Fanfics
Ep 1
16:03, 27 December 2023
"Yoonမ အိုကေရဲ့လား"
"ဟေ့..ဂျောင်ဟိုဆော့...''
"Jung hoseok ''
"မသိဘူး.."
"အော်..အင်းအင်း"
"မင်းကဘယ်မေဂျာကလဲ.."
"ငါက အင်ဂျင်နီယာမေဂျာ..''
"ဘယ်ကိုလဲကွ.."
"မိန်းကလေး.."
"ဟုတ်လား..သွားကြတာပေါ့..''
"ဘာလုပ်ရမှာလဲ... ''>>>>>>>>>>>>>>>>>>>>>>>
"အကိုနမ်ဂျွန်း.. "
"ဟုတ်တယ် အခုကအကိုက နောက်ဆုံးနှစ်လေ..အဲ့တာကြောင့် ဒုတိယနှစ်ကဂျွန်ဂျောင်ကုကို..ရာထူးလွှဲလိုက်တာသူလည်းအတွေ့အကြုံရပြီး ဦးဆောင်တတ်အောင်စောစောစီးစီး လွှဲပေးလိုက်တာ..''
"အာ..အဲ့လိုကို..''
"အေ..အေ''
"ဟျောင့်..အဆင်ပြေလား.."
"အခုဌာနမှူးက ဂျွန်ဂျောင်ကု..ဒုတိယနှစ်က"
"မင်းကသူ့ကိုသိလား..''
"ဟင့်အင်း.."
"အိမ်သာနဲ့ ဂီတဌာန"
"ဟမ်..အိမ်သာ.."
"လွယ်ပါတယ်... နာမည်ကြီး ဒုတိယနေရာရှိသေးတယ်..အားကစား..အကိုနမ်ဂျွမ်းက ဘောလုံးအသင်းခေါင်းဆောင်ဂျွန်ဂျောင်ကုကဘာလို့တစ်ကျောင်းလုံးမှာနာမည်ကြီးလဲသိလား..ပါလေရာငါးပိချက်လေဟိုနေရာလည်းပါ..ဒီနေရာလည်းပါ..ဂျွန်ဂျောင်ကု ကဘတ်စကတ်ဘော အသင်းခေါင်းဆောင်.. ပြိုင်ဘက်ရှိတယ် မင်ယွန်းဂီ..မင်ယွန်းဂီကတတိယနှစ် art မေဂျာက ဘတ်စ်စကပ်ဘောကစားတာ ဂျွန်ဂျောင်ကုထက်တော်တယ် အရမ်းချေတယ်အားတာနဲ့ရောက်ရာကျောခင်းအိပ်တာပဲ သူတို့ကငယ်ငယ်ကတည်းက မတည့်ဘူးလို့ကြားတယ်..ကင်ဆော့ဂျင်ကိုယ့်ကိုကိုယ်အမြဲအမွှန်းတင်လွန်းလို့ချောသလောက်စော်မရတာ..သူကကြပ်တောင်ရိုက် ချန်ပီယံပြီးတော့ကင်ထယ်ယောင်းက ပေါင်းစုံပါတယ်ကျောင်းမှာသူမပါတဲ့အသင်းမရှိသလောက်ပဲဂီတဌာန မှာ ဘက်စုံတော်တဲ့သူ ပြီးတော့ ဒီကျောင်းမှာက straight ရှားတယ်.."
"အဲ့တာသမိုင်းကျောင်းနည်းနည်းပဲရှိသေးတာကျန်သေးတယ်...မနှစ်ကကျောင်းမှာအကြီးဆုံးရန်ပွဲဖြစ်သွားသေးတယ်..ကင်ထယ်ယောင်းနဲ့ ဂျွန်ဂျောင်ကု..၊မင်ယွန်းဂီထိပ်တိုက်တွေ့တာ..ပွဲကြီးပွဲကောင်းတဲ့..ငါမရှိတာနာတယ်..ကင်ထယ်ယောင်းမျက်နှာဆိုဖူးယောင်နေတာပဲ..ဂျွန်ဂျောင်ကု ကနှစ်ယောက်လုံးကိုအသာစီးရတယ်လေ..သူကဗလတောင့်တောင့်ကိုအထူးဆန်းဆုံးက..အဲ့ရန်ပွဲပြီးပြီးတစ်ရက်လောက်ကြာတော့ သုံးယောက်လုံးတည့်သွားကြတာ..အားလုံးမသိတာကသူတို့ဘာလို့ရန်ဖြစ်လဲဆိုရယ်..ဘာလို့ သုံးယောက်လုံးတည့်သွားလဲဆိုတာပဲ..''
"ဟျောင့်..မင်းတော့..''
"အေး..''----------------------သာသာရဲ့ficအသစ်လေးကိုဖတ်ပြီးလိုအပ်တာလေးတွေ ရှိရင်ဝေဖန်ပေးပါဦး
Unicode
"မင်္ဂလာပါ... ညမတို့ရဲ့..အနောက်မှာမြင်နေရတဲ့အဆာက်အဦးကအားလုံးသိကြတဲ့အတိုင်းBitHitတက္ကသိုလ်ပေါ့နော်..ဒီနေ့ညမတို့ရဲ့youtubeChannal ကနေ ဒီနေ့ကျောင်းကိုအသစ်ရောက်လာမဲ့ ပထမနှစ်ကျောင်းသား ကျောင်းသူဂျူနီယာလေးတွေကို..အင်တာဗျူး မဲ့အစီအစဉ်ပေါ့နော်..အားလုံးပဲစောင့်မျှော်ကြည့်ရှူ့ပေးကြပါဦးအရင်နှစ်ကကျောင်းက ဘယ်သူတွေနာမည်ကြီးပြီး..ဘယ်မေဂျာကဘယ်သူတွေနာမည်အကြီးဆုံးလဲဆိုတာတင်ဆက်ပေးဦးမှာနော်..ဒါဆို..စလိုက်ကြရအောင်..go..go...go"
"Yoonမ အိုကေရဲ့လား"
ကင်မရာကိုင်ထားသည့် ဂျီဂျီ ကိုအိုကေလားဟုလှမ်းမေးလိုက်သည့် ယွန်းယွန်း။
"အိုကေ..အိုကေ..ဟဲ့ ထယ်ယောင်းနင်ဘာလုပ်နေတာလဲ...ကြည့်ရှူ့နှုန်းတိုးအောင်လာနှုတ်ဆက်စမ်းပါ..''
ဂျီဂျီ ကတက္ကသိုလ်အားကင်မရာနှင့်ချိန်ကာကြော်ငြာ နေတုန်း ယွန်းယွန်းက သစ်ပင်မှမှီကာ ဖုန်းကြည့်နေသည့် ထယ်ယောင်းဆွဲခေါ်ကာပြောတော့..ထယ်ယောင်းကမလိုက်ဘဲ..သစ်ပင်မှာပေကပ်ကာမှီနေသည်။
"မလုပ်ချင်ပါဘူးဟာ..ကိုယ့်ဘာသာကို..နေပါရစေ..''
ဂျီဂျီကင်မရာကို ထယ်ယောင်းဘက်လှည့်လိုက်တော့ ယွန်းယွန်းက..
"ပရိတ်သတ် ကြီးရှင့် ဒါကတော့ အနုပညာမေဂျာရဲ့ king ကင်ထယ်ယောင်းလို့ခေါ်ပါတယ်ရှင့်..ထယ်ယောင်းနှုတ်ဆက်လိုက်ပါဦး''
သစ်ပင်ကိုမှီကာ ဖုန်းကြည့်နေသည့် ထယ်ယောင်းကို ခြေထောက်နှင့်မသိမသာလှမ်းကန်ကာ မျက်လုံးပြူးပြကာ နှုတ်ဆက်ခိုင်းသည်။ထယ်ယောင်းသက်ပြင်းတစ်ချက်ချကာBox smile လေးတစ်ချက်ပြုံးလိုက်ပြီး..
"မင်္ဂလာပါ.. ကျွန်တော်ကအနုပညာမေဂျာရဲ့လူချောလေး ကင်ထယ်ယောင်းပါ..ကျွန်တော့်တို့ Liveကိုဆက်ပြီးကြည့်ရှူ့ပေးကြပါဦးအားလုံးပဲတာ့တာ...''
ကင်မရာဟိုဘက်လှည့်လိုက်တော့မှထယ်ယောင်းက ယွန်းယွန်းဘက်ကိုလှည့်ကာ
"ရပြီမလား..မမလေး..ငါသွားပြီ"
"ဟဲ့..ဟဲ့..ကင်ထယ်ယောင်းနေဦးလေ..ထယ်ယောင်း"
ယွန်းယွန်း အော်ခေါ်နေပေမယ့် ထယ်ယောင်းကတက္ကသိုလ်အတွင်းသို့..မကြားချင်ယောင်ဆောင်ကာဝင်သွားသည်။
"ဟေ့..ဂျောင်ဟိုဆော့...''
Hoseok ဟိုကြည့် ဒီကြည့်ဖြင့်..အူလည်လည်နှင့် တက္ကသိုလ် ဝင်းထဲသို့ဝင်လာစဉ် အနောက်သူ့နာမည်အားအကျယ်ကြီးလှမ်းခေါ်လိုက်တာကြောင့်..နောက်သို့လှည့်ကြည့်လိုက်တော့ ပုသေးသေးခပ်လုံးလုံး ကောင်လေးကသူ့ဆီအပြေးလာကာပခုံးအားလှမ်းဖက်သည်။
"Jung hoseok ''
"ဟမ်..မင်းကငါ့ကိုသိလို့လား..''
"မသိဘူးလေ..မင်းကငါ့ကိုသိလား''
"မသိဘူး.."
"ဟမ်..??"Hoseok ကြောင်တောင်တောင် ဖြစ်နေပြီးဂျီမင်အားကြည့်နေမိသည်။
"အော် ငါကမင်းလွယ်အိတ်မှာ နာမည်ရေးထားလို့..ခေါ်ကြည့်တာ..တစ်လက်စတည်းသူငယ်ချင်းလုပ်ရအောင်.."
"အော်..အင်းအင်း"
ဟိုဆော့ကြောင်တောင်တောင်နှင့်ပြန်ဖြေလိုက်သည်။သူ့အမေက သူ့လွယ်အိတ်မှာသူ့နာမည်အားချည်ထိုးပေးထားသည်ကိုတွေ့ပြီး ခေါ်တာဖြစ်လိမ့်မည်။
"မင်းကဘယ်မေဂျာကလဲ.."
"ငါက အနုပညာမေဂျာက အကပိုင်း..မင်းကရော"
"ငါက အင်ဂျင်နီယာမေဂျာ..''
"အော်..မင်းနဲ့ငါသူငယ်ချင်းတွေဖြစ်သွားပြီနော်..ဟျောင့် ငါနဲ့လိုက်ခဲ့ "
"ဘယ်ကိုလဲကွ.."
"မင်းသိလား..ယောကျာ်းလေးတွေကဘာကိုကြိုက်လဲဆိုတာ.."
ဟိုဆော့ပုခုံးကိုလှုပ်ကာ အပြုံးကြီးပြုံးပြီးပြောနေသော ဂျီမင်။
"မိန်းကလေး.."
"ဒါပေါ့..music club မှာအလှလေးတွေအများကြီးလို့ကြားတယ်..''
"ဟုတ်လား..သွားကြတာပေါ့..''
"သွားတာတော့ဟုတ်တယ် ဒါပေမယ့်..ငါတို့တစ်ခုလုပ်မှဖြစ်မယ်..''
"ဘာလုပ်ရမှာလဲ... ''>>>>>>>>>>>>>
"ဟျောင့်..ဖြစ်ပါ့မလားကွ..ငါသီချင်းမဆိုတတ်ဘူး''
Jimin ကဟိုဆော့စကားကြားတော့
'' ဖြစ်ပါတယ်ကွ..မင်းကလည်း..မင်းအလှလေးတွေမတွေ့ချင်ဘူးလား..ငါမှာအသိရှိတယ်..လာ..''Jimin နှင့်ဟိုဆော့က music clubသို့ခြေလှမ်းများတက်ကြွစွာ သွားနေသည်။
"အကိုနမ်ဂျွန်း.. "
"ဟင် ဂျီမင်တို့ပါလား...ကဲပြော..ဘာအကူညီလိုလို့လဲ"
"ကျွန်တော်တို့ music club ထဲဝင်ချင်လို့''
"ဟုတ်ပြီ..ဒါမဲ့..မင်းတို့audition တော့ဖြေရမယ်..ငါတို့ ဌာနကိုလာjoin တဲ့သူတွေများတော့.. ''
"အာ..အကိုနမ်ဂျွန်း..ကျွန်တော်တို့က တခြားသူတွေမှမဟုတ်တာကို..ဝင်ခွင့်ပေးလို့မရဘူးလား..ကျွန်တော်ဂီတာကောင်းကောင်းတီးတတ်တယ်လေ''
"ငါသိပါတယ်..ဒါပေမယ့် ဌာနမှူးကငါမဟုတ်တော့ ဝင်ခွင့်ပေးလို့မရဘူး..''
"ဟမ်..မနှစ်ကဌာနမှူးကအကိုနမ်ဂျွန်းလေ..''
"ဟုတ်တယ် အခုကအကိုက နောက်ဆုံးနှစ်လေ..အဲ့တာကြောင့် ဒုတိယနှစ်ကဂျန်ဂျောင်ကုကို..ရာထူးလွှဲလိုက်တာသူလည်းအတွေ့အကြုံရပြီး ဦးဆောင်တတ်အောင်စောစောစီးစီး လွှဲပေးလိုက်တာ..''
"အာ..အဲ့လိုကို..''
Jimin နည်းနည်းအင်တင်တင်တော့ဖြစ်သွားသည်။ ဟိုက လူကခေမဲ့ပုံမပေါ်..အခက်တော့တွေ့ပြီ။
"ညနေ ၂နာရီလောက်လာခဲ့လေ..ဖောင်ဖြည့်ပြီးAudition ဖြေကြည့်လေ..အောင်ရင်ဝင်ခွင့်ရမယ်"
"ဟုတ်ကဲ့.. အဲ့တာဆို ကျွန်တော်သွားတော့မယ်နော်"
"အေ..အေ''
Jimin ခေါင်းကုပ်ကာထွက်လာတော့ ဟိုဆော့က..
"ဟျောင့်..အဆင်ပြေလား.."
"မပြေဘူး..ဌာနမှူးပြောင်းသွားလို့.."
"အဲ့တာဘယ်လိုလုပ်ကြမလဲ.."
"အခုဌာနမှူးက ဂျန်ဂျောင်ကု..ဒုတိယနှစ်က"
"မင်းကသူ့ကိုသိလား..''
"သူ့က..တစ်ကျောင်းလုံးရဲ့ သဲသဲလှုပ်ကွ..မိန်းကလေးတွေသဲသဲလှုပ်..ကြိုက်ကြတာ ချေလည်းချေတယ်ကွာ အရမ်းကြီးဘဝင်မြင့်ပြီး ချေတာတော့မဟုတ်ဘူး..အနာဂတ်ဆရာဝန်လောင်းလျာပေါ့..သူက အဆိုအရမ်းကောင်းတာကွ..သူ့ရည်းစားကတတိယနှစ်က စီနီယာကွင်းအမကြီး..ချောချက်လက်လန်..အဲ့ကောင်ဦးသွားလို့ပေါ့ကွာမဟုတ်ရင် အဲ့အမကြီးငါလိုက်မှာ"
"နေဦး..မင်းကဒီနှစ်ပထမနှစ်ရော ဟုတ်ရဲ့လား..ဘာလို့အဲ့လောက်သိနေရတာလဲ"
"ငါကဒီကျောင်းမှာအပ်ကျတာကအစသိတယ်ငါမင်းကိုကျောင်းအကြောင်းပြောပြမယ်ဒီကျောင်းမှာက ဆင်းရဲတဲ့သူကခပ်ရှားရှား..ယူနီဖောင်းတွေကအစ တခြားကျောင်းတွေနဲ့မတူဘူး..အဲ့တာကြောင့်လူကြိုက်များတာ"
ဟိုဆော့က ဂျီမင်စကားကြောင့် ကိုယ့်အဝတ်စားကိုယ်ပြန်ကြည့်လိုက်သည်။ဟုတ်သားပဲ..သူတို့တက္ကသိုလ်ကယူနီဖောင်းဝတ်ရတာမဟုတ်လား။အောက်ကဘောင်းဘီကအမဲဆိုရင်ရတယ်ဘာဘောင်းဘီဖြစ်ဖြစ်..အပေါ်ကအဖြူဒီနှစ်ရောင်ကိုပဲဝတ်ရတာ။စတိုင်တော့ကျသား..။
"ပြီးတော့ အနုပညာမေဂျာက ကင်ထယ်ယောင်း..သူလည်းဒုတိယနှစ်ပဲ..သူလည်းအနုပညာမေဂျာကကင်း..ရည်းစားကဟိုတလောကမှပြတ်သွားတာ..ပြီးတော့ ဓာတုဗေဒမေဂျာက ကင်း ကင်ဆော့ဂျင်...စော်မရှိသေးဘူး..ဒီကျောင်းရဲ့လေးပုံနှစ်ပုံက Lgbtတွေပြောရရင် ယောကျာ်း လေးချင်းတွဲကြတာတစ်ချို့ကbiတွေ..အဲ့တာကြောင့်ဒီကျောင်းကလွတ်လွတ်လပ်လပ် ရှိတာကြောင့်ရောကဲ့ရဲ့ရှုံချမဲ့သူမရှိတာကြောင့်ပါ ရွေးကြတာဒီကျောင်းမှာနာမည်အကြီးဆုံးနေရာနှစ်နေရာရှိတယ်..ဘယ်နေရာလဲမင်းသိလား"
"ဟင့်အင်း.."
"အိမ်သာနဲ့ ဂီတဌာန"
"ဟမ်..အိမ်သာ.."
"ဟုတယ်..အိမ်သာ အဲ့ဒီမှာ ဟိုလိုဟိုလိုတွေရှိတယ်..ပြီးတော့ဂီတဌာနကင်းတွေကွင်းတွေ၊အချောအလှလေးတွေစုနေတဲ့နေရာ..အဲ့တာကြောင့်မို့လဲ လူတိုင်းကဂီတဌာနဝင်ချင်ကြတာ..အဲ့တာကြောင့်Audition တင်းကြပ်သွားတာ တော်ယုံတန်ယုံလူတောင်ဝင်ခွင့်မရဘူး..''
"ဟမ်..အဲ့တာဆိုငါတို့ကဘယ်လိုဝင်ကြမလဲ"
"လွယ်ပါတယ်... နာမည်ကြီး ဒုတိယနေရာရှိသေးတယ်..အားကစား..အကိုနမ်ဂျွမ်းက ဘောလုံးအသင်းခေါင်းဆောင်ဂျန်ဂျောင်ကုကဘာလို့တစ်ကျောင်းလုံးမှာနာမည်ကြီးလဲသိလား..ပါလေရာငါးပိချက်လေဟိုနေရာလည်းပါ..ဒီနေရာလည်းပါ..ဂျန်ဂျောင်ကု ကဘတ်စကပ်ဘော အသင်းခေါင်းဆောင်.. အေ..ဂျန်ဂျောင်ကုမှာပြိုင်ဘက်ရှိတယ် မင်ယွန်းဂီ..မင်ယွန်းဂီကတတိယနှစ် art မေဂျာက ဘတ်စ်စကပ်ဘောကစားတာ ဂျန်ဂျောင်ကုထက်တော်တယ် အရမ်းချေတယ်အားတာနဲ့ရောက်ရာကျောခင်းအိပ်တာပဲ သူတို့ကငယ်ငယ်ကတည်းက မတည့်ဘူးလို့ကြားတယ်..ကင်ဆော့ဂျင်ကိုယ့်ကိုကိုယ်အမြဲအမွှန်းတင်လွန်းလို့ချောသလောက်စော်မရတာ..သူကကြပ်တောင်ရိုက် ချန်ပီယံပြီးတော့ကင်ထယ်ယောင်းက ပေါင်းစုံပါတယ်ကျောင်းမှာသူမပါတဲ့အသင်းမရှိသလောက်ပဲဂီတဌာန မှာ ဘက်စုံတော်တဲ့သူ ပြီးတော့ ဒီကျောင်းမှာက straight ရှားတယ်.."
"အဲ့တာသမိုင်းကျောင်းနည်းနည်းပဲရှိသေးတာကျန်သေးတယ်...မနှစ်ကကျောင်းမှာအကြီးဆုံးရန်ပွဲဖြစ်သွားသေးတယ်..ကင်ထယ်ယောင်းနဲ့ ဂျန်ဂျောင်ကု..၊မင်ယွန်းဂီထိပ်တိုက်တွေ့တာ..ပွဲကြီးပွဲကောင်းတဲ့..ငါမရှိတာနာတယ်..ကင်ထယ်ယောင်းမျက်နှာဆိုဖူးယောင်နေတာပဲ..ဂျန်ဂျောင်ကု ကနှစ််ယောက်လုံးကိုအသာစီးရတယ်လေ..သူကဗလတောင့်တောင့်ကိုအထူးဆန်းဆုံးက..အဲ့ရန်ပွဲပြီးပြီးတစ်ရက်လောက်ကြာတော့ သုံးယောက်လုံးတည့်သွားကြတာ..အားလုံးမသိတာကသူတို့ဘာလို့ရန်ဖြစ်လဲဆိုရယ်..ဘာလို့ သုံးယောက်လုံးတည့်သွားလဲဆိုတာပဲ..''
"အေးနော် ဘာဖြစ်လို့ပါလိမ့်.."
"လာ..ကန်တင်းသွားမယ်..အခုချိန်..ဟိုသုံးကောင်ဆုံနေလောက်ပြီ..သူတို့တွေက ဂီတဌာနအတော်ဆုံးတွေ မင်ယွန်းဂီက အတော်ဆုံးrapper..အော်နေဦး..မင်းက မိန်းကလေး ကြိုက်တာလား..ယောကျာ်း လေးကြိုက်တာလား.."
"မိန်းကလေးပဲ ကြိုက်တာကွ..''Hoseok ကမာန်ပါပါနဲ့ပြောလိုက်တော့ ဂျီမင်က
"မင်းသိလား..အဲ့လိုပြောတဲ့သူတွေကပဲကွေးပြီး အောက်ပုဂ္ဂိုလ်ဖြစ်သွားတတ်တာ''
ဂျီမင်စကားကြောင့် ဟိုဆော့က ဂျီမင်ကိုလှမ်းကန်လိုက်ကာ..
"ဟျောင့်..မင်းတော့..''
"ဟားဟား..စတာပါကွ..လာမြန်မြန်..ကန်တင်းသွားရအောင် ငါဗိုက်စာနေပြီ..''
"အေး..''----------------------
ထိုင်းကဇာတ်ကားတွေနဲ့ တူတယ်ပြောကြတယ်။ သာသာ ဒါလေးရေးတုန်းက ထိုင်းကဇာတ်ကားတွေ ကြည့်ရင်း စိတ်ကူးရခဲ့တာပါ။ အဲ့ဒါကြောင့် ပထမ တစ်ပိုင်း နှစ်ပိုင်းဖတ်ရင် အဲ့ဒီvibeလေးရနေမှာပါ။ တထစ်ချ ကူယူထားတာမျိုးမရှိပါဘူး....။
 အသစ်လေးကိုဖတ်ပြီးလိုအပ်တာလေးတွေ ရှိရင်ဝေဖန်ပေးပါဦး
76.5К2.5К0
There are no comments yet. Log in to be the first to leave a review!
More by chann91
Similar stories