Part-14
13:37, 2 August 2023နိုင်ငံတော်အဆင့်တရားရုံးတွင်ပိုင်ရိဟန် ကို ဒုဗိုလ်ချုပ်ရှောင်းရဲ့ အမျိုးသားကိုခိုးယူဖို့ကြံတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်သူရဲ့အပေါင်းအပါတွေကိုတော့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တယ်
ဒီအမှူ့ဟာနိုင်ငံတော်အထူးရဲ့တားမြစ်ထားတဲ့အမူ့ဖြစ်တဲ့အတွက်အပြင်နောင်တွင်ဒီလိုခွေးဇာတ်ခင်းတဲ့အမှု့မျိုးမကျူးလွန်စေရန်အတွက် နိုင်ငံပိုင်မီဒီယာတွေကလဲဒီအမှု့ကို TV တွေ Ph တွေကနေတဆင့် စီရင်ချက်ချခြင်းကိုLive လွင့်နေသည်
"ချင်မော့ရန်...မင်း"
"ဘာမှစစ်ဆေးစရာမလိုဘူး လက်ထပ်မှတ်ပုံတင်ကို ငါကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာ သူတို့ကဒီကိစ္စကိုလဲတရားလွတ်တော်ရှေ့နေ့လျိုဟိုက်ခွမ်းထံကိုတင်ပြပြီးသား ရှောင်ချူးလန်ကဒီအတိုင်းပဲမိဘမဲ့ဂေဟာကနေရှောင်သခင်မကြီးတို့ခေါ်ယူလာခဲ့တာသူကအငြိမ်းစားဗိုလ်ချုပ်ကြီး ရှောင်ယန်ရဲ့ညီမအရင်းမဟုတ်သလိုရှောင်းအိမ်ရဲ့အမွေစားအမွေခံသမီးလဲမဟုတ်ဘူးသူကဒီအတိုင်းရှောင်မျိုးရိုးကိုယူထားရုံတင်အခုတော့သူဋ္ဌေးမင်းဝမ်နဲ့လက်ထပ်ပြီးဝမ်ချူးလန်ဖြစ်နေပြီဒီထဲမှာDNAစစ်ဆေးချက်တွေနဲ့ရှောင်ချူးလန်ကိုမိဘမဲ့ဂေဟာကနေခေါ်လာတဲ့သက်သေစာရွက်စာတမ်းတွေအားလုံးပါပြီးသားမင်းတို့စစ်ဆေးလို့ရတယ်"
"တရားသူကြီးမင်း..."
ပြည်သူတွေကတော့ချင်မော့ရန်ရဲ့ထောင်အနှစ်၂၀ကိုနည်းသေးသည်ဟုထင်ကြသည်ဒီထက်လဲပိုကျစေချင်သေးတယ်တဲ့ဝမ်ရိပေါ်ကိုတော့ စိတ်ဆိုးဒေါသထွက်ရင်မာန်ဖီနေတဲ့ခြင်္သေ့ပေါက်လေးနဲ့တူတယ် ဆိုပြီးပြောနေကြတယ်ဗိုလ်ချုပ်ရှောင်းကတော့သေချာပေါက် စံပြအမျိုးသားဆိုပြီးSocial Media တစ်ခွင် နာမည်ကြီးနေတော့သည်
*********
"ဟုတ်ကဲ့ပါသခင်မလေး"
Uni
နိုင်ငံတော်အဆင့်တရားရုံးတွင်ပိုင်ရိဟန် ကို ဒုဗိုလ်ချုပ်ရှောင်းရဲ့ အမျိုးသားကိုခိုးယူဖို့ကြံတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်သူရဲ့အပေါင်းအပါတွေကိုတော့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တယ်
ပုံမှန်ဆိုရင်ဒီလို လင်/မယား ခိုးမူ့ကခိုးမူ့မကြူးလွန်ခင်မှာမိတယ်ဆိုရင် ၁ နှစ်လောက်ပဲကျမှာဆိုပေမဲ့သူတို့ခိုးဖို့ကြံစည်ခဲ့တဲသူက အနာဂတ်စစ်ဦးစီးမှူးချုပ်အလောင်းအလျာ ဒုဗိုလ်ချုပ်ရှောင်းရှောင်ကျန့် ရဲ့ အသည်းအသက်လေးဆိုတော့တရားသူကြီးတွေခေါင်းကိုက်ခဲ့ရတယ်သက်သေတွေစုံနေတဲ့အပြင် ပိုဆိုးတာကာ သမ္မတရှေ့မှာတင်ဒုဗိုလ်ချုပ် အမျိုးသားကို ခိုးယူဖို့ကြိုးစားခဲ့တာပဲ
တရားခံတွေကိုလာပို့တဲ့သူကဗိုလ်ချုပ်ရှောင်းရဲ့တပ်သားတွေနဲ့သမ္မတရှီးရန်ရှန့်ရဲ့ ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်နေမှာတော့သူတို့လဲတရားခံတွေကိုတင်းတင်းကြပ်ကြပ်အပြစ်ပေးရုံမှတစ်ပါးရွေးစရာမရှိတော့
ပိုင်ရိဟန်အမူ့ပြီးတော့နောက် ၃ ရက်မှာပဲချင်အိမ်တော်ရဲ့ခွေးသွေးဇာတ်လမ်းကို ထပ်ပြီးစီရင်ချက်ချရပြန်တယ်
ချင်အိမ်တော်ရဲ့ဆက်ခံသူချင်မော့ချန် နဲ့ တရားမဝင်သား ချင်မော့ရန် ဟာအဖေတူ မအေကွဲညီအကိုအချင်းချင်းအိပ်ယာပေါ်ထိရောက်အောင် ခွေးဇာတ်ခင်းကြတယ်
ဒီအမှူ့့ဟာနိုင်ငံတော်အထူးရဲ့တားမြစ်ထားတဲ့အမူ့ဖြစ်တဲ့အတွက်အပြင်နောင်တွင်ဒီလိုခွေးဇာတ်ခင်းတဲ့အမှု့မျိုးမကျူးလွန်စေရန်အတွက် နိုင်ငံပိုင်မီဒီယာတွေကလဲဒီအမှု့ကို TV တွေ Ph တွေကနေတဆင့် စီရင်ချက်ချခြင်းကိုLive လွင့်နေသည်
ချင်မော့ရန်ဟာအဲ့ခွေးဇာတ်လမ်းအပြင်အိမ်ထောင်သည်ကိုသွေးဆောင်ဖြားယောင်းမှု့လင်မယားကိုသွေးခွဲမူ့လူသတ်ရန်ကြံစည်မူ့တွေနဲ့လဲစွဲချက်တင်ခံထားရသည်သူသတ်ဖို့ခဲ့ကြံစည်ခဲ့တဲ့သူက ဗိုလ်ချုပ်ရှောင်းနဲ့ သူ့အသည်းအသက်ကလေးတဲ့လားတကယ်ပဲချင်မော့ရန်ကကျားမြီးကိုသွားစွဲနေတာလားဘယ်လိုတောင်အကြောက်အလန့်မရှိတာလဲ
ဒုဗိုလ်ချုပ်ရှောင်းရဲ့ဒဏ်ရာနဲ့အသံဖမ်းစက် ၊CCTVတွေဆီကသက်သေတွေနဲ့ ပြစ်မူ့တွေကိုထင်ရှားစေသည်ထို့အပြင် ခွေးဇာတ်ခင်းတဲ့အမူ့အတွက်လဲသက်သေတွေရလာခဲ့ပြီ ချင်အိမ်တော်ကသားနှစ်ယောက်ဟာအိပ်ယာပေါ်မှာပုံစံမျိုးစုံနဲ့ကိုဖြစ်ပျက်နေတာ
ထိုပုံတွေကသက်သေအဖြစ်ပြည်သူတွေကိုပြတော့ဗိုလ်ချုပ်ရှောင်းကသူ့အသည်းအသက်လေးကိုကလေးတွေမကြည့်ရဘူးဆိုပြီးမျက်လုံးလေးတွေကိုသူလက်နဲ့အုပ်ထားပေးသေးတာ
တကယ်ပါပဲ ဗိုလ်ချုပ်ရှောင်းက တစ်တိုင်းပြည်လုံးကြည့်နေတဲ့ Live မှာလာ Ro နေတာလား??ဒီလိုဟိတ်ဟန်ကြီးတဲ့ ဗိုလ်ချုပ်ရှောင်းကလေ
ပြည်သူတွေမှာမယုံချင်ပဲနဲ့ယုံလိုက်ရသည်တစ်ခါတည်းဗိုလ်ချုပ်ရှောင်းဟာ သူ့အမျိုးသားကိုအရမ်းချစ်တဲ့လူတစ်ယောက်အဖြစ်ကင်ပွန်းတက်ခံလိုက်ရတယ်
ချင်အိမ်တော်ရဲ့ရှေ့နေတွေသည် ချင်မော့ရန်ကိုအိမ်တော်မှာနေရဖို့ တရားဝင်သားအားဆေးခတ်လှုံ့ဆော်ပြီး သူနဲ့အိပ်စေဖို့ကြိုးပမ်းခဲ့ကာ ထိုသက်သေတွေယူပြီးတရားဝင်သားအားခြိမ်းခြောက်ပြီး ချင်အိမ်တော်ထဲကိုဝင်လာသူဖြစ် စွပ်စွဲကာတရားဝင်သားဖြစ်သူချင်မော့ချန်ကိုရှေ့နေ့တွေကဉာဏ်အားရှိသမျှကာကွယ်ကြသည်
ချင်မော့ရန်ရဲ့ရှေ့နေတွေကတော့ဘာမှမတုံ့ပြန်ပေချင်မော့ရန်ကလဲပါးစပ်ပိတ်နေရသည်ဘာလို့လဲဆိုတော့ သူ့အဖေက သူသာအမှန်တိုင်းပြောရင် သူအမေကိုသတ်ပစ်မယ်ဟူ၍ ခြိမ်းခြောက်ထားခြင်းဖြစ်သည်
အဲ့တာကြောင့်မို့လို့ ချင်မော့ချန်ကသာ အရင်လာတောင်းဆိုပြီးသူနှင့်အိပ်သည်ဆိုတဲ့အကြောင်းကိုမပြောပဲနှုတ်ပိတ်နေရသည့်သက်သေလဲမရှိပေ
နောက်ဆုံးမှာတော့ တရားရုံးက သက်သေအပြည့်စုံဖြင့်ချင်မော့ချန်ကို ထောင်ဒဏ်၅နှစ်နှင့်ချင်မော့ရန်ကိုထောင်ဒဏ်၁၅နှစ်အထိချမှတ်ခဲ့သည်
ထိုအရာကိုချင်မော့ရန်ကလုံးဝမကျေနပ်ပေ
"ဘာကြောင့်မို့လို့ကျွန်တော်ကဒီလောက်နှစ်အများကြီးကျရတာလဲချင်အိမ်တော်ရဲ့အမူ့က၇နှစ်ဆိုတာကိုကျွန်တော်လက်ခံတယ်ဘာလို့ဗိုလ်ချုပ်ရှောင်းတို့နဲ့ပတ်သတ်တဲ့အမူ့က၈နှစ်လောက်ကျရတာလဲ ကျွန်နော်သတ်ဖို့ကြိုးစားခဲ့ပေမဲ့ နှစ်ယောက်လုံးကမသေခဲ့ဘူးလေ တကယ်ဆိုရင်ဆေးရုံမှာတောင်တစ်ရက်ပြည့်အောင်တောင် မနေခဲ့ရဘူးလေ"
ထိုစကားကြားတော့တရားသူကြီးက သူ့ရဲ့တရားစီရေးတူနဲ့ခုံကိုအကျယ်ကြီးထုလိုက်တယ်
"အပြစ်သားချင်မော့ရန်မင်းသတ်ဖို့ကြိုးစားခဲ့တဲ့သူကနိုင်ငံတော်ရဲ့စစ်ဦးစီးမှူးချုပ်အဖြစ်လျာထားခြင်းခံရတဲ့ဒုဗိုလ်ချုပ်ရှောင်းကိုနော် လမ်းဘေးကအိမ်ခြေယာမဲ့မဟုတ်ဘူးအခုထောင်ဒဏ်ကမင်းအတွက်လျော့ပေါ့ပေးထားသေးတာတကယ်ဆိုမင်းက၁၀နှစ်လောက်တောင်ကျသင့်တာမင်းသိရဲ့လား...တကယ်လို့ဗိုလ်ချုပ်ရှောင်းသာတစ်ခုခုဖြစ်ခဲ့ရင်ငါတို့နိုင်ငံရဲ့စစ်တပ်ကမောက်ကမာဖြစ်သွားလိမ့်မယ်အဲ့အခါအခြားပြိုင်ဘက်နိုင်ငံတွေရဲ့သိမ်းပိုက်ခြင်းကိုခံရနိုင်တယ်နောက်ပြီး ဗိုလ်ချုပ်ကတော် ဗိုလ်ချုပ်ကတော်သာတစ်ခုခုဖြစ်သွားရင်သေချာပေါက် ဗိုလ်ချုပ်ကဘယ်လိုလုပ်ပြီးစစ်တပ်ကိုကောင်းကောင်းအုပ်ချုပ်နိုင်ပါ့မလဲ ဗိုလ်ချုပ်ကတော်စိတ်နဲ့ ဗိုလ်ချုပ်တစ်ခုခုဖြစ်သွားရင် မင်းတာဝန်ယူမှာလား"
ထိုစကားကြားတော့ချင်မော့ရန်က ဗိုလ်ချုပ်တို့ထိုင်နေတဲ့နေရာကိုကြည့်ပြီးပြောလာသည်
"တာဝန်ယူမှာပေါ့ ဝမ်ရိပေါ်ကိုသတ်ဖို့စိတ်ကူးကတည်းကကျွန်တော်ဗိုလ်ချုပ်ရှောင်းကိုတာဝန်ယူဖို့စဉ်းစားထားပြီးသားပါ"
"ချင်မော့ရန်...မင်း"
ဝမ်ရိပေါ်သည်ပြောရင်းထိုင်နေရာမှာထလိုက်တော့ဗိုလ်ချုပ်ရှောင်းကသူ့ကိုဆွဲလာသည်
"တော်ပြီ.....ဝမ်ဝမ်....ထိုင်လိုက်...သူကတရားရုံးကိုဆူပူအောင်လုပ်ပြီး....မင်းကိုထောင်ထဲထည့်ချင်နေတာတာ"
ထိုစကားကိုကြားတော့ ချင်မော့ရန်ကလက်ခုပ်လက်ဝါးတီးလာသည်
*ဖြောင်း...ဖြောင်း..ဖြောင်း*
"ဟုတ်တာပေါ့...သိပ်မှန်တယ်ကျွန်တော်ကတရားရုံးကိုဆူပူအောင်ဖန်တီးပြီးခင်ဗျားအသက်လေးကိုထောင်ထဲထည့်ဖို့ကြံနေတာဒါပေမဲ့ကြီးမြတ်လှတဲ့ဗိုလ်ချုပ်ရှောင်းကကျွန်တော်အကြံတွေကိုအကုန်သိသွားတာပဲ...သိပ်ကိုထက်မြတ်တယ်...ထက်မြတ်လွန်းလို့ပြည်သူတွေကိုလက်တစ်လုံးခြားလုပ်ပြီး.....ဝမ်းကွဲညီလေးကိုတရားဝင်လက်ထပ်ထားတာပဲ မင်းတို့တွေသိကြမှာပါ မင်းတို့ရဲ့ကြီးမြတ်လှတဲ့ဗိုလ်ချုပ်ကတော်လေးရဲ့ အမေက နာမည်က ရှောင်းချူးလန် လေ သူကဗိုလ်ချုပ်ရှောင်းကျန့်အဖေ ရှောင်ယန် ရဲ့ညီမလေး"
ထိုစကားကိုကြားတော့ပြည်သူတွေကဟင်ခနဲဟာခနဲ
ဝမ်ရိပေါ်ကတော့အနည်းငယ်စိုးထိတ်နေပေမဲ့ရှောင်ကျန့်ကတော့ခနဲတဲ့အပြုံးနဲ့ချင်မော့ရန်ကိုကြည့်နေတုန်းတကယ်ပဲချင်မော့ရန်ကသူဆင်တဲ့ခွင်ထဲဝင်လာတာပဲရှောင်ကျန့်ကပြုံးရင်းခပ်တည်တည်ပဲဆိုသည်
"ဝမ်ရိပေါ်ကငါ့ဝမ်းကွဲညီဆိုတာဟုတ်တယ်ရှောင်ချူးလန် က ငါ့အဒေါ်ဆိုတာလဲဟုတ်တယ်"
ရုံးတော်ကလူတွေသည်တစ်နိုင်ငံလုံးရှေ့မှာဝန်ခံလိုက်တဲ့ဗိုလ်ချုပ်ရှောင်းနဲ့ဗိုလ်ချုပ်ကတော်တို့ကြောင့်ဘာလုပ်လို့ဘာကိုင်ရမလဲမသိနောက်ဆုံးမှာတော့နိုင်ငံတော်ရဲ့အထူးတားမြစ်ထားတဲ့အမူဖြစ်တာမို့ရုံးတော်ကဒုဗိုလ်ချုပ်တို့စုံတွဲကိုဖမ်းဖို့ပြင်လိုက်သည်
ရှောင်ကျန့်ရဲ့တပ်သားတွေသည်ထိုအချင်းအရာကိုမြင်သောကြောင့်သေနတ်တွေပင်ထုတ်လိုက်ကြသည်သူတို့ကဗိုလ်ချုပ်တို့စုံတွဲကိုဖမ်းရင်နိုင်ငံတော်အဆင့်ရုံးတော်ကလူတွေကိုတောင်သတ်ဖို့ဝန်လေးမနေပေ
ဒုဗိုလ်ချုပ်ရဲ့တပ်သားတွေနဲ့ရုံးတော်လူတွေတင်းမာနေတဲ့အချိန်သမ္မတရှီးရန်ရှန့် ရဲ့ အသံထွက်ပေါ်လာသည်
"မင်းတို့ရုံးတော်ကလူတွေဘာလုပ်နေတာလဲ အပြစ်သားတစ်ယောက်ရဲ့စကားကိုယုံပြီး ဒုဗိုလ်ချုပ်တို့စုံတွဲကိုဖမ်းဖို့လုပ်နေတာလား"
သမ္မတရှီရန်ရှန့်ဟာတရားလွှတ်တော်ရှေ့နေလျှိုဟိုက်ခွမ်းနဲ့သူ့ကိုယ်ရံတော်ခေါင်းဆောင်ကိုခေါ်ကာ တရားရုံးအတွင်းသို့ဝင်လာသည်
"သမ္မတကြီး ဗိုလ်ချုပ်ကဝန်ခံပြီးပြီမို့လို့ ကျွန်တော်တို့ကစစ်ဆေးရုံပါ"
တရားသူကြီးတွေသည် သမ္မတရှေ့မှာလာရပ်နေကာဖြစ်ကြောင်းကုန်စင်ကိုတင်ပြနေတယ်
"ဘာမှစစ်ဆေးစရာမလိုဘူး လက်ထပ်မှတ်ပုံတင်ကို ငါကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့တာ သူတို့ကဒီကိစ္စကိုလဲတရားလွတ်တော်ရှေ့နေ့လျိုဟိုက်ခွမ်းထံကိုတင်ပြပြီးသား ရှောင်ချူးလန်ကဒီအတိုင်းပဲမိဘမဲ့ဂေဟာကနေရှောင်သခင်မကြီးတို့ခေါ်ယူလာခဲ့တာသူကအငြိမ်းစားဗိုလ်ချုပ်ကြီး ရှောင်ယန်ရဲ့ညီမအရင်းမဟုတ်သလိုိုရှောင်းအိမ်ရဲ့အမွေစားအမွေခံသမီးလဲမဟုတ်ဘူးသူကဒီအတိုင်းရှောင်မျိုးရိုးကိုယူထားရုံတင်အခုတော့သူေဋ္ဌးမင်းဝမ်နဲ့လက်ထပ်ပြီးဝမ်ချူးလန်ဖြစ်နေပြီဒီထဲမှာDNAစစ်ဆေးချက်တွေနဲ့ရှောင်ချူးလန်ကိုမိဘမဲ့ဂေဟာကနေခေါ်လာတဲ့သက်သေစာရွက်စာတမ်းတွေအားလုံးပါပြီးသားမင်းတို့စစ်ဆေးလို့ရတယ်"
သမ္မတကြီးရဲ့စကားအဆုံးလျိုဟိုက်ခွမ်းကသက်သေတွေထည့်ထားတဲ့စာအိတ်ကိုတရားသူကြီးတွေထံကိုပေးလာသည်ထိုအချိန်လျိုဟိုက်ခွမ်းကတရားသူကြီးတွေကိုစကာတစ်ခွန်းပြောလိုက်သေးသည်
"ခင်ဗျားတို့ စစ်တပ်အသိုင်းအဝိုင်းကို အယုံအကြည်မရှိရင်လဲမှတ်ပုံတင်ရုံး နဲ့ တရားလွှတ်တော်ရုံးကို ယုံကြည်သင့်တယ်"
လျိုဟိုက်ခွမ်းရဲ့ဒဲ့တိုးဆန်တဲ့းစကားကြောင့်တရားသူကြီးတွေမျက်နှာပျက်နေတဲ့အချိန်မှာသမ္မတကိုယ်ရံတော်ကလဲဝင်ပြောလာသည်သူကဒုဗိုလ်ချုပ်ရှောင်းနဲ့စစ်သင်တန်းတူတူဆင်းခဲ့တာလေအတန်းဖော်ဖြစ်သလိုရဲဖော်ရဲဖက်ဆိုလဲမမှားပေ
"ကျွန်တော်တို့ဗိုလ်ချုပ်ကငယ်ငယ်လေးကတည်းကတစ်ဝမ်ထဲဝမ်နေလို့ရှောင်းအိမ်တော်အကြီးအကဲတွေကဝမ်သခင်မဆီမှာဝမ်ရိပေါ်ကိုတောင်းခဲ့တာပါဝမ်သခင်မကလဲရှောင်းအိမ်တော်ရဲ့ကျေးဇူးကိုပြန်ဆပ်ချင်တာနဲ့လက်ထပ်ပွဲကိုလက်ခံခဲ့တာပါဒါကိုကျွန်တော်တို့တပ်ရင်းကအကောင်တွေအကုန်သိပါတယ်"
နောက်ဆုံးမှာတော့ ရုံတော်ကသူတွေ ဗိုလ်ချုပ်နဲ့ဗိုလ်ချုပ်ကတော်ဟာသွေးသားတော်စပ်မူ့မရှိဘူးဆိုတာဖော်ထုတ်နိုင်ခဲ့သည်
"တရားသူကြီးမင်း..."
ရုတ်တရက် ဗိုလ်ချုပ်ကတော်လေးက ခေါ်လာတာမို့လို့တရားသူကြီးတွေမှာ မျက်ခုံးတစ်လှုပ်လှုပ်
"ချင်မော့ရန် ကို အသေရေဖျက်မူ ့နဲ့တိုင်ကြားပါတယ်"
နောက်ဆုံးမှာတော့တရားသူကြီးမင်းကချင်မော့ရန်ကိုဒုဗိုလ်ချုပ်တို့စုံတွဲကိုအသေဖျက်မူ ့အပြင်ရုံးတော်ကိုဆူပူရှုပ်ထွေးအောင်လုပ်မူ ့နဲ့ပါထည့်စွဲချက်တင်ပြီး နောက်ထပ်ထောင်ဒဏ် ၅ နှစ်ထပ်တိုးပေးလိုက်ရတယ်
မတိုးပေးလို့လဲမရဘူးလေ ဗိုလ်ချုပ်ရှောင်း နဲ့သမ္မတကြီးက ဗိုလ်ချုက်ကတော်လေး ခိုင်တာမလုပ်ရင်သူ့ကိုထသတ်မဲ့စတိုင်နဲ့ကြည့်နေကြတာလေ
တကယ်ပါပဲတရားသူကြီးလုပ်ရတာပင်ပန်းလိုက်တာ
ချင်မော့ရန်ကတော့သမ္မတရောက်လာကတည်းကဘာမှဝင်မပြောတော့ပေ သူစွပ်စွဲချက်ကသွေးသားမတော်စပ်ဘူးဆိုကတည်းကအသေရေဖျက်မူ့မြှောက်သွားခဲ့ သူလဲထပ်မပြောချင်တော့ပေ ရှေ့နေ့တွေကထပ်မပြောဖို့တားနေကြသည်သူသာထပ်ပြောနေရင်သေချာပေါက်ထောင်ဒဏ်တွေပိုတိုးလာရုံကလွဲပြီးဘာမှကောင်းကျိုးမရှိပေ
သမ္မရှီးရန်ရှန့်ကတောင် ဝမ်ရိပေါ်နဲ့ဗိုလ်ချုပ်ရှောင်းကိုကာကွယ်နေမှတော့သူဘာတက်နိုင်တော့မှာလဲ
မုန်းလိုက်တာ ဝမ်ရိပေါ် မုန်းလိုက်တာ
ပြည်သူတွေကတော့ချင်မော့ရန်ရဲ့ထောင်အနှစ်၂၀ကိုနည်းသေးသည်ဟုထင်ကြသည်ဒီထက်လဲပိုကျစေချင်သေးတယ်တဲ့ဝမ်ရိပေါ်ကိုတော့ စိတ်ဆိုးဒေါသထွက်ရင်မာန်ဖီနေတဲ့ခြငေ်္သ့ပေါက်လေးနဲ့တူတယ် ဆိုပြီးပြောနေကြတယ်ဗိုလ်ချုပ်ရှောင်းကတော့သေချာပေါက် စံပြအမျိုးသားဆိုပြီးSocial Media တစ်ခွင် နာမည်ကြီးနေတော့သည်
*********
မြို့လည်ခေါင်ရှိကော်ဖီဆိုင်တစ်ခုတွင်
"သခင်မလေးကျွန်မသားကိုကယ်ပေးပါဦး"
"Live လွင့်ပြီးစီရင်ချက်ချထားတာဆိုတော့အဲ့ကိစ္စက နည်းနည်းတော့ခက်လိမ့်မယ် ဒါပေမဲ့လဲကျွန်မကြိုးစားပေးပါ့မယ် ဘယ်လိုပဲဖြစ်ဖြစ်မော့ရန်လေးကကျွန်မမောင်လေးပဲမလား ကျွန်မရအောင်ကယ်ပါ့မယ်"
"ကျေးဇူးတင်ပါတယ်သခင်မလေးရယ်ကျွန်မလေဝမ်သခင်လေးကို လွန်ခဲ့၁၃နှစ်ကတည်းကအသေသတ်ခဲ့ရမှာ သူအတိတ်မေ့သွားတယ်ဆိုလို့ သနားစိတ်လေးဝင်မိသွားတာမှားတာပဲ သူကိုသာ၆နှစ်သားကတည်းက အသေသတ်ခဲ့ရင် အခုဆိုကျွန်မသားလေးလဲထောင်ထဲရောက်မှာမဟုတ်ဘူးသခင်မလေးလဲဗိုလ်ချုပ်ရှောင်းရဲ့ဇနီးလေးဖြစ်နေမှာ"
"တော်တော့!ပြီးခဲ့တာတွေကိုပြန်ပြောမနေနဲ့တော့၆နှစ်သားတုန်းကမသေခဲ့တော့လဲဘာအရေးလဲ၁၉နှစ်သားမှာပြန်သတ်ကြတာပေါ့ ဘယ်လိုလဲ အန်တီရန်ကျွန်မမေးခိုင်းတာကို မော့ရန်လေးကိုမေးခဲ့လား"
"မေးခဲ့တာပေါ့သခင်မလေးရယ် ဝမ်ရိပေါ်က ဒုဗိုလ်ချုပ်ရှောင်းရဲ့စစ်တပ်အိမ်ယာကကွန်ဒိုမှာနေနေတာပါ"
"အဟက်!တကယ်ပဲ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာဖြစ်နေတာပဲ ငါတကယ်မထင်ထားခဲ့ဘူး ဝမ်ရိပေါ်က ငါတို့နယ်မြေထဲမှာပဲရှိနေတာပဲ ကောင်းပြီအန်တီရန်အခုတစ်လောဒီကဒ်ကိုအသုံးပြုပြီး ကျွန်မအဖေရဲ့စစ်တပ်ကွန်ဒိုမှာခဏနေပြီး ဝမ်ရိပေါ်ကိုစောင့်ကြည့်နေပေးပါ ကျွန်မသူ့ကို၇ရက်အတွင်းရအောင်သတ်ပြမယ်"
"ဟုတ်ကဲ့ပါသခင်မလေး"
**********ဒီအရှုပ်ထုပ်မတွေကိုရှင်းပြီးရင်ဇာတ်လမ်းကပြီးပါပြီနော်
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



