Fanfics

14

19:18, 23 July 2024

အချိန်တွေကြာလာတာနဲ့အမျှ အချစ်တွေက များပြားလာတယ်။အနေဝေးနေကြတယ် ဆိုရင်တောင်မှပေါ့။

အချိန်အားဖြင့် ၄ နှစ် ကျော်ကြာခဲ့ပြီ ငါ့သူငယ်ချင်းအတွဲဖြစ်တဲ့ satang နဲ့ winny ၏ wedding day ဖြစ်သည်။ငါ satang နဲ့အတူ သတို့သားအလှပြင်ခန်းမှာ အဖော်ပြုပေးနေရသည်။

"မင်းတောင် လက်ထပ်တော့မှာဘဲ အချိန်တွေကမြန်လိုက်တာ"

"မင်းလဲ စောင့်နေတုန်းလား Gemini"

Satang ရဲ့အမေးကို ငါ ခေါင်းညိမ့်၍ဘဲ ဖြေဆိုလိုက်သည်။

"သူ ဒီကိုလာမှာသေချာလား"

"သူကမခေါ်ရင်တောင် လာမဲ့လူမျိုး"

ငါ satang အဖြေကို ရယ်မိလိုက်သည်။ခနအကြာ မဂ်လာပွဲစတော့မှာမို့လို့ ငါ့ဝှီးချဲကို သတို့သားဖြစ်တဲ့ satang ကတွန်းလာပေးရသည်။

ငါ့အား ခန်းမရဲ့ အလယ်နားက ထိုင်ခုံပေါ်တင်ပေးကာ ဟန်နီ့ကိုလဲ ငါ့ထိုင်ခုံနားထိုင်ခိုင်းထားသည် ဟု Satang ကပြောသည်။

အဲ့နောက် မဂ်လာပွဲစတင်တော့ ခန်းမဆီသို့ လျှောက်လမ်းအတိုင်း လျှောက်လာသည့် ထိုလူတွေရဲ့ ခြေထောက်တွေကိုဘဲကြည့်နေမိသည်။

ခြေထောက်တွေကနေတဆင့် ဘေးဘိကြည့်မိတော့ ဘေးနားကို လာနေတဲ့ ခြေထောက်ဆီကို အကြည့်ရောက်မိသွားသည်။ဒါ ဟန်နီ ဘဲ

"ဟန်နီ!"

ဟန်နီ့ရဲ့ မျက်နှာပေါ်ကအပြုံးဟာ ငါ့ကိုတွေ့တာနဲ့ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

"Gem..."

ခန္ဓာကိုယ်လေးဟာ ငါ့ကိုတွေ့တာနဲ့ ချက်ချင်းပင် ဆန့်ကျင့်ဘက်သို့ ဦးတည်ကာ ထွက်ပြေးသွားလေသည်။

"မပြေးနဲ့..ဟန်နီ!! မပြေးပါနဲ့"

ငါ နောက်ကလိုက်ဖို့ ပြင်လိုက်ပေမဲ့ လှုပ်ရှားလို့မရတဲ့ ငါ့ရဲ့ ခြေထောက်တွေကြောင့် ငါ ခံပြင်းစွာနဲ့ဘဲ ထိုင်နေရပြန်သည်။

"ဒီစောက်သုံးမကျတဲ့ ခြေထောက်တွေ"____________________ကားတိုက်မှုကြောင့် ဆေးရုံမှာတင် လအတော်ကြာ သောင်တင်နေခဲ့ပြီး ကံဆိုးစွာပင် ခြေထောက်တွေက လှုပ်ရှား၍မရတော့ပေ။

ဘယ်နိုင်ငံကိုရောက်နေမှန်းတော့မသိပေမဲ့ eng လိုဘဲပြောတဲ့ nurse နဲ့ ဆရာဝန်တွေကြောင့် ငါ အခု ထိုင်းမှာမဟုတ်မှန်းတော့ သိနိုင်သည်။

"Fourth ဆီပြန်ပို့ပေးပါ"

ထမင်းခွံ့နေတဲ့ အမေ့ကိုပြောလိုက်တော့ အမေဟာ ထုံးစံအတိုင်း ဘာမှမပြော၍သာ ပြန်တုံ့ပြန် သည်။

"ထားခဲ့လိုက် သား ကိုယ့်ဘာသာစားနိုင်တယ်"ဟုသာ ပြောပြီး ထွက်သွားခိုင်းလိုက်သည်။

ငါ ဟန်နီ့ကိုအရမ်းလွမ်းတယ်။အခုချိန် ဟန်နီ ဘယ်များနေနေမလဲ။သူ့ကိုများ လွမ်းနေမလား? မုန်းသွားမလား? စသည့် အဖြေပြန်ရမလာတဲ့မေးခွန်းပေါင်းစုံကိုသာ ကိုယ့်ကိုယ်ကိုမေးနေမိသည်။

ငါ ဆေးရုံတက်နေရတဲ့ အချိန်အတွင်း ငါ့ အဖေဆိုသူက တမိနစ်တောင် ငါ့ဆီလာမကြည့်ခဲ့ပါ။ဆေးရုံကဆင်းပြီး အိမ်အသစ်ဆိုတာ ရောက်တော့ ထိုလူဟာ ကားနဲ့လာခေါ်သည်။

လမ်းမလျှောက်နိုင်တော့တဲ့ ငါ့က ဝှီးချဲနဲ့သာ တစ်နေရာနဲ့တစ်နေရာကို သွားရသည်။ကျောင်းကိုတော့ ငါ့မိဘတွေအာဏာဖြင့် ကျောင်းကောင်းကောင်းမှာ တက်ရသည်။

"မင်း ဒီမှာအမှတ်ကောင်းရင် ထိုင်းကိုပြန်ပို့ပေးမယ်" ဆိုတဲ့စကားကြောင့် ငါ အချိန်ပြည့် စာအုပ်နဲ့မျက်နှာမခွါဘဲကြိုးစားရသည်။

ကျောင်းပြီး၍ အမှတ်ကောင်းတော့ ထိုင်းကိုပြန်လာရမည်အထင်နှင့် ဝမ်းသာနေခဲ့ပေမဲ့ အဖေဆိုသူက လုပ်ကြံခံလိုက်ရပြီး အလုပ်တွေကို ဆက်ခံရမယ်ဆိုတာကြောင့် ဒီမှာဘဲသောင်တင်ကာ အလုပ်တွေကိုဆက်လုပ်လိုက်ရသည်။

အလုပ် ကိုသာဖိလုပ်ရင်း တစ်ယောက်သောသူကိုမေ့ဖို့ကြိုးစားပေမဲ့လဲ ဘယ်တော့အခါမှမေ့မရခဲ့ပါဘူး။အဖေ ရှိတုန်းက သူ့အသိမိတ်ဆွေတွေရဲ့ သမီးတွေနဲ့ပေးစားခံခဲ့ရပြီး သူဆုံးသွားမှ အမေက ကြည်ကြည်ဖြူဖြူပင် ထိုင်းကိုပြန်သွားခွင့်ပြုခဲ့သည်။

ထိုင်းကိုပြန်ရောက်ပြီး သိပ်မကြာခင်မှာဘဲ satang တို့နဲ့ပြန်အဆက်အသွယ်ရကာ လက်ထပ်ပွဲဖိတ်တာခံလိုက်ရတာပင်။___________________"Fourth မင်းဘာလို့ခန်းမထဲမှာမနေတာလဲ"

ခန်းမအပြင်ဘက်မှာ ထွက်နေတဲ့ ငါ့ကို သူငယ်ချင်းဖြစ်သူ winny ကလာမေးသည်။

"သူနဲ့အဆက်အသွယ်ရတာကြာပြီလား"

"သိပ်မကြာသေးပါဘူး မင်းသူ့နားသွားမထိုင်ဘူးလား"

"ငါ သူနဲ့မပတ်သတ်ချင်တော့ဘူး winny"

"မင်းတို့နှစ်ယောက် ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိပါတယ် ဒါပေမဲ့ တချိန်ကအရမ်းရင်းနှီးခဲ့ကြတာဘဲ"

"တချိန်ကအရမ်းရင်းနှီးခဲ့လဲ သူစိမ်းဆိုတာဖြစ်သွားတာဘဲလေ"

"သူစိမ်းကနေလဲ တခါပြန်စလို့ရတာဘဲ"

"မဖြစ်နိုင်တော့တဲ့ အခြေအနေကြီးလေ winny"

"မင်းတို့နဲ့ဘဲဆိုင်တယ် ငါလဲကြားကနေဝင်ပါလို့မရဘူးလေ ခနနေ ပန်းစည်းပစ်မှာ မင်းလာခဲ့"

"အင်းပါ"

လေညှင်းခနခံရင်း ငါ ခန်းမထဲပြန်ဝင်သွားလိုက်သည်။ခန်းမထဲရောက်တာနဲ့ မျက်လုံးက အလိုလို သူ့ကိုဘဲရှာမိနေသည်။

ငါ တွေ့ခဲ့ပြီ ငါ့ရဲ့နှလုံးသားတခြမ်းကို...ခုနက နေရာမှာဘဲ မလှုပ်မရပ်ထိုင်နေသည်။ပန်းစည်းပစ်တော့လဲ ထ မလာဘဲ ထိုနေရာမှာပင် ထိုင်နေသည်။ဘာများဖြစ်လို့လဲ...

ဘယ်လောက်မှမကြာပါဘူး gem ဆီရောက်လာတဲ့ မိန်းမတယောက်..အော် ခုနက ပန်းစည်းရသွားတဲ့အမျိုးသမီးဘဲ..အင်း လိုက်ဖက်ကြပါတယ်။

Gem ဘက်က ငါ့ကိုကြည့်လာလို့ ငါတို့ အကြည့်ချင်းဆုံသွားသည်။ငါ တဖက်သို့လှည့်ကာ မသိချင်ယောင်ဆောင်နေလိုက်သည်။ရှက်လိုက်တာဟာ

ငါ့ကိုစိုက်ကြည့်နေတာမို့ နေရခက်တာနဲ့ပဲ winny ကိုပြောကာ အိမ်ကိုဘဲပြန်လာခဲ့လိုက်သည်။___________________၃ နှစ်ကျော်ကြာ လွမ်းနေရတဲ့ ထိုနေရာ

အချိန်တွေအတော်ကြာသွားပေမဲ့ ဒီပန်းခင်းကြီးက အရင်အတိုင်းဘဲလှနေတုန်းဘဲ။ငါမရှိတုန်း တစ်ယောက်ယောက်က ငါ့အစား စောင့်ရှောက်ထားသလိုဘဲ ပန်းတွေကမညိုးနွမ်းသွားခဲ့ဘူး။

"ကျေးဇူးဘဲနော်"

ထုံးစံအတိုင်း satang ကိုဘဲအကူအညီတောင်းကာ လိုက်ပို့ခိုင်းရပြန်သည်။

"မင်းအသံကြားလား"

"ဘာအသံလဲ"

"P'Fourth ရဲ့အသံလေ မင်းရှေ့ကိုကြည့်လိုက်"

Satang ပြောလို့အရှေ့ကိုကြည့်လိုက်တော့ ငါ့ရှေ့မှာ ဟန်နီက တယောက်ထဲ စကားတွေပြောနေသည်။

"ဟန်နီ"

ငါ့ဆီသို့ အံဩတကြီးလန့်လာပြီး ထွက်သွားဖို့ပြင်နေသည်။

"ဟန်နီ မသွားပါနဲ့နော် နေပါအုန်း"

အလောတကြီးဖြင့် ထရပ်ဖို့ကြိုးစားလိုက်တာကြောင့် ခြေထောက်က မနိုင်စွာဖြင့် အောက်သို့လှဲကျသွားသည်။

"အသေးကောင် ရပ်ပါအုန်း"

လှဲကျသွားတဲ့အသံနဲ့ satang ရဲ့ခေါ်သံကြောင့် ဟန်နီဟာ ငါ့ဆီပြန်လှည့်ကြည့်သည်။

"ငါ မင်းကိုမုန်းတယ် gemini ငါနဲ့ လာမပတ်သတ်ပါနဲ့"

ဟန်နီ့ဆီကထွက်လာတဲ့ စကားလုံးတွေဟာ ရင်ထဲကိုနင့်နေအောင်ခံစားလိုက်ရသည်။

ပြောလိုရာကိုပြောကာ ကျောခိုင်းပြီးထွက်ပြေးသွားခဲ့တဲ့ ဟန်နီဟာ သူ့ဘက်သို့တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့....

မျက်နှာသာမပေးခဲ့တဲ့ကံကြမ္မာကြီးကိုဘဲအပြစ်တင်ရမလား...အတင်းအဓမ္မလုပ်ယူခဲ့တဲ့ ဖခင်ဖြစ်သူကိုဘဲမုန်းတီးရမလား..

ဘယ်လိုဘဲလုပ်ဆောင်လိုက်ပါစေ သူချစ်တဲ့ဟန်နီငယ်ဟာတော့ သူ့ဆီပြန်ရောက်လာတော့မည်မထင်..

တစ်ပေါက်ပေါက်ကျဆင်းလာတဲ့မျက်ရည်တွေဟာ တားစီးလို့ပင်မရနိုင်တော့ပါ။_____________________ပြီးပါတော့မယ်။(စာတွေပြန်မစစ်ရသေးပါဘူးဗျ)

Zawgyi

14အခ်ိန္ေတြၾကာလာတာနဲ႔အမၽွ အခ်စ္ေတြက မ်ားျပားလာတယ္။အေနေဝးေနၾကတယ္ ဆိုရင္ေတာင္မွေပါ့။

အခ်ိန္အားျဖင့္ ၄ ႏွစ္ ေက်ာ္ၾကာခဲ့ၿပီ ငါ့သူငယ္ခ်င္းအတြဲျဖစ္တဲ့ satang နဲ႔ winny ၏ wedding day ျဖစ္သည္။ငါ satang နဲ႔အတူ သတို႔သားအလွျပင္ခန္းမွာ အေဖာ္ျပဳေပးေနရသည္။

"မင္းေတာင္ လက္ထပ္ေတာ့မွာဘဲ အခ်ိန္ေတြကျမန္လိုက္တာ"

"မင္းလဲ ေစာင့္ေနတုန္းလား Gemini"

Satang ရဲ့အေမးကို ငါ ေခါင္းညိမ့္၍ဘဲ ေျဖဆိုလိုက္သည္။

"သူ ဒီကိုလာမွာေသခ်ာလား"

"သူကမေခၚရင္ေတာင္ လာမဲ့လူမ်ိဳး"

ငါ satang အေျဖကို ရယ္မိလိုက္သည္။ခနအၾကာ မဂ္လာပြဲစေတာ့မွာမို႔လို႔ ငါ့ဝွီးခ်ဲကို သတို႔သားျဖစ္တဲ့ satang ကတြန္းလာေပးရသည္။

ငါ့အား ခန္းမရဲ့ အလယ္နားက ထိုင္ခုံေပၚတင္ေပးကာ ဟန္နီ့ကိုလဲ ငါ့ထိုင္ခုံနားထိုင္ခိုင္းထားသည္ ဟု Satang ကေျပာသည္။

အဲ့ေနာက္ မဂ္လာပြဲစတင္ေတာ့ ခန္းမဆီသို႔ ေလၽွာက္လမ္းအတိုင္း ေလၽွာက္လာသည့္ ထိုလူေတြရဲ့ ေျခေထာက္ေတြကိုဘဲၾကည့္ေနမိသည္။

ေျခေထာက္ေတြကေနတဆင့္ ေဘးဘိၾကည့္မိေတာ့ ေဘးနားကို လာေနတဲ့ ေျခေထာက္ဆီကို အၾကည့္ေရာက္မိသြားသည္။ဒါ ဟန္နီ ဘဲ

"ဟန္နီ!"

ဟန္နီ့ရဲ့ မ်က္ႏွာေပၚကအျပဳံးဟာ ငါ့ကိုေတြ႕တာနဲ႔ ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားသည္။

"Gem..."

ခႏၶာကိုယ္ေလးဟာ ငါ့ကိုေတြ႕တာနဲ႔ ခ်က္ခ်င္းပင္ ဆန့္က်င့္ဘက္သို႔ ဦးတည္ကာ ထြက္ေျပးသြားေလသည္။

"မေျပးနဲ႔..ဟန္နီ!! မေျပးပါနဲ႔"

ငါ ေနာက္ကလိုက္ဖို႔ ျပင္လိုက္ေပမဲ့ လွုပ္ရွားလို႔မရတဲ့ ငါ့ရဲ့ ေျခေထာက္ေတြေၾကာင့္ ငါ ခံျပင္းစြာနဲ႔ဘဲ ထိုင္ေနရျပန္သည္။

"ဒီေစာက္သုံးမက်တဲ့ ေျခေထာက္ေတြ"____________________ကားတိုက္မွုေၾကာင့္ ေဆး႐ုံမွာတင္ လအေတာ္ၾကာ ေသာင္တင္ေနခဲ့ၿပီး ကံဆိုးစြာပင္ ေျခေထာက္ေတြက လွုပ္ရွား၍မရေတာ့ေပ။

ဘယ္နိုင္ငံကိုေရာက္ေနမွန္းေတာ့မသိေပမဲ့ eng လိုဘဲေျပာတဲ့ nurse နဲ႔ ဆရာဝန္ေတြေၾကာင့္ ငါ အခု ထိုင္းမွာမဟုတ္မွန္းေတာ့ သိနိုင္သည္။

"Fourth ဆီျပန္ပို႔ေပးပါ"

ထမင္းခြံ႕ေနတဲ့ အေမ့ကိုေျပာလိုက္ေတာ့ အေမဟာ ထုံးစံအတိုင္း ဘာမွမေျပာ၍သာ ျပန္တုံ႔ျပန္ သည္။

"ထားခဲ့လိုက္ သား ကိုယ့္ဘာသာစားနိုင္တယ္"ဟုသာ ေျပာၿပီး ထြက္သြားခိုင္းလိုက္သည္။

ငါ ဟန္နီ့ကိုအရမ္းလြမ္းတယ္။အခုခ်ိန္ ဟန္နီ ဘယ္မ်ားေနေနမလဲ။သူ႔ကိုမ်ား လြမ္းေနမလား? မုန္းသြားမလား? စသည့္ အေျဖျပန္ရမလာတဲ့ေမးခြန္းေပါင္းစုံကိုသာ ကိုယ့္ကိုယ္ကိုေမးေနမိသည္။

ငါ ေဆး႐ုံတက္ေနရတဲ့ အခ်ိန္အတြင္း ငါ့ အေဖဆိုသူက တမိနစ္ေတာင္ ငါ့ဆီလာမၾကည့္ခဲ့ပါ။ေဆး႐ုံကဆင္းၿပီး အိမ္အသစ္ဆိုတာ ေရာက္ေတာ့ ထိုလူဟာ ကားနဲ႔လာေခၚသည္။

လမ္းမေလၽွာက္နိုင္ေတာ့တဲ့ ငါ့က ဝွီးခ်ဲနဲ႔သာ တစ္ေနရာနဲ႔တစ္ေနရာကို သြားရသည္။ေက်ာင္းကိုေတာ့ ငါ့မိဘေတြအာဏာျဖင့္ ေက်ာင္းေကာင္းေကာင္းမွာ တက္ရသည္။

"မင္း ဒီမွာအမွတ္ေကာင္းရင္ ထိုင္းကိုျပန္ပို႔ေပးမယ္" ဆိုတဲ့စကားေၾကာင့္ ငါ အခ်ိန္ျပည့္ စာအုပ္နဲ႔မ်က္ႏွာမခြါဘဲႀကိဳးစားရသည္။

ေက်ာင္းၿပီး၍ အမွတ္ေကာင္းေတာ့ ထိုင္းကိုျပန္လာရမည္အထင္ႏွင့္ ဝမ္းသာေနခဲ့ေပမဲ့ အေဖဆိုသူက လုပ္ႀကံခံလိုက္ရၿပီး အလုပ္ေတြကို ဆက္ခံရမယ္ဆိုတာေၾကာင့္ ဒီမွာဘဲေသာင္တင္ကာ အလုပ္ေတြကိုဆက္လုပ္လိုက္ရသည္။

အလုပ္ ကိုသာဖိလုပ္ရင္း တစ္ေယာက္ေသာသူကိုေမ့ဖို႔ႀကိဳးစားေပမဲ့လဲ ဘယ္ေတာ့အခါမွေမ့မရခဲ့ပါဘူး။အေဖ ရွိတုန္းက သူ႔အသိမိတ္ေဆြေတြရဲ့ သမီးေတြနဲ႔ေပးစားခံခဲ့ရၿပီး သူဆုံးသြားမွ အေမက ၾကည္ၾကည္ျဖဴျဖဴပင္ ထိုင္းကိုျပန္သြားခြင့္ျပဳခဲ့သည္။

ထိုင္းကိုျပန္ေရာက္ၿပီး သိပ္မၾကာခင္မွာဘဲ satang တို႔နဲ႔ျပန္အဆက္အသြယ္ရကာ လက္ထပ္ပြဲဖိတ္တာခံလိုက္ရတာပင္။___________________"Fourth မင္းဘာလို႔ခန္းမထဲမွာမေနတာလဲ"

ခန္းမအျပင္ဘက္မွာ ထြက္ေနတဲ့ ငါ့ကို သူငယ္ခ်င္းျဖစ္သူ winny ကလာေမးသည္။

"သူနဲ႔အဆက္အသြယ္ရတာၾကာၿပီလား"

"သိပ္မၾကာေသးပါဘူး မင္းသူ႔နားသြားမထိုင္ဘူးလား"

"ငါ သူနဲ႔မပတ္သတ္ခ်င္ေတာ့ဘူး winny"

"မင္းတို႔ႏွစ္ေယာက္ ဘာေတြျဖစ္ခဲ့လဲဆိုတာ ငါသိပါတယ္ ဒါေပမဲ့ တခ်ိန္ကအရမ္းရင္းႏွီးခဲ့ၾကတာဘဲ"

"တခ်ိန္ကအရမ္းရင္းႏွီးခဲ့လဲ သူစိမ္းဆိုတာျဖစ္သြားတာဘဲေလ"

"သူစိမ္းကေနလဲ တခါျပန္စလို႔ရတာဘဲ"

"မျဖစ္နိုင္ေတာ့တဲ့ အေျခအေနႀကီးေလ winny"

"မင္းတို႔နဲ႔ဘဲဆိုင္တယ္ ငါလဲၾကားကေနဝင္ပါလို႔မရဘူးေလ ခနေန ပန္းစည္းပစ္မွာ မင္းလာခဲ့"

"အင္းပါ"

ေလညႇင္းခနခံရင္း ငါ ခန္းမထဲျပန္ဝင္သြားလိုက္သည္။ခန္းမထဲေရာက္တာနဲ႔ မ်က္လုံးက အလိုလို သူ႔ကိုဘဲရွာမိေနသည္။

ငါ ေတြ႕ခဲ့ၿပီ ငါ့ရဲ့ႏွလုံးသားတျခမ္းကို...ခုနက ေနရာမွာဘဲ မလွုပ္မရပ္ထိုင္ေနသည္။ပန္းစည္းပစ္ေတာ့လဲ ထ မလာဘဲ ထိုေနရာမွာပင္ ထိုင္ေနသည္။ဘာမ်ားျဖစ္လို႔လဲ...

ဘယ္ေလာက္မွမၾကာပါဘူး gem ဆီေရာက္လာတဲ့ မိန္းမတေယာက္..ေအာ္ ခုနက ပန္းစည္းရသြားတဲ့အမ်ိဳးသမီးဘဲ..အင္း လိုက္ဖက္ၾကပါတယ္။

Gem ဘက္က ငါ့ကိုၾကည့္လာလို႔ ငါတို႔ အၾကည့္ခ်င္းဆုံသြားသည္။ငါ တဖက္သို႔လွည့္ကာ မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ရွက္လိုက္တာဟာ

ငါ့ကိုစိုက္ၾကည့္ေနတာမို႔ ေနရခက္တာနဲ႔ပဲ winny ကိုေျပာကာ အိမ္ကိုဘဲျပန္လာခဲ့လိုက္သည္။___________________၃ ႏွစ္ေက်ာ္ၾကာ လြမ္းေနရတဲ့ ထိုေနရာ

အခ်ိန္ေတြအေတာ္ၾကာသြားေပမဲ့ ဒီပန္းခင္းႀကီးက အရင္အတိုင္းဘဲလွေနတုန္းဘဲ။ငါမရွိတုန္း တစ္ေယာက္ေယာက္က ငါ့အစား ေစာင့္ေရွာက္ထားသလိုဘဲ ပန္းေတြကမညိဳးႏြမ္းသြားခဲ့ဘူး။

"ေက်းဇူးဘဲေနာ္"

ထုံးစံအတိုင္း satang ကိုဘဲအကူအညီေတာင္းကာ လိုက္ပို႔ခိုင္းရျပန္သည္။

"မင္းအသံၾကားလား"

"ဘာအသံလဲ"

"P'Fourth ရဲ့အသံေလ မင္းေရွ႕ကိုၾကည့္လိုက္"

Satang ေျပာလို႔အေရွ႕ကိုၾကည့္လိုက္ေတာ့ ငါ့ေရွ႕မွာ ဟန္နီက တေယာက္ထဲ စကားေတြေျပာေနသည္။

"ဟန္နီ"

ငါ့ဆီသို႔ အံဩတႀကီးလန့္လာၿပီး ထြက္သြားဖို႔ျပင္ေနသည္။

"ဟန္နီ မသြားပါနဲ႔ေနာ္ ေနပါအုန္း"

အေလာတႀကီးျဖင့္ ထရပ္ဖို႔ႀကိဳးစားလိုက္တာေၾကာင့္ ေျခေထာက္က မနိုင္စြာျဖင့္ ေအာက္သို႔လွဲက်သြားသည္။

"အေသးေကာင္ ရပ္ပါအုန္း"

လွဲက်သြားတဲ့အသံနဲ႔ satang ရဲ့ေခၚသံေၾကာင့္ ဟန္နီဟာ ငါ့ဆီျပန္လွည့္ၾကည့္သည္။

"ငါ မင္းကိုမုန္းတယ္ gemini ငါနဲ႔ လာမပတ္သတ္ပါနဲ႔"

ဟန္နီ့ဆီကထြက္လာတဲ့ စကားလုံးေတြဟာ ရင္ထဲကိုနင့္ေနေအာင္ခံစားလိုက္ရသည္။

ေျပာလိုရာကိုေျပာကာ ေက်ာခိုင္းၿပီးထြက္ေျပးသြားခဲ့တဲ့ ဟန္နီဟာ သူ႔ဘက္သို႔တစ္ခ်က္ကေလးမၽွ လွည့္မၾကည့္ခဲ့....

မ်က္ႏွာသာမေပးခဲ့တဲ့ကံၾကမၼာႀကီးကိုဘဲအျပစ္တင္ရမလား...အတင္းအဓမၼလုပ္ယူခဲ့တဲ့ ဖခင္ျဖစ္သူကိုဘဲမုန္းတီးရမလား..

ဘယ္လိုဘဲလုပ္ေဆာင္လိုက္ပါေစ သူခ်စ္တဲ့ဟန္နီငယ္ဟာေတာ့ သူ႔ဆီျပန္ေရာက္လာေတာ့မည္မထင္..

တစ္ေပါက္ေပါက္က်ဆင္းလာတဲ့မ်က္ရည္ေတြဟာ တားစီးလို႔ပင္မရနိုင္ေတာ့ပါ။_________________________

ၿပီးပါေတာ့မယ္။(စာေတြျပန္မစစ္ရေသးပါဘူးဗ်)

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories