26
17:47, 29 August 2025Phuwin က သူ့ဘေးမှာ ရှိနေတာကိုပင် သူ့မှာ မယုံနိုင်ဖြစ်ရသည်။အိပ်ရာဝင်ချိန်ဘေးမှာရှိနေတဲ့ ကိုယ်နွေးနွေးလေးက သူ့၏ စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်သလို မနက်အိပ်ရာထချိန်မှာ မြင်ရတဲ့ မျက်နာလှလှလေးက တစ်နေ့တာလုံးကို အင်အားအပြည့်နဲ့ စတင်နိုင်ရန် ခွန်အားတစ်ခု . . . . .။
အိပ်ပျော်နေတဲ့ မျက်နာနုနုလေးကို ကြည့်ကာ သူသဘောတကျပြုံးမိသည်။
မျက်နာနုနုလေးကို ငေးတုန်း ဝင်လာတဲ့ ဖုန်းကြောင့် ကောင်လေးကို ခဏထားကာ ဖုန်းပြောရန် ထွက်လာသည်။
"ဟယ်လို ဘွားဘွား"
"အသက်ရှိသေးတာပဲ ဟမ် ဒီအဘွားကြီးက ဆေးတွေနဲ့ အသက်ဆက်ပြီး မြေးလေးနဲ့ တွေ့ရဖို့ အားတင်းပြီး ပြန်လာပေမယ့် မြေးလေးကတော့ အဘွားကို မြင်ချင်ပုံမရပါဘူး"
"မြင်ချင်ပါတယ် ဘွားဘွားရယ် ဟို - - - ဟို "
"မဟိုနဲ့ မြေးလေးရဲ့ ကောင်လေးကိုလဲ ခေါ်ခဲ့ပါအုံး ဖြစ်နိုင်ရင် ဘွားဘွားက အသက်ရှင်နေတုံး မြေးလေးမင်္ဂလာပွဲကိုလဲ တတ်ချင်တယ် မြစ်လေးလဲ ချီခြင်သေးတယ် မြေးရဲ့ အဘွားဆန္ဒကို ဖြည့်ဆည်းပေးမယ် မဟုတ်လား"
"ဟုတ်ကဲ့"
"အဲ့ဒါဆို Phuwin လေးကို ခေါ်ခဲ့ ဘွားဘွားက လွမ်းလှပြီ သိလား ပြီးတော့ မင်းမြန်မြန်လက်ထပ်ပြီး လူတိုင်းကို မင်းလက်ထပ်ပြီးကြောင်း အကြောင်းကြားရမယ် မင်းအမေက တခြားနေရာတွေမှာ နှုတ်ကျွံတာတွေ ဖြစ်ထားမှာ ဘွားဘွားကြောက်လို့"
"ဟုတ်ကဲ့ပါ ဘွားရဲ့ ကျွန်တော်က ကျွန်တော်တို့ချစ်ခြင်းကို ဘယ်လိုမှ အခွဲမခံရအောင် ကြိုးစားမှာပါ"
"ဟုတ်ပါပြီ ဘွားဘွားစောင့်နေမယ်နော်"
"ဟုတ်ကဲ့"
ချသွားတဲ့ ဖုန်းလေးကိုကြည့်ကာ တွေးမိသည်က ဘွားဘွပြောသလိုပဲ လက်ထပ်ပွဲကို အမြန်စီစဉ်ရမည်။သူကတော့ ချစ်တာမှ ငုံထားမတတ်မို့ လက်ထပ်ရန်လဲ တက်ကြွနေပြီ ။
Phuwin ကရော သူ့ကို လက်ထပ်ချင်ပါ့မလား။
- - - ^ - - -
အတွေးတွေလွန်နေတုံး နောက်ကနေလာဖက်တဲ့ လက်သွယ်သွယ်များ။
"မနက်စောစော ဘာတွေ အတွေးလွန်နေတာလဲ Nara"
"ဘာမှမဟုတ်ပါဘူး Phu"
"တကယ်လား ပုံစံကြည့်ရတာ တစ်ခုခုတွေးနေတဲ့ပုံပါ"
"တကယ်က ခုနက ဘွားဘွားဆီက ဖုန်းလာတယ်"
ကောင်လေးဘက်ကို ပြန်လှည့်ကာ လက်ချောင်းလှလှလေးများအား စုပ်ကိုင်၍ စကားပြောမိသည်။
"ဟုတ်လား နေကောင်းတယ်တဲ့လား"
"နေကောင်းတယ် ဒါပေမယ့် ကိုယ့်ကိုတွေ့ချင်လို့တဲ့"
"ပြန်တွေ့ရမှာပေါ့ တစ်ခါလောက်ပြန်တွေ့လိုက်လေ"
"ဘွားဘွားက ပြန်လာရင် Phu ကို ခေါ်ခဲ့ပါတဲ့ "
မျက်လုံလေးပြူးကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြတဲ့ အနှီလူသားလေးဟာ ချစ်စရာကောင်းလွန်းလှသည်။
"ဟုတ်တယ် Phu ကို"
"Nara ပဲ ဒီတစ်ခေါက် ပြန်တွေ့လိုက်ပါ ကျွန်တော်က နောက်တစ်ခေါက်မှပဲ "
"မရပါဘူး Phu မပါရင် ပြန်မလာနဲ့တဲ့"
"အယ် မဟုတ်တာ "
"ဘာလဲ Phu က ကိုယ့်ကို မခွဲဘူးလို့ ပေးတဲ့ ကတိတွေက အလိမ်အညာတွေလား ကိုယ့်အိမ်တောင် မလိုက်နိုင်ဘူးလား"
"ဟူး မဟုတ်ဘူး မဟုတ်ဘူး မျက်ရည်တွေလဲ ဝဲလို့ လိုက်မယ် လိုက်မယ်နော် တူတူပြန်မယ် ဘန်ကောက်ကို"
ဝမ်းနည်းစရာ ကိစ္စမဟုတ်ပေမယ့် သူကတော့ မျက်ရည်တွေပါဝဲလာသည်။
ဘာလို့မှန်းမသိ သူဟာ ဒီရက်ပိုင်း အိပ်ပဲ အိပ်ချင်နေမိကာ ဝမ်းနည်းလွယ်နေမိသည်။
"ကတိနော် မနက်ဖြန်အတွက် လက်မှတ်ဖြတ်မှာ"
"အင်းပါ ကတိ ကတိ Tinn နဲ့ Gunကို သကြားလုံးတွေပေးပြီး နှုတ်ဆက်အုံးမယ်"
"ဟုတ်ပါပြီ ကိုယ်လဲ ပြန်လာမှာမို့ ကိုယ့်ကွန်ဒိုကို ရှင်းဖို့ ဖုန်းဆက်ထားလိုက်မယ်"
"အင်း အင်း ခဏနေဆင်းလာခဲ့ မနက်စာစားမယ်"
ပြန်ဖို့ စီစဉ်လို့အပြီး အောက်ထပ်ဆင်းလာတော့ အောက်မှာ ပိကပ်နေအောင်ဖြီးထားတဲ့ ဆံပင်နဲ့ Tinnရယ် မျက်နှာဖောင်းဖောင်းနဲ့ ကလေးလေးတစ်ယောက်ရယ်က သူချစ်ရတဲ့ အမျိုးသားလေးဆီကနေ တစ်ခုခုကို ပူဆာနေကြသည်။
ကလေးနှစ်ယောက်နားရောက်တော့ ကလေးနှစ်ယောက်ဆီက အနံ့တစ်ခုခုကြောင့် သူအန်ချင်လာသည်။
ဟန်မဆောင်နိုင်အောင် ပြေးအန်မိတဲ့အခါ
" အဆင်ပြေရဲ့လား Nara"
သူ့ဘေး အပြေးလာ၍ သူ့ကျောကို ပွတ်ကာ မေးနေတဲ့ လေသံမှာ ဂရုစိုက်မှု စိတ်ပူပန်မှု တွေအပြည့်
"ဘာမှမဖြစ်ဘူး ရတယ်"
"ထမင်းစားကြမယ်လာ အစာမရှိလို့ ဖြစ်တာ"
"ဟိုကလေးတွေရော"
"ရွာထဲလှည့်ပြီး ဆော့ဖို့ ထွက်သွားကြပြီ"
Phuwin ဘေးလေးကို ကပ်၍ Phuwin ကိုယ်သင်းရနံ့လေးကို ရှူရှိုက်တဲ့အခါ မူးမောနေတဲ့ ခံစားချက်များ ပျောက်ကွယ်သွားရသည်။
Phuwin ဟာ သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ဆေးတစ်ခွက်ပါပဲ။
- - - ^ - - -
ချင်းမိုင်ကနေ ဘန်ကောက်ပြန်တဲ့ ခရီးက သူ့အတွက် အလွန်ကို ပင်ပန်းစေတာမို့ ဘွားဘွားဆီ တန်းမသွားပဲ သူ့ကွန်ဒိုငို တန်းပြန်ရန် စီစဉ်ပေမယ့် လေဆိပ်မှာ လာကြိုကြတဲ့ ဘွားဘွားရယ် သူ့ဦးလေးဖြစ်သူရယ် မမြင်ဖူးတဲ့ လူတစ်ယောက်ရယ်ကြောင့် အစီအစဉ်ပြောင်းသွားရသည်။
"Phuwin ကလေး ပါးလေးတွေ ဖောင်းလာပါလား အသားတွေ ဖြူလာတယ် ပိုပြီးတော့ ချောလာတယ်နော်"
"ဟုတ် ကျေးဇူးပါ အ - - - "
"ဘွားဘွားလို့ခေါ် အရမ်းဝမ်းသာတယ်သိလား ဘွားဘွားတို့မြေးလေးကို လက်တွဲဖော်အဖြစ်ရွေးပေးလို့ လာပြန်ကြမယ်"
Phuwin လက်ကို ဆွဲကာ ထွက်သွားတာမို့ သူ့မှာ တစ်ယောက်တည်းကျန်ခဲ့ရသည်။
သူ့ဦးလေးဆီကရတဲ့ ရေမွှေးနံ့ကြောင့် သူ့မှာ ပြန်မူးလာရပြန်သည်။
အခြေအနေမကောင်းတဲ့ သူ့ကို ချက်ချင်းသတိထားမိကာ အနားကို ပြန်ပြေးလာတဲ့ ကောင်လေး။
"Nara အဆင်ပြေလား"
ထူးဆန်းတဲ့ သူ့ရောဂါက ဒီတစ်ခါလဲ Phu ဘေးရောက်တော့ ပျောက်ရပြန်သည်။
"အဆင်ပြေပါတယ် "
ဘွားဘွားက ကားတစ်စီး သပ်သပ်စီးကာ သူတို့နှစ်ယောက်က သူ့ဦးေလးတို့ကားကို စီးဖြစ်ကြသည်။
တစ်လမ်းလုံး Phuwin ပခုံးလေးကိုမှီလျက်လိုက်ပါလာမိသည်။
သူ့ရောဂါက ဒီရက်ပိုင်း ပင်ပန်းလွယ်လာသည်။အိပ်ချင်လာသည်။Phuwin လေးနဲ့ လက်ကမ်းမမှီတဲ့ နေရာ အကွာအဝေးရောက်ရင်ကို မူမောကာ အန်ချင်လာပြန်သည်။
သူ့ဦးလေးက လဲ ဘေးနားက ကောင်လေးနဲ့ပဲ စကားပြောကာ ကားမောင်းနေသည်။Phuwinလေးကလဲ သူ့ကိုပဲ ဂရုစိုက်လာ လိုက်လာသည်။
သူ့ဦးလေးကို မြင်ရတော့ သူ့မှာ အားနာမိပြန်သည်။
တောင်းပန်ပါတယ် Phuwin မှ မရှိရင် မဖြစ်တဲ့ဘဝမို့ပါ . . . . . . .အကယ်၍သာ မင်္ဂလာဆောင်မှာ သူသာ ကျေးဇူးတင်စကား ပြောရမယ်ဆို သူ့ဦလေးကို ကျေးဇူးတင်ကြောင်း အကျယ်ကြီး ပြောဆိုကာ ကျေးဇူးတင်မိမှာသာ။
TBC...........
There are no comments yet. Log in to be the first to leave a review!





