Fanfics

3

20:42, 15 August 2024

"မောင် သိလား ဟို့နေ့က Wonတို့ ကော်ဖီဆိုင်မှာ တွေ့ခဲ့တဲ့ အမဝမ်းကွဲဆိုတဲ့ တစ်ယောက်လေ"

ကြင်နာသူ ရဲ့ ပခုံးလေးတစ်ဖက် ပေါ်မှာ ခေါင်းကလေးမှီထားရင်း စိတ်မကောင်းတဲ့ လေသံလေးနဲ့ ထိုစကားကိုပြောတော့

"အင်း... ဟိုနေ့က မောင်တို့ တွေ့ခဲ့တဲ့တစ်ယောက်"

"အင်း... ဟုတ်တယ် အဲ့တာလေ မောင်ရယ် Wonဖြင့် သနားလွန်းလို့ ပြောတောင်မထွက်ဘူး"

"ဘာဖြစ်လို့လဲ Wonရဲ့"

"ဒီလို ... အဲ့ အမ မှာ ၅နှစ်လောက် တွဲလာခဲ့တဲ့ ချစ်သူတစ်ယောက်ရှိတယ်"

"အင်း"

"အဲ့တာ လွန်ခဲ့တဲ့ ၁နှစ်လောက်ကမှ နှစ်ယောက်သား ပြတ်သွားကြတယ် ပြတ်သွားတယ် ဆိုတာကလည်း နှစ်ဦးသဘောတူ လမ်းခွဲတာမျိုး မဟုတ်ပဲနဲ့ ကောင်လေးဘက်က ဘာစကားတစ်ခွန်းမှ မပြောပဲ အဆက်သွယ်ဖြတ်သွားတာတဲ့ နောက်တော့ အဲ့ အမကလည်း ဘာတစ်ခုမှ မသိလိုက်ရပဲ အဆက်အသွယ် မရတော့တာကြောင့် အရူးတစ်ပိုင်းလို ဖြစ်နေခဲ့တာ သနားပါတယ်"

"ဟင် ... ဘာလို့တဲ့လဲ"  

"အင်း ... တကယ်တော့ ကောင်လေးဘက်က အဲ့ အမကို တကယ်ချစ်တာကြောင့် မိဘတွေကို ဖွင့်ပြောပြပုံပဲ အသိုင်းအဝိုင်းကြီး ထဲက ဖြစ်တာကြောင့် သဘောမတူခဲ့ကြဘူးတဲ့လေ ဒါကို ကောင်လေးက နားမထောင်ခဲ့ဘူး အဲ့ အမနဲ့ ဆက်တွဲနေခဲ့သေးတာ အဲ့တာကို ဘယ်လိုဖြစ်လို့ အခုလို အဆက်သွယ်တောင် မလုပ်ဘဲ ဖျတ်သွားရက်တာလဲ မသိဘူးနော်"

"အကြောင်း တစ်ခုခုရှိလို့နေမှာပေါ့ Won ရယ်"

"အင်း... ဟုတ်လောက်မှာပါ"

မျက်နှာလေး ညှိုးကျသွားတဲ့ ချစ်ရသူလေးကို သူ သတိထားမိသွားကာ

"Won ဘာဖြစ်သွားတာလဲ"

မေးလိုက်တော့ မျက်လုံးဝိုင်းဝိုင်းနဲ့ ပြန်ကြည့်လို့လာသည်။ မျက်လုံးဝိုင်းဝိုင်းလေးများမှာ အရောင်တလဲ့လဲ့နဲ့ မျက်ရည်စတို့ ပြည့်တက်လာသည်။

သူ ပျာယာခတ် သွားပြီး

"ဟာ... Won ဘာဖြစ်လို့လဲ"

ဟုဆိုကာ ပါးလေးနှစ်ဖက်ကို အသာအယာ အုပ်ကိုင်လိုက်ပြီး သူနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။

"ဟင့် ... သနားလို့"

"ဟောဗျာ..."

"ဟင့်... ပြီး... ပြီးတော့ မောင်လည်း တနေ့နေ့ တချိန်ကြ Won အပေါ် အဲ့လိုလုပ်သွားရင် ဘယ်လို လုပ်မလဲ တွေးမိလို့ ... အဟင့်"

ချစ်ရသူလေးဟာ အတွေးတွေလွန်နေရှာတာပဲ။

"ဘာတွေ လျှောက်ပြောနေတာလဲ Wonရာ မောင် က ဘာလို့ Won အပေါ်မှာ အဲ့လိုလုပ်ရမှာလဲ"

လေသံအေးအေးနဲ့ ချော့မြူကာ ပြောရင်း ကျလာသော မျက်ရည်စလေးများကို ခပ်ဖွဖွသုတ်ပေးသည်။

"ပြောမရဘူးလေ ဘယ်အရာမှ ကြိုတင် ခန့်မှန်းလို့ မရနိုင်တာပဲ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး"

"ဒီမယ် Won မောင်ပြောပြမယ် မောင်က Won အပေါ်မှာ မေတ္တာစစ် မေတ္တာမှန် နဲ့မြတ်မြတ်နိုးနိုးကို ချစ်တာပါ"

နုနုနယ်နယ် လက်ဖဝါးလေးကို ယူကာ ဘယ်ဘက် ရင်အုံပေါ်ကို တင်လိုက်ရင်း ထိုစကားကို လေးနက်စွာ ပြောသည်။

"ဒါ့ကြောင့် မောင်ကလေ ဘယ်တော့မှာ Won ကို နာကျင်စေအောင် မလုပ်ဘူး Won နာကျင်ခဲ့မယ်ဆိုရင်လဲ သည်ကောင်ကြီး က အရင် ရူးမတတ် ခံစားရမှာ မောင့်ကို ယုံပါ"

တည်ကြည်လေးနက်စွာ ပြောလာသော စကားတို့ကြောင့် Wonwoo မျက်ရည်များကို အလျင်အမြန် ဖိသုတ်လိုက်ရင်း

"အင်း ... မောင့်ကို ယုံပါတယ် Won အခုလိုပြောတာကလည်းလေ မောင့်ကို မယုံလို့ မဟုတ်ပါဘူး Won သာ အဲ့လိုအဖြစ်မျိုး ကြုံခဲ့ရင် ဆိုတဲ့ စိတ်နဲ့ ကြောက်မိလို့ပါ"

"ဟုတ်ပါပြီ လျှောက်မတွေးနဲ့တော့နော် တော်ကြာ ထပ်ငိုမိလို့ မျက်လုံးတွေ နာ နေလိမ့်မယ်"

ခေါင်းလုံးလုံးလေးကို အသာအယာလေး ပွတ်လိုက်ကာ ရင်ခွင်ဆွဲထည့်ပြီး တင်းနေအောင် ဖက်ထားလိုက်သည်။

"အင်း... ဒါနဲ့ မောင့်ကို မေးစရာရှိတယ်"

"မေးလေ..."

"အင်း... တကယ်လို့ မောင် သာ အဲ့ အမ နေရာမှာဆို ဘာလုပ်မှာလဲ"

"မောင်ကလား??"

"အင်း"

"အင်း ... မောင်သာ သူ့နေရာမှာဆိုရင်လေ အရာရာကို ချင့်ချိန်ပြီး အဆက်သွယ် ပြန်ရအောင် ကြိုးစားကြည့်မှာပေါ့"

"အင်း ... ဟုတ်တယ်နော်"

"..."

"မောင့် ကို နောက် တစ်ခု ထပ်မေးအုံးမယ်"

"မေးစေဗျာ..."

"တကယ်လို့လေ... Won သာ မောင့်ကို ထားသွားမယ်ဆိုရင် မောင်ဘယ်လိုလုပ်မှာလဲ"

"သေပစ်မှာပေါ့ Won ရဲ့"

"ဟင် ... ဘယ်လို"

"ဟုတ်တယ်လေ ကိုယ်ချစ်ရသူက ကိုယ့်ဘေးနားကနေ ရုတ်တရက် ဆန်စွာနဲ့ ထာဝရ ပျောက်ကွယ်သွားမယ့် ခံစားချက်မျိုးကို ခံစားနေမယ့်အစား သေလိုက်တာက ပိုမကောင်းဘူးလား Won ရဲ့"

"မကောင်းပါဘူး ခုနက မောင်ပြောသလို ထပ်ကြိုးစားကြည့်တာ ဘာညာလုပ်လေ သေတော့ မသေရပါဘူး"

"မောင့် ဘေးနားမှာ Won မရှိတော့တာက မောင် သေသွားတာနဲ့ အတူတူပဲ Wonရဲ့"

"ဟင့်အင်း... တော်ပြီ အဲ့ သေမယ်ဆိုတဲ့ စကားကြီး ထပ်မပြောနဲ့တော့"

"အဲ့တာဆို Won က မောင့်ကို ဘယ်တော့မှ ထားမသွားပါဘူးဆိုတဲ့ ကတိပေးလေ မဟုတ်ရင် မောင် သေ..."

စကားတောင် မဆုံးသေး

နှုတ်ခမ်းဖျားလေးကို လက်ညှိုးတစ်ချောင်း လေးနဲ့ ပိတ်ကာ

"ရှူး!... ပေးတယ် အဲ့ သေမယ်ဆိုတာကြီး မပြောပါနဲ့ဆို" 

"ဟားဟား... ဟုတ်ပါပြီ မောင့် Wonလေးက သိပ်ချစ်ဖို့ကောင်းတာပဲ"

နှုတ်ခမ်းလေးဆူကာ "သေမယ်" ဆိုတဲ့ စကားပြောနေလို့ ဆိုပြီး စိတ်ကောက်၍ ဆူပုတ်ပုတ် ဖြစ်ချင်နေသော မျက်နှာလေးမှ ပါးလေး တစ်ဖက်ကို ရွှတ်ကနဲ မြည်အောင် နမ်းလိုက်သည်။

********

Hkk....

ကတိ တောင်းခဲ့တုန်းက စကားလုံး လှလှလေးတွေ သုံးနှုန်းသွားတဲ့ သူကြီးဟာ အခုတော့ဖြင့် ထိုအချိန်ကာလ က အဖြစ်အပျက်တွေကို မေ့ကာ သူတောင်းခဲ့ သော ကတိကို အခုထိ ကျွန်တော် တည်ပေးနေသည် ဆိုတာကိုတောင် မမြင်နိုင်တော့ချေ။

ကတိပေးခဲ့သူမှာလည်း ကျွန်တော်ပင် ဖြစ်၍ ထားခဲ့ခံရသူမှာလည်း ကျွန်တော်ပင် ဖြစ်လို့နေသည်။

မွန်းကြပ်လွန်းတာကြောင့် ဆိုင်ရှေ့က ကားပါကင်နားမှာ ရှိတဲ့ ခုံတန်းလျားလေး တစ်ခုမှ ဝင်ထိုင်လိုက်သည်။ အသက်ကို ပုံမှန် ရှူသွင်း ရှူထုတ်လိုက်ပြီး စိတ်တွေကို တည်ငြိမ်အောင် ပြန်စုစည်းလိုက်သည်။

စိတ်ငြိမ်သွား၍ ထိုနေရာမှ ထတော့မည် အလုပ်

.ရှေ့တွင် ကားတစ်စီး လာရပ်သည်။ ကားမှန်ချ လာသည်ကြောင့် ဘယ်သူလဲဟု ကြည့်မိတော့

"ကျွန်တော် လိုက်ပို့ပေးမယ် ကားပေါ်တက်"

အမှတ်သညာ မရှိတဲ့ ကျွန်တော်ကိုယ်တိုင်ဟာလည်း

"အင်း"

ကားပေါ်ရောက်တော့ အနည်းငယ် နေရခက်လို့နေသည်။

"အရင်နေရာပဲ မလား"

"အင်း"

"အလုပ်အကိုင် အဆင်ပြေရဲ့လား"

"အင်း ... ဒီလိုပါပဲ"

"အင်း"

"......."

စကားသံဟာ ပြန်လည် တိတ်ဆိတ်လို့သွားသည်။

ခဏကြာတော့

"ကျွန်တော့်ကို မေ့နိုင်သွားပြီမလား?"

မထင်မှတ်ထားတဲ့ မေးခွန်းကြောင့် ကား ပြတင်းပေါက်ဘက် မျက်နှာမူနေရာက လှည့်ကြည့်လိုက်သည်။

ထိုမေးခွန်းအား မေးရက်နိုင်လောက်သည်အထိ မျက်နှာပြောင်တိုက်လွန်းလှသည့် ထိုလူသားကို သေလောက်အောင်ကို မုန်းသည်။

အေးပေါ့... သူတောင် ဒီလိုမျိုး ပြောထွက်တယ်ဆိုမှတော့ ကျွန်တော်လည်း ပြောမထွက်စရာ အကြောင်း မရှိတော့ပေ။

"ဟက်... မေ့နိုင်သွားပြီလို့ ပြောရင် လိမ်လည်ရာကြနေမှာပေါ့"

ခပ်ပြုံးပြုံးနဲ့ပင် ထိုအမေးကို တုံ့ပြန်တော့

"မေ့လိုက်ပါတော့ ကျွန်တော့်လို မကောင်းတဲ့သူကို"

"အဟား... အဲ့တာ ငါ့ကိစ္စပါ"

အသံထွက်အောင် ရီမိရင်း ပြန်ပြောတော့ ထိုလူသားဆီမှ ဘာစကားသံမှ ထွက်မလာတော့ပေ။

ရယ်ရတယ်နော် ....မေ့ပစ်လိုက်တဲ့လေ။ သူပြောသလိုပဲ သူ့လို မကောင်းတဲ့လူကို သိပ်ကို မေ့ပစ်ချင်တာပေါ့။ သို့သော် ခေါင်းမာလှတဲ့ နှလုံးသားကြောင့် ယခုရရှိလာတဲ့ နာကျင်မှုဟာ သိပ်ကိုထိုက်တန်လွန်းလှပါသည်။

-------------------To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories