Fanfics

6

19:56, 19 February 2025

U

နာနီ အသိစိတ်ဝင်တဲ့အခါမှာ စကိုင်းရဲ့ရင်ဘတ်ကိုထုရိုက်လိုက်တယ်။ ဒါတောင် စကိုင်းကမလွှတ်သေးဘဲ ပိုတင်းနေအောင်ဖက်လာတာကြောင့် စကိုင်းရင်ဘတ်ကိုအတင်းတွန်းထုတ်လိုက်ရတယ်။

*ဘုရားဘုရား အကြမ်းနည်းနဲ့မသတ်ချင်လို့အနုနည်းနဲ့များသတ်သလားမှတ်ရတယ် အသက်ရှူရတာတောင်မဝတော့ဘူး*

နာနီကစကိုင်းရဲ့မျက်နှာကိုမကြည့်ရဲတော့ပေ။ဘယ်လိုရင်ဆိုင်ရမလဲကိုလည်းမသိတော့ပေ။

" နာနီ ကိုယ်... "

" ခွန်စကိုင်း နာနီ  နာနီ ပင်ပန်းနေလို့ သွား...သွားနားတော့မယ် "

စကိုင်းကလက်ကိုလာဆွဲတာကြောင့် ရှောင်လာပြီးထွက်လာလိုက်တယ်။ ဘာတွေဖြစ်နေတာလဲဆိုတာမသိတော့ဘူး။ဒီလိုကိစ္စတွေကဘာလို့ဖြစ်လာတာလဲဆိုတာကိုလည်းမသိတော့ပေ။

နာနီ ရဲ့အိပ်ခန်းအဆောင်ကိုပဲ‌ရောက်အောင်လာလိုက်တော့တယ်။ အဆောင်ထဲရောက်ရောက်ချင်းပဲ တံခါးချပ်တွေကိုပိတ်လိုက်ပြီး ဘယ်သူ့ကိုမှအဝင်မခံတော့ဘဲ ကုတင်ပေါ်ထက် လဲလျှောင်းနေလိုက်တယ်။

အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်။ နာနီ ဘယ်ဘက်လက်က အနီရောင်ချည်မျှင်ကြိုးလေးနဲ့ မဝတ်ရသေးတဲ့ကျောက်စိမ်းလက်ပတ်လေးကိုကိုင်ကြည့်နေမိတယ်။

စကိုင်းက သူ့ကိုကြိုက်နေတာလား။ မကြိုက်ရင်ဘာလို့နမ်းတာလဲ။ မူးနေလို့များလား။ မူးနေတဲ့ပုံလည်းမပေါ်ဘူးလေ။

ဒါဆိုဘာလို့လဲ နာနီ့ကိုကြိုက်နေတာလား။ ဒီလိုဖြစ်လို့မရဘူးလေ။ ဒီကမ္ဘာရဲ့အဆုံးသတ်ကဘယ်လိုလာမလဲဆိုတာမသိဘဲနဲ့ နာနီရှေ့ဆက်မတိုးချင်ဘူး။ စကိုင်းနာနီ့ကိုသဘောကျနေတာနာနီ့ကိုအမြဲတွေ့နေရတာကြောင့်ဆိုရင် နာနီက အခန်းထဲမှာပဲနေပြီး အပြင်မထွက်ပဲနေပေးလိုက်မယ်။

မဟုတ်လို့ နာနီတသက်လုံးဒီကမ္ဘာထဲပိတ်မိသွားရင်ဘယ်လိုလုပ်မလဲ။ နာနီဘာမှမတွေးတော့ဘဲ အိပ်ပျော်နိုင်အောင်အိပ်ဖို့စတင်ကြိုးစားတော့တယ်။ အချိန်က ညနေစောင်းရယ်လောက်ပဲရှိသေးတာဆိုတော့ အိပ်ပျော်ဖို့ရာခက်ခဲတယ်။

ဒါပေမယ့်လည်း နာနီအိပ်ယာပေါ်မှာလှိမ့်နေရင်းအချိန်ကြာလာတော့ အိပ်ပျော်သွားခဲ့တယ်။ အိပ်မက်ထဲမှာ ထိုင်းရိုးရာဝတ်စုံနဲ့နာနီ့ကိုလူတစ်ယောက်က ရေကန်ထဲတွန်းချခဲ့တာဖြစ်ပြီး နာနီက ရုန်းရင်းဆန်ခတ် အော်ငိုနေပေမယ့် ထိုလူက ရပ်ကြည့်နေကာထွက်သွားတယ်။

//////////////

စကိုင်းထွက်ခွာသွားတဲ့ နာနီ့ကျောပြင်ကိုကြည့်ပြီး ငိုင်နေမိတယ်။ သူကိုယ်တိုင်ဘာဖြစ်နေတယ်ဆိုတာကိုပင်မသိ။ သူ နာနီ့ကိုဘာလို့နမ်းလိုက်ရလဲဆိုတာကိုပင်မသိပေ။

" ကျစ်  ဟာ စိတ်ရှုပ်တယ်ကွာ "

စကိုင်း စိတ်ညစ်ညစ်နဲ့ပင် အခမ်းအနားဆီမပြန်တော့ဘဲ စံအိမ်ကိုသာတန်းပြန်သွားမိလိုက်တယ်။

စကိုင်းစံအိမ်ကိုပြန်ရောက်ရောက်ချင်း အိပ်ခန်းဆောင်ထဲဝင်ပြီးပြတင်းပေါက်နားမှာထိုင်ကာ ကောင်းကင်ပေါ်ကပြည့်ဝန်းတော့မည့်လနဲ့ ကြယ်အရောင်လဲ့လဲ့လေးတွေကိုကြည့်နေမိတယ်။

အကယ်၍ ကျွန်တော်က နာနီ့ကိုသဘောကျမိနေတယ်ဆိုရင်ရော ဘာဖြစ်မလဲ။ ယောင်္ကျားလေးတစ်ယောက်က အခြားယောင်္ကျားလေးကိုသဘောကျတာကရောဖြစ်နိုင်လို့လား။ မမြင်ဖူးမကြားဖူးခဲ့ပေ။

ရှေ့ဆက်လို့ရောရနိုင်ပါ့မလား။ နာနီကရောပင်ပန်းနေလောက်လား။ အဖြေရှာလို့မထွက်တဲ့မေးခွန်းတွေကိုစဉ်းစားနေမိတယ်။

စကိုင်းတစ်ညလုံးကောင်းကောင်းအိပ်မပျော်ပဲ အတွေးများခဲ့ရတယ်။ နေထွက်လာတဲ့အခါ အခန်းတွင်းအောင်းမနေတော့ဘဲ အပြင်ထွက်လိုက်တော့ ပန်းထိုးနေတဲ့အမေဖြစ်သူကိုမြင်လိုက်ရတယ်။

" အမေ "

" အော သားစကိုင်း မနေ့က ဘာလို့အခမ်းအနားကနေစောစောပြန်လာရတာလဲ "

" သား မနေ့က နေလို့သိပ်မကောင်းလို့ပါဗျ "

"အခုရော သက်သာရဲ့လား "

" သက်သာပါတယ်ဗျ "

" စကိုင်း အမေ့ကို မေးချင်တာတစ်ခုခုများရှိနေသလား "

မတ်တပ်ရပ်ကာငိုင်နေတဲ့စကိုင်းအကြောင်းသိပုံရတဲ့အမေက စကားစလာတော့ စကိုင်းက အမေ့ဘေးနားဝင်ထိုင်လိုက်ပြီး

" အမေဗျ တကယ်လို့ လူတစ်ယောက်မကြိုက်တာလုပ်ထားမိရင် ဘာလုပ်ရမလဲဗျ "

" ဘယ်လိုမျိုးမကြိုက်တာလဲ အရမ်းဆိုးရွားလား "

" အရမ်းဆိုးရွားမယ်လို့တော့မထင်ရဘူးဗျ ဒါပေမယ့် သူကကျွန်တော့်ကိုမတွေ့ချင်တော့ဘူးဆိုဘာလုပ်ရမလဲ "

အမေက ပြုံးလိုက်ပြီး

" အဲ့အခြေအနေကျ စကိုင်းက အဲ့ကောင်မလေးကိုသေသေချာချာတောင်းပန်ရမှာပေါ့။ သူ့ကိုသေချာနားလည်အောင်ရှင်းပြရမယ်လေ။ ဒါနဲ့ ဘယ်စံအိမ်ကမိန်းကလေးလဲပြောပါအုံး "

" ဟာ မဟုတ်ပါဘူး အမေကလည်း ကျွန်တော်ကဒီတိုင်းသိချင်လို့မေးတာပါ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ "

" အဲ့တာဆို အမေ သားသွားတော့မယ်နော် "

" ဘယ်သွားမလို့တုန်း "

" ဟို ဟီရမ်ကစ် စံအိမ်ကိုသွားမလို့ပါ အလုပ်ကိစ္စ ဆွေးနွေးစရာရှိလို့ပါဗျ သွားပြီနော် အမေဗျ "

" အေးအေး "

စကိုင်းထွက်သွားတော့မှ အမေဖြစ်သူက စာဖတ်ခန်းထဲတွင်ရှိနေသည့်စကိုင်းဖခင်ထံသွားကာ

" အစ်ကို ကျွန်မတို့သားလေးက ဟီရမ်ကစ်စံအိမ်က မိန်းကလေးကို မေတ္တာရှိနေပြီထင်တယ်။ "

" ဟေ ဟုတ်လား လီနာလေးကိုလား "

" ဟုတ်တယ်ဟုတ်တယ် အခုလည်း ကျွန်မကို မေးခွန်းတွေမေးပြီး အဲ့စံအိမ်ကိုထွက်သွားလေတယ် "

စကိုင်းရဲ့မိခင်ဖြစ်သူကတော့ တအားကိုပျော်နေရှာတယ်။

တစ်ဖက်မှာတော့ စကိုင်းက ဟီရမ်ကစ်စံအိမ်ကို ရောက်တော့ လှေကမ်းဆိပ်မှာရှိနေတဲ့အစေခံတွေက အရိုအသေပေးကြတယ်။

" သခင်လေးစကိုင်း ဘယ်သူနဲ့များတွေ့မလို့ပါလဲရှင့် သခင်ကြီးစီခေါ်သွားပေးရမလားရှင့် "

" အင်း "

စကိုင်းက အစေခံနောက်ကလိုက်သွားရင်း မျက်လုံးဝှေ့ဝဲက နာနီ့ကိုရှာကြည့်ပေမယ့်မတွေ့။ သခင်ကြီးစီရောက်တော့ စကိုင်းက အရိုအသေပေးပြီးနှုတ်ဆက်လိုက်တယ်။

" မင်္ဂလာပါ ဦးလေး "

" အေး ဘာအရေးကိစ္စရှိလို့ စံအိမ်ထိရောက်လာရတာတုန်းကွဲ့ "

သခင်ကြီးမေးတာကြောင့် စကိုင်းဘာဖြေရမှန်းပင်မသိပေ။

" ဟို ကျွန်တော်က နာ.."

" အယ် သခင်လေးစကိုင်းရောက်နေတာပဲ "

" မင်္ဂလာပါဗျ "

" သခင်လေးစကိုင်းက သမီးလေးစီလာတာလားကွယ့် ခေါ်ပေးမယ်နော် မယ့်ဂျန် သွား သမီးလေးလီနာကိုသွားခေါ်လိုက် "

" ဟုတ်ကဲ့ပါ သခင်မကြီးရှင့် "

စကိုင်းဘာမှပြောချိန်မရလိုက်သေးခင်ပဲ လီနာ့အမေဖြစ်သူကရောက်လာပြီး သူပြောချင်တာတွေပြောသွားလေတယ်။ ထိုအခါမှ သခင်ကြီးက စကားပြန်စပြီး

" သခင်လေး စကိုင်းကြားပြီးပြီတော့ထင်တယ်ကွဲ့ "

" ဘာများလဲ ဦးလေး "

" မြောင်ပိုင်းပြည်နယ်က ကိစ္စလေ "

" ဟုတ်ကဲ့ဗျ ကျွန်တော်ကြားသိပြီးပါပြီဗျ "

" အေးကွာ မင်းတို့အဖွဲ့အစည်း အဲ့ဘက်ကိုသွားစုံစမ်းရဦးမယ်ထင်တယ်။ "

" ဟုတ်တယ်ဗျ ဘုရင့်အမိန့်စောင့်ရဖို့ပဲကျန်တော့တယ်ဗျ "

" မင်္ဂလာပါ သခင်လေးစကိုင်းရှင့် "

သခင်ကြီးနဲ့စကားပြောနေတုန်း အနောက်မှလီနာကဝင်လာပြီး စကိုင်းဘေးနားမှာဝင်ထိုင်တယ်။

" မင်္ဂလာပါ "

" သခင်လေးစကိုင်း ညီမစီလာတယ်ဆိုတာ ဘာအကြောင်းများထူးလို့လဲရှင့် "

" အယ် လီနာ သမီးရဲ့အစ်ကို ကို အပန်းဖြေအဆောင်ကိုလိုက်ပို့လိုက်လေ "

" ဟုတ်ကဲ့အမေ ကြွပါသခင်လေးစကိုင်း "

အပန်းဖြေအဆောင်ဆိုတာနဲ့တင် စကိုင်းမနေ့ညက အဖြစ်အပျက်တွေကိုပြန်မှတ်မိလာတယ်။ စကိုင်းဘာလို့ရယ်မသိ နာနီရှိနေရင်ကောင်းမယ်လို့တွေးမိတယ်။

လီနာက အရှေ့ကနေ လမ်းပြပြီး အပန်းဖြေအဆောင်ကိုခေါ်သွားတယ်။ စကိုင်းကသွားတဲ့လမ်းတစ်လျှောက်အရှေ့ကလီနာပြောတဲ့စကားတွေကိုအာရုံမရဘဲ ဘေးပတ်ပတ်လည်တွေ ကိုပဲ မျက်လုံးဝှေ့ကာပတ်ရှာမိနေတော့တယ်။

" အယ် အစ်ကိုနာနီလည်းရှိနေတာပဲ ဒီမှာလေ သခင်လေးစကိုင်းကလီနာ့စီလာတာတဲ့ ဟင်းဟင်း "

လီနာက အပန်းဖြေဆောင်ရဲ့လက်ရန်းဘောင်ကိုမေးတင်ပြီးထိုင်နေတဲ့ နာနီကိုကြည့်ကာနှုတ်ဆက်လိုက်မှ စကိုင်းရဲ့အာရုံငါးပါးလုံးက အရှေ့ကလူစီရောက်တော့တယ်။

" နာနီ..."

နာနီက စကိုင်းကိုမြင်တော့ ထကာ ပြန်ထွက်တော့မလိုလုပ်တာကြောင့် စကိုင်းက နာနီလက်ကိုကိုင်လိုက်တယ်။

" ခွန်နာနီ...ကျွန်တော်ပြောစရာရှိတယ် "

နာနီကပြဿနာမကြီးချင်တဲ့ပုံ။လီနာ့ကိုလည်းသိသွားစေချင်ပုံမပေါ်ဘူး။ ဒါပေမယ့် နာနီက ကျွန်တော်ကိုမုန်းနေတဲ့ပုံတော့ပေါ်မနေဘူး။

ပုံမှန်ဆို ဒီလိုလိင်တူ တစ်ယောက်က ကိုယ့်ကိုနမ်းလိုက်တဲ့အခါ ဒေါသထွက်တာမုန်းတာကဖြစ်သင့်တာမလား။ နာနီ့မျက်နှာမှာ ဒေါသအရိပ်အယောင်မျိုး မုန်းတဲ့အရိပ်အယောင်မျိုးကိုမတွေ့မိဘူး။

ပြီးတော့ နာနီက သူပေးတဲ့ ကျောက်စိမ်းလက်ပတ်လေးတောင်ဝတ်ထားသေးတယ်။

လက်ပတ်လေးကိုမြင်တော့မှစကိုင်းပြုံးသွားမိတယ်။

နာနီက စကိုင်းလက်ကိုဖယ်ပြီး နေရာမှာပြန်ထိုင်လိုက်တယ်။

" သခင်မလေး ဒီမှာအချိုပွဲပါ "

" ကျေးဇူးတင်ပါတယ်နော် မယ့်ဂျန် "

လီနာက အချိုပွဲလာပို့တဲ့အစေခံကိုကျေးဇူးတင်ကြောင်းပြောတော့ နာနီကနည်းနည်းတော့ ကြောင်သွားတယ်။ နာနီ ဒီကိုရောက်ထဲက ဒီလိုအစေခံတွေကိုဆက်ဆံတာကိုမမြင်ဖူးသေးဘူးလေ။

လီနာက တကယ်ကိုပဲစိတ်ထားကောင်းတာပဲထင်ပါတယ်။ နာနီအများကြီးမတွေးတော့ပဲ ဘေးကိုကြည့်လိုက်တော့ စကိုင်းက သူ့ကိုကြည့်နေတုန်း။

နာနီမျက်နှာပြန်လှည့်ပြီး ခေါင်းလေးငုံ့ထားလိုက်တယ်။ ဘယ်လိုလုပ်ဒီလိုကြီးလာကြည့်နေရတာလဲ။

နာနီတကယ်အကြပ်ရိုက်နေပြီပဲ။ ဘာလိုဆို စကိုင်းက နာနီဘေးကိုကပ်လွန်းလို့ နာနီကဘေးကပ်ရင်းအခုဆိုထောင့်စွန်းရောက်နေပြီ။ ထပ်တိုးစရာလည်းမရှိတော့ဘူး။သူ့ဘေးကိုကြည့်တော့လည်းနေရာတွေကအများကြီးပဲကို။

နာနီစိတ်မရှည်တော့တဲ့အဆုံး စကိုင်းရဲ့ပေါင်ကို လက်နဲ့ရိုက်လိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။

" ခွန်စကိုင်း ဘာဖြစ်နေတာလဲ "

" ကိုယ့်ကိုစိတ်ဆိုးနေလား "

ချီး! ဘယ်လိုကြီးလဲ။မနေ့ကမူးနေလို့ အဲ့လိုတွေသုံးတယ်ထင်တာ အခုကမမူးဘဲနဲ့လာသုံးနေတာပဲ။

" ခွန်စကိုင်း အငြိမ်နေနော် အရှေ့မှာလီနာရှိတယ်။ "

လီနာသတိမထားမိစရာအကြောင်းမရှိဘူးလေ ဒီနေရာမှာရှိတာမှသုံးယောက်ပဲ။ နာနီစိတ်ညစ်လို့သေသာသေလိုက်ချင်တယ်။ ဘာလို့ ဒီဇာတ်လိုက်ကောင်က လူတအားကပ်ရတာလဲ??

" အာ သခင်လေးစကိုင်းရှင့် ခုနက သခင်ကြီးနဲ့ဆွေးနွေးနေတာဘာကိစ္စများလဲ "

လီနာကမေးပေမယ့် စကိုင်းက အာရုံရပုံမပေါ်။ သူ့ဘေးက နာနီရဲ့ ကျောက်စိမ်းလက်ပတ်ကို သူ့လက်နဲ့ထိကာ ကစားနေတယ်။

လီနာမျက်နှာပျက်သွားတာကိုမြင်တဲ့နာနီက စကိုင်းကိုတံတောင်နဲ့ထိုးလိုက်တယ်။

" အာ့ နာနီးးး"

" ခွန်စကိုင်း! "

" သခင်လေး အဆင်ပြေရဲ့လားရှင့် "

လီနာကလည်း စကိုင်းအော်သံကြောင့် မေးတာကြောင့်

" အဆင်ပြေပါတယ်ဗျ ဒါနဲ့ သခင်မလေးလီနာ ဘာမေးလိုက်တာလဲဗျ "

" အာ သခင်လေးနဲ့ အဖေ နဲ့ ဆွေးနွေးနေတဲ့အကြောင်းပါ "

နာနီက သူ့နဲ့မဆိုင်တော့တာကြောင့် စားပွဲပေါ်က အချိုပွဲကိုသာ အာရုံစိုက်လိုက်တယ်။

ရွှေရောင် အမျှင်တန်းအရှည်လေးတွေနဲ့ပုံဖော်ထားတာဖြစ်တယ်။ နာနီ တစ်လုံးယူပြီးစားကြည့်လိုက်တော့ တကယ်အရသာရှိတာကြောင့်

" အွန်းးးး အရသာရှိလိုက်တာ ခွန်စကိုင်း စားကြည့် တကယ်အရသာရှိတယ် "

နာနီက တစ်ခုယူကာ စကိုင်းကိုကျွေးဖို့အလုပ် လီနာက

" အယ် အစ်ကိုနာနီရှင့် သခင်လေးစကိုင်းက အချိုမကြိုက်ဘူးရှင့် "

လီနာစကားက နာနီက စကိုင်းပါးစပ်နားထိတေ့ထားတဲ့ မုန့်ကို ပြန်ဆွဲယူပြီး နာနီကိုယ်ဆိုင်စားဖို့ပဲရှိသေး စကိုင်းက နာနီ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး မုန့်အလုံးလေးကိုသူကိုယ်တိုင်ယူစားလိုက်တယ်။ နာနီ့လက်ထိပ်လေးကိုလည်း သွားလေးနဲ့ဖွဖွလေးကိုက်သွားသေးတာကြောင့် နာနီ နားရွက်နဲ့ပါးနှစ်ဖက် ရဲတက်လာတယ်။

" အယ် သခင်လေးစကိုင်း အချိုမစားတတ်ဖူးဆို "

" ဟုတ်တယ်ဗျ ဒါပေမယ့် အိမ်ရှင်ကိုယ်တိုင်ကကျွေးနေတာ ကိုတော့မငြင်းသင့်ဘူးထင်လို့ဗျ တကယ်စားကောင်းတယ်နော် ခွန်..နာနီဗျ "

" အာ ဟုတ်ကဲ့ရှင့် အဲ့တာဆို ခုနကအကြောင်း "

" အော် အဲ့တာက အယုဒ္ဓယရဲ့ မြောက်ဘက်ပိုင်းက ရွာငယ်တစ်ခုမှာ ကလေးသူငယ်တွေကို ယဇ်ပူဇော်တဲ့ရိုးရာတစ်ခု ဖြစ်လာလို့လေ အဲ့ကိစ္စအတွက် ကျွန်တော်တို့က သွားစုံစမ်းကြည့်ရမှာပါဗျ "

စကိုင်းစကားဆုံးတော့ နာနီ ပြန်သတိရသွားတယ်။ ကလေးတွေကို ယဇ်ပူဇော်တယ်ဆိုပြီး လူကုန်ကူးတဲ့ အလုပ်ကိုလုပ်တဲ့အမှုကိုလိုက်ရတော့မှာဖြစ်တယ်။

စကိုင်းကိုယ်တိုင်က အဲ့ဒေသကို သွားရောက်စုံစမ်းရမှာဖြစ်ပြီး လီနာက စကိုင်းကိုအဖော်ပြုဖို့လိုက်သွားမှာဖြစ်တယ်။ ကိစ္စတွေကိုသိသွားတဲ့လီနာက ယဇ်ပူဇော်နေတာမဟုတ်မှန်း ရွာကလူတွေကိုပြောပေမယ့် ရွာကတစ်ယူသန်လူတွေက လုံးဝလက်မခံတဲ့အပြင် သူတို့ရွာကိုဖျက်ဆီးဖို့ရောက်လာတဲ့စုန်းမဆိုပြီး ဖမ််းကာမီးရှို့သတ်ဖို့လုပ်ကြတယ်။ ဒေါသထွက်သွားတဲ့စကိုင်းကတော့ သူ့လီနာကိုထိလို့ဆိုပြီး တစ်ရွာလုံးကိုမီးရှို့သတ်ပြစ်လိုက်တယ်။ အေးရော။

ဘယ်လိုပဲဖြစ်ဖြစ် နာနီကိုယ်တိုင်ဒီထဲရောက်လာပြီဆိုတော့ ဒီလိုမျိုးကိုအဖြစ်မခံနိုင်။ အပြစ်မရှိတဲ့ရွာသူတွေကိုကယ်တင်ပေးမယ်။ သူတို့ကိုတော့သေချာပြောပြရင်ရလောက်မှာပါ။ တစ်ဖက်နိုင်ငံကို လူကုန်ကူးနေတဲ့လူတွေရဲ့မျက်နှာဖုံးတွေကိုခွာချပစ်မယ်။

" သခင်လေးစကိုင်း အဲ့တာဆို ညီမလည်း လိုက်- "

" ခွန်စကိုင်းခင်ဗျ "

" ဗျ "

" ခွန်စကိုင်းက အဲ့ဒေသမှာသွားစုံစမ်းရမှာလား "

" ဟုတ်တယ်ဗျ "

" အဲ့တာဆို နာနီရော ခွန်စကိုင်းနဲ့အတူတူလိုက်လို့ရမလားဟင် "

နာနီ မျက်နှာလေးကိုပြုံးပြီး စကိုင်းကိုပြောလိုက်တယ်။

" မရပါဘူးဗျ အန္တရာယ်အရမ်းများတယ် ခွန်နာနီလိုက်လို့မဖြစ်ဘူး "

" အွန်းးး ခွန်စကိုင်းကလည်း "

" သခင်မလေးရှင့် သခင်မကြီး အခေါ်လွှတ်လိုက်လို့ပါရှင့် "

" အဲ့တာဆို ညီမ ခနလောက်သွားလိုက်ပါအုံးမယ်နော် သခင်လေးစကိုင်းရှင့် နောက်မှပဲသေချာ ဧည့်ခံပါတော့မယ် "

လီနာကတော့ အစေခံလာခေါ်တာကြောင့် ပြန်ထွက်သွားရတော့ ဒီနေရာမှာ စကိုင်းနဲ့နာနီ နှစ်ယောက်ထဲသာ ကျန်ခဲ့တယ်။

" နော််လို့ ခွန်စကိုင်းနော် "

" အရမ်းအန္တရာယ်များတယ် ကိုယ်စိတ်မချဘူးလေ နာနီဗျ "

" ခွန်စကိုင်းကလည်း နာနီ့ကို ခွန်စကိုင်းကာကွယ်ပေးလေ "

" နာနီတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်မကာကွယ်နိုင်လိုက်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိလိမ့်မယ်။ "

နာနီဘယ်လောက်ပဲတောင်းဆိုတောင်းဆို ဒီစကိုင်းတို့က လိုက်လျှောပေးမှာမဟုတ်ပေ။

နာနီ နှုတ်ခမ်းစူပြီး ခွန်စကိုင်းရဲ့ ဘေးကခွာပြီး တစ်ဖက်ခုံမှာ သွားထိုင်နေလိုက်တော့ စကိုင်းက အသက်ထွက်သည်အထိရယ်လိုက်တယ်။

" ကိုယ့်ကိုစိတ်ကောက်တာလား ကိုယ်က နာနီ့ကိုစိတ်ပူလို့လေကွာ "

" ခွန်စကိုင်းတို့ကသွားတဲ့အခါ နာနီကတစ်ယောက်ထဲပျင်းပြီးကျန်ခဲ့ရမှာလေ "

" ဒါဆို ကိုယ်မသွားဘဲနာနီနဲ့အတူတူနေပေးရမလား "

စကိုင်းရဲ့စကားကြောင့် နာနီစကိုင်းကိုကြည့်လိုက်မိတယ်။တကယ်ကို နာနီ့ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးပြောနေတာပင်။ မဟုတ်မှ သူ နာနီ့ကို ဖလစ်နေတာများလား။ ဘယ်လိုလုပ်ရမလဲ။

နာနီမတ်တပ်ထရပ်လိုက်ပြီး

" ခွန်..ခွန်စကိုင်း နောက်ကျနေပြီ ပြန်သင့်ပြီလေ။ "

နာနီပြောပြီးပြေးထွက်လာလိုက်တယ်။ နာနီတစ်ခုခုလုပ်မှရတော့မယ်။ မသေချာမရေရာတဲ့ ဒီခံစားချက်ကြီးကိုနာနီမကြိုက်ပေ။

စကိုင်းဒီနေ့ သူ့ကိုဆက်ဆံတဲ့ပုံအရ စကိုင်းကနာနီ့အပေါ်စိတ်ဝင်စားနေတာ ၁၀၀မှာ၇၅ရာခိုင်နှုန်းလောက်ကသေချာနေပြီ။ဒါဆိုနာနီကရော နာနီကရော စကိုင်းကိုစိတ်ဝင်စားရဲ့လား။

အမှန်တိုင်းပြောရရင် ကျွန်တော် စကိုင်းနဲ့အတူရှိနေရရင် ပျော်တယ်၊ လွတ်လပ်တယ်လို့ခံစားရတယ်။ တကယ်နာနီအစစ်အမှန်လို့ခံစားရတယ်။

စကိုင်းတစ်ခါတစ်လေပြောတဲ့စကားတွေကြောင့်နာနီရှက်တယ်။ ဒါပေမယ့် ကျွန်တော်မကြားချင်တော့တာမျိုးမဟုတ်ဘူး။

စကိုင်းကျွန်တော့်ကိုကြည့်နေတာကိုမြင်ရင်ရှက်ပေမယ့်သဘောကျတယ်။ပျော်တယ်။ မနေ့ညကပြဿနာကြောင့် စကိုင်းကို မပက်သတ်ချင်တော့သလိုဖြစ်သွားမယ်ထင်မိပေမယ့် စကိုင်းကိုတွေ့တွေ့ရချင်း နာနီစိတ်မကောင်းဖြစ်နေတာတွေပျောက်သွားတယ်။

နာနီရှောင်သွားဖို့ကြိုးစားပေမယ့် စကိုင်းကနာနီ့လက်ကိုကိုင်ထားသလို နာနီကိုယ်တိုင်က အဲ့လက်ကိုပုတ်ထုတ်ပြီး ထွက်သွားဖို့ဆန္ဒရယ်လို့မရှိ။

နာနီသေချာသုံးသပ်ကြည့်တော့ စကိုင်းကိုသူသဘောကျနေမှန်သိရတယ်။ မဖြစ်နိုင်ဘူးလို့ထင်တယ်။ဘာလို့ဆို နာနီရောစကိုင်းရောက ယောင်္ကျားလေးပဲလေ။ ပြီးတော့ ဒီဘက်ခေတ်မှာ ယောင်္ကျားလေးနဲ့ မိန်းကလေးကိုအတော်လေးအဆင့်အတန်းခွဲခြားတာ ဒီလိုမျိုးအဖြစ်အပျက်တွေကိုလက်ခံနိုင်ကြမယ်လို့မထင်။

ပြီးတော့ စကိုင်းက အဆုံးသတ်မှာလီနာနဲ့ပဲတည်ရှိနေရမှာ။ ကံကြမ္မာကိုပြောင်းလဲဖို့မဖြစ်နိုင်ဘူးလေ။

နာနီ မှန်ရှေ့ရပ်လိုက်ပြီး

" ကျွန်တော် နှလုံးသားရဲ့အမိန့်ကိုနာခံပြီး ရှေ့ဆက်လှမ်းရင် ဘာဆက်ဖြစ်လောက်လဲ၊ရှေ့ဆက်သင့်လား နောက်ဆုတ်သင့်လား "

နာနီမှန်ကိုကြည့်ပြီးပြောနေရင်း ရုတ်တရက်ခေါင်းတွေကိုက်လာကာ အရင်တစ်ခေါက်ကလို မျက်လုံးထဲ မသဲကွဲတဲ့ ပုံရိပ်တွေနဲ့အတူ နားထဲမှာဆူညံနေတဲ့အသံတွေကိုကြားနေရတယ်။

' နင်အရင်က ငါ့ကိုဘယ်လိုတွေလုပ်ခဲ့လဲဆိုတာသိတယ်မလား'

' စကားမပြောတတ်တဲ့အကောင်ကများ ငါ့ကိုလုပ်ချင်သေးတယ်၊ နင်သေသင့်တာ'

' နင့်အမေရော ဘယ်လိုသေလဲသိချင်လား '

' စားစမ်းဒီမှာ၊ ဒီခရမ်းသီးနင်အရမ်းကြိုက်တယ်မဟုတ်လား'

' ငါ့ခြေထောက်ကိုဖက်ပြီးတောင်းပန် '

' တောင်းပန်လေ နင်အသံထွက်ပြီးတောင်းပန် '

' နင့်အမေပေးထားတဲ့ဆွဲကြိုးဟုတ်လား သွားအဲ့ရေကန်ထဲပစ်ချလိုက်ပြီ '

' ရေကန်ထဲတောင် မသွားရဲဘူးလား နင်မွေးကတည်းကအသုံးကျတာဘာရှိလဲ သွား နင့်ကိုတွန်းချပေးမယ် '

နာနီ မြင်နေရတဲ့ပုံရိပ်တွေနဲ့စကားသံ တွေက အကုန်လုံးမသဲကွဲဘူးဆိုပေမယ့် တစ်ချက်တစ်ချက်မြင်ရတဲ့အခါ ကြားရတဲ့အခါ အရမ်းရှင်းလွန်းတယ်။

* ဘယ်လိုလုပ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နာနီ့ကိုရေကန်ထဲတွန်းချခဲ့တဲ့လူ၊နာနီ့အမေကိုသေစေတဲ့လူက ဘယ်လိုလုပ် ဘယ်လိုလုပ် လီနာဖြစ်နေရတာလဲ *

* မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး နာနီရေးခဲ့တဲ့စာမှာက လီနာကပဲနာနီ့ကိုကြောက််နေခဲ့ရတာ နာနီကအချိန်ပြည့်လီနာ့ကိုနှိပ်စက်နေခဲ့တာလေ အခုက ဘယ်လိုလုပ် ဘာတွေဖြစ်ကုန်တာလဲ*

နာနီနားမလည်တော့ဘူး သူရေးထားတဲ့ စာအကြောင်းပြန်စဉ်းစားကြည့်တော့ သေချာပေါက် သေချာပေါက် အဲ့လိုပဲရေးထားခဲ့တာ။ဒါဆို ဒါတွေက ဘယ်လိုလုပ်ဖြစ်လာတာလဲ။

နာနီတွေးနေရင်း နာနီ့ဘယ်ဘက်က လက်ပတ်ကြိုးအနီးလေးကပါ တင်းလာတယ်။အသားထဲနစ်ဝင်လောက်အောင်တင်းလာတာကြောင့် နာနီ အသံထွက်သည်ထိအော်လိုက်မိတယ်။

နာနီ အမြင်တွေမှုန်ဝါးလာပြီး မျက်လုံးကမှိတ်လာတယ်။ တစ်စုံတစ်ယောက် နာနီ့အဆောင်ထဲဝင်လာ‌တာကိုသိမိတော့ နာနီမျက်လုံးကိုအားယူပြီးဖွင့်ကြည့်မိတယ်။ နာနီ လုံးဝသတိမမေ့ခင် လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ထိုလူကနာနီ့စီ အလောတကြီးအပြေးလာတယ်။

" နာနီ..."

///////////////

Supporting လုပ်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ကျေးဇူးတင်တဲ့အနေနဲ့ အချိန်များများဖယ်ထားပြီး update မှန်နိုင်အောင်ကြိုးစားပေးပါမယ်ရှင့်။ အားလုံးကို love you kha 🙇🏻‍♀️💗

Z

နာနီ အသိစိတ္ဝင္တဲ့အခါမွာ စကိုင္းရဲ႕ရင္ဘတ္ကိုထုရိုက္လိုက္တယ္။ ဒါေတာင္ စကိုင္းကမလႊတ္ေသးဘဲ ပိုတင္းေနေအာင္ဖက္လာတာေၾကာင့္ စကိုင္းရင္ဘတ္ကိုအတင္းတြန္းထုတ္လိုက္ရတယ္။

*ဘုရားဘုရား အၾကမ္းနည္းနဲ႕မသတ္ခ်င္လို႔အႏုနည္းနဲ႕မ်ားသတ္သလားမွတ္ရတယ္ အသက္ရႉရတာေတာင္မဝေတာ့ဘူး*

နာနီကစကိုင္းရဲ႕မ်က္ႏွာကိုမၾကည့္ရဲေတာ့ေပ။ဘယ္လိုရင္ဆိုင္ရမလဲကိုလည္းမသိေတာ့ေပ။

" နာနီ ကိုယ္... "

" ခြန္စကိုင္း နာနီ  နာနီ ပင္ပန္းေနလို႔ သြား...သြားနားေတာ့မယ္ "

စကိုင္းကလက္ကိုလာဆြဲတာေၾကာင့္ ေရွာင္လာၿပီးထြက္လာလိုက္တယ္။ ဘာေတြျဖစ္ေနတာလဲဆိုတာမသိေတာ့ဘူး။ဒီလိုကိစၥေတြကဘာလို႔ျဖစ္လာတာလဲဆိုတာကိုလည္းမသိေတာ့ေပ။

နာနီ ရဲ႕အိပ္ခန္းအေဆာင္ကိုပဲ‌ေရာက္ေအာင္လာလိုက္ေတာ့တယ္။ အေဆာင္ထဲေရာက္ေရာက္ခ်င္းပဲ တံခါးခ်ပ္ေတြကိုပိတ္လိုက္ၿပီး ဘယ္သူ႕ကိုမွအဝင္မခံေတာ့ဘဲ ကုတင္ေပၚထက္ လဲေလွ်ာင္းေနလိုက္တယ္။

အျဖစ္အပ်က္ေတြကျမန္ဆန္လြန္းတယ္။ နာနီ ဘယ္ဘက္လက္က အနီေရာင္ခ်ည္မွ်င္ႀကိဳးေလးနဲ႕ မဝတ္ရေသးတဲ့ေက်ာက္စိမ္းလက္ပတ္ေလးကိုကိုင္ၾကည့္ေနမိတယ္။

စကိုင္းက သူ႕ကိုႀကိဳက္ေနတာလား။ မႀကိဳက္ရင္ဘာလို႔နမ္းတာလဲ။ မူးေနလို႔မ်ားလား။ မူးေနတဲ့ပုံလည္းမေပၚဘူးေလ။

ဒါဆိုဘာလို႔လဲ နာနီ႕ကိုႀကိဳက္ေနတာလား။ ဒီလိုျဖစ္လို႔မရဘူးေလ။ ဒီကမၻာရဲ႕အဆုံးသတ္ကဘယ္လိုလာမလဲဆိုတာမသိဘဲနဲ႕ နာနီေရွ႕ဆက္မတိုးခ်င္ဘူး။ စကိုင္းနာနီ႕ကိုသေဘာက်ေနတာနာနီ႕ကိုအၿမဲေတြ႕ေနရတာေၾကာင့္ဆိုရင္ နာနီက အခန္းထဲမွာပဲေနၿပီး အျပင္မထြက္ပဲေနေပးလိုက္မယ္။

မဟုတ္လို႔ နာနီတသက္လုံးဒီကမၻာထဲပိတ္မိသြားရင္ဘယ္လိုလုပ္မလဲ။ နာနီဘာမွမေတြးေတာ့ဘဲ အိပ္ေပ်ာ္နိုင္ေအာင္အိပ္ဖို႔စတင္ႀကိဳးစားေတာ့တယ္။ အခ်ိန္က ညေနေစာင္းရယ္ေလာက္ပဲရွိေသးတာဆိုေတာ့ အိပ္ေပ်ာ္ဖို႔ရာခက္ခဲတယ္။

ဒါေပမယ့္လည္း နာနီအိပ္ယာေပၚမွာလွိမ့္ေနရင္းအခ်ိန္ၾကာလာေတာ့ အိပ္ေပ်ာ္သြားခဲ့တယ္။ အိပ္မက္ထဲမွာ ထိုင္းရိုးရာဝတ္စုံနဲ႕နာနီ႕ကိုလူတစ္ေယာက္က ေရကန္ထဲတြန္းခ်ခဲ့တာျဖစ္ၿပီး နာနီက ႐ုန္းရင္းဆန္ခတ္ ေအာ္ငိုေနေပမယ့္ ထိုလူက ရပ္ၾကည့္ေနကာထြက္သြားတယ္။

//////////////

စကိုင္းထြက္ခြာသြားတဲ့ နာနီ႕ေက်ာျပင္ကိုၾကည့္ၿပီး ငိုင္ေနမိတယ္။ သူကိုယ္တိုင္ဘာျဖစ္ေနတယ္ဆိုတာကိုပင္မသိ။ သူ နာနီ႕ကိုဘာလို႔နမ္းလိုက္ရလဲဆိုတာကိုပင္မသိေပ။

" က်စ္  ဟာ စိတ္ရႈပ္တယ္ကြာ "

စကိုင္း စိတ္ညစ္ညစ္နဲ႕ပင္ အခမ္းအနားဆီမျပန္ေတာ့ဘဲ စံအိမ္ကိုသာတန္းျပန္သြားမိလိုက္တယ္။

စကိုင္းစံအိမ္ကိုျပန္ေရာက္ေရာက္ခ်င္း အိပ္ခန္းေဆာင္ထဲဝင္ၿပီးျပတင္းေပါက္နားမွာထိုင္ကာ ေကာင္းကင္ေပၚကျပည့္ဝန္းေတာ့မည့္လနဲ႕ ၾကယ္အေရာင္လဲ့လဲ့ေလးေတြကိုၾကည့္ေနမိတယ္။

အကယ္၍ ကြၽန္ေတာ္က နာနီ႕ကိုသေဘာက်မိေနတယ္ဆိုရင္ေရာ ဘာျဖစ္မလဲ။ ေယာကၤ်ားေလးတစ္ေယာက္က အျခားေယာကၤ်ားေလးကိုသေဘာက်တာကေရာျဖစ္နိုင္လို႔လား။ မျမင္ဖူးမၾကားဖူးခဲ့ေပ။

ေရွ႕ဆက္လို႔ေရာရနိုင္ပါ့မလား။ နာနီကေရာပင္ပန္းေနေလာက္လား။ အေျဖရွာလို႔မထြက္တဲ့ေမးခြန္းေတြကိုစဥ္းစားေနမိတယ္။

စကိုင္းတစ္ညလုံးေကာင္းေကာင္းအိပ္မေပ်ာ္ပဲ အေတြးမ်ားခဲ့ရတယ္။ ေနထြက္လာတဲ့အခါ အခန္းတြင္းေအာင္းမေနေတာ့ဘဲ အျပင္ထြက္လိုက္ေတာ့ ပန္းထိုးေနတဲ့အေမျဖစ္သူကိုျမင္လိုက္ရတယ္။

" အေမ "

" ေအာ သားစကိုင္း မေန႕က ဘာလို႔အခမ္းအနားကေနေစာေစာျပန္လာရတာလဲ "

" သား မေန႕က ေနလို႔သိပ္မေကာင္းလို႔ပါဗ် "

"အခုေရာ သက္သာရဲ႕လား "

" သက္သာပါတယ္ဗ် "

" စကိုင္း အေမ့ကို ေမးခ်င္တာတစ္ခုခုမ်ားရွိေနသလား "

မတ္တပ္ရပ္ကာငိုင္ေနတဲ့စကိုင္းအေၾကာင္းသိပုံရတဲ့အေမက စကားစလာေတာ့ စကိုင္းက အေမ့ေဘးနားဝင္ထိုင္လိုက္ၿပီး

" အေမဗ် တကယ္လို႔ လူတစ္ေယာက္မႀကိဳက္တာလုပ္ထားမိရင္ ဘာလုပ္ရမလဲဗ် "

" ဘယ္လိုမ်ိဳးမႀကိဳက္တာလဲ အရမ္းဆိုး႐ြားလား "

" အရမ္းဆိုး႐ြားမယ္လို႔ေတာ့မထင္ရဘူးဗ် ဒါေပမယ့္ သူကကြၽန္ေတာ့္ကိုမေတြ႕ခ်င္ေတာ့ဘူးဆိုဘာလုပ္ရမလဲ "

အေမက ၿပဳံးလိုက္ၿပီး

" အဲ့အေျခအေနက် စကိုင္းက အဲ့ေကာင္မေလးကိုေသေသခ်ာခ်ာေတာင္းပန္ရမွာေပါ့။ သူ႕ကိုေသခ်ာနားလည္ေအာင္ရွင္းျပရမယ္ေလ။ ဒါနဲ႕ ဘယ္စံအိမ္ကမိန္းကေလးလဲေျပာပါအုံး "

" ဟာ မဟုတ္ပါဘူး အေမကလည္း ကြၽန္ေတာ္ကဒီတိုင္းသိခ်င္လို႔ေမးတာပါ "

" ဟုတ္ပါၿပီ ဟုတ္ပါၿပီ "

" အဲ့တာဆို အေမ သားသြားေတာ့မယ္ေနာ္ "

" ဘယ္သြားမလို႔တုန္း "

" ဟို ဟီရမ္ကစ္ စံအိမ္ကိုသြားမလို႔ပါ အလုပ္ကိစၥ ေဆြးႏြေးစရာရွိလို႔ပါဗ် သြားၿပီေနာ္ အေမဗ် "

" ေအးေအး "

စကိုင္းထြက္သြားေတာ့မွ အေမျဖစ္သူက စာဖတ္ခန္းထဲတြင္ရွိေနသည့္စကိုင္းဖခင္ထံသြားကာ

" အစ္ကို ကြၽန္မတို႔သားေလးက ဟီရမ္ကစ္စံအိမ္က မိန္းကေလးကို ေမတၱာရွိေနၿပီထင္တယ္။ "

" ေဟ ဟုတ္လား လီနာေလးကိုလား "

" ဟုတ္တယ္ဟုတ္တယ္ အခုလည္း ကြၽန္မကို ေမးခြန္းေတြေမးၿပီး အဲ့စံအိမ္ကိုထြက္သြားေလတယ္ "

စကိုင္းရဲ႕မိခင္ျဖစ္သူကေတာ့ တအားကိုေပ်ာ္ေနရွာတယ္။

တစ္ဖက္မွာေတာ့ စကိုင္းက ဟီရမ္ကစ္စံအိမ္ကို ေရာက္ေတာ့ ေလွကမ္းဆိပ္မွာရွိေနတဲ့အေစခံေတြက အရိုအေသေပးၾကတယ္။

" သခင္ေလးစကိုင္း ဘယ္သူနဲ႕မ်ားေတြ႕မလို႔ပါလဲရွင့္ သခင္ႀကီးစီေခၚသြားေပးရမလားရွင့္ "

" အင္း "

စကိုင္းက အေစခံေနာက္ကလိုက္သြားရင္း မ်က္လုံးေဝွ႕ဝဲက နာနီ႕ကိုရွာၾကည့္ေပမယ့္မေတြ႕။ သခင္ႀကီးစီေရာက္ေတာ့ စကိုင္းက အရိုအေသေပးၿပီးႏႈတ္ဆက္လိုက္တယ္။

" မဂၤလာပါ ဦးေလး "

" ေအး ဘာအေရးကိစၥရွိလို႔ စံအိမ္ထိေရာက္လာရတာတုန္းကြဲ႕ "

သခင္ႀကီးေမးတာေၾကာင့္ စကိုင္းဘာေျဖရမွန္းပင္မသိေပ။

" ဟို ကြၽန္ေတာ္က နာ.."

" အယ္ သခင္ေလးစကိုင္းေရာက္ေနတာပဲ "

" မဂၤလာပါဗ် "

" သခင္ေလးစကိုင္းက သမီးေလးစီလာတာလားကြယ့္ ေခၚေပးမယ္ေနာ္ မယ့္ဂ်န္ သြား သမီးေလးလီနာကိုသြားေခၚလိုက္ "

" ဟုတ္ကဲ့ပါ သခင္မႀကီးရွင့္ "

စကိုင္းဘာမွေျပာခ်ိန္မရလိုက္ေသးခင္ပဲ လီနာ့အေမျဖစ္သူကေရာက္လာၿပီး သူေျပာခ်င္တာေတြေျပာသြားေလတယ္။ ထိုအခါမွ သခင္ႀကီးက စကားျပန္စၿပီး

" သခင္ေလး စကိုင္းၾကားၿပီးၿပီေတာ့ထင္တယ္ကြဲ႕ "

" ဘာမ်ားလဲ ဦးေလး "

" ေျမာင္ပိုင္းျပည္နယ္က ကိစၥေလ "

" ဟုတ္ကဲ့ဗ် ကြၽန္ေတာ္ၾကားသိၿပီးပါၿပီဗ် "

" ေအးကြာ မင္းတို႔အဖြဲ႕အစည္း အဲ့ဘက္ကိုသြားစုံစမ္းရဦးမယ္ထင္တယ္။ "

" ဟုတ္တယ္ဗ် ဘုရင့္အမိန႔္ေစာင့္ရဖို႔ပဲက်န္ေတာ့တယ္ဗ် "

" မဂၤလာပါ သခင္ေလးစကိုင္းရွင့္ "

သခင္ႀကီးနဲ႕စကားေျပာေနတုန္း အေနာက္မွလီနာကဝင္လာၿပီး စကိုင္းေဘးနားမွာဝင္ထိုင္တယ္။

" မဂၤလာပါ "

" သခင္ေလးစကိုင္း ညီမစီလာတယ္ဆိုတာ ဘာအေၾကာင္းမ်ားထူးလို႔လဲရွင့္ "

" အယ္ လီနာ သမီးရဲ႕အစ္ကို ကို အပန္းေျဖအေဆာင္ကိုလိုက္ပို႔လိုက္ေလ "

" ဟုတ္ကဲ့အေမ ႂကြပါသခင္ေလးစကိုင္း "

အပန္းေျဖအေဆာင္ဆိုတာနဲ႕တင္ စကိုင္းမေန႕ညက အျဖစ္အပ်က္ေတြကိုျပန္မွတ္မိလာတယ္။ စကိုင္းဘာလို႔ရယ္မသိ နာနီရွိေနရင္ေကာင္းမယ္လို႔ေတြးမိတယ္။

လီနာက အေရွ႕ကေန လမ္းျပၿပီး အပန္းေျဖအေဆာင္ကိုေခၚသြားတယ္။ စကိုင္းကသြားတဲ့လမ္းတစ္ေလွ်ာက္အေရွ႕ကလီနာေျပာတဲ့စကားေတြကိုအာ႐ုံမရဘဲ ေဘးပတ္ပတ္လည္ေတြ ကိုပဲ မ်က္လုံးေဝွ႕ကာပတ္ရွာမိေနေတာ့တယ္။

" အယ္ အစ္ကိုနာနီလည္းရွိေနတာပဲ ဒီမွာေလ သခင္ေလးစကိုင္းကလီနာ့စီလာတာတဲ့ ဟင္းဟင္း "

လီနာက အပန္းေျဖေဆာင္ရဲ႕လက္ရန္းေဘာင္ကိုေမးတင္ၿပီးထိုင္ေနတဲ့ နာနီကိုၾကည့္ကာႏႈတ္ဆက္လိုက္မွ စကိုင္းရဲ႕အာ႐ုံငါးပါးလုံးက အေရွ႕ကလူစီေရာက္ေတာ့တယ္။

" နာနီ..."

နာနီက စကိုင္းကိုျမင္ေတာ့ ထကာ ျပန္ထြက္ေတာ့မလိုလုပ္တာေၾကာင့္ စကိုင္းက နာနီလက္ကိုကိုင္လိုက္တယ္။

" ခြန္နာနီ...ကြၽန္ေတာ္ေျပာစရာရွိတယ္ "

နာနီကျပႆနာမႀကီးခ်င္တဲ့ပုံ။လီနာ့ကိုလည္းသိသြားေစခ်င္ပုံမေပၚဘူး။ ဒါေပမယ့္ နာနီက ကြၽန္ေတာ္ကိုမုန္းေနတဲ့ပုံေတာ့ေပၚမေနဘူး။

ပုံမွန္ဆို ဒီလိုလိင္တူ တစ္ေယာက္က ကိုယ့္ကိုနမ္းလိုက္တဲ့အခါ ေဒါသထြက္တာမုန္းတာကျဖစ္သင့္တာမလား။ နာနီ႕မ်က္ႏွာမွာ ေဒါသအရိပ္အေယာင္မ်ိဳး မုန္းတဲ့အရိပ္အေယာင္မ်ိဳးကိုမေတြ႕မိဘူး။

ၿပီးေတာ့ နာနီက သူေပးတဲ့ ေက်ာက္စိမ္းလက္ပတ္ေလးေတာင္ဝတ္ထားေသးတယ္။

လက္ပတ္ေလးကိုျမင္ေတာ့မွစကိုင္းၿပဳံးသြားမိတယ္။

နာနီက စကိုင္းလက္ကိုဖယ္ၿပီး ေနရာမွာျပန္ထိုင္လိုက္တယ္။

" သခင္မေလး ဒီမွာအခ်ိဳပြဲပါ "

" ေက်းဇူးတင္ပါတယ္ေနာ္ မယ့္ဂ်န္ "

လီနာက အခ်ိဳပြဲလာပို႔တဲ့အေစခံကိုေက်းဇူးတင္ေၾကာင္းေျပာေတာ့ နာနီကနည္းနည္းေတာ့ ေၾကာင္သြားတယ္။ နာနီ ဒီကိုေရာက္ထဲက ဒီလိုအေစခံေတြကိုဆက္ဆံတာကိုမျမင္ဖူးေသးဘူးေလ။

လီနာက တကယ္ကိုပဲစိတ္ထားေကာင္းတာပဲထင္ပါတယ္။ နာနီအမ်ားႀကီးမေတြးေတာ့ပဲ ေဘးကိုၾကည့္လိုက္ေတာ့ စကိုင္းက သူ႕ကိုၾကည့္ေနတုန္း။

နာနီမ်က္ႏွာျပန္လွည့္ၿပီး ေခါင္းေလးငုံ႕ထားလိုက္တယ္။ ဘယ္လိုလုပ္ဒီလိုႀကီးလာၾကည့္ေနရတာလဲ။

နာနီတကယ္အၾကပ္ရိုက္ေနၿပီပဲ။ ဘာလိုဆို စကိုင္းက နာနီေဘးကိုကပ္လြန္းလို႔ နာနီကေဘးကပ္ရင္းအခုဆိုေထာင့္စြန္းေရာက္ေနၿပီ။ ထပ္တိုးစရာလည္းမရွိေတာ့ဘူး။သူ႕ေဘးကိုၾကည့္ေတာ့လည္းေနရာေတြကအမ်ားႀကီးပဲကို။

နာနီစိတ္မရွည္ေတာ့တဲ့အဆုံး စကိုင္းရဲ႕ေပါင္ကို လက္နဲ႕ရိုက္လိုက္ၿပီး အသံတိုးတိုးနဲ႕ေျပာလိုက္တယ္။

" ခြန္စကိုင္း ဘာျဖစ္ေနတာလဲ "

" ကိုယ့္ကိုစိတ္ဆိုးေနလား "

ခ်ီး! ဘယ္လိုႀကီးလဲ။မေန႕ကမူးေနလို႔ အဲ့လိုေတြသုံးတယ္ထင္တာ အခုကမမူးဘဲနဲ႕လာသုံးေနတာပဲ။

" ခြန္စကိုင္း အၿငိမ္ေနေနာ္ အေရွ႕မွာလီနာရွိတယ္။ "

လီနာသတိမထားမိစရာအေၾကာင္းမရွိဘူးေလ ဒီေနရာမွာရွိတာမွသုံးေယာက္ပဲ။ နာနီစိတ္ညစ္လို႔ေသသာေသလိုက္ခ်င္တယ္။ ဘာလို႔ ဒီဇာတ္လိုက္ေကာင္က လူတအားကပ္ရတာလဲ??

" အာ သခင္ေလးစကိုင္းရွင့္ ခုနက သခင္ႀကီးနဲ႕ေဆြးႏြေးေနတာဘာကိစၥမ်ားလဲ "

လီနာကေမးေပမယ့္ စကိုင္းက အာ႐ုံရပုံမေပၚ။ သူ႕ေဘးက နာနီရဲ႕ ေက်ာက္စိမ္းလက္ပတ္ကို သူ႕လက္နဲ႕ထိကာ ကစားေနတယ္။

လီနာမ်က္ႏွာပ်က္သြားတာကိုျမင္တဲ့နာနီက စကိုင္းကိုတံေတာင္နဲ႕ထိုးလိုက္တယ္။

" အာ့ နာနီးးး"

" ခြန္စကိုင္း! "

" သခင္ေလး အဆင္ေျပရဲ႕လားရွင့္ "

လီနာကလည္း စကိုင္းေအာ္သံေၾကာင့္ ေမးတာေၾကာင့္

" အဆင္ေျပပါတယ္ဗ် ဒါနဲ႕ သခင္မေလးလီနာ ဘာေမးလိုက္တာလဲဗ် "

" အာ သခင္ေလးနဲ႕ အေဖ နဲ႕ ေဆြးႏြေးေနတဲ့အေၾကာင္းပါ "

နာနီက သူ႕နဲ႕မဆိုင္ေတာ့တာေၾကာင့္ စားပြဲေပၚက အခ်ိဳပြဲကိုသာ အာ႐ုံစိုက္လိုက္တယ္။

ေ႐ႊေရာင္ အမွ်င္တန္းအရွည္ေလးေတြနဲ႕ပုံေဖာ္ထားတာျဖစ္တယ္။ နာနီ တစ္လုံးယူၿပီးစားၾကည့္လိုက္ေတာ့ တကယ္အရသာရွိတာေၾကာင့္

" အြန္းးးး အရသာရွိလိုက္တာ ခြန္စကိုင္း စားၾကည့္ တကယ္အရသာရွိတယ္ "

နာနီက တစ္ခုယူကာ စကိုင္းကိုေကြၽးဖို႔အလုပ္ လီနာက

" အယ္ အစ္ကိုနာနီရွင့္ သခင္ေလးစကိုင္းက အခ်ိဳမႀကိဳက္ဘူးရွင့္ "

လီနာစကားက နာနီက စကိုင္းပါးစပ္နားထိေတ့ထားတဲ့ မုန႔္ကို ျပန္ဆြဲယူၿပီး နာနီကိုယ္ဆိုင္စားဖို႔ပဲရွိေသး စကိုင္းက နာနီ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ၿပီး မုန႔္အလုံးေလးကိုသူကိုယ္တိုင္ယူစားလိုက္တယ္။ နာနီ႕လက္ထိပ္ေလးကိုလည္း သြားေလးနဲ႕ဖြဖြေလးကိုက္သြားေသးတာေၾကာင့္ နာနီ နား႐ြက္နဲ႕ပါးႏွစ္ဖက္ ရဲတက္လာတယ္။

" အယ္ သခင္ေလးစကိုင္း အခ်ိဳမစားတတ္ဖူးဆို "

" ဟုတ္တယ္ဗ် ဒါေပမယ့္ အိမ္ရွင္ကိုယ္တိုင္ကေကြၽးေနတာ ကိုေတာ့မျငင္းသင့္ဘူးထင္လို႔ဗ် တကယ္စားေကာင္းတယ္ေနာ္ ခြန္..နာနီဗ် "

" အာ ဟုတ္ကဲ့ရွင့္ အဲ့တာဆို ခုနကအေၾကာင္း "

" ေအာ္ အဲ့တာက အယုဒၶယရဲ႕ ေျမာက္ဘက္ပိုင္းက ႐ြာငယ္တစ္ခုမွာ ကေလးသူငယ္ေတြကို ယဇ္ပူေဇာ္တဲ့ရိုးရာတစ္ခု ျဖစ္လာလို႔ေလ အဲ့ကိစၥအတြက္ ကြၽန္ေတာ္တို႔က သြားစုံစမ္းၾကည့္ရမွာပါဗ် "

စကိုင္းစကားဆုံးေတာ့ နာနီ ျပန္သတိရသြားတယ္။ ကေလးေတြကို ယဇ္ပူေဇာ္တယ္ဆိုၿပီး လူကုန္ကူးတဲ့ အလုပ္ကိုလုပ္တဲ့အမႈကိုလိုက္ရေတာ့မွာျဖစ္တယ္။

စကိုင္းကိုယ္တိုင္က အဲ့ေဒသကို သြားေရာက္စုံစမ္းရမွာျဖစ္ၿပီး လီနာက စကိုင္းကိုအေဖာ္ျပဳဖို႔လိုက္သြားမွာျဖစ္တယ္။ ကိစၥေတြကိုသိသြားတဲ့လီနာက ယဇ္ပူေဇာ္ေနတာမဟုတ္မွန္း ႐ြာကလူေတြကိုေျပာေပမယ့္ ႐ြာကတစ္ယူသန္လူေတြက လုံးဝလက္မခံတဲ့အျပင္ သူတို႔႐ြာကိုဖ်က္ဆီးဖို႔ေရာက္လာတဲ့စုန္းမဆိုၿပီး ဖမ္္းကာမီးရွို႔သတ္ဖို႔လုပ္ၾကတယ္။ ေဒါသထြက္သြားတဲ့စကိုင္းကေတာ့ သူ႕လီနာကိုထိလို႔ဆိုၿပီး တစ္႐ြာလုံးကိုမီးရွို႔သတ္ျပစ္လိုက္တယ္။ ေအးေရာ။

ဘယ္လိုပဲျဖစ္ျဖစ္ နာနီကိုယ္တိုင္ဒီထဲေရာက္လာၿပီဆိုေတာ့ ဒီလိုမ်ိဳးကိုအျဖစ္မခံနိုင္။ အျပစ္မရွိတဲ့႐ြာသူေတြကိုကယ္တင္ေပးမယ္။ သူတို႔ကိုေတာ့ေသခ်ာေျပာျပရင္ရေလာက္မွာပါ။ တစ္ဖက္နိုင္ငံကို လူကုန္ကူးေနတဲ့လူေတြရဲ႕မ်က္ႏွာဖုံးေတြကိုခြာခ်ပစ္မယ္။

" သခင္ေလးစကိုင္း အဲ့တာဆို ညီမလည္း လိုက္- "

" ခြန္စကိုင္းခင္ဗ် "

" ဗ် "

" ခြန္စကိုင္းက အဲ့ေဒသမွာသြားစုံစမ္းရမွာလား "

" ဟုတ္တယ္ဗ် "

" အဲ့တာဆို နာနီေရာ ခြန္စကိုင္းနဲ႕အတူတူလိုက္လို႔ရမလားဟင္ "

နာနီ မ်က္ႏွာေလးကိုၿပဳံးၿပီး စကိုင္းကိုေျပာလိုက္တယ္။

" မရပါဘူးဗ် အႏၱရာယ္အရမ္းမ်ားတယ္ ခြန္နာနီလိုက္လို႔မျဖစ္ဘူး "

" အြန္းးး ခြန္စကိုင္းကလည္း "

" သခင္မေလးရွင့္ သခင္မႀကီး အေခၚလႊတ္လိုက္လို႔ပါရွင့္ "

" အဲ့တာဆို ညီမ ခနေလာက္သြားလိုက္ပါအုံးမယ္ေနာ္ သခင္ေလးစကိုင္းရွင့္ ေနာက္မွပဲေသခ်ာ ဧည့္ခံပါေတာ့မယ္ "

လီနာကေတာ့ အေစခံလာေခၚတာေၾကာင့္ ျပန္ထြက္သြားရေတာ့ ဒီေနရာမွာ စကိုင္းနဲ႕နာနီ ႏွစ္ေယာက္ထဲသာ က်န္ခဲ့တယ္။

" ေနာ္္လို႔ ခြန္စကိုင္းေနာ္ "

" အရမ္းအႏၱရာယ္မ်ားတယ္ ကိုယ္စိတ္မခ်ဘဴးေလ နာနီဗ် "

" ခြန္စကိုင္းကလည္း နာနီ႕ကို ခြန္စကိုင္းကာကြယ္ေပးေလ "

" နာနီတစ္ခုခုျဖစ္ခဲ့ရင္ ကိုယ္မကာကြယ္နိုင္လိုက္လို႔ ကိုယ့္ကိုကိုယ္ အျပစ္တင္ေနမိလိမ့္မယ္။ "

နာနီဘယ္ေလာက္ပဲေတာင္းဆိုေတာင္းဆို ဒီစကိုင္းတို႔က လိုက္ေလွ်ာေပးမွာမဟုတ္ေပ။

နာနီ ႏႈတ္ခမ္းစူၿပီး ခြန္စကိုင္းရဲ႕ ေဘးကခြာၿပီး တစ္ဖက္ခုံမွာ သြားထိုင္ေနလိုက္ေတာ့ စကိုင္းက အသက္ထြက္သည္အထိရယ္လိုက္တယ္။

" ကိုယ့္ကိုစိတ္ေကာက္တာလား ကိုယ္က နာနီ႕ကိုစိတ္ပူလို႔ေလကြာ "

" ခြန္စကိုင္းတို႔ကသြားတဲ့အခါ နာနီကတစ္ေယာက္ထဲပ်င္းၿပီးက်န္ခဲ့ရမွာေလ "

" ဒါဆို ကိုယ္မသြားဘဲနာနီနဲ႕အတူတူေနေပးရမလား "

စကိုင္းရဲ႕စကားေၾကာင့္ နာနီစကိုင္းကိုၾကည့္လိုက္မိတယ္။တကယ္ကို နာနီ႕ရဲ႕မ်က္လုံးကိုစိုက္ၾကည့္ၿပီးေျပာေနတာပင္။ မဟုတ္မွ သူ နာနီ႕ကို ဖလစ္ေနတာမ်ားလား။ ဘယ္လိုလုပ္ရမလဲ။

နာနီမတ္တပ္ထရပ္လိုက္ၿပီး

" ခြန္..ခြန္စကိုင္း ေနာက္က်ေနၿပီ ျပန္သင့္ၿပီေလ။ "

နာနီေျပာၿပီးေျပးထြက္လာလိုက္တယ္။ နာနီတစ္ခုခုလုပ္မွရေတာ့မယ္။ မေသခ်ာမေရရာတဲ့ ဒီခံစားခ်က္ႀကီးကိုနာနီမႀကိဳက္ေပ။

စကိုင္းဒီေန႕ သူ႕ကိုဆက္ဆံတဲ့ပုံအရ စကိုင္းကနာနီ႕အေပၚစိတ္ဝင္စားေနတာ ၁၀၀မွာ၇၅ရာခိုင္ႏႈန္းေလာက္ကေသခ်ာေနၿပီ။ဒါဆိုနာနီကေရာ နာနီကေရာ စကိုင္းကိုစိတ္ဝင္စားရဲ႕လား။

အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္ စကိုင္းနဲ႕အတူရွိေနရရင္ ေပ်ာ္တယ္၊ လြတ္လပ္တယ္လို႔ခံစားရတယ္။ တကယ္နာနီအစစ္အမွန္လို႔ခံစားရတယ္။

စကိုင္းတစ္ခါတစ္ေလေျပာတဲ့စကားေတြေၾကာင့္နာနီရွက္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္မၾကားခ်င္ေတာ့တာမ်ိဳးမဟုတ္ဘူး။

စကိုင္းကြၽန္ေတာ့္ကိုၾကည့္ေနတာကိုျမင္ရင္ရွက္ေပမယ့္သေဘာက်တယ္။ေပ်ာ္တယ္။ မေန႕ညကျပႆနာေၾကာင့္ စကိုင္းကို မပက္သတ္ခ်င္ေတာ့သလိုျဖစ္သြားမယ္ထင္မိေပမယ့္ စကိုင္းကိုေတြ႕ေတြ႕ရခ်င္း နာနီစိတ္မေကာင္းျဖစ္ေနတာေတြေပ်ာက္သြားတယ္။

နာနီေရွာင္သြားဖို႔ႀကိဳးစားေပမယ့္ စကိုင္းကနာနီ႕လက္ကိုကိုင္ထားသလို နာနီကိုယ္တိုင္က အဲ့လက္ကိုပုတ္ထုတ္ၿပီး ထြက္သြားဖို႔ဆႏၵရယ္လို႔မရွိ။

နာနီေသခ်ာသုံးသပ္ၾကည့္ေတာ့ စကိုင္းကိုသူသေဘာက်ေနမွန္သိရတယ္။ မျဖစ္နိုင္ဘူးလို႔ထင္တယ္။ဘာလို႔ဆို နာနီေရာစကိုင္းေရာက ေယာကၤ်ားေလးပဲေလ။ ၿပီးေတာ့ ဒီဘက္ေခတ္မွာ ေယာကၤ်ားေလးနဲ႕ မိန္းကေလးကိုအေတာ္ေလးအဆင့္အတန္းခြဲျခားတာ ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြကိုလက္ခံနိုင္ၾကမယ္လို႔မထင္။

ၿပီးေတာ့ စကိုင္းက အဆုံးသတ္မွာလီနာနဲ႕ပဲတည္ရွိေနရမွာ။ ကံၾကမၼာကိုေျပာင္းလဲဖို႔မျဖစ္နိုင္ဘူးေလ။

နာနီ မွန္ေရွ႕ရပ္လိုက္ၿပီး

" ကြၽန္ေတာ္ ႏွလုံးသားရဲ႕အမိန႔္ကိုနာခံၿပီး ေရွ႕ဆက္လွမ္းရင္ ဘာဆက္ျဖစ္ေလာက္လဲ၊ေရွ႕ဆက္သင့္လား ေနာက္ဆုတ္သင့္လား "

နာနီမွန္ကိုၾကည့္ၿပီးေျပာေနရင္း ႐ုတ္တရက္ေခါင္းေတြကိုက္လာကာ အရင္တစ္ေခါက္ကလို မ်က္လုံးထဲ မသဲကြဲတဲ့ ပုံရိပ္ေတြနဲ႕အတူ နားထဲမွာဆူညံေနတဲ့အသံေတြကိုၾကားေနရတယ္။

' နင္အရင္က ငါ့ကိုဘယ္လိုေတြလုပ္ခဲ့လဲဆိုတာသိတယ္မလား'

' စကားမေျပာတတ္တဲ့အေကာင္ကမ်ား ငါ့ကိုလုပ္ခ်င္ေသးတယ္၊ နင္ေသသင့္တာ'

' နင့္အေမေရာ ဘယ္လိုေသလဲသိခ်င္လား '

' စားစမ္းဒီမွာ၊ ဒီခရမ္းသီးနင္အရမ္းႀကိဳက္တယ္မဟုတ္လား'

' ငါ့ေျခေထာက္ကိုဖက္ၿပီးေတာင္းပန္ '

' ေတာင္းပန္ေလ နင္အသံထြက္ၿပီးေတာင္းပန္ '

' နင့္အေမေပးထားတဲ့ဆြဲႀကိဳးဟုတ္လား သြားအဲ့ေရကန္ထဲပစ္ခ်လိဳက္ၿပီ '

' ေရကန္ထဲေတာင္ မသြားရဲဘူးလား နင္ေမြးကတည္းကအသုံးက်တာဘာရွိလဲ သြား နင့္ကိုတြန္းခ်ေပးမယ္ '

နာနီ ျမင္ေနရတဲ့ပုံရိပ္ေတြနဲ႕စကားသံ ေတြက အကုန္လုံးမသဲကြဲဘူးဆိုေပမယ့္ တစ္ခ်က္တစ္ခ်က္ျမင္ရတဲ့အခါ ၾကားရတဲ့အခါ အရမ္းရွင္းလြန္းတယ္။

* ဘယ္လိုလုပ္ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ နာနီ႕ကိုေရကန္ထဲတြန္းခ်ခဲ့တဲ့လူ၊နာနီ႕အေမကိုေသေစတဲ့လူက ဘယ္လိုလုပ္ ဘယ္လိုလုပ္ လီနာျဖစ္ေနရတာလဲ *

* မဟုတ္ဘူး မဟုတ္ဘူး မျဖစ္နိုင္ဘူး နာနီေရးခဲ့တဲ့စာမွာက လီနာကပဲနာနီ႕ကိုေၾကာက္္ေနခဲ့ရတာ နာနီကအခ်ိန္ျပည့္လီနာ့ကိုႏွိပ္စက္ေနခဲ့တာေလ အခုက ဘယ္လိုလုပ္ ဘာေတြျဖစ္ကုန္တာလဲ*

နာနီနားမလည္ေတာ့ဘူး သူေရးထားတဲ့ စာအေၾကာင္းျပန္စဥ္းစားၾကည့္ေတာ့ ေသခ်ာေပါက္ ေသခ်ာေပါက္ အဲ့လိုပဲေရးထားခဲ့တာ။ဒါဆို ဒါေတြက ဘယ္လိုလုပ္ျဖစ္လာတာလဲ။

နာနီေတြးေနရင္း နာနီ႕ဘယ္ဘက္က လက္ပတ္ႀကိဳးအနီးေလးကပါ တင္းလာတယ္။အသားထဲနစ္ဝင္ေလာက္ေအာင္တင္းလာတာေၾကာင့္ နာနီ အသံထြက္သည္ထိေအာ္လိုက္မိတယ္။

နာနီ အျမင္ေတြမႈန္ဝါးလာၿပီး မ်က္လုံးကမွိတ္လာတယ္။ တစ္စုံတစ္ေယာက္ နာနီ႕အေဆာင္ထဲဝင္လာ‌တာကိုသိမိေတာ့ နာနီမ်က္လုံးကိုအားယူၿပီးဖြင့္ၾကည့္မိတယ္။ နာနီ လုံးဝသတိမေမ့ခင္ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။ထိုလူကနာနီ႕စီ အေလာတႀကီးအေျပးလာတယ္။

" နာနီ..."

///////////////

Supporting လုပ္ေပးတဲ့အားလုံးကိုေက်းဇူးတင္ပါတယ္ေနာ္။ ေက်းဇူးတင္တဲ့အေနနဲ႕ အခ်ိန္မ်ားမ်ားဖယ္ထားၿပီး update မွန္နိုင္ေအာင္ႀကိဳးစားေပးပါမယ္ရွင့္။ အားလုံးကို love you kha 🙇🏻‍♀️💗

There are no comments yet. Log in to be the first to leave a review!

Similar stories