို့သွားမှဖြစ်မယ်အိုက်ကန်.. ဘယ်သူ့ကိုမှပြောလို့မဖြစ်ဘူးနော် သခင်ကြီးကိုရော အဆိုးဆုံး ဟိုဝုန်ဂရာဝီးသခင်လေးကိုပဲ မဟုတ်ရင် "
နာနီ့ရဲ့ခြိမ်းခြောက်စကားဘာဖြစ်မလဲလို့ အိုက်ကန်စောင့်နေမိတယ်။
" မင်းကို ထမင်းမကျွေးဘဲနေတော့မယ် "
အိုက်ကန်ခဗျာ ကြက်သေသေသွားရှာတယ်။ သက်ပြင်းချလိုက်ပြီး
" ဖြစ်ပ့ါမလား သခင်လေးဗျ "
" ဖြစ်တယ်ဖြစ်တယ် ငါ့မှာအစီအစဉ်ရှိတယ် ဟုတ်ပြီလား "
အဲ့နောက်မှာတော့ နာနီက အိုက်ကန်နားကပ်ကာ တိုးတိုး တိုးတိုးနဲ့ပြောလိုက်တယ်။ အိုက်ကန်ကတော့ သူ့သခင်အမိန့်ကိုမနာခံဘဲမနေရဲတာကြောင့် အဲ့လိုပဲစီစဉ်ရတော့တယ်။
နာနီလည်း တစ်နေကုန်အပြင်မထွက်ဘဲအခန်းထဲမှာဘဲ အောင်းပြီး လိုအပ်သမျှအကုန်ထည့်နေလိုက်တယ်။ မြောက်ပိုင်းကိုဆို ရေလမ်းခရီးရော ကုန်းလမ်းခရီးရောအနေနဲ့သွားရမှာဖြစ်တယ်။ ရွာဆိုတဲ့ပုံစံမျိုးဖြစ်ပြီး ချောင်ကျတယ်။
မနက်မိုးသောက်ယံကျ နာနီ ကြီးတော်ပရစ်နဲ့တူတူ ဘုန်းကြီးတွေကိုဆွမ်းထလောင်းတယ်။
" အာယုဝဏော သုခံ ဗလံ "
* မား၊ပါး ကျွန်တော်လွမ်းနေပါတယ်နော်။ကျွန်တော်အခုအဲ့ဘက်မှာဘယ်လိုအခြေအနေဖြစ်နေမလဲဆိုတာမသိဘူး၊ကျွန်တော်သေသေးလား၊ရှင်သေးလာဆိုတာကို ကျွန်တော်မသိရဘူး။မားနဲ့ပါးက ကျွန်တော့်ကိုစိတ်မပူနဲ့နော် ကျွန်တော်ဒီမှာကောင်းကောင်းနေနေရပါတယ်ဗျ၊ *
ဆွမ်းလောင်းလို့အပြီးမှာ နာနီစိတ်လေးကြည်သွားတယ်။ဘုန်းကြီးရဲ့လှေထွက်သွားပြီးသိပ်ပင်မကြာ။ စကိုင်းဝုန်ဂရာဝီးတို့ရဲ့လှေတွေရောက်လာကြတယ်။
" အိုး ခွန်စကိုင်း "
စကိုင်းကလည်း နာနီ့ရဲ့ခေါ်သံကိုကြားတာနဲ့တင် မျက်နှာကအလိုလိုပြုံးသွားမိတယ်။
" ဟုတ်ကဲ့ဗျ "
" ခွန်စကိုင်း ဒီကိုဘာလုပ်ဖို့ လာပြန်တာလဲ "
" ခွန်နာနီကိုသတိရလို့ဗျ "
"....."
ဒီတစ်ခါ ကြောင်၍ရပ်နေရသူက နာနီဖြစ်ပြီး စကိုင်းက သူ့ကိုပြုံး၍ကြည့်နေတယ်။
" ခွန် စကိုင်းးးးး "
စကိုင်းက ရယ်လိုက်ပြီး
" ကိုယ်အယုဒ္ဓယမြောက်ပိုင်းကိုသွားရတော့မှာဗျ အဲ့မှာအန္တရာယ်သိပ်များတာပဲတဲ့ ကိုယ့်ကိုဆုတောင်းပေးချင်ရဲ့လားဗျ "
စကိုင်းက နာနီ့ရဲ့အညိုရောင်မျက်အိမ်လေးကိုတည့်တည့်စိုက်ကြည့်ကာပြောတယ်။ နာနီက တစ်ချက်ပြုံးလိုက်ပြီး လက်မှာပတ်ထားတဲ့ကျောက်စိမ်းလက်ပတ်လေးကိုဖြုတ်ကာ စကိုင်းရဲ့ဘယ်ဘက်လက်ကောက်ဝတ်မှာဝတ်ပေးလိုက်တယ်။
" ခွန်စကိုင်းက ဂရုစိုက်ပါဗျ၊ အန္တရာယ်များတဲ့အရာတွေဆိုအဖွဲ့သားတွေနဲ့အတူတူလုပ်ပါဗျ တစ်ယောက်ထဲဝင်ဝင်မသွားပါနဲ့၊ ပြီးတော့ ပြန်လာရင် နာနီ့ကို ဒီလက်ပတ်လေး သေချာပေါက်ပြန်ပေးဖို့ မမေ့ပါနဲ့ဗျ "
" ကိုယ်သေချာထိန်းသိမ်းထားလိုက်ပါ့မယ် "
နာနီက စကိုင်းရဲ့လက်ကောက်ဝတ်မှာ ရှိနေတဲ့ ကျောက်စိမ်းလက်ပတ်နဲ့အနီရောင်ကြိုးချည်မျှင်လေးကိုမြင်တော့ပြုံးလိုက်မိတယ်။
" အရူးလိုပဲ "
" ခွန်နာနီဗျ ဘာပြောလိုက်တာလဲသေချာမကြားလိုက်ရဘူးဗျ "
နာနီမျက်စောင်းထိုးလိုက်တယ်။တကယ့်ကိုအရူး ။ခနအကြာတော့ လီနာက တံတားပေါ်ရောက်လာတယ်။ နာနီက လီနာကိုမြင်တော့ အကြည့်ကိုလွှဲလိုက်တယ်။ လီနာ့ကိုလည်းမနှုတ်ဆက်မိသလို စကိုင်းကိုလည်းမနှုတ်ဆက်ဘဲထွက်လာလိုက်တယ်။
တစ်ချိန်လုံးကောင်းပေးတယ်လို့ထင်နေမိခဲ့တာ။ ဒီတိုင်းအထင်မှားနေခဲ့ရုံပဲ။
နာနီနဲ့အိုက်ကန်က စကိုင်းတို့သွားသည်အထိစောင့်ကြည့်နေကြသည်။စကိုင်းတို့လှေအနည်းငယ်အလှမ်းဝေးသည့်အခါမှ
" သွားကြမယ်အိုက်ကန် သူတို့နောက်မသိမသာလိုက်ကြမယ်။ "
" ဟုတ်ကဲ့ဗျ သခင်လေး "
အခုနာနီတို့ပုံစံက မီးလောင်ထားတဲ့လူတွေလိုပင် မျက်နှာတွေကိုမီးသွေးခဲ့အမှုန့်၊အမဲဆီတွေရောလိမ်းထားပြီး အဝတ်အစားအစုတ်အပြတ်တွေဝတ်ကာ ခေါင်းမှာ အဝတ်စတစ်ခုစီဖြင့်စည်းထားကြသေးသည်။
အိုက်ကန်ကတော့ စကိုင်းတို့ရဲ့လှေကိုမျက်ခြေအပျက်မခံဘဲ အနည်းငယ်လှမ်းရာကနေမသိမသာလိုက်တယ်။ ရေလမ်းခရီးပြီးလို့ ကုန်းကြောင်းလျှောက်ရမည့်အချိန်က ညနေစောင်းနေပြီပင်ဖြစ်တယ်။
နာနီနဲ့အိုက်ကန်က စကိုင်းတို့ရဲ့ကျောပြင်ငယ်လေးကိုသာလှမ်းမြင်ရတဲ့အကွာအဝေးလောက်မှာရှိတယ်။
" လာ အိုက်ကန် မြန်မြန်လာ မမှီရင်ထမင်းမစားရဘူးနော် "
နာနီတို့ လိုက်နေရင်းပင် အချိန်ကလည်းအတော်လင့်နေပြီ အရှေ့နဲ့အနောက်ဘက်ကို အနည်းငယ်မျှသာ မြင်ရတော့တယ်။
နာနီက အနောက်မှာကျန်ခဲ့တဲ့အိုက်ကန်ကိုတစ်ချက်လှည့်ကြည့်တုန်းပင်ရှိသေးအရှေ့က စကိုင်းတို့အုပ်စုကိုပင်မတွေ့တော့ပေ။ နာနီလှည့်ရှာကြည့်နေတုန်း တစ်စုံတစ်ယောက်အနောက်ကဖမ်းတာခံလိုက်ရပြီး လည်ပင်းမှာလည်းအေးစက်စက်အထိအတွေ့ကြီးကိုခံစားလိုက်ရတယ်။
" သခင်လေး "
အိုက်ကန်ရောနာနီရောအခုအဖမ်းခံလိုက်ရပြီဖြစ်တယ်။
" ဘာလိုချင်လို့ အနောက်ကလိုက်နေတာလဲ "
အိုက်ကန်ကိုဓားနဲ့ထောက်ထားတဲ့သူက စကိုင်းဖြစ်ပြီး နာနီ့ကိုထားနဲ့ထောက်ထားတဲ့သူက စကိုင်း၏တပည့်ဖြစ်ပုံရသည်။
စကိုင်းနဲ့ အကြည့်ချင်းဆုံသွားတော့ နာနီက သွားပေါ်အောင်ရယ်ပြလိုက်ပြီး
" ဟီး ခွန်စကိုင်း "
" နာနီ? "
စကိုင်းရဲ့မျက်နှာက တကယ်ကိုတည်တင်းသွားပြီး နာနီ့အနား ရောက်လာကာ နာနီ့လည်ပင်းထက်ဓားထောက်ထားတဲ့လူရဲ့လက်ကို ဓားရိုးနဲ့ရိုက်ချလိုက်တယ်။
နာနီကလည်း စကိုင်းဒေါသထွက်နေသည်ကိုသိ၍စကိုင်းနားကပ်သွားပြီး သွားဖြဲပြကာ
" ဟီးဟီး ခွန်စကိုင်း "
//////////////လိုအပ်တာမျိုး မှားယွင်းတာမျိုးရှိခဲ့ရင် အားမနာတမ်းပြောပါနော်၊ ကျေးဇူးတင်ပါတယ်ရှင့်။
Z
စကိုင္းက နာနီေျပးထြက္သြားတာကိုၾကည့္ၿပီးၿပဳံးလိုက္တယ္။ ထင္ထားသလိုျဖစ္ေနၿပီထင္တယ္။ စကိုင္းက ငယ္ငယ္ကေလးထဲကပင္ သူ႕မိဘေတြနဲ႕မွလြဲရင္ က်န္တဲ့သူေတြနဲ႕ဆို အဆင္မေျပခဲ့တာမ်ားလို႔တစ္ေယာက္ထဲပဲေနျဖစ္တာမ်ားတယ္။
နာနီ႕ကိုစစေတြ႕တဲ့ေန႕ သူ႕လက္ေကာက္ဝတ္မွာႀကိဳးနီေလးစစတည္ရွိလာတဲ့ေန႕ကေနစၿပီး နာနီ႕အနားရွိရတာ သူ႕အတြက္အဆင္ေျပတယ္။ နာနီနဲ႕အတူတူရွိခ်င္တယ္။ တစ္ခုခုေပ်ာ္စရာလုပ္ဖို႔ေတြးမိရင္ နာနီ႕ကိုအရင္သတိရတာမ်ိဳး ေတြျဖစ္မိတယ္။
စကိုင္းအရာအားလုံးကိုျပန္ေတြးမိရင္ပင္ လက္ေကာက္ဝတ္ကအနီေရာင္ႀကိဳးအမွ်င္ေလးကိုကိုင္ၾကည့္လိုက္တယ္။ ဒီႀကိဳးနီကသူတို႔အတြက္ဖူးစာႀကိဳးနီေလးျဖစ္ေနခဲ့သလား။ဒီႀကိဳးနီေလးကိုဖ်က္ပစ္ဖို႔ရယ္တစ္ခါမွ မစဥ္းစားမိ။ နာနီ႕လက္မွာႀကိဳးနီေလးရွိတာကိုျမင္ရင္စိတ္ထဲအလိုလိုဝမ္းသာလာမိတယ္။
ကံၾကမၼာရဲ႕ေ႐ြးခ်ယ္မႈသာဆို စကိုင္းျငင္းဆိုမွာမဟုတ္ေပ။ အကယ္၍ ကံၾကမၼာရဲ႕ေ႐ြးခ်ယ္မႈမဟုတ္ဘူးဆိုျပန္ရင္လည္း စကိုင္း နာနီ႕ကိုဘယ္ေတာ့မွျငင္းဆိုမွာမဟုတိေပ။နာနီက သူ႕အတြက္ တကယ္ကို စိတ္ေအးခ်မ္းေစရာေလးျဖစ္တယ္။ နာနီ႕အတြက္လည္း သူက ထပ္တူျဖစ္ေစခ်င္တယ္။
နာနီထြက္သြားတဲ့လမ္းကေနပဲ စကိုင္းျပန္ထြက္လာလိုက္ေတာ့ အေဆာင္တစ္ခုမွာ နာနီ႕ရဲ႕ ေအာ္သံၾကားလိုက္ရတာမို႔ အျမန္ပင္ေျပးသြားလိုက္တယ္။ အေဆာင္ထဲေရာက္ေတာ့ နာနီက ၾကမ္းျပင္ေပၚတြင္ ထိုင္ေနၿပီး ေခါင္းကိုထုရိုက္ေနတယ္။
" နာနီ.."
နာနီ႕စီ အလ်င္အျမန္ေျပးသြားလိုက္တယ္။စကိုင္းကအေစခံေတြကိုေအာ္ေခၚလိုက္ၿပီး နာနီ႕ကိုေပြ႕ခ်ီကာ ကုတင္ေပၚထက္ ညင္ညင္သာသာတင္ေပးလိုက္တယ္။
နာနီရဲ႕အေစခံေတြကေရာဒီအခ်ိန္မွာဘယ္ေရာက္ေနတာလဲ။နာနီ႕အနားမွာဘယ္ေတာ့မွအေစခံအမ်ားအျပားကိုမေတြ႕ရတတ္။ လီနာေဘးနားမွာသာ သုံးေလးေယာက္ရွိေကာင္းရွိေနလိမ့္မယ္။ စကိုင္းေတြ႕သမွ် နာနီတစ္ေယာက္ထဲသာ။ တစ္ခါတစ္ရံမွသာ အိုက္ကန္ဆိုတဲ့ေကာင္ေလးကိုေတြ႕ရတတ္တာ။
" နာနီ ခနေလးေနာ္...ခနေလး ကိုယ္သခင္ႀကီးကိုသြားေခၚေပးမယ္ "
စကိုင္းက နာနီ႕နဖူးေပၚက ေခြၽးေစးေလးေတြကိုသုတ္ေပးရင္းေျပာလိုက္တယ္။ သူထဖို႔အလုပ္ နာနီက သူ႕လက္ကိုဆုပ္ကိုင္လာၿပီး။
" ဟင့္အင္း မသြားပါနဲ႕၊ နာနီ႕ကိုတစ္ေယာက္ထဲထပ္မထားသြားပါနဲ႕ "
နာနီက အသံပိစိေလးနဲ႕ေျပာလာတာေၾကာင့္ ကြၽန္ေတာ္္နာနီ႕ေဘးမွာျပန္ထိုင္လိုက္ၿပီး နာနီ႕မ်က္ႏွာက မ်က္ရည္ေလးေတြကိုဖြဖြေလးသုတ္ေပးလိုက္တယ္။ တိုးတိုးသာသာေျပာတဲ့အျပင္ ဒီေဒသရဲ႕စကားမဟုတ္တာေၾကာင့္ စကိုင္းကအျပည့္အစုံနားမလည္ေပမယ့္ နာနီကသူ႕ကိုအနားရွိေစခ်င္ေနမွန္း စကိုင္းခံစားရတယ္။
" ကိုယ္ရွိတယ္ေနာ္ နာနီ.. နာနီ႕ရဲ႕ေဘးမွာကိုယ္ရွိေနမယ္ေနာ္ "
"အြန္းးးးခြန္...စကိုင္း "
နာနီ႕ရဲ႕ႏႈတ္ခမ္းမွ ခြန္စကိုင္းဆိုတဲ့ အသံေလးကပီပီျပင္ျပင္ထြက္လာတာမို႔ စကိုင္းရဲ႕စိတ္ထဲဝမ္းနည္းမႈနဲ႕ဝမ္းသာမႈေရာယွက္တဲ့ခံစားခ်က္တစ္ခုတိုးလို႔ဝင္လာတယ္။
စကိုင္းကၿပဳံးလိုက္ၿပီး
" စိတ္မပူပါနဲ႕ ကိုယ္နာနီ႕အနားမွာအၿမဲရွိေနေပးမွာမို႔ စိတ္မပူပါနဲ႕ "
နာနီက သူေရာက္လာခ်င္းကလို ခႏၶာကိုယ္က တုန္ရီမေနေတာ့ဘဲ တေျဖးေျဖးခ်င္ၿငိမ္သက္လာတယ္။စကိုင္းရဲ႕လက္ေပၚမွာ အိပ္ေပ်ာ္သြားပုံရတဲ့နာနီက ၿငိမ္သက္သြားတယ္။ စကိုင္းက နာနီ႕ေခါင္းေအာက္လွ်ိုဝင္ေနတဲ့ လက္တစ္ဖက္ကိုထုတ္လိုက္ၿပီး နာနီ႕ရဲ႕နဖူးေပၚတင္ေနတဲ့ ဆံပင္ေလးေတြကိုသပ္ေပးလိုက္တယ္။
ဒီအခ်ိန္ထိတိုင္ အေစခံရယ္လို႔တစ္ေယာက္ကမွေပၚမလာ ၿပီးေတာ့ နာနီ႕အေဆာင္ကအေနာက္ဘက္က်ေနေသးသည္။ စကိုင္းစိတ္ထဲ မေရမရာျဖစ္လာတယ္။ စကိုင္းအေနာက္ကေန တစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ခံစားရလို႔လွည့္ၾကည့္လိုက္ေတာ့။
" အာ သ..သခင္ေလး စကိုင္းရွင့္ ခုနက ေအာ္သံၾကားမိလို႔ "
လီနာက စကိုင္းလွည့္ၾကည့္လိုက္ေတာ့မွအသံထြက္လာတယ္။ လီနာ့လက္ကိုၾကည့္မိေတာ့ တင္းေနေအာင္ဆုပ္ထားတယ္။ လီနာကအခုနာနီ႕ကိုစိတ္မပူဘူးလား။ စစေတြ႕တုန္းက သူပဲနာနီ႕ကိုအရမ္းစိတ္ပူေနတဲ့ပုံစံနဲ႕ေလ။
" အစ္ကိုနာနီ ဘာျဖစ္တာလဲရွင့္ "
" အဆင္ေျပသြားပါၿပီ ဘာလို႔ ခြန္နာနီ႕နားမွာ အေစခံတစ္ေယာက္မွ မရွိရတာလဲ "
စကိုင္းအသံက မာေကာင္းမာေနနိုင္တယ္။ သူ႕စိတ္ထင္လားမသိေပမယ့္ နာနီတစ္ေယာက္ထဲ ဒီစံအိမ္နဲ႕ကြဲထြက္ေနသေယာင္။ စကားေျပာပုံကအစဒီစံအိမ္ကလူေတြနဲ႕မတူဘူး။
" အာ အစ္ကိုက ဒီစံအိမ္က အေစခံေတြနဲ႕ ဟို မတည့္တာပါ "
" မတည့္တာဆိုတာက ဘာသေဘာကိုေျပာတာလဲ "
" ဟို အဲ့တာက အစ္ကိုနာနီက အရင္ထဲက အေစခံေတြကိုအၿမဲရိုက္ႏွက္ေနတာမို႔ အေစခံေတြက အစ္ကိုနဲ႕အဆင္မေျပၾကတာပါ "
အစ္ကိုနာနီကအေစခံေတြကိုရိုက္ႏွက္ႏွိပ္စက္တဲ့ဆိုတဲ့စကားအဆုံး စကိုင္းရဲ႕မ်က္ခုံးႏွစ္ဖက္ဟာအေပၚကိုျမင့္တက္သြားတယ္။ၿပီးေတာ့ အိပ္ေပ်ာ္ေနတဲ့ နာနီ႕ရဲ႕လက္ဖဝါးေတြကိုၾကည့္လိုက္မိတယ္။
*ဟင့္အင္း မျဖစ္နိုင္တာ ကိုယ့္နာနီလက္ဖဝါးကႏူးႏူးညံ့ညံ့ေလးေတြ ဘယ္လိုလုပ္ ၾကာပြတ္ကိုကိုင္နိုင္မွာတဲ့လဲ*
" ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ အိမ္ရွင္နဲ႕အေစခံ အိမ္ရွင္ကိုအကူအညီမျဖစ္ေစမယ့္အေစခံေတြကိုဆို ဘာလို႔စံအိမ္မွာဆက္ထားေနစရာလိုသလဲ"
" အာ အစ္ကိုနာနီ႕ရဲ႕ ကိုယ္ပိုင္အေစခံက ခုနက သခင္ႀကီးသြားတဲ့ေနာက္ပါသြားရလို႔ အစ္ကိုနာနီကလည္း အရင္ထဲက အေစခံေတြနဲ႕ အဆင္မေျပတာေၾကာင့္ အေစခံေတြမထားေပးျဖစ္ေတာ့တာပါ "
" သခင္ႀကီးက မိန႔္တာလားဗ် "
စကိုင္းရဲ႕အေမးစရာကို လီနာမေျဖဘဲရပ္ေနေတာ့ စကိုင္းကတကယ္ေဒါထြက္မိသြားတယ္။
" သခင္ႀကီး...ကေတာင္မမိန႔္ထားဘဲ ဒီလိုေတြျဖစ္ေနတာကို ခြန္နာနီညီမျဖစ္တဲ့မင္းက လက္ခံနိုင္တယ္တဲ့လား "
စကိုင္းက စစခ်င္းအသံက်ယ္မလိုျဖစ္ေပမယ့္ ေဘးနားဝယ္အိပ္ေနတဲ့နာနီေၾကာင့္အသံကိုျပန္ထိမ္းလိုက္ရတယ္။
" သခင္ေလးစကိုင္းရွင္ အစ္ကိုနာနီက အေစခံေတြကိုမသနားေပမယ့္ ကြၽန္မကေတာ့သနားတယ္ရွင့္ "
စကိုင္းဘာမွဆက္မေျပာေနေတာ့ဘူး။ဘာလို႔ဆို နာနီကသူ႕ရဲ႕လက္ကိုဆုပ္ကိုင္လာလို႔ပင္။
" သခင္ႀကီးကိုတင္ျပသင့္တယ္လို႔ ကြၽန္ေတာ္ေတာ့ထင္ပါတယ္။ သခင္မေလးလီနာကပဲေဆာင္႐ြက္သင့္ပါတယ္။ "
စကိုင္းက စကားကိုေျပေျပလည္လည္ေျပာလိုက္မွ လီနာ့ရဲ႕မ်က္ဝန္းကျပန္ေဖ်ာ့လာၿပီး ၿပဳံးလာနိုင္တယ္။
" သခင္ႀကီးကိုတင္ျပလိုက္ပါမယ္ရွင့္။ သခင္ေလးေရာ ျပန္ေတာ့မလားရွင့္ ကြၽန္မေလွဆိပ္ကမ္းကိုလိုက္ပို႔ပါမယ္။ အစ္ကိုနာနီ႕ကိုစိတ္မပူပါနဲ႕ ညီမကိုယ္တိုင္ လာၾကည့္ေပးလိုက္ပါ့မယ္ရွင့္ "
" အြန္း ကြၽန္ေတာ္ခနေနျပန္လိုက္ပါ့မယ္ဗ်။ အခုခနေလာက္ေနလိုက္ပါအုံးမယ္ "
လီနာကေတာ့ ဟုတ္ကဲ့ရွင့္ဟုဆိုကာထြက္သြားတယ္။ အဲ့ေတာ့မွ စကိုင္းကနာနီဘက္ကိုလွည့္ကာ။
" ဘယ္ခ်ိန္ထဲကနိုးေနတာလဲ နာနီဗ် "
စကိုင္းက ေလသံေအးေအးေလးနဲ႕ေျပာကာမွ နာနီမ်က္လုံးတစ္ဖက္ခ်င္းစီဖြင့္ၾကည့္လိုက္တယ္။ အျပင္ဘက္ကိုၾကည့္လိုက္ေတာ့ဘယ္သူမွမရွိတာေၾကာင့္ နာနီထထိုင္မလိုလုပ္ေတာ့ စကိုင္းက နာနီ႕ရဲ႕ခါးကိုဖက္ၿပီး ထူေပးတယ္။
နာနီကဘာမွမေျပာဘဲ ေအာက္ႏႈတ္ခမ္းေလးကိုက္ကာ ေခါင္းေလးငုံ႕ထားတယ္။
" နာနီဗ် အဆင္ေျပရဲ႕လား "
နာနီအသံလည္းမထြက္ ေခါင္းလည္းမေမာ့ဘဲ ေခါင္းေလးၿငိမ့္ျပလိုက္တယ္။အမွန္တိုင္းေျပာရရင္ နာနီအရမ္းဝမ္းနည္းေနတာ။ ဒီေရာက္ထဲက သူ႕ကိုတကယ္ဂ႐ုစိုက္တဲ့သူမရွိဘူးဆိုတာ သူသိလိုက္ရၿပီေလ။
နာနီထံမွာ ရွိုက္သံညင္ညင္ေလးထြက္လာေတာ့ စကိုင္းက ဘာလုပ္လို႔လုပ္ရမလဲကိုပင္မသိေတာ့။
" နာနီ အဆင္ေျပရဲ႕လား ဘာျဖစ္လို႔လဲ တစ္ခုခု ျဖစ္လို႔လား "
စကိုင္းက ေမးေနတုန္းပင္ရွိေသး နာနီက သူ႕ပုခုံးေပၚ ေခါင္းကိုဝွက္ကာစတင္ငိုေႂကြးေတာ့သည္။ စကိုင္းကလည္းအလိုက္သင့္ နာနီ႕ရဲ႕ေက်ာကုန္းကိုဖြဖြေလးပုတ္ေပးလိုက္တယ္။
" နာနီအိမ္ျပန္ခ်င္တယ္...ဒီမွာ ဘယ္သူမွနာနီ႕ကိုမလိုခ်င္ၾကဘူး "
ငိုသံေရာကာ ကေလးေလးတစ္ေယာက္လိုေျပာေနတဲ့နာနီေၾကာင့္ စကိုင္းပင္စိတ္မေကာင္း။
" ကိုယ္ရွိတယ္ေနာ္ နာနီ၊ ကိုယ္လိုခ်င္တယ္ေနာ္ "
စကိုင္းေျပာေတာ့ နာနီက စကိုင္းပုခုံးထက္မ်က္ႏွာဝွက္ထားရမွထလာၿပီး စကိုင္းကိုတစ္ခ်က္ေမာ့ၾကည့္တယ္။ ေနာက္ေတာ့ ႏႈတ္ခမ္းေလးမဲ့သြားကာ ပုခုံးထက္ မ်က္ႏွာျပန္ေရာက္သြားေတာ့တယ္။
စကိုင္းက ဝမ္းသာပါတယ္။ နာနီ႕ရဲ႕အဆိုးဆုံးအခ်ိန္မွာ စကိုင္းကသူ႕ေဘးနားရွိနိုင္လို႔ေလ။
ငိုတာဝသြားတဲ့ကေလးက စကိုင္းပုခုံးထက္ဝယ္အိပ္ေပ်ာ္သြားေတာ့ စကိုင္းၿပဳံးလိုက္မိတယ္။ ဝမ္းနည္းေနခ်ိန္ လူကိုအရမ္းကပ္မယ့္ ကေလးေလးကို ရထားသလိုပဲ။
စကိုင္းက နာနီ႕ကို အိပ္ယာထက္ျပန္ေနရာခ်ေပးလိုက္ၿပီး နာနီ႕မ်က္ႏွာေလးကို ၾကည့္ေနလိုက္တယ္။
" နာနီ႕မွာ ကိုယ္ရွိတယ္ေနာ္၊ နာနီ႕ကို ကိုယ္တတ္နိုင္သေလာက္ကာကြယ္ေပးမွာမို႔ ထပ္ၿပီးမငိုပါနဲ႕ေတာ့ ကိုယ့္ရဲ႕နာနီေလး "
စကိုင္းက နာနီ အေသအခ်ာအိပ္ၿပီ စိတ္ခ်ရၿပီဆိုကာမွ အိပ္ေဆာင္ကထြက္လာၿပီး စံအိမ္ကိုသာျပန္လိုက္တယ္။ စံအိမ္ကို ျပန္ေရာက္ေတာ့ အေဖနဲ႕အတူ နန္းေတာ္ကိုမွာ အစည္းအေဝးက်င္းပရတယ္။
ဘုရင့္အမိန႔္အရ စကိုင္းက ေနာက္ေန႕မွာ အယုဒၶယေျမာက္ပိုင္းကိုပင္ သြားေရာက္စုံစမ္းရမွာျဖစ္တယ္။ဟီရမ္ကစ္စံအိမ္မွ လီနာကလည္းလိုက္မွာျဖစ္တယ္။ ဘာေၾကာင့္ထည့္ေပးလဲဆိုတာမသိသလိုသိလည္းမသိခ်င္။ အရင္အခါေတြကေတာ့ မထည့္ေပးခဲ့ဖူးဘူးေလ။
သြားမယ့္ရက္က် လီနာ့ကိုဝင္ေခၚ ရမွာျဖစ္တယ္။အစကဝင္မေခၚခ်င္ေပမယ့္လည္း နာနီ႕ကိုပါႏႈတ္ဆက္လို႔ရသည္မို႔ စကိုင္းလက္ခံလိုက္ခ်င္းျဖစ္သည္။
စကိုင္းရဲ႕မိဘေတြကေတာ့ သူတို႔အခ်င္းခ်င္းဘာေတြေျပာေနမွန္းမသိေပ ေပ်ာ္ေတာ့ေပ်ာ္ေနၾကတယ္။
//////////////
နာနီ မနက္နိုးေတာ့ မေန႕ကျဖစ္ခဲ့သည္ကိုေမ့မရ။ နာနီဘာျဖစ္သြားလဲကို အိုက္ကန္နဲ႕ ႀကီးေတာ္ပရစ္ကေတာ့မသိ။က်န္တဲ့အေစခံေတြကေတာ့ သိလ်က္နဲ႕ကိုမသိခ်င္ေယာင္ေဆာင္ထားၾကတယ္။
နာနီ ဒီေန႕လည္းတစ္ေနကုန္အခန္းထဲထိုင္ေနမိတယ္။အစားလည္းထြက္မစားခ်င္ေတာ့ အိုက္ကန္ကိုသာ အခန္းထဲယူလာခိုင္းလိုက္တယ္။ အိုက္ကန္က နာနီတစ္ခုခုျဖစ္ေနတာကိုသတိထားမိသည့္ပုံေပၚသည္။ အတင္းေမးေနေတာ့ နာနီက ဒီတိုင္းေနမေကာင္းတာလို႔ပဲေျပာထားရတယ္။ဒါေတာင္ သေကာင့္သားကမယုံခ်င္ေသး။
" အိုက္ကန္ မေန႕က သခင္ႀကီးနဲ႕လိုက္သြားတာမလား "
" ဟုတ္တယ္ဗ် နန္းေတာ္မွာ အစည္းအေဝးလုပ္ၾကတာဗ် သခင္ေလးဝုန္ဂရာဝီးေတာင္ေရာက္လာေသး သူကေတာ့ေနာက္က်တာပါဗ်ာ "
နာနီၿပဳံးလိုက္မိတယ္။ ဘာေၾကာင့္ေနာက္က်တာလဲဆိုတာသူအေသအခ်ာသိလို႔ေလ။
" အြန္း ဘာေတြေျပာၾကတာလဲ "
" မနက္ျဖန္က် သခင္ေလးဝုန္ဂရာဝီးတို႔အဖြဲ႕ေျမာက္ပိုင္းသြားၿပီး စုံစမ္းရမယ္တဲ့ဗ် "
" ဘာ!!!! မနက္ျဖန္?? "
" ဟာ သခင္ေလးရာ ဘာျဖစ္တာလဲ လန႔္လိုက္တာဗ်ာ "
" အိုက္ကန္ ျပန္ေျပာအုံးတကယ္လား "
" ဟုတ္တယ္ဗ် မနက္ျဖန္သြားရေတာ့မွာ "
" သြား အဲ့တာဆို အဝတ္အစားေတြထုတ္ထားေတာ့ "
" ဟမ္ သခင္ေလး ဘာလုပ္ဖို႔တုန္းဗ် "
" သြားရမယ္ေလ "
" ??? "
" အယုဒၶယေျမာက္ပိုင္းကိုေလ သြားၾကမယ္ ျမန္ျမန္လုပ္ "
" ခ..ခဏေလးေနပါအုံး သခင္ေလး က်ဳပ္တို႔မပါဘူးေလ က်ဳပ္တို႔သြားစရာမလိုဘူးေလ "
အိုက္ကန္က နာနီကိုေၾကာင္ၾကည့္ေနတယ္။ နာနီက အိုက္ကန္နားကိုကပ္လိုက္ၿပီး
" ငါတို႔သြားမွျဖစ္မယ္အိုက္ကန္.. ဘယ္သူ႕ကိုမွေျပာလို႔မျဖစ္ဘူးေနာ္ သခင္ႀကီးကိုေရာ အဆိုးဆုံး ဟိုဝုန္ဂရာဝီးသခင္ေလးကိုပဲ မဟုတ္ရင္ "
နာနီ႕ရဲ႕ၿခိမ္းေျခာက္စကားဘာျဖစ္မလဲလို႔ အိုက္ကန္ေစာင့္ေနမိတယ္။
" မင္းကို ထမင္းမေကြၽးဘဲေနေတာ့မယ္ "
အိုက္ကန္ခဗ်ာ ၾကက္ေသေသသြားရွာတယ္။ သက္ျပင္းခ်လိဳက္ၿပီး
" ျဖစ္ပ့ါမလား သခင္ေလးဗ် "
" ျဖစ္တယ္ျဖစ္တယ္ ငါ့မွာအစီအစဥ္ရွိတယ္ ဟုတ္ၿပီလား "
အဲ့ေနာက္မွာေတာ့ နာနီက အိုက္ကန္နားကပ္ကာ တိုးတိုး တိုးတိုးနဲ႕ေျပာလိုက္တယ္။ အိုက္ကန္ကေတာ့ သူ႕သခင္အမိန႔္ကိုမနာခံဘဲမေနရဲတာေၾကာင့္ အဲ့လိုပဲစီစဥ္ရေတာ့တယ္။
နာနီလည္း တစ္ေနကုန္အျပင္မထြက္ဘဲအခန္းထဲမွာဘဲ ေအာင္းၿပီး လိုအပ္သမွ်အကုန္ထည့္ေနလိုက္တယ္။ ေျမာက္ပိုင္းကိုဆို ေရလမ္းခရီးေရာ ကုန္းလမ္းခရီးေရာအေနနဲ႕သြားရမွာျဖစ္တယ္။ ႐ြာဆိုတဲ့ပုံစံမ်ိဳးျဖစ္ၿပီး ေခ်ာင္က်တယ္။
မနက္မိုးေသာက္ယံက် နာနီ ႀကီးေတာ္ပရစ္နဲ႕တူတူ ဘုန္းႀကီးေတြကိုဆြမ္းထေလာင္းတယ္။
" အာယုဝေဏာ သုခံ ဗလံ "
* မား၊ပါး ကြၽန္ေတာ္လြမ္းေနပါတယ္ေနာ္။ကြၽန္ေတာ္အခုအဲ့ဘက္မွာဘယ္လိုအေျခအေနျဖစ္ေနမလဲဆိုတာမသိဘူး၊ကြၽန္ေတာ္ေသေသးလား၊ရွင္ေသးလာဆိုတာကို ကြၽန္ေတာ္မသိရဘူး။မားနဲ႕ပါးက ကြၽန္ေတာ့္ကိုစိတ္မပူနဲ႕ေနာ္ ကြၽန္ေတာ္ဒီမွာေကာင္းေကာင္းေနေနရပါတယ္ဗ်၊ *
ဆြမ္းေလာင္းလို႔အၿပီးမွာ နာနီစိတ္ေလးၾကည္သြားတယ္။ဘုန္းႀကီးရဲ႕ေလွထြက္သြားၿပီးသိပ္ပင္မၾကာ။ စကိုင္းဝုန္ဂရာဝီးတို႔ရဲ႕ေလွေတြေရာက္လာၾကတယ္။
" အိုး ခြန္စကိုင္း "
စကိုင္းကလည္း နာနီ႕ရဲ႕ေခၚသံကိုၾကားတာနဲ႕တင္ မ်က္ႏွာကအလိုလိုၿပဳံးသြားမိတယ္။
" ဟုတ္ကဲ့ဗ် "
" ခြန္စကိုင္း ဒီကိုဘာလုပ္ဖို႔ လာျပန္တာလဲ "
" ခြန္နာနီကိုသတိရလို႔ဗ် "
"....."
ဒီတစ္ခါ ေၾကာင္၍ရပ္ေနရသူက နာနီျဖစ္ၿပီး စကိုင္းက သူ႕ကိုၿပဳံး၍ၾကည့္ေနတယ္။
" ခြန္ စကိုင္းးးးး "
စကိုင္းက ရယ္လိုက္ၿပီး
" ကိုယ္အယုဒၶယေျမာက္ပိုင္းကိုသြားရေတာ့မွာဗ် အဲ့မွာအႏၱရာယ္သိပ္မ်ားတာပဲတဲ့ ကိုယ့္ကိုဆုေတာင္းေပးခ်င္ရဲ႕လားဗ် "
စကိုင္းက နာနီ႕ရဲ႕အညိုေရာင္မ်က္အိမ္ေလးကိုတည့္တည့္စိုက္ၾကည့္ကာေျပာတယ္။ နာနီက တစ္ခ်က္ၿပဳံးလိုက္ၿပီး လက္မွာပတ္ထားတဲ့ေက်ာက္စိမ္းလက္ပတ္ေလးကိုျဖဳတ္ကာ စကိုင္းရဲ႕ဘယ္ဘက္လက္ေကာက္ဝတ္မွာဝတ္ေပးလိုက္တယ္။
" ခြန္စကိုင္းက ဂ႐ုစိုက္ပါဗ်၊ အႏၱရာယ္မ်ားတဲ့အရာေတြဆိုအဖြဲ႕သားေတြနဲ႕အတူတူလုပ္ပါဗ် တစ္ေယာက္ထဲဝင္ဝင္မသြားပါနဲ႕၊ ၿပီးေတာ့ ျပန္လာရင္ နာနီ႕ကို ဒီလက္ပတ္ေလး ေသခ်ာေပါက္ျပန္ေပးဖို႔ မေမ့ပါနဲ႕ဗ် "
" ကိုယ္ေသခ်ာထိန္းသိမ္းထားလိုက္ပါ့မယ္ "
နာနီက စကိုင္းရဲ႕လက္ေကာက္ဝတ္မွာ ရွိေနတဲ့ ေက်ာက္စိမ္းလက္ပတ္နဲ႕အနီေရာင္ႀကိဳးခ်ည္မွ်င္ေလးကိုျမင္ေတာ့ၿပဳံးလိုက္မိတယ္။
" အ႐ူးလိုပဲ "
" ခြန္နာနီဗ် ဘာေျပာလိုက္တာလဲေသခ်ာမၾကားလိုက္ရဘူးဗ် "
နာနီမ်က္ေစာင္းထိုးလိုက္တယ္။တကယ့္ကိုအ႐ူး ။ခနအၾကာေတာ့ လီနာက တံတားေပၚေရာက္လာတယ္။ နာနီက လီနာကိုျမင္ေတာ့ အၾကည့္ကိုလႊဲလိုက္တယ္။ လီနာ့ကိုလည္းမႏႈတ္ဆက္မိသလို စကိုင္းကိုလည္းမႏႈတ္ဆက္ဘဲထြက္လာလိုက္တယ္။
တစ္ခ်ိန္လုံးေကာင္းေပးတယ္လို႔ထင္ေနမိခဲ့တာ။ ဒီတိုင္းအထင္မွားေနခဲ့႐ုံပဲ။
နာနီနဲ႕အိုက္ကန္က စကိုင္းတို႔သြားသည္အထိေစာင့္ၾကည့္ေနၾကသည္။စကိုင္းတို႔ေလွအနည္းငယ္အလွမ္းေဝးသည့္အခါမွ
" သြားၾကမယ္အိုက္ကန္ သူတို႔ေနာက္မသိမသာလိုက္ၾကမယ္။ "
" ဟုတ္ကဲ့ဗ် သခင္ေလး "
အခုနာနီတို႔ပုံစံက မီးေလာင္ထားတဲ့လူေတြလိုပင္ မ်က္ႏွာေတြကိုမီးေသြးခဲ့အမႈန႔္၊အမဲဆီေတြေရာလိမ္းထားၿပီး အဝတ္အစားအစုတ္အျပတ္ေတြဝတ္ကာ ေခါင္းမွာ အဝတ္စတစ္ခုစီျဖင့္စည္းထားၾကေသးသည္။
အိုက္ကန္ကေတာ့ စကိုင္းတို႔ရဲ႕ေလွကိုမ်က္ေျခအပ်က္မခံဘဲ အနည္းငယ္လွမ္းရာကေနမသိမသာလိုက္တယ္။ ေရလမ္းခရီးၿပီးလို႔ ကုန္းေၾကာင္းေလွ်ာက္ရမည့္အခ်ိန္က ညေနေစာင္းေနၿပီပင္ျဖစ္တယ္။
နာနီနဲ႕အိုက္ကန္က စကိုင္းတို႔ရဲ႕ေက်ာျပင္ငယ္ေလးကိုသာလွမ္းျမင္ရတဲ့အကြာအေဝးေလာက္မွာရွိတယ္။
" လာ အိုက္ကန္ ျမန္ျမန္လာ မမွီရင္ထမင္းမစားရဘူးေနာ္ "
နာနီတို႔ လိုက္ေနရင္းပင္ အခ်ိန္ကလည္းအေတာ္လင့္ေနၿပီ အေရွ႕နဲ႕အေနာက္ဘက္ကို အနည္းငယ္မွ်သာ ျမင္ရေတာ့တယ္။
နာနီက အေနာက္မွာက်န္ခဲ့တဲ့အိုက္ကန္ကိုတစ္ခ်က္လွည့္ၾကည့္တုန္းပင္ရွိေသးအေရွ႕က စကိုင္းတို႔အုပ္စုကိုပင္မေတြ႕ေတာ့ေပ။ နာနီလွည့္ရွာၾကည့္ေနတုန္း တစ္စုံတစ္ေယာက္အေနာက္ကဖမ္းတာခံလိုက္ရၿပီး လည္ပင္းမွာလည္းေအးစက္စက္အထိအေတြ႕ႀကီးကိုခံစားလိုက္ရတယ္။
" သခင္ေလး "
အိုက္ကန္ေရာနာနီေရာအခုအဖမ္းခံလိုက္ရၿပီျဖစ္တယ္။
" ဘာလိုခ်င္လို႔ အေနာက္ကလိုက္ေနတာလဲ "
အိုက္ကန္ကိုဓားနဲ႕ေထာက္ထားတဲ့သူက စကိုင္းျဖစ္ၿပီး နာနီ႕ကိုထားနဲ႕ေထာက္ထားတဲ့သူက စကိုင္း၏တပည့္ျဖစ္ပုံရသည္။
စကိုင္းနဲ႕ အၾကည့္ခ်င္းဆုံသြားေတာ့ နာနီက သြားေပၚေအာင္ရယ္ျပလိုက္ၿပီး
" ဟီး ခြန္စကိုင္း "
" နာနီ? "
စကိုင္းရဲ႕မ်က္ႏွာက တကယ္ကိုတည္တင္းသြားၿပီး နာနီ႕အနား ေရာက္လာကာ နာနီ႕လည္ပင္းထက္ဓားေထာက္ထားတဲ့လူရဲ႕လက္ကို ဓားရိုးနဲ႕ရိုက္ခ်လိဳက္တယ္။
နာနီကလည္း စကိုင္းေဒါသထြက္ေနသည္ကိုသိ၍စကိုင္းနားကပ္သြားၿပီး သြားၿဖဲျပကာ
" ဟီးဟီး ခြန္စကိုင္း "
//////////////
There are no comments yet. Log in to be the first to leave a review!





