Fanfics

7

20:12, 13 May 2024

တောင်ကိုရီးယား၏ လတ်ဆက်သော လေသည် သူဌေးသားလေး တစ်ယောက်၏ စိတ်ကို ကြည်လင်စေသည်။ MacBook ၏ keyboard ပေါ်၌ ပြေးလွှားနေသည့် လက်ချောင်းသွယ်သွယ်တို့နှင့် ရှိသမျှ အာရုံအား ထို screen ပေါ် ကျရောက်စေသည်။

" ဥက္ကဌ အကိုလေးရောက်နေပါတယ် "

ဝင်းလတ်သွားသော ဥက္ကဌ၏ မျက်နှာသည် ဟန်ပင်မဆောင်နိုင်ပဲ ပြုံးရွှင်သွား၏။

" ဝင်လာခိုင်းလိုက် "

" ဟုတ်ကဲ့ "

အတွင်းရေးမှူး ထွက်သွားပြီးခနအကြာ သူ့ရုံးခန်းထဲသို့ ရောက်လာသည့် ကောင်လေးတစ်ယောက်။ လေထဲ၌ ဝဲနေ‌သည့် purple highlight ဆံသားတို့သည် စစရောက်ခြင်းက အရောင်နှင့် ကွဲ‌ပြားလွန်းသည်။

Shirt အဖြူ၏ လက်ရှည်အား တံတောင်ဆစ်အထိ ခေါက်တင်ထားကာ style pants တစ်ထည်၏ အပြင်၌ ထုတ်၍ ဝတ်ဆင်ခြင်းသည် အနည်းငယ်တော့ ဖရိုဖရဲ ဆန်ပင်မဲ့ Sim Jaeyun (ခ) Jake Sim ဆင်မြန်းသည်မို့ ကြည့်ကောင်းသည်ထက် ပိုလေသည်။

‌အကြောပြိုင်းပြိုင်းထနေသော လက်ဖျံတွင် ဈေးကြီးကြီး နာရီတစ်လုံးအား ဝတ်ဆင်ထားကာ လက်ချောင်းသွယ်သွယ်တို့တွင် လက်စွပ်တို့အား ဝတ်ဆင်ထား၏။

Evan Lee ချစ်ရတဲ့ ရှင်းမ်ဂျယ်ယွန်းသည် ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားပင်မဲ့ သူ့အပေါ်ထားတဲ့ အချစ်နဲ့ ပင်ပန်းနွမ်းနယ်မှုတွေအား ပြောလျော့စေသည့် အပြုံးတို့သည်တော့ မပြောင်းလဲပေ။

" ကိုကို Hee!! "

" ဗျာ.. ကိုကို့ ခွေးပေါက်လေးက ထွားလာလိုက်တာ "

ခွေးပေါက်လေးဆိုသည့် အသုံးအနှုန်းကြောင့် ဂျိတ်ခ်ဟာ အစွယ်တွေ ပေါ်သည်အထိ ပြုံးရယ်ရင်း အယ်ဗန့်နှုတ်ခမ်းတို့အား ဖိကပ်နမ်းရှိုက်၏။

" ပြန်မလာခင်တုန်းက ကိုကို့ ကိုအဆက်သွယ်တောင် မလုပ်ဘူးနော် "

" ကျုံးစိန်ခိုင်းတဲ့ အလုပ်တွေ လုပ်နေရလို့ပါ ကိုကိုရယ် "

အယ်ဗန်ဟာ သူ့ပေါင်ပေါ်က ဂျိတ်ခ်အားနှုတ်ခမ်းဆူရင်း မျက်စောင်းထိုး၏။ အသက်သာ 23 ဖြစ်နေတာ အခုထိ ကလေးစိတ်က မကုန်သေးပေ။

" စိတ်ကောက်ရင် မချစ်ပဲနေမှာနော် "

" ချစ်ကလဲ "

ဂျိတ်ခ်ဟာ အသံလွင့်လွင့်လေးရယ်၏။

ရုတ်တရက် ပေါင်ပေါ်က သူ့အားချီကာ ကောက်ထလိုက်တဲ့ အယ်ဗန့်ကြောင့် လက်တွေဟာလဲ အယ်ဗန့်ရဲ့ ဂုတ်၌ သိုင်းချိတ်လျက်။

အယ်ဗန့်ခြေလှမ်းတွေရဲ့ ပန်းတိုင်ဟာ ရုံးခန်းအတွင်း ပြုလုပ်ထားတဲ့ အခန်းလေးဆီသို့ ဖြစ်၏။ အခန်းလေးသည် ရိုးရိုးရှင်းရှင်းလေးဖြစ်သည် ၊ မီးခိုးရောင်နှင့် အဖြူရောင်ရောသုတ်ထားပြီး အခန်းထဲ၌ ‌Arm chair နှသ်လုံး မှန်စားပွဲခုံလေးတစ်ခုံ ၊ အိစက်စက် မွေ့ယာတို့ ခင်းထားသော နှစ်ယောက်အိပ် ကုတင်တစ်လုံး။

Samsung tv တစ်လုံးနှင့် ကုတင်၏ ခေါင်းရင်း၌ ချိတ်ဆွဲထားသော ပန်းချီကားလေး တစ်ချပ်။

အိစက်နေသော မွေ့ယာထက် ဂျိတ်ခ်အား အသာအယာချရင်း အယ်ဗန်ဟာ အပေါ်မှအုပ်မိုး၏။ ထို့နောက် ဂျိတ်ခ်အား ရီဝေဝေစိုက်ကြည့်ကာ အကြံစဉ်ကြီးသော အကြည့်တို့ဖြင့် ကြည့်သောကြောင့် ဂျိတ်ခ် အပေါ်သို့ အနည်းငယ် တိုးမိသည်။

" လွတ်မယ်ထင်လို့ အပေါ်တိုးနေတာလား "

" အီဟီဆွန်း ခများနော်! "

ဂျိတ်ခ်၏ ခါးသွယ်သွယ်လေးအား ဖက်ရင်း နှုတ်ခမ်းတို့အား သိမ်းပိုက်၏။ အိစက်စက် နှုတ်ခမ်းထူထူတို့နှင့် အသဲပုံ ပုံစံနှုတ်ခမ်းတို့၏ ပေါင်းစပ်မှုသည် ကြည့်ကောင်းသည်ထက် ပိုလေသည်။

လှသည် ၊ နူးညံ့သည် ၊ မရိုးအီနိုင်တဲ့ ခံစားချက်တို့ရသည်။

ထိုအရာများ ပေးစွမ်းနိုင်တဲ့ ဂျိတ်ခ်ရဲ့ နှုတ်ခမ်းကို မနမ်းရှိုက်ရသည်က မည်မျှကြာလင့် နေခဲ့မည်နည်း။ လွမ်းစွတ်ခြင်း တို့ပြည့်နှယ့်နေတဲ့ အနမ်းတို့သည် မွတ်သိပ်လှသည်။

အကျီအောက်၌ ပြေးလွှားနေသော လက်တို့သည် လှပသော အနမ်းပန်းချီကားတစ်ချပ်ကို ပို၍လှပအောင် ဖြည့်စွတ်ပေးနေသည့်အလား။

" လွမ်းနေခဲ့တာ မင်းကိုရော မင်းအနမ်းကိုရော "

မြတ်နိုးစရာ ကောင်းသော အီသန့်ရဲ့ မျက်နှာကို သေချာကြည့်ခိုက် ဂျိတ်ခ်နှလုံးသားဟာ အိန္ဒြ‌ရေ မဲ့စွာ ခုန်ပေါက်၏။အယ်ဗန်လီနဲ့ ပတ်သတ်ရင် ဆက်ဆက်ထိမခံတဲ့ သူ့ရဲ့နှလုံးသားလေးသည် ဘယ်လောက်ပင် ကြာခဲ့ပြီနည်း။အကြောင်းမဲ့စွာဖြင့် စိုက်ကြည့်နေရင်းမှ ဂျိတ်ခ် တင်းကြပ်စွာ ဖက်လိုက်မိသည်။ လွမ်းနေခဲ့သည့် ကိုယ်သင်းရနံ့နဲ့အတူ ထိုလူ၏ ချော‌မောခန့်ညားသည့် မျက်နှာ ၊ အပြုံး ၊ လှပသော အနမ်းတို့နှင့် သူမှသူဖြစ်နေသော နှလုံးသား။

အယ်ဗန်လီဟာ အသက်နှစ်ဆယ့်‌လေး နီးနီး Canadian / Korean တစ်ယောက်ဖြစ်ပြီး Canada မှာ မွေး ပြီး အဲ့မှာပဲကြီးပြင်းလာတာကြောင့် ရုပ်ရည်ဟာလဲ ကိုရီးယားလူမျိုး တစ်‌ယောက်လိုမဟုတ် ၊ ကပြားရုပ်ဖြစ်သည်။

အယ်ဗန်နဲ့ သူနဲ့တွဲတာ 6 နှစ်။

ဂျိတ်ခ် 15နှစ်သားထဲကပင် ဖြစ်သည်။

ဖခင်နှစ်ယောက်၏ ရင်းနှီးမှု နှင့် မိတ်ဆက် ပေးမှုကြောင့် စတင်ခဲ့သည့် ဆက်ဆံရေးသည် ဂျိတ်ခ်၏ 15 နှစ်ပြည့်မွေးနေ့တွင် ပြောင်းလဲသွားခဲ့သည်။

အယ်ဗန့်ရဲ့ 'မင်းကိုချစ်တယ်' ဆိုတဲ့ ဆွဲဆောင်ရှိတဲ့ စကားတစ်ခွန်းကြောင့် SJ group ပိုင် ဟိုတယ်တစ်ခု၏ သန့်စင်ခန်းထဲတွင် အနမ်းပေးခဲ့ကြသည်ကို မှတ်မိပါသေးသည်။

ထိုမှစ၍ ဂျိတ်ခ်နဲ့ကျောင်းအတူတူ တက်ချင်တယ်ဟု ပူဆာခြင်းကို ရိုးရိုးသားသားထင်ခဲ့တဲ့ နှစ်ဖက်မိဘတွေသည် သူတို့နှစ်ဦးဖွင့်ပြောချိန်မှာတော့ မျက်နှာပူစရာတွေ ဖြစ်ကုန်တော့သည်။

" အတိတ်မှာ ကျွန်တော်တို့ သိပ်ချစ်ကြတာနော် "

" ဘာစကားကြီးလဲ bae အခုဘယ်သူက အချစ်တွေ ရော့နေ‌လို့လဲ "

'ကိုကိုချစ်ပေးနေတယ်လေ' 'အဲ့လိုမပြောပါနဲ့ bae ရယ်' ဆိုတာထက် 'ဘာစကားကြီးလဲ' 'Bae မင်းတော်တော့' လို့ပြောတဲ့ အယ်ဗန်လီကို ဂျိတ်ခ်ဒါတွေကြောင့် တည့်ကြွေတာ ဖြစ်သည်။

ရဲရဲနီနေမှ ကြိုက်တဲ့ဂျိတ်ခ်ဟာ 'မင်းက အလံနီတွေပဲကြိုက်တာလား' လို့မေးရင် စက်စက်ထိမခံ ပြန်ငြင်းတတ်ပါသေးသည်။

" ဒီတိုင်းလေး သတိရသွားလို့လေ အခုအယ်ဗန်က ကျွန်တော့်ကို ပိုလို့တောင် ချစ်ပေးနေတယ်ဆိုတာ သိပါတယ် စိတ်မဆိုးပါနဲ့နော် "

ဂျိတ်ခ် ပုခုံးထက် နားခိုနေသော အယ်ဗန်ဟာ ခေါင်းတစက်စက် ညှိမ့်လာ၏။

" ကိုကို "

" ဗျာ ဗျာ "

" ကျွန်တော်တို့ မနမ်းရတာ ဘယ်လောက်တောင် ကြာပြီလဲ "

ပုခုံး‌ထက် မျက်နှာအပ်ထားသော အယ်ဗန့်ဆီမှ ရိသဲ့သဲ့ နိုင်သော ရယ်သံတိုးတိုးအား ကြားရ၏။

" မင်း New York မသွားခင် နှစ်ရက်လောက်အလို ထဲကပေါ့ "

" ကျွန်တော်ဟိုမှာ ကိုကို့ကိုရော ကိုကို့ အနမ်းကိုရော လွမ်းနေခဲ့တာ သိလား "

" လွမ်းနေတယ်လဲ ပြောသေးတယ် ကိုယ့်ကို တစ်ခါတစ်လေမှ ဖုန်းဆက်ပြီတော့ "

" အော်.. အဲ့တာက အဲ့တာပေါ့ ကိုကိုရယ် "

ဂျိတ်ခ်ရဲ့ စကားအား ကြားတော့ အယ်ဗန်ဟာ နှုတ်ခမ်းလေးဆူရင်း စိတ်‌ကောက်ကြောင်းပြသ၏။ ဂျိတ်ခ်အသဲယားစွာပင် ထိုနှုတ်ခမ်းလေးအား အသံထွက်သည်အထိ ဖိကပ်နမ်းရှိုက်၏။

လွန်ခဲ့တဲ့ နှစ်တွေကနဲ့ဆာရင် ဂျိတ်ခ်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ၊ ရုပ်ရည်နှင့် အခြားသော အရာများသည် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။ အရင်က လက်မောင်းသေးသေးလေးနဲ့ ဂျိတ်ခ်ဟာ ယခုတွင်တော့ ကြွက်သားတွေနဲ့ လက်မောင်းများရှိနေပြီး ရုပ်ရည်ဟာလဲ ပိုလို့တောင် ခန့်ညားလာခဲ့ပါသည်။

ပြီးတော့..။

အယ်ဗန့် ဆံနွယ်တွေကို အခုပွတ်သပ်နေတဲ့ အဆစ်နီနီလက်ချောင်းတွေရဲ့ အကြောတွေဟာလဲ ဂျိတ်ခ်၏ မာနကဲ့သို့ပင် ထောင်လွှားနေကာ နှင်းတောထဲတွင်စီးဆင်းလျက် ရှိသော ကျောက်စိမ်းမြစ်သဖွယ်။

အရင်က နူးညံ့သော အသွင်ကိုဆောင်သည့် ဂျိတ်ခ်ရဲ့ ရယ်သံချိုချိုဟာ ယခုတွင်တော့ သွေးအေးသော ခြင်္သေ့‌တစ်ကောင်လို ဩရှရှဖြင့် ဒူးထောက်ချင်စရာအတိ။

" Sweetheart "

" Huh? "

" ဂျေး‌ကပြောတယ် မင်း New York မှာ ကောင်မလေးတွေ အများကြီးတွဲခဲ့တယ်ဆို "

ဒီ‌ သောက်!-

ဒီကောင် သူရည်းစားမရှိတုန်းက သူများရည်းစားတွေကြားထဲ ကလော်ကလန်လုပ်ထားတာနေမယ်။ အေးပေါ့လေ သူ့သူငယ်ချင်းရဲ့ လင်တော်မောင်က မရစ်တတ်ဘူးဆိုတော့။

ပတ်ခ်ဆောင်းဟွန်း များများဆိုးပါစေ။

" ကိုကိုရယ် ‌နွားပြော နွားယုံပါ "

" ဟင်? ဒါဆို ကိုကို ဘာဖြစ်သွားမလဲ "

ဂျိတ်ခ်ခါးဘေး အိပ်ယာအား လက်ဖြင့်ထောင်ရင်း ဗိုက်ပေါ်က အယ်ဗန်က မျက်နှာခွာရင်း ဂျိတ်ခ်အား စိုးရိမ်တကြီး လှမ်းကြည့်၏။

" နွားပေါ့ "

" ဒီကောင်လေး! "

" နေအုံး! နေအုံး! အပြစ်ပေးတဲ့အနေနဲ့ အကြာကြီး နမ်းရင်လဲ စိတ်မဆိုးပါဘူးနော် "

ဂျိတ်ခ်ရဲ့ စကားကြောင့် ခေါင်းအုံးနဲ့ ရိုက်ရန်ပြင်နေတဲ့အယ်ဗန်ဟာ ခပ်ညစ်ညစ်ပြုံးကာ ဒုတိယအကြိမ် နှုတ်ခမ်းအား နမ်းရှိုက်လာပြန်သည်။

စည်းချက်ညီညီ စုတ်ယူချင်း ခံရတဲ့ နှုတ်ခမ်းထူထူတို့သည် သေချာပေါက် ပေါက်ပြဲနေနိုင်သည်။

လွမ်းစွတ်ခြင်း..။

လွမ်းစွတ်ခြင်းတို့ပြည့်နှယ့်နေသည့် စိတ် ၊ အနမ်း ၊ ခန္ဓာတို့၏ အလိုအကျ ထိုအခန်းလေးထဲတွင် အနမ်းမိုးတို့ဟာ ရပ်လိုက်စဲလိုက်ဖြင့် ကျန်‌ရစ်နေခဲ့တော့လေသည်။

                     MEETING YOU

ပုံမှန်နေ့တွေလို အနုပညာအလုပ်တွေနဲ့အတူ company ရဲ့အလုပ်တွေပါ လုပ်နေရပင်မဲ့ ဒီနေ့ဟာ ပို၍ ပင်ပန်းသည့် ‌နေ့ဖြစ်နေသလိုရှိ၏။ ဖခင်နှင့် Kim company တို့သည့် ရင်းနှီးသလို အရေးကြီးသည့် ဆက်ဆံရေး ဖြစ်သည့်အတွက် Kim နှင့် ALOHA တို့ ဆက်ဆံရေး တည်တံ့စေရန် စောင့်ထိန်းရမည်က Jay Park ရဲ့ တာဝန်ပင်မဟုတ်ပါသလား။

" ဖေဖေက ကျွန်မကို အကို ဂျေးနဲ့ စေ့စပ်ပေးဖို့ ပြောနေတယ်ရှင့် ကျွန်မကငြင်းနေလို့သာ "

Kim မျိုးနွယ်စု၏ အကြီးဆုံးသမီး Kim Anna ဟာ ရက်ဝဲဝဲလေး ပြုံးရင်း ရှေ့ မှန်စားပွဲပေါ်တင်ထားတဲ့ စာရွက်တွေအား စီရီစွာ နေရာချ၏။

Pure Korean ဖြစ်တဲ့ သူမဟာ အသားဖြူဖြူတို့နှင့်အတူ ကျန်းမာသန်စွမ်းသည့် ဆံနွယ်အနက်တို့အား ပိုင်ဆိုင်ထားပြီး ခပ်ပြေပြေ ကောက်ထား၏။

ဂျေးကတော့ 'အင်း' ဟုတစ်ချက် ရေရွတ်ရင်း ကော်ဖီကို တစ်ငုံသောက်ကာ ဖုန်းကို တစ်ချက်ဖွင့်ကြည့်၏။

Lock screen ထက် နေရာယူနေတဲ့ ဆောင်းဟွန်းရဲ့ ချစ်စရာကောင်းစွာ အိပ်ပျော်နေသည့် ပုံသည် သူ့ရှေ့က Kim Anna ထက်ပင် လှပသည်။

" အကိုဂျေး အကိုဝယ်ထားတဲ့ villa ဆီ ညီမကို မခေါ်သွားချင်ဘူးလားဟင် "

ဖုန်း screen ထက်ပြေးလွှားနေတဲ့ ဂျေးရဲ့ လက်ချောင်းတွေဟာ ခနတာ ရပ်တန့်သွားခဲ့သည်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ သားကောင်လေးကို ဖွက်ထားတဲ့ နေရာလေ ၊ ဘာကြောင့် သူက သူမဟုတ်တဲ့ သားရဲတွေကို ခေါ်လာရမှာလဲ။

" အဲ့ villa က ကိုယ်တောင် မကြိုက်လို့ မသွားဖြစ်ဖူး "

လိမ်ရာကျသည့် မေးခွန်းဖြစ်သည့်တိုင် ဂျေးဟာ ပေါ်တင်ပင် လိမ်လိုက်သည်။

Kim Anna သည် ရုပ်‌ကလေးကသာ သနားကမားဖြင့် ‌အတော့်ကို မာယာများတဲ့ မိန်းမထဲက တစ်ယောက်ပင်။ မူယာမာယာ များပြီး ညို့အားပြင်းသည့် အဆိပ်တို့နှင့် မကောင်းတဲ့ နေရာမှာ သိပ်ကိုတော်တဲ့ အကြံအဉာဏ်တွေထုတ်တတ်တဲ့ ဦးနှောက်အား ပိုင်ဆိုင်ထားသည်။

မာယာ လှည့်ကွက်တွေကြား ကျရောက်ခဲ့သည့် ယောင်္ကျားပေါင်းဟာလဲ မနည်း။ စားဖိုမှူး လောက ၊ အနုပညာလောက ၊ စီးပွားရေး လောက ၊ နိုင်ငံရေးလောက နယ်တကာ စုံသည့် သူမသည် ယောင်္ကျားတိုင်းကို မတူညီတဲ့ နည်းတွေနဲ့ ဖြားယောင်းတတ်သည်။

တစ်ချက်ညို့တိုင်း ပျော့ပါသွားသည့် ထဲ ဂျေးပါမနေခဲ့ပေ။

ဂျေးရဲ့ villa ကိုလာချင်တယ်ဆိုတာကလဲ ရိုးသားခြင်း တစ်ခုမှမပါ။ သူမဟာ ကြီးမားတဲ့ အကြံအစဉ်တစ်ခုကို သေသေချာချာ ဆွဲထားပြီး ကောင်းကောင်း အလုပ်လုပ်နေသလိုရှိ၏။

" အကိုဂျေး ဘာလုပ်ရတာ ကြိုက်လဲဟင် "

ကလေးဆန်သည့် မေးခွန်း ၊ media တိုင်း သူ့ကို မေးသည့် မေးခွန်းဖြစ်တာကြောင့် Cornie လေးတွေတောင် တစ်ရေးနိုးထမေး သိနိုင်သည်။

" Cornie လေးတွေ မေးကြည့်လေ "

" အကိုဂျေးက fan တွေကို သိပ်ချစ်တာပဲနော် "

ဂျေးဟာ ပတ်ခ်ဆောင်းဟွန်းကို ချစ်သလို Corine လေးတွေကိုလဲ သဲသဲလှုပ် ချစ်ပါသေးသည်။

ရုံးခန်းထဲ ချိတ်ထားတဲ့ နာရီဆီ အကြည့်ရောက်သွားခိုက် ဂျေးဟာ MacBook အား အမြန်သိမ်းကာ..။

" အကို့ကို ခွင့်ပြုပါအုံးနော် "

အလောတကြီး ပြန်ချင်နေတဲ့ ဂျေးအား သူမဟာ တားပြန်သည်။

" မသွားပါနဲ့အုံးလား ခင်မင်မှု ယူရင်း ထမင်းသွားစားရအောင်လေ "

" အကိုတကယ်မရလို့ပါ ညီမ အိမ်မှာ.. "

" အိမ်မှာ ဘာဖြစ်လဲအကို "

လမ်းတဝက်မှာတင် ပြတ်သွားတဲ့ စကားအား သူမဟန် ကြားချင်ဟန် ပေါ်သည်။

" အကိုဝယ်ထားတဲ့ ကြောင်လေးကို အစာကျွေးရ‌အုံးမယ် "

" ပတ်ခ်‌ဂျုံဆောင်း.. "

ရုံးခန်းထဲ ဝင်လာတဲ့ ဂျေးရဲ့ ‌အဖေအား Anna ဟာ ပြေးကပ်ရင်း သူမရဲ့ ကမ်းလှမ်းမှုအား လက်ခံ‌အောင် တောင်းဆို၏။

" Uncle ရယ် သမီးက အကိုဂျေးကို ထမင်းလိုက်ကျွေးချင်တဲ့ဟာကို အကိုက လက်မခံဘူး "

" ဂျေး.. "

အေးစက်စက် လေသံစွဲသည် ဂျေး၏ ကြောက်စိတ်အား မြင့်တက်စေသည်။

" လိုက်သွားလိုက် "

ပြန်ငြင်းချင်သည်။

အိမ်မှာ သူ့ရဲ့ နှင်းဖြူလေးက သူ့ကိုစောင့်နေမှာ ၊ ဒီည နှင်းဖြူလေးကို အရသာရှိတာ လုပ်ကျွေးဖို့ ပြင်ဆင်ထားတာတွေ အကုန်လုံးဟာ မြောင်းထဲ ရောက်ကုန်၏။

သက်ပြင်းယဲ့ယဲ့ချရင်း..။ သူဒီညပြန်မလာနိုင်ကြောင်း အိမ်တော်ထိန်းအား ဆောင်းဟွန်းစားဖို့ အရသာရှိတာ တစ်ခုခု လုပ်ပေးရန် စာပို့လိုက်သည်။

" ဒါဆို သွားကြမလားဟင် "

" အင်း "

MEETING YOU

Company က ပြန်လာရင် သူ့အားအရသာရှိတာတွေ ချက်ကျွေးမယ်ဟု ကတိပေးသွားသော ဂျေးကြောင့် ဆောင်းဟွန်း အိပ်ယာပေါ် လှဲရင်း မျက်နှာကြပ်အား ကြည့်ကာ ဟင်းချက်နေတဲ့ ဂျေးဟာ မည်မျှ ကြည့်ကောင်းမည်နည်းဟု တွေးတောနေမိသည်။

ဂျေးက အကျင့်မကောင်းဘူး..။

သူ့အတွက် ဖုန်းတစ်လုံးပေးထားပင်မဲ့ အဲ့ဖုန်းထဲမှာ candy crush ရယ် အသီးခွဲတဲ့ ဂိမ်းရယ်က လွဲလို့ ကျန်တာမရှိ။ ဆင်းကဒ်လဲ မထည့်ထားသလို ဘာဆို ဘာမှမရှိ။

သို့သော်..။

ဂျေးဟာ နားထောင်ရအောင် သူ့ရဲ့ အသံချိုချိုဖြင့် သီဆိုထားတဲ့ သီချင်းတို့ကိုတော့ ထည့်ထားပေးပါသည်။ ဆောင်းဟွန်း မသိမသာလေး ' Meeting You ' ဆိုတဲ့ သီချင်းလေးကိုတော့ favorite ထဲထည့်ထားမိ၏။

မချစ်ရဘူး ဟု အမိန့်ပေးထားတဲ့ ဦးနှောက်အား နှလုံးသားဟာ အကျင့်မကောင်းစွာပင် ဂျေးဆိုသည့် လူသားဆီ ပြိုပြိုလဲကျနေတတ်ပါသည်။

" ဆောင်းဟွန်းလေးရေ "

အောက်ထပ်က အိမ်တော်ထိန်း အန်တီ၏ စကားကြောင့် ဆောင်းဟွန်းအိပ်နေရာက ထကာ အောက်ထပ်သို့ ပြေးဆင်းသွားမိသည်။

" သူဌေးလေးက ဒီည အရေးကြီးတဲ့ ကိစ္စရှိလို့ နောက်ကျပါ့မယ်တဲ့ "

တောက်! ဒီကြောင်နက်!

မကျေမနပ်ရွတ်ဆိုနေလဲ ဂျေးပတ်ခ်ကို ဘာမှမလုပ်နိုင်။ အလကား! လူကို ဟိုဟာ ချက်ကျွေးမယ် ဒီဟာချက်ကျွေးမယ်နဲ့ အကုန်လုံး ပုံပြင်ပြောသွားတာ။

" သူစားလာမှာမို့ အန်တီကို ချက်ခိုင်းလိုက်တယ် ဘာစားချင်လဲ "

" ‌တော်ပါပြီ ကျွန်တော်ဗိုက်မဆာဘူး "

" အေးအေး စားချင်တဲ့ အချိန် အန်တီ့ကိုပြောနော် "

" မီးဖိုချောင်ထဲ ပေါင်မုန့်တွေ ရှိသေးလား အန်တီ "

" ရှိသေးတယ်ကွဲ့ "

" ဒါဆို ဗိုက်ဆာရင် ပေါင်မုန့်ပဲ စားတော့မယ် အန်တီလဲ နားတော့လေ "

" အေးအေး ဒါဆိုသွားပြီနော် "

" ဟုတ် "

အိမ်တော်ထိန်းအား နှုတ်ဆက်ပြီးသည်နှင့် ဆောင်းဟွန်း မသိမသာလေး ခြေဆောင့်ကာ အိပ်ခန်းထဲ ပြန်လာမိသည်။ လူကို မျှော်လင့်ချင်တွေပေးပြီး အခုကြ အလုပ်ကို လုပ်နေတယ်။

" ဒီ-! ပတ်ခ်‌ဂျုံဆောင်း!! မုန်းလိုက်တာ!! "

MEETING YOU

အသားတို့အား ဆီဖြင့်သုတ်လိမ်းကာ ကင်ထားသည့် အနံ့တို့နှင့် ဆီပေါက်သံတို့သည် သူတို့ နှစ်ယောက်ထဲ ရှိသည့် ‌စားသောက်ခန်းအတွင်း ပျံ့နှံ့လျက်။

အကျီလက်တို့အား လက်ဖျံပေါ်သည်အထိ ခေါက်တင်ထားရင်း ဂျေးဟာ အသားတို့အား ကင်နေ၏။ Anna ကတော့ စားပွဲပေါ် တံတောင်ထောက်ရင်း ဂျေးအမူအယာတိုင်းအား ကြည့်နေ၏။

" စားနေချိန် စားပွဲပေါ် လက်မထောက်ထားရဘူးလေ Anna "

" Ah! Sorry "

သူမရဲ့ အမူအယာကို ပြန်ပြင်ရင်း..။

" အကိုဂျေးရဲ့ ideal type က ဘာလဲဟင် "

ဂျေးဟာ အသားဖက်တစ်ဖက်ကို ဝါးရင်း ပြုံး၏။

" အသားဖြူဖြူဖွေးဖွေးရယ် အပြုံးချိုချိုရယ် မွန်မြတ်တဲ့ စိတ်ထားရယ် ရှိတဲ့သူ "

ပတ်ခ်ဆောင်းဟွန်းပေါ့!

သေချာပေါက် သူ့ရဲ့ ideal type ဟာ ပတ်ခ်ဆောင်းဟွန်း တစ်ယောက်ပဲလေ။ ချောချောလှလှ မိန်းကလေးတွေအစား ပတ်ခ်ဆောင်းဟွန်းတစ်ယောက်အတွက်သာ ရင်ခုန်တဲ့ ဂျေးရဲ့ နှလုံးသားအား ဘက်လိုက်တယ်ပြောရင်လဲ ခံရမှာပဲလေ။

" အာ.. ဂျေးက အမြင်သိပ်ရှိတာပဲ "

ဂျေးက ခေါင်းအသာ ညှိမ့်ပြီးတော့သာ ဆက်စားနေ‌တော့သည်။ လူကသာ ဒီမှာ စိတ်ကတော့ အိမ်မှာကျန်ခဲ့တဲ့ သည်းငယ်ဆီမှာပေါ့ ၊ ဒီအချိန်ဆို ညစာစားနေလောက်ရောပေါ့။

" အကိုဂျေးမှာ ချစ်သူရှိလားဟင် "

" မရှိဘူး "

" ညီမ လုပ်လို့ရမလားဟင် "

အဟွတ်! အဟွတ်!

အစပ်သီးသွားတဲ့ ဂျေးဟာ ချက်ချင်းပင် ရေသောက်ရ၏။ နားထင်သို့ ကန်တက်လာသည့် စပ်ဖျင်းဖျင်း ခံစားချက်သည် မျက်ရည်တွေပင် ဝဲသည်အထိ။

" စည်း အဟွတ်! စည်းမကျော်လာပါနဲ့ Anna ကိုယ်နဲ့မင်းနဲ့က မဖြစ်နိုင်ဘူး မင်းညို့တိုင်း ပြိုရမဲ့ ယောင်္ကျားသားထဲ ကိုယ်က မပါဘူး "

ဂျေးပတ်ခ်ဟာ သူမအကြောင်းကို သိနေခဲ့သည်တဲ့လေ။ဂုဏ်သိက္ခာတို့ ထိခိုက်သွားတဲ့ သူမဟာ လက်သီးဟာ ကျစ်ကျစ်ပါအောက် ဆုပ်ထားကာ အောက်နှုတ်ခမ်းပါးတို့အား ပြတ်ထွက်မတတ် ကိုက်ထား၏။

" ဘာလို့ မဖြစ်နိုင်ရမှာလဲ "

" ကိုယ့်ရဲ့ သတ်မှတ်ချက်ထဲမှာ မင်းမပါလို့လေ "

ပြီးတော့ ကိုယ်က ပတ်ခ်ဆောင်းဟွန်း အပိုင်။

ကြွေရုပ်လေးလို လှတဲ့ ပတ်ခ်ဆောင်းဟွန်း ရဲ့ အပိုင်လေ ကိုယ်က။

" ဘာလို့ ကျွန်မက ရှင့်လက်တွဲဖော် မဖြစ်ရတာလဲ "

" မင်းကိုယ်မင်း စည်းကျော်လာတယ်လို့ မထင်ဘူးလား "

အကြည့်ခြင်း စစ်ခင်းနေသည့် သူတို့နှစ်ယောက်၏ စစ် သည် အသားတို့အား ကင်နေသော မီးထက် ပြင်းလွန်း၏။

" ရှင်က ရှင့်ကိုယ်ရှင် သိပ်ကို အထင်ကြီးတာပဲ အောက်ခြေလွှတ်သွားတာလား "

ဂျေးဟာ အသံထွက်ကာ ရယ်မိတော့သည်။

အောက်ခြေလွှတ်တယ်? သူက?

အောက်ခြေက တက်လာတဲ့ သူမဟုတ်တဲ့ အတွက် ဘာကိစ္စ အောက်ခြေလွှတ်ရမှာလဲ သူမရဲ့ မာယာအသိုက်ထဲ မရောက်လာတာနဲ့ပဲ ဂျေးဟာ အောက်ခြေလွှတ်တဲ့ လူတစ်ယောက် ဖြစ်သွားရောလား။

" အောက်ခြေက တက်လာတာ မဟုတ်တဲ့အတွက် ကိုယ်က အောက်ခြေမလွှတ်ဘူး Kim Anna! အသားကင် အတွက်ကျေးဇူးပါ "

ထိုင်ခုံ ကျောမှီ၌ ချိတ်ထားသော blazer အားယူကာ ဂျေးဟာ အခန်းထဲက ထွက်သွားလေသည်။ အောင်နိုင်သူ အပြုံးအား ဆင်မြန်းသွားတဲ့ ဂျေးရဲ့ ကျောပြင်အား Anna ဟာ လက်ထဲက တူနဲ့ မထိုးယုံတမယ် ကြည့်နေ၏။

သူမဒီတစ်ခေါက် တွေ့ထားတဲ့ အသိုက်ဟာ ကြီးပင်မဲ့ အန္တရာယ်များကာ စကားလုံးလှလှတွေနဲ့ သတ်နိုင်တဲ့ သားကောင်ပင်။

သတိကြီးကြီးကပ်မှသာ ထိုအသိုက်ကို သူမပိုင်နိုင်မည်ပင်။

MEETING YOU

21.4.2024

အလံနီ အင်ဂျိုင်ယာများ လက်ထောင်

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories