Fanfics

Part-3

19:40, 21 October 2021

Unicode

ထယ်ယောင်းအိမ်၌ တစ်ပတ်ခန့်သောင်တင်ပြီးချိန်တွင်တော့ တစ်ယောက်ထဲနေရသည့် ပျင်းခြောက်ခြောက် အိမ်ကို သူမပြန်ချင်တော့...။ ညနေစောင်း ဆေးခန်းသိမ်းချိန်ဆိုလျှင် ထယ်ယောင်းအိမ်နားမှာ မယောင်မလည် ဝေ့သီဝေ့သီသွားလုပ်သည်။ ပြီး ခပ်တည်တည်နှင့် ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ ဝင်သွားသည်။ သူကလဲ ဘာမှမပြော...။ ကြာတော့ တကယ်သူ့အိမ်သည် ကိုယ့်အိမ်လိုဖြစ်လာသည်။

" ထယ်ယောင်း ငါလေ နလန်ထစမို့လား မသိဘူး ငါးချဉ်စပ်လေး စားချင်လိုက်တာ..."

ဟိုးပဝေသဏီက ဖျားသည့်ကိစ္စကို မဆီမဆိုင်ဆွဲထည့်ကာ ‌တကယ်‌နေမကောင်းသည့်အတိုင်း လေးတွဲတွဲအသံနှင့် သနားကမား သူပြောတော့ ပခြုပ်ကို ချက်ချင်း ကောက်လွယ်ကာ ခြေလှမ်းကျဲများနှင့် ထယ်ယောင်းထွက်သွားသည်။  သေချာပါသည် ကမ်းစပ်၌ ငါးသွားဖမ်းတော့မည်ဆိုတာ..။

သူကတော့ ဖတ်လက်စ စာအုပ်ကို ဆွဲကိုင်၍ ခြံထဲ ကွပ်ပျစ်မှာ လေလေးတဟူးဟူးနှင့် အေးအေးလူလူ စာထိုင်ဖတ်နေလိုက်သည်။ အစက ထယ်ယောင်း ခြံထဲ၌ ကွပ်ပျစ်မရှိ...။ မြက်ပင်ရှည်ထိုးထိုးထောင်ထောင်ကလွဲ ဘာဆိုဘာမှမရှိ ဟင်းလင်းပြင်ကြီး....။ ခြံထဲမှာ ကွပ်ပျစ်တစ်လုံးတော့ဖြင့် ထားသင့်ကောင်းပါတယ်လို့ သူနားချလွန်းတော့ နားပူ၍ထင် ကုတင်းနီးနီးအရွယ် ကွပ်ပျစ်တစ်လုံးကို ကိုယ်တိုင် လုပ်ထားပေးသည်။ နောက်တော့ သက်ငယ်မိုးလေးပါ လုပ်ပေးသည်။

" ထမင်းစားရအောင်.. ထတော့..!"

" ဟင်...ဟင်...အင်း...."

လက်မောင်းကို တစ်ခုခုက ခပ်ဆတ်ဆတ်  တို့ထိနေသလို ခံစားရသည့်ပြင်  ကိုယ်ကိုကိုင်လှုပ်နေသလို ခံစားရသည်မို့ မျက်လုံးကို အတင်းပြူးပြဲ ဖွင့်ကြည့်တော့ ထယ်ယောင်းရယ်...။ ကြည့်ရတာ စာဖတ်ရင်း သူအိပ်ပျော်သွားခဲ့သည်ထင်...။ နေတောင် ဝေလုလုရှိပြီ..။

အနီရင့်ရောင် လျှမ်းလျှမ်းတောက်နေသည့် သူ့ရှေ့မှ ဟင်းခွက်ကို လှမ်းရန် လက်ရွယ်လိုက်ပြီးမှ ဉာဉ်ဆိုးလေးပေါ်လာသည်မို့ ထယ်ဟောင်းကြားအောင် တမင် ညည်းတွားပြလိုက်သည်။

" ငါးရိုးတွေက..."

သံရှည်ဆွဲ ညည်းသံမဆုံးခင်မှာပင် တူကိုခုံပေါ်ပစ်ချလိုက်သော ထယ်ယောင်းကြောင့် ပါးစပ်လေး အသာပိတ်ကာ ငြိမ်ငြိမ်‌ကုတ်ကုတ်လေး သူထိုင်နေလိုက်သည်။ တစ်ခါနှစ်ခါမက သူလွန်နေပြီလေ...။

" ဟူး~~~~ပေး.....!"

လေပူတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်ပြီး သူ့ရှေ့က ပန်ကန်ကိုဆွဲယူဖို့လုပ်တော့ သူတားလိုက်သည်။

" ရ...ရတယ်..."

" ပေး...!!"

မျက်လုံးဝင့်ကြည့်သည့်အခါမျိုး၌သာ ပေါ်လာတတ်သော မျက်ခမ်းအောက်စပ်က မှဲ့နက်လေး ထင်းသည်အထိ မျက်လုံးကို လှန်ကြည့်ရင်း ပန်ကန်ကို ဆွဲလုသွားတော့ သူဘာမှမပြောရဲတော့...။

ထယ်ယောင်းမျက်လုံးကလေးများသည် အလှတရားအစစ်ဟု ညွှန်းဆိုရလောက်အောင်ကိုပင် တကယ် လှလွန်း၏...။ ရွှန်းစိုသော မျက်ကြည်လွှာ ညိုတောက်တောက်‌လေးကိုမှ ဗာဒံစေ့သဏ္ဍာန်လေးနဲ့..။ မျက်တောင်ရှည်စင်းလေးများက ထောင့်စွန်း၌ သိသိသာသာ စိပ်သည်။ သူ့ရဲ့အကြည့်စူးစူးများကဆို စိုက်ကြည့်မိသူတိုင်းကို မနေတတ်မထိုင်တတ် အိုးတိုးအမ်းတမ်း ဖြစ်စေသည်အထိ ပြင်းရှ၏။

" ရော့..."

သူ့ပန်းကန်ထဲ ထယ်ယောင်း ထည့်ပေးနေသော အရိုးနွှင်ပြီးသား အသားဖတ်များထဲမှ တစ်ဖတ်ကို ယူပြီး ထယ်ယောင်းပန်ကန်ထဲကို ထည့်ပေးလိုက်သည်။ မျက်လွှာလေး အသာပင့်ကာ စိုက်ကြည့်လာသော ထယ်ယောင်းကြောင့် "အားနာလို့"လို့ အရှက်ပြေ ချောင်းဟန့်ရင်းပြောတော့ နှုတ်ခမ်းကွေးသည်ဆိုရုံ ပြုံးရင်းမှ " ငါအစပ်မစားနိုင်ဘူး" တဲ့...။

အိမ်နေရာအနှံ့ ငရုတ်သီးအစိမ်း,အခြောက်တို့ ပွစာကျဲနေသည်မို့ ထယ်ယောင်းကို အစပ်စားနိုင်သူဟု သူထင်ထားခဲ့တာ..။ မဟုတ်ဘူးလားတဲ့....။ အချိန်တွေ ကုန်သွားသည့်တိုင်အောင် ထယ်ယောင်းဟာ သူနားလည်ဖို့ လိုသေးသည့် လူတစ်ယောက်ဖြစ်နေဆဲ ထင်ပါရဲ့...။

" တောင်းပန်ပါတယ်..."

" ဘာကို.....?"

" မင်းအစပ်မစားနိုင်တာကို မသိဘဲ အမြဲစပ်တဲ့ဟင်းတွေဘဲ ချက်ခိုင်းခဲ့လို့.."

" အင်း...."

တွေ့စကအတိုင်းဆို သူ့လုပ်စာစားနေသည့်အတိုင်း ရှုသိုးသိုးမျက်နှာထားနှင့် ယတိပြတ်ပြောပုံမျိုးကို နားပန်ကျင်းမိမည်ဆိုသော်လည်း ယခုတော့ တကယ်လည်း သူ့လုပ်စာထိုင်စားနေသည်မို့ ပြုံးဖြီးပြရုံသာ....။ သူဟာ နဂိုကတည်းက ဒီလိုလူပါဆိုတာကို လက်ခံသွား၍လည်းပါမည်ထင်...။ _____________________________________

မျက်နှာသစ်သွားတိုက် ကိုယ်လက်သန့်စင်ပြီး အိပ်ယာထဲဝင်လှဲတော့ ကုတင်နားမှာ ခုံတစ်လုံးနဲ့ ငုတ်တုတ်ထိုင်‌နေသော ထယ်ယောင်းက ကိုယ်လက်မဆေးဘဲ ကုတင်ပေါ်တက်လာသည်။ ပေစောင်းစောင်းကြည့်ပေးလိုက်ပြီး အပြင်ထွက် သန့်စင်ရန် လက်ညှိုးထိုးတော့ မသွား..။ ပေကတ်ကတ်လုပ်နေသည်။ "ဒီလိုဘဲ ညစ်တီးညစ်ပတ် နေမှာဆို ငါ့အိမ်ငါပြန်မှာနော်"လို့ ပြောတော့မှ ကပျာကသီ ထွက်သစ်သည်။

" ဖယ်စမ်းပါ...."

အကျယ်ကြီး မဟုတ်သည့်တိုင် နှစ်ယောက်ဝင်ဆံ့သည့် ကုတင်ဖြစ်ပါလျှက် ဘာကြောင့်အမြဲ သူ့နားပူးကပ်အိပ်သလဲ သူမစဉ်းစားတတ်...။ မိုးရာသီတုန်းက အေးသည်ဟုဆိုကာ ဖက်အိပ်သည်။ ဆောင်းတွင်းကျပြန်တော့ ချမ်းလို့တဲ့...။ အခုနွေးပေါက်နေပြီဟာကို ဖက်အိပ်တုန်း...။ တုတ်ခိုင်တောင့်တင်းသည့် သူ့လက်နှင့် ဖိထားတာ အသက်ရှူကြပ်တယ်ပြောလဲမရ...။ တစ်ခါ‌တလေများဆို မျက်နှာချင်းဆိုင် ဖက်ထားပြီး စိုက်ကြည့်နေတတ်သေးသည်။ ဘာကြည့်တာလဲ မေးတော့ မျက်လုံးလေးက လှလို့တဲ့..။

သူကျွန်တော့်မျက်လုံးတွေကို နှစ်ခြိုက်ပုံရသည်။ စိတ်လိုလက်ရ ထိကိုင်ကြည့်သည့်အခေါက်များက မရေတွက်နိုင်အောင်..။ တစ်ကြိမ်တုန်းကဆို နမ်းတောင်နမ်းသည်။ မျက်လုံးထဲ အမှုန်ဝင်၍ ကြည့်ခိုင်းသည်ကို နမ်းသွားခြင်း..။ အဲ့တုန်းက သူ့ကို တအားစိတ်ဆိုးသည်..။ အခွင့်ရေးယူတယ်ဆိုပြီး...။ ပြီးတော့ ရှက်လဲရှက်သည်။ မျက်နှာချင်းလဲမဆိုင်ချင်ဘူး..။ တစ်ပတ်လောက် စကားမပြောတော့သလို မင်းအိမ်မှာမနေတော့ဘူးဆိုကာ သူ့အိမ်ကလဲထွက်လာခဲ့သည်။ အဲ့အသဲနှလုံးမရှိတဲ့လူကလေ ရှင်းပြတောင်းပန်ဖို့ဝေးစွ...။ အမှားမရှိသည့်သူလို ခပ်အေးအေးနှင့်...။

" ဖျောင်း....."

အသက်တိုမတတ် စိတ်တိုခဲ့ရလဲ ကိုယ့်ဘာသာကိုယ် စိတ်ဖြေခဲ့ရသည့်အချိန်များအတွက် သူ့လက်မောင်းကို အသံမြည်သည်အထိ ပိတ်ရိုက်လိုက်သည်။ စိတ်အခန့်မသင့်တိုင်း သူရိုက်တတ်သည့်အကျင့်နှင့် အသားကျနေ၍ထင် မတုန်မလှုပ်...။ နှုတ်ခမ်းစွန်းတို့တောင် တွန့်ချိုးသွားသေး...။ သဘောကျနှစ်သက်သည်ပုံမျိုးနှင့်ပါ..။ သူနှင့်နေတာကျ၍ထင် သူ့ရဲ့ဘယ်အပြုံးတော့ဖြင့် ဘယ်လိုသဘောဆိုသည်ကို သူဖတ်တတ်နေပြီ...။

" ပူတယ်လို့...ဖယ်...."

ရိုက်ချင်၍ရိုက်ပြီးမှ အကြောင်းပြချက်ရှာလိုက်ခြင်း...။ ဒါကိုတမျိုးတမည်ထင်သွားသည်ထင်...။ အနားမှထထွက်သွားသည်။ ခြံထဲမှ အသံတချို့နှင့်အတူ သင်းပျံ့ပျံ့မြေသင်းနံ့ကို ရလိုက်၏...။ မကြာ သူပြန်ရောက်လာသည်။ အဝတ်တို့ရေစိုရွှဲလျှက်...။ သူပူတယ်ဆို၍ ခြံထဲရေသွားဖျန်းခဲ့ခြင်း...။ ပြီးတော့ ပြောသေးသည် အခုဖက်အိပ်လို့ရပြီလားတဲ့..။

" မနက်ကျ ရေသွားခပ်ရအောင်လုပ်ပြန်ပြီ..."

မြစ်ဆိပ်၌ ရေသွားခပ်ရသည်ကို အပျင်းတစ်ပြီး ရေတွင်းတူးခဲ့သော သူသည် ထယ်ယောင်းအိပ်တွင်တော့ မနက်တိုင်း လုံးလကောင်းစွာ ထယ်ယောင်းနှင့် ရေအတူ သွားခပ်တတ်ပါသည်။

ငြင်းဆန်မရ၍ဆိုကာ ဒီကနေ့လဲ ယခင်နေ့များအတိုင်း ထယ်ယောင်းရင်ခွင်၌ သူအိပ်စက်ခဲ့ရပြန်ပါပြီ...။

_____________________________________

" ထယ်ယောင်~~~ငါတို့ ရေဆင်းချိုးကြမလား.."

" အင်း....."

ဆေးကုကအပြန်လမ်း၌ သောင်စပ်တွင်ရေဆင်းကူးနေကြသော ကလေးတစ်သိုက်ကိုမြင်ပြီး သူလည်းရေကူးချင်သွားသည်မို့ ထယ်ယောင်းကိုအဖော်စပ်လိုက်သည်။ ဟိုးအရင် တစ်ယောက်ထဲပြန်ရင်း မိုးရေထဲ လဲနေခဲ့သည့်အခေါက်‌ကစလို့ ဆေးကုသွားရင် သူတစ်ယောက်ထဲ ဘယ်တော့မှ မသွားရတော့...။ ထယ်ယောင်းက အဖော်လိုက်သည်။ မအားသည့်ကြားကမှ ရအောင် လိုက်ပေးသည်။ တစ်ခုခု တစ်စုံတစ်ရာ ထပ်ဖြစ်ရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး...။

ဆေးအိတ်ကို သောင်ပြင်မှာချ ဖိနပ်နှင့်အင်္ကျီကို ဘေးမှာချွတ်ပုံပြီး ရေထဲ ဒိုင်ဗင်ထိုးချလိုက်တော့ အေးစိမ့်စိမ့် ခံစားမှုက ကိုယ်ထဲကို အလုအယက်တိုးဝင်လာသည်။ သောင်စပ်က ရေတိမ်သလို လူသူလေးပါး များပြားသည်မို့ တော်တော်ဝေးဝေးကို ကူးခပ်သွားလိုက်သည်။

ကူးရင်းကူးရင်းမှ အရှိန်ပါလာသည်မို့ ရေနက်ပိုင်းထိ ရောက်သွားသည်။ ရေစီးသည်လည်း မြန်သည်ထက် မြန်လာသည်။ မြို့က ရေကန်များတွင်သာ ကူးဖူးသော သူ့အဖို့ ဘာလုပ်ရမှန်းမသိသော အခြေအနေ..။ ယက်ကန်ယက်ကန်နှင့် ကမ်းဆီပြန်ကူးလာသော်လည်း ရေစီးထဲ လှုပ်ရှားနေရသည်မို့ သိပ်တော့မဟန်ချင်...။

ကူးနေရင်း တန်းလန်းမှ ခြေသလုံးက ဆစ်ကနဲ နာကျဉ်မှုနှင့်အတူ သူရေထဲမြှုပ်သွားသည်။ ပေါ်လိုက်မြှုပ်လိုက် ရုန်းကန်းရင်းမှ ခြေထောက်ကို ဖိကိုင်ထားမိသည်။ သူကြွက်တက်နေပြီ...။ နှာခေါင်းထဲ အလုံးအရင်း ဝင်လာသော ရေများကိုလဲ သတိမထားမိတော့ဘဲ မြို့ချနေမိသည်။  မျက်လုံးတွေ ပြာဝေလာပြီး နာတွေအူလာပြီ...။ သူသေရတော့မည်ထင်...။

မမရေ သားလိုက်လာရတော့မယ်နေမှာ...။

လူတစ်ယောက်...လူတစ်ယောက် သူ့ရင်ဘတ်ကို ဆက်တိုက်ဖိနေသလို သူ့နာမည်ကိုလဲ တကြော်ကြော်အော်ခေါ်နေသည်။ ပါးကိုပုတ်ကြည့်လိုက် ရင်ဘတ်နား ခေါင်းကပ် နားထောင်ကြည့်လိုက်လုပ်နေသည်။ သူသိနေသည် ခံစားနေရသည်။ သို့သော် ဘယ်လိုပင်ကြိုးစား‌‌စေကာမူ သူလှုပ်ရှား၍မရ...။

လည်ချောင်းတစ်လျှောက် ဖြတ်ပြေးသွားသော လေနွေးနွေးများ သူ့အဆုပ်ထဲ ဝင်လာကာမှ အဆုပ်ထဲရှိ ရေများကို အန်ထုတ်ရင်း အသက်ပြင်းတစ်ချက်ရှိုက်ခြင်းနှင့်အတူ သူသတိလည်လာသည်။

ထယ်ယောင်းငိုသည်။ သူ့ကို ကြည့်ကြည့်ပြီး ငိုသည်။ ရှိုက်ကြီးတငင်ငိုခြင်းမဟုတ်ဘဲ မျက်ရည်‌ပေါက်များ တစ်စက်ခြင်းကျ၍ ငိုခြင်း...။ နင့်သည်းသည့် ခံစားချက်ကြောင့် ဖြစ်ပေါ်လာတတ်သော ပုံမျိုးနှင့်...။ သက်မလဲ ခဏတိုင်း ချသည်။ သူလဲငိုနေမိသည်။ အဲ့အချိန်တုန်းက ထယ်ယောင်းနဲ့ ထပ်မတွေ့ရတော့ဘူး ထင်ပြီး သူသိပ်ကြောက်သွားခဲ့သည်လေ..။

ဒီကနေ့မှာ ထယ်ယောင်းသာမရှိလျှင် သူ့ဘဝဟာ နေဝင်သွားပြီ...။

_____________________________________

Zawgi

ထယ္ေယာင္းအိမ္၌ တစ္ပတ္ခန့္ေသာင္တင္ၿပီးခ်ိန္တြင္ေတာ့ တစ္ေယာက္ထဲေနရသည့္ ပ်င္းေျခာက္ေျခာက္ အိမ္ကို သူမျပန္ခ်င္ေတာ့...။ ညေနေစာင္း ေဆးခန္းသိမ္းခ်ိန္ဆိုလွ်င္ ထယ္ေယာင္းအိမ္နားမွာ မေယာင္မလည္ ေဝ့သီေဝ့သီသြားလုပ္သည္။ ၿပီး ခပ္တည္တည္ႏွင့္ ကိုယ့္အိမ္ကိုယ့္ယာကဲ့သို႔ ဝင္သြားသည္။ သူကလဲ ဘာမွမေျပာ...။ ၾကာေတာ့ တကယ္သူ႕အိမ္သည္ ကိုယ့္အိမ္လိုျဖစ္လာသည္။

" ထယ္ေယာင္း ငါေလ နလန္ထစမို႔လား မသိဘူး ငါးခ်ဥ္စပ္ေလး စားခ်င္လိုက္တာ..."

ဟိုးပေဝသဏီက ဖ်ားသည့္ကိစၥကို မဆီမဆိုင္ဆြဲထည့္ကာ ‌တကယ္‌ေနမေကာင္းသည့္အတိုင္း ေလးတြဲတြဲအသံႏွင့္ သနားကမား သူေျပာေတာ့ ပျခဳပ္ကို ခ်က္ခ်င္း ေကာက္လြယ္ကာ ေျခလွမ္းက်ဲမ်ားႏွင့္ ထယ္ေယာင္းထြက္သြားသည္။  ေသခ်ာပါသည္ ကမ္းစပ္၌ ငါးသြားဖမ္းေတာ့မည္ဆိုတာ..။

သူကေတာ့ ဖတ္လက္စ စာအုပ္ကို ဆြဲကိုင္၍ ၿခံထဲ ကြပ္ပ်စ္မွာ ေလေလးတဟူးဟူးႏွင့္ ေအးေအးလူလူ စာထိုင္ဖတ္ေနလိုက္သည္။ အစက ထယ္ေယာင္း ၿခံထဲ၌ ကြပ္ပ်စ္မရွိ...။ ျမက္ပင္ရွည္ထိုးထိုးေထာင္ေထာင္ကလြဲ ဘာဆိုဘာမွမရွိ ဟင္းလင္းျပင္ႀကီး....။ ၿခံထဲမွာ ကြပ္ပ်စ္တစ္လုံးေတာ့ျဖင့္ ထားသင့္ေကာင္းပါတယ္လို႔ သူနားခ်လြန္းေတာ့ နားပူ၍ထင္ ကုတင္းနီးနီးအ႐ြယ္ ကြပ္ပ်စ္တစ္လုံးကို ကိုယ္တိုင္ လုပ္ထားေပးသည္။ ေနာက္ေတာ့ သက္ငယ္မိုးေလးပါ လုပ္ေပးသည္။

" ထမင္းစားရေအာင္.. ထေတာ့..!"

" ဟင္...ဟင္...အင္း...."

လက္ေမာင္းကို တစ္ခုခုက ခပ္ဆတ္ဆတ္  တို႔ထိေနသလို ခံစားရသည့္ျပင္  ကိုယ္ကိုကိုင္လႈပ္ေနသလို ခံစားရသည္မို႔ မ်က္လုံးကို အတင္းျပဴးၿပဲ ဖြင့္ၾကည့္ေတာ့ ထယ္ေယာင္းရယ္...။ ၾကည့္ရတာ စာဖတ္ရင္း သူအိပ္ေပ်ာ္သြားခဲ့သည္ထင္...။ ေနေတာင္ ေဝလုလုရွိၿပီ..။

အနီရင့္ေရာင္ လွ်မ္းလွ်မ္းေတာက္ေနသည့္ သူ႕ေရွ႕မွ ဟင္းခြက္ကို လွမ္းရန္ လက္႐ြယ္လိုက္ၿပီးမွ ဉာဥ္ဆိုးေလးေပၚလာသည္မို႔ ထယ္ေဟာင္းၾကားေအာင္ တမင္ ညည္းတြားျပလိုက္သည္။

" ငါးရိုးေတြက..."

သံရွည္ဆြဲ ညည္းသံမဆုံးခင္မွာပင္ တူကိုခုံေပၚပစ္ခ်လိဳက္ေသာ ထယ္ေယာင္းေၾကာင့္ ပါးစပ္ေလး အသာပိတ္ကာ ၿငိမ္ၿငိမ္‌ကုတ္ကုတ္ေလး သူထိုင္ေနလိုက္သည္။ တစ္ခါႏွစ္ခါမက သူလြန္ေနၿပီေလ...။

" ဟူး~~~~ေပး.....!"

ေလပူတစ္ခ်က္ကို အရွည္ႀကီး မႈတ္ထုတ္လိုက္ၿပီး သူ႕ေရွ႕က ပန္ကန္ကိုဆြဲယူဖို႔လုပ္ေတာ့ သူတားလိုက္သည္။

" ရ...ရတယ္..."

" ေပး...!!"

မ်က္လုံးဝင့္ၾကည့္သည့္အခါမ်ိဳး၌သာ ေပၚလာတတ္ေသာ မ်က္ခမ္းေအာက္စပ္က မွဲ႕နက္ေလး ထင္းသည္အထိ မ်က္လုံးကို လွန္ၾကည့္ရင္း ပန္ကန္ကို ဆြဲလုသြားေတာ့ သူဘာမွမေျပာရဲေတာ့...။

ထယ္ေယာင္းမ်က္လုံးကေလးမ်ားသည္ အလွတရားအစစ္ဟု ၫႊန္းဆိုရေလာက္ေအာင္ကိုပင္ တကယ္ လွလြန္း၏...။ ႐ႊန္းစိုေသာ မ်က္ၾကည္လႊာ ညိုေတာက္ေတာက္‌ေလးကိုမွ ဗာဒံေစ့သ႑ာန္ေလးနဲ႕..။ မ်က္ေတာင္ရွည္စင္းေလးမ်ားက ေထာင့္စြန္း၌ သိသိသာသာ စိပ္သည္။ သူ႕ရဲ႕အၾကည့္စူးစူးမ်ားကဆို စိုက္ၾကည့္မိသူတိုင္းကို မေနတတ္မထိုင္တတ္ အိုးတိုးအမ္းတမ္း ျဖစ္ေစသည္အထိ ျပင္းရွ၏။

" ေရာ့..."

သူ႕ပန္းကန္ထဲ ထယ္ေယာင္း ထည့္ေပးေနေသာ အရိုးႏႊင္ၿပီးသား အသားဖတ္မ်ားထဲမွ တစ္ဖတ္ကို ယူၿပီး ထယ္ေယာင္းပန္ကန္ထဲကို ထည့္ေပးလိုက္သည္။ မ်က္လႊာေလး အသာပင့္ကာ စိုက္ၾကည့္လာေသာ ထယ္ေယာင္းေၾကာင့္ "အားနာလို႔"လို႔ အရွက္ေျပ ေခ်ာင္းဟန႔္ရင္းေျပာေတာ့ ႏႈတ္ခမ္းေကြးသည္ဆို႐ုံ ၿပဳံးရင္းမွ " ငါအစပ္မစားနိုင္ဘူး" တဲ့...။

အိမ္ေနရာအႏွံ႕ င႐ုတ္သီးအစိမ္း,အေျခာက္တို႔ ပြစာက်ဲေနသည္မို႔ ထယ္ေယာင္းကို အစပ္စားနိုင္သူဟု သူထင္ထားခဲ့တာ..။ မဟုတ္ဘူးလားတဲ့....။ အခ်ိန္ေတြ ကုန္သြားသည့္တိုင္ေအာင္ ထယ္ေယာင္းဟာ သူနားလည္ဖို႔ လိုေသးသည့္ လူတစ္ေယာက္ျဖစ္ေနဆဲ ထင္ပါရဲ႕...။

" ေတာင္းပန္ပါတယ္..."

" ဘာကို.....?"

" မင္းအစပ္မစားနိုင္တာကို မသိဘဲ အၿမဲစပ္တဲ့ဟင္းေတြဘဲ ခ်က္ခိုင္းခဲ့လို႔.."

" အင္း...."

ေတြ႕စကအတိုင္းဆို သူ႕လုပ္စာစားေနသည့္အတိုင္း ရႈသိုးသိုးမ်က္ႏွာထားႏွင့္ ယတိျပတ္ေျပာပုံမ်ိဳးကို နားပန္က်င္းမိမည္ဆိုေသာ္လည္း ယခုေတာ့ တကယ္လည္း သူ႕လုပ္စာထိုင္စားေနသည္မို႔ ၿပဳံးၿဖီးျပ႐ုံသာ....။ သူဟာ နဂိုကတည္းက ဒီလိုလူပါဆိုတာကို လက္ခံသြား၍လည္းပါမည္ထင္...။ _____________________________________

မ်က္ႏွာသစ္သြားတိုက္ ကိုယ္လက္သန႔္စင္ၿပီး အိပ္ယာထဲဝင္လွဲေတာ့ ကုတင္နားမွာ ခုံတစ္လုံးနဲ႕ ငုတ္တုတ္ထိုင္‌ေနေသာ ထယ္ေယာင္းက ကိုယ္လက္မေဆးဘဲ ကုတင္ေပၚတက္လာသည္။ ေပေစာင္းေစာင္းၾကည့္ေပးလိုက္ၿပီး အျပင္ထြက္ သန႔္စင္ရန္ လက္ညွိုးထိုးေတာ့ မသြား..။ ေပကတ္ကတ္လုပ္ေနသည္။ "ဒီလိုဘဲ ညစ္တီးညစ္ပတ္ ေနမွာဆို ငါ့အိမ္ငါျပန္မွာေနာ္"လို႔ ေျပာေတာ့မွ ကပ်ာကသီ ထြက္သစ္သည္။

" ဖယ္စမ္းပါ...."

အက်ယ္ႀကီး မဟုတ္သည့္တိုင္ ႏွစ္ေယာက္ဝင္ဆံ့သည့္ ကုတင္ျဖစ္ပါလွ်က္ ဘာေၾကာင့္အၿမဲ သူ႕နားပူးကပ္အိပ္သလဲ သူမစဥ္းစားတတ္...။ မိုးရာသီတုန္းက ေအးသည္ဟုဆိုကာ ဖက္အိပ္သည္။ ေဆာင္းတြင္းက်ျပန္ေတာ့ ခ်မ္းလို႔တဲ့...။ အခုေႏြးေပါက္ေနၿပီဟာကို ဖက္အိပ္တုန္း...။ တုတ္ခိုင္ေတာင့္တင္းသည့္ သူ႕လက္ႏွင့္ ဖိထားတာ အသက္ရႉၾကပ္တယ္ေျပာလဲမရ...။ တစ္ခါ‌တေလမ်ားဆို မ်က္ႏွာခ်င္းဆိုင္ ဖက္ထားၿပီး စိုက္ၾကည့္ေနတတ္ေသးသည္။ ဘာၾကည့္တာလဲ ေမးေတာ့ မ်က္လုံးေလးက လွလို႔တဲ့..။

သူကြၽန္ေတာ့္မ်က္လုံးေတြကို ႏွစ္ၿခိဳက္ပုံရသည္။ စိတ္လိုလက္ရ ထိကိုင္ၾကည့္သည့္အေခါက္မ်ားက မေရတြက္နိုင္ေအာင္..။ တစ္ႀကိမ္တုန္းကဆို နမ္းေတာင္နမ္းသည္။ မ်က္လုံးထဲ အမႈန္ဝင္၍ ၾကည့္ခိုင္းသည္ကို နမ္းသြားျခင္း..။ အဲ့တုန္းက သူ႕ကို တအားစိတ္ဆိုးသည္..။ အခြင့္ေရးယူတယ္ဆိုၿပီး...။ ၿပီးေတာ့ ရွက္လဲရွက္သည္။ မ်က္ႏွာခ်င္းလဲမဆိုင္ခ်င္ဘူး..။ တစ္ပတ္ေလာက္ စကားမေျပာေတာ့သလို မင္းအိမ္မွာမေနေတာ့ဘူးဆိုကာ သူ႕အိမ္ကလဲထြက္လာခဲ့သည္။ အဲ့အသဲႏွလုံးမရွိတဲ့လူကေလ ရွင္းျပေတာင္းပန္ဖို႔ေဝးစြ...။ အမွားမရွိသည့္သူလို ခပ္ေအးေအးႏွင့္...။

" ေဖ်ာင္း....."

အသက္တိုမတတ္ စိတ္တိုခဲ့ရလဲ ကိုယ့္ဘာသာကိုယ္ စိတ္ေျဖခဲ့ရသည့္အခ်ိန္မ်ားအတြက္ သူ႕လက္ေမာင္းကို အသံျမည္သည္အထိ ပိတ္ရိုက္လိုက္သည္။ စိတ္အခန႔္မသင့္တိုင္း သူရိုက္တတ္သည့္အက်င့္ႏွင့္ အသားက်ေန၍ထင္ မတုန္မလႈပ္...။ ႏႈတ္ခမ္းစြန္းတို႔ေတာင္ တြန႔္ခ်ိဳးသြားေသး...။ သေဘာက်ႏွစ္သက္သည္ပုံမ်ိဳးႏွင့္ပါ..။ သူႏွင့္ေနတာက်၍ထင္ သူ႕ရဲ႕ဘယ္အၿပဳံးေတာ့ျဖင့္ ဘယ္လိုသေဘာဆိုသည္ကို သူဖတ္တတ္ေနၿပီ...။

" ပူတယ္လို႔...ဖယ္...."

ရိုက္ခ်င္၍ရိုက္ၿပီးမွ အေၾကာင္းျပခ်က္ရွာလိုက္ျခင္း...။ ဒါကိုတမ်ိဳးတမည္ထင္သြားသည္ထင္...။ အနားမွထထြက္သြားသည္။ ၿခံထဲမွ အသံတခ်ိဳ႕ႏွင့္အတူ သင္းပ်ံ့ပ်ံ့ေျမသင္းနံ႕ကို ရလိုက္၏...။ မၾကာ သူျပန္ေရာက္လာသည္။ အဝတ္တို႔ေရစို႐ႊဲလွ်က္...။ သူပူတယ္ဆို၍ ၿခံထဲေရသြားဖ်န္းခဲ့ျခင္း...။ ၿပီးေတာ့ ေျပာေသးသည္ အခုဖက္အိပ္လို႔ရၿပီလားတဲ့..။

" မနက္က် ေရသြားခပ္ရေအာင္လုပ္ျပန္ၿပီ..."

ျမစ္ဆိပ္၌ ေရသြားခပ္ရသည္ကို အပ်င္းတစ္ၿပီး ေရတြင္းတူးခဲ့ေသာ သူသည္ ထယ္ေယာင္းအိပ္တြင္ေတာ့ မနက္တိုင္း လုံးလေကာင္းစြာ ထယ္ေယာင္းႏွင့္ ေရအတူ သြားခပ္တတ္ပါသည္။

ျငင္းဆန္မရ၍ဆိုကာ ဒီကေန႕လဲ ယခင္ေန႕မ်ားအတိုင္း ထယ္ေယာင္းရင္ခြင္၌ သူအိပ္စက္ခဲ့ရျပန္ပါၿပီ...။

_____________________________________

" ထယ္ေယာင္~~~ငါတို႔ ေရဆင္းခ်ိဳးၾကမလား.."

" အင္း....."

ေဆးကုကအျပန္လမ္း၌ ေသာင္စပ္တြင္ေရဆင္းကူးေနၾကေသာ ကေလးတစ္သိုက္ကိုျမင္ၿပီး သူလည္းေရကူးခ်င္သြားသည္မို႔ ထယ္ေယာင္းကိုအေဖာ္စပ္လိုက္သည္။ ဟိုးအရင္ တစ္ေယာက္ထဲျပန္ရင္း မိုးေရထဲ လဲေနခဲ့သည့္အေခါက္‌ကစလို႔ ေဆးကုသြားရင္ သူတစ္ေယာက္ထဲ ဘယ္ေတာ့မွ မသြားရေတာ့...။ ထယ္ေယာင္းက အေဖာ္လိုက္သည္။ မအားသည့္ၾကားကမွ ရေအာင္ လိုက္ေပးသည္။ တစ္ခုခု တစ္စုံတစ္ရာ ထပ္ျဖစ္ရင္ ဘယ့္ႏွယ္လုပ္မလဲဆိုၿပီး...။

ေဆးအိတ္ကို ေသာင္ျပင္မွာခ် ဖိနပ္ႏွင့္အကၤ်ီကို ေဘးမွာခြၽတ္ပုံၿပီး ေရထဲ ဒိုင္ဗင္ထိုးခ်လိဳက္ေတာ့ ေအးစိမ့္စိမ့္ ခံစားမႈက ကိုယ္ထဲကို အလုအယက္တိုးဝင္လာသည္။ ေသာင္စပ္က ေရတိမ္သလို လူသူေလးပါး မ်ားျပားသည္မို႔ ေတာ္ေတာ္ေဝးေဝးကို ကူးခပ္သြားလိုက္သည္။

ကူးရင္းကူးရင္းမွ အရွိန္ပါလာသည္မို႔ ေရနက္ပိုင္းထိ ေရာက္သြားသည္။ ေရစီးသည္လည္း ျမန္သည္ထက္ ျမန္လာသည္။ ၿမိဳ႕က ေရကန္မ်ားတြင္သာ ကူးဖူးေသာ သူ႕အဖို႔ ဘာလုပ္ရမွန္းမသိေသာ အေျခအေန..။ ယက္ကန္ယက္ကန္ႏွင့္ ကမ္းဆီျပန္ကူးလာေသာ္လည္း ေရစီးထဲ လႈပ္ရွားေနရသည္မို႔ သိပ္ေတာ့မဟန္ခ်င္...။

ကူးေနရင္း တန္းလန္းမွ ေျခသလုံးက ဆစ္ကနဲ နာက်ဥ္မႈႏွင့္အတူ သူေရထဲျမႇုပ္သြားသည္။ ေပၚလိုက္ျမႇုပ္လိုက္ ႐ုန္းကန္းရင္းမွ ေျခေထာက္ကို ဖိကိုင္ထားမိသည္။ သူႂကြက္တက္ေနၿပီ...။ ႏွာေခါင္းထဲ အလုံးအရင္း ဝင္လာေသာ ေရမ်ားကိုလဲ သတိမထားမိေတာ့ဘဲ ၿမိဳ႕ခ်ေနမိသည္။  မ်က္လုံးေတြ ျပာေဝလာၿပီး နာေတြအူလာၿပီ...။ သူေသရေတာ့မည္ထင္...။

မမေရ သားလိုက္လာရေတာ့မယ္ေနမွာ...။

လူတစ္ေယာက္...လူတစ္ေယာက္ သူ႕ရင္ဘတ္ကို ဆက္တိုက္ဖိေနသလို သူ႕နာမည္ကိုလဲ တေၾကာ္ေၾကာ္ေအာ္ေခၚေနသည္။ ပါးကိုပုတ္ၾကည့္လိုက္ ရင္ဘတ္နား ေခါင္းကပ္ နားေထာင္ၾကည့္လိုက္လုပ္ေနသည္။ သူသိေနသည္ ခံစားေနရသည္။ သို႔ေသာ္ ဘယ္လိုပင္ႀကိဳးစား‌‌ေစကာမူ သူလႈပ္ရွား၍မရ...။

လည္ေခ်ာင္းတစ္ေလွ်ာက္ ျဖတ္ေျပးသြားေသာ ေလေႏြးေႏြးမ်ား သူ႕အဆုပ္ထဲ ဝင္လာကာမွ အဆုပ္ထဲရွိ ေရမ်ားကို အန္ထုတ္ရင္း အသက္ျပင္းတစ္ခ်က္ရွိုက္ျခင္းႏွင့္အတူ သူသတိလည္လာသည္။

ထယ္ေယာင္းငိုသည္။ သူ႕ကို ၾကည့္ၾကည့္ၿပီး ငိုသည္။ ရွိုက္ႀကီးတငင္ငိုျခင္းမဟုတ္ဘဲ မ်က္ရည္‌ေပါက္မ်ား တစ္စက္ျခင္းက်၍ ငိုျခင္း...။ နင့္သည္းသည့္ ခံစားခ်က္ေၾကာင့္ ျဖစ္ေပၚလာတတ္ေသာ ပုံမ်ိဳးႏွင့္...။ သက္မလဲ ခဏတိုင္း ခ်သည္။ သူလဲငိုေနမိသည္။ အဲ့အခ်ိန္တုန္းက ထယ္ေယာင္းနဲ႕ ထပ္မေတြ႕ရေတာ့ဘူး ထင္ၿပီး သူသိပ္ေၾကာက္သြားခဲ့သည္ေလ..။

ဒီကေန႕မွာ ထယ္ေယာင္းသာမရွိလွ်င္ သူ႕ဘဝဟာ ေနဝင္သြားၿပီ...။

_____________________________________

There are no comments yet. Log in to be the first to leave a review!

Similar stories