I T Y - 19
12:47, 22 December 2024ဆော့ဂျင်တို့အိမ်ပြန်ရောက်လာတော့....နှစ်ယောက်သားတိုး"တိုး"နဲ့အပေါ်သို့တိတ်"ကလေးတက်ဖို့ပြင်သည်။
" ဒါကဘယ်လဲ..."
ဧည့်ခန်းထဲကအသံကြောင့် ဂျီဟူကဆော့ဂျင်လက်ကိုဆွဲထားရင်း ခြေလှမ်းတွေရပ်တန့်သွားကာ သူ့ပါပါးကိုမော့ကြည့်ပြီးနှစ်ယောက်ထဲကြားနိုင်သည့်လေသံလေးဖြင့်...
" ပါပါး...ဘယ်လိုလုပ်ကြမလဲ...ဒယ်ဒီပြန်ရောက်နေပြီ..."
ဆော့ဂျင်သည်လည်း လေသံတိုးလေးဖြင့်....
" ကြောက်မနေနဲ့သူ့ကို..ပါပါးတစ်ယောက်လုံးရှိတယ်ဘာမှမဖြစ်ဘူး..."
" ပါပါးကမဖြစ်ပေမယ့် ဂျီဟူကဖြစ်တယ်ပါပါးရဲ့...ပါပါးကိုချစ်လို့သာဂျီဟူအလိုလိုက်ရတာ..တကယ်တမ်းကဂျီဟူဒယ်ဒီ့ကိုကြောက်တယ်..."
" မကြောက်ပါနဲ့ဆို..."
" ဟိုနှစ်ယောက် ခေါ်နေတာမလာဘဲဘာလုပ်နေကြတာလဲ...တိုး"တိုး"နဲ့တိုင်ပင်လို့မပြီးကြသေးဘူးလား..."
ဆော့ဂျင်က သူခေါ်တိုင်းသွားစရာလားဆိုပြီးဂျီဟူ့ကိုအပေါ်သို့ဆက်တက်ဖို့ပြောလေသည်။
ဂျီဟူကတော့သူ့ဒယ်ဒီကိုကြောက်၍ သူ့ပါပါးကိုအတင်းမရမကခေါ်နေတော့သည်။
" ဂျီဟူတစ်ယောက်တည်းရင်မဆိုင်ရဲဘူးပါပါးရဲ့...လိုက်ခဲ့ပါ..အပြစ်ကဂျီဟူကပိုကြီးတယ်..."
" ဟိုနှစ်ယောက် မလာသေးဘဲဘာလုပ်နေတာလဲ...ဂျွန်ဂျီဟူ!!.."
" ဟုတ်ကဲ့ဒယ်ဒီ..လာပါပြီခင်ဗျ..."
ဆော့ဂျင် မလိုက်ချင်လိုက်ချင်နဲ့ဂျီဟူဆွဲခေါ်လာ၍ ထိုလူ့အနားရောက်သွားတော့သည်။
" ကဲပြော..."
ထိုသူက ခြေချိတ်ထိုင်ပြီးလက်ပိုက်ထားတော့ကာ သူတို့ကိုမေးဆတ်ပြလေသည်။
" ကိုယ့်သူကိုယ်အပြင်သွားတာဘာပြောရမှာလဲ.."
" မင်းကိုမေးတာမဟုတ်ဘူး...တိတ်"နေ...ဂျွန်ဂျီဟူ...မင်းကိုဘာမှာခဲ့လဲ..."
ဆော့ဂျင် သူထိုသို့အပြောခံလိုက်ရတော့ နည်း"တော့အောင့်သက်"ဖြစ်သွားရသည်။လျှာရှည်ပြီးသွားဖြေမိတာကိုး....
ဂျီဟူက သက်ပြင်းလေးမသိမသာခိုးချလိုက်ပြီး...
" ဂျီဟူ့မှာအပြစ်ရှိပါတယ်...ဂျီဟူပါပါးကိုအလိုလိုက်မိတဲ့အတွက်ပါ..."
" ပြော...ဘာကိစ္စမင်းကအလိုလိုက်တာလဲ..."
" အဲဒါက...ဒယ်ဒီမမြင်ရလို့ပါ,ပါပါးလုပ်ပြတာကို...ဂျီဟူခံနိုင်ရည်မရှိသွားလို့ပါ...ဒယ်ဒီမြင်ရင်လည်းခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး..."
" ဘာ!!!.."
ဂျီဟူ့စကားကြောင့် ခပ်လှမ်း"မှာရှိနေကြသည့်အိမ်တော်ထိန်းကြီးတို့လည်း ခိုးရယ်ကြတော့သည်။သခင်လေးလက်နက်တွေကို သခင်ကြီးလည်းမခံနိုင်တာဂျီဟူလေးတောင်သိနေတော့ပြီ။ဒါပေမယ့်လည်း သားဖြစ်သူဆီကနေအခုလိုကြီးပေါ်တင်အပြောခံလိုက်ရတော့ ရှက်တော့ရှက်သွားမပေါ့....
ဆော့ဂျင်ကတော့ သူချွဲပြခဲ့သည်ကိုမေ့ထားပြီး ရူးချင်ယောင်ဆောင်တော့ကာသူဘာလုပ်ခဲ့မိလို့ပါလိမ့်ဆိုပြီး အတွေးထဲပြန်ဖော်ကြည့်နေတော့သည်။
" ဂျွန်ဂျီဟူ...အခုမင်းငါ့ကိုမလေးမစားပြောနေတာလား...ဟုတ်လား..."
" မဟုတ်ပါဘူးဒယ်ဒီ...သားကအကျိုးအကြောင်းပြောပြတာပါ..ပြီးတော့ ပါပါးနဲ့ဂျီဟူမဟုတ်တာဘာမှမလုပ်ပါဘူး..."
ဂျောင်ကု ဆော့ဂျင်ဆီအကြည့်ရောက်တော့ အပြစ်လုပ်ထားသူက သူနှင့်မဆိုင်သလိုဘာသိဘာသာတောင်ရပ်နေတော့သည်။
ဂျီဟူသည်လည်း သူ့ဒယ်ဒီအညှာကိုသိ၍လားမပြောတတ်...ပါပါးချင်းထပ်နေအောင် ကိုင်ပေါက်နေတော့သည်။
" သွားတော့...နောက်တစ်ခါစကားနားမထောင်ရင် ထိုင်ထအခါငါးဆယ်လုပ်ရမယ်..ကြားလား!.."
" ဟုတ်ကဲ့ဒယ်ဒီ..."
" တစ်ယောက်တည်းကိုပြောတာမဟုတ်ဘူး..."
ဂျောင်ကု ဆော့ဂျင်ကိုကြည့်ပြီးပြောသော်လည်း ဟိုကတုတ်"တောင်မလှုပ်ချေ...
" ပါပါး...တစ်ယောက်တည်းပြောတာမဟုတ်ဘူးတဲ့.."
ဂျွန်ဂျီဟူသည်လည်း အပြစ်ကနှစ်ယောက်ခံရမှာဖြစ်၍သူ့ပါပါးကိုမော့ကြည့်ကာ အသိပေးတော့သည်။
" သူ့သူပါးစပ်ပါလို့ပြောတာလေ...ဘာလုပ်ရမှာလဲအဲဒါ...သွားမယ်..."
ပြောပြီးလှည့်ထွက်သွားတော့ ဂျီဟူသည်လည်းအပြေးလိုက်သွားတော့သည်။သူ့ပါပါးမရှိဘဲ သူ့ဒယ်ဒီကိုရင်မဆိုင်ရဲဘူးလေ။
ကျန်ခဲ့သည့်ဂျောင်ကုကတော့ ခေါင်းသာယမ်းနိုင်တော့သည်။
ဆော့ဂျင်တို့အပြင်သွားသည်ကို ဂျောင်ကုစိတ်မဆိုးသည်က...ဆော့ဂျင်တို့အပြင်သွား"ချင်း ဦးလေးမင်ကဖုန်းဆက်အသိပေးလေသည်။ကားမှာလည်းခြေရာခံစက်တပ်ထား၍ သူတို့ဘယ်သွားလဲဆိုတာ သူရုံးကနေထိုင်ကြည့်ဖြစ်သည်။
သူ့သူငယ်ချင်းဖြစ်သည့် CEO Min၏ကုမ္ပဏီကိုသာသွားသည်မို့ သူဘာမှမပြောခြင်းဖြစ်သည်။
တင်းလွန်းသည့်ကြိုးတွေဟာပြတ်တတ်သည်မဟုတ်လား...သူပိတ်လှောင်ပြီးမချည်ချင်ပါ။အကယ်၍ယှဉ်လာခဲ့သည့်အခါမှာလည်း ဘယ်သူ,မဆိုလက်သာသည့်ဘက်ကိုသာပါသွားတတ်သည်မဟုတ်လား။
တစ်ဖက်ကလူက ထိုကောင်ငယ်လေးကိုလေသံမာဖြင့်တောင်မပြောဖူးသည့်သူလို့သူသိထားသည်။သူအယှဉ်မခံချင်ဘူး။ အစ"အရာ"သာလွန်သည့်သူသာဖြစ်ချင်သည်။
တကယ်တော့ သူသိထားတာတွေများပါသည်။အသိနောက်ကျခဲ့လို့သာလျှင်........
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
ဆော့ဂျင်နှင့်ဂျီဟူ ကိုယ့်အခန်းကိုယ်ဝင်ဖို့လမ်းခွဲလိုက်ကြပြီး ဂျီဟူကတော့သူ့အခန်းသူဝင်သွားတော့သည်။
ဆော့ဂျင် သူ့အခန်းထဲဝင်ဖို့တံခါးဖွင့်တော့ တံခါးကဘယ်လိုမှဖွင့်မရချေ။
" ဘယ်လိုဖြစ်တာပါလိမ့်...lockကျသွားတာများလား.."
ထိုစဉ်...အခန်းဘက်လျှောက်လာနေသည့်ဂျွန်ဂျောင်ကုကိုတွေ့လိုက်ရ၍....
" ကျွန်တော့်အခန်း သော့ပျက်သွားတာလား..ဖွင့်မရဘူးဘယ်လိုမှ..."
ထိုအခါ ထိုသူကသူ့အနားရပ်လာပြီး....
" ဟုတ်မယ်ထင်တယ်..."
" ဟာ!..ဟုတ်လို့ရမလား...ကျွန်တော်ကဘယ်လိုဝင်ရတော့မှာလဲအိမ်ကြီးအိမ်ကောင်းဖြစ်ပြီးတံခါးသော့ပျက်ရတယ်လို့..."
" ပစ္စည်းသင်္ခါရ၊လူသင်္ခါရပေါ့...မြဲတယ်လို့ဘယ်ရှိပါ့မလဲ...လာပါ...ကိုယ့်အခန်းသွားရအောင်..."
" ခင်ဗျားအခန်းဘာလို့လိုက်ရမှာလဲ...ဂျီဟူ့အခန်းသွားမှာ..."
" ဂျီဟူ့အခန်းကအဆင်မပြေဘူးလေ...လာပါ..ကိုယ်ပြောစရာရှိတယ်..."
ဂျောင်ကုက ဆော့ဂျင်လက်ကလေးကိုဆွဲကာ သူ့အခန်းသို့ခေါ်သွားတော့သည်။
ဆော့ဂျင်သည်လည်း မလိုက်ချင်လိုက်ချင်ဖြင့်ပါသွားရတော့သည်။
ဂျောင်ကု အခန်းထဲရောက်တော့ ဆော့ဂျင်ကိုကုတင်ပေါ်ထိုင်ခိုင်းစေလိုက်တော့သည်။သူကကြမ်းပြင်ပေါ်သို့ဒူးတစ်ဖက်ထောက်ကာဆော့ဂျင်အရှေ့ထိုင်ချလိုက်တော့ ဆော့ဂျင်ကြောင်အ,သွားရတော့သည်။
နောက်ပြီး ဂျောင်ကုကဆော့ဂျင်လက်ကလေးတွေကိုဆုပ်ကိုင်လာကာ....
" ဂျင်.....ဖြစ်ခဲ့သမျှကိစ္စတိုင်းကိုကိုယ့်ဘက်ကတောင်းပန်ပါတယ်...ကိုယ်တကယ်မရည်ရွယ်ခဲ့ပါဘူး...ကိုယ့်ဒေါသတွေကိုမထိန်းချုပ်နိုင်ခဲ့တဲ့အတွက်လည်း ကိုယ်တကယ်တောင်းပန်ပါတယ်...နောက်ထပ်ဒါမျိုးထပ်မဖြစ်စေရဘူးလို့လည်းကိုယ်ကတိပေးပါတယ်...နော်ဂျင်..."
" ကိုယ် မင်းလေးနဲ့နီး"ကပ်"ရှိချင်တယ်...အလုပ်ကပြန်လာရင် မင်းလေးမျက်နှာကြည့်ပြီးအမောဖြေချင်တယ်...ညအိပ်ရင်မင်းလေးကိုရင်ခွင်ထဲထားပြီးသိပ်ချင်တယ်...မနက်မိုးလင်းရင်မင်းလေးမျက်နှာကြည့်ပြီးနိုးထချင်တယ်...မင်းလေးချွဲတာခံချင်တယ်...ကိုယ်အလုပ်သွားရင်ကိုယ့်နက်ခ်တိုင်လေးကူချည်ပေးတာခံချင်တယ်...ဂျင်...ကိုယ့်ကိုလက်ခံပေးပါတော့နော်..."
ဆော့ဂျင် သူ့လက်ကိုဆုပ်ကိုင်ပြီး လေး"နက်"ပြောလာသည့်ထိုလူ့စကားတွေကို သူရင်ခုန်မိတာတော့အမှန်ပင်။သူ့စိတ်ထဲမှာလည်းကြည်နူးမိသလိုခံစားရစေသည်။သူတို့က လက်ထပ်ထားကြတာဖြစ်ပြီး ခန္ဓာကိုယ်ရင်းနှီးမှုလည်းရှိဖူးခဲ့ကြပြီမဟုတ်လား....
ယွန်းဂီကလည်းပြောသည်။ သူ့ကိုတစ်ထစ်လောက်လျှော့ပြီးအကောင်းမြင်ကြည့်လိုက်ပါ့လားတဲ့....အပြတ်"နဲ့နှာခေါင်းသွေးထွက်သွားမှာလည်းမဖြစ်စေချင်သလို သူပျော်နေတာကိုလည်းမြင်ချင်တယ်တဲ့လေ။အကယ်၍ အဲလိုမြင်ကြည့်ပြီးလို့မှမပျော်ရရင်သူ့ဆုံးဖြတ်ချက်ကိုယွန်းဂီကမတားတော့ဘူးဟုပြောသည်။
ယွန်းဂီပြောသလို သူတစ်ထစ်လောက်လျှော့ကြည့်လိုက်သင့်သလား....
" ဂျင်....ကိုယ်ပြောတာကိုလက်ခံမယ်မဟုတ်လားဟင်.."
ဆော့ဂျင် သူ့ကိုမော့ကြည့်နေပြီး သူ့အဖြေကိုစောင့်စားနေသည့်ထိုသူကို.....
" ကျွန်တော်လက်ခံပေးကြည့်မယ်...လက်ခံကြည့်မယ်ဆိုတာက စောင့်ကြည့်မယ်လို့ပြောတာနော်...လူကိုဒေါသထွက်တာတို့ ဆူလားငေါက်လားလုပ်တာတို့ဆို ကျွန်တော်ကလည်းပိုရွဲ့တတ်တယ်နော်..."
ဂျင့်အဖြေကြောင့် ဂျောင်ကုပျော်သွားပြီး.....
" ဟုတ်ပါပြီဗျာ...ကိုယ်အဲလိုတွေမလုပ်တော့ပါဘူး...ဂျင့်အကြောင်းကိုယ်ကောင်း"သိပါတယ်..."
" ပြီးရော...လွှတ်တော့လက်ကို...ချွေးတွေတောင်ထွက်လာပြီ..."
" မလွှတ်ပေးချင်သေးဘူး...ကိုယ်တစ်ခုလောက်တောင်းဆိုချင်စရာရှိသေးတယ်..."
ဆော့ဂျင်ဘုကြည့်,ကြည့်လိုက်ပြီး....
" ဘာတွေအခွင့်အရေးထပ်ယူဦးမလို့လဲ..."
" အခွင့်အရေးယူတာမဟုတ်ပါဘူး...ကိုယ်ကဂျင့်ထက်အများကြီး,ကြီးတယ်လေ..ဂျင်ကကိုယ့်ကိုဂျွန်ဂျောင်ကုဆိုပြီးခေါ် "နေတာတော့မဟုတ်သေးဘူးလေကွာ..."
" အဲဒါကတော့......"
" ကိုကိုလို့ခေါ်ပေးပါ့လား...ဂျင်အရင်ကအဲလိုခေါ်တာလေးလေ ကိုယ်အရမ်းသဘောကျတာ ရင်တွေတောင်ခုန်ရတယ်..."
ဆော့ဂျင်မျက်နှာလေးပန်းရောင်သန်းသွားပြီး.....
" အ အဲဒါက..Jameဆိုတဲ့ကောင်လေးကိုကလိချင်လို့ခေါ်တာလေ...ခင်ဗျားတို့နှစ်ယောက်ကအဲတုန်းကဘာမှန်းမှမသိတာကို..."
" ကိုယ်ကတော့မင်းလေးသဝန်တိုလို့ပိုင်ဆိုင်ကြောင်းပြတယ်လို့ပဲမှတ်ယူတယ်...အဲဒါကြောင့်လည်းငြိမ်နေပေးခဲ့တာပေါ့...ကိုယ့်ပေါင်ပေါ်တက်ထိုင်တာကိုလည်းသဘောကျတယ်..."
ဆော့ဂျင် သူ့လုပ်ခဲ့သည့်အပြုအမူတွေအတွက်ရှက်ပြီးရင်းရှက်လာပြီး....
" ခင်ဗျားနော်!...ဘယ်မှာသဝန်တိုလို့လဲဘာလို့အဲဒါတွေကိုချီးခြောက်ရေနှူးပြီးလာပြန်ပြောပြနေရတာလဲ!..."
" ကိုယ်သဘောကျလို့ပေါ့...နော်ဂျင်...ခေါ်မယ်မဟုတ်လား ကိုယ့်ကို,ကိုကိုလို့လေ..."
ဆော့ဂျင် သူရင်တွေတုန်လာမိပြီး ဂျောင်ကုဆုပ်ကိုင်ထားသည့်သူ့လက်တွေကိုရုန်းထုတ်လိုက်တော့ကာ....
" ဖယ်တော့...စိတ်ပါရင်ခေါ်မယ်စိတ်မပါရင်မခေါ်ဘူး..."
" ဟော...အခုလေးတင်သဘောတူညီချက်ယူထားတာကို..."
ဆော့ဂျင်ပေစောင်းစောင်းကြည့်လိုက်တော့....
" ဟုတ်ပါပြီ...ဟုတ်ပါပြီ...စိတ်ပါမှပဲခေါ်ပါဗျာ..."
" တစ်ခုထပ်မှာထားဦးမယ်နော်...ကျွန်တော့်ကိုဂျီဟူလေးနဲ့ရော"ပြီးလာမဆူနဲ့...ကျွန်တော်ကခင်ဗျားသားမဟုတ်ဘူး..."
" ကိုယ်လည်းBabyကိုမှာထားရဦးမယ်...ဂျီဟူ့ရှေ့မှာရော ဦးလေးမင်တို့ရှေ့မှာပါကိုယ့်ကိုဘုနဲ့ဘောက်မပြောနဲ့....ကိုယ်ကဒီအိမ်ရဲ့အိမ်ထောင်ဦးစီးလည်းဖြစ်သလို မင်းလေးထက်လည်းအသက်အများကြီး,ကြီးတယ်လေ...အရိုသေတန်လို့မရဘူးလေနော်..."
ဂျောင်ကုက ဆော့ဂျင်ပါးလေးတစ်ဖက်ကိုဆွဲညှစ်ကာနားဝင်အောင်လေသံပျော့လေးဖြင့်ပြောလေတော့.....
" နာတယ်...အခုကတည်းကအာဏာပါဝါတွေလာပြနေတာလား..."
ဆော့ဂျင် သူအညှစ်ခံလိုက်ရသည့်ပါးလေးတစ်ဖက်ကိုကိုင်ရင်း ဂျောင်ကုကိုမျက်စောင်းထိုးပြီးပြောလိုက်တော့သည်။
" ဟော...ကိုယ်ကမင်းလေးငရဲကြီးမစိုးလို့ပြောပြတာလေ..ကိုယ်ပြောတာတွေကလည်းသဘာဝကျတယ်မဟုတ်လားအဆိုးလေးရဲ့..."
" တော်ပါ..."
သူအကြီးဆိုပြီးလာပြီးအနိုင်ကျင့်နေတာများ.....
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
အရာရာဟာအဓိပ္ပာယ်မဲ့သွားခဲ့တော့ပြီ။
နှင်းစက်တို့ပတ်ဖျန်းစပြုလာသည့်ဆောင်းလေဟာ ခိုက်ခိုက်တုန်သည်ထက် စိမ့်နေအောင်အေးသည်ဆိုပိုမှန်ပေလိမ့်မည်။
ချစ်ရသူမွေးဖွားခဲ့သောဒီဇင်ဘာဟာ ချစ်ရသူ၏နှလုံးသားသကဲ့သို့အေးစက်လေတော့သည်။
ချစ်ရသူ၏အပြုံးဟာ ကိုယ်မဟုတ်ဘဲတခြားတစ်ယောက်ကြောင့်ဖြစ်ပေါ်လာသည့်အခါ ကျွန်တော်တို့ဟာ,သဘောထားကြီးစွာရှု့မဆိတ်နိုင်ကြဘူးမဟုတ်လား။
သူပျော်နေတာလေးကိုမြင်ရသည့်အခါ မျက်ဝန်းနှင့်နှုတ်ခမ်းကပြုံးကြည့်နိုင်ပေမယ့် နှလုံးသားကနာရသည်။babeအပြုံးတွေဟာ မောင့်ကြောင့်မဟုတ်ခဲ့ဘူးလေ။
အမြဲခေါ်ဆိုနေမိခဲ့သောဖုန်းလေးဟာ ဆက်သွယ်မှုဧရိယာပြင်ပချည်းသာရှိနေခဲ့တော့ပြီ။
နှလုံးသား၏တောင့်တမှုအရ သူရှိရာအရပ်ဆီသို့ရောက်သွားခဲ့တော့ နှလုံးသာဟာနာကျင်ရသည်။
Babeဟာ တစ်စုံတစ်ယောက်ကြောင့်ပြုံးပျော်နေခဲ့တော့သည်။ကြာလွန်သွားသည့်နှစ်တွေအတွက် ပြောင်းလဲသွားလေခြင်းဟူပြီးလည်းအပြစ်မတင်ရက်ပေ။expired dateဆိုတာအရာရာတိုင်းမှာရှိသည်။သူနောက်ကျခဲ့သည်မဟုတ်လား။
သူသာ ဒီဆယ်နှစ်ဆိုသည့်အချိန်ကာလအတွင်းBabeရှိရာဆီသို့အချိန်မီအရောက်သွားပြီးရှင်းပြနိုင်ခဲ့ပါလျှင်.....သူ့အခက်အခဲတွေအတွက် သူနောင်တမရချင်ပေမယ့်ပေါ့.....
မောင်ကမင်းပျော်နေတာလေးကိုပဲမြင်ချင်တဲ့သူပါ။မောင်ပြောခဲ့သလိုပဲ မင်းကိုအခက်တွေ့အောင်မောင်မလုပ်ပါဘူး။နောက်ပြန်ပြီးဆုတ်မှာမဟုတ်ပေမယ့် ရှေ့ဆက်ပြီးလည်းမတိုးတော့ပါ။မင်းပြန်လည်ခိုလုံလာချင်သည့်အခါ အဆင်သင့်ဖြစ်ရလေအောင် မောင်ကဒီအတိုင်းလေးပဲရပ်စောင့်ပြီးနေနေခဲ့မှာပါ။
ဘယ်အချိန်ဘယ်အခါဖြစ်ဖြစ်.....ဒီရင်ခွင်တစ်စုံဟာ မင်းအတွက်သီးသန့်ဖြစ်တည်မှုတစ်ခုရယ်ပါအချစ်ရယ်။
မောင့်အတွက်တော့ မင်းဟာပထမဦးဆုံးအချစ်လည်းဖြစ်သလိုနောက်ဆုံးအချစ်လည်းဖြစ်မယ်ထင်ပါတယ်Babe....
**Babeသူ့အပေါ်မှာနာကြည်းသွားခဲ့သည့်နေ့....အဲဒီ့နေ့က သူ့ဘဝအတွက်ကံဆိုးမိုးမှောင်ကျခဲ့ရသည့်နေ့ဖြစ်ခဲ့သည်**
အတိတ်ဆီသို့......
Babeနှင့်သူ ချစ်သူသက်တမ်းနှစ်နှစ်ရှိလာတော့ပြီ...အသက်16နှစ်ကတည်းကပင် သူတို့အသက်မပြည့်ကြသေးသော်လည်းBabeကိုသူများလက်ဦးသွားမှာစိုး၍ သူဖွင့်ပြောကာသူ့အပိုင်အဖြစ်ကြွေးကြော်ခဲ့တော့သည်။
တကယ်တော့ သူ့မှာအိမ်ကသဘောတူညီထားသည့်မိန်းကလေးရှိနေခဲ့သည်။ဒါပေမယ့် သူကလက်လည်းမခံသလို စိတ်လည်းမဝင်စားခဲ့ချေ။ထိုအကြောင်းအရာတွေကို ယွန်းဂီကသိပေမယ့်သူယွန်းဂီကို Babeကိုမပြောပြဖို့တောင်းဆိုခဲ့သည်။သူ့အတွက်Babeကလွဲရင်တခြားမရှိနိုင်ပေ။
သူ့မိဘတွေက Babeကိုသူနှင့်သဘောမတူကြချေ။ယောကျာ်းလေးချင်းဖြစ်တာကတစ်ကြောင်းရယ်အဆိုးဆုံးက Babeအိမ်ရဲ့စီးပွါးရေးအခြေအနေဟာကျဆင်းသွားခဲ့သည့်အချိန်ကာလဖြစ်တာရယ်...စီးပွါးရေးသမားပီပီ လုပ်ငန်းတူအကျိုးပြုနိုင်သည့်သူထဲကပဲ သူ့အဖေဟာသူ့ကိုလက်ထပ်ပေးဖို့အတင်းအကြပ်စီစဉ်နေတော့သည်။
သူBabeကိုခိုးပြေးဖို့အကြိမ်ကြိမ်တွေးခဲ့ဖူးပေမယ့်....သူတို့အသက်အရွယ်က ကျောင်းတောင်မပြီးကြသေးပေ။သူကဆူးခင်းလမ်းကိုလျှောက်နိုင်ပေမယ့် Babeကိုတော့ထိုဒုက္ခတွေကိုမခံစားခိုင်းရက်ပေ။
ထို့ကြောင့် သူသူ့မိဘတွေကို ကျောင်းပြီးမှလက်ထပ်ချင်ကြောင်း အလိမ္မာဉာဏ်ဖြင့်ပြောတော့...သူ့စကားကိုလက်ခံပေးခဲ့ပြီး သူ့ကိုထိုမိန်းကလေးနဲ့သွား"လာ"လုပ်ဖို့ပြောပြီးအကယ်၍အဲလိုမှမဟုတ်လျှင် BabeမေမေဆီသွားပြီးBabeနှင့်သဘောမတူနိုင်ကြောင်းပြောမည်ဟုခြိမ်းခြောက်လာခဲ့တော့သည်။
သူထိုကိစ္စတွေကို Babeမသိအောင်တိတ်"လေးဖြေရှင်းနေခဲ့ရသည်။Babeမိသားစုက သူ့ကိုသားအရင်းသဖွယ်၊ညီအရင်းသဖွယ်ချစ်ပေးကြတာမလို့ တစ်ခုခုဆို သူအန်တီနှင့်Hyungကိုအားနာမိသည်။
ထိုနေ့က သူနှင့်သဘောတူထားခဲ့သည့်မိန်းကလေးသည်သူ့သူငယ်ချင်းမွေးနေ့ပွဲကClubမှာလုပ်မှာဖြစ်တာကြောင့်အဖော်မပါ၍သူ့ကိုအဖော်လိုက်ခဲ့ပေးဖို့တောင်းဆိုလေသည်။
အစကသူငြင်းပါသေးသည်။ နောက်ဆုံး သူ့အဖေကနေတစ်ဆင့်ခွင့်တောင်းမယ်ဟုကိုင်ပေါက်လာ၍ သူ,မတတ်သာ၍လိုက်လျောခဲ့ရသည်။
အဲဒီညမှာပင်။ မွေးနေ့ပွဲမှာသူ့ကိုလည်းတစ်ခုခုသောက်ဖို့အတင်းတိုက်တွန်းနေကြတော့၍ သူအချိုရည်ဘူးသာသောက်လိုက်တော့သည်။
ခဏကြာတော့ဘယ်လိုဖြစ်သည်မသိ။ သူ့ခေါင်းကရိတ်တိတ်"ဖြစ်လာပြီး မျက်လုံးတွေပြာဝေကာသတိမရှိတော့ပေ။
သူသတိဝင်လာသည့်အချိန်မှာ သူဟာအခန်းတစ်ခန်းထဲမှာရောက်နေတာဖြစ်ပြီး သူ့အင်္ကျီဟာလည်းကြယ်သီးတွေပြုတ်ကာထိုမိန်းကလေးနှင့်အတူကုတင်ပေါ်မှာရောက်နေတော့သည်။သူထိတ်လန့်နေလို့မှမဆုံး အခန်းတံခါးပွင့်လာခဲ့ပြီးသူ့ကိုမျက်ရည်တွေဖြင့် ရွံ့ရှာမုန်းတီးစွာကြည့်နေခဲ့တော့သည့်Babe....သူ့ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားခဲ့ရတော့သည်။
သူBabeအနောက်ကိုပြေးလိုက်ပြီးရှင်းပြဖို့လုပ်ခဲ့ပေမယ့်အခွင့်ဟာမသာခဲ့ပေ။ ထိုအချိန်ခဏလေးအတွင်းမှာ သူဘာတွေဖြစ်ပျက်သွားခဲ့သည်လည်းမသိလိုက်ရ။
သူBabeအိမ်သို့ရှင်းပြရန်ရောက်သွားခဲ့တော့ Babeဟာ ထိုညတွင်းချင်းမှာပဲ သူနှင့်အဝေးဆုံးဆီကိုထွက်ပြေးသွားခဲ့တော့သည်။
တစ်ဖက်မှာလည်း သူ့မိဘတွေဟာ ထိုမိန်းကလေးနှင့်လက်ထပ်ပေးဖို့အတင်းစီစဉ်ကြတော့သည်။သူတို့ဘာမှမဖြစ်ခဲ့ကြောင်းနှင့် သူဒီမင်္ဂလာပွဲကိုလက်မခံနိုင်ကြောင်းအတိုက်အခံလုပ်ခဲ့တော့သည်။
သူ့မိဘတွေဟာ သူတို့ကိုအရှက်ခွဲရကောင်းမလားဆိုပြီးသူ့ကိုအမွေဖြတ်စွန့်လွှတ်ခဲ့ကြတော့သည်။
ယွန်းဂီသည်လည်း ထိုညကတည်းကသူ့ကိုထိုးကြိတ်ကာမင်းကိုခွင့်မလွှတ်ဘူးဆိုပြီး နာကြည်းစွာကြိမ်းမောင်းသွားခဲ့တော့သည်။
အခုသူ့ဘက်မှာရောသူ့ဘေးမှာပါ သူ့ကိုနားလည်ပေးမည့်သူတစ်ယောက်မှမရှိကြတော့ပေ။Babeမရှိသည့်ဒီနိုင်ငံမှာလည်းသူ,မနေချင်တော့ပေ။
အခုဆိုသူသည် တစ်ကောင်ကြွက်ဖြစ်သွားတော့၍အောင်မြင်အောင်သူကြိုးစားမယ်။ သူ့မှာဘာမှမရှိဘဲ Babeကိုရှာဖို့ဆိုတာမဖြစ်နိုင်ပေ။ထို့ကြောင့် သူဒီနိုင်ငံကနေစွန့်ခွါပြီးဇာတ်မြှုပ်ခဲ့တော့သည်။
Babeအကြောင်းကို သူတိတ်တဆိတ်စုံစမ်းခဲ့ပေမယ့်ဂျပန်ကိုထွက်သွားခဲ့သည်ဆိုတာကလွဲရင် တခြားဘာတစ်ခုမှသဲလွန်စရှာမရခဲ့ပေ။
သူBabeကိုလွမ်းမိသည့်အခါတိုင်း အောင်မြင်ဖို့သာနှစ်ဆပိုကြိုးစားဖြစ်သည်။ခုနစ်နှစ်အကြာမှာ သူUSAမှာ JMဆိုသည့်ကုမ္ပဏီကိုစတင်တည်ထောင်နိုင်ခဲ့တော့သည်။အောင်မြင်ဖို့အတွက်ဆက်လက်ကြိုးစားရင်း သူBabeကိုလည်း တစ်ရက်လေးမှတောင်မေ့မရခဲ့ပေ။
နောက် သူသည်စီးပွါးရေးလောကမှာနာမည်တစ်ခုရရှိလာပြီး Babeသတင်းကိုလည်းသဲ့သဲ့ကြားခဲ့ရတော့သည်။သူအရမ်းကိုပျော်သွားပြီး ဆက်လက်စုံစမ်းခဲ့တော့...Babeဟာကိုရီးယာမြေကိုပြန်လည်ရောက်ရှိနေတာဖြစ်တော့သည်။
သို့သော်...သူကြားလိုက်ရသည့်သတင်းက မယုံကြည်နိုင်လောက်အောင် သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးခဲ့သည်ပင်။Babeဟာ သူ့အကို၏ခင်ပွန်းဟောင်းဖြစ်သူ ဂျွန်ဂျောင်ကုဆိုသည့်သူနှင့်လက်ထပ်ခဲ့သည်တဲ့လေ။
Babeအခုလိုမျိုးဆုံးဖြတ်သွားခဲ့တာ အကြောင်းတစ်ခုခုရှိရမည်ဟုသူယုံကြည်ထားတော့ သူကိုယ်တိုင်တိ"ကျ"စုံစမ်းကြည့်လိုက်တော့ သူထင်ထားခဲ့သလိုပင်။
ထို့ကြောင့် သူ့အချစ်ဦးလေးရှိသည့်မွေးရပ်မြေဆီသို့ သူပြန်လည်ခြေချခဲ့တော့သည်။ )
သို့သော်.....အခုအနေအထားကြီးက သူ့အတွက်မျှော်လင့်ချက်ယဲ့ယဲ့တောင်ကျန်နိုင်ပါတော့မလား?
အကယ်၍ ကံကြမ္မာသာမျက်နှာသာပေးခဲ့ပါလျှင်....
မောင်တို့......
~~~~~~~~~~{}{}{}{}{}~~~~~~~~~
အားလုံးပဲ နွေး"ထွေး"နေပါ။ ကျန်းမာရေးဂရုစိုက်ပါ။
ကိုယ်တွေဘက်တော့ ရာသီဥတုဖောက်ပြီးမိုးတွေကျနေလေရဲ့🌧️
There are no comments yet. Log in to be the first to leave a review!





