Fanfics

Part-4

19:41, 21 October 2021

Unicode

ခုတလော သူနေမကောင်းဘူး..။ ရင်တွေခဏခဏတုန်သလို ခြေပျော့လက်ပျော့လဲ ခဏခဏဖြစ်သည်။ သို့သော်ငြား ဘာဆေးညွှန်းသောက်ရမှန်း သူမသိ..။ အဲ့လက္ခဏာတွေက ထယ်ယောင်းနှင့်အကြည့်ချင်းဆုံမိတိုင်း အသားချင်း မတော်တဆ ထိမိတိုင်းမှ ဖြစ်ဖြစ်လာတတ်လို့...။ ထယ်ယောင်းနှင့် မတွေ့အောင် ရှောင်နေပြန်တော့လဲ ရင်ထဲနေ၍မကောင်း လှိုက်မောနေသည်။ သက်ပြင်းကို မကြာခဏလဲ ရှိုက်မိသည်။ ငိုင်တွေတွေနှင့် လုပ်သမျှက စိတ်မပါ..။ ထယ်ယောင်းကိုချည်း ထိုင်သတိရနေတော့သည်။ ယခုလည်း ထယ်ယောင်းကလယ်ထဲမှာ သူကဆေးခန်းမှာမို့ ရင်ထဲနေမထိထိုင်မသာနှင့် နေ၍မကောင်း..။

" ဆရာ....."

တံခါးခေါက်သံ အတိအကျ လေးချက်ကြောင့် ထယ်ယောင်းများလားလို့ ဆတ်ကနဲ့ ခေါင်းထောင်ကြည့်လိုက်သည်။ ထယ်ယောင်းမဟုတ်ဘဲ လူနာဖြစ်နေသည်မို့ တက်ကြွနေသော စိတ်တို့ ဟုန်းကနဲ မီးသေကျသွားသည်။ ထယ်ယောင်းက သူလာရင် အမြဲ တံခါးကို လေးချက်ခေါက်နေကျ...။

" ဆရာ...ကျွန်မလေ...ကျွန်မ..."

တိုးညင်းသော အသံကလေးသည် အပြောရခက်နေသလို တိမ်ဝင်သွားသည်။ လက်နှစ်ဖက်ကို ဖျစ်ညစ်ရင်း ပြောသင့်မပြောသင့် အတန်ကြာ စဉ်းစားပြီးမှ

" ကန်တော့နော်ဆရာ... ကျွန်မ...ကျွန်မ...ရာသီမလာတာ နှစ်လရှိပြီ ဒီတလောမှာ ခဏခဏလဲ ပျို့အန်တယ် ရင်ပြည့်နေသလိုနဲ့ မူးဝေဝေလဲ ခံစားရတယ်ဆရာ... အဲ့ဒါ...အဲ့ဒါ... ဟိုဟာတော့ မဟုတ်ဘူးမလားဆရာ...မဟုတ်ဘူးဆိုတာ ကျွန်မကို စစ်ပေးပါနော်..."

အားကိုးတကြီး ကြည့်နေသော မျက်လုံးများသည် ကနာမငြိမ် ဟိုကြည့်ဒီကြည့်နှင့်...။ အသံသည်လဲ တိမ်ဝင်လိုက် ပြာဝေလိုက်...။ မိန်းမပျိုကလေး၏ မူမမှန်သော ပူပန်မှုမျိုးဖြစ်နေသည်မို့ ရင်ထဲထိတ်ကနဲ...။

နားကြပ်ကိုင်နေသည့် သူ့လက်များသည် တုန်ရီနေသလို ကောင်မလေး၏ သာမန်မဟုတ်သည့် နှလုံးခုန်နှုန်းကြောင့် ချွေးစေးများကလဲ စိုလျက်...။ ပိုသေချာစေရန် ဆီးစစ်သည့်အတံပေး၍ အိမ်သာထဲ ဝင်စစ်စေလိုက်သည်။ ထိုမိန်းကလေး ထွက်မလာမချင်း သူ့မှာ ဟိုလျှောက်ဒီလျှောက်နှင့် ကနာမငြိမ်နိုင်...။ မသိသည့်သူဆို သူ့ကို ထိုမိန်းကလေး၏ အမျိုးသားဟု ထင်နိုင်သည်အထိ သူ့မှာခြေမကိုင်မိ လက်မကိုင်မိနှင့်...။

သူ့ရှေ့ထိုးပြလာသော နှစ်ရစ်ပြနေသည့် ဆီးစစ်တံကြောင့် ပူထူးသွားသည်။ ဒါဟာ  ကောင်မလေး မလိုချင်သည့် ရလာဘ်ဖြစ်သလို သူမဖြစ်စေချင်သော ကိစ္စလေ...။ အသံကို တတ်နိုင်သည့်ထပ်ပို၍ ထိန်းရင်း ကိုယ်ဝန်ရှိနေကြောင်းပြောတော့ ကောင်မလေး ငိုသည်။ သေသာသေလိုက်ချင်သည်ကို ညည်း၍ သဲမဲစွာ ငိုသည်။

" အလိုမတူဘဲရတဲ့ ကိုယ်ဝန်မို့လား "

တစ်ဖက်လူ စိတ်ထိခိုက်နေသည့် အချိန်မှန်း သူသိသော်လည်း ထိုမေးခွန်းကို မမေးမိအောင် သူမထိန်းနိုင်လိုက်..။ သူအကြောက်ဆုံးနှင့် ရင်မဆိုင်ချင်ဆုံး ကိစ္စသည် အလိုမတူ ဖျက်ဆီးခံရသည့်ကိစ္စဖြစ်သည်။ ထိုသို့ကိစ္စမျိုး ကြုံရတိုင်း ကြားရတိုင်းမှာ သွေးအလိမ့်လိမ့်နှင့် တစ်ကိုယ်လုံးရစရာမရှိ ညိုမဲ‌နေသည့် ဒဏ်ရာများနှင့် မမကို သူပြန်မြင်သည်။ ပြာနှမ်းနေသော နှုတ်ခမ်းနှင့် မမမျက်နှာချောချောသည် ရစရာမရှိ စုတ်ပြတ်နေသည်။ လူမဆန်သည့် လူတွေလက်ချက်ကြောင့်ဟု ‌တွေးမိတိုင်း အသားတို့ တဆတ်ဆတ်တုန်သည်။ မမလို နှစ်နာသူ မိန်းကလေးတွေ သူထပ်မရှိစေချင်တော့...။

" ကျွန်မ ချစ်သူနဲ့ပါ "

ချစ်သူနှင့်ဟူသော စကားကြားရချိန်မှ ရင်ထဲမှာ တစ်ဆို့နေသော ပူပူအလုံးကြီးသည် ကျသွားသည်။ ချစ်သူကို သေချာပြောပြီး တာဝန်ယူခိုင်းဖို့ သူအထပ်ထပ်ပြောပြီး အားဆေးတစ်ချို့ပေးလိုက်သည်။ နွမ်းလျစွာ ပြန်သွားသော ထိုမိန်းကလေးကြောင့် သူသက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်မိသည်။

ဒီညတော့ သေချာသည် သူသောက်မှရမည်။

______________________________________

" ဒီနေ့.. ဆေးခန်းကို ကောင်မလေးတစ်ယောက်လာတယ်..."

ထက်ဝက်ကျိူးနေပြီဖြစ်သော မြေအိုးရှည်ဝိုင်းဝိုင်းထဲမှ ဆန်အရက်ကို ခွက်အပြည့်ငှဲ့ချလိုက်သည်။ ပြီးမှ စကားစကို ဆက်လိုက်သည်။ 

" တအား စိုးထိတ်‌နေတဲ့ပုံနဲ့ ကိုယ်ဝန်စစ်‌ချင်လို့တဲ့.."

ဆန်အရက်ကို တစ်ကြိုက်ထဲ မော့ချလိုက်ပြီးမှ သက်ပြင်းရှည်ကို လေးတွဲ့စွာ ထုတ်လွှတ်လိုက်သည်။

" ငါလေ...ငါ...သူဖျက်စီးခံခဲ့ရမှာ အလိုမတူတဲ့သူနဲ့ရတဲ့ကိုယ်ဝန်ဖြစ်မှာကို တအား စိုးရိမ်ခဲ့တာ...ငါ...."

ဆက်ပြောနိုင်စွမ်း သူ့တွင်မရှိတော့...။ လျှံကျလာသော မျက်ရည်ကြည်များက လက်ခုံပေါ် တစ်စက်ချင်း...။ မမကို သူလွမ်းသည်။ နေခြည်နွေးနွေးလို တောက်လက်သော အပြုံးများနှင့်မမ...။ ညှင်းတွဲ့သောအသံနှင့် မေမေတို့ခေါ်သလို သားဟု တစာစာ ခေါ်တတ်သောမမ...။ သူသိပ်ချစ်ရသည့် တစ်ဦးတည်းသောမမကို အရက်စက်ဆုံးနည်းနှင့် လောကကြီးက ပြန်ခေါ်သွားသည်။

" မမ...မမ...သူသိပ်ကြောက်နေခဲ့မှာ...။... သုံးလေးရက်လောက် အုံ့ဆိုင်းပြီးမှ ရွာတဲ့မိုးမို့ထင်ပါတယ် အဲ့နေ့ညနေကျမှ မိုးတွေတအားကြီးခဲ့တာ..။ အုံ့မှိုင်းမှိုင်းနေရတာမကြိုက်တဲ့ငါကတော့ အရမ်းတွေပျော်နေခဲ့တာ..။ မိုးရွာပြီဆိုပြီး အိမ်ရှေ့ကပန်းပင်တွေ မိုးရေသောက်တာကို ပြေးကြည့် ငှက်ကလေးတွေ မိုးခိုတာကို ပြေးကြည့်နဲ့အလုပ်ရှုပ်နေခဲ့တာ...။...မမ မိုးရေထဲ အမဲဖြတ်ခံနေရတာကို မသိဘဲ ငါက... ငါက...ပျော်နေခဲ့တာ..။ အဲ့မိုးရေစက်တွေနဲ့အတူ ငါ့မမကို ခေါ်သွားမှာကို မသိဘဲ ငါက..ငါက..."

ရေစိုဆံပင် ဖရိုဖရဲနှင့် မမကို အခုထိ မျက်လုံးထဲက မထွက်သေး...။ တင်းတင်းဆုပ်ထားသည့် လက်နှစ်ဖက်က မိုးရေထဲ မည်မျှ ကြောက်ရွံ့နေကြောင်း ဖော်ပြနေသည်။ သူကိုယ်နှင့်မကွာ ဆောင်ထားတတ်သော ကလစ်ကလေးသည် ထိုပြာနှမ်းနေသော လက်သီးဆုပ်ထဲမှ ထွက်လာခြင်း...။ ကျစ်ကျစ်ပါအောင် ဆုပ်ထားတာများ သွေးစလေးတွေပါစို့လို့..။

" ဒီကလစ်ကလေးကလေ မမကိုပန်စေချင်လွန်းလို့ မုန်းဖို့လေးတွေစုပြီး ငါဝယ်ပေးခဲ့တာ..."

ပုလဲလုံးဖြူလဲ့လဲ့ကိုမှ ကျောက်အပြာဝန်ရံထားသည့် လိပ်ပြာတောင်ပံခတ်ပုံ ကလစ်လေးကို ပွတ်သပ်ရင်းမှ အဖျားခတ်သံတို့ တိမ်ဝင်သွားသည်။ သားဝယ်ပေးတဲ့ ကလစ်ကလေးလို့ တဖွဖွပြောရရင်း မမအမြတ်တနိုးပန်ဆင်ခဲ့ဖူးသည့် ကလစ်ကလေးသည် ယခုတော့ ပန်ဆင်သူမဲ့လို့ ..။

" စိတ်ရှုပ်အောင် လုပ်မိပြီထင်တယ် "

" မငိုပါနဲ့....ဒီမျက်လုံးလှလှလေးတွေကနေ မျက်ရည်တွေ စိမ့်ထွက်လာတာကို မကြိုက်ဘူး...။ မင်းအစ်မသိလဲ စိတ်ကောင်းမှာ မဟုတ်ဘူး..."

ပါးပြင်ထက်က စိုစွတ်စွတ် မျက်ရည်တွေကို ဖိသုတ်ပေးသည်။ နှပ်ရည် အနည်းငယ်ထွက်နေသော နှာခေါင်းဝကိုလဲ မရွံမရှာ လက်ခုံနှင့် သုတ်ပေးသည်။

သူ့အသက်ရှူငွေ့တို့ နှာဝကို ရိုက်ခတ်သည်အထိ နီးကပ်သော အနေအထားမှာ ရင်ထဲလှိုင်ထန်လို့...။ မမှိတ်မသုန် ကြည့်နေမိသော ထိလုလဲဆဲဆဲ နှုတ်ခမ်းပါးသည် ဟက်ဟက်ပက်ပက် ပြုံးလိုက်လျှင် အသဲပုံကျသွားတတ်သည်။ မငြိမ်သက်သော စိတ်အစုံ၏ စေစားရာအတိုင်း ထိုနှုတ်ခမ်းပါးများကို ထိကပ်လိုက်ပြီးမှ သူ့ကိုယ်သူ ထုရိုက်ပစ်ချင်စိတ်တို့က တဖွားဖွား...။ စိတ်အလိုလိုက်ရလေခြင်းဟု....။

" ဂျီမင်...ဂျီမင်...ဟေ့...."

ဘာလုပ်ရမှန်း မသိတော့သည်နှင့် သူ့ပခုံးပေါ် မျက်နှာကို အပ်ထားရင်းမှ အိပ်ချင်ယောင်ဆောင်လိုက်သည်။ ပါးကိုအသာဖွဖွ ပုတ်ပြီးခေါ်လေ မျက်လုံးကို တင်းနေအောင် မှိန်ထားမိလေ...။ ထယ်ယောင်းကို ဘယ်လို မျက်နှာနှင့် ရင်ဆိုင်ရမှာလဲ..။ သူ့မှာ အဲ့လောက်သတ္တိမရှိဘူး...။

" လူလည်...."

အရိပ်ကျလာခြင်းနှင့်အတူ မေးဖျားပင့်တင်ခံလိုက်ရသည်။ အောက်နှုတ်ခမ်းကို ဖွဖွဆွဲကိုက်ပြီး ‌အပေါ်နှုတ်ခမ်းကို ဖိကပ်နမ်းလာသည်။ တစ်လှည့်ဆီ ဆွဲဆုပ်ခံနေရသော နှုတ်ခမ်းများကြောင့် သူမျက်လုံးဖွင့်မိမတတ်..။ သို့သော် သူမလုပ်ရဲ ငြိမ်ငြိမ်လေးသာ နေနေမိသည်။ မိနစ်တို့ ဘယ်လောက်ဘယ်ရွေ့ကုန်လွန်သွားသည်မသိ သူနှုတ်ခမ်းတို့ ပူထူလာပြီဆိုမှ လွှတ်ပေးသည်။ ဒါတောင် နှာသီလေးကို ကိုက်ဆွဲပြီး ပါးကိုဖိနမ်းသွားသေးသည်။

ထယ်ယောင်း သူ့ကို ဒူးဆစ်ကနေ ပွေ့ခေါ်သွားပြီး ကုတင်ပေါ် ညင်ညင်သာသာ ချပေးသည်။ ဖိနပ်သေချာချွတ်ပေးပြီး စောင်သေချာ ခြုံပေးသည်။ ပြီးတော့ ဘေးနားမှာ လာလှဲကာ သူ့ကို စောင်နှင့်ဖက်ထုပ်လေးလိုထုပ်ထားပြီး ဖက်အိပ်သည်။ ဘာမှ ထပ်မလုပ်တော့...။

_____________________________________

Zawgi

ခုတေလာ သူေနမေကာင္းဘူး..။ ရင္ေတြခဏခဏတုန္သလို ေျခေပ်ာ့လက္ေပ်ာ့လဲ ခဏခဏျဖစ္သည္။ သို႔ေသာ္ျငား ဘာေဆးၫႊန္းေသာက္ရမွန္း သူမသိ..။ အဲ့လကၡဏာေတြက ထယ္ေယာင္းႏွင့္အၾကည့္ခ်င္းဆုံမိတိုင္း အသားခ်င္း မေတာ္တဆ ထိမိတိုင္းမွ ျဖစ္ျဖစ္လာတတ္လို႔...။ ထယ္ေယာင္းႏွင့္ မေတြ႕ေအာင္ ေရွာင္ေနျပန္ေတာ့လဲ ရင္ထဲေန၍မေကာင္း လွိုက္ေမာေနသည္။ သက္ျပင္းကို မၾကာခဏလဲ ရွိုက္မိသည္။ ငိုင္ေတြေတြႏွင့္ လုပ္သမွ်က စိတ္မပါ..။ ထယ္ေယာင္းကိုခ်ည္း ထိုင္သတိရေနေတာ့သည္။ ယခုလည္း ထယ္ေယာင္းကလယ္ထဲမွာ သူကေဆးခန္းမွာမို႔ ရင္ထဲေနမထိထိုင္မသာႏွင့္ ေန၍မေကာင္း..။

" ဆရာ....."

တံခါးေခါက္သံ အတိအက် ေလးခ်က္ေၾကာင့္ ထယ္ေယာင္းမ်ားလားလို႔ ဆတ္ကနဲ႕ ေခါင္းေထာင္ၾကည့္လိုက္သည္။ ထယ္ေယာင္းမဟုတ္ဘဲ လူနာျဖစ္ေနသည္မို႔ တက္ႂကြေနေသာ စိတ္တို႔ ဟုန္းကနဲ မီးေသက်သြားသည္။ ထယ္ေယာင္းက သူလာရင္ အၿမဲ တံခါးကို ေလးခ်က္ေခါက္ေနက်...။

" ဆရာ...ကြၽန္မေလ...ကြၽန္မ..."

တိုးညင္းေသာ အသံကေလးသည္ အေျပာရခက္ေနသလို တိမ္ဝင္သြားသည္။ လက္ႏွစ္ဖက္ကို ဖ်စ္ညစ္ရင္း ေျပာသင့္မေျပာသင့္ အတန္ၾကာ စဥ္းစားၿပီးမွ

" ကန္ေတာ့ေနာ္ဆရာ... ကြၽန္မ...ကြၽန္မ...ရာသီမလာတာ ႏွစ္လရွိၿပီ ဒီတေလာမွာ ခဏခဏလဲ ပ်ိဳ႕အန္တယ္ ရင္ျပည့္ေနသလိုနဲ႕ မူးေဝေဝလဲ ခံစားရတယ္ဆရာ... အဲ့ဒါ...အဲ့ဒါ... ဟိုဟာေတာ့ မဟုတ္ဘူးမလားဆရာ...မဟုတ္ဘူးဆိုတာ ကြၽန္မကို စစ္ေပးပါေနာ္..."

အားကိုးတႀကီး ၾကည့္ေနေသာ မ်က္လုံးမ်ားသည္ ကနာမၿငိမ္ ဟိုၾကည့္ဒီၾကည့္ႏွင့္...။ အသံသည္လဲ တိမ္ဝင္လိုက္ ျပာေဝလိုက္...။ မိန္းမပ်ိဳကေလး၏ မူမမွန္ေသာ ပူပန္မႈမ်ိဳးျဖစ္ေနသည္မို႔ ရင္ထဲထိတ္ကနဲ...။

နားၾကပ္ကိုင္ေနသည့္ သူ႕လက္မ်ားသည္ တုန္ရီေနသလို ေကာင္မေလး၏ သာမန္မဟုတ္သည့္ ႏွလုံးခုန္ႏႈန္းေၾကာင့္ ေခြၽးေစးမ်ားကလဲ စိုလ်က္...။ ပိုေသခ်ာေစရန္ ဆီးစစ္သည့္အတံေပး၍ အိမ္သာထဲ ဝင္စစ္ေစလိုက္သည္။ ထိုမိန္းကေလး ထြက္မလာမခ်င္း သူ႕မွာ ဟိုေလွ်ာက္ဒီေလွ်ာက္ႏွင့္ ကနာမၿငိမ္နိုင္...။ မသိသည့္သူဆို သူ႕ကို ထိုမိန္းကေလး၏ အမ်ိဳးသားဟု ထင္နိုင္သည္အထိ သူ႕မွာေျခမကိုင္မိ လက္မကိုင္မိႏွင့္...။

သူ႕ေရွ႕ထိုးျပလာေသာ ႏွစ္ရစ္ျပေနသည့္ ဆီးစစ္တံေၾကာင့္ ပူထူးသြားသည္။ ဒါဟာ  ေကာင္မေလး မလိုခ်င္သည့္ ရလာဘ္ျဖစ္သလို သူမျဖစ္ေစခ်င္ေသာ ကိစၥေလ...။ အသံကို တတ္နိုင္သည့္ထပ္ပို၍ ထိန္းရင္း ကိုယ္ဝန္ရွိေနေၾကာင္းေျပာေတာ့ ေကာင္မေလး ငိုသည္။ ေသသာေသလိုက္ခ်င္သည္ကို ညည္း၍ သဲမဲစြာ ငိုသည္။

" အလိုမတူဘဲရတဲ့ ကိုယ္ဝန္မို႔လား "

တစ္ဖက္လူ စိတ္ထိခိုက္ေနသည့္ အခ်ိန္မွန္း သူသိေသာ္လည္း ထိုေမးခြန္းကို မေမးမိေအာင္ သူမထိန္းနိုင္လိုက္..။ သူအေၾကာက္ဆုံးႏွင့္ ရင္မဆိုင္ခ်င္ဆုံး ကိစၥသည္ အလိုမတူ ဖ်က္ဆီးခံရသည့္ကိစၥျဖစ္သည္။ ထိုသို႔ကိစၥမ်ိဳး ႀကဳံရတိုင္း ၾကားရတိုင္းမွာ ေသြးအလိမ့္လိမ့္ႏွင့္ တစ္ကိုယ္လုံးရစရာမရွိ ညိုမဲ‌ေနသည့္ ဒဏ္ရာမ်ားႏွင့္ မမကို သူျပန္ျမင္သည္။ ျပာႏွမ္းေနေသာ ႏႈတ္ခမ္းႏွင့္ မမမ်က္ႏွာေခ်ာေခ်ာသည္ ရစရာမရွိ စုတ္ျပတ္ေနသည္။ လူမဆန္သည့္ လူေတြလက္ခ်က္ေၾကာင့္ဟု ‌ေတြးမိတိုင္း အသားတို႔ တဆတ္ဆတ္တုန္သည္။ မမလို ႏွစ္နာသူ မိန္းကေလးေတြ သူထပ္မရွိေစခ်င္ေတာ့...။

" ကြၽန္မ ခ်စ္သူနဲ႕ပါ "

ခ်စ္သူႏွင့္ဟူေသာ စကားၾကားရခ်ိန္မွ ရင္ထဲမွာ တစ္ဆို႔ေနေသာ ပူပူအလုံးႀကီးသည္ က်သြားသည္။ ခ်စ္သူကို ေသခ်ာေျပာၿပီး တာဝန္ယူခိုင္းဖို႔ သူအထပ္ထပ္ေျပာၿပီး အားေဆးတစ္ခ်ိဳ႕ေပးလိုက္သည္။ ႏြမ္းလ်စြာ ျပန္သြားေသာ ထိုမိန္းကေလးေၾကာင့္ သူသက္ျပင္းရွည္တစ္ခ်က္ မႈတ္ထုတ္မိသည္။

ဒီညေတာ့ ေသခ်ာသည္ သူေသာက္မွရမည္။

______________________________________

" ဒီေန႕.. ေဆးခန္းကို ေကာင္မေလးတစ္ေယာက္လာတယ္..."

ထက္ဝက္က်ိဴးေနၿပီျဖစ္ေသာ ေျမအိုးရွည္ဝိုင္းဝိုင္းထဲမွ ဆန္အရက္ကို ခြက္အျပည့္ငွဲ႕ခ်လိဳက္သည္။ ၿပီးမွ စကားစကို ဆက္လိုက္သည္။ 

" တအား စိုးထိတ္‌ေနတဲ့ပုံနဲ႕ ကိုယ္ဝန္စစ္‌ခ်င္လို႔တဲ့.."

ဆန္အရက္ကို တစ္ႀကိဳက္ထဲ ေမာ့ခ်လိဳက္ၿပီးမွ သက္ျပင္းရွည္ကို ေလးတြဲ႕စြာ ထုတ္လႊတ္လိုက္သည္။

" ငါေလ...ငါ...သူဖ်က္စီးခံခဲ့ရမွာ အလိုမတူတဲ့သူနဲ႕ရတဲ့ကိုယ္ဝန္ျဖစ္မွာကို တအား စိုးရိမ္ခဲ့တာ...ငါ...."

ဆက္ေျပာနိုင္စြမ္း သူ႕တြင္မရွိေတာ့...။ လွ်ံက်လာေသာ မ်က္ရည္ၾကည္မ်ားက လက္ခုံေပၚ တစ္စက္ခ်င္း...။ မမကို သူလြမ္းသည္။ ေနျခည္ေႏြးေႏြးလို ေတာက္လက္ေသာ အၿပဳံးမ်ားႏွင့္မမ...။ ညွင္းတြဲ႕ေသာအသံႏွင့္ ေမေမတို႔ေခၚသလို သားဟု တစာစာ ေခၚတတ္ေသာမမ...။ သူသိပ္ခ်စ္ရသည့္ တစ္ဦးတည္းေသာမမကို အရက္စက္ဆုံးနည္းႏွင့္ ေလာကႀကီးက ျပန္ေခၚသြားသည္။

" မမ...မမ...သူသိပ္ေၾကာက္ေနခဲ့မွာ...။... သုံးေလးရက္ေလာက္ အုံ႕ဆိုင္းၿပီးမွ ႐ြာတဲ့မိုးမို႔ထင္ပါတယ္ အဲ့ေန႕ညေနက်မွ မိုးေတြတအားႀကီးခဲ့တာ..။ အုံ႕မွိုင္းမွိုင္းေနရတာမႀကိဳက္တဲ့ငါကေတာ့ အရမ္းေတြေပ်ာ္ေနခဲ့တာ..။ မိုး႐ြာၿပီဆိုၿပီး အိမ္ေရွ႕ကပန္းပင္ေတြ မိုးေရေသာက္တာကို ေျပးၾကည့္ ငွက္ကေလးေတြ မိုးခိုတာကို ေျပးၾကည့္နဲ႕အလုပ္ရႈပ္ေနခဲ့တာ...။...မမ မိုးေရထဲ အမဲျဖတ္ခံေနရတာကို မသိဘဲ ငါက... ငါက...ေပ်ာ္ေနခဲ့တာ..။ အဲ့မိုးေရစက္ေတြနဲ႕အတူ ငါ့မမကို ေခၚသြားမွာကို မသိဘဲ ငါက..ငါက..."

ေရစိုဆံပင္ ဖရိုဖရဲႏွင့္ မမကို အခုထိ မ်က္လုံးထဲက မထြက္ေသး...။ တင္းတင္းဆုပ္ထားသည့္ လက္ႏွစ္ဖက္က မိုးေရထဲ မည္မွ် ေၾကာက္႐ြံ႕ေနေၾကာင္း ေဖာ္ျပေနသည္။ သူကိုယ္ႏွင့္မကြာ ေဆာင္ထားတတ္ေသာ ကလစ္ကေလးသည္ ထိုျပာႏွမ္းေနေသာ လက္သီးဆုပ္ထဲမွ ထြက္လာျခင္း...။ က်စ္က်စ္ပါေအာင္ ဆုပ္ထားတာမ်ား ေသြးစေလးေတြပါစို႔လို႔..။

" ဒီကလစ္ကေလးကေလ မမကိုပန္ေစခ်င္လြန္းလို႔ မုန္းဖို႔ေလးေတြစုၿပီး ငါဝယ္ေပးခဲ့တာ..."

ပုလဲလုံးျဖဴလဲ့လဲ့ကိုမွ ေက်ာက္အျပာဝန္ရံထားသည့္ လိပ္ျပာေတာင္ပံခတ္ပုံ ကလစ္ေလးကို ပြတ္သပ္ရင္းမွ အဖ်ားခတ္သံတို႔ တိမ္ဝင္သြားသည္။ သားဝယ္ေပးတဲ့ ကလစ္ကေလးလို႔ တဖြဖြေျပာရရင္း မမအျမတ္တနိုးပန္ဆင္ခဲ့ဖူးသည့္ ကလစ္ကေလးသည္ ယခုေတာ့ ပန္ဆင္သူမဲ့လို႔ ..။

" စိတ္ရႈပ္ေအာင္ လုပ္မိၿပီထင္တယ္ "

" မငိုပါနဲ႕....ဒီမ်က္လုံးလွလွေလးေတြကေန မ်က္ရည္ေတြ စိမ့္ထြက္လာတာကို မႀကိဳက္ဘူး...။ မင္းအစ္မသိလဲ စိတ္ေကာင္းမွာ မဟုတ္ဘူး..."

ပါးျပင္ထက္က စိုစြတ္စြတ္ မ်က္ရည္ေတြကို ဖိသုတ္ေပးသည္။ ႏွပ္ရည္ အနည္းငယ္ထြက္ေနေသာ ႏွာေခါင္းဝကိုလဲ မ႐ြံမရွာ လက္ခုံႏွင့္ သုတ္ေပးသည္။

သူ႕အသက္ရႉေငြ႕တို႔ ႏွာဝကို ရိုက္ခတ္သည္အထိ နီးကပ္ေသာ အေနအထားမွာ ရင္ထဲလွိုင္ထန္လို႔...။ မမွိတ္မသုန္ ၾကည့္ေနမိေသာ ထိလုလဲဆဲဆဲ ႏႈတ္ခမ္းပါးသည္ ဟက္ဟက္ပက္ပက္ ၿပဳံးလိုက္လွ်င္ အသဲပုံက်သြားတတ္သည္။ မၿငိမ္သက္ေသာ စိတ္အစုံ၏ ေစစားရာအတိုင္း ထိုႏႈတ္ခမ္းပါးမ်ားကို ထိကပ္လိုက္ၿပီးမွ သူ႕ကိုယ္သူ ထုရိုက္ပစ္ခ်င္စိတ္တို႔က တဖြားဖြား...။ စိတ္အလိုလိုက္ရေလျခင္းဟု....။

" ဂ်ီမင္...ဂ်ီမင္...ေဟ့...."

ဘာလုပ္ရမွန္း မသိေတာ့သည္ႏွင့္ သူ႕ပခုံးေပၚ မ်က္ႏွာကို အပ္ထားရင္းမွ အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။ ပါးကိုအသာဖြဖြ ပုတ္ၿပီးေခၚေလ မ်က္လုံးကို တင္းေနေအာင္ မွိန္ထားမိေလ...။ ထယ္ေယာင္းကို ဘယ္လို မ်က္ႏွာႏွင့္ ရင္ဆိုင္ရမွာလဲ..။ သူ႕မွာ အဲ့ေလာက္သတၱိမရွိဘူး...။

" လူလည္...."

အရိပ္က်လာျခင္းႏွင့္အတူ ေမးဖ်ားပင့္တင္ခံလိုက္ရသည္။ ေအာက္ႏႈတ္ခမ္းကို ဖြဖြဆြဲကိုက္ၿပီး ‌အေပၚႏႈတ္ခမ္းကို ဖိကပ္နမ္းလာသည္။ တစ္လွည့္ဆီ ဆြဲဆုပ္ခံေနရေသာ ႏႈတ္ခမ္းမ်ားေၾကာင့္ သူမ်က္လုံးဖြင့္မိမတတ္..။ သို႔ေသာ္ သူမလုပ္ရဲ ၿငိမ္ၿငိမ္ေလးသာ ေနေနမိသည္။ မိနစ္တို႔ ဘယ္ေလာက္ဘယ္ေ႐ြ႕ကုန္လြန္သြားသည္မသိ သူႏႈတ္ခမ္းတို႔ ပူထူလာၿပီဆိုမွ လႊတ္ေပးသည္။ ဒါေတာင္ ႏွာသီေလးကို ကိုက္ဆြဲၿပီး ပါးကိုဖိနမ္းသြားေသးသည္။

ထယ္ေယာင္း သူ႕ကို ဒူးဆစ္ကေန ေပြ႕ေခၚသြားၿပီး ကုတင္ေပၚ ညင္ညင္သာသာ ခ်ေပးသည္။ ဖိနပ္ေသခ်ာခြၽတ္ေပးၿပီး ေစာင္ေသခ်ာ ၿခဳံေပးသည္။ ၿပီးေတာ့ ေဘးနားမွာ လာလွဲကာ သူ႕ကို ေစာင္ႏွင့္ဖက္ထုပ္ေလးလိုထုပ္ထားၿပီး ဖက္အိပ္သည္။ ဘာမွ ထပ္မလုပ္ေတာ့...။

_____________________________________

There are no comments yet. Log in to be the first to leave a review!

Similar stories