Fanfics

17

15:56, 12 May 2024

အချစ်မြို့ဟု တင်စားခေါ်ဝေါ်ရသည့် Paris မြို့ပေါ်သို့ သူတို့ပြန်ရောက်လာခဲ့ကြသည်။ မပင်ပန်းဘူး ဆိုရင် လိမ်ရာကျ‌မှာပေါ့ ၊ မနက်စောစောထဲက ထပြီး Montmartre တွင် လျှောက်လည်ခဲ့ပြီး Paris ကို ပြန်တက်လာရသည်မှာ အတော့်ကို ပင်ပန်းလွန်းသည်။

သို့သော် ဘေးနားတွင် အချစ်ရှိတယ် မဟုတ်လား။ ပင်ပန်းနွမ်းနွယ်မှုသည် ဘေးနားက အချစ်ရှိနေသည်မို့ သေးသေးလေးတောင် မခံစားရပေ။

Eiffel tower မှ မြင်ရသည့် Paris မြို့၏ ညအလှသည် မည်သို့ ပြည့်စုံမှန်း မသိ ပြည့်စုံနေ၏ ၊ မီးရောင်စုံစုံဖြင့် လှပနေတဲ့ မြို့ကြီးရယ် မြို့ရဲ့ ကားလမ်းတွေပေါ်မှာ ပြေးလွှားနေတဲ့ ကားအချို့တွေရယ်နဲ့ တိုက်ခတ်နေတဲ့ လေပြေတွေ။

ဆောင်းဟွန်းကတော့ လက်ရမ်းပေါ် လက်တင်ရင်း ကိုယ်အား အနည်းငယ်ကော့ထားကာ လေပြေတို့အား မျက်နှာနုနုကို တိုးဝင်ခွင့်ပေးသည်။ မျက်လွှာများချထားတဲ့ ဆောင်းဟွန်း၏ side profile သည် မင်းသားလေး တစ်ပါးကဲ့သို့ပင် မွန်မြတ်ခြင်း ၊ ချောမောခြင်း ၊ တင့်တယ်ခြင်းတို့ဖြင့် ပြည့်စုံနေသည်။

ဂျေးကတော့ ထိုလှပလွန်းတဲ့ ကောင်လေးရဲ့ အလှကို ဖုန်းဖြင့် မှတ်တမ်းတင်ရင်းသာ အလုပ်ရှုပ်နေ၏။ရိုက်လိုက်သော ပုံ 15 ပုံလောက်ထဲတွင် ကြည့်မကောင်းသည့် ပုံဟူ၍ မရှိ ၊ မီးရောင် ဝါညစ်ညစ်အောက်တွင် လှပနေစမြဲပင်။

ဘုရားရေ .. ။ ဘယ်ဘဝက ကုသိုလ်ကံတွေပါလိမ့်။

" Ceci est pour vous. "( This is for you )

ဆောင်းဟွန်း၏ ဘောင်းဘီစအား လာဆွဲသော ကလေးလေးသည် အလွန်ဆုံးရှိ သုံးနှစ်သား အရွယ်ပင် ဖြစ်နိုင်သည်။ ပြင်သစ် မျက်နှာပေါက်နဲ့ ထိုကောင်လေးသည် အသားဖြူစွတ်စွတ်နှင့်အတူ မျက်ဝန်းအပြာတို့အား ပိုင်ဆိုင်ထားသည်။

လက်ထဲတွင်ကိုင်လာသော lollipop လေးအား ဆောင်းဟွန်းဆီ လာပေး၍ ရှေ့သွားလေး နှစ်ချောင်း ပေါ်သည်အထိ ပြုံးပြသည်။

" Where's your parents? "

ဆောင်းဟွန်း ထိုကလေးလေးရှေ့အား ဒူးတစ်ဖက် ထောက်လိုက်ကာ မေးတော့ ကလေးဟာ အနောက်သို့ လှည့်ကြည့်၏ ၊ ခပ်လှမ်းလှမ်းမှ ပြေးလာသော ပြင်သစ် အမျိုးသမီးတစ်ယောက်သည် သူမ၏ သားပေါ် မည်မျှပင် စိုးရိမ်နေကြောင်း ဖော်ပြနေ၏။

" I'm really sorry Mr. This is my son he's really naughty "

သူမက ကလေးကို ကောက်ချီရင်း‌‌ ဆောင်းဟွန်းအား တောင်းပန်၏ ၊ ဆောင်းဟွန်းကတော့ ထိုကလေးလေးအား ဆိုးတယ်ဟု မမြင်ပဲ သိပ်ကို ချစ်စရာ ကောင်းတဲ့ ကောင်လေးဟု ထင်မြင်နေလေသည်။

" Hey what's your name? "

" Claude "

မပီမသ ထွက်ပေါ်လာတဲ့ အသံသေးသေးလေးကြောင့် ဆောင်းဟွန်းပင် အသဲယားစွာဖြင့် ကလေး၏ ပါးအား လက်နှစ်ချောင်းဖြင့် ခပ်ဖွဖွ ‌ဆွဲညစ်မိတော့ ကလေးလေးဟာ တစ်ခစ်ခစ်ဖြင့် ရယ်လေသည်။

ကလေးလေးနဲ့ ဆော့နေတဲ့ ဆောင်းဟွန်းအား အနောက်မှ ဂျေးဟာ ဖုန်းတစ်လုံးဖြင့် မှတ်တမ်းတင်နေလေသည်။

" Actually ma'am, he's not naughty he just friendly "

" I'm sorry for interrupting "

သူမဟာ အလွန်ကို အားနာနေသော လေသံဖြင့် ဆောင်းဟွန်းအား တောင်းပန်ထပ်ခါထပ်ခါ တောင်းပန်လေသည်။ သို့သော် Claude လေးသည် ဆောင်းဟွန်းအား လက်ထဲက စတော်ဘယ်ရီ အရသာ lollipop လေးအား ကမ်းပေးလေသည်။

ဘယ်လောက်ပဲ ငြင်းငြင်း ကလေးဟာာပေးနေသည်မို့ ဆောင်းဟွန်းလဲ ယူလိုက်ကာ ထိုချစ်စရာ ကောင်းသော ကလေးငယ်လေးအား နှုတ်ဆက်လိုက်သည်။

ထို သားအမိ မြင်ကွင်းထဲက ပျောက်တော့မှ ဆောင်းဟွန်းဟာ ဂျေးဘက် လှည့်လာ၏။

" ကိုယ့်ရဲ့ ဆောင်းဟွန်းလေးက ကလေးချစ်တတ်တာလား "

" ပုံမှန်ဆိုရင် မချစ်တတ်ပါဘူး ဒီကလေးလေးနဲ့မှ ထူးထူးဆန်းဆန်း ချစ်တတ်သွားတာ "

ကလေးလေးပေးခဲ့သော lollipop လေးအား အခွံခွာကာ ပါးစပ်ထဲ ထည့်ရင်းဆို၏။ ငုံထားသည့်အတွက်ကြောင့် ပါးတစ်ဖက်ဟာ ဖောင်းနေပြီး ချစ်ဖို့လဲ ကောင်းနေတော့သည်။

ယေဘူရ အားဖြင့် ဆောင်းဟွန်း ကလေးချစ်တတ်တဲ့ ထဲမပါ ၊ ကလေးတွေရဲ့ ငိုသံတွေကိုဆို မုန်းလွန်းလို့ hotel မှာ ကလေးတွေလာရင်တောင် ဝေးဝေးက ရှောင်တတ်သည်။ သို့သော် ဒီကလေးလေးဟာ ဆောင်းဟွန်း ရဲ့ အချစ်ကို ဒုတိယ ဖမ်းစားသွားတဲ့ ကလေးလေးပင် ဖြစ်သည်။

ပင်လယ်ကဲ့သို့ ပြာလဲ့လဲ့ မျက်ဝန်းတို့ဟာ ဝါညစ်ညစ် မီးရောင်အောက် တောက်ပနေပြီး သူ့အား သကြားလုံးလာပေးသည်မှာ ချစ်ဖို့ပင် အလွန်ကောင်းသည်။

" ဒါနဲ့ သည်းငယ် "

" ဘာလဲ "

" ကိုယ်စဉ်းစားနေတာ မင်းဘာလို့ အဲ့လောက်နမ်းတာ ကျွမ်းရတာလဲ "

အနောက်မှ သိုင်းဖက်ထားသော ဂျေး၏ ဝဝမ်းဗိုက်သို့ ကျရောက်လာတဲ့ ဆောင်းဟွန်းရဲ့ တံတောင်ဆစ်။ နာသွားပုံရတဲ့ ဂျေးဟာ တစ်ချက်လေး ညီးညူပင်မဲ့ ဆောင်းဟွန်းကို ဖတ်ထားတဲ့ လက်တို့ဟာ ပြေလျော့ချင်းမရှိပေ။

ဂျေးကတော့ ဆောင်းဟွန်းရဲ့ ပုခုံးပေါ်တွင် မေးတင်ရင်း Paris မြို့၏ အလှအားကြည့်နေ၏။ နားရွက်ဖျားသို့ လာရောက် တိုက်ခတ်တဲ့ ဂျေးရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် လေနုနုသည် ဆောင်းဟွန်းရဲ့ နှလုံးသားအား ရူးခါစေသည်။ဖက်‌ထားရာကတော့ ဆောင်းဟွန်းက ဂျေးဘက်လှည့်လာရင်း လက်ဖဝါးနုနုထဲသို့ ဂျေး၏ မျက်နှာအားထည့်ကာ အမြတ်တနိုး ကြည့်ရှု့၏ ၊ ချောမောမှုတို့ ကပ်‌ပါနေတဲ့ ဂျေးလို လူမျိုးအား ပိုင်ဆိုင်ထားရတဲ့ ဆောင်းဟွန်းဟာ သေချာပေါက် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးသာ ဖြစ်ပေလိမ့်မည်။

နမ်းရှိုက်လိုက်တဲ့ ဆောင်းဟွန်းရဲ့ နှုတ်ခမ်းတို့သည် ‌ကလေးလေးပေးခဲ့သော သကြားလုံးကြောင့် ချိုမြိန်နေကော ဂျေးစိတ်ထဲကနေ တိတ်တခိုးလေး ထိုကလေးလေးအား ကျေးဇူးတင်လိုက်လေသည်။လက်ခုပ်ဩဘာ ပေးနေကြတဲ့ လူများရဲ့ အသံကို ကြားသော်လဲ ဂျေးတို့ဟာ နမ်းရှိုက်နေမှုမပျက်ကြ။ ပိုတိုးကာ နမ်းရှိုက်နေခြင်းသည် အနမ်းတို့တွက် ပျော်မွေ့နေခြင်းကို ကိုယ်စားပြုသည်။

" Wo!!! "

လက်ခုပ်တီးတဲ့လူကတီး ထအော်တဲ့ လူကအော်နေတာကြောင့် စနမ်းခဲ့တဲ့ ဆောင်းဟွန်းကပဲ ရှက်နေလေသည်။ အနည်းငယ် ပုနေတဲ့ ဆောင်းဟွန်းအား ဂျေး ရင်ခွင်ထဲ ထည့်ကာ ဆံနွယ်တို့အား နမ်းရှိုက်လိုက်လေသည်။

သင်းပျံ့တဲ့ ခပ်သင်းသင်း ရနံ့လေးသည် ဆောင်းဟွန်း၏ ဆံနွယ်တွေမှာအစ ညှိတွယ်နေလေသည်။

" ချစ်တယ် သည်းငယ် "

" ကျွန်တော်လဲ ချစ်တယ် ဂျေး "

တိုးရှစွာ ထွက်ပေါ်လာတဲ့ အသံဟာ စိုရွှဲနေသော ဆောင်းဟွန်း၏ နှုတ်ခမ်းဖျားမှ ဖြစ်သည်။ တစ်ချက် အသံမြည်အောင် နမ်းရှိုက်လိုက်တော့ လူအုပ်ကြီးမှ အားကျသံတွေဟာ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်က အရှက်အကြောက်ကြီးလွန်းတဲ့ ဆောင်းဟွန်းဟာ ယခုတွင်တော့ လူကြားထဲတွင် သူ့အား သတ္တိရှ်ိရှိ နမ်းရှိုက်နေလေပြီ။

ညချမ်းသည် အလွန်ကိုပင် အဓိပ္ပာယ်များ ပြည့်ဝခဲ့ပြီး ကြည်နူးစရာ ကောင်းလွန်းခဲ့သည်။

သူ့ထက်ငါ အလုအယက် စီးဆင်းနေသော seine မြစ်ရေသည် ညအမှောင်ကြောင့် မှောင်မိုက်နေလေသည်။ သို့သော် သာယာသော ရေစီးသံတို့ကိုတော့ သေချာပေါက် ကြားရမည်ပင်ဖြစ်သည်။ ထိုမြစ်နဘေးသို့ ထိုအတွဲရောက်လာသည်မှာ ဒုတိယအကြိမ် ဖြစ်ပြီး ဒီတစ်ခါတော့ မိုးမရွာပါစေနဲ့ဟု ဆုတောင်းပါသည်။

ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ‌မြစ်ရေ၏ စီးဆင်းမှုအား ခံစားနေတဲ့ ဆောင်းဟွန်းဟာ ဤမျှပင် လှမှန်း ဂျေးအခုမှ သိတော့လေသည်။

" ဂျေး "

ဂျေးဟာ 'ဟင်' ထူးရင်း မေးငေါ့ကာ ဆောင်းဟွန်း အနားသို့ ရောက်လာလေသည်။

" ခများ အခုတစ်လော တစ်ခုခုနဲ့တူနေတယ် "

" ဘာနဲ့လဲ "

" ခင်ပွန်းကောင်း တစ်ယောက်နဲ့ "

ဂျေးဟာ ခပ်ဟဟလေးရယ်ရင်း ဆောင်းဟွန်း၏ ပါးအား နမ်းရှိုက်လိုက်သည်။ သူ့ရဲ့ နှင်းဖြူလုံးလေးဟာ ယခုလို လူရင်ခုန်စေတဲ့ စကားများကိုလဲ ပြောတတ်သေးသည်။

ဘာတဲ့?..။

ခင်ပွန်းကောင်း တစ်ယောက်?။

ဂျေးပတ်ခ်ဟာ နကိုထဲက ပတ်ခ်ဆောင်းဟွန်းရဲ့ ခင်ပွန်းလောင်းပဲလေ။

" ကိုယ်က နကိုထဲက မင်းရဲ့ ခင်ပွန်းလောင်းပါ သည်းငယ်ရဲ့ "

" ‌အင်းနော်! ကျွန်တော်ကလဲ ခများရဲ့ ခင်ပွန်းလောင်းပဲလေ "

အခုမှ သတိရကာ ‌ထောက်ခံတဲ့ ဆောင်းဟွန်းအားဂျေး စိတ်ဆိုးချင်ပင်မဲ့ စိတ်မဆိုးရက်။ ဒီလောက်လှတဲ့ ကောင်လေးကို ပိုင်ဆိုင်ထားပြီး အချိန်ပြည့်စိတ်ကောက်နေရမှာလား ၊ No! သူက ပတ်ခ်ဆောင်းဟွန်း စိတ်ကောက်ရင် ချော့ရမဲ့လူ။

" ဂျေး ကျွန်တော်တို့ လက်ထပ်ပြီးရင် ဘာလုပ်ကြမလဲ "

Paris ၏ ညချမ်းအချိန်တွင် Paris ၏လမ်းတွေမှာ လက်ချင်းယှက်နွယ်ကာ လမ်းလျှောက်နေကြတဲ့ ကောင်လေးနှစ်ယောက် ထဲက အသားဖြူဖြူ ကောင်လေးတစ်ယောက်ဆီမှ ထွက်လာတဲ့ စိတ်ကူးယဉ်ဆန်သော စကားတစ်ခွန်း။သို့သော်လဲ အနာဂတ်တွင် ထိုမေးခွန်း၏ အဖြေသည် တကယ်ဖြစ်လဲ ဖြစ်လာနိုင်ပါ‌သည်။

" ကိုယ်တို့တွေ လက်ထပ်ပြီးရင် အခုနေနေတဲ့ အိမ်ကနေ Seoul ထဲပြန်ပြောင်းမယ် ပြီးရင် မင်းနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲအတွက် ရည်ရွယ်ပြီး company တစ်ခုထောင်မယ် မင်းကတော့ co CEO ပေါ့လေ နောက်ပြီးတော့ မင်းကို ကိုယ့်ရင်ခွင်ထဲထည့်ပြီးတော့ ညတိုင်း နေ့တိုင်း ဘယ်လောက်ချစ်ကြောင်း ပြောပြမယ် အားလပ်ရက်တွေဆိုရင် မင်းက ဂယ်အူးလ် လေးနဲ့ ဆော့ပေါ့ မင်းကလေးလိုချင်ရင် ကိုယ်တို့ တစ်ယောက်လောက် မွေးစားကြမယ် "

အဝါရောင် လမ်းမီးတိုင်အောက် ဂျေးရဲ့ အပြုံးနုနုတို့သည် အနာဂတ်အား ကြိုမြင်ယောင်၍ ပြောနေဟန်ရှိ၏။ ဂျေးလက်ကို ဆုပ်ကိုင်ထားတဲ့ ဆောင်းဟွန်းကလဲ ဂျေးကို အမြတ်တနိုးစိုက်ကြည့်လျက်။

" ဂျေး ကျွန်တော့်ကို ဘယ်လောက်ချစ်လဲ "

" ကိုယ်မင်းကို ချစ်တဲ့အချစ်ကို ဘယ်လို အဓိပ္ပာယ်နဲ့ ပြောရမလဲ ပင်လယ်ရေတွေလိုမျိုးလား စကြဝဠာလိုမျိုး! မင်းကို ကိုယ်က စကြဝဠာကြီးလောက် ချစ်တာ "

ဆောင်းဟွန်းအား ရယ်သည်။

" ခများ သိပ်ချစ်ဖို့ကောင်းနေတာပဲ ဂျေး ကျွန်တော်တော့ တစ်နေ့‌တစ်နေ့ အချစ်တွေပဲ တိုးနေမိတယ် "

" တော်သေးတာပေါ့ အချစ်တွေပဲတိုးလို့ အမုန်းတွေ တိုးရင် နေရင်းထိုင်ရင်း ကိုယ်က စိတ်ညစ်ရအုံးမယ် "

နှုတ်ခမ်းလေး ဆူကာပြောနေတဲ့ ဂျေးဟာ အရင်အကြောင်းတွေနဲ့ ပတ်သက်ပြီး trauma အကြီးအကျယ်ရထားပုံပေါ်သည်။

ဆောင်းဟွန်းဟာ ဂျေးအား တင်းကြပ်စွာ ဖက်ထားရင်း တောင်းပန်စကား ဆိုလေသည်။

" ကျွန်တော်အခု ချစ်ပေးနေပြီလေ ကျွန်တော်မှားခဲ့တာ ကျွန်တော်သိတာပေါ့ ဂျေးရဲ့ ကျေးဇူးပြုပြီး အတိတ်က အကြောင်းတွေ ပြန်မပြောပါနဲ့လား ကျွန်တော့်ကို ကျွန်တော် တော်တော်လေး မုန်းမိလို့ "

ကျွန်တော် တော်တော်လေး မုန်းမိလို့။

ကျွန်တော် တော်တော်လေး မုန်းမိလို့။

ပတ်ခ်ဆောင်းဟွန်းက ဘာလို့သူ့ကိုယ်သူ မုန်းရတာလဲ မမုန်းရဘူး လုံးဝ မမုန်းရဘူး။

" ဟင့်အင်း ကိုယ့်ကိုယ်ကို မမုန်းပါနဲ့ သည်းငယ် မင်းကို တောင်ချစ်မဝတာ ကိုယ့်ကိုယ်ကို မမုန်းလိုက်ပါနဲ့ "

သူတောင် ချစ်လို့မဝတာကို ကလေးငယ်ဟာ သူ့ကိုယ်သူ မုန်းပါသည်တဲ့လား။ ဟင့်အင်း လုံးဝမုန်းခွင့်မပေးဘူး ကလေးငယ်ဟာ ဂျေးချစ်သလို သူ့ကိုယ်သူလဲ ချစ်ရမည်ပင်။

ဒါဟာ ပတ်ခ်ဆောင်းဟွန်းအတွက် သူချမှတ်ထားတဲ့ စည်းကမ်း။

" ဂျေး မအိပ်သေးဘူးလား "

ကုတင်ပေါ်တွင် တင်ပုလ္လင်ခွေထိုင်ကာ ဆောင်းဟွန်း လှုပ်ရှားသမျှ အရာအားလုံးကို ကြည့်ရှု့နေသည့် ဂျေးဟာ ချစ်စရာ အလွန်ကောင်းလှသည်။ခုနလေးမှ ခေါင်းလျှော်ထားတာကြောင့် undercut ညှပ်ထားတဲ့ ဆံနွယ်တို့ဟာ စိုထိုင်းထိုင်းဖြစ်နေကာ bathrobe ဖြင့် ကုတင်တွင် ထိုင်နေသည့် ဂျေးဟာ အခန်းထဲက Aircon 16 ကို လှောင်ပြောင်နေသလိုမျိုး။

" ခများရယ် ဆံပင်ရေစိုနေတာကို ခြောက်အောင် မသုတ်ဘူး ခများအမြဲအဲ့အတိုင်းပဲ "

ပွစိပွစိပြောကာ dryer အား ပလပ်ထိုးနေတဲ့ ဆောင်းဟွန်းဟာ အဖိုးကြီးပေါက်စနဲ့ ထူးမခြားပေ။

" လာဒီနားလာ "

ခုံအသင့်ချကာ သူ့အနားသို့ ခေါ်နေတာကြောင့် ဂျေးပြုံးကာ ဆောင်းဟွန်းအနား သွားမိသည်။ ‌ဂျေး၏ ဆံနွယ်တို့ထဲ တိုးဝင်နေတဲ့ လေပူပူနဲ့အတူ ဆောင်းဟွန်းရဲ့ လက်ချောင်းနုနုလေးတွေဟာလဲ တစ်ပါထဲပင် ဖြစ်သည်။

ဂျေးကတော့ pajamas အား ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားသည်မို့ ရက်ရောစွာ ပြသခြင်းခံထားရတဲ့ ရင်အုပ်ဖြူဖြူတောင့် တောင့်အား လက်ဖြင့် တို့ထိကာ ကစားနေလေသည်။ ဂျေး၏ ဆိုးသွမ်းမှုကြောင့် ရင်ဘတ်တွင် အနီကွက်အချို့ဟာခဲ ယခုထိတိုင် ရှိနေစမြဲပင် ဖြစ်သည်။

" ကဲ! ပြီးပြီ! နောက်တစ်ခါအဲ့လို မနေရဘူးကြားလား ခေါင်းကိုက်တတ်တယ် "

" ကောင်းပါပြီဗျာ ကိုကို့သည်းလေးဆူတာလေးက နားထဲ ပျားရည်လောင်းချလိုက်သလိုပဲ "

ပြောလေကဲလေ ဖြစ်နေတဲ့ ဂျေးရဲ့ နှဖူးလှလှပေါ်သို့ ကျရောက်လာတဲ့ ခပ်ပြင်းပြင်း တောက်ချက်တစ်ချက်။ ဂျေးက‌ နာကျင်၍ နှဖူးအား ပွတ်နေပင်မဲ့ ဆောင်းဟွန်းကတော့ ကျေနပ်နေတဲ့ အပြုံးကြီး ချိတ်ဆွဲထားခြင်းကို မလျော့ကျ။

" ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ Right time မှာ Right person ကို ပို့ပေးခဲ့လို့ "

" ကိုယ်လဲ ဘုရားသခင်ကို ကျေးဇူးတင်မိတယ် "

တင်းကြပ်စွာ ဖက်ထားခံရတဲ့ ဆောင်းဟွန်းရဲ့ ခါးသွယ်သွယ် ၊ ဗိုက်သားနုနုထက် ပါးကပ်ကာ ချွဲနေတဲ့ ကြောင်နက်သည်လဲ အလွန်ကိုပင် ခန့်ညားလွန်းသည်။

ဘာတွေဘယ်လိုပဲ တားဆီးနေပါစေ ခရီးလမ်းတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ သူတို့နှစ်ယောက် ရဲရဲကြီးရင်ဆိုင်ပြီး တစ်ယောက်ကိုယ်တစ်ယောက် ချစ်ပြမယ်ဟု ဆောင်းဟွန်း သူ့ကိုယ်သူ ကတိပေးလိုက်လေသည်။

MEETING YOU

တစ်နေ့တာ၏ အလုပ်အား လုပ်ဆောင်ရန် ထွက်ပေါ်လာသည့် နေမင်းကြီးသည်တောက်ပလျက် ‌ရှိနေကာ seine မြစ်တွင် ခုတ်မောင်းနေသော အပျော်စီးသဘော်ပေါ်တွင်လဲ အပြုံးတွေဝေဆာနေသော လူများဖြင့် ပြည့်နှံ့လျက် ‌ရှ်ိသည်။

သဘော်ပေါ်တွင် မနက်စာစားနေကြသော လူအချို့နဲ့အတူ မြစ်ရေနှင့် Paris မြို့၏ အလှအား မှတ်တမ်းတင်နေတဲ့ လူတွေဟာ အများအပြား။ ပန်းကန်နှင့် ဇွန်းခြစ်သံတို့နှင့်အတူ ပြင်သစ်စကားသံ English စကားသံတို့ဟာလဲ ပြည့်နှံ့လျက်။

ဆောင်းဟွန်းကတော့ ခြေတစ်ချောင်းပေါ် တစ်ချောင်းချိတ် ထိုင်ရင်း ရှန်ပိန်လေး တမျှမျှဖြင့် ရှု့ခင်းအား ကြည့်နေသည်မှာ လူကြီး‌လူကောင်း ဆန်လှသည်။

ပေါ့ပေါ့ပါးပါး shirt နက်ပြာလေးတစ်ထည်ကို အပေါ်မှ jean coat လေးထပ်ထားကာ baggy jeans အနက်တစ်ထည်နှင့် ဆောင်းဟွန်းဟာ အရပ်ရှည်ရှည် ၊ ‌ချောမောလွန်းသည့် ရုပ်ရည်တို့ဟာလဲ ပျိုမဒီတို့အား သမင်လှည်ပြန် ငေးကြည့်ရလောက်သည့် ရုပ်ရည်မျိူးပင် မဟုတ်ပါသလား။

သို့သော် ပျိုမဒီလေးတွေအစား ပတ်ခ်ဆောင်းဟွန်း ဆိုသည့် အမျိုးသားသည် သူ့ရှေ့က နာမည်ကြီး model သေလောက်အောင် ချောတဲ့ Jay Jongsung Park ကိုမှ ရင်ခုန်နေတာ သိရင် အမျိုးသမီးထုကြီး စွေ့စွေ့ခုန်လေမလား။

ဂျေးကတော့ ကော်ဖီတို့အား မွှေရင်း အလုပ်ရှုပ်နေလေသည်။

ထိုကြည့်ကောင်းလှသည့် ပုံရိပ်အား ဆောင်းဟွန်းကတော့ တိတ်တခိုးလေး မှတ်တမ်းတင်ထားခဲ့လေသည်။

" သည်းငယ် Paris ရဲ့ နောက်ဆုံးနေ့မှာ သည်းငယ် ဘာလုပ်ချင်လဲ "

ဟုတ်ပါရဲ့။ ဘာလိုလိုနဲ့ သူတို့ သိပ်လှပြီး အမှတ်တရတွေ ပြည့်နှံ့နေတဲ့ Paris မြို့ကြီးကို ခွဲခွာရတော့မည်။

" Sainte Chapelle သွားကြရအောင်လေ "

" ပြီးရင်ရော "

" ပြန်နားကြမယ်လေ "

ဂျေးက ခပ်ဖွဖွ ခေါင်းညှိမ့်ရင်း ဆောင်းဟွန်းအား မူပိုင်အပြုံးနုနုလေး ပြုံး၏။ လေပြေနုနုတို့ တိုးဝှေ့ခိုက် ရေပြင်ဟာလဲ သေးငယ်သော လှိုင်းလေးများဟာ ထခုန်လျက် ရှိသည် ၊ ဂျေးကတော့ ဆောင်းဟွန်း၏ လက်ဖမိုးလေးအား သူ့လက်ဖြင့် ဆုပ်ကိုင်ရင်း စကားပြောနေသည်မှာ နူးညံ့လှသည်။

ဆောင်းဟွန်းသည်လဲ ဂျေး၏ လှပသော အချစ်စကားတို့ကြောင့် ရှက်သွေးလေး ဖြာသွားရသည်မှာလဲ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့ပေ။

* ငါဒီနေ့ Seine မြစ်မှာ အပျော်စီးလှေစီးရင်း ဂျေးပတ်ခ်နဲ့ တွေ့ခဲ့တယ် ဘုရားရေ သေလောက်အောင် ချောပြီး သူ့ရည်းစားကို ချစ်ကြောင်းပြောနေတာ *

* Gosh! ငါတို့ရဲ့ Red Flag ကြီးက Green Flag ကြီးဖြစ်သွားပြီပေါ့ *

* ဂျေးပတ်ခ်က အခုမှရည်းစားထားဖူးတယ် ထင်တယ် အဖြစ်သဲလိုက်တာ *

မြောက်မြားလှသော comment တွေနဲ့ ဆောင်းဟွန်းနဲ့ ဂျေး အပျော်စီးလှေပေါ်က ဓာတ်ပုံတို့ဟာလဲ ပျံ့နှံ့လျက်ရှိနေ၏။ hate comment တွေ ရှိသော်လဲ ဂျေးဟာ လုံးဝဂရုမစိုက်။

" ဂျေး hate comment တွေတက်နေတယ် "

ဖုန်းအား ကိုင်ကာ စိုးရိမ်ပူပန်မှုများစွာ ကျရောက်နေသော ဆောင်းဟွန်းရဲ့ မျက်နှာဟာ သိသိသာသာ။ ဆောင်းဟွန်းရဲ့ လက်‌အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း လက်ဖဝါးလေးအား နူးညံ့စွာ အသံမြည်သည်အထိ ဖိကပ်နမ်းလေသည်။

" ဒီမှာ သည်းငယ် အဲ့ hate comment တွေကိုယ် စိတ်မဝင်စားဘူး ကိုယ်စိတ်ဝင်စားတာ မင်းကိုလေ "

" ဒါပင်မဲ့ ဂျေး.. "

" Shh.. ကိုယ့်ကို ယုံလား "

ဆောင်းဟွန်းက ခပ်ဖွဖွခေါင်းညှိမ့်၏။ သူယုံပါသည် ဂျေးကို သူ့တစ်ဘဝလုံး ပုံအပ်ပေးသည်အထိ သူယုံသည် ဒါပင်မဲ့ သူကြောက်သည် ၊ အထီးကျန်မှုကို ကြောက်တယ်ဆိုတာထက် ဂျေး သူ့အနားက ထွက်သွားမှာကို ကြောက်တာ။

" ကိုယ်က မင်းအနားမှာပဲ အမြဲနေမှာ မင်းထွက်သွားခဲ့ရင်တောင် ကိုယ်က မရရတဲ့ နည်းနဲ့ ပြန်ခေါ်မှာ "

" အကယ်လို့ ကျွန်တော့်ရဲ့ ဆန္ဒမဟုတ်ပဲ ဆွဲခေါ်ခံလိုက်ရရင်ရော? "

ဂျေးက သက်ပြင်းဖွဖွချ၏။ ပြီးတော့ ‌နှင်းကဲ့သို့ ဖြူစင်ကာ ပိုးသားကဲ့သို့ နူးညံ့သော မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ရင်း galaxy တစ်ခုလုံး ပါဝင်နေဟန်ရသည့် မျက်ဝန်းတို့အား ကြည့်ရှု့ခိုက် ဘယ်ဘက် ရင်အုံမှ အကောင်ပေါက်ငယ်ဟာ ခုန်ပေါက်လေသည်။

" ကိုယ်ပြောပြီးသားလေ မရရတဲ့နည်းနဲ့ ပြန်ခေါ်မှာလို့ "

အေးဆေးတည်ငြိမ်လှသည့် အသံသည် ဆောင်းဟွန်း၏ နားထဲသို့ တိုးဝင်ပြီး နားစည်ကို ရိုက်ခတ်ခိုက် ဘယ်ဘက်ရင်အုံဟာ လှက်ခနဲ တစ်ချက် ခုန်သည်။

လှပလွန်းသည့် ဘုရားကျောင်းထဲသို့ လက်ချောင်းများ ရောယှက်ကာ ဝင်လာသည့် ကောင်လေးနှစ်‌ယောက်သာ k drama ထဲမှာသာဆိုရင် သေချာပေါက် နောက်ခံအချစ်သီချင်းလေးနဲ့ တစ်လှမ်းဆီ လျှောက်လှမ်းလာလိမ့်မည်ပင်။

ရောင်စုံတောက်ပလှသော မှန်များဖြင့် တည်ဆောက်ထားသော ဘုရားကျောင်းအတွင်းတွင် ကမ္ဘာလှည့်ခရီးသည်များနှင့်အတူ အခြားသော မြို့သူမြို့သားများလဲ ရှိ၏။

Rose window ဟုတင်စားခေါ်ဝေါ်သော ရောင်စုံ မှန်များနှင့်အတူ ခေါင်မိုးမှ ချိတ်ဆွဲထားသော ဖယောင်းတိုင်များဟာ အခန်းမကြီးအား မှော်ဆန်မှုတွေနဲ့ ပြည့်နှံ့စေသည်။

ဆောင်းဟွန်းကတော့ ဖုန်းဖြင့် မှတ်တမ်းတင်ရင်း အလုပ်ရှုပ်နေလေသည်။ Gothic style ဖြင့်တည်ဆောက်ထားသော Sainte Chapelle royal chapel သည် အလှဆုံးနေရာဖြင့် သတ်မှတ်ခံရသည်မှာ မဆန်းပေါင်။

" ကိုယ်တို့ concert အချိန်မရောက်လာတာ နာတယ် မဟုတ်ရင် ဒီနေရာနဲ့ဆို သိပ်လိုက်ဖက်မှာ "

ဂျေးက မကျေနပ်စွာ ဆိုရင်း အဆောက်အဦးအား ‌လှည့်ပတ်ကြည့်ရှု့‌သည်။ ဂျေးလို ချောမောလှသော ကမ္ဘာလှည့် ခရီးသည်တွေကြားမှ ဂျေးက ပိုချောမော ခန့်ညားနေသလိုမျိုး ရှိသည်ဟု ဆောင်းဟွန်း ကောက်ချက်ချမိလိုက်သည်။

" အေးအေးဆေးဆေး နေလို့ရတာပေါ့ ခများရယ် မဟုတ်လား "

" အဲ့လိုနဲ့ပဲ ဖြေရတာပေါ့ "

" ခများ အဲ့နှုတ်ခမ်းလေးဆူဆူပြီးတော့ ပြောပြန်ပြီ ချစ်ဖို့ကောင်းလိုက်တာ! "

ဆူထွက်နေသော နှုတ်ခမ်းလေးတို့ကို ဆောင်းဟွန်းက လက်ညိုးငေါက်ငေါက်ထိုးရင်း ချစ်ဖို့ကောင်းကြောင်း ပြောလေသည်။ တစ်မျိုးလေးတော့ ၊ သူချစ်ဖို့ကောင်းတယ်လို့ ချီးကျူးတာကြတော့။

ဝန်ထမ်းကောင်မလေး၏ မိနစ် 30 လောက် ဒီဘုရားကျောင်းထဲ အချိန်ဖြုန်းရင် လုံလောက်ပြီဟူသော စကားကြောင့် မိနစ် 30 အချိန်ဖြုန်းရင်း သူတို့ ဟိုတယ်သာ ပြန်လာခဲ့တော့သည်။ ကုန်ဆုံးခဲ့တဲ့ ရက်တွေထဲမှာ သူတို့ Paris မြို့မှာ အတော်နှံ့ခဲ့သည်ဟု ပြောရမယ်။

ယခုတွင်တော့ နှစ်ယောက်သား အပေါ်ပိုင်းဗလာဖြင့် အိပ်ယာထဲတွင် တစ်စောင်ထဲခြုံကာ ဂျေး၏ ရင်ခွင်ထဲတွင် ဆောင်းဟွန်းရောက်နေလေ၏။ ဂျေးကတော့ ဆောင်းဟွန်း၏ ဆံနွယ်လေးတွေကို ဆော့ကစားနေ‌ကာ ဆောင်းဟွန်းကတော့ ဂျေး၏ ရင်အုပ်တောင့်တောင့်ပေါ် မေးတင်ရင်း ဖွင့်ထားသော Titanic ကားကို စိတ်ပါဝင်စားစွာ ကြည့်ရှု့နေလေ၏။

ဆောင်းဟွန်းဟာ အခုတလော English movie အချို့ကို ဓာတ်ကျနေဟန်ရ၏ ၊ အလာထဲကလဲ လေယာဉ်ပေါ်တွင် The Black Widow movie ကိုစိတ်ဝင်တစား ကြည့်နေခဲ့ပြီး ယခုတွင်လဲ Titanic ကို ‌သူ့(ဂျေး) ထက်ပို၍ စိတ်ဝင်တစား ကြည့်ရှု့နေ၏။

" အဲ့လောက်တောင် Titanic ကို ကြိုက်တာလား သည်းငယ် "

ဆောင်းဟွန်း၏ ဆံသားအိအိတို့အား ဆော့ကစားရင်း ဂျေးကမေးတော့ ဇာတ်ကားအကြည့်ရေးပေးနေရင်းနဲ့ ဆောင်းဟွန်းဟာ 'အင်း' ဟုပြုလာသည်။

" ဘာလို့ ခွဲခွာရတဲ့ ဇာတ်ကားကို သည်းငယ်က ကြိုက်ရတာလဲ "

" ခွဲခွာခြင်းဆိုတာထက် ဒီဇာတ်ကားက မမြင်ရတဲ့သံယောဇဉ်ကြိုးရဲ့ ခိုင်မြဲပုံကို ဖော်ပြထားတာလေ "

" ဒါဆိုလဲ ကိုယ်တို့နှစ်ယောက်လဲ ဇာတ်ကားရိုက်ရအောင် 'ဂျေးနှင့် သူ၏ ချစ်စဖွယ်ကောင်လေး' ဆိုပြီးတော့လေ "

ထိုအခါ ဆောင်းဟွန်းဟာ ရှက်သွားဟန် တစ်ချက်ရယ်သည်။ ဂျေးကတော့ တစ်ဖန်ဆောင်းဟွန်း၏ ‌ခါးအား သိုင်းဖက်ရင်းရင်ဘတ်ပေါ် မေးတင်ကာ မျက်နှာနုနုအား အမြတ်တနိုး ကြည့်လိုက်လေသည်။

ချစ်စဖွယ်ကောင်းသော ထိုမျက်နှာလေးကိုသာ မမြင်ရတော့တဲ့ တစ်နေ့ ဘယ်လိုတောင်နေရပါ့မလဲ။ဇာတ်ကားအား အာရုံမစိုက်နိုင်တော့တဲ့ ဆောင်းဟွန်းဟာ ဂျေး၏ ဆံသားတို့ထဲ လက်ချောင်းများထည့်ကာ နှုတ်ခမ်းနုနုပေါ်သို့ အနမ်းတစ်ချက် ချွေလိုက်၏။

‌အစချီလိုက်တာ ဆောင်းဟွန်းဆိုပင်မဲ့ ဦးဆောင်သူဟာ ဂျေးဖြစ်ခဲ့လေသည် ၊ ဆောင်းဟွန်းအား အုပ်မိုးကာ နမ်းရှိုက်နေတဲ့ ဂျေးလက်ချောင်းများသည် ဆောင်းဟွန်း၏ ဖြူဖွေးလှသော လည်ပင်းများတွင် ရှိနေလေသည်။

ဆောင်းဟွန်း၏ ဗိုက်သားနုနုပေါ်တွင် ‌လက်ချောင်းများကို ပြေးလွှားစေသည်။ ‌style pants ထဲ လျှိုဝင်သွားသော လက်တို့ကြောင့် ‌ဂျေးဟာ ခပ်ညစ်ညစ်ပြုံးကာ ဆောင်းဟွန်းကို ကြည့်လေသည် ၊ ဆောင်းဟွန်းကတော့ မျက်ဝန်းများကို မှိတ်ထားလျက် နှုတ်ခမ်းလွှာတို့အား ဟကာ အောက်စီဂျင်အား အသဲအသန် ရှိုက်နေလေသည်။

" သည်းငယ် ကိုယ့်ကိုချစ်လား "

" ချစ်တယ် "

" ဒါဆို ခွင့်ပြုလား "

Galaxy အပြည့် ဖြည့်ထားဟန် ရှိသော မျက်ဝန်းတို့ဟာ ဂျေးအား အံ့ဩသလို ကြည့်ပြီးမှ နူးနူးညံ့ညံ့ပြုံးကာ မျက်နှာများ နီမြန်းလျက် ခေါင်းအား ညိမ့်သည်။

ခွင့်ပြုချက် ရသွားတဲ့ ဂျေးဟာ ၊ မိခင်ဆီမှ အပြင်ထွက်ရန် permission ရသွားဟန် ပျော်ရွှင်သွားကာ နိဗ္ဗာန်သို့ တက်ရန်ပြင်ဆင်လေသည်။

Paris မြို့၏ ညချမ်းအချိန်သည် ပျော်ရွှင်စရာများဖြင့် ပြည့်နှံ့ခဲ့လေသည်။

" ဂျေး.. ဟင့်! "

အသက်ရှုသံ ပြင်းရှရှ ၊ Aircon ထဲတွင် ချွေးများဖြင့် ဆူညံနေသော အခန်းတစ်ခန်း။

လေဝင်မည့် နေရာမရှိအောင် ပူးကပ်နေကြတဲ့ နှစ်ယောက်ဟာ အလွန်ကိုပင် ချစ်ဖို့ ကောင်းလှပါသည်။

MEETING YOU

12.4.2024

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories