Fanfics

Ep 2

19:46, 29 July 2023











"လာပြီ..''


"ဘာကိုလဲ"

"ဂျွန်ဂျောင်ကု ကန်တင်းထဲလာပြီ..အဲ့တာသေချာကြည့်ရှေ့ဆုံးက ဘတ်စ်စကတ်ဘော ဝတ်စုံဝတ်ထားတာကဂျန်ဂျောင်ကု နောက်ကနှဖူးမှာအနီရောင်အပတ်နဲ့ ကျောင်းဝတ်စုံနဲ့ တစ်ယောက်ကကင်ထယ်ယောင်း..အချိုရည်စက်မှာ ရပ်နေတဲ့တစ်ယောက်ဖြူစုတ်စုတ်နဲ့တွေ့လား..အဲ့တာမင်ယွန်းဂီ.."




"စောင့်ကြည့်နေလိုက်''




"ဘာပြောမလို့လဲ.."


"ငါနားမထောင်ချင်ဘူး"


"နောက်ကလိုက်ခဲ့.."


"ပြော..ဘာပြောမလဲ"








"မပေးဘူးကွာ"


"ဘာ...မင်း"

















တကယ်ပဲ..မင်းကဘာလဲ..

"Jimin အဆင်ပြေရဲ့လား"




"ပတ်ဂျီမင်..မင်းအေးဆေးအိပ်မနေနဲ့..မင်းဂီတာတီးတတ်တာ ငါသိတယ်ဒါ​ပေမယ့်ငါဘာမှမတတ်ဘူးလေ"ှ သူတို့နောက်အပတ်ကြရင် အဖွဲ့လိုက်ပြိုင်ရမှာကိုဂျီမင်ကအေးအေးဆေးဆေး အိပ်နေတာကြောင့်ဟိုဆော့ကဆူပူကာပြောလိုက်သည်။



"ရက်ပ် ပဲရတာ"

"အိုကေ အဆင်ပြေတယ်လေ..ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ညှိပြီးလုပ်လိုက်ရုံပဲ..ပျော်ပျော်နေစမ်းပါကွ မင်းကလည်း"





"ဘာ!!''

Unicode

Jimin နဲ့ ဟိုဆော့ကန်တင်းသို့ ဝင်လာခဲ့သည်။ဟိုဆော့က ဂျီမင်ကို ပုခုံးတိုက်လိုက်ကာ

"ဟျောင့်..မင်းကဂီတကလပ်ကိုဘာလို့ဝင်ချင်တာလဲ..အလှလေးတွေရှိလို့တော့မဟုတ်လောက်ဘူး"

ဂျီမင်က ပန်းကန်ထဲသို့ စားစရာတွေ ထည့်နေရင်း ရီလိုက်ကာ

"အဲ့အကြောင်းပဲတော့မဟုတ်ဘူးကွ..ငါ့ရည်းစားဟောင်းကငါ့ကိုပစ်သွားပြီးဂီတဌာနကကောင်နဲ့တွဲနေတယ်ကွာ..သစ္စာမရှိတဲ့ မိန်းမ အဲ့ဟာမကို အမြင်ကပ်လို့သူ့ရှေ့မှာသူ့ထက်လှတဲ့သူနဲ့တွဲပြမလို့..မင်းမသိလို့ကွ..ငါကမနှစ်ထဲက ဒီတက္ကသိုလ်အကြောင်းကိုစုံစမ်းထားတာ..ဂီတဌာနမှာ ရှိတဲ့လူတွေကအရမ်းချောတာအရုပ်မလေးတွေကြနေတာပဲ..ပြီးတော့သူတို့ကလူသိရှင်ကြားနေကြတာမဟုတ်ဘူးသူဟာနဲ့သူညဇီးကွက်လိုနေကြတာ..အဲ့တာကြောင့်မို့ရွေးတာကွာ''

"ဟျောင့်..ဒါပေမယ့် ဖြစ်ပါ့မလား..ငါတို့ကaudition ဖြေရဦးမှာ ငါကဂီတနဲ့ပက်သက်တာဘာမှမသိဘူးအကပဲကတတ်တာ"

"အဲ့တာတူတူပဲပေါ့ကွ..မင်းစိတ်မပူပါနဲ့မင်းကတတ်ရင်ရတယ်.."

ဂျီမင် တောင်ကြည့်မြောက်ကြည့်နှင့် ကန်တင်းကိုလှည့်လည်ကြည့်နေသည်။

"ဟျောင့် ပတ်ဂျီမင် ဘာကြည့်နေတာလဲ..စားလေ..''.

"အေးပါကွာ..အေးဆေးပေါ့ ဒီလိုပထမရက်မှာ ဘယ်သူမှစာမသင်ဘူးကွ..လုပ်ချင်တာလုပ်ရတယ်''

Hoseok မဲ့ပြုံးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။မဆိုဘူးပဲကျောင်းက ကျောင်းလခပေးရတာနဲ့တန်တယ်။

"လာပြီ..''

Jimin စကားကြောင့် ဟိုဆော့ကထမင်းငုံ့စားနေရာမှမော့ကြည့်ပြီး ဂျီမင်အားပြန်မေးလိုက်သည်။

"ဘာကိုလဲ"

"ဂျန်ဂျောင်ကု ကန်တင်းထဲလာပြီ..အဲ့တာသေချာကြည့်ရှေ့ဆုံးက ဘတ်စ်စကတ်ဘော ဝတ်စုံဝတ်ထားတာကဂျန်ဂျောင်ကု နောက်ကနှဖူးမှာအနီရောင်အပတ်နဲ့ ကျောင်းဝတ်စုံနဲ့ တစ်ယောက်ကကင်ထယ်ယောင်း..အချိုရည်စက်မှာ ရပ်နေတဲ့တစ်ယောက်ဖြူစုတ်စုတ်နဲ့တွေ့လား..အဲ့တာမင်ယွန်းဂီ.."

ဟိုဆော့လည်း ဂျီမင်ပြောသည့်အတိုင်းလိုက်ကြည့်ကြည့်လိုက်တော့..ခေါင်းငြိမ့်မိသည်။သုံးယောက်လုံးက ရွှေမှုန်စားပြီးဖွားသလားမှတ်ရတယ် ၊အရမ်းချောကြတာကို။သူတို့ဝင်လာကတည်းက မိန်းကလေးတွေထအော်တာ လန့်စရာပင်ကောင်းသည်။တစ်ချို့တွေက အချိုရည်ဘူးသွားပေးကြ၊မုန့်တွေသွားပေးကြနဲ့..။

ဂျီမင်ရုတ်ရတ်ထလိုက်တာကြောင့် ဟိုဆော့က

"ဂျီမင် မင်းဘယ်သွားမလို့လဲ.."

"စောင့်ကြည့်နေလိုက်''

ဂျီမင်က ဂျောင်ကုထိုင်နေသည့်စားပွဲရှေ့သို့သွားရပ်ကာ

"စီနီယာ ကျွန်တော်နဲ့စကားပြောရအောင်"

ဂျီမင်ထိုသို့ပြောတော့ဂျောင်ကု ကဂျီမင်ကိုမျက်မှောင်ကျုံ့ကာပြန်မော့ကြည့်လာသည်။

"ဘာပြောမလို့လဲ.."

"တစ်နေရာရာမှာ သွားပြောမယ်"

"ငါနားမထောင်ချင်ဘူး"

"စီနီယာနားမထောင်ချင်ပေမယ့်..ကျွန်တော်ပြောချင်တယ်"

"နောက်ကလိုက်ခဲ့.."

ဂျောင်ကုထသွားသည့်နောက်ကို ဂျီမင်ကကော့ပတ်ကော့ပတ်နှင့်လိုက်သည်။ကန်တင်းကမထွက်ခင်ဟိုဆော့ဘက်သို့လှည့်ကာနှုတ်ခမ်းတစ်ခြမ်းသာပြုံးပြခဲ့သေးသည်။ဟိုဆော့ကဘာလဲဆိုပြီး နားမလည်သည့်ပုံစံဖြင့်ပုခုံးပြန်တွန့်ပြလိုက်သည်။

"ပြော..ဘာပြောမလဲ"

"စီနီယာ ကျွန်တော့်ကို ဂီတဌာန ထဲဝင်ခွင့်ပေးပါလား"

"ဂီတဌာနထဲဝင်ချင်တာပဲ..မင်းဘာသာ စီနီယာ နမ်ဂျွမ်းသွားပြောလေ..ဒီညနေauditionဝင်ဖြေပေါ့"

"Audition မဖြေဘဲဝင်ချင်တာ..ကျွန်တော့်ကိုauditionအအောင်ပေးပါ"

"ဟ..အဲ့လိုရမလားကွ..မင်းတော်တော်အချောင်လိုချင်တာပဲ...အအောင်မပေးနိုင်ဘူးကွာ"

"စီနီယာ ကျွန်တော်အကောင်းပြောတုန်းဝင်ခွင့်ပေးလိုက်ပါ..မဟုတ်ရင်''

"မဟုတ်ရင် ဘာဖြစ်လဲ..မင်းကဘာလုပ်ချင်လို့လဲ"

"စီနီယာ ကျွန်တော်နောက်ဆုံးမေးမယ်..ဝင်ခွင့်ပေးမလားမပေးဘူးလား"

"မပေးဘူးကွာ"

"ရတယ်..စီနီယာရည်းစားကိုကျွန်တော်ကားတင်ပြေးမှာနော်"

"ဘာ...မင်း"

ဂျောင်ကုဒေါသထွက်ကာ ဂျီမင်အားအကြည့်စူးစူးတစ်ချက်ရောက်လာသည်။နဂါးသာဆိုပြာကျနေလောက်ပြီထင်တယ်။

"ကျွန်တော့်ကိုဝင်ခွင့်မပေးရင်..စီနီယာရည်းစားကိုကားတင်ပြေးမှာ..ကျွန်တော်ယောကျာ်း..ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်"

"ငါမင်းကို ဆွဲထိုးမိတော့မယ်..ငါ့ဂျူနီယာမို့လို့သည်းခံနေတာ.."

"စီနီယာရည်းစားကိုမပါစေချင်ရင် လက်ခံလိုက်လေ..ကျွန်တော်ကကားတင်ပြေးပြီးရင်အလှထိုင်ကြည့်နေမှာမဟုတ်ဘူးနော်..စီနီယာလည်းယောကျာ်းပဲသိတယ်မလား "

"မင်း အောက်တန်းကျလှချီလား..ရုပ်လေးနဲ့မှမလိုက်"

"ကျွန်တော့်ကို ဝင်ခွင့်ပေးမှာလားမပေးဘူးလား.."

"အေးရတယ်လေ..ပေးရမှာပေါ့..နောက်ပိုင်းကိစ္စဘာသာရှင်းမင်းငါ့ရှေ့နောက်တစ်ခါမပေါ်လာစေနဲ့..ပေါ်လာလို့ကတော့မင်းကိုငါကားတင်ပြေးမှာနားလည်လား"

ချက်ချင်းပြောပြီး ထွက်သွားတဲ့ဂျောင်ကုကိုကြည့်ပြီး ဂျီမင်ကြောင်တောင်တောင်နှင့်ကျန်ခဲ့သည်။

ရေး...မစ်ရှင်..အောင်မြင်ပြီ..ဂျွန်ဂျောင်ကုကသူ့ရည်းစားပါသွားမှာတော့ကြောက်သားဟဟီး..ဟီး။

ကန်တင်းထဲသို့ မျက်နှာသေကြီးနဲ့ဝင်လာသည့် ဂျောင်ကုနှင့်သူ့နောက်ကမျက်နှာကြီးဖြီးကာလိုက်လာသည့် ဂျီမင်ကိုကြည့်ပြီး ဟိုဆော့ကနားလည်နိုင်စွာ။

"Jungkook ဘာဖြစ်လာတာလဲ..''

"ဘာမှမဖြစ်ပါဘူး..ဒီမင်းတို့ဘာမှာထားတာလဲ"

"ရော့ မင်းအတွက်ပါယူထားပေးတယ်..မဟုတ်မှလွဲရော အဲ့ကောင်လေးကမင်းကို ကြိုက်နေတာလား..အော်...မင်းကိုလာဖွင့်ပြောတာပေါ့.."

Taehyung ကပြီတီတီမျက်နှာနှင့်ပြောလာတော့ ဂျောင်ကု

"တော်စမ်းပါကွာ... အလကား..ကျက်သရေတုံးကောင်..ဘယ်ထဲကငါ့ရည်းစားကိုချိန်နေလဲမသိဘူး.."

ဂျောင်ကုပြောရင်း နောက်ကိုလှည့်ကြည့်လိုက်တော့..ထမင်းအားအတင်းကုန်းစားနေသော ထိုကောင်လေးကိုကြည့်ပြီးမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

တကယ်ပဲ..မင်းကဘာလဲ..

"Jimin အဆင်ပြေရဲ့လား"

ထမင်းအားသဲကြီးမဲကြီးကုန်းစားနေသောဂျီမင်ကိုကြည့်ပြီး..ဟိုဆော့မေးလိုက်တော့..

"ငါပါကွ..မပိုင်ရင်ခြင်တောင်မရိုက်ဘူးနားလည်လား.."

ဒီလိုနဲ့ ဂျီမင်ကျေးဇူးကြောင့်ဟိုဆော့ရော ဂျီမင်ပါ ဂီတဌာနထဲသို့ဝင်ရောင်လာခဲ့သည်။

"ပတ်ဂျီမင်..မင်းအေးဆေးအိပ်မနေနဲ့..မင်းဂီတာတီးတတ်တာ ငါသိတယ်ဒါ​ပေမယ့်ငါဘာမျမတတ်ဘူးလေ"ှ သူတို့နောက်အပတ်ကြရင် အဖွဲ့လိုက်ပြိုင်ရမှာကိုဂျီမင်ကအေးအေးဆေးဆေး အိပ်နေတာကြောင့်ဟိုဆော့ကဆူပူကာပြောလိုက်သည်။

အခုထက်ထိလည်း သူကဘာမှမှမလုပ်တတ်တာ..သူကအကပိုင်းမဟုတ်လား ပြီးတော့ အဖွဲ့ထဲကကျန်တဲ့လေးယောက်ကိုလည်းမသိရသေးဘူး။ဒီကောင်ပတ်ဂျီမင်ဟာလေ..သူကဂီတာတီးတတ်လို့ အေးဆေးအိပ်နေနိုင်တယ် ကိုယ်ကဘာမှမှမလုပ်တတ်တာ။ဂီတဌာနထဲဝင်မိတာမှားပြီထင်တယ်..သူပြောတဲ့အတိုင်း အလှလေးတွေကတော့များချက် မိုက်ချက်ကလည်းလက်လန်တယ်..ကျွန်တော်တောင်အဲ့ထဲကတစ်ယောက်ကိုလိုက်တော့မလို့။

"ဟိုဆော့ မင်းအဆိုပိုင်းမှာဘာရလဲ"

"ရက်ပ် ပဲရတာ"

"အိုကေ အဆင်ပြေတယ်လေ..ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ညှိပြီးလုပ်လိုက်ရုံပဲ..ပျော်ပျော်နေစမ်းပါကွ မငး်ကလည်း"

"အေး..အဲ့မှာပျော်နေလိုက်..ဘာလဲမင်းလိုက်နေတဲ့ကောင်မလေးဆီကအဖြေရလို့လား''

"မဟုတ်ပါဘူး..ငါမိန်းကလေးမလိုက်တော့ဘူး''

"ဟမ်..အဲ့တာဆို ယောကျာ်း လေးလိုက်မလို့လား"

"ဟုတယ်ကွ... အနုပညာမေဂျာက ကင်ထယ်ယောင်းကိုလိုက်မလို့"

"ဘာ!!''

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories