Fanfics

18

20:29, 13 May 2024

ပြင်သစ်နိုင်ငံမှ ပျံသန်းလာသော လေယာဉ်၏ business class တွင်တော့ fan တွေအား ပလစ်ကာ ရည်းစားနဲ့ ခရီးထွက်ပြီး ပြန်လာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ ချစ်သူကောင်လေးတို့ စီးနင်းလိုက်ပါလာလေရဲ့။

လေထုသည် လေယာဉ်၏ ကိုယ်ထည်ပိုင်း တိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိနေ၏။ လေယာဉ်မောင် / မယ်‌များ၏ လှည်းများတွန်းကာ ဘာလိုအပ်သလဲ မေးနေကြပြီး အချို့ကတော့ ဘယ်နှစ်ဘဝလောက်က မအိပ်ရသေးမှန်းမသိအောင် အိပ်နေကြတဲ့လူတွေနဲ့ အလုပ်အသဲအသန် လုပ်နေတဲ့ လူတွေနဲ့ ပြည့်နှံ့လျက်ရှိ၏။

ဂျေးလဲ ထိုလူတွေထဲကတစ်‌ယောက်ဖြစ်ကာ laptop ထဲ ခေါင်းဝင်မတတ် အလုပ်လုပ်နေပြီး ဆောင်းဟွန်းကတော့ ရုပ်ရှင် ထိုင်ကြည့်နေ၏။

အခုတလော English movie တွေ ဓာတ်ကျနေဟန်ရတဲ့ ဆောင်းဟွန်းဟာ အသွားတုန်းကရော ဟိုတယ်မှာတုန်းကပါ English movie နဲ့ နှစ်ပါးသွားလေသည်။‌နောက်ဆုံးတွင်တော့ လေယာဉ်ဟာ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့သို့ ဆိုက်ရောက်လာခဲ့လေသည်။ အံ့ဩစရာ ကောင်းတာက တောင်ကိုရီးယား တစ်နိုင်ငံလုံး သူတို့နှစ်ယောက်အား လာရောက် ကြိုဆိုသည်လားဟု ထင်မှတ်ရအောင်အထိ များပြားလှသည်။

တစ်ဖျက်ဖျက်လတ်နေတဲ့ camera မီးရောင်တို့နှင့် သူတို့နှစ်‌ယောက်၏ ပုံရိပ်အား အသဲအသန် မှတ်တမ်းတင်နေကြတဲ့ လူတွေလဲ ရှိသည်။

ကားထဲဝင်တဲ့အထိ လိုက်လံ မှတ်တမ်းတင်နေကြတဲ့ media များနှင့် ပရိတ်သတ်များတို့၏ အော်သံတို့အတူ လေဆိပ်အတွင်း ပြည့်နှံ့နေလေ၏။

" Shit! ဂျေး! အဲ့လောက်တောင်လား နာမည်ကြီးတစ်ယောက် ဖြစ်ရတာလေ!? "

လူစုလူဝေးတွေ သိပ်ကြောက်တဲ့ ဆောင်းဟွန်းဟာ ဆူညံနေသော လူအုပ်နှင့်အတူ အနားသို့ ဝင်ကာ အမိအရ ဓာတ်ပုံရိုက်နေသော လူငယ်တွေကို တွန်းထုတ်နေတဲ့ bodyguard တို့ကြောင့် လန့်နေဟန် ရှိပြီး ရင်ဘတ်ကိုလဲ လက်ဖြင့် ဖိထားသေးသည်။

" သည်းငယ် လန့်သွားတာလား လာလာ ကိုယ့်ဆီလာ "

လက်နှစ်ဖက်အား ဆန့်တန်းကာ ခေါ်‌တော့ သုံးနှစ်သားလေးလို ချစ်ဖို့ကောင်းတဲ့ ဆောင်းဟွန်းဟာ ဂျေးရင်ခွင်ထဲ တိုးဝင်၏။

Driver ကြီးလဲ မျက်စိနောက်နေရောပေါ့။

Driver ရယ် passenger seat တွင်တော့ bodyguard တစ်ယောက်ပါကာ အနောက်ခန်းတွင်တော့ ဆောင်းဟွန်းနဲ့ ဂျေးပါသည်။မြို့ပြင်နားက အိမ်ဖြစ်တာကြောင့် အတော်ကိုပင် မောင်းရသည် ‌တရွေ့တရွေ့မောင်းနှင်လာတဲ့ ကား၏ lover seat တွင်တော့ အချစ်လေထုများ ပျံ့နှံ့နေလေသည်။

*Ti ti ti*

တုန်ခါလာသည့် ဖုန်းအားကြည့်လိုက်ချိန် သူ့ရဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းကြီး ဂျိတ်ခ်ဆီကပင် ဖြစ်သည်။

" Hello Jakey ~~ "

" မင်း ဘယ်မှာလဲ "

ထိတ်လန့်စွာ ထွက်ပေါ်လာတဲ့ ဂျိတ်ခ်ရဲ့အသံဟာ တုန်တုန်ရီရီ။

" ပြဿနာတော့ တက်ပြီ ဂျေး မင်းအိမ်ကို ပတ်ခ်ဆောင်းဟွန်းရဲ့ အဖေရောက်နေတယ် သူ့လူတွေရောပဲ "

' ခများ‌တို့ထွက်သွားပါတော့ မဟုတ်ရင် ပိုက်နက်ကျူးကျော်မှုနဲ့ တရားစွဲမိလိမ့်မယ် '

ဟိန်းကာထွက်လာတဲ့ အယ်ဗန့်ရဲ့အသံ။ ဂျေး လက်ဖျားတွေ ခြေဖျားတွေပါ အေးစက်သွားတော့သည် ဝဋ်လည်ပြီ။

' အေးအေးဆေးဆေး ပြောနေတဲ့ အချိန်မှာ ထွက်သွားလိုက်ပါ Mr.Baekhyun ခများကို ဒီမှာ ဘယ်သူမှ မကြိုဆိုဘူး '

ထပ်‌မံထွက်ပေါ်လာတဲ့ တည်ငြိမ်သော လေသံပိုင်ရှင်ဟာ နီရှီမူရာရီခီပင်။

" ကြားတဲ့အတိုင်းပဲ မင်းပြန်မလာတာ ကောင်းလိမ့်မယ် တစ်နေရာရာမှာ တိမ်းရှောင်နေလိုက် "

" ငါပြန်လာနေပြီ "

" ဂျေး မင်းရူးနေလား ပတ်ခ်ဆောင်းဟွန်း ကိုမခွဲနိုင်ရင် ထွက်သွား "

ဂျိတ်ခ် ဘယ်လောက်ပင် ရှင်းပြနေပါစေ ဂျေးကတော့ ‌ကားအား ပြန်လှည့်ခိုင်းခြင်းမရှိပေ ၊ တွန့်ကြိုးနေတဲ့ မျက်ခုံးတို့ကြောင့် ဆောင်းဟွန်းဟာလဲ အတော်ကို စိတ်ပူနေပြီပင်။

" ဂျေး အဆင်ပြေရဲ့လား "

" အင်း အဆင်ပြေတယ်နော် "

တော်တော်ကို စိတ်ပူနေဟန်ရတဲ့ ဆောင်းဟွန်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ အလိုက်သင့်လေး ပါလာ၏။

မင်း ကိုယ့်ရင်ခွင်မှာ ခိုလှုံတာ ဒါဟာ နောက်ဆုံး ဖြစ်လေမလား။

" ငါရှောင်ရင် ထွက်ပြေးသလိုဖြစ်ပြီး သူတို့ပါးစပ်ဖျားမှာ ပျော့ညံ့တဲ့ လူဖြစ်သွားမှာပေါ့ "

" ငါသိတယ်ဂျေး! မင်းရဲ့ ခံယူချက်ကို ငါနားလည်တယ် အခုက အဲ့လူကြီးက မင်းတို့နှစ်ယောက်ကို ရှင်ကွဲခွဲရင် ခွဲ မခွဲရင် သေကွဲခွဲချင်နေတာကွ! "

" ဘာပဲဖြစ်ဖြစ်ပါ ငါ.. "

" Sir .. "

တုန်ရီစွာ ထွက်ပေါ်လာသော bodyguard ရဲ့အသံကြောင့် ဂျေးကြည့်လိုက်ချိန် သူတို့အရှေ့တွင် အနက်ရောင် ကားများဖြင့် ပိတ်ရပ်ထားခြင်း ခံထားရပြီး လူတိုင်းနီးပါးတွင်လဲ လက်နက်ကိုယ်စီ ကိုင်ဆောင်ထား၏။

ချိန်ရွယ်လာသည့် သေနတ်၏ ကျည်သည် ကားအရှေ့ခန်းတွင် ရှိသော driver နှင့် bodyguard ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်၏။

" ဂျေး! ဂျေး! "

" သည်းငယ် ကိုယ်ရှိတယ်! "

တင်းကြပ်စွာ ဖက်ထားသော ဂျေး၏ နှလုံးသည်လဲ လျှင်မြန်စွာ ခုန်ပေါက်နေ၏။ ကားတံခါးတို့အား လော့ချထားတာကြောင့် ထိုလူတို့သည် ကား၏ ပြတင်းပေါက်မှန်အား လာရိုက်ခွဲကာ ဆောင်းဟွန်းနဲ့ ဂျေးအား ကားထဲမှ ဆွဲထုတ်၏။

အားသန်လှပါသည်ဆိုသည့် ဂျေးတောင် ထိုလူတို့အား ပြန်လည် ခုခံနိုင်စွမ်းမရှိ ၊ ကြမ်းပြင်တွင် လဲကျနေကာ ထိုလူတို့၏ ကန်ချက်တိုင်းကို အလူးအလဲခံနေရ၏။

" ဂျေး! အ့! "

" ဆောင်းဟွန်း!! "

ဂျေးဆီ ပြေးရန်ပြင်နေသည့် ‌ဆောင်းဟွန်းအား အားပြင်းပြင်းဖြင့် ထိုးလိုက်သော လူတစ်ယောက်ကြောင့် ဆောင်းဟွန်းရဲ့ မျက်နှာနုနုလေးက နီရဲသွားကာ ပါးစောင်မှ သွေးများ စီးကျလာ၏။

" ဂျေး!! "

ကန်ချက်တွေကြောင့် နာကျင်မှုကို အလူးအလဲခံနေရပြီး ခွန်အားသည်လဲ ပျက်လတ်တော့မည်ပင်။ တစ်ဖြေးဖြေးမှေးဆင်းလာတဲ့ ဂျေးရဲ့ မျက်ဝန်း‌တို့သည် အမှောင်မကျခင် မြင်လိုက်ရသည့် မြင်ကွင်းမှာ မျက်ရည်များကြားမှ ဆောင်းဟွန်းပင် ဖြစ်သည်။

MEETING YOU

*ဗွမ်း

များပြားလှသော ရေပမာနသည် သတိလစ်နေသော ဂျေးအား အသဲအသန် သတိရစေသည်။ ရေကြောင့် ဝေဝါးနေသော မျက်ဝန်းတို့အား အားယူကာ ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင် အယ်ဗန်နဲ့ဂျိတ်ခ် နီခီနဲ့ ဆောနူတို့အား လက်ပြန်ကြိုးတုပ်ထားပြီး ထိုလေးယောက်၏ မျက်နှာချင်းဆိုင်‌တွင်တော့ ဆောင်းဟွန်းရှိ၏။

" Hello Jay, How was your trip? "

Italian accent နှင့်ရောနှောကာ ကျရောက်လာသော English အားဆိုသည့် လူသည် အခြားသူမဟုတ် ဂျေး၏ ယုတ်မာကောက်ကျစ်သော ယောက္ထီးလောင်းပင် ဖြစ်သည်။စူးရဲသော အကြည့်တို့ဖြင့် မော်ကြည့်ခိုက် Baekhyun သည် တစ်ချက်ရယ်သည်။

" လက်ပြန်ကြိုးတုပ်ခံထားရပြီး သေလောက်အောင် ထိုးခံထားရတာတောင် မာနက မလျော့ဘူးနော် "

ပြောရင်းဆိုရင်း သူ့ရှေ့တွင် လာထိုင်တဲ့ Baekhyun သည် အမြင်ကပ်စရာ အတိ။

" ဘာလိုချင်လဲပြော ခများလိုချင်တဲ့ ငွေပမာနလဲ ကျုပ်‌ပေးနိုင်တယ် ဘာလိုချင်လဲသာ ပြော "

" ပတ်ခ်ဆောင်းဟွန်းကို ပြန်လိုချင်တယ် "

" မရဘူး! သည်းငယ်ကလွဲပြီး ကျန်တာ တောင်း "

သမုဒ္ဒရာကဲ့သို့ နက်နဲလှသည့် အသံနှင့် အသက်အား လုရှုနေသည့် ဂျေး၏ အသံသည် ဧည့်ခန်းအတွင်း ပျံ့နှံ့နေလေ၏။

" Baka!! ခများကိုယ်ခများ ဘာထင်နေလဲ "

ဟိန်းကာ ထွက်ပေါ်လာပြီး မ‌ကျေနပ်မှုတွေနဲ့အတူ ဒေါသတို့ဟာလဲ ကပ်ပါနေလေသည်။

" သူတို့ ချစ်ခြင်းက ခများစီးပွား ဒုတ်နဲ့ထိုးနေလို့လား ဆောင်းဟွန်းဟျောင်းကို ပြစ်ထားတုန်းက ထားပြီးတော့ ခများကို Kim Anna ဆိုတဲ့ မြွေမက ပိုက်ဆံပေးထားတယ်မဟုတ်လား!!! "

နီခီ့ရဲ့ စူးရဲရဲမျက်ဝန်းတို့၏ ရှေ့တွက်ဒူးတစ်ဖက်ထောက်ကာ ထိုင်ချရင်း နီခီ့၏ မျက်ဝန်းတို့အား စိုက်ကြည့်ကာ အမြင်ကပ်စရာ ကောင်းအောင် ရယ်မောသည်။

" မင်းလို မလောက်လေးမ‌လောက်စားကများ ငါ့ကိုခံပြောတယ်ပေါ့လေ ပတ်ခ်ဆောင်းဟွန်း ကိုပြန်ခေါ်တာ ငါ့သားငါပြန်ခေါ်တာ ဘာဖြစ်လဲ!! "

" ဒါဘာလဲသိလား ဟမ်? "

ပစ္စတို အနက်တစ်လက်အား မြှောက်ပြကာ ဆိုလာသည့် Baekhyun သည် psychopath တစ်‌‌ယောက်နှင့် အတော်ကို တူလွန်းသည်။

" ဒီထဲက ကျည်တစ်တောင့်သာ မင်းခေါင်းထဲ ဝင်သွားရင်ရော "

" မောင့်ကို မလုပ်ပါနဲ့! "

တုန်ရီစွာ တောင်းပန်နေသော ဆောနူဟာခဲ နီခီ့အား ဆုံးရှုံးရမှာ သေလောက်အောင် ကြောက်သည်။

နီခီက ခပ်မဲ့မဲ့‌ပြုံးသည် ၊ ထို့နောက် သေနတ်အဝနားသို့ နှဖူးကပ်ပေးကာ .. ။

" ပြစ်လေ သတ္တိရှိရင် ပြစ်လိုက်! ကျုပ်ကိုထိရင် Mura group က ငြိမ်နေမှာမဟုတ်ဘူးနော် ခများသိပါတယ် "

အင်အား ကြီးလှသည့် Mura group သည် သူတို့၏ သခင်လေးကို ထိရင် မိုးပေါ်အထိ လိုက်သည့် အဖွဲ့အစည်းဖြစ်သည်။ ဒါကြောင့် နီရှီမူရာနဲ့ သူ့ချစ်သူ ကင်မ်ဆောနူကို မည်သူမှ မထိရဲကြတာပင်။

Baekhyun ၏ ကြောက်ရွံ့မှုအား နီခီဟာ ကြိုသိနေဟန်ပေါ်၏ ၊ ချိတ်ဆွဲထားသော ခနဲ့အပြုံးတို့ကိုလဲ လွှတ်ချလိုက်ခြင်းမရှိသလို သေနတ်ထိပ်ဝတွင် ရဲရဲဝံ့ဝံ့ ကပ်ထားသော နှဖူးတို့ကိုလဲ ဖယ်ခွာခြင်းမရှိ။

Baekhyun ကာ တုန်ရီစွာ သက်ပြင်းချသည် ထို့နောက် သေနတ်အား ရုတ်သိမ်းလိုက်ကာ ထပြီး ဂျေးအား ရန်ရှာ၏။ အဆက်မပျက် ကန်ချက်ကြောင့် ဂျေးမှာ အလူးအလဲခံနေရပြီး ပါးစပ်မှ သွေးများလဲ စီးကျနေပြီဖြစ်သည်။

" ဒယ်ဒီ!! တော်ပါတော့!! "

" မင်းလင်ကို မင်းသိပ်ချစ်တယ်ပေါ့လေ ဟုတ်လား "

" ကျွန်တော်တို့ ဘာ‌‌ဖြစ်နေလို့ အဲ့လိုခွဲချင်နေကြတာလဲ?!! ဒယ်ဒီ့အတွက် အနှောက်ယှက်ဖြစ်နေလို့လား "

ငိုသံများဖြင့် ရောယှက်ကာ ထွက်ပေါ်လာတဲ့ အသံပိုင်ရှင်ကြောင့် ဂျေး၏ ဝေဝါးနေသော အကြည့်တို့အား အားယူကာ အသံလာရာကို ကြည့်လိုက်တော့ ဆောင်းဟွန်းဟာ စိုးရိမ်မှုများစွာ ဖြင့်ပြည့်နေသော မျက်ဝန်းတို့ဟာ အရည်လဲ့လျက်။

" မင်း အဖေကိုပြန်အာခံရင် ဘာဖြစ်မယ်ဆိုတာ ငယ်ငယ်ထဲက သင်ပေးထားတယ် မဟုတ်လား "

ပါးဖောင်းဖောင်းအား အားဖြင့်ဆွဲညစ်ကာ မေးလာသော Baekhyun အား ဂျေးပြေးထိုးချင်ပင်မဲ့ သူ့ခန္ဓာကိုယ်ဟာ လုံးဝ လှုပ်လို့မရပေ။

" ခများ ပတ်ခ်ဆောင်းဟွန်းကို လွှတ်လိုက်!! "

" ဟမ်? မင်းဘာဖြစ်ချင်လဲ ငါ့သားငါထိတာကို မင်းက မကြိုက်ဘူးလား "

*ဖြန်း ဖြန်း ဖြန်း

ပါးနုနုပေါ်ကျရောက်လာတဲ့ ခပ်စပ်စပ် ရိုက်ချက်တို့ကြောင့် ဆောင်းဟွန်း၏ မျက်ဝန်းမှ မျက်ရည်တို့ဟာ ပေါက်ခနဲစီးကျ၏။ ဆောင်းဟွန်းအား ထိတော့ အယ်ဗန် ဂျိတ်ခ် ဆောနူနဲ့ နီခီကပါ မခံချင်သဖွယ် ရုန်းသော်ညား တင်းကြပ်စွာ စည်းချင်းခံထားရသော ကြိုးတို့နှင့်အတူ ပုခုံးအား ဖိကိုင်ထားသော လူတို့ကြောင့် အချင်းနှီးသာ။

" ခများကို မထိနဲ့လို့ပြောနေတယ်မဟုတ်ဘူးလား!! ခများသေချင်နေတာလား ခွေးသတောင်းစားကြီးရဲ့!! "

" ဂျေး!! "

အိမ်တော်ထဲ ပြေးဝင်လာတဲ့ ဂျေးရဲ့ဖခင် Park Hyunwoo သည်လဲ ကြမ်းပြင်တွင် သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော သားတော်မောင်နှင့် လက်ပြန်ကြိုးတုပ်ခံထားရသော သူ့သား၏ သူငယ်ချင်းလေးယောက်နှင့်အတူ အနာဂတ် သားမက်လောင်းလေးအား မြင်တော့ စိတ်မကောင်းဖြစ်ပင်မဲ့ သူဘာမှမလုပ်နိုင်ပေ။

" နောက်ဆုံးတော့ ရောက်လာပြီပဲ မင်းကို စောင့်နေခဲ့တာ သူငယ်ချင်းကြီးရဲ့ "

" Park Baekhyun မင်း လူမဆန်တဲ့လုပ်ရပ်တွေ လုပ်နေပြန်ပြီလား "

" ဒါပေါ့ မင်းမှ ငါ့ကိုမထိန်းခဲ့တာ အရင်တုန်းကလိုသာ ငါ့ကိုစောင့်ရှောက်ခဲ့ရင် "

" မင်းလို ရာဇဝတ်ကောင် ၊ အစိုးရတိုင်းက လိုချင်နေတဲ့ ရာဇဝတ်ကောင်လိုမျိုးကောင်နဲ့ တစ်ချိန်က သူငယ်ချင်း ဖြစ်ခဲ့တယ်လို့ တွေးလိုက်ရုံနဲ့တင် မသထီဘူး ရွံလွန်းလို့! "

ထိုစကားကြားတော့ Baekhyun ဟာ ရယ်သည် ထို့နောက် ဂျေးအဖေ၏ ခါးအား ဆောင့်ဆွဲကာ ဖက်လိုက်ပြီး ‌မေးရိုးထင်းထင်းအား သေနတ်ကိုယ်ထည်ဖြင့် ပွတ်သပ်၏။

Park Baekhyun ရဲ့ လုပ်ရပ်တွေကြောင့် တပည့်များ အပါအဝင် ဆောနူတို့ပါ အံ့ဩနေလျက်ရှိနေသည်။ Hyunwoo ရဲ့ မေးရိုးကတော့ အံအား တင်းတင်းကြိတ်ထားသည်မို့ အတော်ကိုပင် ထင်းနေကာ မျက်ခုံးများဟာလဲ ထိစပ်မတတ် တွန့်ကြိုးထား၏။

" Damn darling .. မင်းအဲ့လို နာကျဉ်းစရာကောင်းတဲ့ စကားတွေပြောလေလေ ငါက ပိုပြီး မင်းကိုချစ်လေလေပဲ "

မေးရိုးအား တစ်ချက်ဖိကပ်နမ်းရှိုက်ကာ ဂျေးအရှေ့ပြန်ဒူးတစ်ဖက်ထောက် ထိုင်လျက် ဂျေး၏ မျက်နှာနုနုအား ကြည့်လို၍ အကျီ၏ ကော်လံအား ကြမ်းတမ်းစွာ ဆောင့်ဆွဲရင်း မော့စေသည်။

" မင်းအဖေကို ငါကချစ်တယ် မင်းကတော့ ငါ့သားကို ချစ်တယ် သံသရာလည်ပတ်ပုံကြီးက ပျော်စရာကြီးကွယ် "

" ဖင်ယားမနေနဲ့ Park Baekhyun ! ငါမင်းလို gay တစ်ယောက်မ‌ဟုတ်ဘူး Aera ငါ့ကို ထားသွားရတာလဲ မင်းရဲ့ သောက် အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကြောင့်ပဲ "

လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ Hyunwoo ဟာ တစ်ဖက်လူအား သေလောက်အောင် ထိုးချင်ပင်မဲ့ သူမလုပ်ရဲပေ။

" Woo အချစ်လေး~~ တောင်းပန်ပါတယ်ကွာ "

" ဂျေးကိုမထိနဲ့ လွှတ်လိုက်နော် "

ကြမ်းတမ်းသော ထိုးချက်များသည် ဂျေး၏ ပါးပြင်နုနုပေါ်သို့ ကျရောက်ခိုက် အော်သံများနှင့် တောင်းပန်သံများသည် တစ်ဖန်ပြန်၍ ကျရောက်လာ၏။

" ဒယ်ဒီ ဂျေးကိုမလုပ်ပါနဲ့ ကျွန်တော့်ကိုသာ သတ်လိုက်ပါတော့ !!  "

" Park Baekhyun!! "

ဩရှရှအော်သံနှင့်အတူ Park Hyunwoo ရဲ့ ကော်လံကို ဆောင့်ဆွဲကာ ထိုးလာသော ဂျေး၏ အဖေသည် သားဇောကြောင့် မျက်ဝန်းများနှင့် ခန္ဓာအတွင်း စီးဆင်းနေသော သွေးများဟာ ပွက်ပွက်ဆူနေခဲ့သည်။

အကြိမ်ပေါင်းများစွာ ထိုးနှပ်နေသည်မို့ Baekhyun ၏ မျက်နှာတွင် သွေးများ ပေကျံနေပြီး အတော်ကိုပင် ကြည့်ရဆိုး၏။

" ထိုးလို့ ဝပြီလား ဟမ်!! "

" မင်းကို အသေသတ်ပြစ်ချင်တာ ခွေးသားရ "

Baekhyun ဟာ သူ၏ မူပိုင်အမြင်ကပ်စရာ မဲ့ပြုံးအား ချိတ်ဆွဲထား၏။

" တောင်းပန်ပါတယ် Woo ငါတို့နောက်ဘဝကြရင် ပြန်ဆုံကြတာပေါ့ "

" ဟမ် မင်းဘာပြော- "

စကားမဆုံးခင် ရင်ဝသို့ ဖောက်ဝင်သွားသည် ကျည်ကြောင့် ထိုနေရာမှာတင် ကြမ်းပြင်သို့လဲကျသွားတဲ့ Hyunwoo သည် မျက်ဝန်းများ ပွင့်ဟလျက် နောက်ဆုံးအချိန်ထိ သူ့သား၏ ပုံရိပ်အား မှတ်သွားလေသည်။

" သား.. "

" ဒယ်..ဒယ်ဒီ.. "

" ပတ်ခ်ဆောင်းဟွန်းကို.. ပျော်အောင်..ထားနော်.. "

" ဒယ်ဒီ ကျွန်တော့်ကို မထားသွားပါနဲ့ ဒယ်ဒီရယ် ကျွန်တော်ဒယ်ဒီမရှိပဲ မနေနိုင်ဘူး ဒယ်ဒီရဲ့ "

" ချစ်တယ်.. သား "

တစ်ဖြေး‌ဖြေးမှေးဆင်းကာ အမှောင်ထုတင်မက ဘဝတစ်ပါးသို့ ဆွဲခေါ်ခံလိုက်ရသည့် Park Hyunwoo သည်လဲ သွေးအိုင်ထဲ ငြိမ်သက်လျက်။ ကွယ်လွန်သူ၏ ဘေးတွင် ဖြစ်ပျက်သွားသော တခနကိစ္စကို မယုံနိုင်လောက်အောင်ဖြစ်နေတာ မျက်ရည်တောင် ကျဖို့ မေ့လျော့နေ၏။

" သူတို့လေးယောက်ကို လက်ပြန်ကြိုး ဖြည်ပေးလိုက် ဂျေးနဲ့ ဆောင်းဟွန်းကိုရောပဲ "

" ဟုတ်ကဲ့ပါဆရာ "

အမိန့်အတိုင်း လုပ်ဆောင်ကြတဲ့ နောက်လိုက်ငယ်သားတွေဟာ စက်ရုပ်တွေလားပမာ။ ဂျေး၏ လက်များသည် အချည်အနှောင်မှ လွှတ်သွားခိုက် အသက်မဲ့နေသော ဖခင်ဖြစ်သူ၏ ခန္ဓာအား ပွေ့လိုက်ရင်း အရူးတစ်ယောက်လို ဖြစ်နေ၏။

" ဂျေး "

" သည်းငယ် လုပ်ပါအုံး ဒယ်ဒီ ထမလာတော့ဘူး!! မင်းကိုလဲ ဆုံးရှုံးရတော့မယ် ဒယ်ဒီ့ကိုလဲ ဆုံးရှုံးရတော့မယ် ကိုယ်ရူးတော့မယ် "

တသိမ့်သိမ့် တုန်ရီစွာ ငိုရင်း ဆောင်းဟွန်းအား ဆုံးရှုံးရမှာ ကြောက်နေ‌တဲ့ ဂျေးကို ဘာကြောင့်များ အနောက်မှာ ရပ်နေတဲ့ လူတွေက သနားတဲ့ အရိပ်‌အယောက် တစ်စက်မှ မပြရတာလဲ။

ဆောင်းဟွန်း ဂျေးအားတင်းကြပ်စွာ ဖက်ထားလိုက်ရင်း နှုတ်ခမ်းတို့အား အသဲအသန်နမ်းရှိုက်မိသည်။ ဒီအနမ်းတွေဟာ နောက်ဆုံး အနမ်းတွေ ၊ နောက်ဆုံးထွေးပွေ့ချင်းလဲ ဟုတ်သလို မျက်နှာနုနုပေါ်က ဒဏ်ရာတွေပေါ် အုပ်ကိုင်ထားတဲ့ ဆောင်းဟွန်းရဲ့ လက်နုနုခံစားချက်ဟာလဲ နောက်ဆုံး။

" ကံမကုန်ခင် ပြန်ဆုံကြတာပေါ့ ဂျေးရယ် "

" ကိုယ့်နားက ထွက်မသွားပါနဲ့ ကိုယ်လိမ္မာပါ့မယ် "

" အရာအားလုံး အဆင်ပြေတဲ့နေ့ ကျွန်တော်ခများဆီ ပြန်လာခဲ့ပါ့မယ် "

မျက်ရည်ကြားမှ ဆောင်းဟွန်း၏ အပြုံးသည် တောက်ပလျက်‌ရှိပြီး နှစ်ဦးလုံး၏ ရင်ထဲတွင် တောက်လောင်နေသော မီးစတို့သည် အလွန်ကိုပင် များပြားလှသည်။

နောက်ဆုံး ထွေးပွေ့ခြင်းနှင့် နောက်ဆုံးအနမ်းဟူသည့် အတွေးကြီးသည် ဂျေး၏ ခေါင်းထဲသို့ ဝင်ရောက်ခိုက် ကမ္ဘာဟာ ပျက်နေလေတော့သည်။

ဆောင်းဟွန်းအား အကျီမှ ဆောင့်ဆွဲကာ ခေါ်ဆောင်သွားသော Baekhyun ဟာ ညှာတာမှု တစ်စက်မှ မရှိ။

" ‌သည်းငယ်!! "

နေရာက ကုန်းထကာ ဆောင်းဟွန်းအနောက်လိုက်တော့ ထိုးခံခြင်း ခံလိုက်ရသော ခြေတစ်စုံနှင့် ကန်ခံလိုက်ရသော ဗိုက်တို့ကြောင့် ဂျေးမှာ ကြမ်းပြင်၌ လဲကျကာ မျက်ရည်ကျနေရုံမှ တပါး ဘာမှမရှိ။

" ဂျေး!! တော်တော့!! မင်းမဟန်တော့ဘူး "

မဟန် တော့သည့်ကြားမှ ကုန်းထနေသည့် ဂျေးကြောင့် ‌အယ်ဗန်နဲ့ဂျိတ်ခ်တို့သည် ဂျေးအား ပြန်ဆွဲထားရလေသည်။

တစ်ယောက်ကို ဆုံးရှူံးပြီးသွားပြီ မဖြစ်ဘူး ဒယ်ဒီလဲမရှိတော့ဘူး ဆောင်းဟွန်းပါ အနားမှာမရှိရင် သူသေချာပေါက် ရူးနိုင်သည်။ ဒါကြောင့် တစ်ယောက်လောက်တော့ ပြန်ခေါ်ထားရမည်။

သို့ပင်မဲ့ သူ့အမြင်အာရုံတွေ ဝေဝါးလာပြီ ၊ ဗိုက်ကရော မျက်နှာကရော နာကျင်မှုဒဏ်တွေက ပိုပိုပြီးဆိုးလာပြီ။

" ဂျေး! သတိထားအုံး! "

အယ်ဗန့်ပေါ် လဲကျလာသည့် ဂျေး၏ ခန္ဓာကိုယ်နှင့်အတူ မျက်ဝန်းများဟာလဲ မှိတ်ကျလျက်။

" Ambulance ခေါ်ကြ!! "

သာယာလှပသော နေ့လေးတစ်နေ့တွင် ပျော်ရွှင်စရာ ခရီးတစ်ခုမှ ပြန်လာခိုက် ချက်ချင်းပင် ရှင်ကွဲ ကွဲခဲ့ရသော ချစ်သူနှစ်ယောက်နှင့် တစ်နေ့ထဲတွင် ချစ်ရသော မွေးသဖခင်နှင့် ရည်းစားလေးအား ဆုံးရှုံးလိုက်ရသော ကောင်လေးလဲ ရှိ၏။

ကံကြမ္မာသည် ဂျေးပတ်ခ်နှင့် ပတ်ခ်ဆောင်းဟွန်းအတွက် စတင် မျက်နှာပြောင်တိုက် လာခဲ့လေပြီ‌ပင်။

MEETING YOU

ဆေးရုံ၏ အရေးပေါ်ခန်းနှစ်ခုထဲတွင် သေမင်းဖြင့် တိုက်ပွဲဝင်နေရသော ဂျေးနှင့် Mr.Park Hyunwoo တို့နှစ်ယောက်။

အချိန်တွေဟာ အတော်ကို ကြာလင့်ခဲ့ပြီ အရေးပေါ်ခန်းရှေ့က ဆောနူ ၊ နီခီ ၊ ဂျိတ်ခ် နဲ့ အယ်ဗန်တို့ရဲ့ မျက်နှာဟာလဲ ဆီးရွက်ကို အဖေခေါ်ရမလိုပင်။

" Mr.Park Hyunwoo ရဲ့ လူနာရှင် ရှိပါသလား "

" ကျွန်တော်ပါ ဗျ "

Nurse ၏ အမေးအား အယ်ဗန်ဟာ ခပ်သွက်သွက်ဖြင့် ထရင်းဖြေသည်။

" စိတ်မကောင်းပါဘူးရှင် လူနာဆုံးပါပြီ "

" ဗျာ.. "

" ကျွန်မတို့အကောင်းဆုံး ကြိုးစားခဲ့ပါတယ် ဆေးရုံသာ‌ စောစောရောက်လာရင် လူနာရဲ့အသက်ကို ကယ်နိုင်မှပါ "

သူနာပြုဟာ စိတ်မကောင်းဟန် ခေါင်းငုံ့ကာ အရေးပေါ်အခန်းထဲ ပြန်ဝင်သွား၏။ ဂျေးကတော့ အသက်ရှင်ပင်မဲ့ စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်တာကြောင့် အရေးပေါ် အခန်းထဲတွင် ဆေးရုံဝတ်ဆုံဖြင့် လဲလျောင်းနေ၏။

ဒီပုံစံသာ ဆောင်းဟွန်းတွေ့ရင် 'ဂျေးက ဆေးရုံဝတ်ဆုံနဲ့တောင် ခန့်နေရော' ဟု သူ့ရည်းစားကို ချီးကျူးနေမှာ အမှန်ပင်။

ဂျေးဆေးရုံမှာ ရှိနေတဲ့တစ်လျှောက်လုံးတော့ သူတို့လေးယောက်ဟာ အလုပ်ရှုပ်နေလိမ့်မည်ပင်။ အသုဘအတွက်တော့ ဂျိတ်ခ် နဲ့ ဆောနူက တာဝန်ယူကာ ပြုလုပ်ပေးပြီး ALOHA Hotel အတွက်ကတော့ အယ်ဗန်တာဝန်ယူကာ ဆေးရုံစောင့်အတွက်ကတော့ လေးယောက် အလှည့်ကျ စောင့်သည်။

သတိရလာရင် ဂျေးဘယ်လိုလုပ်ချင်လဲ မေးမည်ဟု တိုင်ပင်ထားတဲ့ နေ့ကစလို့ ဂျေးဟာ ကိုမာ ဝင်ခဲ့သည်။ ကိုမာဝင်နေသော ဂျေး၏ လက်ဖမိုးလေးအား ဂျိတ်ခ်က wet tissue လေးဖြင့် သုတ်ပေးကာ ဂျေးအား စကားပြောနေ၏။

" ‌သားကြီး ငါတို့ ဆောင်းဟွန်းကို ရှာသေးတယ်ကွ . . မင်းရဲ့ ယောက်ကထီးက တော်ချက်ကွာ ဆောင်းဟွန်းကို အီတလီခေါ်သွားပြီ မင်းသတိပြန်ရလာရင် ငါတို့မင်းကို ဘယ်လိုရှင်းပြရမလဲ ကြားထဲဖြစ်ပျက်သွားတဲ့ အရာတွေက တကယ်ကို . . တကယ် . . "

စီးကျလာတဲ့ မျက်ရည်တွေကြောင့် ‌ဂျိတ်ခ်မှာ စကားပင် ဆက်မပြောနိုင်တော့ပဲ ဂျေး၏ လက်အား ဆုပ်ကိုင်ကာ ပြင်းပြင်း ထန်ထန် ငိုကြွေးလေသည်။

" အကိုဂျေး "

ဆေးရုံတံခါးအား အကြမ်းပတမ်းဖွင့်ကာ ဝင်လာသည့် မိန်းမပျိုဟာ အရာရာတိုင်းအား။ချယ်လှယ် ၊ ကြိုးကိုင်ထားသည့် Kim Anna ပင်။ ဝတ်ဆုံအဖြူ ဝတ်ကာ ဆံနွယ်တွေကို ဒီတိုင်းချထားပြီး သူမဟာ ဂျေး၏ ကုတင်ဘေးနား ငိုယိုကာ ရောက်လာ၏။

" အကိုရယ် ညီမမှာ စိတ်ပူလိုက်ရတာ ထကြည့်ပါအုံး အကိုရဲ့ အန်ကယ်ကရော ဘယ်လိုဖြစ်သွားတာလဲ အကိုဂျိတ်ခ် "

သူမ၏ ပါးစပ်ဖျားမှ အကိုဂျိတ်ခ်ဟု ထွက်ကျလာသဖြင့် ဂျိတ်ခ်ဟာ မျက်ရည်များ ပြည့်နေသော မျက်ဝန်းနီရဲရဲတို့ဖြင့် သူမအား မော့ကြည့်၏။ အယ်ဗန်သည်ကတော့ ဂျိတ်ခ်၏ ပုခုံးအား ကိုင်ထားကာ တစ်ခုခုဖြစ်ရင် ဆွဲရန် အသင့်အနေအထား ပြင်ထားရ၏။

အချိန်ကိုက် ဆေးရုံခန်းထဲ ရောက်လာတဲ့ နီခီနဲ့ ဆောနူသည်လဲ သူမအား ‌တွေ့တော့ မကောင်းဆိုးဝါး တစ်ကောင် ၊ ကျိန်စာမိနေသော မိန်းမပျိုတစ်ယောက်လို နှာခေါင်းရှု့၏။

" အကိုဂျေး အကိုသတိပြန်ရရင် ညီမတို့ အသားကင်အတူတူစားကြမယ်နော် အဲ့တာကြောင့် သတိမြန်မြန် ပြန်ရပါတော့နော် "

ဒီစကားသာ ဂျေးကြားခဲ့ရင် ပြန်တောင် နိုးလာပါ့မလားပင်။

" တော်ပါတော့ Kim Anna မင်းရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေကို ငါတို့မသိဘူးများ မှတ်နေလား? ယောင်္ကျားက အဲ့သလောက် ရှားသလား ဟမ်? "

ဆောနူ၏ ခနဲ့သော လေသံကြောင့် သူမဟာ အရှိုက်ထိသွားဟန် အံတို့အား တင်းတင်းကြိတ်ကာ ဆောနူရှေ့သို့ ရပ်၏။ဆောနူအား ရိုက်ရန် ရွယ်လာသည့် လက်‌သည် လမ်းတစ်ဝက်မှာတင် တားဆီးခြင်း ခံလိုက်ရပြီး သူမ၏ အရှေ့သို့ ရောက်လာသည့် အရပ်ရှည်ရှည် ယောင်္ကျားလေးတစ်ယောက်။

မျက်ခုံးတို့ တွန့်ကြိုးထားပြီး အတော်ကို ဒေါသထွက်နေဟန်ရသည့် ထိုအမျိုးသား၏ မျက်ဝန်းတွေဟာ ကျားသစ်တစ်ကောင်လို ရဲဝံ့သည့် အသွင်အား ဆောင်သည်။

" ကင်မ်ဆောနူကို လက်ပါရင် ငါ မိန်းကလေးလဲမရှောင်ဘူးနော် "

ဩရှရှထွက်ပေါ်လာသည့် အသံနှင့် ဆောင့်တွန်းခံလိုက်ရသည့် သူမ။

" မင်းကြောင့် ဂျေးရဲ့အဖေလဲ ဆုံးရှူံးရပြီးပြီ ဂျေးလဲ ကိုမာဝင်နေပြီ ဆောင်းဟွန်းလဲ ဘာဖြစ်နေပြီလဲ မသိဘူး အဲ့တော့ ဒီလောက်ပဲ တော်ပါတော့ ငါတောင်းပန်ပါတယ် "

ဂျိတ်ခ်သည် သွယ်လျသော သူ၏ လက်ချောင်းများကို ပူးကပ်ရင်း လက်အုပ်ချီကာ သူမအား တောင်းပန်သည်။ဒါဟာ ပထမဦးဆုံးနဲ့ နောက်ဆုံး အကြိမ် တစ်ဖက်သူအား တောင်းပန်ဖူးခြင်းပင်။

" မင်းကို မကြိုဆိုတဲ့ ဆေးရုံခန်းကို မလာခင်ထဲက ကြိုမ‌တွေးဖူးဘူးလား ရှက်ဖို့ကောင်းတယ်လို့ "

ဂျိတ်ခ်ရဲ့ စကားကြောင့် သူမဟာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ တောက်ကျယ်ကျယ်ခေါက်ရင်း လက်ကိုင်အိတ်ကို ကိုင်ကာ ဆေးရုံခန်းထဲမှ ထွက်သွား၏။

ဂျေးကတော့ ဘာမှမသိ အပူပင်ကင်းမဲ့စွာပင် မျက်လွှာများအား ချကာ အိပ်စက်နေလေသည်။ပြန်နိုးလာရင် ကြုံတွေ့ရသည့် လောဂဓံကို အခုထဲက ကြံ့ကြံ့ခံအောင် လေ့ကျင့်နေလေသလားကွယ်။

ဂျေးသတိရလာရင် ဖြစ်ပျက်ခဲ့တာတွေက တစ်ခနအတွင်း သိပ်ကို များပြားလှတာကြောင့် စိတ်များ ထိခိုက်လေမလား။

MEETING YOU

12.4.2024

ဖြူးပျက်နေလို့ မီးပျက်နေပါတယ်ရှင့် ဒါကြောင့် နှစ်ပုဒ် တင်ပေးလိုက်ပြီနော်။

နောက်ပြီး မုန်တိုင်းဝင်လာပါပြီ ငိုကြပါ>< ဟဲဟဲ

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories