12
17:44, 29 August 2025"Pond ထမင်းမစားတော့ဘူးလား စားမကောင်းဘူးလား"
"မဟုတ်ပါဘူး ညစာစောစောစားလေ့မရှိတော့ စားရတာ တစ်မျိုး ဖြစ်နေလို့ sry"
စိတ်ပေါက်ပေါက်နဲ့ ဆေးလိပ် ဘယ်နှလိပ်တောင် သောက်နေမိလဲမသိ Phuwin လာခေါ်မှ သောက်နေလက်စကို နင်းချေကာ စကားပြောမိသည်။
"ပုံမှန် ဘယ်အချိန်စားနေကြလဲ"
"ပုံမှန်တော့မရှိဘူး မစားဖြစ်တဲ့ ညတွေလဲရှိတယ်"
"ညစာမစားပဲ ဆေးလိပ်ပဲ သောက်နေတာလား"
"ဆေးလိပ်ချည်းပဲ မသောက်ပါဘူး တစ်ခါတစ်လေကျ ဝီစကီလေးသောက်ပေးတယ်"
"Pond ကျန်းမာရေးတော့ထိခိုက်တော့မှာပဲ"
"တစ်ခါတစ်လေမှာ မွန်းကျပ်မှုတွေအတွက် အကောင်းဆုံးအဖြေက ဝီစကီနဲ့ ဆေးလိပ်ပဲ ဝီစကီတစ်ငုံသောက်ပြီး ဆေးလိပ်တစ်ရှုက်ရှိုက်ထုတ်တာက မွန်းကျပ်မှုတွေကို ခဏတော့ ပြေလျော့စေတယ်"
"အဲ့လောက်တောင်လား "
"ဟုတ်တယ် ဒါ ကိုယ့်ရဲ့ မရှိမဖြစ် Marlboro လေ"
"ကျွန်တော်သောက်ကြည့်လို့ရမလား"
"မသောက်စေချင်ဘူး ကောင်းတာတွေမဟုတ်ဘူး"
"သူကျ သောက်ပြီး"
"မွန်းကျပ်လို့ပါ "
"ဘာလို့မဖြေရှင်းတာလဲ စိတ်ပင်ပန်းခံပြီးဘာလို့နေနေတာလဲ"
အလုပ်ကိစ္စက ဖြေရှင်းလို့ရသည်။မေမေနဲ့က မသကာ အမွေဖျက်ခံရရုံသာ နှလုံးသားရေးရာကရော ဘယ်လိုဖြေရှင်းရမလဲ။
သူ့ဦးလေးကို ဖျက်ပြီး သူနဲ့ တွဲပါလို့ ပြောရမလား။ဒါမှမဟုတ် လက်ထပ်ပွဲနောက်ဆုတ်လက်စနဲ့ လက်မထပ်တော့ပဲ သူ့ကိုပဲ လက်ထပ်ပေးဖို့ တောင်းဆိုရမလား။
"Pond ဆေးလိပ်သောက်ကြည့်ချင်တယ်"
"မသောက်နဲ့ မကောင်းဘူး ခန္ဓာကိုယ်အတွက်"
"တစ်ဖွာလောက်လေ ဘယ်လိုလဲ သိချင်လို့"
"ဟုတ်ပါပြီ တစ်ဖွာပဲ ဖွာကြည့်"
မဖွာတတ်ဖွာတတ်နဲ့ ဆေးလိပ်စမ်းသောက်နေတဲ့ ကောင်လေးဆီကနေ တစ်ဖွာအပြီးမှာ ဆွဲလုကာ သူကိုယ်တိုင်ပဲ Marlboro ကိုလက်စဖျက်လိုက်သည်။
ကောင်လေးနှုတ်ခမ်းနဲ့ အနီးဆုံးနေရာကို ရောက်ခွင့်ရတာမို့ Marlboro ကို စိတ်ဆိုးမိသည်။တကယ်က ဆေးလိပ်အရသာ သိချင်ရင် သူ့နှုတ်ခမ်းတွေကနေ မြည်းကြည့်ဖို့ ပြောလိုက်ချင်ပေမယ့် မနည်းတည်ဆောက်ထားတဲ့ ရင်းနှီးမှုကို အပျောက်မခံနိုင်။
"Phuwinဆေးလိပ်မကြိုက်ဘူးဆို ဘာလို့ သောက်ကြည့်ချင်ရတာလဲ"
"ဒီလိုပါပဲ"
"နောက်ဘယ်တော့မှ မစမ်းနဲ့နော်"
သူ့အပြောကို နားမထောင်ပဲ အိမ်ထဲဝင်သွားတဲ့ ကောင်လေးနောက် အပြေးလိုက်မိသည်။
__________
ညစာစားထားတဲ့ ပစ္စည်းတွေကို သိမ်းနေတဲ့ ကောင်လေးကို ဘေးကနေ ကူညီရတာက ကြည်နူးဖို့ကောင်းသည်။ဒီလို တခဏတောင် ဒီလောက်ကြည်နူးရတာ အကယ်လို့သာ တစ်ဘဝလုံး ကုန်ဆုံးခွင့်ရမယ်ဆို ဘယ်လောက်တောင် ကြည်နူးရမလဲ။
"Pond ဘာလို့ ပြုံးနေတာလဲ"
"ပြုံးမိလို့လား"
"ပြုံးနေတာလေ မတရားကို ဘာလဲ သဘောကျတဲ့လူအကြောင်းတွေးနေတာလား"
"ဟုတ်တယ် ဒါပေမယ့် ဘာမှမဟုတ်တော့ပါဘူး"
"ဘာလို့လဲ မကြိုစားပဲနောက်ဆုတ်တော့မလို့လား"
"ကြိုးစားလို့မရလောက်တော့ဘူး"
"Pond ခံစားချက်တွေ သူသိပြီးလက်မခံမှ လက်လျော့လေ စစ်မထွက်ခင်မြှားကုန်မနေနဲ့"
"- - - "
သူပြန်မဖြေမိပါ။ဘာလို့ဆို ဒီကောင်လေး အားပေးကာဖွင့်ဟခိုင်းနေတဲ့ သူ့ရဲ့ ချစ်ရတဲ့လူဟာ ဒီကောင်လေးပဲလေ။
အရာအားလုံးက သူ့ဟာနဲ့သူ သတ်မှတ်ပြီးသား။သူတကယ် ကံကြမ္မာကို စိန်ခေါ်ပြီး သူ့အချစ်အတွက် ကြိုးစားသင့်လား။တစ်ခါလောက် ဗီလိန်လုပ်ပြီး ချစ်နေတဲ့ လူနှစ်ယောက်ကွဲသွားအောင် လုက်လိုက်ရမလား။
"မေ့နေတာ Archen က ပြောခိုင်းတယ် ကျွန်တော့်ကို စောင့်ရှောက်ပေးလို့ ကျေးဇူးပါတဲ့"
"မလိုပါဘူး " သူမပြောလဲ Phuwin ကို အပြည့်အဝကာကွယ်ပေးနေမှာပါ ဆိုတဲ့ စကားတော့ ထည့်မပြောဖြစ်။
"Pond မနက်ဖြန် ပြန်ဖို့လက်မှတ်ဝယ်ဖို့နဲ့ ပစ္စည်းတချို့ဝယ်စရာရှိလို့ အပြင်သွားမလို့"
"လိုက်ပို့ပေးမယ်လေ"
"မဟုတ်တာ"
"လုပ်ပါလိုက်ပို့မယ် မနက်ဖြန်ပိတ်ရက်ပဲလေ အလုပ်လဲ အားနေတာ"
"အဲ့လိုဆိုလဲ ကူညီပါအုံး "
"ဘယ်နှနာရီသွားချင်လဲ"
"မနက် ၁၀လောက်"
"ဟုတ်ပြီ အိပ်တော့လေ ကျန်တာသူဆက်သိမ်းထားလိုက်မယ်"
"ဒါဆို good night Pond "
"Omm"
သူ့အတွက် ပြင်ပေးထားတဲ့ အခန်းထဲကို ဝင်သွားတဲ့ကောင်လေးကို အခန်းတံခါးပိတ်တဲ့အထိ တဆုံးလိုက်ကြည့်မိသည်။
သိမ်းစရာလက်စများကို သိမ်းပြီးနောက် သူလဲ ရေချိုး၍ အိပ်ယာဝင်ရန်ပြင်လိုက်သည်။
အိပ်ယာပေါ်ရောက်လာပေမယ့် သူမအိပ်နိုင်သေး။အစကသူထင်သည် သူ့စိတ်တွေကို ထိန်းချုပ်နိုင်လိမ့်မည်။ဒါမှမဟုတ် ဒါဟာ သူ့ရဲ့ စွဲလမ်းမှုအသစ်တစ်ခုမျှသာ အချိန်တန်ရင် အရာအားလုံးက ပြန်အဆင်ပြေသွားမှာဟူ၍သာ။
အချစ်ဆိုတာ စွဲလမ်းမှုကနေစဖြစ်တာမို့ သူ့အချစ်တွေဟာ အချိန်တန်ရင် အဆင်ပြေသွားမည်ဟုထင်ခဲ့သည်။
အခုတော့ သူက နက်နက်ရှိုင်းရှိုင်းကို စွဲလမ်းကာ ချစ်မိလာသည်။အချိန်ခဏပဲ လာစိုက်ဝင်တဲ့ဆူးလေးဟု ထင်ပေမယ့် တကယ်ကတော့ နှုတ်ရခက်တဲ့ ဆူကြီးဖြစ်နေသည်။
အတွေးတွေနဲ့ ချာချာလည်နေတာမို့ ဒီညတော့ သူကောင်းကောင်းအိပ်မပျော်တော့ပါ။အိပ်ပျော်သွားတဲ့အခါမှာလည်း အိပ်မက်ထဲမှာ Phuwin နဲ့ သူ့ဦးလေး မင်္ဂလာဆောင်သွားနေရသည်ဟု မက်လာသည်။
ရက်စက်တာတော်ရုံပဲဖြစ်သင့်ပြီး အိပ်မက်ထဲတော့ ပေါင်းစည်းခွင့်ပေးသင့်သည်။
TBC......
ဘယ်လိုနေလဲမသိတော့ပါဘူး။အမှားပါသွားလဲသည်းခံပေးပါအုံး။အသစ်လေးလဲ ဒီညအချိန်ရရင်တင်ပေးမယ်နော် 😁🫢💕
There are no comments yet. Log in to be the first to leave a review!





