Fanfics

I T Y - 18

14:57, 17 December 2024

ဆောင်းညတွေဟာ နွေး"ထွေး"သာရှိလျှင် နှစ်ခြိုက်စွာအိပ်စက်၍ကောင်းသလိုဆောင်းမနက်တွေကတော့နွေးလေ,စော၍ထချင်စရာမကောင်းပေ။

ဆော့ဂျင် သူနိုးလာခဲ့တော့ ညကကောင်း"အိပ်ပျော်သွား၍လားမသိ လန်းဆန်း၍နေတော့သည်။

အခန်းတွင်းကြည့်မိတော့ သူ,မနိုးသေးဘူးထင်။သူ့အခန်းမဟုတ်ဘဲ တခြားအခန်းတစ်ခုဖြစ်နေလေသည်။အတော်လေးလည်းကျယ်ပြီး အနက်ခြောက်ရောင်တွေကိုသာသုံးထားလေသည်။ဘာကြီးလဲ မလှမပနဲ့။ သူ့ဝိညာဉ်ကများ အိပ်မက်ထဲကနေသူ့များအခန်းထဲလျှောက်သွားနေတာများလား?

မဟုတ်သေးပါဘူး သူနိုးနေပါပြီ။ဒါဖြင့် ဘယ်သူ့အခန်းကြီးထဲသူရောက်နေတာလဲ?

မဟုတ်မှ! ဂျွန်ဂျောင်ကု?

ထိုစဉ် ရေချိုးခန်းတံခါးပွင့်လာပြီးထိုအခန်းထဲမှထွက်လာသည့်ထိုလူ။အပေါ်ပိုင်းဗလာဖြင့် အောက်ကတဘက်တစ်ထည်ကိုသာပတ်ထားလေသည်။

ဘယ်လိုတောင်အနေအထိုင်ပက်စက်လေခြင်း...

" နိုးပြီလား...ထတော့...ကိုယ်မင်းကိုမနက်စာကျွေးမလို့စောင့်နေတာ...အလုပ်အားတာမဟုတ်ဘူး..."

ဆော့ဂျင် စော"စီး"ရန်မဖြစ်ချင်၍သူဒီအခန်းထဲဘယ်လိုရောက်နေလဲဆိုသည့်ရူးကြောင်"မေးခွန်းတွေလည်းမမေးချင်တော့....ယောင်ယမ်းထပြီးရောက်လာတာလည်းမဟုတ်သလိုလေပေါ်လွင့်ပြီးရောက်လာတာလည်းမဟုတ်ချေ။သိပြီးသားအဖြေတွေအတွက် မေးခွန်းတွေလည်းမထုတ်ချင်တော့......

" ဟေ့..."

" ခင်ဗျားကျွေးမှစားရအောင်နူနေတာမဟုတ်ဘူးကိုယ့်လက်ကိုယ့်ခြေပါတယ်..."

လာပြီးမျက်နှာပြောင်တိုက်နေတာလောက်မုန်းတာမရှိ။

" ဟုတ်လား...ဒါဖြင့်အောက်ဆင်းစားမယ်ပေါ့..."

သူတို့ထိုကိစ္စဖြစ်ပြီး ဂျွန်ဂျောင်ကုကအခန်းအတွင်းသို့ဘယ်သူ့မှပေးမဝင်။သူဒီလိုပေးမဝင်တာကပိုဆိုးစေသည်။သူတို့ဘာဖြစ်သွားကြလဲဆိုတာ ဂျီဟူလေးကလွဲ အကုန်သဘောပေါက်ကြရောပေါ့။ထို့ကြောင့်လည်း သူဘယ်သူ့မှမျက်နှာမပြရဲအောင်ရှက်နေမိတော့သည်။

သည်အဖြစ်ကို ဂျွန်ဂျောင်ကုကသိတော့ အခုလိုပြောနေခြင်းဖြစ်သည်။လူယုတ်မာဆိုမှတကယ်လူယုတ်မာပင်။

" ဒီတိုင်းကြီးနေနေတော့မှာလား မျက်နှာလေးဘာလေးမသစ်တော့ဘူးလား...ဒါမှမဟုတ် ကိုယ်အဝတ်အစားလဲတာကြည့်ချင်လို့လား..."

လူယုတ်မာကလူယုတ်မာစကားထွက်လာသည်။

ဆော့ဂျင် ကုတင်ပေါ်ကဆင်းကာအခန်းအပြင်ထွက်မလို့ပြင်တော့....

" ဒါကဘယ်လဲ..."

" ခင်ဗျားအခန်းထဲတစ်စက္ကန့်တောင်မနေချင်ဘူး..."

" တစ်ညလုံးရှိနေခဲ့ပြီးတော့..."

" ခင်ဗျားညကယုတ်မာပြီးခေါ်လာတာလေ!..."

" ဒီအခန်းထဲကနေတစ်ဖဝါးမှထွက်ခွင့်မပြုဘူး...မျက်နှာသွားသစ်တော့...."

ဂျောင်ကုကပြောပြီး အခန်းတံခါးကိုlockချပစ်တော့သည်။

" ဂျွန်ဂျောင်ကု!!ခင်ဗျားဘာဖြစ်ချင်နေတာလဲ!!..."

ဆော့ဂျင်စိတ်တိုတိုနဲ့အော်ပစ်လိုက်တော့.....

" မင်းယောကျာ်းဖြစ်ပြီးကတည်းကဘာမှထပ်မဖြစ်ချင်တော့ဘူး..."

ဆော့ဂျင် အူတွေအသည်းတွေယားလာပြီး ထိုလူကိုကုတ်ဆွဲခြစ်ပစ်ချင်တော့သည်။

" ကိုယ်အဝတ်အစားလဲတော့မလိုနော်...တစ်ကိုယ်လုံးချွတ်ပြီးလဲမှာ ကြည့်ချင်သပါ့ဆိုလည်း....."

ထိုလူကပြောပြီး ခါးမှာပတ်ထားသည့်တဘက်ကိုဖြည်ချရန်ပြင်နေတော့.....

" ခင်ဗျား!!!..."

ဆော့ဂျင်ဘာမှဆက်မပြောနိုင်တော့ဘဲ ထိုအခန်းထဲကရေချိုးခန်းကိုသာ တစ်ချိုးတည်းပြေးဝင်သွားပြီး တံခါးကိုဒုန်းကနဲမြည်အောင်ဆောင့်ပိတ်ပစ်လိုက်တော့သည်။

ဂျောင်ကုကတော့ ဆော့ဂျင်မနက်စောစောဒေါသထွက်နေတာရော၊ရှက်နေတာလေးရောပါကြည့်ပြီး ရယ်နေခဲ့တော့သည်။

သူကကြိုတွေးထားပြီးသားဖြစ်၍ ဆော့ဂျင်အပြုအမူတွေအတွက်ဘယ်လိုမှတောင်မနေတော့......

~~~~~~~~~~~

ဆော့ဂျင်မနက်စာကို အခန်းအတွင်းမှာပဲစားလိုက်ရသည်။လူလည်းအိပ်ပဲအိပ်နေရလွန်းလို့ ကျောတွေပူပြီးအညောင်းတွေတောင်မိချင်လာသည်။

" ပါပါး..."

ဂျီဟူလေးအခန်းထဲပြေးဝင်လာတော့ ဆော့ဂျင်ပျော်မိသွားတော့သည်။ သူဂျီဟူလေးကိုလွမ်းနေခဲ့တာ ထိုလူ့ကိုစကားမပြောချင်၍သာ သူဘာမှမမေးဘဲနေ,နေခဲ့ခြင်းဖြစ်သည်။

" ဂျီဟူလေး..."

" ဂျီဟူ့ကိုမလွမ်းဘူးလား...ပါပါးကိုဂျီဟူကအများကြီးလွမ်းနေတာ..."

သူ့ကိုဖက်ထားပြီးလွမ်းကြောင်းပြောတော့ သူလည်းတင်း"ကြပ်"ပြန်ဖက်ထားလိုက်တော့သည်။

" ဘယ်နှယ့်ပြောလိုက်ပါလိမ့် ပါပါးလည်းလွမ်းတာပေါ့ဆို..."

နှစ်ယောက်သားနှစ်ရက်ကလေးမတွေ့ရတာကို ကမ္ဘာတည်နေသလိုလွမ်းပြနေကြတော့သည်။

အတော်အတန်ကြာတော့ ဂျီဟူလေးကသူ့ပါပါးနှင့်မျက်နှာချင်းဆိုင်လိုက်ပြီး.....

" ပါပါးကထပ်ဖျားပြန်ပြီ...ဂျီဟူတော့ဖွားဖွားကြီးကိုဘယ်လိုမျက်နှာပြရမှန်းတောင်မသိတော့ပါဘူး...ယောကျာ်းကတိတွေလည်းပျက်ရပါပြီ..."

လူကြီးလေးလိုပြောနေသည့်ဂျီဟူ့ကြောင့် သူရယ်ချင်မိသွားပေမယ့်သက်ပြင်းလေးချကာမျက်နှာတည်လေးနဲ့ပြောနေတော့ သူ,မရယ်ရက်တော့ပေ....

" ဘာမှမဖြစ်ပါဘူးဟူဟူလေးရဲ့...အသွေးအသားရှိရင်ဖျားတတ်ကြတာသဘာဝပဲလေ...ဖွားဖွားကြီးကစိတ်မဆိုးပါဘူး..."

သူကသာဖျောင်းဖျနေပေမယ့် ဂျီဟူကစိတ်မကောင်းသည့်ပုံလေးဖြစ်နေတော့....

" ပါပါးရဲ့ဟူဟူလေး ကျောင်းမှာရည်းစားများရှိနေပြီလား..."

သူစကားလမ်းကြောင်းလွှဲမှ မျက်နှာလေးကတစ်မျိုးပြောင်းသွားပြီး ရှက်ကိုးရှက်ကန်းလေးဖြင့်....

" ဟီး..ရည်းစားရယ်တော့မရှိသေးပါဘူးပါပါးရယ်...လာကြိုက်တဲ့ကောင်မလေးကများနေတော့ ဂျီဟူရွေးရခက်နေလို့..."

" အမယ်...ငါတို့ဟူဟူလေးကစော်ကြည်ဘဲလေးပေါ့..."

" ပါပါးကလည်း...အဲလိုဟုတ်ပါဘူး..."

" အမယ်..အမယ်...ဒါသူရှက်​တာပေါ့လေ..."

" အဟမ်း!..."

ရယ်နေလို့မှမဆုံး မကောင်းဆိုးဝါးအသံကြီးကြားလိုက်ရသည်။

" ကလေးကိုမင်းလိုအတတ်ကောင်းတွေသင်မနေနဲ့...အခုမှကလေးပဲရှိသေးတယ်..."

" မကောင်းမှန်းသိရင်အဲဒီမကောင်းတဲ့လူကိုဘာလို့လက်ထပ်ယူထားသေးလဲ..."

