Fanfics

8

18:51, 22 April 2024

အချိန်မဟုတ် အခါမဟုတ် ညနက်ချိန်၌ မိုးဟာ ရွာချလာသည်။ ကြီးမားလွန်းသည့် အိမ်ထဲတွင် ဆောင်းဟွန်း တစ်ယောက်ထဲရှိနေ၏။ တစ်ဖြေးဖြေး များများလာတဲ့ မိုးမင်းသည် ဆောင်းဟွန်း၏ စိုးရိမ်စိတ်အား မြင့်တက်စေသည်။

အချိန်အားဖြင့် 10 နာရီထိုးတော့မည်။ နောက်ကျမည်ဆိုရင်လဲ 9 နာရီထက် နောက်မကျတတ်တဲ့ ဂျေးသည် ယနေ့မှ ထူးထူးဆန်းဆန်း။

ဆောင်းဟွန်း လိုက်ကာအနည်းငယ်ဟကာ ခြံထဲ ကြည့်မိတော့လဲ မှောင်မိုက်နေတဲ့ ခြံဝန်းထဲက မီးတိုင်များနှင့်အတူ သဲကြီးမဲကြီး ရွာချနေတဲ့ မိုးကလွဲ၍ မည်သူမျှမရှိ။

မုန်းသည်ဟု ဆိုသော်လဲ ဆောင်းဟွန်း စိတ်ထဲကနေ ဂျေး အန္တရာယ်ကင်းအောင် ‌ဆုတောင်းနေမိသည်။

* Tick Tock *

* Tick Tock *

တစ်ချက်ချင်းဆီ စည်းချက်မှန်မှန်ဖြင့် ရွေ့လျားနေတဲ့ နာရီလက်တံတွေနဲ့ ကျော်လွန်သွားသော မိနစ် နာရီ စက္ကန့် တို့။ သို့သော် ဂျေးဟာ ပြန်မရောက်လာခဲ့ပေ။

အောက်ထပ် မြန်မြန်ဆင်းကာ အိမ်ဖုန်းနဲ့ ဂျေးရဲ့ ဖုန်းအား ဆက်ကြည့်တော့လဲ မကိုင်ခဲ့ပေ။

မိုးတွေဟာ ရပ်စဲသွားခြင်း မရှိခဲ့ပေ။ တံခါးဝ၌ ထည့်ထားသော ထီးခြင်းထဲမှ ထီးအား ဆွဲယူရင်း ခြံထဲပြေးဆင်းမိသည်။ လေပါ ပါသည့်မိုးကြောင့် ဆောင်းဟွန်းရဲ့ ကိုယ်လုံးမှ ရွှဲလို့။

" ဆောင်းဟွန်း!! "

မိုးရေထဲ ပြေးလွှားနေတဲ့ ဆောင်းဟွန်းအား ဂျေးဟာ မြင်ခိုက် ကားထဲ ပြေးဆင်းလာ၏။

" ဘာလုပ်တာလဲ သည်းငယ်! မိုးရွာနေတယ်လေ "

မိုးသံတို့နဲ့အတူ ဂျေးရဲ့ အသံဟာလဲ ကျယ်ကျယ် လောင်လောင်။ ထီးမိုးပေးထားတဲ့ ဂျေးရဲ့ မျက်နှာဟာလဲ ခက်ထန်လွန်းသည်။

" ခများ အိမ်ပြန်နောက်ကျတယ်!! "

မိုးသံတို့နဲ့ အတူ ဆောင်းဟွန်း၏ အသံဟာလဲ ကျယ်ကျယ်လောင်လောင်။

" မိုးကလဲ ရွာနေတယ် ထီးကလဲမယူသွားဘူး!! ဘယ်လောက် စိတ်ပူနေလဲ ခများသိလား!! "

ဆူဆူညံညံ မိုးသံတို့သည် ဂျေး၏ နားစည်သို့ မရိုက်ခတ်နိုင်တော့ခြေ။ မိုးရေအနည်းငယ်ဆိုနေတဲ့ ဆောင်းဟွန်းဟာ သူ့စကား ဘယ်အထိ ရောက်သွားလဲဆိုတာ သိပုံမပေါ်ခဲ့ပေ။

ဂျေး ဆောင်းဟွန်း၏ မျက်နှာအား ဒီအတိုင်းပင် ကြည့်နေမိတော့သည်။ စိုးရိမ်စိတ်များ တရိပ်ရိပ် သန်းနေတဲ့ မျက်နှာနုနုအား လက်နှစ်ဖက်ဖြင့် အသာအယာ အုပ်ကိုင်လိုက်ရင်း နှုတ်ခမ်းဖူးဖူးလေးအား နမ်းရှိုက်မိသည်။

ဂျေး၏ ကျယ်ပျံ့ပျံ့ ပုခုံးအား လာကျရောက်သော မိုးရေအေးအေးတို့ခဲ ဂျေး မခံစားမိပါ။ဆောင်းဟွန်း ကိုင်ထားသော ထီးအနက်အား အဝေးသို့ လွှတ်ပြစ်လိုက်ရင်း မိုးရေထဲ ဒုတိပံပိ အနမ်းပေးခဲ့ပြန်သည်။

ပတ်ခ်ဆောင်းဟွန်း ဟာ သူ့ကိုစိတ်ပူတယ်တဲ့လေ။ မုန်းသည် မုန်းသည်ဟု တဖွဖွ ပြောနေတဲ့ ဆောင်းဟွန်းဟာ သူ့ကိုစိတ်ပူတာ ဖြစ်နိုင်ပါ့မလား။

" ကိုယ့်ကို စိတ်ပူတယ်လား "

မိုးသံတို့ဟာ ကျယ်လောင်ပင်မဲ့ ဂျေး၏ အသံကို သဲသဲကွဲကွဲကြားရ၏။

" မ..မဟုတ်ဘူး! "

" လိမ်တယ်!! Haha!! ပတ်ခ်ဆောင်းဟွန်း က ကျုပ်ကို ချစ်လျက်နဲ့ လိမ်တယ်ဗျို့!!! "

ဂျေးဟာ မိုးရေထဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်၏။ အရူးတစ်ယောက်ကို အော်ဟစ်နေပင်မဲ့ ဂျေးရဲ့ အပြုံးဟာ ဘယ်အရူးဆီမှာမှ တွေ့မရနိုင်တဲ့ အပြုံးမျိုး။

" ကိုယ့်ကို ချစ်တယ်ဆို ချစ်တယ်ပြောလေ!! စောင့်နေရတာ အရူးလိုပဲ! "

" ဂျေးပတ်ခ် ခများက အရူးကြီး!! "

ဂျေးရဲ့ ရင်အုံအား ခပ်ဖွဖွထုကာ ထွက်သွားတဲ့ ဆောင်းဟွန်းအား လက်ကောက်ဝတ်မှ ဆွဲကာ ရင်ခွင်ထဲ ထည့်လိုက်၏။ မိုးရေကြောင့် ချမ်းစိမ့်စိမ့် ဖြစ်နေနိုင်တဲ့ ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်အား ဂျေးဟာ အနွေးဓာတ်ပေးလေသည်။

" ချစ်တယ် ချစ်တယ် ချစ်တယ် ညီးငွေ့နေလား ဒီစကားတွေပဲ နေ့တိုင်းကြားရလို့ "

ဆောင်းဟွန်းဟာ ရင်ခွင်ထဲ ငြိမ်သက်လျက်။

သို့သော် ဆောင်းဟွန်းဘယ်ဘက်၌ အကောင်ပေါက်ငယ်ဟာ ခုန်ပေါက်နေလေသည်။

" သည်းငယ် ညီးငွေ့နေတဲ့ စကားတွေရဲ့ အဖြေက အခုတော့ 'မချစ်ဘူး' ဆိုတာ ဖြစ်နေနိုင်ပင်မဲ့ တစ်ချိန်ကြရင် 'ချစ်တယ်' ဆိုပြီး ပြောင်းလာနိုင်တယ် သည်းငယ် "

" ခများ သိပ်တိကျနေရော ဘာလဲခများက "

" ပတ်ခ်ဆောင်းဟွန်းရဲ့ အနာဂတ် ကောင်လေး "

MEETING YOU

" နွေးနွေးထွေးထွေး နေရမယ် "

ဂျေးဟာ ပြောရင်းဆိုရင်း ဗီရိုထဲသိမ်းထားတဲ့ ဒိုင်နိုဆော pajamas လေးကို ထုတ်လာ၏။ အမြီးပါ ပါပြီး တစ်စပ်ထဲ ဝတ်ရတဲ့ ညအိပ်ဝတ်‌ဆုံဖြစ်ကာ နွေး‌လဲ နွေး၏။

Bathrobe အား ရင်ဘတ်လေးဟထားတဲ့ ဂျေးဟာ ရှည်လျားလှတဲ့ အရပ်နဲ့ လိုက်ဖက်လို့နေ၏။

ပြောမဲ့သာ ပြောတာ..။

ဂျေးပတ်ခ်က သိပ်ခန့်တာ။ ခပ်ထင်းထင်း မေးရိုးတွေ ၊ သိမ်းငှက်တစ်ကောင်လို စူးရှရှ မျက်ဝန်းတွေ။ နောက်ပြီး ဆောင်းဟွန်းရဲ့ ခါးပတ်လို့ ဖြစ်နေတဲ့ သန်သန်မာမာ လက်တွေ။

" အေးနေလား "

Bathrobe ပတ်ထားသော ဆောင်းဟွန်းအား လက်မောင်းမှ လာ၍ ပွတ်သပ်ပေး၏။ အခုပှ ရေချိုးပြီးကာစမို့ ဆောင်းဟွန်းနဲ့ ဂျေးရဲ့မျက်နှာဟာ ဖြူဖွေးနေကာ သန့်ပြန့်နေ၏။

ဂျေးရဲ့ အရှေ့ဆံပင်တို့ဟာ ရေစိုနေပြီး မျက်နှာရှေ့ နှောက်ယှက်လို့နေ၏။

" သည်းငယ် "

" ဟင် "

" ခုန ကိုယ့်ကို စိတ်ပူတယ်ဆိုတာ တကယ်လား "

ဂျေးဟာ မိုးရေထဲ သူပြောခဲ့တဲ့စကားကို အခုထိ မှတ်ထားပုံရ၏။ နီးကပ်နေတဲ့ မျက်နှာတို့နှင့် ထိစပ်လုနီးပါး နှုတ်ခမ်းတို့သည် ဆောင်းဟွန်းအား ရှက်သွေးဖြာစေသည်။

ဂျေးနဲ့ ပတ်သတ်ရင် သူ့နှလုံးသားက စက်စက်တောင် ထိမခံတော့ပေ။

" ဟင်? ကိုယ့်ကို တကယ် စိတ်ပူသွားတာလား "

" မ..မဟုတ်ဘူး "

ပေါ်တင်လိမ်တဲ့ ဆောင်းဟွန်းအား ဂျေးဟာ ခပ်ပြုံးပြုံးပင် ကြည့်နေ၏။

" သည်းငယ် "

တစ်ဖက်သို့ လှည့်နေသော မျက်နှာနုနုလေးအား မတိရက်မကိုင်ရက် ၊ ပဲ့ကျသွားမှာဆိုး၍ မေးဖျားလေးအား ခပ်ဖွဖွလေး ဆွဲယူကာ ကြည့်မိသည်။

ချစ်စိတ်တွေသာ တိုးလာမိပြန်သည်။

" ကိုယ့်ကို မုန်းလားဟင် "

ဆောင်းဟွန်း စောင့်မျှော်နေခဲ့သည့် အမေးနဲ့ တလွဲဆီထွက်လာသောကြောင့် ဂျေးအား ကြောင်အစွာ ကြည့်နေမိသည်။

" အင်း "

" ဘယ်လောက်ထိ မုန်းလဲဟင် "

" အတိုင်းတာမရှိ "

ချစ်တယ်။

ခများဆိုတဲ့ ဂျေးပတ်ခ်ကို အတိုင်းတာမရှိချစ်တယ်။ ကျွန်တော့်နှလုံးသားက ခများမှခများ ဖြစ်နေတာ ၊ ခများကိုပဲ တွေး ခများကိုပဲ လွမ်း ခများမှ ခများဖြစ်နေတာ ဂျေးပတ်ခ်ရ။

ဂျေးဟာ ခပ်ဟဟလေး ရယ်သည်။

ဆောင်းဟွန်းရဲ့ ပါးကို လက်ဖမိုးလေးဖြင့် ခပ်ဖွဖွ ပွတ်ရင်း..။

" လုပ်ထားအုံးပေါ့ "

ခနဲ့သလိုလို ခြောက်သလိုလို ဆိုသည့် ဂျေးဟာ စကားအဆုံး ခပ်ညစ်ညစ် ပြုံး၏။ထို့နောက် ကုတင်ပေါ် ထုတ်ပေးထားတဲ့ အကျီ တင်ပေးကာ သူကတော့ ပြတင်းပေါက်နား armchair တွင်ထိုင်ရင်း ဝိုင်အား အရသာခံသောက်နေလေ၏။

MEETING YOU

တောင်ကိုရီးယား နိုင်ငံအတွင်းရှိ နာမည်ကြီး fashion company တို့စုပေါင်း ပြုလုပ်တဲ့ ပွဲတစ်ခုဟာ နာမည်ကြီး ဟိုတယ်တစ်ခုတွင် ပြုလုပ်လေ၏။

Camera မီးတစ်ဖြတ်ဖြတ်တို့သည် ဆောနူနှင့် နီခီတို့ ကားထဲမှ ထွက်လာသည့်အချိန် ပိုလို့ပင် များလာ၏။ Extraordinary ၏ ငယ်ငယ်ရွယ်ရွယ် CEO လေးသည် suit အား ပုံစံအဆန်းဖြင့် ဝတ်ဆင်ထား၏။

Black suit ၏ ဘယ်ဘက်တွင် အတွန့်များဖြင့် ပြင်ထားသည်။ ထို့နောက်တွင်တော့ style pants အား အောက်အနားအကားဖြစ်ကာ ကျောနောက်တွင်တော့ စိန်ကြိုးတို့အား တပ်ဆင်ထား၏။

ထိုနည်းတူ သူ့၏ အပိုင် ကင်မ်ဆောနူလေးဟာလဲ ဝတ်ဆင်ထားသော ဖြူဖွေးနေသော suit အား တစ်လတ်လတ်တောက်ပနေသော စိန်တို့ဖြင့် ပြုလုပ်ထား၏။

အပြုံးချိုချို ကြောင်ပေါက်လေးနဲ့ ဘေးက အနက်ရောင် ကျားသစ်ပေါက်လေးပေါ့။

အခန်းမကျယ်ကျယ်အား အနည်းငယ် အမှောင်ချထားကာ ‌stage အကြီးကြီး၏ ဘေးတွင်ပန်းများချထားပြီး မီးများထိုးထား၏။

" အဆင်ပြေရဲ့လား ကိုကို ဝတ်ဆုံက လေးနေလား "

" လေးပင်မဲ့ ‌သယ်ရတာ တန်ပါတယ် "

ဆောနူက ခပ်ပြုံးပြုံးဆိုတော့ နီခီပါ လိုက်ပြုံးမိသည်။ သာမန်နေ့တွေထက် လှပလွန်းတဲ့ ကိုကိုဟာ ကျွန်တော့်နှလုံးသားကို သာမန်ထက် အစပေါင်းများစွာ ခုန်ပေါက်စေရန် အမိန့်ပေးနေလေသည်။

Camera သမားများနှင့်အတူ ရောက်လာတဲ့ နာမည်ကြီး model , actor , singer Jay Park ရဲ့ မျက်နှာဟာ ခက်ထန်လျက်။ တကယ့်ကို နာမည်ကြီး တစ်‌ယောက်နဲ့ ပြည့်စုံတဲ့ ရုပ်ရည် ၊ အပြုံး နှင့် ဂုဏ်သိက္ခာတို့ပင်။

" Mr.Park "

နီခီ့ရဲ့ စကားသံကြောင့် ဂျေးဟာ လှည့်ကြည့်၏။

" Oh! Ni-Ki "

" ‌တွေ့ရတာဝမ်းသာပါတယ် Mr.Park ဒါ‌နဲ့ဆောင်းဟွန်းဟျောင်း နဲ့ပတ်သတ်ပြီး ဘယ်လို လုပ်နေဖြစ်လဲ ဗျ "

" ဆောင်းဟွန်းအကြောင်း ဟိုတစ်ပတ်က စုံစမ်းသေးတယ် ဘာမှမရခဲ့ဘူး ကိုယ့်ကိုလဲ အဆက်သွယ်ဖြတ်သွားတယ် အခုထိပဲ "

ဂျေးဟာ အတည်ပေါက်ဖြင့် လိမ်နေ၏။

စကားသာထပ်ပြောနေရင် ဒီနေရာမှာတင် fashion show အစား နပန်းပွဲသာ ဖြစ်သွားနိုင်သည်မို့ နီခီ့ဘက်ကပင် စိတ်ကို တစ်ထစ်လျော့လိုက်သည်။

မကြာခင် စသည့် ပွဲသည် တကယ့်အလှတက အလှဆုံး model တွေနဲ့အတူ ထွက်ပေါ်လာတဲ့ ခေတ်ပေါ် fashion များ။ confident အပြည့်လျှောက်လှမ်းလာတဲ့ model တိုင်းရဲ့ ကိုယ်ပေါ်တင်ထားတဲ့ Extraordinary (EXD) brand ဟာ လူကြိုက်အများဆုံးဖြစ်ပေသည်။

Show အပြီး တက်ရောက်လာတဲ့ ဧည့်သည်တို့အတွက် ပြင်ဆင်ထားသော after party သည် hotel ၏ rooftop တွင်ပြုလုပ်သည်။ တစ်ဖြူးဖြူးတိုက်နေတဲ့ လေတို့သည် ဆောနူရဲ့ ကော်ဖီရောင် ဆံနွယ်တို့အား တိုးဝှေ့လာ၏။ လက်၌ကိုင်ထားသော ဝိုင်ခွက်လေးကို ဝှေ့ယမ်းကာ တစ်ငုံသောက်၏။

" ဘာတွေ တွေးနေတာလဲ ကိုကို "

" ဆောင်းဟွန်းဟျောင်း အကြောင်းပါ ဘာ‌တွေလုပ်ပြီး ဘယ်တွေသွားနေမလဲနော် "

နီခီလဲ မျက်စိရှေ့က မီးရောင်စုံလင်လင်ဖြင့် တောက်ပ‌နေတဲ့ Seoul မြို့ကြီးကို ကြည့်ရင်း တစ်ချက် သက်ပြင်းချမိသည်။ သူ့ရဲ့ အတွေးသာ မှန်ခဲ့ရင် ဆောင်းဟွန်းဟျောင်းဟာ ဂျေးနဲ့အတူတူ ရှိနေနိုင်သည်။

ဂျေးက ဆောင်းဟွန်းဟျောင်းကို သူ့အပိုင်လိုမျိုး ဘယ်သူမှမသိနိုင်သည့် နေရာမျိုးမှာ ဖွက်ထားပြီး လူမသိသူမသိ ထားထားနိုင်သည်။

" ကိုကို တစ်ချက်လောက် စဉ်းစားကြည့် "

" ဘာကိုလဲ "

" ဆောင်းဟွန်းဟျောင်း က ဂျေးနဲ့အတူတူရှိနေနိုင်တယ် "

" ဟင်? ဘာစကားကြီးတုန်း "

" ဂျေးရဲ့ စကားတွေက မသေသပ်ဘူး ကိုကို သူ့အကြည့်တွေက ပြစ်မှုတစ်ခု ကျူးလွန်ထားတဲ့ အပြစ်သားလိုမျိုးပဲ ဆောင်းဟွန်းဟျောင်း အကြောင်းပြောလိုက်ရင် အမြဲတမ်း တည်ငြိမ်ပါတယ်ဆိုတဲ့ မျက်စံအနက်က လှုပ်လှုပ် ရှားရှား ဖြစ်နေရော "

တိကျစွာ ပြောနေတဲ့ နီခီရဲ့ အသံဟာ မြင့်တသက်မြင့်လာပြီး ဒေါသတို့ဟာလဲ တလိပ်လိပ်။

" ‌အကယ်လို့ မင်းထင်တယ်ပဲထားပါအုံး ဘယ်မှာလဲ သက်သေ ၊ ခိုင်မာတဲ့ သက်သေရှိမှ ဂျေးဆီက ဆောင်းဟွန်း ကိုပြန်ယူလို့ရမှာ မဟုတ်လား "

နီခီဟာ လက်ထဲက ဝိုင်နီနီတို့အား တစ်ငုံငုံရင်း ခေါင်းအား တစက်စက်ညှိမ့်၏။ ဟုတ်တယ် ၊ သူတို့သက်သေလိုတယ်။

ဂျေးရှိရာအရပ်ကို တစ်ချက်ခေါင်းလေး ဝှေ့ကြည့်လိုက်တော့ လူကြီးအချို့နဲ့ စကားပြောနေရင်းမှ ခွင့်တောင်းကာ အိမ်သာသွားဟန်ရ၏။

" ကျွန်တော်ပြန်လာခဲ့မယ် ကိုကို ခန "

နီခီ ပြေး၍ ဂျေးနောက် လိုက်ခဲ့မိသည်။

သူတို့စကားပြောဖို့ လိုပါသည် ၊ ဆောင်းဟွန်းဟျောင်း ကိုအမြန်ရှာတွေ့ဖို့လိုသည် မဟုတ်ပါလား။

ဂျေး အိမ်သာထဲက ထွက်လို့ လက်ဆေးနေချိန် နီခီရောက်သွား၏။ ထို luxury ဆန်ဆန် toilet ထဲတွင် ဂျေးနဲ့ သူပဲရှိ၏။

" ဂျေးရှီး "

" ဟင် "

" ခများမှာ တစ်ခုခုပြောစရာမရှိဘူးလား ဆောင်းဟွန်းဟျောင်းနဲ့ ပတ်သတ်ပြီး "

ဂျေးရဲ့ အပြုမူတွေဟာ ရပ်တန့်သွားခြင်းမရှိသလို သံသရဖြစ်စရာ တစ်ခုမှမရှိ။

နီခီဟာ ကျောက်နံရံအား မှီကာ လက်ပိုက်လျက် ခက်ထန်သည့် မျက်ဝန်းတို့ဖြင့် ဂျေးအားစိုက်ကြည့်၏။ အာဏာတို့ စွတ်နေသည့် မျက်ဝန်းသည် သာမာန်လူသာဆိုရင် သေချာပေါက် ပြာကျနိုင်သည်။

" ဆောင်းဟွန်းနဲ့ ကိုယ်နဲ့အဆက်သွယ်မရှိဘူး "

" သေချာလို့လား "

မျက်ခုံးများ ပင့်ကာဆိုတဲ့ နီခီ။

ဂျေး လက်တွင်ရှိသော ရေများအား ခါရင်း ဘေးနားက တစ်ရှူးယူကာ သုတ်လိုက်သည်။ ထို့နောက် ထိုတစ်ရှူးအား အမှိုက်ပုံးထဲ ပြစ်ထည့်လိုက်ပြီး..။

" မင်းဘယ်လို စကားမျိုး ကြားချင်လဲ "

" ဝန်ခံတဲ့ သဘောမျိုးလေ အမှန်တိုင်းပြောတဲ့ စကား "

" ကိုယ် နဲ့ ဆောင်းဟွန်း နဲ့ အဆက်သွယ်မ ရှိ ဘူး "

တစ်လုံးချင်းဆီ ကွဲပြားစွာ ထွက်လာတဲ့ အသံဟာ နီခီ့ရဲ့ ဒေါသအား ငယ်ထိပ်ဆီတက်စေသည်။

" မင်း စကားတွေက စည်းကျော်လာတယ်လို့ မထင်ဘူးလား Mr.Nishimura Riki? "

နီခီ့ရဲ့ မေးရိုးဟာ အံကြိတ်ထား၍ ပိုလို့တောင် ထင်းနေပြီး ‌ဆောနူပြောပြောနေကြ ကြောင်ပေါက်‌လေးလို မျက်ဝန်းစူးစူးတို့ဟာ အရွယ်ရောက်ပြီးသား ‌ကျားသစ်ငယ်၏ စူးရှသော မျက်ဝန်းများနှင့် တူနေ၏။

" စကားပြောရင် အရှေ့နောက်ကြည့်ပြော ၊ ပြီးတော့ နောက်တစ်ခါ ငါ့ရှေ့ဆောင်းဟွန်း အကြောင်းလာမပြောနဲ့! ငါ့ကိုတစ်ချက်လေးမှ ခွင့်မတောင်းပဲ သူ့စိတ်တိုင်းကျ ထွက်သွားတဲ့ အတွင်းရေးမှူးကို ငါက ဘာကြောင့် ကျေးဇူးအကြွေးရှိတဲ့လူလို လိုက်ပြီး ရှာနေရမှာလဲ?! "

နီခီဟာ တစ်ချက် ရယ်၏။

" Hk! ဒီလောက်ပဲလား တစ်နေ့ ခများရဲ့ပိုင်နက်ထဲမှာ ဆောင်းဟွန်းဟျောင်း ကိုပြန်တွေ့ခဲ့ရင် တရားဥ‌ပဒေရဲ့ နည်းအတိုင်း ခများ နာခံဖို့ ပြင်ထားလိုက်! "

သိမ်းငှက်နှင့် ကျားသစ်နက်တို့၏ အကြည့်စစ်တို့သည် ‌တိတ်ဆိတ်နေသော ထိုနေရာ၌ အေးစက်စွာ ပျံ့နှံ့လျက်ရှိ၏။

ဂျိတ်ခ်၏ ' မင်းကိုရိုက်ချိုးဖို့ အာဏာအဲ့ကောင်လေးမှာ အပြည့်ရှိတယ် ' ဆိုတဲ့စကားဟာ သိပ်သိပ်မှန်ခဲ့လေသည်။

" အချိန်မှီသေးတယ် ဂျေး .. စဉ်းစားအုံးပေါ့ "

ထို့နောက် ဂျေးရဲ့ နား အနားကပ်ကာ နှစ်ကိုယ်ကြား ပြောသွားတဲ့ စကားလေးဟာ ဂျေးအား ကြောက်စိတ်ပင် ပို၍ တိုးစေသည်။

" ခများ အတင်းအဓ္ဓမ ဖွက်ထားတဲ့ ဆောင်းဟွန်းဟျောင်း ကိုကျွန်တော်ပြန်ခေါ်ပြမယ် "

တည်ကြည်အေးဆေးတဲ့ အကြည့်တို့ပိုင်ဆိုင်ထားတဲ့ ကောင်လေးငယ်ဟာ ဂျေးဟာ ခနဲ့သလို ပြုံးပြပြီး လှည့်ထွက်သွား၏။ ဖိနပ်သံတို့ ဝေးသွားခိုက် ဂျေး အသက်ရှုပင် မြန်လာတော့သည်။

" ဆောင်း...ဆောင်းဟွန်းကို သူတို့ ... သူတို့ ခေါ်သွားကြတော့မှာလား "

အသက်ရှုပင် ကျပ်လာပြီး ဝေ့သီလာသော မျက်ရည်တို့သည် အရင်တုန်းက ဂျေးပတ်ခ် နှင့် တခြားဆီ။

အရင်တုန်းက သိပ်တန်ဖိုးထားခဲ့တဲ့ မာန တို့သည် ပတ်ခ်ဆောင်းဟွန်း နှင့်စတွေ့ခဲ့ချိန်ကစပြီး အစအနန ရှာမရအောင်ကိုပင် ပျောက်ကွယ်သွားတော့သည်။

ကိုယ့်အတ္တ လောဘတို့အား ပြန်လည် လက်ထပ် ထိမ်းမြားထားတဲ့ ဂျေးရဲ့ အတုန်လှုပ် အခြောက်ခြားဆုံးအရာနှင့် အားနည်းချက်ဟာ ပတ်ခ်ဆောင်းဟွန်း ဖြစ်ခဲ့လေသည်။

ဂျေးရဲ့ ခက်တိုးတိုးရယ်သံဟာ အနီးနားတစ်ဝိုက်၌ ပျံ့နှံ့သွား၏။ သန့်စင်ခန်း၏ မှန်ထက် ပေါ်လွင်နေသော သွေးပျက်နေသည့် သူ့ကိုယ်သူ ပြန်ကြည့်ကာ ကျောချမ်းစရာကောင်းလောက်အောင်ကို ပြုံးပြီး မျက်ရည်များအား သုတ်၏။

" မြွေတွင်းမှန်းမသိ ယုန်တွင်းမှန်းမသိ သိပ်ကို သတ္တိတွေ ကောင်း‌နေပါလား "

ဂျေးမသိလိုက်သည်က ၊ မြေတွင်းဆိုရင်တောင် ထိုမြွေ၏ အဆိပ်အား ခံ‌နိုင်လောက်သည်။

MEETING YOU

ဂျေး ချွတ်ထားတဲ့ blazer အား လက်ကကိုင်ရင်း အိမ်ထဲသို့ အလောတကြီးပြေးဝင်လာ၏။ ဒီနေ့ အိမ်ကိုစောစော ပြန်ရောက်ဖြစ်သည် ၊ show ပြီးတာနဲ့ အလုပ်တွေအကုန် ပြစ်ထားကာ တစ်ယောက်ထဲ ထားခဲ့တဲ့ ဆောင်းဟွန်းအား စိတ်မချ၍ သူအိမ်အပြေးပြန်လာခဲ့ခြင်းသာ။

" သည်းငယ်! သည်းငယ်! "

" ဂျေး ကျွန်တော် ဒီမှာလေ "

အိပ်ခန်းထဲက ဆိုဖာပေါ်တွင် စာထိုင်ဖတ်နေတဲ့ ဆောင်းဟွန်းအား ဂျေးတင်းကြပ်စွာ ထွေးပွေ့ရင်း နှုတ်ခမ်းတို့အား နမ်းရှိုက်လိုက်သည်။ တော်ပါသေးသည် သည်းငယ်က သူ့ဘေးက မထွက်သွားသေးလို့။

" တော်သေးတယ် "

" ဘာဖြစ်လာတာလဲ ဂျေး ခများချွေးတွေကြီးပဲ "

" ကိုယ့်နားက မထွက်သွားပါနဲ့ သည်းငယ်ရယ် "

" တရေးအိပ်ပြီး အိမ်မက်ဆိုး မက်လာတာလား ဂျေး "

ဂျေးဟာ ခေါင်းအားအသွင်သွင်ခါ၏။မျက်လုံး၌ ဝေ့သီနေသည့် အရည်ကြည်အချို့ကြောင့် ဂျေးရဲ့ နှာထိပ်လေးတွေဟာ နီနီရဲရဲပင်။

" ဆောင်းဟွန်း ကိုယ့်နားက မထွက်သွားပါနဲ့နော် .. ကိုယ်.. ကိုယ် မင်းကိုနာကျင်အောင် မလုပ်တော့ပါဘူး ကိုယ်မင်းမရှိရင် သေသွားမယ်ထင်တယ် ဆောင်းဟွန်းရယ် "

" ခများ ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော့်ကို ပြောပြမှပေါ့ "

" ကိုယ် show မှာ နီခီတို့နဲ့ တွေ့ခဲ့တယ် "

" နီခီ? သူတို့နေကောင်းရဲ့လား ဆောနူလေးရော အဆင်ပြေနေလား ဘာတွေပြောဖြစ်ခဲ့သေးလဲ "

သူ့ထက် နီခီနဲ့ ဆောနူကို ပိုဂရုစိုက်တဲ့ ဆောင်းဟွန်းကြောင့် ဂျေး မျက်ရည်တွေကြားမှ တစ်ချက်ရယ်လိုက်မိသည်။

" ဆောနူလေးကိုလဲ နီခီက ချစ်ပေးသေးတယ် ဒါပင်မဲ့ နီခီက ကိုယ်မင်းကို အတင်းအဓ္ဓမ ခေါ်ထားတာ သိပုံပဲ ကိုယ့်ဆီက မင်းကို ပြန်ခေါ်ပြမယ်တဲ့ "

နားစည်ထံ အထပ်ထပ်သဲ့တင်ရိုက်ထပ် လာတဲ့ အသံအချို့။

ခများ အတင်းအဓ္ဓမ ဖွက်ထားတဲ့ ဆောင်းဟွန်းဟျောင်း ကိုကျွန်တော်ပြန်ခေါ်ပြမယ်။

ခများ အတင်းအဓ္ဓမ ဖွက်ထားတဲ့ ဆောင်းဟွန်းဟျောင်း ကိုကျွန်တော်ပြန်ခေါ်ပြမယ်။

ခများ အတင်းအဓ္ဓမ ဖွက်ထားတဲ့ ဆောင်းဟွန်းဟျောင်း ကိုကျွန်တော်ပြန်ခေါ်ပြမယ်။

" အဲ့တာနဲ့ ခများက ကမ္ဘာပျက်တော့မလို ကျွန်တော့်ဆီ ပြေးလာခဲ့‌တယ်ပေါ့? "

ဂျေးဟာ ခေါင်းအား အခါခါညိမ့်ပြသည်။

" ဂျေး လူတစ်ယောက်ကို သံယောဇဉ်မတွယ်မိစေနဲ့ ကျွန်တော်မရှိတော့ရင် ခများပိုပြီး ခံစားရမယ် အခုထဲက ကျွန်တော့်ကို လွှတ်ပေးလိုက်တော့ အချိန်မှီသေးတယ် "

ငိုထားသည့် အရှိန်ကြောင့် ဂျေး၏ မျက်ခမ်းတို့ဟာ နီရဲနေသည်။ တုန်လှုပ်ခြောက်ခြားသော အကြည့်တို့ဖြင့် ကြည့်လာပြီးနောက်..။

" ဟင့်အင်း! အချိန်မမှီတော့ဘူး ကိုယ့်အချစ်တွေ မင်းအပေါ် လောင်ကျွမ်းနေပြီ "

အချစ်မှိုင်းမိထားသည့် လူတစ်ယောက်လို ၊ ဆုံးရှုံးမှုအား မလိုလားသလို ရှိ၏။

" မင်းဖြစ်ချင်တာ အကုန်လုပ်ပေးမယ် New York သွားချင်လား ၊ Italy သွားချင်လား မင်းသွားချင်တာ လိုက်ပို့မယ် တစ်ခုပဲ မင်းကိုယ့်အနားက ထွက်မသွားရင် ရပြီ မင်းပျော်မယ်ဆိုရင် ကိုယ်အကုန်လုပ်ပေးမယ် "

ဆောင်းဟွန်းဟာ ပြုံးသည်။

ဂျေး၏ ပါးနှစ်ဖက်အား အုပ်ကိုင်ရင်း..။

" ခများ မငိုနဲ့ ၊ ခများငိုရင် ကျွန်တော်မပျော်ဘူး မငိုနဲ့ "

ဂျေးဟာ လက်ဖမိုးဖြင့် ခပ်မြန်မြန်ပင် မျက်ရည်တို့အား ဖယ်ရှားသည်။

" အင်း! အင်း ကိုယ်မငိုတော့ဘူးနော် "

" ကောင်းပြီ ဒါဆို ‌ရေချိုးတော့ ပင်ပန်းနေရောပေါ့ ခများဘာစားချင်လဲ "

" ကိုယ်တို့ ဝိုင်အတူတူသောက်ကြမယ်လေ "

" ‌အင်း ‌ကျွန်တော်ပြင်ထားလိုက်မယ် "

ဒါဟာ ဆောင်းဟွန်းဘက်က ဂျေးရဲ့ တောင်းဆိုမှုအား လိုက်ရောပေးချင်းဖြစ်သည်။

ရေချိုးခန်းထဲ ရေကျသံကြားရပြီးနောက် ဂျေးဝတ်ရန် ညအိပ်ဝတ်ဆုံလေးအား ထုတ်ပေးရင်း အောက်ထပ်က သစ်သီးအချို့နှင့် Red Wine တစ်ပုလင်း wine glass နှစ်ခွက်အားယူကာ အပေါ်ပြန်တပ်လာတော့ ဂျေးဟာ ရေချိုးခန်းထဲက ထွက်ကာ သူထုတ်ပေးထားတဲ့ ညအိပ်ဝတ်ဆုံလေးကို ဝတ်ထားနှင့်လေပြီ။

စိုရွှဲနေသော ဆံနွယ်တို့အား ရေပြောင်အောင် သုတ်နေရင်းမှ ဂျေးဟာ သူ့အားပြုံးရင်း ကြည့်လာ၏။

အခန်းထဲက ဆိုဖာ‌ရှေ့က မှန်စားပွဲပေါ် ယူလာတဲ့ ပစ္စည်းတွေတင်ရင်း ဖန်ခွက်နှစ်ခွက်ထဲ ဝိုင်နီနီတို့အား ငှဲ့ထည့်လိုက်၏။

" Cheers? "

" Cheers! "

ခွက်တိုက်သံတို့ ပေါ်ထွက်ပြီးနောက် နှစ်ဦးသား ထိုဝိုင်တို့အား လည်ချောင်းထဲမှ ဝင်၍ အစာအိမ်သို့ ပတ်ဖြန်းစေသည်။

ပူပူရှိန်းရှိန်းနှင့် ခါးသက်သက်ကြီး ဝင်သွားတော့ ဆောင်းဟွန်း မျက်နှာဟာ ရှုံ့တွလျက်။ စပျစ်သီးအား အသံထွက်သည်အထိဝါးရင်း ဂျေးဟာ သူ့ဘေးက နတ်သားအမျှလှပတဲ့ ကောင်လေးအား အမြတ်တနိုးကြည့်၏။

ဂျေး ဆောင်းဟွန်းရဲ့ ညာဘက်လက်လေးအား ဆုပ်ကိုင်လိုက်တော့ နားမလည်သလို မျက်ဝန်းလေးနဲ့ စိုက်ကြည့်၏။ ထို့နောက် တစ်ခုခုကို အလိုမကျဟန် မျက်ခုံးများကို တွန့်ကျိုးကာ လက်အားကြည့်၏။

" ဂျေး ဒါဘာဖြစ်တာလဲ "

လက်မအပေါ်၌ ရှရာသေးသေးလေးသည် ဂျေးတောင် မသိလိုက်ခင် သွေးစများစို့နေသည့် ခပ်နက်နက် အနာတစ်ခု ဖြစ်ပေါ်နေလေသည်။

" မသိဘူး "

" ခများဟာလေ "

" မထနဲ့ ဒီတိုင်းပဲနေ ကိုယ်အဆင်ပြေတယ် "

" ဒါပင်မဲ့! "

" Shhhh.. "

ဆောင်းဟွန်း၏ နှုတ်ခမ်းနုနုပေါ် ကျရောက်လာတဲ့ ဂျေးရဲ့ လက်ညိုးသွယ်သွယ်။

ဆောင်းဟွန်းရဲ့ ခါးသွယ်သွယ်၍ ရစ်ပတ်လာတဲ့ ခုနက ဆောင်းဟွန်းလက်ကို ဆုပ်ကိုင်ထားတဲ့ လက်။

" သည်းငယ် .. နောက်အပတ်ကြ ဂျိတ်ခ် ရဲ့လူကြီးဖွင့်တဲ့ Club အသစ် ဖိတ်ထားတာ မှတ်မိလား "

" အင်း "

" သွားချင်လား "

ဆောင်းဟွန်းဟာ မဆိုင်းမတွ ခေါင်းညှိမ့်လိုက်သည်။ ဒါဟာ ဂျေး ဘက်က ပထမဦးဆုံးအကြိမ် အပြင်ထွက်ရန် ကမ်းလှမ်းချင်း မဟုတ်ပါလား။

" သည်းငယ် သွားချင်ရင် ကိုယ်လိုက်ပို့မယ်နော် "

" ဂျေး "

" ဟင် "

" ခများ ထူးဆန်းနေတယ် ကျွန်တော့်ကို အမြဲတမ်း အမိန့်တွေပေးပေးနေတတ်တဲ့ ဂျေးကရော ဘယ်ရောက်သွားတာလဲ "

ဂျေးဟာ ပြုံးလျက် ဝိုင်တို့အား တစ်ငုံသောက်ကာ။

" ရိုက်သတ်လိုက်ပြီ "

" သည်းငယ်ကို စိတ်ညစ်အောင် လုပ်လို့ "

ဆောင်းဟွန်းက ‌ရယ်မော၏။

ဒါဟာ ဒီအိမ်ကို ရောက်ပြီးပြီးချင် ပထမဦးဆုံးအကြိမ် ယခုလို ဟက်ဟက်ပက်ပက် ရယ်မောခြင်း မဟုတ်ပါလား။ နတ်သားလေးတစ်ပါး သဘောတကျကျ ရယ်မောနေသလိုမျိုး မျက်ဝန်းလေးတွေဟာ မှိတ်ပြီး အစွယ်လေးတွေဟာ ထွက်လျက်။

" အမြဲအမိန့်ပေးတတ်တဲ့ ဂျေးလိုမဟုတ်ပဲ အမြဲ အချစ်တွေ ပေးတတ်တဲ့ ဂျေးလို နေပြီး မင်းကို ပြန်လိုက်တော့မှာမို့ ကိုယ့်ကို အခွင့်အရေး မပေးချင်ဘူးလား "

" ခများ နောက်ဆုံးလ ဒီဘူတာပဲ "

" ခများ ခများနဲ့! မခေါ်နဲ့ နားကန့်လန့်တိုက်တယ် ကိုကို လို့ခေါ် "

ဆောင်းဟွန်း ဂျေးအား မျက်စောင်းတစ်ချက်ထိုးကာ ဝိုင်ကိုသာ အရသာခံသောက်နေမိသည်။

ပုံစံအသစ်နှင့် သူ့အားပြန်လိုက်မည့် ဂျေးပတ်ခ်ဟာ ဘယ်လိုပုံစံနှင့် ချစ်စရာကောင်းမလဲဟု ဆောင်းဟွန်း တွေးနေမိသည်။

ကိုယ့်အတွက်ကြောင့်နဲ့ အရာရာကို ပြောင်းလဲပေးပြီး ကိုယ်စိတ်ချမ်းသာဖို့ ဘာပဲလုပ်ရ လုပ်ရ လုပ်ပေးနိုင်ပြီး အချစ်တွေလဲ ပေးနိုင်သလို ဒဏ်ရာတွေလဲ ပေးနိုင်သည့် တစ်ယောက်သာသူဟာ ဂျေးပတ်ခ်တဲ့လေ။

ခေါင်းစဉ်မတပ်ချင်ပင်မဲ့ ဆောင်းဟွန်းနှလုံးသားသည် ဂျေးကိုချစ်ပါသည်ဟု ခေါင်းစဉ်တပ်ချင်နေလေသည်။

MEETING YOU

22.4.2024

သန်ဘက်ခါမှ တင်ပေးမယ်နော်။

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories