27
17:48, 29 August 2025ပြန်ရောက်ပြီးထဲက Phuwin ဘေးမှာ တွယ်ကပ်နေမိတဲ့ သူ့ကို ဘွားဘွားက ပေးစရာရှိသည်ဟု ဆိုလာသည်။
ဘွားဘွားနောက်ကို ကပ်လိုက်လာတဲ့ သူ့ကို ဘွားဘွားက လက်စွပ်ကလေးနှစ်ကွင်းပေးလာသည်။
"ဒါက ဘာလုပ်ဖို့လဲ ဘွားဘွား "
"ဒါက ဘွားဘွား မင်းတို့အတွက် စီစဉ်ထားတဲ့ လက်စွပ် မင်းအဖေပစ္စည်းတွေက မင်းအမေနောက်ပါကုန်တော့ မင်းတို့အတွက် ဘွားကိုယ်တိုင် ရှာထားတဲ့ ဒီဇိုင်း ဘာမှ မစီစဉ်ရသေးဘူးမလား ဒါကို engagement လက်စွပ်လုပ်လိုက် ပြီးတော့ အသစ်တစ်ကွင်း မင်္ဂလာလက်စွပ် လုပ်လိုက်နော်"
"ဟုတ်"
"ဘာစောင့်နေတာလဲ သွားတော့ သွား ဘွားဆန္ဒဖြည့်ဆည်းပေးဖို့မမေ့နဲ့နော်"
"ဟုတ်ကဲ့ပါ ဘွားရဲ့"
တကယ်က သူအားမရှိလို့ လှုပ်တောင်မလှုပ်နိုင် ဖြစ်နေတာမို့ လက်ထပ်ခွင့်တောင်းရန် ဘာမှ မစီစဉ်ရသေး။
အခုတော့ ဒါလေးနဲ့ လက်ထပ်ခွင့်တောင်းကာ လက်ထပ်ပွဲအတွက် သူ့စိတ်တိုင်းကျဝယ်ကာ စီစဉ်ရမည်။
"Nara ဘာတွေတွေးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး"
"နေမကောင်းဘူးလား Nara"
"အင်း နေကောင်းပါတယ် န ည်းနည်း မူးတာရယ် အိပ်ပဲအိပ်ချင်တာရယ် Phuနဲ့ဝေးဝေးနေလို့မရတာရယ်ပဲ ရှိတာ"
"ဆေးခန်းပြကြမလား Nara"
"မပြချင်ပါဘူး Phu ရယ်"
"နောက်နှစ်ရက်နေလို့ မသက်သာရင်ဆေးခန်းသွားပြမယ် ကတိပေး ငါ့မှာ Nara ပဲရှိတာလေ Nara တစ်ခုခုဖြစ်ရင် ငါ- - - "
မျက်ရည်တွေဝိုင်းလာကာ အသံတွေတုန်လာတဲ့ ကောင်လေး . . . . .။
"ဘာမှမဖြစ်ပါဘူး Phuနဲ့အတူ ဘောလုံးအသင်းတစ်သင်း Cheerleader 8ယောက်လောက် မွေးထုတ်ချင်သေးတာ"
"အိုးဟိုး တော်ပြီလား Nara"
ချစ်စရာကောင်လေးကို ဘွားဘွားအိမ်ရဲ့ သူ့အခန်းထဲကို ခေါ်ကာ ကုတင်ပေါ်မှာထိုင်ခိုင်း၍ သူက ကောင်လေးပေါင်ပေါ်မှာလှဲကာ
"Phu ကိုယ် တစ်ခါတစ်ခါကြောက်မိတယ် ဒါတွေက အိပ်မက်ဖြစ်နေမှာ"
"အိပ်မက်မဟုတ်ပါဘူး Naraရယ် ဒါပေမယ့် အချိန်ကောင်းတွေတော့ မကုန်ချင်သေးဘူး"
ခေါင်းတွေ ချာချာလည်နေအောင် မူးနေသော်လည်း အားတင်း၍ ကုတင်ပေါ်ကဆင်းကာ ကုတင်ပေါ်ထိုင်နေတဲ့ ကောင်လေးရှေ့ကို ဒူးထောက်ထိုင်မိသည်။
"Nara ဘာလို့ အဲ့လိုထိုင်နေတာလဲ ဒူးနာမှာပေါ့"
"ခဏ ခဏ ကိုယ်ဘာမှမဖြစ်ဘူး"
"ထပါ ဒီဘေးမှာထိုင် လူက ဖျော့တော့နေတာကို မထိုင်ရင် စိတ်ဆိုးမှာနော် Nara"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ကုတင်ပေါ်မှာပဲ ဘေးချင်းကပ်ထိုင်ကာ လက်ကလေးတွေကို စုပ်ကိုင်၍
"Phu ကိုယ့်ဘဝမှာ Phu မရှိရင် မဖြစ်တော့ဘူးထင်တယ် အခုပဲကြည့် Phu နဲ့ နည်းနည်းဝေးတာနဲ့ မူးလာတာ ထပ်များထားခဲ့ရင် သေသွားမလား မသိဘူးနော်"
"အဲ့လိုမပြောပါနဲ့ ကျွန်တော်မထားခဲ့ဘူး Naraကို အခုကနေစပြီး Nara အမေ့က ရေတွေနဲ့ပက် မျက်နာကို ပိုက်ဆံနဲ့ပေါက်လဲ မထားခဲ့ဘူး စိတ်ချ ဟုတ်ပြီလား"
"မယုံဘူး သက်သေပြ"
" အမ် ဘယ်လို သက်သေပြရမလဲ "
"လက်ထပ်ပေး ကိုယ်နဲ့ ကိုယ့်ဘေးမှာ တစ်သက်လုံးရှိနေပါ့မယ်ဆိုတဲ့ စာချုပ်မှာ လက်မှတ်ထိုးကြမယ် ကိုယ်နဲ့လက်ထပ်ပေးနော်"
"Nara"
"ကိုယ့်ကို မယုံဘူးလား ကိုယ်တကယ်ချစ်တာပါ ဒီမှာ လက်စွပ် ဒါက ကိုယ်နေမကောင်းသေးလို့ ဘွားဘွား ပြင်ဆင်ပေးတာဆိုပေမယ့် ကိုယ့်စိတ်တွေက အစစ်အမှန်ပါ ကိုယ့်ကို လက်ထပ်ပေးပါနော် မနက်တိုင်း နိုးလာတာနဲ့ Phuရဲ့ မျက်နာလေးကို မြင်ချင်သလို မနက်စာအဖြစ် Phuရဲ့ နှုတ်ခမ်းလေးကိုပဲ စားချင်တယ် တစ်နေကုန် ကြိုးစားရုန်းကန်ဖို့ အတွက် ခွန်အားတွေအနေနဲ့ Phuက ဖက်ပေးတာကိုလဲ ခံချင်တယ် တစ်နေ့တာ ပင်ပန်းလာတာတွေကို Phuရဲ့ ပေါင်ပေါ်မှာလှဲပြီး ထိုင်ပြောချင်တယ် Phu ဆီက Good night kiss လေးတွေ ခံယူပြီးမှ အိပ်ရာဝင်ချင်တာမို့ ကိုယ့်ကိုလက်ထပ်ပါနော်"
စိတ်ကူးထဲက လက်ထပ်ခွင့်တောင်းတာက ပင်လယ်ကမ်းခြေရဲ့ နေဝင်ချိန်မှာ ဒူးထောက်ကာ ကဗျာဆန်ဆန် လုပ်ပေးတာမျိုးကို စိတ်ကူးခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ သူငယ်ဘဝရှင်သန်ခဲ့တဲ့ အခန်းလေးထဲမှာပဲ တောင်းခဲ့ရသည်။
ပကာသနမပါပေမယ့် ချစ်တဲ့စိတ်နဲ့ ရင်ထဲက စကားများသာ . . . .။
"Nara - - - ကျွန်တော် Naraနဲ့ လက်ထပ်ဖို့ လက်ခံတယ်"
"တကယ် ???"
"ဒါပေါ့ လက်စွပ်တွေမပါလဲ Naraကသာ လက်ထပ်မယ်ဆို ကျွန်တော်က မငြင်းနိုင်ပါဘူး အဲ့လောက်တောင် ချစ်တာမို့"
"Phu အရမ်းချစ်တယ်နော် ကိုယ့်ကို ရွေးလိုက်ရလို့ တစ်ဘဝလုံး နောင်တမရစေရဘူး"
"ယုံပါတယ် "
သူ့ရှေ့က ကောင်လေးကို လက်စွပ်ကလေး စွပ်ပေးကာ တယုတယ နမ်းရှိုက်လိုက်သည်။
မူလခံစားနေရတဲ့ မူးနေတာတွေဟာ အနမ်းတွေအောက်မှာ ပျောက်ရှသွားသယောင်။
- - - ^ - - -
လက်ထပ်ခွင့်ကို လက်ခံပြီးတဲ့နောက် အချိန်မဆွဲပဲ လက်ထပ်ရန် စီစဉ်ဖြစ်ကြသည်။Phuwinက ခမ်းခမ်းနားနားလုပ်ရတာမကြိုက်တာမို့ အသိမိတ်ဆွေ အနည်းငယ်နဲ့သာ အကျဉ်းချုံး မင်္ဂလာဆောင်လိုက်ရသည်။
တစ်နိုင်ငံလုံးက မဖိတ်ရတဲ့ မင်္ဂလာပွဲမို့ မကျေနပ်တာကြောင့် တစ်နိုင်ငံလုံးက ဆေးရုံတွေ မိဘမဲ့ဂေဟာ တွေကို သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦး အလှူဟုဆိုကာ အလှူတွေလုပ်တာမို့ ဆိုရှယ်မီဒီယာမှာပါ နာမည်ကြီးသွားသည်။
သူ့ရဲ့ အမည်ဖော်မရတဲ့ ရောဂါအတွက်ကတော့ ဆေးစစ်ပေမယ့် မကျန်းမာတဲ့နေရာမရှိတာမို့ အဖြေရှာရခက်သည်။
လက်ထပ်ပွဲကြောင့် အပျော်လွန်နေလို့ပဲ လားမသိ ဒီတလောတော့ မူးတာမော်တာ သိပ်မရှိတော့။
"Pond မင်း ကို တစ်ခု ပြောစရာရှိလို့"
"ဟုတ်"
"Dunkက ပြောတယ် Phuwin ကို စစ်ဆေးကြည့်ပါလားတဲ့ မင်းရဲ့ အဖြေမပေါ်တဲ့ ရောဂါက မင်းကြောင့်မဟုတ်ပဲ Phuwin ကြောင့်ထင်တယ်တဲ့"
"ဗျာ ကျွန်တော်နားမလည်ဘူး"
"နားမလည်လဲ နေ Dunkနဲ့ Phuwin ကို လွှတ်ပေးလိုက်"
"ဟုတ်ကဲ့ - - - ဟိုဟာလေ ဦးလေး ကျေးဇူးနော် အရာအားလုံးအတွက်"
"မင်းတို့ ဖူးစာမှန်လို့ပါ အခု ငါလဲ Dunkနဲ့ ပျော်ရွှင်နေပါပြီ"
Dunkဆိုတဲ့ ဆရာဝန်နောက် လိုက်သွားတဲ့ Phuwin ကို ကြည့်ပြီး သူ့မှာ ပြုံးနေမိပြန်သည်။
"အဲ့လောက်ချစ်နေလဲ လိုက်သွားလေ သားရယ်"
ဘယ်တုံးထဲက ရောက်နေလဲမသိတဲ့ ဘွားဘွားက သူ့ကို စနောက်လာသည်။
"မဟုတ်ပါဘူး ဘွားဘွားရယ် အခုထိ ပိုင်ဆိုင်လိုက်ရတာ မယုံနိုင်ဘူး ဖြစ်နေတာ"
"အမလေး အဖြစ်သည်းနေတာ ဒါနဲ့ Pond လက်စွပ်အသစ်မလုပ်ဘူးလား"
"Phuwin က မလုပ်စေချင်ဘူး"
"ဘွားဘွားကို မြေးလေးတွေမွေးပေးနော် "
"အခုတောင် ကျွန်တော်နေမကောင်းတာ ဘွားဘွားရယ်"
"ဘာမှမဖြစ်ဘူး ဘွားဘွား မင်းဦလေးကို ကိုယ်ဝန်ရှိတုံးကလဲ မင်းအဖိုးက မင်းလိုပဲ ခံစားခဲ့ရတာ အဲ့ဒါကြောင့် ဒီနေ့ Dunk ကို အကူအညီတောင်းပြီး စစ်ဆေးခိုင်းလိုက်တာ"
"တကယ် ???"
"ဟုတ်တယ် ပြန်လာရင် ဘွားဘွားရဲ့ မြေးချွေးမလေးကို ဂရုစိုက်ဖို့ပြင်နော် ဟုတ်ပြီလား"
သူ့ပုခုံးလေးပုတ်ကာ ထွက်သွားတဲ့ ဘွားဘွားစကားမှာ သူဟာ မျှော်လင့်တကြီးကျန်ခဲ့ရသည်။
တကယ်ကိုပဲ Junior Pond လေးရလာခဲ့ရင် သူဖခင်ကောင်းဖြစ်နိုင်ပါ့မလား။
ရယ်စရာကောင်းပေမယ့် သူ့ခေါင်းထဲဝယ် ကလေးလေးက Phuwin ကို သူ့ဆီကနေ လုသွားမလားဆိုတဲ့ မေးခွန်းတစ်ခုကဆက်တိုက်ပေါ်လာသည်။
TBC............
နှစ်မကုန်ခင် ဒါလေးက ဇာတ်သိမ်းတော့မှာပါရှင်။Merry Christmas ပါ အချစ်ကလေးတို့😍😍🤍
There are no comments yet. Log in to be the first to leave a review!