" ကောင်းတဲ့နေရာရှိနေလို့ပေါ့..."

" ခင်ဗျား!!.."

" ချစ်ဖို့ကောင်းတယ်ပြောတာလေ...မင်းကဘာထင်နေလို့လဲ..."

ဆော့ဂျင်မျက်နှာလေးရဲကနဲဖြစ်သွားပြီး....

" ခင်ဗျားအပေါက်ပိတ်ထား!!.."

" ပါပါးကလည်းဘယ်လိုကြီးပြောလိုက်တာလဲ..ယဉ်"ကျေး"လေးပြောပါ..."

" သူကအဲလိုပြောတာနဲ့ပဲတန်တာဂျီဟူရဲ့..."

" မင်းနဲ့သာထားရင်တော့လား...ဂျွန်ဂျီဟူလည်းလူရိုင်းလေးဖြစ်သွားလောက်တယ်.."

" ငပြူးကလာပြဲနေသေးတယ်...ကျွန်တော်နဲ့ထားရင်လူရိုင်းပဲဖြစ်မှာခင်ဗျားနဲ့ထားမှလူယုတ်မာဖြစ်မှာ..."

" ကဲပါဒယ်ဒီနဲ့ပါပါးရယ်...ရန်မဖြစ်ကြပါနဲ့...ဂျီဟူလူရိုင်းရောလူယုတ်မာရော,မဖြစ်ချင်ပါဘူးကောင်းတဲ့အမွေတွေလည်းမဟုတ်ဘဲနဲ့..."

ကလေးပြောလည်းပြောချင်စရာပင်။

" ဂျီဟူ...ဒယ်ဒီမှာထားသလိုပဲစိတ်ချမယ်နော်..မင်းလက်ထဲအပ်ခဲ့ပြီ..."

" ဟုတ်ဒယ်ဒီ..."

" ဟိုတစ်ယောက် မဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့အရေးကြီးMeetingရှိလို့ ကိုယ်ကုမ္ပဏီသွားရမှာ...ပြန်လာရင်ဘာသံမှမကြားချင်ဘူးနော်..."

" လုပ်တော့ရော ခင်ဗျားသောက်ပူ........"

ဒေါသလာဆွနေသူကြောင့် ဆော့ဂျင်ပြောပြီးကာမှ ဂျီဟူရှိနေ၍အမြန်ပြန်ထိန်းလိုက်ရသည်။တော်ကြာသူ့ကိုတကယ်ရိုင်းတယ်ထင်သွားရော့မည်။

" ရွဲ့ဖို့မစဉ်းစားနဲ့...ကိုယ်မင်းကိုအပြစ်မပေးချင်ဘူး.."

" ကြောက်ရမှာတဲ့လား..."

ထိုလူကသူ့ကိုအဖက်မလုပ်တော့ဘဲ ဂျီဟူ့ဘက်သို့လှည့်ကာ....

" ဂျွန်ဂျီဟူ...ဘာလုပ်ရမယ်ဆိုတာသိတယ်နော်.."

" ဟုတ်ကဲ့ဒယ်ဒီ..."

ထိုလူကပြောပြီးအခန်းတံခါးပိတ်ကာထွက်သွားတော့သည်။

နှစ်ယောက်သား သူရှေ့မှာလျှို့ဝှက်ချက်တွေဖြင့်ပြောနေသောကြောင့် သူ့ပစ်မှတ်ကဂျွန်ဂျီဟူ့ဆီရောက်သွားတော့သည်။

သူဂျီဟူ့ကိုမျက်ထောင့်နီဖြင့်ကြည့်လိုက်ပြီး.....

" မင်းကစပိုင်ပေါ့လေ...လက်စသတ်တော့ဂျွန်ဂျောင်ကုလူဖြစ်နေတာကိုး..."

" အဲလိုမဟုတ်ပါဘူးပါပါးရယ်...ဂျီဟူစိတ်မကောင်းဖြစ်အောင်သူ့လူကိုယ့်လူမခွဲခြားပါနဲ့...ဂျီဟူကနှစ်ယောက်စလုံးရဲ့လူပါ..."

" တော်ပါ...အခုပဲကြည့်လေ...ငါ့ကိုစောင့်ကြည့်ဖို့အတွက်မှာခဲ့တာမဟုတ်လား.."

" စောင့်ကြည့်ခိုင်းတာမဟုတ်ပါဘူးပါပါးရယ်စောင့်ရှောက်ခိုင်းတာပါ..."

" စောင့်ရှောက်ရအောင် ငါက,ကလေးလား..."

" ကလေးထက်ဆိုးနေတော့လို့ပေါ့..."

" ဘာ!!..."

" ဟီး...စတာ...စတာ...ချစ်လို့စတာပါ,ပါပါးရဲ့...စိတ်မဆိုးပါနဲ့...ဒေါသလေးကလည်းထွက်လိုက်တာ...ပါပါးကိုဂျီဟူကအရမ်းချစ်တာကိုသိရဲ့သားနဲ့..."

အချော့ကြိုက်သူပီပီ ဂျွန်ဂျီဟူ့တော်ကီမှာ သူ​မျောရပေါင်းလည်းများလှပါပြီ။

" ချစ်တယ်ဆိုရင်ပြောပြလေမင်းဒယ်ဒီဘာမှာခဲ့တာလဲဆိုတာ..."

" အော်...ထမင်းသေချာကျွေးဖို့ရယ်...ရေအကြာကြီးမချိုးခိုင်းဖို့ရယ်...ဂိမ်းတွေတအားမဆော့ဖို့ရယ်...ပါပါးဖုန်းလာရင်ဂျီဟူကိုင်ပေးဖို့ရယ်...နောက်ပြီး......."

" နေပါဦး...နေပါဦး...သူကအဲလိုမှာရအောင် မင်းကငါ့ရဲ့သားလားငါကမင်းရဲ့သားလား ရှင်းပြစမ်းပါဦး...နောက်ပြီး ဖုန်းကဘာကိစ္စကိုင်ခိုင်းရတာလဲ..."

" အဲဒါကတော့ဂျီဟူပြောပြလို့မရပါဘူး...ဘာလို့ဆို ဂျီဟူဒယ်ဒီ့ကိုကတိပေးထားတာမလို့ပါယောကျာ်းကတိထပ်မပျက်ချင်တော့ပါဘူး..."

" အမယ်...."

" အရေးကြီးတဲ့တစ်ချက်ကျန်သေးတယ်ပါပါးရဲ့..."

" ပြောပါဦး..ဘာတွေမဟုတ်မကလဲ..."

" မဟုတ်မကမဟုတ်ပါဘူးပါပါးရဲ့...တကယ်လို့ပါပါးအိပ်ချင်တယ်ဆိုရင်လည်းတဲ့ ဂျီဟူကဖက်ပြီးသိပ်ပေးလိုက်တဲ့...ပါပါးကဖက်ထားပေးရင်ကောင်း"အိပ်ပျော်တယ်တဲ့..."

" ဟင်!?..."

ဒါဖြင့်...ဒါဖြင့်...ညကသူကောင်း"အိပ်ပျော်ခဲ့တာက?

မဟုတ်နိုင်ပါဘူး။ အဲဒီလူကယုတ်မာဖို့ကလွဲရင်ကြင်နာစိတ်ရှိတဲ့လူမဟုတ်ဘူး.....

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ဆော့ဂျင်အခုမှပိုသဘောပေါက်လာရတော့တာက ဂျွန်ဂျောင်ကုကိုမကြောက်ရဘဲ ဂျွန်ဂျီဟူ့ကိုကြောက်နေရတာပင်။

ရေချိုးတာကြာမည်စိုး၍ ရေချိုးခန်းထဲလိုက်ထိုင်စောင့်သည်။ဗိုက်မဆာပါဘူးပြောတာကို အစားစားချိန်လွန်လို့မရဘူးဆိုပြီး ထမင်းကိုဇွတ်အတင်းကျွေးသည်။ဂိမ်းကိုလည်းတစ်ပွဲထက်ပိုပေးမ​ဆော့ချေ။အတူတူဆော့မယ်ပြောတာတောင် မဲဆွယ်၍မရပေ။

အခုလည်းလူကိုအတင်းအိပ်ခိုင်းနေတော့ပြီး ဖုန်းသိမ်းနေတော့ပြန်သည်။

သူ့ဘဝကအခုမှအကျယ်ချုပ်ကျနေသလိုပင်။

" ပါပါးသူငယ်ချင်းနဲ့ဖုန်းပြောစရာရှိလို့ဟူဟူရဲ့ခဏလေးပဲပြောမှာ..."

" သူငယ်ချင်းနာမည်ကဘယ်သူတဲ့လဲ..."

ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဆိုတာပေါ့...သူ့ကိုတရားခံစစ်ကိုစစ်နေတော့တာ....

" မင်ယွန်းဂီပါတဲ့ခင်ဗျာ...ဖုန်းမှာနာမည်မှတ်ထားပါတယ်...ကိုယ်တိုင်ပဲခေါ်ပေးပါ ဟုတ်ပြီလား..."

ဂျွန်ဂျောင်ကုသားလို့မပြောရဘူး။ ရွဲ့ပြောလည်း အတည်တွေမှတ်ပြီးနံပါတ်ကိုကိုယ်တိုင်ရှာကာခေါ်ပေးနေတော့သည်။

" စပီကာဖွင့်ပေးရဦးမလား..."

ဖုန်းခေါ်ပြီးသူ့လက်ထဲပေးလာတော့ သူထပ်မေးလိုက်တော့သည်။

" ရပါတယ်...ဂျီဟူ့ရှေ့မှာပဲပြောပေါ့..."

သူနှာခေါင်းရှုံ့ပြလိုက်ပြီး....

" ဟုတ်ကဲ့ပါအကိုကြီးရယ်..."

" အေး...ယွန်းဂီ..ငါ..."

🤳🏻: အမလေး မောင်မင်းကြီးသား..ငါမင်းဖုန်းကိုမျှော်လိုက်ရတာ လည်ပင်းကိုသစ်ကုလားအုတ်ဖြစ်တော့မယ်..."

" အဲဒါများ..မင်းခေါ်တာတော့မဟုတ်ဘူး..."

🤳🏻: အမလေးဗျာ...ခေါ်ရမှာခပ်လန့်"ရယ်ပါ...တော်ကြာမင်းရဲ့လူကစစ်လားဆေးလားနဲ့..."

ဆော့ဂျင် ဂျီဟူ့ကိုတစ်ချက်ကြည့်လိုက်ပြီး....

" ယွန်းဂီ...သူကငါ့အကြောင်းတွေအကုန်သိထားတယ်..."

🤳🏻:အကုန်သိထားတယ်ဆိုတာ?ပတ်ဂျီမင်နဲ့ကိစ္စကိုရောပြောတာလား?..."

" အင်း..ဟုတ်တယ်...သူသိနေတယ်..."

🤳🏻: အဲဒါကြောင့်လား မင်းဖုန်းကိုသူယူဖြေတာ..."

" ဟုတ်တယ်.."

🤳🏻: မင်းတို့စကားများကြသေးလား...သူမင်းကိုဘာပြောသေးလဲ...မင်းကရောဘာမှမပတ်သက်တော့ဘူးလို့မပြောလိုက်ဘူးလား..."

" ဘာလို့ပြောရမှာလဲ...သူကဘာမို့လို့ငါကဖြေရှင်းချက်ပေးရမှာလဲ..."

🤳🏻: မဟုတ်သေးပါဘူးကွာ...အခုမင်းကဘယ်မှာလဲ...ဂျွန်ဂျောင်ကုနဲ့အတူမရှိဘူးလား..."

" အင်း မရှိဘူး..ငါကအိမ်မှာ..."

🤳🏻: ဒါဆိုငါ့ဆီလာခဲ့မလား...တွေ့ရအောင်ငါတို့..."

ဆော့ဂျင် ဂျီဟူ့ကိုကြည့်လိုက်ပြီး.....

" ဟူဟူ...ပါပါးအပြင်သွားခဏသွားမလို့..."

" ဘာသွားလုပ်မလို့လဲ...နေလည်းသိပ်မကောင်းဘဲနဲ့ မသွားရပါဘူး...ပြီးရင်ဒယ်ဒီကစိတ်ဆိုးရင်အပြစ်ပေးလိမ့်မယ်..."

" ဟာ!...ခဏလေးပါဆို...သူ့ဘာလို့ကြောက်နေရမှာလဲ..."

🤳🏻: ဆော့ဂျင်...မင်းဘယ်သူနဲ့ရန်ဖြစ်နေတာလဲ..."

" ငါ့သားနဲ့..."

🤳🏻: ဟမ်? ဂျီဟူနဲ့လား...ဘာလို့လဲ..."

" မပြောချင်တော့ပါဘူးကွာ...ယွန်းဂီ..ငါသူနဲ့အရင်ဆွေးနွေးလိုက်ဦးမယ်...ပြီးမှမင်းဆီအကြောင်းပြန်တော့မယ် ဟုတ်ပြီလား..."

🤳🏻: အေးပါ...အေးပါ..."

~~~~~~~~~~

မျက်နှာအမူအရာတွေအမျိုး"လုပ်ပြပြီး ဂျွန်ဂျီဟူမခံနိုင်အောင်ချွဲနေသူကြောင့်....နောက်ဆုံးတော့ ဂျီဟူတစ်ယောက်လက်မြှောက်အရှုံးပေးလိုက်ရပြီး သူပါမင်ယွန်းဂီ၏ကုမ္ပဏီသို့ပါသွားတော့သည်။

" ဆော့ဂျင်...အိုး..ဂျီဟူလေးရောပါလာတာလား.."

" မင်္ဂလာပါခင်ဗျာ...ဂျွန်ဂျီဟူပါ..."

သူတောင်နှုတ်ဆက်ခိုင်းစရာမလိုဘဲ ခေါင်းလေးငုံ့ကာသူ့သူမိတ်ဆက်ပေးနေတော့သည့်အတတ်ပတတ်လေး....

" ဟုတ်ပါပြီ...ဦးဦးနာမည်ကမင်ယွန်းဂီပါ...ဂျီဟူလေးပါပါးရဲ့သူငယ်ချင်း...ဦးဦးတို့ကငယ်"ကတည်းကအတူ"လေးဖက်ကုန်းလာကြတာ..."

" ဘာကိုတုန်း အတူ"လေးဖက်ကုန်းတာက..."

" မဟုတ်ဘူးလေ..လေးဖက်ထောက်ပြီးသွားရကတည်းကအတူတူကြီးပြင်းလာကြတဲ့ငယ်သူငယ်ချင်းလို့ပြောတာ..."

" ငယ်"ကတည်းကခင်လာကြတာဆိုရင်ရနေပြီကိုကလေးကိုမာဂဓဘာသာစကားတွေနဲ့သွားပြောနေတယ်..."

သူတို့သူငယ်ချင်းနှစ်ယောက်ကသာရန်ဖြစ်နေကြပေမယ့်...ဂျီဟူကတစ်ခုခုကိုတွေးတောနေပြီး....

" မင်ယွန်းဂီ?..."

ယွန်းဂီကပြန်လည်မိတ်ဆက်တာကို ယွန်းဂီအမည်ကိုသံယောင်လိုက်ပြီး ဂျီဟူကသူ့ဘက်သို့လှည့်ကြည့်လာကာ...

" ပါပါး...ဂျီဟူကျောင်းရှေ့မှာတွေ့တဲ့ဦးဦးနာမည်ကလည်း မင်ယွန်းဂီပဲနော်..."

ဂျီဟူ့အမေးကြောင့် သူရုတ်တစ်ရက်ကြောင်သွားပြီး ပြီးမှ ပတ်ဂျီမင် ဂျီဟူ့ကိုသူ့အကြောင်းမေးတုန်းကကိစ္စကိုပြန်သတိရမိသည်။အဲဒီတုန်းက ဂျွန်ဂျောင်ကုအရှေ့မှာမလို့ သူလိိမ်လိုက်ရခြင်းဖြစ်သည်။

ဘုရား ဘုရား။ ဘယ်လိုတောင်ဉာဏ်ကောင်းလိုက်လေခြင်း....

" ဟုတ်တယ်ဂျီဟူရဲ့ နာမည်အတူတူပဲသူနဲ့ကလည်း..."

ရှင်းပြရင်ပိုရှုပ်မှာမို့ သူဆက်သာလိမ်လိုက်ရတော့သည်။

" ဒါဆို...၁၊၂ခွဲထားရမှာပေါ့....ဂျီဟူတို့ကျောင်းမှာဆို နာမည်တူရင်ဆရာမက ၁နဲ့၂ ခွဲထားပေးတာ..."

" ဆော့ဂျင်...ဘာတွေလဲ ၁တွေရော၂တွေရော..."

" ပြီးမှရှင်းပြတော့မယ်ကွာ...ငါလည်းရူးချင်လာပြီ...လော"ဆယ် မင်းကမင်ယွန်းဂီ၁ လုပ်ထားလိုက်..."

" ဟူဟူ...ဒီဦးဦးကပါပါးနဲ့အရင်ခင်တာမလို့..ဒီဦးဦးကမင်ယွန်းဂီ၁နော်..."

" ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်ဦးဦးယွန်းဂီ၁ခင်ဗျ..."

" အမ်?...အော်..အေးအေး...ဦးဦးကလည်းတွေ့ရတာဝမ်းသာပါတယ်..."

" ဟုတ်ကဲ့...ဒါဆိုစကားပြောကြပါခင်ဗျာ...ဂျီဟူဆိုဖာပေါ်မှာငြိမ်"လေးထိုင်စောင့်နေပါ့မယ်..."

ပြောပြီး သူတို့နဲ့ခပ်လှမ်း"ကဆိုဖာပေါ်မှာ ငြိမ်"မတ်"ကလေးသွားထိုင်နေတော့သည်။

" ဆော့ဂျင်...ငါ့ကိုရှင်းပြဦး...."

" ဒီလိုကွာ........."

ဆော့ဂျင် သူတို့ထိုညကကိစ္စကလွဲပြီး ယွန်းဂီကိုအကုန်ပြောပြလိုက်တော့သည်။သူ့မှာလည်း ရင်ဖွင့်တိုင်ပင်စရာဆိုလို့ ယွန်းဂီတစ်ယောက်သာလျင်ရှိသည်မလား။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ကဲအားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories