Fanfics

21

18:28, 15 May 2024

ထိုနေ့ကစလို့ ဂျေးရဲ့ စိတ်ဟာ ပုံမှန်ဟုတ်မနေခဲ့တော့ပေ။ သနားစရာ ကောင်းတဲ့ဂျေးဟာ အချိန်ပြည့် အခန်းထဲတွင် ဆောင်းဟွန်း ဝတ်ခဲ့တဲ့ jacket လေးကို ပိုက်ပြီး ပင်ကွင်းရုပ်လေးကို ဘေးထားကာ အမြဲစကား ပြောနေတတ်သည်။

အရက်တွေကိုလဲ အရင်ကထက် ပိုသောက်သလို ၊ ဆေးလိပ်ဟာလဲ ဂျေးရဲ့ ကိုယ်သင်းရနံ့လို ခန္ဓာတွင် ကပ်တွယ် နေတတ်သည်။

တစ်ခါတစ်လေ ဂျေးရဲ့အခန်းထဲ jazz music ဟာ ပျံ့နှံ့နေတတ်ပြီး ဂျေးဟာ ဆောင်းဟွန်း ရှိသည်ဆိုသည့် အမြင်ဖြင့် ကနေတတ်သည်။

အယ်ဗန် ၊ နီခီ ၊ ဂျိတ်ခ်နဲ့ ဆောနူတို့ကတော့ အခုလို အချစ်ရူး ရူးနေတဲ့ ဂျေးကိုဘယ်လို လုပ်ရမလဲ မသိတော့ပေ။

" ဂျေး ပင်ကွင်းရုပ်လေးကို ခနလွှတ်လိုက်ပါ "

ဆရာဝန်ဟာ ‌အပတ်တိုင်း ဂျေးရဲ့ စိတ်ကျန်းမာရေးကို လာရောက်စစ်ဆေးလေ့ ရှိပြီး လိုအပ်တဲ့ ဆေးတို့ကိုလဲ ပြင်ဆင်ပေးသည်။

ဂျေးဟာ ဆရာဝန်ရဲ့ 'ပင်ကွင်းအရုပ်' ဆိုတဲ့စကားကြောင့် အကြည့်စူးစူးတစ်ချက် ပို့ကာ ပင်ကွင်း အရုပ်လေးအား တင်းကြပ်စွာ ဖက်ထားလိုက်၏။

" ဒါက သည်းငယ်ဗျ! "

" ဒါဆိုလဲ သည်းငယ်ကို ခနလွှတ်လိုက်ပါ "

ဂျေးက ခေါင်းမာစွာ ခေါင်းခါသည်။

" ဂျေး လွှတ်လိုက်ပါကွာ "

" မလွှတ်ဘူး! တော်ကြာ ငါ့အနားက ထွက်သွားရင် ဘယ်လိုလုပ်မလဲ "

ပြောရင်းဆိုရင်း ဂျေးဟာ လက်ထဲက အရုပ်လေးအား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဖက်လိုက်၏။

" ငါတို့ခေါ်ထားပေးပါ့မယ် ကွာ "

ထိုအခါ ဂျေးဟာ မထည့်ပေးချင်ဟန်ဖြင့် အယ်ဗန့် လက်ထဲအား အရုပ်လေးကို လက်နှစ်ဖက်ဖြင့် ထည့်လိုက်သည်။မထည့်ခင်လဲ ဘယ်မှမသွားနဲ့နော် ခနနေ ပြန်ခေါ်မယ် သည်းငယ် ဟုလည်း တစ်တွတ်တွတ် ပြောနေသည်။

ဂျေးကို ကြည့်ပြီး သနားလေလေ ဦးနှောက်က သူတို့ကို ဆောင်းဟွန်းကို အမြန်ပြန်ခေါ်ဖို့ တိုက်တွန်း လေလေပေ။ သို့သော် သူတို့မှာ ဆောင်းဟွန်း ဟျောင်းနဲ့ ပတ်သတ်ပြီး ဘာဆိုဘာမှမသိရတဲ့အတွက် အခုချိန်မှာ ဝင်္ကပါထဲ ဟိုပြေး ဒီပြေးနဲ့ ထွက်ပေါက်ရှာနေရသလိုမျိုးပေ။

ဆရာဝန် ထွက်သွားပြီးနောက် ဂျေးအား အခန်းထဲ တစ်ယောက်ထဲ ထားကာ အကုန်လုံး ဧည့်ခန်းထဲ ပြန်ဆင်းလာခဲ့ကြသည်။

" အချိန်မလင့်ခင် ကျွန်တော်ကတော့ စိတ်ကျန်းမာရေး ဆေးရုံတင်စေချင်တယ် လူနာရဲ့အခြေအနေက တစ်ဖြေးဖြေးနဲ့ ဆိုးလာတယ်လို့ ကျွန်တော် ခံစားမိတယ် "

" ဆရာ့ဆေးနဲ့ပဲ ဆက်ထိန်းထားလို့ မရဘူးလား ကျွန်တော် ဂျေးကိုအဲ့လိုမလုပ် ချင်ဘူး "

(A/N: စိတ်ကျန်းမာရေး ဆေးရုံမတင်ချင်ဘူးလို့ ပြောတာပါ)

ဆရာဝန်က 'ကောင်းပြီ' ဟူသောဟန်ဖြင့် ခေါင်းညှိမ့်သည်။ ဂျေးဟာ အချစ်ကြောင့် ရူးသွားတာမို့ ဆေးရုံတော့ မတင်ချင်ပေ ၊ သို့သော် လိုအပ်ရင်တော့ လုပ်ရမည်ပင်။

ထွက်သွားသော ဆရာဝန်ရဲ့ ကားကိုသာ အယ်ဗန်ကြည့်ရင်း သက်ပြင်းချမိသည်။ ဒီလထဲ ချရတဲ့ သက်ပြင်းတွေဂာ များလွန်းလို့ အယ်ဗန် အသက်တောင် ဘယ်လောက်တိုနေပြီလဲ မသိပေ။

အယ်ဗန် ဧည့်ခန်းထဲ ပြန်လာတော့ နီခီ့ဘေးတွင် ဆောနူက ထိုင်ပြီး MacBook ထဲ ခေါင်းဝင်မတတ် တစ်ခုခုကို အသဲအသန်ရှာနေတဲ့ နီခီနဲ့အတူ screen အား ကြည့်နေမိသည်။

" CCTV မှတ်တမ်း တစ်ခုရထားတယ် ဒါပင်မဲ့ မသေချာဘူး "

နီခီ့ရဲ့ အသိရဲတစ်ယောက်ရဲ့ အကူအညီကြောင့် Seoul မြို့ တစ်နေရာကားလမ်းရဲ့ CCTV မှတ်တမ်းကို ရရှိခဲ့သည် ၊ ထိုလမ်းမှာလဲ လူသွားလူလာ နည်းတဲ့ လမ်းတစ်လမ်းဖြစ်ကာ တရားမဝင် လေယာဉ်တစ်စီးရဲ့ ဆိုက်ကပ်ရာ နေရာတစ်ခုဖြစ်သည်။

ပန်ကာထိပ်က ဝက်အူတောင် သူ့လောက်မလည်တဲ့ Park Baekhyun ဟာ သူတို့မလိုက်နိုင်တဲ့ နည်းနဲ့ ဆောင်းဟွန်းကို အီတလီသို့ ခေါ်သွားခဲ့လေသည်။

မျက်စိရှေ့က စားပွဲပေါ်သို့ ရောက်လာတဲ့ စာရွက်စာတမ်းအချို့။ ဂျိတ်ခ်ဟာ စာရွက်စာတမ်းအား နီခီ့ထံ ထိုးပေးရင်း သက်ပြင်း ဖွဖွချသည်။

" အဲ့ထဲမှာ အိမ်ကအစ အတိအကျပါတယ် မင်းတို့သဘော‌ပဲ သွားခေါ်ချင်ခေါ် ဒါပင်မဲ့ 100% မှာ သေချာပေါက် 98% ကတော့ မင်းတို့အလောင်းပဲ ကိုရီးယားပြန်ရောက်နိုင်ချေရှိတယ် "

စာအိတ်အညိုထဲတွင် ပုံအချို့နဲ့အတူ မြောက်မြားလှသော အချက်အလက်များစွာ ပါရှိသည်။ ထိုနည်းတူ ကြီးမားလှသော အိမ်တော်၏ လျှို့ဝှက်နေရာများနှင့်အတူ ဆောင်းဟွန်း‌ကို ပြန်ခေါ်နိုင်တဲ့ နည်းလမ်းများပင် ပါရှိသည်။

" ကျွန်တော့် အဖွဲ့ကို လှမ်းဆက်- "

" မောင်! သူများအသက်ကို ငါတို့အရှုပ်ထဲက မြေစာပင် အဖြစ်မခံနဲ့ ! "

" ဒါဆို မောင် ဘယ်လိုလုပ်ရမလဲ ဆောင်းဟွန်း ဟျောင်းကို ဒီတိုင်းထားရမှာလား? ဂျေးဟျောင်း အတွက်ရော? ဂျေးဟျောင်း ရူးမတတ် ခံစားနေရတာ ကိုကိုလဲ မြင်တဲ့အတိုင်းပဲလေ "

ဧည့်ခန်းရဲ့ လေထုသည် နီခီနဲ့ ဆောနူကြောင့် ပူနွေးလာကာ မကြာခင်တွင် ရန်ပွဲတစ်ပွဲ ဆင်နွှဲရမဲ့အထိပင် ဖြစ်လာတော့မည်။

" ကိုယ်ချင်းစာလေ! အဲ့အဖွဲ့ထဲမှာလဲ သူတို့မိသားစုနဲ့ သူတို့ရှိတယ် မောင် မကြားဖူးလား 98% လောက်က ကျရှုံးဖို့ များတယ် ငါတို့ ကောင်းကောင်း မွန်မွန် ညှိနှိုင်းကြည့်ကြရအောင်ပါ "

" ဟုတ်တယ် နီခီ ဆောနူပြောတာမှန်တယ် ငါတို့ အေးအေးဆေးဆေး ညှိနှိုင်းကြမယ်လေ မရတော့မှ နောက်တစ်နည်းပေါ့ကွာ "

ခေါင်းမာလှသည့် ဂျပန်ကောင်လေးအား ဆောနူနဲ့ ဂျိတ်ခ်မှ ဝင်၍ ဖြေရှင်းသည်။ ဆောနူရဲ့ 'နော် မောင်' ဆိုတဲ့ အသံကြောင့် ပွက်ထနေသော ဒေါသသွေးတို့ဟာ ငြိမ်ကျသွားကာ ခေါင်းအား ဖွဖွညှိမ့်ရင်း လက်ခံလေသည်။

" ဒါဆို ကိုကိုကပဲ Park Baekhyun ရဲ့ ဆက်သွယ်လို့ရမှ နံပါတ်ဖြစ်ဖြစ် email ဖြစ်ဖြစ် ရှာထားပေးလို့ရမလား "

ဂျိတ်ခ်ရဲ့ ချစ်စရာအသံဖြင့် တောင်းဆိုမှုကြောင့် အယ်ဗန်ဟာ ဂျိတ်ခ်ရဲ့ နှုတ်ခမ်းအား အသံမြည်အောင် ဖိကပ်နမ်းရှိုက်ရင်း လက်ခံသည်။

အတွဲတွေများ။

သူတို့ရဲ့ အေးအေးဆေးဆေး ညှိနှိုင်းမှုကို တစ်ဖက်က သေချာပေါက် လက်ခံရင် ကောင်းမည်ပင်။

" အကိုလေးတို့ "

အိမ်အကူ အန်တီကြီးသည် ပန်းစည်းတစ်ခုအား ပိုက်ကာ အိမ်ထဲသို့ ဝင်လာလေသည်။နှင်းဆီ အဖြူရောင်များဝန်းရံထားပြီး အလာ်တွင် နီနီရဲရဲ နှင်းဆီတစ်ပွင့် ပါရှိသည်။ထိုနည်းတူပင် ပန်းစည်းအား အထဲတွင် အဖြူရောင် စက္ကူဖြင့် စည်းထားပြီး ၊ နောက်တစ်ထပ်ကိုတော့ ကြက်သွေးရောင် စက္ကူဖြင့် စည်းထားသည်မှာ မျက်စိအေးလှသည်။

" ဂျေး နာမည်နဲ့ ပန်းစည်းရောက်လာတယ် "

ဂျိတ်ခ် အိမ်အကူအန်တီရဲ့ လက်ထဲမှ ပန်းစည်းအား လွှဲပြောင်းယူလိုက်ရင်း စာကဒ်ကို ကြည့်လိုက်သည်။အဖြူရောင် စာရွက်ပေါ်တွင် ရေးထားသော လက်ရေးသည် ဂျေးနဲ့ဆောင်းဟွန်း အားအဝေးရောက်အောင် ပြုလုပ်ခဲ့သော အဓိက ကြိုးကိုင်သူ Kim Anna ပင်ဖြစ်သည်။

' သို့/ Jay Jongsung Park

အရင်ဦးဆုံး တောင်းပန်ပါတယ် ဒီကိစ္စက တောင်းပန်ရုံနဲ့ မရဘူးဆိုတာကို ညီမကောင်းကောင်းကြီး သိပါတယ် ညီမရဲ့ လူမဆန်တဲ့ လုပ်ရပ်ကြောင့် အကိုအခုလို ဖြစ်သွားခဲ့ရတာပါ အကိုဂျေး ဆောင်းဟွန်းကို မတင်းဓမ ခေါ်ထားတုန်းကလိုပဲ ပိုင်ဆိုင်ချင်တာကြောင့် ညီမလုပ်မိလုပ်ရာ လုပ်လိုက်မိတာပါ ဒါပင်မဲ့ အကို့ပေါ်ထားတဲ့ ညီမရဲ့အချစ်တွေကတော့ ဒီနှင်းဆီအဖြူတွေလို ဖြူစင်ပါတယ် နှင်းဆီအဖြူတွေကြားက အနီတစ်ပွင့်က အကို့ကို ကိုယ်စားပြုတာပါ လူတိုင်းက အတူတူပဲဆိုပင်မဲ့ ညီမအတွက်တော့ အကိုက တသီးတခြား တည်ရှိနေတဲ့ အရာလိုမျိုးပါပဲ ဒီစာကို အကိုဖတ်တဲ့အချိန် ညီမအကို့ကို မျက်နှာချင်း မဆိုင်ရဲတဲ့အတွက် အကိုနဲ့ဝေးရာ ကိုထွက်သွားပါပြီ ကောင်းကောင်းနေခဲ့ပါအကို ချစ်တယ်ဆိုတာကို သိထားပေးပါ

Kim Anna '

မိုက်မဲလိုက်လေခြင်း ၊ အမြင်ကွယ်လိုက်လေခြင်း။

အဖြစ်တူနေတဲ့ နှစ်‌ယောက်လုံးကတော့ တကယ်ကို ရယ်ရလွန်းပါတယ်လေ ၊ တစ်ယောက်ကလဲ အချစ်ကြောင့် မျက်စိကွယ် လုပ်မိလုပ်ရာ လုပ်မိ ၊ တစ်ယောက်ကလဲ အချစ်ကြောင့် ရူး။

ကိစ္စတစ်ခုကို မလုပ်ခင် သေချာမစဉ်းစားတတ်တဲ့ Kim Anna ကြောင့် နှစ်ဖက်လုံး အထိနာခဲ့ရပြီပင်။

" အော် သူလဲချစ်ခဲ့တာပဲ "

ဒါဟာ အယ်ဗန် ဆောနူ နီခီနဲ့ ဂျိတ်ခ်တို့အတွက် Kim Anna အား ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် သနားမိခြင်းသာ ဖြစ်သည်။

" ဂျေးအခန်းထဲ ပန်းသွားထိုးပေးလိုက်အုံးမယ် "

ပန်းစည်းနဲ့ စာကဒ်အား ယူကာ ဂျိတ်ခ်အပေါ်ထပ်သို့ တက်လာမိသည်။

" ဂျေး "

" ... "

" ဂျေးငါပါ ဂျိတ်ခ် ဝင်လာပြီနော် "

ပြန်ဖြေသံမကြားသည်မို့ ဂျိတ်ခ် ကိုယ့်သဘောနဲ့ ကိုယ်သာ တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။ အခန်းအတွင်း လေထုဟာ သာမန်အတိုင်း တိတ်ဆိတ်လျက် ရှိနေကာ ဂျေးကတော့ ကုတင်ဘေးတွင် အလုပ်ရှုပ်နေ၏။

" ဂျေး "

" တိုးတိုး ဂျိတ်ခ် သည်းငယ် အိပ်ပျော်နေတယ် "

ဂျေးက ကုတင်ပေါ်က ပင်ကွင်းအရုပ်လေးအား စောင်သေချာခြုံပေးကာ ဂျိတ်ခ်အား ဆိုလေသည်။ဝေ့သီလာသော မျက်ရည်များကို ပါးပြင်သို့ မခစားစေချင်လို့ငှာ ဂျိတ်ခ် မျက်တောင်များကို ခပ်မြန်မြန် ပုတ်ခတ် ပုတ်ခတ်ပြုလိုက်သည်။

" နှင်းဆီ? ငါ့အတွက်လား "

" အင်း Anna ပို့လိုက်တာ "

ဂျေးက နှင်းဆီတို့အား မျက်မှောင်ကြု့ကာ ကြည့်ရင်း။

" သည်းငယ်က ဒေစီပိုကြိုက်တာ နှင်းဆီဆိုလဲ ရပါတယ် သူကြိုက်မှာပါ "

" အင်း ဒါဆို ငါထိုးပေးမယ်နော် "

စာကဒ်ကို ပြချင်ပင်မဲ့ အချိန်က မကိုက်သေးသည်မို့ ဂျိတ်ခ် တိတ်တဆိတ်ပင် ဘောင်းဘီအိတ်ထဲ ထည့်လိုက်ရင်း အခန်းထောင့်က ပန်းအိုးအလွတ်ထဲ နှင်းဆီဖြူအချို့ ထိုးလိုက်၏။

နှင်းဆီအနီကိုတော့ ခေါင်းရင်းရှိ ပန်းအိုးထဲ ထည့်လိုက်သည်။

ဂျေးကတော့ ပင်ကွင်းအရုပ်လေးအား သေချာစိုက်ကြည့်ကာ ဆောင်းဟွန်း အမှတ်ဖြင့် စကားများပြောနေသည်။

" ဂျေး ဆေးသောက်ရမှာမို့ ဘာစားချင်လဲ "

" ဆေးသောက်နေရတာကို မုန်းလှပြီ "

" ဒါဆို ဆောင်းဟွန်းက မင်းကို မချစ်တော့ပဲ နေမှာပေါ့ "

ဂျေးပတ်ခ် ကိုနိုင်တာ ပတ်ခ်ဆောင်းဟွန်းပဲ ရှိတော့သည်။

ယဉ်ယဉ်လေး ရူးနေသော သူငယ်ချင်းရဲ့ ဘေးတွင် ကပ်ထိုင်လိုက်၏။‌" ဂျေး "

ဂျေးဟာ ဘယ်ဘက်လက်အား ခေါင်းအနောက်ထားကာ ခေါင်းအုံးရင်း ညာဘက်လက်ကိုတော့ ဘေးနားက ပင်ကွင်းအရုပ်လေးကို ဖက်ထား၏။

" အကယ်လို့ မင်းအနား ငါမရှိတော့ရင် မင်းဘာလုပ်မလဲ "

" ဘယ်.. ဘယ်သွားမလို့လဲ မရဘူး ငါ့အနားက ဘယ်သူမှ မထွက်သွားရဘူး!! "

သူမထွက်သွားပါဘူး ဒါပင်မဲ့ ဂျိတ်ခ် သိချင်သည် အကယ်၍သာ သူဂျေးအနားမှာ မရှိတော့ရင် ဂျေး ဘယ်လိုရှင်သန်မလဲ။

ဂျေးက တကယ်ထွက်သွားမှာ ကြောက်သည့်ဟန် ဂျိတ်ခ်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။

" ငါ့အနားက ထွက်မသွားပါနဲ့ "

" အေးပါကွာ ငါက မင်းကိုစချင်လို့ပါ ဘာစားချင်လဲ ဘာလုပ်ပေးရမလဲ "

စားချင်တာ ဆိုရယ်လို့ ဂျေးမှာ မရှိ။စားချင်စိတ် မရှိတာဆို ပိုမှန်လိမ့်မည် ၊ အနားမှာ ရှိသော သည်းငယ်ကလဲ သူ့ကိုသိပ်ဂရုမစိုက်သလို ခံစားနေရ၏။

" ဒါဆို မင်းအတွက် ကင်မ်‌ချီ ထမင်းကြော်ကို ပြောင်းဖူးများများလေးနဲ့ ကြော်ပေးမယ် ဟုတ်ပြီလား "

ဂျေး ခေါင်းညှိမ့်ရင်းတုန့်ပြန်လိုက်သည်။

ဂျိတ်ခ် ပြုံးရွှင်ကာ ထွက်သွားပြီးနောက် အခန်းထဲတွင် ဂျေးနဲ့အတူ တိတ်ဆိတ်တဲ့ လေဟာနယ်ဟာ ကျန်ရစ်ခဲ့သည်။

ဂျေး ဘေးနားက အပြာနုရောင်နဲ့ အဖြူရောစပ်ထားသော ပင်ကွင်းအရုပ်လေးဆီ အကြည့်ပို့လိုက်၏။ ဂျေးရဲ့ အမြင်တွင် ထိုပင်ကွင်းအရုပ်လေးဟာ သိပ်ကိုလှပတဲ့ ဆောင်းဟွန်း အသွင်ကို ဆောင်နေ၏။

" သည်းငယ် ကိုယ် ဘာလို့ဆေးတွေ သောက်နေရတာလဲ "

‌သည်းငယ်က သူတို့နှစ်ယောက်သာ ကြားနိုင်သော လေသံဖြင့်‌ ဂျေးကိုပြောသည်က 'ခများနေမကောင်းလို့' တဲ့လေ။

" ကိုယ်က အကောင်းကြီးဟာကို "

နောက်တစ်ခါ သည်းငယ်က သူ့ကိုပြောတယ် ဒါဟာ 'မသိစိတ်က လောင်ကျွမ်းနေတာ' တဲ့လေ ၊ သည်းငယ်က ရုပ်ကလေးချောသလောက် လူနားမလည်တဲ့ စကားတွေ သိပ်ပြောတာပဲ။

ဂျေး နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ပင်ကွင်းအရုပ်လေးကို ရင်ခွင်ထဲ ထည့်လိုက်သည်။

" ချစ်တယ် သည်းငယ် "

ဂျေးဟာ ဆောင်းဟွန်းထွက်သွားပြီး ဒီအိမ်ကို စရောက်ခါစထဲကပင် ထိုပင်ကွင်းအရုပ်လေးကို ဆောင်းဟွန်း အမှတ်ဖြင့် စကားပြောနေသည်က မည်မျှပင် ကြာခဲ့လေပြီနည်း။

ဂျေးကရော အခုလို ပုံစံမျိုးဖြင့် မည်မျှအကြာအထိ နေနေရအုံးမည်နည်း။

ကံကြမ္မာရယ် ကျေးဇူးပြုပြီး ‌ဂျေးပတ်ခ်နဲ့ ပတ်ခ်ဆောင်းဟွန်းကို ပြန်စုံစည်းခွင့်ပေးပါ။

MEETING YOU

အီတလီ နိုင်ငံ Rome

လတ်ဆက်သော အီတလီနိုင်ငံရဲ့ လေထုသည် အပူများအား ရင်ဝယ်ပိုက်ထားသော အယ်ဗန်နဲ့ နီခီအတွက်တော့ လတ်ဆက်မှုအား မဆောင်နိုင်ခဲ့ပေ။ စိုးရိမ်စိတ်များဖြင့် နှင်ခဲ့သော ခရီးသည် အီတလီနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ကပ်လာခဲ့သည်။

Private jet ပေါ်က ဆင်းဆင်းခြင်း စိတ်ပြေလက်ပျောက်ဖြစ်အောင် နှစ်ယောက်သား လေအား အဝရှုရှိုက်မိသည်။

" ဟျောင်း ကျွန်တော်တို့ ဟိုတယ် ပဲသွားကြမလား "

" အေး သွားကြတာပေါ့ "

နီခီ့ရဲ့ အတွင်းရေးမှူးမလေး လာကြိုတဲ့ ကားနဲ့အတူ သူတို့ ဟိုတယ်သို့ ခရီးဆက်ခဲ့ကြသည်။

စိတ်ထဲတွင်တော့ သူတို့ကမ်းလှမ်းချက်ကို လက်ခံဖို့သာ ဆုတောင်းနေမိသည်။ ပတ်ခ်ဆောင်းဟွန်းအား ပြန်ခေါ်ဖို့ သူတို့ဘက်က မြောက်မြားလှတဲ့ ဒေါ်လာတို့နဲ့အတူ ဈေးကြီးကြီး လည်ဆွဲ တစ်ခု အား ဆောင်းဟွန်းနဲ့ လဲလှယ်မည်ပင် ဖြစ်သည်။

ဟိုတယ်ရောက်ထဲက နီခီတစ်ယောက် လဲလှယ်မည့် ပစ္စည်းတို့အား စစ်ဆေးနေပြီး အယ်ဗန်ကတော့ ဆက်သွယ်လို့ရမဲ့ ဖုန်းအား ဇွဲရှိရှိ ဆက်သွယ်နေ၏။

" ကိုင်ပြီလား ဟျောင်း "

နီခီ့စကားအဆုံးတွင် တစ်ဖက်က ဖုန်းဟာ ပြန်လည် ဖြေကြားလာပြီး အသံဩဩ လူတစ်ယောက်ရဲ့ အသံဟာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။

" Hello? It is okey if I want to talk to Mr. Park Baekhyun? "

" Who is that? "

အင်တင်တင်ဖြစ်သွားတဲ့ အယ်ဗန်ဟာ နီခီ့ကို အကူအညီတောင်းတဲ့ မျက်ဝန်းများနဲ့ လှမ်းကြည့်သည် ၊ အကယ်လို့ အယ်ဗန်လီ လို့သာ ပြောလိုက်ရင် ချက်ချင်း ဖုန်းချပြီး ဆက်သွယ်လို့တောင် မရတော့တဲ့အထိ ဖြစ်နိုင်သည်။

" It's Noa "

တစ်ဖက်က အသံဟာ ခနတာ တိတ်ဆိတ်သွားပြီးမှ..။

" Ok please wait "

အီတလီသံ ဝဲဝဲအဆုံး တိတ်ဆိတ်သွားလေသည်။

ခနအကြာတွင်တော့ စောင့်မျှော်နေသော လူဟာ ဖုန်းကို ကိုင်ခဲ့လေသည်။

" Yes Park Baekhyun is speaking "

" ကျွန်တော်တို့ တောင်းဆိုမှုကို အေးအေး‌ဆေးဆေးနဲ့ နားထောင်ပေးပါ "

Baekhyun ဟာ မျက်ခုံးများကို တွန့်ကြိုးထားလေသည်။ ထို့နောက် သိပ်ကို သတ္တိကောင်းလှသော တစ်ဖက်က အယ်ဗန်လီဟု ထင်ရသော လူငယ်ရဲ့ ကမ်းလှမ်းချက်ကို နားထောင်လိုက်သည်။

အနှီလူငယ်ရဲ့ ပန်းတိုင်မှာ ‌ပတ်ခ်ဆောင်းဟွန်း ပင်ဖြစ်သည်။

" ကျွန်တော်တို့ ဆောင်းဟွန်းကို ပြန်လိုချင်တယ် အဲ့ဒီ့အတွက်လဲ ကျွန်တော်တို့ အကုန်လုံး ပြင်ဆင်ထားပါတယ် "

" စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ ဘာတွေ ပြင်ဆင်ထားတာလဲ "

" Dollar 8.3 million နဲ့အတူ Graff ရဲ့ USD 28 million တန်တဲ့ လည်ဆွဲတို့ကို ပြင်ဆင်ထားပါတယ် ခများသာ လက်ခံရင် ဒါတွေ အားလုံးက ခများအတွက်ပဲ "

Dollar 8.3 million ကတော့ အယ်ဗန့်ရဲ့ ပိုက်ဆံတွေသာ ဖြစ်ပြီး လည်ဆွဲကတော့ သူဌေးလေး နီရှီမူရာ ရဲ့ ရင်းနှီးမှုသာ ဖြစ်သည်။

တစ်ဖက်ကလူဟာ ရယ်သည်။ဟက်ဟက်ပက်ပက် ရယ်နေသော ထိုလူမှာ လှောင်ရယ်သံတို့ဖြင့် သူတို့ရဲ့ ကမ်းလှမ်းမှုကို ‌ရယ်သည် ၊ ဖုန်းနဲ့သာ မဟုတ်ရင် ထိုလူအား သူသေကိုယ်သေ ချပြီးရောပေါ့။

" ဒါပဲလား Kim Anna ကမ်းလှမ်းတာလောက်တောင် မရှိပါလား "

ငယ်ထိပ်သို့ တက်ဆောင့်သွားတဲ့ ဒေါသကြောင့် နီခီနဲ့ အယ်ဗန့်ရဲ့ မျက်နှာမှာ ခပ်ထန်လျက် ၊ တစ်ဖက်ကလူမြင်ရင် သေချာပေါက် လှောင်ပြောင်လိမ့်မည်ပင်။

နီခီက သက်ပြင်းအား ခပ်ဖွဖွချရင်း..။

" ခများလိုချင်တဲ့ ပမာဏပြောလိုက် ကျုပ်တို့ ပေးဖို့အသင့်ပဲ "

" ဟိုးဟိုး Mr.Nishimura မဟုတ်ပါသလား သိပ်ကို မာနထောင်လွှားနေပါလား ဟမ်? "

မာနထောင်လွှားပါတယ်လို့ နာမည်ကြီးတဲ့ နီရှီမူရာအား မာနထောင်လွှား နေပါလား ဆိုတဲ့အသုံးအနှုန်းအား သုံးခြင်းသည် အနည်းငယ်တော့ ရယ်စရာ ကောင်းလှပါတယ်။

ဟက်ခနဲ ရယ်သံအား သဲ့သဲ့ကြားတော့ တစ်ဖက်က Baekhyun ဟာ မျက်မှောင်ကြုံ့ရင်း ဖုန်းအား စိုက်ကြည့်၏။

" မင်းတို့ ပေးနိုင်တဲ့ ပမာဏလဲ ငါမလိုချင်ဘူး ငါက သစ္စာမဖောက်တတ်ဘူး မင်းတို့ အဲ့တာကို နားလည်လား ပတ်ခ်ဆောင်းဟွန်းကို ငါက ဘာလို့ပြန်ပေးရမှာလဲ ငါ့သား ငါပြန်ခေါ်တာ မင်းတို့က ဘာလာဖြစ်နေတာလဲ "

အဲ့ စကားမှာ ဘယ်နှစ်ခေါက် မြောက်မှန်းတောင် မသိတော့ပေ။ အခုမှ သားအား လာချစ်ပြနေတဲ့ ထိုလူကြောင့် တောအုပ်ထဲက တိုက်ငယ်လေးထဲတွင် အဖမ်းစည်းခံထားရသော ပတ်ခ်ဆောင်းဟွန်းကြားရင် ‌ရယ်လေမလား။

" မင်းတို့ကြောင့် ငါ့ရဲ့ အဖိုးတန်အချိန်လေးတွေ ကုန်ဆုံး ကုန်ပြီ နှုတ်ဆက်ခဲ့ပါတယ် "

တီခနဲ ကျသွားတဲ့ ဖုန်းကြောင့် စကားပြောရန် အရှိန်ယူနေတဲ့ အယ်ဗန်တောင် တစ်ဝက်နဲ့ ကျန်ခဲ့လေသည်။

မျက်စိရှေ့က စားပွဲပေါ်သို့ ဖုန်းအား အကြမ်းပတမ်းပြစ်တင်ရင်း မျက်နှာ ချောချော နုနုအား ပွတ်မိသည် ၊ သူ့နည်းတူ နီခီသည်လဲ တလိပ်လိပ် တက်နေသော ‌ဒေါသတို့အား ပြေလျော့နေလေသည်။

" နီခီ ဟျောင်းကို ကတိတစ်ခုပေး "

" ဘာလဲ ဟျောင်း "

" ‌သူ့ရဲ့ပိုင်နက်ထဲ ဝင်ပြီး ဆောင်းဟွန်းကို မခေါ်ပါဘူးလို့ "

သူသိပါသည် ၊ နီခီက ခေါင်းမာတဲ့ ကလေးလေး မဟုတ်ပါသလား။ တဇွတ်ထိုး လုပ်တတ်တဲ့ အကျင့်လေးကြောင့် ဆောနူဟာလဲ မလာခင်တုန်းက တစ်လတ်စက် မှာခဲ့ပြီးပြီ။

" ဟုတ်ကဲ့ ဟျောင်း ကျွန်တော် ရေသွားချိုးတော့မယ် ဟျောင်း "

ပြောရင်းဆိုရင်း ရေချိုးခန်းထဲ ဝင်သွားတဲ့ နီခီဟာ စိတ်ပင်ပန်းမှုတွေအပြည့် သယ်ဆောင်ထားရမှန်း အယ်ဗန်သိသည်။

MEETING YOU

တောအုပ်ထဲက တိုက်လေးသည် ညအခါယံတွင် မီးရောင်ဖျော့ဖျော့ရဲ့ အကူအညီဖြင့် အခန်းအတွင်းအရာအချို့အား မြင်နိုင်သည်။

သံတိုင်တွေခတ်ထားတဲ့ ပြတင်းပေါက် ၊ အသေပိတ်ထားတဲ့ ‌သံတံခါး ၊ ထိုအခန်းလေးရဲ့ ထောင့်တွင်တော့ ရေအိုးရှိကာ အခန်းလေးရဲ့ ကြမ်းပြင်တွင်တော့ သွေးကွက်အချို့ရှိနေပြီး သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ကောင်လေးတစ်ယောက်ဟာ နက်ပြာရောင် မှောင်မိုက်မိုက် ကောင်းကင်အား မော့ကြည့်လျက် ပူဆွေးနေလေသည်။

တိုးဝှေ့ကာ ဝင်လာသော လေအေးတို့သည် t-shirt တစ်ထည် sweatpants တစ်ထည်ထဲနဲ့ ဆောင်းဟွန်းအတွက်တော့ ချမ်းစိမ့်မှုရော ‌ကိုက်ခဲမှုပါ တစ်ခါထဲ ခံစားရစေသည်။

အရိုက်ခံထားရ ၊ အကန်ခံထားရ ၊ အထိုးခံ ထားရတဲ့ ဒဏ်တွေကြောင့် အခုရက်ထဲ ဆောင်းဟွန်း အစာတောင် သိပ်မစားနိုင်ပေ။

အပြင်က သော့ဖွင့်သံနှင့်အတူ သံတံခါးဟာ ပွင့်သွားခဲ့ပြီး Park Baekhyun ဟာ ဝင်လာခဲ့သည်။ ဆောင်းဟွန်းကတော့ သူ့အား အာရုံမပေးပဲ မျက်ရည်များ ဝေ့နေတဲ့ မျက်ဝန်းများဖြင့် လဝန်းဖြူဖြူအား ငေးကြည့်နေမိသည်။

လှလိုက်တာ ၊ အဲ့လိုမှ ဂျေးကိုတောင် သတိရသွားပြီ။

" ဒီနေ့ ငါ့ကို အယ်ဗန်လီဆိုတဲ့ ကောင်နဲ့ Nishimura Riki ဖုန်းဆက်တယ် "

" ဘာပြောသေးလဲ ဂျေးအကြောင်း ပါလားဟင် "

" မင်းကို ပြန်ခေါ်ချင်လို့ ဖုန်းဆက်တာ Dollar 8.3 million နဲ့ USD 28 million ဝန်းကျင်ရှိတဲ့ လည်ဆွဲနဲ့ လဲမယ်တဲ့ "

" အဲ့တာ ဒယ်ဒီ ဘာပြန်ဖြေလိုက်လဲဟင် လက်ခံလိုက်လား "

မျှော်လင့်ချက် အပြည့်မျက်ဝန်းများဖြင့် မေးနေသော ဆောင်းဟွန်းရဲ့ အပြုံးတို့သည် စကားလေး တစ်ခွန်းကြောင့်ပင် ပြုတ်ကျသွားခဲ့ရပြီး ၊ နှလုံးသားအား ရိုက်ချလိုက်သကဲ့သို့ပင် နာကျင် ရသွား၏။

" မင်းကို နှိပ်စက်ချင်သေးလို့ လက်မခံလိုက်ဘူး စိတ်ချ "

လှည့်ထွက်သွားတဲ့ Baekhyun ရဲ့ ခြေလှမ်းတို့သည် စကားတစ်ခွန်း ကြောင့် ရပ်တန့်သွားခဲ့ရသည်။

" ဒယ်ဒီ ကျွန်တော့်ကို ဘာလို့မုန်းနေတာလဲ "

" မင်း မွေးတော့ မင်းအ‌မေ သေမလိုဖြစ်ခဲ့ရတယ်လေ ငါသိပ်ချစ်တဲ့ မိန်းကလေး သေမလို ‌ခွဲစိတ်ခန်းထဲမှာ အသက်လုခဲ့ရတယ် မင်းအသက် ငါးနှစ်ပြည့်တဲ့ နေ့မှာပဲ ငါ့ရဲ့ company ရှယ်ယာတွေ 7% လောက် ထိုးကျသွားတယ်လေ မင်းက ငါ့အတွက် ကောင်းကျိုးကိုမပေးတာလေ "

မင်းက ငါ့အတွက် ကောင်းကျိုးကို မပေးတာလေ

မင်းက ငါ့အတွက် ကောင်းကျိုးကို မပေးတာလေ

မင်းက ငါ့အတွက် ကောင်းကျိုးကို မပေးတာလေ

နားထဲသို့ ပဲ့တင်ရိုက်နေသော စကားသံ‌ဟာ ဆောင်းဟွန်းအား စွံအ နေသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်အောင် ပြုလုပ်ခဲ့သလိုပင်။

" မင်းက တကယ့် အမှိုက်ပဲ "

ဖိနပ်သံ အဝေးရောက်သွား‌တဲ့ နောက်တွင်တော့ ဆောင်းဟွန်းရဲ့ ပါးပြင်ပေါ်သို့ မျက်ရည်များဟာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကျရောက် ခစားလာခဲ့လေသည်။

ဤမျှပင် မျက်ရည်လွယ်ခဲ့လေပြီ။

" တောင်းပန်ပါတယ် "

အမှိုက်လို ကျွန်တော့်ကို အဖေတို့ ပြုစု‌ပျိုးထောင်ခဲ့ရတဲ့ အတွက်။

MEETING YOU

15.4.2024

တကယ်တော့လေ လိုင်းမရတဲ့ နေရာရောက်နေတာရယ် အဲ့တာကြောင့် ဒီတစ်လော update နားမယ်နော်

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories