Fanfics

I T Y - 28

16:40, 20 January 2025

ခွဲစိတ်ခန်း၏အရှေ့တွင် အရုပ်ကြိုးပြတ်ဖြစ်နေသည့်လူတစ်ယောက်ရှိသလိုခေါင်းငိုက်စိုက်ကျနေသည့်လူနှစ်ယောက်လည်းရှိသည်။

ဂျီဟူလေးကို ဂျွန်အိမ်တော်ကအိမ်တော်ထိန်းကြီးက လာခေါ်သွားခဲ့တော့သည်။ကလေးလည်းအတော်လေးထိတ်လန့်သွားမှာပင်။

သူ့အရွယ်လေးနဲ့ ထို့သို့အဖြစ်အပျက်ကြီးကို မျက်ဝါးထင်"ကိုယ်တိုင်ကြုံတွေ့လိုက်ရသည့်အပြင်သူ့မျက်စိရှေ့မှာပဲ သူ့ပါးပါးလဲကျနေသည်ကိုမြင်လိုက်ရတာပင်။တော်သေးသည်က ကလေးကသူ့ဒယ်ဒီ၏ကျောပြင်နှင့်ကွယ်နေ၍ သူ့ပါပါးဓားစိုက်ဝင်နေသည်ကိုတော့မမြင်လိုက်ရပေ။

ဒါတောင် ကလေးကသန်မာသည့်သူဖြစ်နေ၍တော်သေးသည်ပြောရမည်။သာမန်ကလေးတွေလိုမျိုးသာဆို စိတ်ဒဏ်ရာရော,ရှောခ့်ပါရသွားနိုင်သည်။

ထိုစဉ်မှာပဲ ခွဲစိတ်ခန်းတံခါးပွင့်လာခဲ့တော့သည်။

" လူနာရှင်..."

ဂျောင်ကု စိတ်တွေလှုပ်ရှားရင်းမှအားတင်းကာ...

" ကျွန်တော်ပါဒေါက်တာ...ကျွန်တော့်Babyဘာမှမဖြစ်ဘူးမဟုတ်လားဟင်.."

ဂျောင်ကုအမေးကို ဂျီမင်ရောယွန်းဂီပါဒေါက်တာ၏အဖြေကိုမရဲတရဲနားထောင်နေမိတော့သည်။

" ကျွန်တော်တို့ ဒဏ်ရာကိုတော့ချုပ်ပြီးပေမယ့်အဖြေပေးလို့မရသေးဘူးဖြစ်နေတယ်လူနာကဓားဒဏ်ရာထုတ်မလာခဲ့ဘူးဆိုပေမယ့်သွေးထွက်ကတော့အတော်လွန်နေတယ်...သူနဲ့သွေးတူတဲ့သူအမြန်ရနိုင်မှပဲဖြစ်မှာ...ခက်တာက လူနာရဲ့သွေးက(O-)ဖြစ်နေတယ်(O-)ဆိုတာမျိုးက သူကသာတခြားသွေးတွေထဲကိုထည့်ပေးလို့ရနိုင်ပေမယ့်သူ့ထဲကိုတော့ သူနဲ့သွေးအမျိုးအစားချင်းတူတဲ့(O-)သွေးတစ်မျိုးထဲကိုသာထည့်ပေးလို့ရမှာပါ..."

" ဗျာ!!အဲတော့...ကျွန်တော်တို့(O-)သွေးအမျိုးအစားကိုရှာရမှာပေါ့နော်..."

" ဟုတ်ပါတယ်...အချိန်ကြာနေလို့မရပါဘူး...လူနာကသွေးထွက်အရမ်းလွန်ထားတာဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်..."

" ဒုက္ခပါပဲ!ဘယ်လိုလုပ်ကြမလဲ...ငါတို့ထဲကရောဘယ်သူသွေးတူလဲ..အရေးထဲမှငါက(A+)ဖြစ်နေတယ်...."

" ကျွန်တော်ကလည်း(A)ဖြစ်နေတယ်...ယွန်းဂီ မင်းကရော..."

" ငါ..ငါက...ငါက(O)သွေးလားပဲ..."

" ဒေါက်တာ...(O)သွေးဆိုရင်ရောမရနိုင်ဘူးလား.."

" (O)ဖြစ်စေ (O+)ဖြစ်စေ မရနိုင်ပါဘူး...(O-)တစ်ခုတည်းသာရနိုင်မှာပါ...သွေးရှာဖို့အတွက် အချိန်မရနိုင်တော့မှာကိုပဲစိုးရိမ်တာပါ...ကျွန်တော်တို့မှာလည်း(+)တွေ(-)တွေရဲ့လူနာတွေကိုဆို အမြဲတမ်းသွေးကြိုရှာရတာပါ.."

ဒေါက်တာ့အပြောက ရင်ဝကိုမီးစဖြင့်ထိုးနေသလိုပင်။

" ဒေါက်တာ...ကျွန်တော်သွေးပြန်စစ်ကြည့်မယ်...(O)ချည်းပဲဆိုတာမသေချာဘူး..."

" ကောင်းပါပြီ...ဒါဆိုလည်းအမြန်စစ်ကြရအောင်..."

ယွန်းဂီထွက်သွားပြီး.....

" ဂျွန်ဂျောင်ကု...ကျွန်တော်အပြင်သွားရှာလိုက်မယ်...ခင်ဗျားကတော့ဂျင့်အနားမှာမရှိလို့မဖြစ်ဘူး...ဂျင်သာတစ်ခုခုဖြစ်ရင် ခင်ဗျားကိုကျွန်တော်ခွင့်မလွှတ်ဘူး..."

ဂျောင်ကုက ဘာမှကိုမပြောနိုင်ပေ။ သူအခုအချိန်မှာအရုပ်ကြိုးပြတ်ဖြစ်နေတော့ပြီ။Babyသာတစ်ခုခုဖြစ်သွားရင် သူရောအသက်ဆက်ရှင်နိုင်ပါ့မလား...

သူအတွေးထဲဝင်လာသည်မှာ မျှော်လင့်ချက်ရှိနိုင်သည့် Babyမေမေကိုပင်။

သူချက်ချင်းပဲ ဖုန်းထုတ်ပြီးခေါ်ရန်ပြင်လိုက်သည့်အချိန်.....

" CEO Jeon!!..."

ဒေါက်တာက သူ့ဆီအပြေးရောက်လာပြီး သူ့လက်ကိုဆုပ်ကိုင်လာကာ....

" သွေးရပြီ...."

" ဗျာ!!?..."

ဒေါက်တာက ဂျောင်ကုပခုံးကိုပုတ်ပေးသွားပြီးခွဲခန်းအတွင်းသို့ဝင်သွားခဲ့တော့သည်။

ဂျောင်ကု စိတ်ကိုလျှော့ချလိုက်သည်နှင့်တစ်ပြိုင်နက်အောက်ကိုခွေကနဲပုံကျသွားခဲ့တော့သည်။

Babyရယ်.....

~~~~~~~~~~

ကုတင်ပေါ်တွင် ကောင်လေးတစ်ယောက်ဟာလဲလျောင်းနေခဲ့ပြီး ထိုကောင်လေး၏နံဘေးတွင် လက်ဖဝါးလေးကိုဆုပ်ကိုင်ထားကာစိတ်ရောလူပါပင်ပန်းနေတော့ပြီး ခေတ္တခဏမျှလောက်အိပ်ပျော်နေတော့သည့်လူတစ်ယောက်လည်းရှိနေသည်။

ဆော့ဂျင် သူသတိရလာခဲ့တော့ အရင်ဆုံး မျက်နှာကြက်ဖြူကြီးကိုသာတွေ့လိုက်ရတော့သည်။

ခန္ဓာကိုယ်ဟာနာကျင်နေတာဖြစ်၍ သူ,မသေဘူးဆိုတာတော့သိလိုက်သည်။

အရင်ဆုံး ခေါင်းထဲဝင်လာသည့်သူက သူ့သားလေးဂျီဟူပင်။ဘာမှဖြစ်မသွားဘူးဆိုတာကိုသိလိုက်ရ၍ သူစိတ်အေးသွားနိုင်ခဲ့သည်။အဲဒီအတွက် တစ်ယောက်သောသူကိုသူကျေးဇူးတင်ရပါသည်။

ဂျီဟူလေးသာတစ်ခုခုဖြစ်သွားခဲ့ရင် သူတို့နှစ်ယောက်စလုံး ခွင့်မလွှတ်နိုင်လောက်အောင်,ရင်ကျိုးရမှာပင်။

ဆော့ဂျင် တစ်ဖက်သို့ခေါင်းဖြည်း"ချင်းစောင်းကြည့်လိုက်တော့ဆေးသွင်းထားသည့်သူ့လက်တစ်ဖက်ကိုဖွ"ဆုပ်ကိုင်ထားရင်း ကုတင်ဘေးစွန်းကိုခေါင်းတင်ကာ အိပ်ပျော်နေသည့်သူ။

ဘေးတစောင်းမြင်နေရသည့်မျက်နှာက အတော်လေး​ချောင်ကျနေတာတွေ့ရသည်။မျက်နှာအနီးတစ်ဝိုက်မှာလည်း ဒဏ်ရာတစ်ချို့ဖြင့်။

တစ်နည်းပြောရရင် သူအမြဲတမ်းအနိုင်ယူကာစကားလုံးတွေဖြင့်ထိုးနက်ခဲ့ပြီးနေမကောင်းဖြစ်နေတာတောင်,မကြင်နာပေးခဲ့မိသည့်သူပေါ့။

ကျွန်တော်တောင်းပန်ပါတယ်။

ဆော့ဂျင် မျက်နှာကြက်ရှိရာဆီမျက်နှာပြန်မူလိုက်ရင်းသူထိုအကြောင်းအရာတွေပြန်တွေးကြည့်မိတော့ခန္ဓာကိုယ်ဟာဆတ်ကနဲဖြစ်သွားပြီး လက်ကိုတွန့်လိုက်မိတော့သည်။

ထိုစဉ်....

သူ့ရဲ့လှုပ်ရှားမှုကြောင့်ထင် သူနိုးသွားခဲ့တော့သည်။

" Ba..Baby..."

ရုတ်တရက်ထရပ်လိုက်ပြီး သူ့ကိုအားနည်းသည့်မျက်ဝန်းတွေဖြင့်ကြည့်ကာ သူ့အနားသို့ဖြည်း"ချင်းတိုးကပ်လာခဲ့တော့သည်။

ဆော့ဂျင် ဖျော့ဖျော့လေးသာပြုံးပြမိတော့.....

" Babyရယ်...ကိုကိုသေသွားမလိုပဲ...ဘာလို့အခုလိုလုပ်ခဲ့ရတာလဲ..."

သူ့အပေါ်အုပ်မိုးလာပြီး သူနှင့်ပါးချင်းကပ်ကာငိုနေတော့သည့်သူ......

" ကိုကို့ကိုမုန်းလည်း ဒီလိုနည်းနဲ့တော့အပြစ်မပေးပါနဲ့လား...ကိုကိုကအရှုံးပေးပြီးသားပါ..."

သူဒီလိုမှမလုပ်ရင်လည်း သူ့ကိုယ်သူအပြစ်တင်လို့ဆုံးမှာမဟုတ်တော့ပေ။

" ကျေးဇူးတင်ပါတယ်...ကိုကို့ကိုရူးအောင်မလုပ်လို့..ကိုကိုတို့သားအဖကိုရှင်လျက်နဲ့သေသွားရအောင်ဒဏ်မခတ်ခဲ့လို့...ကိုကိုခံနိုင်ရည်မရှိဘူးBabyရဲ့..."

သူ့ပါးကိုပါးချင်းကပ်ကာငိုနေသူကြောင့်...

ဆော့ဂျင် ဆေးမသွင်းထားသည့်လက်တစ်ဖက်ကနေနောက်ကျောလေးကိုပုတ်ပေးလိုက်တော့သည်။

" ကိုယ်လုံးအလေးကြီးနဲ့ကို ဒီလိုပဲဖိထားတော့မှာလား..."

သူပြောတော့ ချက်ချင်းဖယ်ခွါသွားပြီး.....

" ကိုကိုတောင်းပန်ပါတယ်နော် ဒဏ်ရာထိမိသွားသေးလား..."

သူ့ကိုထိတော့မလိုကိုင်တော့မလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသူကြောင့်သူရယ်ချင်မိသွားတော့သည်။

ထိုသို့ပျာယာခတ်သည့်ပုံစံက ဂျွန်ဂျောင်ကုဆိုသည့်လူကြီးရဲ့ပုံစံမှမဟုတ်တာ....

" မထိမိပါဘူး...ထိမိရင်ဒီတိုင်းငြိမ်နေမယ်ထင်လို့လား ထထိုးမှာ..."

သူပြောတော့ ပြုံးယောင်သန်းသွားပြီးသူ့ဘေးနားထိုင်လာကာ သူ့လက်ကလေးကိုဆုပ်ယူလိုက်ပြီး သူ့ပါးပြင်နှင့်ကပ်ထားလိုက်တော့ကာ.....

" အင်း...မြန်မြန်သက်သာတော့နော်...ကိုကိုမင်းလေးထိုးတာခံချင်နေပြီ...အားတွေအများကြီးရှိမှ လက်သီးပြင်း"နဲ့ထိုးလို့ရမှာလေ..ဟုတ်တယ်မလား.."

ပြောပြီး သူ့လက်ကလေးကိုနမ်းရှိုက်လာတော့ပြန်သည်။

" ဂျီဟူလေးရောဟင်...ကျွန်တော်ဂျီဟူနဲ့တွေ့ချင်တယ်..."

" ဂျီဟူကကျောင်းသွားတယ်Babyရဲ့...မနက်ကတောင်ကျောင်းမသွားခင် ဦးလေးမင်နဲ့ရောက်လာသေးတယ်...သူ့ပါးပါးမနိုးသေးလို့ဆိုပြီး အိပ်ပျော်တဲ့ဆေးတွေအများကြီးတိုက်ထားတာလားမေးပြီးဒေါက်တာ့ကိုဂျီနေသေးတာ..."

သူ့သားအတတ်လေးကြောင့် ဆော့ဂျင်ပြုံးလိုက်မိတော့သည်။

" ဂျီဟူလေး ကျွန်တော်ဘာဖြစ်လဲဆိုတာသိသွားသေးလားဟင်..."

ဆော့ဂျင်အမေးကို ဂျောင်ကုသိပါသည်။ထို့ကြောင့် ခေါင်းပေါ်ကဆံပင်လေးကိုပွတ်ပေးကာ...

" သူ,မမြင်လိုက်ပါဘူး...ဒီတိုင်းလန့်ပြီးလဲကျသွားတာလို့ပဲသိထားတာ..."

" တော်ပါသေးတယ်...မဟုတ်ရင်တော့ကျွန်တော်အဲ့အစွဲကြီးကိုဖျောက်လို့ရမှာမဟုတ်တော့ဘူး..ကလေးကထိတ်လန့်တဲ့အမူအရာတွေပြသေးလားဟင်..ပုံမှန်အတိုင်းပဲရှိနေရဲ့လား..."

" ကိုယ်တို့ရဲ့သားကသန်မာပါတယ်...သူ့ပါးပါးကိုမစောင့်ရှောက်နိုင်ခဲ့လို့ဆိုပြီး ကိုယ့်ကိုတောင် သူ့မှာအပြစ်ရှိပါတယ်ပြောပြီးတောင်းပန်နေတော့တာ..."

" ကျွန်တော့်သားကအလိမ္မာတုံးလေး...ကျွန်တော်နဲ့တူတာ..."

" ဒါပေါ့ မင်းလေးနဲ့တူတာ...အခုမှသတိရကာစကိုစကားတွေအများကြီးပြောနေတော့တယ်..နာနေသေးလား...ကိုကိုဒေါက်တာ့ကိုအသိပေးလိုက်ဦးမယ်လေနော်..."

" အင်း...ကျွန်တော်မနာပါဘူး..."

~~~~~~~~~{}{}{}{}{}~~~~~~~~~~

နဂိုကတည်းက သည်း"လှုပ်သူပါဆို....ဆရာဝန်ကချုပ်ရိုးဒဏ်ရာကြောင့်သေချာဂရုစိုက်ဖို့မှာထားတော့၍ ဂျွန်ဂျောင်ကုကြီးခမျာ ရင်ဝယ်ပိုက်မတတ်ကိုဖြစ်နေတော့သည်။

" အပြင်မှာပဲစောင့်ပေးပါဆိုဗျာ...အထဲထိလိုက်တော့ကျွန်တော်ကဘယ်လိုလုပ်ပြီးအဆင်ပြေမှာလဲ..."

" ကိုကိုကရှက်ရမယ့်သူမှမဟုတ်တာလေကွာ...မတော်လို့များချော်လဲသွားရင်ဘယ်လိုလုပ်မလဲကိုကိုရင်ကျိုးရချည်ရဲ့လေ..."

ဂျွန်ဂျောင်ကုကြီးသည်းနေပုံက သူ့BabyကိုToiletထဲထိ ရှူးရှူးလိုက်တည်ပေးရမှချည်းလုပ်နေတော့သည်။

ဟိုအရှက်သည်းလေးကလည်းလက်သင့်မခံတော့တံခါးဝရှေ့မှာတင် နှစ်ယောက်သားအချင်းများနေကြတော့သည်။

ထိုအခြင်းအရာကို အမြင်မတော်ဖြစ်နေသည့်သူမှ သက်ပြင်းလေးချလိုက်ရင်း....

" ကဲပါဒယ်ဒီရယ်...ဒယ်ဒီပဲတစ်ထစ်လျှော့လိုက်ပါတော့...ဒယ်ဒီလုပ်နေပုံက ပါးပါးဒီနေရာမှာတင်ရှူးရှူးထွက်ကျတော့မယ်...ဂျီဟူလိုက်စောင့်ပေးလိုက်ပါ့မယ်..."

ဒါလည်းအင်းအဲမလုပ်ဖြစ်နေသူကြောင့် နောက်ထပ်အမြင်မတော်သူတစ်ဦးမှ.....

" သူတို့သားအဖနှစ်ယောက်ပဲဝင်ပါစေလားသခင်ကြီးရယ်...ဂျီဟူလေးလည်းကျောင်းနောက်ကျနေတော့မှာဆိုတော့လေ..."

မနက်ကျောင်းသွားချိန်နှင့် ညနေကျောင်းဆင်းချိန်တိုင်းဦးလေးမင်ကဂျီဟူ့ကို သူ့ပါးပါးဆီလိုက်ပို့ပေးသည်။သခင်လေးအတွက် စိတ်ချရသည့်အနေအထားဖြစ်မှသာ ဆေးရုံကနေဆင်းကြမှာဖြစ်သည်။

သခင်ကြီးကတော့ သူ့အသည်းအသက်ကလေးအနားမှာ နေ့"ည"တစ်ဖဝါးမှပင်မခွါချေ။သည်းချက်ကလည်း ဂျီဟူတောင်အတင်းတုပ်ရသည့်အဖြစ်ပင်။

အခုလည်းစူပုပ်နေတော့ပြီး....

" ပြီးရော..ပြီးရော...စိတ်တော့ချမယ်နော်..."

" ဟုတ်ကဲ့ပါခင်ဗျ..."

နောက်ဆုံးတော့ ဂျီဟူ့ကျေးဇူးနဲ့ ပေါင်လေးစိထားရာမှနေကင်မ်ဆော့ဂျင်လေးရှူးရှူးပေါက်ခွင့်ရသွားခဲ့တော့သည်။***နေ့ခင်းဘက်ရောက်လာတော့....

ဂျောင်ကု သူ့Babyကိုဆေးတိုက်ဖို့အတွက်အချိန်မလင့်အောင်ကြိုးစားနေရတော့သည်။

" နောက်တစ်ဇွန်းလေးဟပါဦး...အာ...."

သူ့ကိုကလေးတစ်ယောက်လိုပြုမူနေတော့သည့်အရှေ့ကဘဲကြီးကိုကြည့်ပြီး သူရယ်ချင်မိတော့သည်။ဆံပင်တွေကိုအပေါ်သို့လှန်တင်မထားဘဲ ခပ်ဝဲဝဲကျသည်က တစ်မျိုးအမြင်ဖြင့်ကြည့်ကောင်းနေပြန်သည်။

ဘယ်လိုနေနေချောနေတာကိုက ထိုသူရဲ့အားနည်းချက်တစ်ခုလားပင်။သူကတော့ကြည့်ကောင်းနေလိမ့်မည်မထင်။ဆေးရုံဝတ်စုံကြီးနဲ့ကိုမှ ခေါင်းကိုပင်မလျှော်ရသေးပေ။သူ့စိတ်ထဲစိတ်တိုင်းမကျတော့ဘဲ နှုတ်ခမ်းစူကာဂျစ်ချင်လာတော့သည်။

" ကိုကို..."

" ဗျာ့.....ဟင်? ဘယ်လိုခေါ်လိုက်တာ..."

ဆော့ဂျင် သူနှုတ်ကနေယောင်ပြီးထွက်သွားပြီးမှသူ့ကိုတစ်အံ့တစ်ဩဖြင့်ကြည့်နေသူကြောင့်သူဘာဆက်ပြောရမှန်းကိုမသိတော့ပေ။

" ဘ ဘယ်လိုမှမခေါ်ပါဘူး...ယွန်းဂီတို့ရောက်မလာသေးဘူးလားမေးမလို့..."

သူ့ကိုပြုံးပြီးစိုက်ကြည့်နေသူကြောင့် သူ,မနေမတတ်ဖြစ်လာတော့ပြီး.....

" ဘာလဲ ခင်ဗျားနော်..."

အစောကတည်းက လက်ထဲကပန်းကန်ကိုဘေးချပြီးစိုက်ကြည့်နေသူက...သူထိုင်နေသည့်ခုံကိုသူ့ရှေ့သို့ဆွဲကပ်လာတော့....

သူ ကိုယ်လုံးလေးကျုံ့မိသွားတော့သည်။

သူက သူ့မျက်နှာကိုရွန်း"စား"စိုက်ကြည့်လာရင်း...

" ကိုကိုနော်...အဲလိုလေးပဲခေါ်ပေးလို့မရဘူးလားဟင်...ကိုကိုနားထောင်ချင်လှပြီလေအသည်းနှလုံးလေးရဲ့..."

သူခေါ်ဖို့ဆုံးဖြတ်ခဲ့ဖူးပေမယ့် နှုတ်ကနေထွက်ဖို့ကျ ဘယ်လိုမှမရဲခဲ့ပေ။

" နော်...ကိုကို့Babyကလိမ္မာတယ်လေ..."

" ဘယ်တုန်းကလိမ္မာဖူးတာလဲ..."

" ဘယ်တုန်းကဆိုးဖူးတာများလဲနော်...မသိလိုက်ပါဘူး.."

သူ့စကားအတိုင်းလိုက်ချေပနေသူကြောင့်....

" ခေါင်းများထိသွားတာလားနော်...ဆိုးတာတွေမသိဘူးဆိုတော့လေ..."

" ဟုတ်တယ်ဗျ...ကင်မ်ဆော့ဂျင်ဆိုတဲ့ကောင်လေးကိုချစ်တာကလွဲရင် ကျန်တာဘာမှမသိတော့လို့ပါဗျာ...အဲဒါကြောင့် ပုံမှန်ပြန်ဖြစ်သွားအောင်ကိုကိုလို့ခေါ်ပေးပါတော့လားနော်..."

" ရောဂါကြီးကလည်းမသေးလိုက်တာနော်...ဆရာဝန်ခေါ်ပေးမှရတော့မယ်နဲ့တူပါတယ်..."

" ကုပေးနိုင်တဲ့တစ်ဦးတည်းသောဒေါက်တာလေးက ကျွန်တော့်အရှေ့တင်မှာပဲလေဗျာ...အဲတော့ခေါ်ပါတော့နော်..."

နှုတ်ခမ်းကိုရှေ့တမင်ထော်ပြနေသူကြောင့်ဆော့ဂျင်မသိချင်ယောင်ဆောင်ပြီး တစ်ဖက်သို့လှည့်ကာလက်ပိုက်ထားလိုက်တော့သည်။

ထိုအခါ ထိုင်ခုံကနေ သူ့ကုတင်ဆီသို့ပြောင်းထိုင်လာပြီး....

" ကောင်လေးတစ်ယောက်ကတော့လေ စိတ်ထဲကနေကြိတ်ပြီး ကိုကို ကိုကိုနဲ့ခေါ်နေခဲ့တယ်နဲ့တူပါတယ်ကွာ...အခုတောင်ကိုကိုကချစ်စရာကြီးဆိုပြီး ကြိတ်ပြီးများတွေးနေတာလားမသိပါဘူးနော်..."

ဘေးနားကပ်ထိုင်ကာ သူ့ကိုစ,နေသူကြောင့်သူ,ရယ်ချင်တာကိုမရယ်မိအောင်ထိန်းထားရသည်။

" ဟော...ပြောရင်းနဲ့ကို ချစ်လိုက်တာဆိုပြီးများတွေးနေတာလားမသိပါဘူးကွာ...မျက်နှာလေးကရှက်ပြုံးလေးနဲ့...."

ဆော့ဂျင် သူ့ကိုအရှက်သည်းအောင်စ,နေသူကြောင့်သူ့လက်မောင်းတွေကိုဆွဲယူပြီး ကုန်းကိုက်ပစ်လိုက်တော့သည်။

ထိုအခါသူက.....

" အား..အား...ဒေါက်တာရေ..ကာကွယ်ဆေးလာထိုးပေးပါဦးဗျာ...ဒီမှာသွားရည်တများများနဲ့ ပါပီပေါက်လေးကိုက်တာခံနေလို့ပါဗျ..."

ဆော့ဂျင် သူ့ကိုခွေးပေါက်စလေးဟုပြောနေသူကြောင့်အပြောခံရတာနဲ့တန်အောင် သူလက်မောင်းကိုပေါက်သည်အထိကိုက်ပစ်လိုက်တော့သည်။

" ကြည့်ဦး..တကယ်ကြီးကိုက်ရက်တယ်ပေါ့ကိုကို့ကို..."

သူကိုက်လိုက်လို့ သွေးစို့သွားသည့်လက်မောင်းကိုကြည့်ကာမျက်နှာငယ်လေးနဲ့လုပ်ပြနေတော့သည်။ မသနားပေါင်။

" ကိုက်မှာပဲ...လူကိုဘာလို့ပြောလဲ...မကျေနပ်ဘူးလား.."

" နောက်လက်မောင်းတစ်ဖက်ကိုပါကိုက်ပါဦးလို့ပြောမလို့ပါခင်ဗျ..."

သူမျက်စောင်းလေးထိုးလိုက်တော့ သူ့ကိုရင်ခွင်ထဲဆွဲသွင်းလာသည့်သူ....

" ဒီသွားလေးတွေယားနေတဲ့ပါပီပေါက်လေးကိုပဲချစ်လိုက်ရတာတုန်လို့..."

" ခင်ဗျားနော်..."

" ကိုကိုနော်ဆို..."

" ခေါ်ဘူး..."

" ခေါ်ပါ..."

ကုတင်ပေါ်ကမြင်ကွင်းလေးကိုကြည့်ရင်းအခန်းတံခါးလေးဟာပြန်ပိတ်သွားခဲ့တော့သည်။

ဂျီမင် ပန်းစည်းလေးကိုကိုင်ရင်း နောက်ပြန်လှည့်လိုက်သည့်အချိန်......

" ယွန်းဂီ...."

သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရင်း.....

" ငါတို့...တစ်နေရာသွားပြီးစကားပြောကြမလား..."

~~~~~~~~~~{}{}{}{}{}~~~~~~~~~

✌🏻ဒီထဲမှာရေးထားသည့်သွေးအမျိုးအစားတွေရဲ့အကြောင်းကကိုယ်သိသလောက်လေးပဲရေးထားတာမို့အကယ်၍မှားခဲ့ရင်ကိုယ့်အမှားသာပါ။

ကဲနောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာခဲ့တော့ပြီ။နောက်တစ်ပိုင်းကဇာတ်သိမ်းပါ။

There are no comments yet. Log in to be the first to leave a review!

Similar stories