Happy 1 year anniversary 💕
22:56, 7 July 2025ပထမဆုံးအနေနဲ့ ကျွန်မကလေးလေးတွေကို ဂုဏ်ယူမဆုံးပါဘူး ။ တစ်နှစ်ဆိုတဲ့ အချိန်တစ်ခုအတွင်း ကလေးလေးတွေရဲ့ ခြေလှမ်းတိုင်းက ကျွန်မသဘောအကျရဆုံး စည်းချက်တွေလိုပါပဲ ။💕
တစ်နှစ်ပြည့်သွားပြီပဲ ဆိုတဲ့အသိစိတ်က ပြောမပြတတ်အောင်ကို အပျော်လွန်နေပါတယ် ၊ ကိုယ့်ကလေးလေးတွေကို နှစ်ယောက်အတူ တွဲတွေ့ရရင်ကို ပျော်နေတဲ့ကျွန်မအတွက် အခုလို ခံစားချက်က တကယ်ဖော်မပြတတ်ပါဘူး 🤍 စာတွေအရှည်ကြီးလည်း ဖွဲ့နွဲ့မရေးတတ်တော့တဲ့အထိကို စိတ်ထဲယောက်ယက်ခပ်နေတယ်ပဲပြောရမလား 😭💕 တကယ်ပါ ကျွန်မ ဒီကလေးနှစ်ယောက်ကို သိပ်ချစ်တယ် ။ ကျွန်မရဲ့မရှိမဖြစ်အားဆေးလေးတွေလို့ယူဆရတဲ့အထိကို ကျွန်မအတွက်အများကြီးအရေးပါပါတယ် ။
နောက်နှစ်တွေအကြာကြီးအထိ အတူတူရှိသွားဖို့လည်း ယုံကြည်ပါတယ် ။ ဘယ်လိုအခြေအနေမှာပဲရောက်ရောက် ကိုကိုနဲ့ ကိုကို့ကလေးလေးသာ လက်တွဲမြဲနေရင် ကျွန်မရဲ့ ပျော်ရွှင်မှုဆိုတာ လက်ညှိုးထိုးပြလို့ရတဲ့အထိ သက်ရှိထင်ရှားရှိနေမှာပါ 🤍 ။
ဆိုတော့ တစ်နှစ်တာ ကာလအတွင်း အကောင်းအဆိုးအများကြီး ဖြတ်ကျော်ခဲ့ကြတဲ့ ကိုယ့်အချစ်နှစ်ယောက်လုံး ဒီထက်ပိုတဲ့ အောင်မြင်မှုတွေနဲ့ ရှိသွားစေဖို့ မျှော်လင့်ပါတယ် 🤍 ရှိလာဖို့ကိုလည်း ယုံကြည်ပါတယ် ။ ဒီထက်ပိုပြီး အများကြီးလည်း ကြည်နူးကလူးနိုင်ကြပါစေ 😭💕
အများကြီး မပြောတော့ပါဘူး ။မပြောတော့တာဆိုတာထက်ကို ဘယ်လိုပြောပြရမှန်းမသိအောင် ခံစားချက်က မြူးတူးနေတာမို့ ဒီမှာပဲရပ်ပါရစေ 🤍
Perthsanta ဆိုတဲ့ နာမည်လေးနောက်မှာကိုယ်အမြဲလိုက်ပါနေအုံးမှာပါရှင့် 🤍
There are no comments yet. Log in to be the first to leave a review!


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)


