Fanfics

I T Y - 27

17:02, 17 January 2025

ဂျောင်ကုတို့သုံးယောက် ဂျင်တို့ရှိရာသိဖို့အတွက်လူစုခွဲကာသဲလွန်စရှာရန်ပြင်တော့သည်။

ထိုအချိန်မှာပဲ အိမ်တော်ဆီမှဖုန်းဝင်လာခဲ့တော့သည်။

📞: သခင်ကြီး...ဦးလေးမင်ပါ...သခင်လေးတို့ပြန်ပေးဆွဲခံရတဲ့ကိစ္စမှာသံသယဖြစ်စေနိုင်တဲ့အကြောင်းအရာတစ်ချို့ကို ဦးလေးမင်သိထားလို့ပါ..."

ဂျောင်ကု ဖုန်းကိုစပီကာဖွင့်ထားရင်း ယွန်းဂီနှင့်ဂျီမင့်ထံကြည့်လိုက်တော့သည်။

" ဘယ်လိုမျိုးလဲဦးလေးမင်..."

ဦးလေးမင်ပြောပြလာသည်မှာ.....

သူ့အဖေရဲ့ဟိုအမျိုးသမီးကဂျပန်ကနေ ဦးလေးမင်ဆီကိုဆက်သွယ်လာသည်တဲ့။သူ့သား,ကိုရီးယားကိုရောက်နေသည်ဟုပြောလာခဲ့သည်။သူကြိုက်နေတဲ့ကောင်လေးက ကိုရီးယားမှာလက်ထပ်သွားတော့တာကြောင့်ဆိုလားပဲ ပေါက်ကွဲနေပြီး သူ(မ)လည်းတားမရဆီးမရဖြစ်နေသည်တဲ့။

အဲဒါကြောင့် မဖြစ်သင့်တာမဖြစ်ရလေအောင်ဂျွန်အိမ်တော်ကိုများရောက်လာခဲ့လျှင် ထိန်းပေးထားကြပါဦးဟုတောင်းဆိုလာခဲ့သည်တဲ့။သခင်ကြီးကိုတိုက်ရိုက်မဆက်သွယ်ရဲလို့ပါဟုလည်းပြောလာခဲ့သည်။

ဂျောင်ကု ဦးလေးမင်ပြောပြလာတာတွေကိုနားထောင်ကြည့်အပြီး စိတ်ပျက်သွားရတော့သည်။

" ကျစ်! အဲဲဒါကဂျင်တို့နဲ့ဘာများသက်ဆိုင်နေလို့လဲဦးလေးမင်ရယ်...အလကားအချိန်တွေပုပ်အောင်လို့လား...ကျွန်တော့်စိတ်တွေဒီအချိန်မှာအရမ်းဆတ်နေတယ်နော်..."

📞: မဟုတ်ဘူးသခင်ကြီး...ဦးလေးမင်ပြောချင်တာကအဲကောင်လေးကအခုအချိန်မှာထင်ရာစိုင်းနေတော့မှာနဂိုကတည်းကလည်း သခင်ကြီးကိုအနိုင်လိုချင်နေတဲ့သူဖြစ်နေတာရယ်..ပြီးတော့ ဂျွန်အိမ်တော်ကိုလည်းရောက်မလာခဲ့ဘူးဆိုတော့တော်ကြာ ဘာကိုမှမငဲ့မကွက်ဘဲညစ်တွန်းတွန်းသွားမှာကိုပဲစိုးရိမ်တာပါဦးလေးမင်က..."

ဂျောင်ကု ဦးလေးမင်ပြောနေတာတွေကို ယုတ္တိရှိရှိစဉ်းစားကြည့်နေတော့သည်။

" ဒီကိစ္စက တကယ်ပဲခီရိခ်လက်ချက်သာဆိုရင်တော့...."

" ခီရိခ်!!!?..."

ဂျောင်ကု သူနှင့်ဦးလေးမင်ပြောနေသည့်စကားတွေကို တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေကြသည့်ယွန်းဂီနှင့်ဂျီမင့်ထံမှ သံပြိုင်ထွက်လာကြတော့၍....

" သိလို့လားသူ့ကို..."

" ခီရိခ်ဆိုတာ ဂျပန်ကိုရီးယားစပ်ကိုမှကျွန်တော်တို့နဲ့အသက်ရွယ်တူလောက်ပဲလေဂျပန်မှာနေတဲ့ကောင်ကိုပြောတာလား..."

" ဟုတ်တယ်...သိနေတာလား..."

" သေချာသွားပြီပေါ့အဲဒါဆို..ဒီလောက်တိုက်ဆိုင်စရာအကြောင်းကိုမရှိဘူး..တောက်စ်!! ယွန်းဂီ..ငါမင်းကိုပြောဖူးပါတယ်...ဂျင်ငါတို့ကိုအဲ့ကောင်နဲ့မိတ်ဆက်ပေးတုန်းကအဲကောင်ဂျင့်အပေါ်မှာကြည့်တဲ့အကြည့်တွေကိုငါမသင်္ကာဘူးလို့ မခုတ်တတ်တဲ့ကြောင်လိုဟန်ဆောင်နေတာလေ...ဂျင်ကသာဖြူစင်လို့ဘာမှမသိတာ..."

" နေပါဦး..မင်းတို့အခုပြောနေတာက...ဂျင်နဲ့အဲကောင်နဲ့ကသိနေကြတယ်လို့ပြောချင်တာလား..."

" သိရုံတင်ဘယ်ဟုတ်ပါ့မလဲ...ဂျင်ကအဲကောင်ကိုဆိုကျွန်တော်တို့ထက်တောင်ပိုပြီးခင်တွယ်တာ..."

" ဘာ!!!..."

" ဒေါသနောက်မှထွက်တော့CEO Jeon...အခုဘာဆက်လုပ်ကြမလဲ...ဂျင်တို့အဲကောင်လက်ထဲမှာရှိတယ်ဆိုတာသေချာသွားပြီ..."

ဂျောင်ကု ဖြစ်နိုင်ခြေရှိတဲ့နေရာတွေကိုစဉ်းစားကြည့်နေတော့သည်။ထိုကောင်က ကိုးရီးယားမြေကိုတော့နှံ့"စပ်"မသိချေ။

ကမ္ဘာကြီးကကျဉ်း"လေးဆိုတာမှန်သည်။ဂျင်က အဲလိုကောင်နဲ့မှ ရင်း"နှီး"သိကျွမ်းနေရတယ်လို့။

ဖမ်းခေါ်သွားသည့်သူကိုသိရသည့်တိုင်အောင်စိတ်ကဘယ်လိုမှမအေးနိုင်တော့ဘဲ ပိုပြီးပူလောင်လာရတော့သည်။

ဂျင်နှင့်ရင်းနှီးကြသည်ပြောနေပေမယ့် ဖမ်းခေါ်သွားသည်ဆိုကတည်းက ကောင်းသည့်လက္ခဏာမျိုးမဟုတ်ချေ။အဓိက,က သူ့သွေးဖြစ်သည့်ဂျီဟူ့ကိုပစ်မှတ်အဖြစ်ချိန်ရွယ်သည်ဆိုတာသူသိလိုက်သည်။

ဂျောင်ကု ရုတ်တရက် တစ်နေရာသို့စဉ်းစားမိသွားတော့သည်။

" ဟုတ်ပြီ! အဲဒီနေရာဖြစ်နိုင်ခြေအများဆုံးပဲ...ဒါပေမယ့် သုံးယောက်စလုံးသွားလို့တော့အဆင်မပြေလောက်ဘူး..တစ်ယောက်တော့ကျန်ခဲ့မှရမှာ ဒါမှအခြေအနေကြည့်ပြီးနောက်ကလိုက်ခဲ့လို့ရမှာ..."

" ဒါဆို..ငါလိုက်သွားလိုက်မယ်ယွန်းဂီ...တကယ်လို့ အဲဒီနေရာသေချာတယ်ဆိုရင်တော့ငါမင်းဆီဆက်သွယ်လိုက်မယ်..မင်းရဲတွေခေါ်ပြီးလိုက်လာခဲ့လိုက်တော့..."

" ဟုတ်ပြီလေ...ဒါပေမယ့် တစ်ခုသိထားရမှာကနှစ်ယောက်စလုံးကအခုအချိန်မှာဂျင့်တို့ကိုကယ်ဖို့အတွက်ပဲနော်..."

ယွန်းဂီ၏သတိပေးစကားကို သူတို့နှစ်ယောက်စလုံးသဘောပေါက်ပါသည်။ဘာလို့ဆို အခုချိန်မှာရန်စောင်နေကြလို့မရပေ။အရေးကြီးတာကိုသာ ဦးစားပေးလုပ်ဆောင်ကြရမည်။

သူတို့တွေ သဘောတူညီချက်ယူလိုက်ကြပြီးတစ်လမ်းစီခွဲလိုက်ကြတော့သည်။

ဂျောင်ကုနှင့်ဂျီမင်က မြို့အစွန်မှာရှိသည့်ဂျောင်ကုအဖေလက်ထက်ကဆောက်လုပ်ခဲ့သည့်စက်ရုံဟောင်းဆီသို့သွားတော့သည်။***ထင်သည့်အတိုင်းပင် သူတို့ရောက်သွားကြတော့စက်ရုံဝန်းထဲမှာ အစောင့်ပေါင်းမြောက်မြားစွာကိုတွေ့လိုက်ရသည်။

" ပတ်ဂျီမင်...CEO Minကိုတည်နေရာပို့လိုက်တော့...အချိန်မဆွဲဘူးမဟုတ်လား..."

" အင်း မဆွဲဘူး..တန်းဝင်ကြမယ်...နှစ်ယောက်အင်အားပဲ မှုစရာမရှိဘူး..."

ဂျောင်ကု ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးပါလာသည့်သံတုတ်ကို ဂျီမင့်ထံပစ်ပေးလိုက်တော့သည်။

" သွားစို့..."

နှစ်ယောက်စလုံးက ခေသူတွေမဟုတ်ကြ၍ စက်ရုံဝန်းထဲကအစောင့်တစ်အုပ်ကိုခေတ္တခဏမျှသာ ရင်ဆိုင်တိုက်ခိုက်လိုက်ရသည်။

အတွင်းထဲထပ်ရောက်သွားတော့ နေရာတစ်ခုစီတိုင်းမှာလူတစ်အုပ်စီရှိကြသည်။

နှစ်ယောက်သားမတည့်ကြဘူးဆိုပေမယ့် အခုချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်သတိပေးရင်းနဲ့အချိတ်အဆက်မိမိနဲ့တိုက်ခိုက်နေရတော့သည်။

" ဒီအထပ်တွေမှာမရှိဘူးဆိုတော့မြေအောက်ခန်းတစ်ခုပဲကျန်တော့တယ်...ဒီကောင်တွေကိုထားခဲ့လိုက်တော့..."

ဂျောင်ကုက ဒီစက်ရုံထဲမှာကျင်လည်လာဖူးသူဖြစ်၍ဘယ်နေရာကဘာဆိုတာ အချိန်မဆွဲဘဲ တိ"ကျ"သုံးသပ်လေတော့သည်။

သူတို့နှစ်ယောက် ဂျင်တို့ရှိနိုင်သည့် မြေအောက်ခန်းဆီသို့သာဆက်သွားလိုက်ကြတော့သည်။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ယွန်းဂီ ဂျီမင့်ထံမှအဆက်သွယ်ရရချင်းရဲအရာရှိတွေနှင့်အတူ ထိုနေရာသို့ချက်ချင်းလိုက်လာခဲ့လိုက်တော့သည်။

သူတို့ရောက်သွားတော့ အပြင်မှာတိုက်ခိုက်ထားကြသည်ထင်တုံးလုံးပက်လက်တွေဖြင့်....

ယွန်းဂီ ရဲတစ်ချို့တစ်ဝက်နှင့်အတူ အတွင်းထဲသို့ဆက်ဝင်လာခဲ့လိုက်ရင်း ဂျီမင့်ဆီသို့ messageဖြင့် သူတို့ရောက်နေပြီဖြစ်ကြောင်း အသိပေးလိုက်တော့သည်။

ဂျီမင့်ဆီကပြန်စာမလာပေမယ့် သူပို့လိုက်သည့်စာကိုတော့ messageသံဖြင့်သိလောက်မှာပင်။မသိလျှင်တော့ အသက်မရှိတော့တာလည်းဖြစ်နိုင်လောက်သည်။

အပြင်မှာရှိတဲ့ကောင်တွေကိုလက်ထိတ်ခတ်ပြီးဂျင်တို့ရှိနိုင်သည့်နေရာကိုမေးတော့ မြေအောက်ခန်းဆီသို့ညွှန်ပြသည်။

သူတို့ မြေအောက်ခန်းဆီသို့အပြေးဆင်းသွားရင်းအထဲကခုခံသည့်ကောင်တွေနှင့် တိုက်ခိုက်ကြရတော့သည်။ထိုစိတ္တဇလိုကောင်က တပည့်တပန်းတွေနည်း"နော"မဟုတ်ပေ။အရှေ့မှာတိုက်ခိုက်ထားတာတောင် တစ်စုတစ်စုနဲ့ဘယ်ကထွက်ထွက်လာကြမှန်းမသိချေ။

" ဂျီမင်! မသေသေးဘူးဘဲ..ဂျင်ဘယ်မှာလဲ!..."

" မတွေ့ရသေးဘူး! ငါတို့အဲခွေးတိရစ္ဆာန်နဲ့ထိပ်တိုက်ရင်ဆိုင်နေရတာ..ဂျင့်ကိုထုတ်မပေးဘူး.."

" ဘာကွ!!..အခုထိတောင်ဂျင့်ကိုမတွေ့ရသေးဘူးဆိုတော့မင်းတို့ရှေ့ပြေးသွားနှင့်နေကြပြီးဘာလုပ်နေကြတာလဲ..."

" မင်းစကားကိုအလွယ်မပြောနဲ့!မင်းထက်တောင်ငါဂျင့်ကိုပိုပြီးစိတ်ပူသေးတယ်ငါတို့အခွင့်မသာခဲ့လို့ပေါ့...ပြီးတော့အဲကောင်ပစ်မှတ်ကဂျီဟူ...ငါတို့ထင်ရာစိုင်းလို့မရဘူး ကလေးအတွက်ငဲ့ရသေးတယ်...ဟိုကောင်ကလူစိတ်ရှိတာမဟုတ်ဘူး ဂျင်ကလွဲရင်ဘယ်သူ့မဆိုသတ်မယ့်ကောင်.."

ဂျီမင်ပြောတာဟုတ်သည်။ ဂျင့်ကိုတော့ ထိုကောင်ကလက်ဖျားနဲ့ထိမှာမဟုတ်ပေ။

သူတို့နှစ်ယောက် ဂျင့်ကိုရှာဖို့လုပ်ရင်း...ခီရိခ်ဆိုတဲ့ကောင်က ဂျွန်ဂျောင်ကုကိုဓားဖြင့်ပြေးထိုးတာကိုတွေ့လိုက်ရတော့သည်။

ထိုအချိန် သူတို့မြင်ကွင်းထဲဝင်လာသည်က....

" ဂျင်!!!!..."

~~~~~~~~~~~~~~~~

ဂျောင်ကု အော်သံကြောင့်နောက်လှည့်ကြည့်လိုက်တော့

ခန္ဓာကိုယ်တွင် လက်ကိုနောက်ပြန်ကြိုးတုပ်ခံထားရပြီး ဝမ်းဗိုက်မှာဓားစိုက်ရာဖြင့် လဲကျမလိုဖြစ်နေသည့်ဂျင့်ကိုတွေ့လိုက်ရသည်။

" Baby!!!..."

ဂျောင်ကုပြာဝေသွားပြီး ချက်ချင်းပဲဂျင့်ကိုရင်ခွင်ထဲထိန်းပွေ့ချီလိုက်တော့ကာ...

" Babyရာ...ဘာလို့..."

ရင်ခွင်ထဲကမြင်ကွင်းကြောင့်သူဆို့နင့်လာပြီး အသံဆက်မထွက်နိုင်တော့ဘဲ ဂျင့်ခေါင်းကိုသာရင်ဝယ်ပိုက်ထားရင်း မျက်ရည်တွေသာအဆက်မပြတ်ကျဆင်းလာခဲ့တော့သည်။

" Babyဥပေက္ခာနဲ့တင်ကိုကိုကရှုံးပြီးသားပါBabyရဲ့ဒီလိုပုံစံနဲ့တော့ကိုကို့ကိုအနိုင်မယူပါနဲ့..."

ဂျောင်ကုဒေါသတောင်မထွက်နိုင်တော့ ရင်ခွင်ထဲကသူ့Babyကိုကြည့်ကာ ရူးမတတ်ဖြစ်နေရတော့ပြီ။

ခီရိခ်တစ်ယောက်သည်လည်း ငေါင်စီစီကြီးဖြစ်နေရာမှနေသွေးရူးသွေးတန်းဖြင့်....

" ဂျင်...မဟုတ်ဘူး...မဟုတ်ဘူးနော်...မဖြစ်ရဘူးနော်...ဘာလို့ဝင်ခံရတာလဲ!! ဘာလို့လဲလို့!!ဂျင်...မဟုတ်ဘူးနော်...မင်းဘာမှဖြစ်လို့မရဘူးနော်...ငါသေသွားလိမ့်မယ်ဂျင်..ငါသေသွားလိမ့်မယ်လို့!!အီးဟီး."

ရှေ့မတိုးနောက်မဆုတ်နဲ့ သူ့မျက်နှာသူဆွဲကုတ်ကာ ငိုယိုနေတော့သည့်ခီရိခ်ဆီကို ယွန်းဂီအပြေးရောက်လာပြီး

" ခွေးမသား!!!..."

ယွန်းဂီ ခီရိခ်ကို အပေါ်မှခွကာ စိတ်ရှိလက်ရှိအဆက်မပြတ်လက်သီးဖြင့်ထိုးသတ်ပစ်နေတော့သည်။

" ဆေး..ဆေးရုံ..."

ဂျောင်ကု ဘာကိုမှအာရုံမရနိုင်တော့ဘဲထိုတစ်ခွန်းထဲသာပြောနိုင်ပြီး ဂျင့်ကိုပွေ့ချီကာပြေးတော့သည်။

ဂျီမင် ယွန်းဂီကိုမတားဖြစ်။ ရဲအရာရှိတွေကသာ ယွန်းဂီကိုဆွဲခွါတားနေကြတော့သည်။

ဂျီမင် သူသတိဝင်လာတော့ ဂျီဟူလေးကိုကောက်ချီလိုက်ပြီး....

" ယွန်းဂီ...ငါတို့ဆေးရုံကို...."

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ဆော့ဂျင် ခီရိခ်ကသူ့ကို ကြိုးတုပ်စေခိုင်းခဲ့ပြီး သူ့တပည့်တပန်းတွေနှင့်ထားခဲ့ကာ အပြင်သို့ထွက်သွားခဲ့တော့သည်။

သူကအခန်းပိတ်တစ်ခုထဲမှာရှိနေရပြီး ဂျီဟူလေးကတော့ထိုအခန်းရဲ့အပြင်ဘက်မှာကြိုးချည်ခံထားရလေသည်။

သူသူ့သားလေးအတွက် ရင်ဘတ်တွေနာကျင်ရလွန်းလို့ထိုသူတွေလက်ထဲကနေရုန်းမိသည်။သူရုန်းတော့ သူ့ကိုအတင်းချုပ်ထားကြပြီး ပါးစပ်ကိုတိပ်ဖြင့်ကပ်လိုက်ကြတော့သည်။

ခိရိခ်တစ်ယောက်လူစိတ်မရှိတော့ဘူးဆိုတာကိုသိထားရ၍ ဂျီဟူတို့သားအဖအတွက် သူ,ရတက်မအေးဖြစ်နေရတော့ပြီ။

ထိုကောင်က မထူးဇာတ်ခင်းတော့မှာဖြစ်ပြီး ကလေးဆိုတာရော သွေးဆိုတာရောသိတော့မှာမဟုတ်ချေ။ဂျီဟူလေးကိုမညှာမတာလုပ်တော့မှာပင်။အဲဒီအခါကျ ကလေးကထိုကောင့်လက်ထဲမှာဖြစ်နေတော့၍သူတို့အခွင့်သာခဲ့လျှင်တောင် ကလေးကိုငဲ့ရပြီး လက်နက်ချကာအညံ့ခံရတော့မှာပင်။

ဆော့ဂျင် အတွေးနဲ့တောင်ရင်တွေနာလာရသည်။ဘယ်လိုပဲဖြစ်စေ အဆုံးသတ်ကမလှနိုင်မှာအသေအချာပင်။

တစ်အောင့်နေတော့ အပြင်မှာသေနတ်သံတွေကြားလိုက်ရသည်။

ခီရိခ်ဆိုတဲ့ကောင်ရဲ့တပည့်တွေလည်း သူ့ကိုထိုအတိုင်းသာကြိုးတုပ်လျက်ဖြင့်ထားခဲ့ကြပြီးအပြင်ကိုပြေးထွက်သွားကြတော့သည်။

ဆော့ဂျင် လူကလက်နောက်ပြန်ကြိုးတုပ်ခံထားရသည့်အပြင်ခန္ဓာကိုယ်နှင့်ခုံကိုပါတွဲလျက်ဖြင့် တိပ်နဲ့အထပ်"အပတ်ခံထားရတော့သည်။

သူရုန်းလိုက်တော့ ထိုင်ခုံရောလူပါကြမ်းပြင်ပေါ်ဘေးတစောင်းလဲကျသွားတော့သည်။

သူထိုဘေးတစောင်းအတိုင်းပင် ကြမ်းပြင်နှင့်ကိုယ်ခန္ဓာကိုပွတ်တိုက်တော့သည်။အသားတွေနာလာတော့သည်ဆိုပေမယ့် ပတ်ထားသည့်တိပ်တွေပါးသွားဖို့ပင်။

ထိုအတိုင်းအဆက်မပြတ်ပွတ်တိုက်ပြီးသည့်နောက်သူအားနဲ့ရုန်းကြည့်လိုက်တော့ တိပ်တစ်ချို့တစ်ဝက်ကဆွေးပြတ်လာခဲ့တော့သည်။

ထိုအတိုင်းကအလုပ်ဖြစ်၍ သူထပ်မံပွတ်တိုက်လိုက်ပြီး အားအကုန်သုံးကာရုန်းပစ်လိုက်သည့်အခါ တိပ်များအားလုံးပြတ်ထွက်သွားတော့သည်။

လက်နောက်ပြန်အချည်ခံထားရသည့်ကြိုးက ပြေဖို့မဖြစ်နိုင်တော့သည့်အတွက်သူကုန်းရုန်းထလိုက်ပြီး ထိုအတိုင်းသာအခန်းပြင်ပြေးထွက်လာခဲ့လိုက်တော့သည်။

သူအပြင်သို့ရောက်သည့်အချိန် တစ်ဖက်နှင့်တစ်ဖက်က သေနတ်တွေဖြင့်ပစ်ခတ်တိုက်ခိုက်နေကြပြီး အားလုံးရှုပ်ယှက်ခတ်နေတော့သည်။

ထိုစဉ် သူ့မျက်ဝန်းထဲမြင်လိုက်သည်ကဂျီဟူလေးကိုချည်ထားသည့်ကြိုးကပြတ်ကျသွားပြီး အောက်မှာသူ့သားကိုပြေးဖမ်းနေတော့သည့်ဂျီဟူလေး၏ဖခင်...

သူစိတ်ဒုန်းဒုန်းမချနိုင်သေးခင်မှာပဲခီရိခ်လက်ထဲမှာရှိသည့်သေနတ်ဟာ ကျည်ကုန်သွားတော့၍ထိုသေနတ်ကိုလွှတ်ချကာ ခါးကြားထဲမှဓားမြှောင်ကိုထုတ်ယူလိုက်ပြီး ပြေးထိုးတော့တာကြောင့်သူအော်ဟစ်လိုက်ပေမယ့် ပါးစပ်ကိုတိပ်ဖြင့်ပိတ်ထားခံရ၍ဘယ်လိုမှအရာမရောက်တော့ပေ။သူဘာကိုမှမကြောက်တော့ဘဲ ထိုသားအဖ၏အနောက်ကနေ အပြေးဝင်ရပ်လိုက်တော့သည်။

ဓားစိုက်ဝင်သွားသည်နှင့်တပြိုင်နက်သူ့ဝမ်းဗိုက်ကစူးကနဲနာကျင်လာပြီး လဲကျမလိုဖြစ်သွားသည့်အချိန် ရင်ခွင်တစ်စုံဟာ ဖမ်းယူထိန်းပေးထားတာကိုသိလိုက်ရသည်။

ဒီရင်ခွင်ဟာ သူနှလုံးသားနှင့်ရင်းနှီးကျွမ်းဝင်နေသူဖြစ်၍ သူစိတ်ချသွားတော့သည်။

သူ့ကမ္ဘာကြီးအမှောင်ကျမသွားသေးခင် သူ့အတွေးထဲကနေ......

ဒီလောက်ဆို ကျွန်တော်ဆိုးခဲ့တဲ့အပြစ်တွေကျေတန်ကောင်းပါရဲ့...ဟုတ်တယ်မလား...

အကယ်၍သာ နောက်ဆုံးအချိန်ဖြစ်ခဲ့ပါလျှင်....

နှုတ်ဆက်ပါတယ်...

ကိုကို.....

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

😁

ရှေ့အပိုင်းတုန်းက ဆူမလို့ကြံရွယ်ပြီးကာမှမွေးနေ့ရက်ဖြစ်သွားလို့လမ်းပျောက်သွားကြတာ🤭 ချစ်စရာလေးတွေ😚

မွေးနေ့ဆုတောင်းပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်🫶🏻🤍

There are no comments yet. Log in to be the first to leave a review!

Similar stories