13
17:44, 29 August 2025ဘန်ကောက်ရောက်ထဲက ဘယ်နေရာသွားသွား Archen က လိုက်ပို့ပေးသည်။ဘန်ကောက်ကို နှစ်ကြိမ်သာရောက်ဖူးပြီး လမ်းတွေမမှတ်မိတတ်တဲ့ လူမို့ အမြဲ Archen မပါပဲ ဘယ်မှ သွားလို့မရ။
သူ့ကိုယ် လိုက်ပို့ပေးဖို့ Pondကို အကူအညီ တောင်းချင်ပေမယ့် အခုတောင် အများအကြီး ကူညီပေးပြီးပြီမို့ ဒီထပ်ပိုပြီး အကူအညီ မတောင်းဝံ့။
သို့ပေမယ့် Pond က လိုက်ပို့ပေးမယ်ဆိုလာတော့ ပျော်ပျော်ရွှင်ရွှင်ပဲ လက်ခံလိုက်သည်။
"Phuwin အဆင်သင့်ဖြစ်ရင် သွားကြမလား"
အခန်းတံခါးလာခေါက်ကာ သွားရအောင်ခေါ်တဲ့ Pond ကြောင့် သူ့ရဲ့ လွင့်နေတဲ့ စိတ်တွေအား အမြန်စုစည်းကာ နှစ်ဦးသား ထွက်လာကြသည်။
"Phuwin ဘာတွေ လိုချင်တာလဲ"
"တကယ်က ပန်းချီဆွဲတဲ့ ပစ္စည်းတချို့ရယ် ပြီးတော့ အရုပ်တွေရယ် ဝယ်ချင်တာ ဟိုနေ့က အရုပ်ဝယ်မလို့ကြည့်တာ အိမ်နားက ကလေးတွေက ဘာကြိုက်မှန်းမသိလို့ ထပ်ကြည့်မလို့ နောက်တစ်မျိုးကတော့ ဂစ်တာလေး တစ်လုံးလောက် သွားကြည့်ချင်တယ် Pond အားရဲ့လား"
"အားတာပေါ့ စိတ်မပူနဲ့ ဒါနဲ့ ကလေးပစ္စည်းတွေက"
" ကျွန်တော်က တစ်ဦးတည်းသောသားဆိုတော့ မေမေဆုံးတော့ အဖော်မဲ့နေတာ အိမ်နားက ကလေးတွေက ကျွန်တော် သူငယ်ချင်းတွေလေ အခု အိမ်ပြန်မှာဆိုတော့ ဝယ်သွားမလို့ ချင်းမိုင်တတ်လာထဲက သူတို့နဲ့မတွေ့တာကြာပြီ"
"ချင်းမိုင်ဇာတိမဟုတ်ဘူးလား"
"အဲ့ဘက်ကပဲ ဒါပေမယ့် နည်းနည်းလှမ်းတယ် မြို့နဲ့"
"အော် "
နှစ်ယောက်သားကြား Pond ဆီက မေးခွန်းတွေမလာတော့တဲ့အခါ ကားပေါ်က လေထုက တစ်ဖန် တိတ်ဆိတ်လို့ သွားပြန်သည်။
ကုန်တိုက်ရဲ့ စာရေးကိရိယာနဲ့ ပန်းချီဆွဲတဲ့ ပစ္စည်းတွေ ဝယ်တဲ့ နေရာကို ရောက်တော့ ကလေးတွေ လိုမယ့် ပစ္စည်းအချို့ဝယ်ကာ အရုပ်ဆိုင်သို့ ဦးတည်ကြပြန်သည်။
ကလေးတွေက ဘာကြိုက်လဲ မသိတာမို့ အရုပ်ရွေးရခက်နေတဲ့ သူ့ကို
"မိန်းကလေးတွေ Barbie လေး ဝယ်ပေးပြီး ယောက်ျားလေးတွေကိုတော့ ဟိုဘက်က Ultraman ဝယ်ပေးလိုက်လေ"
"ဟုတ်တယ်နော် ဘာလို့အကြာကြီး စဉ်းစားနေလဲမသိဘူး ကျေးဇူးPond"
"ကျေးဇူးတင်ရင် နေ့လည်စာ တူတူလိုက်စားပေး"
"အိုကေလေ"
နှစ်ယောက်သားကြက ရင်းနှီးမှုက ခဏလေးအတွင်း အများကြီးတိုးတက်လာသည်။အသက်အရွယ်ချင်းမတိမ်းမယိမ်းမို့ ခင်မင်မှုမြန်တာ ဖြစ်ပါလိမ့်မည်။
_____________
"Phuwin!!! ? "
ဘန်ကောက်မှာ အသိဆိုလို့ Archen နဲ့ Pond ပဲ ရှိပေမယ့် ရုတ်တရက်ကြီး စားသောက်ဆိုင်မှာ စားနေတုံး လှမ်းခေါ်ခံရတာမို့ လန့်သွားတာအမှန်။ဘယ်သူကများသူ့ကိုသိနေတာလဲ။
"Winny Satang ??"
တက္ကသိုလ်မှာကွဲသွားတဲ့ အထက်တန်းသူငယ်ချင်းတွေ ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ကို ဒီမှာ လာတွေ့ရမယ်လို့ မထင်ထားခဲ့။
"အိုးဟိုး ငါတို့ရဲ့ အရှက်တတ်ဆုံးလေးက နောက်ဆုံးတော့ ရည်းစားရသွားခဲ့ပြီပဲ"
အရင်ကတိုင်းရှေ့နောက်မကြည့် မမေးမမြန်းပဲ ပြောတတ်တဲ့ Satang က နှစ်တွေသာပြောင်းသွားမည် အကျင့်တော့မပြောင်း။သူ့မှာတော့ Satang ရဲ့ စကားကြောင့် Pond ကိုသာ အားနာမိသည်။
"မဟုတ်ဘူး Satang အားနာစရာတွေ ဖြစ်ကုန်ပြီ။နေပါအုံးမင်းတို့ နှစ်ယောက်က အခုထိ တပူးပူးတတွဲတွဲ နဲ့ ဧကန္တ"
"ဟုတ်တယ် ငါတို့ တွဲနေတာ "
Winny က Satang လက်ကို ဆွဲကာ ထောင်ပြ၍ ပြောသည်။ကျောင်းတုံးက အမြဲရန်ဖြစ်တတ်တဲ့ လူမိုက်လေး Satang က အခုကျ ရှက်နေပြန်သည်။
"ဒါနဲ့ ဘန်ကောက်ပြောင်းလာတာလား"
"ပြောရရင်ရှည်တယ်"
"ထားပါ Winnyက barဖွင့်ထားတာလေ ညနေလာခဲ့ပါလား Khunရောပဲ Phuwin နဲ့ လိုက်ခဲ့လေ"
ဟုဆိုကာ လိပ်စာကတ်ထိုးပေး၍ တာတာ့ပြကာ ထွက်သွားကြတဲ့ အတွဲ လုပ်ချင်ရာလုပ်ပြီး အဖြေမစောင့်တဲ့ အတွဲကြောင့် Pond ကို အားနာရပြန်သည်။
"ညနေကျ ကိုယ်တို့လဲ အားနေတာပဲဆိုတော့ သွားကြမယ်လေ"
သူ့စိတ်ကို ဖတ်တတ်သည့်အလား Pond ကပဲ အရင်ပြောလာ၍ သူအလျင်အမြန်ခေါင်းညှိတ်ပြလိုက်သည်။
__________
Winny ရဲ့ Bar အခြေအနေက တော်တော်မဆိုးဘူဟု Pond ကပြောသည်။သူကတော့သိပ်နားမလည်ပါ။ဒီလိုနေရာတွေလဲမလာသလို လူရှုပ်တဲ့ နေရာတွေဆိုလဲ သူရှောင်တတ်သည်။သူ့အကျင့်ကိုက လူတွေအများကြီးရှိတတ်တဲ့နေရာမှာ မနေတတ်တာမို့လဲပါမည်။
သူက လူတွေရဲ့ စိတ်ဝင်စားမှုခံရတာ မေးခွန်းအများကြီး လာမေးကြတာမျိုးတွေ မကြိုက်။လိုအပ်မှသာ ပြောဆို ဆက်ဆံရတာမျိုးပဲလုပ်သည်။Archenရဲ့ ကော်ဖီဆိုင်မှာ လုပ်တာကတော့ အေးဆေးတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တဲ့ သူ့လိုလူတွေကို နွေးထွေးတဲ့ ဝန်ဆောင်မှုပေးချင်တယ် ဆိုတဲ့ စိတ်နဲ့ ဝင်လုပ်ခဲ့ခြင်းသာ။
"ရော့ သောက်"
Satang က အရက်ခွက်တစ်ခွက် ထိုးပေးလာတာမို့
"ငါမသောက်ဘူး Satang"
"မရဘူး သောက် မင်းတစ်ယောက်တည်း မဟုတ်ဘူး Khun လဲ ပါတာပဲ"
Satang တိုးပေးတဲ့ခွက်ကို မငြင်းသာတဲ့အဆုံး သူတစ်ငုံသောက်လိုက်သည်။ခါးသက်သက်ခပ်ရှရှအရသာက လည်ချောင်းတစ်ခုလုံး ပူဆင်းကာ အစာအိမ်ထဲထိ ဆင်းသွားသည်ကို ခံစားလို့ရသည်။
Satang နဲ့ သူက တူတူသောက်နေပြီး Winnyကတော့ ဆိုင်ကိစ္စတွေ စီမံရန်ထွက်သွားသည်။ဖုန်းထလာတာမို့ ဖုန်းပြောရန် Pond က ထွက်သွားသည်။
Satang ရဲ့ အဆွယ်ကောင်းမှုနဲ့ 4ခွက်မြောက်မှာ သူဟာ မဟန်ချင်တော့။ဘေးမှီကို ကြည့်တော့ Pondက မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေသည်ကို သတိထားမိသည်။
ဘာကြောင့်ရယ်မသိ Pond က အခုလို သူများကို ရယ်ပြပြုံးပြကာ စကားတွေ တရင်းတနှီးပြောနေတာကို သူသဘောမကျ ဟုခံစားလာရကာ ရင်ထဲပူလာသည်။
5ခွက်မြောက်ကို စိတ်တိုတိုနဲ့ မော့ချပြီးနောက် သူ့ခေါင်းဟာ စားပွဲခုံပေါ် လုံးဝရောက်ရှိသွားသည်။ထို့နောက်အရာအားလုံးနဲ့ ခဏ အဆက်ပြက်သွားသည်။
အိပ်မက်ထင်တယ်။ဟုတ်တယ် အိပ်မက်ထဲမှာ သူဟာ စီးကရက်အရသာ ပီကေ ဒါမှမဟုတ် သကြားလုံး တစ်လုံးကို စားနေခဲ့တယ်။
အိပ်မက်ပေမယ့် အရသာက မနေ့က စီးကရက်သောက်သလို အရသာဆိုးဆိုး မဟုတ်ပဲ စီးကရက်အနံလေးကိုမှ သူသောက်ထားတဲ့ အရက်ရဲ့ အရသာခပ်ရှရှနဲ့တွေ့ပြီး အရမ်းအရသာရှိနေသည်။
ဒီ အရသာကို အိပ်မက်ထဲမှာပဲ ဘာလို့စားခွင့်ရတာလဲ။အပြင်မှာရော စားခွင့်မရှိဘူးလား။
TBC........
There are no comments yet. Log in to be the first to leave a review!





