ep44
14:52, 2 January 2024ခရီးကပြန်ရောက်ပြီးနောက်ပိုင်း ကိုယ်စီအလုပ်တွေဖြင့် ရှုပ်ထွေးသွားကြပြန်သည်။ အခုချိန်မှာ ဂျွန်ဂျောင်ဂုက သူ့ထက်ပင် ပိုအလုပ်များနေလောက်သည်ထင်သည်။ သူတို့အတူရှိနေကြတုန်း စစ်တပ်ကအရေးတကြီးဝင်လာတဲ့ဖုန်းဖြေပြီးနောက် အလောတကြီးထွက်သွားခဲ့တာ အခုဆိုရင် အိမ်တော်မှာပြန်မအိပ်တာ တစ်ပတ်မကရှိရောပေါ့။ သူပြန်မလာပေမဲ့ တယ်လီဖုန်းနဲ့ အဆက်အသွယ်တော့ မပြတ်ဘူး။ သူ့ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာနှင့် ဘယ်သွားဖို့ရှိသေးလဲ စတဲ့ အခြေခံအချက်အလက်တချို့ကို အချင်းချင်းဖလှယ်ခဲ့ကြသည်။ သူကမအားပေမဲ့ အရေးကြီးကိစ္စဖြစ်စေ၊အဝေးသွားရမည့်ကိစ္စတွေမှာဆို သူ့ကိုအသိပေးဖို့ရာ ပြောတတ်သည်။ ဆော့ဂျင် သူ့အလုပ်တွေကို နားမလည်ပေမဲ့ တစ်ခါတလေသူက အလုပ်ရှုပ်နေလျက်ကြားက ဆော့ဂျင်သွားရမည့်နေရာတွေကို လိုက်လံပို့ဆောင်ပေးတတ်သည်။ ဒါပေမဲ့ အိမ်တော်ကို ပြန်လာဖို့ကြတော့ မအားပြန်ဘူး။ သူသွားမည့်နေရာတချို့ လိုက်လံပို့ဆောင်ပေးပြီးလျှင် ပြန်သွားတတ်သည်။ မအားရင်လည်း သူ့ဘာသာ ကိန်းဝပ်နဲ့အတူသွားမယ်ဆိုလည်း မဟုတ်ပြန်။ သူအားပုံအားနည်းကို နားမလည်နိုင်တော့။
ခါတိုင်းနေ့တွေအတ်ိုင်းပဲ သူအိပ်ရာက နိုးလာတော့ သူ့ဘေးက လစ်လပ်နေတဲ့ နေရာလေးဆီ ကြည့်လိုက်မိသည်။ သူပြန်မအိပ်တာသိပေမဲ့ အကျင့်ပါချင်နေတဲ့ မျက်လုံးတွေက နိုးလာတိုင်း ကြည့်နေမိသည်။ ဒီနေ့တော့ သူတစ်နေရာကို သွားစရာရှိနေသည်။ ထိုအကြောင်းကိုတွေးမိတော့ သူဂျွန်ဂျောင်ဂုကို အသိပေးရအုံးမည်လို့ တွေးရင်း ပြုံးလိုက်မိသည်။ ကြည့်ရတာ လိုက်ချင်မယ်ထင်တာပဲ။ ဆော့ဂျင်သူ့ပုံစံကို မြင်ယောင်ကြည့်လို့တောင်ရတယ်။ သူရဲ့အလိုမကျသလို မှုန်ကုတ်ကုတ်ကြီးလုပ်ပြီး ကလေးတွေလို စကားနိုင်လုပြောနေမည့်ပုံကို မြင်ယောင်ကြည့်ရင်း သူနှစ်နှစ်ခြိုက်ခြိုက် ပြုံးနေမိသည်။
တစ်ယောက်တည်းနေတာများ၍ မည်သူနှင့်မျှ အချစ်အမုန်းခံစားချက် မထားတတ်တဲ့သူက အခုဆိုလျှင် တစ်ယောက်တည်းအတွေးတွေဖြင့်တောင် ပြုံးတတ်နေပြီ။ သူ့အကြောင်းစဉ်းစားမိရုံနှင့် ခံစားချက်မျိုးစုံ ခံစားတတ်နေပြီ။ သူနှင့်စသိကတည်းက ဆော့ဂျင်တစ်ခါမှ မျက်နှာပေါ်မတင်ဖူးတဲ့ ဒေါသ၊အလိုမကျတဲ့အခါ တွန့်ချိုးနေတတ်တဲ့မျက်ခုံး၊သုန်သုန်မှုန်မှုန်အကြည်၊သဘောကျနှစ်ခြိုက်တဲ့အပြုံး၊ကြည်ကြည်နူးနူးရယ်သံလွင့်လွင့်၊ အားလုံးက သူနဲ့ကျမှ သူ့ခံစားချက်တွေက ပေါ်လာခဲ့တာ။
ဆော့ဂျင်အရင်က စိတ်ဆိုးသည်ဖြစ်စေ၊ ဒေါသထွက်နေသည်ဖြစ်စေ၊ အလိုမကျဖြစ်နေသည်ဖြစ်စေ၊ မျက်နှာမှာမပေါ်စေရဘူး။ သူ့ခံစားချက်က တစ်သားတည်းပဲ။ သဘောကျတယ် ပြုံးရယ်တယ်ဆိုတာ သူ့အပေါ်ယံမျက်နှာဖုံးလို့တောင် ထင်မိတယ် လူတွေ ကောင်းသတင်းပြောနေတဲ့အချိန် သူပြုံးလိုက်တယ် ဒါက လူမှုဆက်ဆံရေးမှာ လိုအပ်တဲ့အချက်တွေလို့ သူနားလည်ထားတယ်။ လူတွေနဲ့မကင်းနိုင်သေးတဲ့တစ်လျှောက်လုံး သင့်တင့်လျှောက်ပတ်နေထိုင်ရမယ်ဆိုတာကိုတော့ သူသိပါသေးသည်။ သူလုပ်ချင်တာတွေ လုပ်ခဲ့တယ် လုပ်နိုင်ခဲ့တဲ့အချိန်တွေမှာတောင် သူမပြုံးချင်သလို ပျော်လည်းမပျော်ချင်ခဲ့။ ဒီအတိုင်း သူတာဝန်တစ်ခုကျေလိုက်ပြီလို့ပဲ သူတွေးမိတယ်။ သူ့ကိုဘယ်သူမှ မချမှတ်ထားတဲ့ တာဝန်ဆိုပေမဲ့ပေါ့..
သူနဲ့အတူရှိနေချိန်တွေဆို မတူဘူး။ သူနဲ့အတူရှိနေတဲ့အချိန်ဆို သူ့ခံစားချက်တွေကပါ သူ့ကိုမနာခံတော့ဘူး။ ဒေါသထွက်ချင်တယ်၊ အလိုမကျဖြစ်ချင်တယ်၊ ပြုံးချင်လာတယ်၊ ရယ်ချင်လာတယ်၊ အကုန်လုံးကို သူထိန်းချုပ်ထားလို့မရနိုင်တော့ဘူး။ သူနဲ့ဆိုရင် သူ့ခံစားချက်တွေ ထိန်းချုပ်စရာမလိုဘူးဆိုတဲ့အထိ သူယုံကြည်လာမိတယ်။ သူကသူ့အတွက် တကယ်ထူးခြားတဲ့သူဆိုတာ ဆော့ဂျင်လက်မခံချင်ရင်တောင် လက်မခံလို့ မရတော့ဘူး။ သူ့ကိုသဘောကျတယ် သူ့ကိုအမြင်မကြည်ဘူး၊သူ့အကျင့်စရိုက်က သူနှင့်မကိုက်ညီဘူးဆိုရင်တောင် သူ့ကိုသဘောကျနေမိတဲ့စိတ်ကိုတော့ ပြင်ဆင်လို့ရတော့မှာမဟုတ်ဘူးဆိုတာ သူကိုယ်တိုင်သိသည်။
ဂျွန်ဂျောင်ဂုရဲ့ သူမကြိုက်ဆုံးအကျင့်စရိုက်တစ်ခုဖြစ်တဲ့ မိန်းမရှုပ်တတ်တာ.. သူထိုအကျင့်ကို သူနှင့်မဆုံဖူးခင်ကတည်းက သူမနှစ်မြို့ခဲ့တာ.. ဒါပေမဲ့ အဲလိုလူနှင့်ပဲ အိပ်ရာပေါ်က ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့တယ်၊ သူ့ခံစားချက်တွေကို ထည့်သွင်းခဲ့မိတယ်၊ အခုချိန်မှာတော့ နှစ်ယောက်စလုံးက ခံစားချက်ချင်း ထပ်တူကြနေပေမဲ့ ဗီဇဆိုတာက ဘယ်လိုဖျောက်ဖျက်ပစ်လို့ရနိုင်မည်နည်း။ နဂိုတည်းက သူသဘောကျမိခဲ့တာ မိန်းမတွေကြားမှာ လူကြိုက်များသလို မိန်းမတွေနဲ့နေရတာ ကြိုက်တဲ့သူပဲလေ.. ဒါက သူ့နဂိုဗီဇဖြစ်သလို သူကိုယ်တိုင်လည်း သိထားတဲ့ကိစ္စပဲ။ အခုချိန်မှ ပြောင်းလဲသွားမည်ဆိုတာက မဖြစ်နိုင်.. သူ့ကံကြမ္မာကိုက မိန်းမတွေကြားမှာ ရေပန်းစားမဲ့ ကုသိုလ်ကံက ပါလာသလိုမျိုး...
ဆော့ဂျင်စားပွဲပေါ်က ဖိတ်စာအိတ်လေးနဲ့အတူရှိနေတဲ့ အရောင်နုနုလေးတွေနဲ့ စာအိတ်တွေကို ကြည့်ရင်း အတွေးလွန်နေတာဖြစ်သည်။ အိမ်တော်ကိုရောက်လာတဲ့ စာအိတ်တွေထဲမှာ အများဆုံးက ဂျွန်ဂျောင်ဂုရဲ့မိန်းမလှလေးတွေဆီကပင်။ ရောင်စုံအိတ်ပုံစံတွေကို ကြည့်ခြင်းအားဖြင့် အချစ်စာလွှာတွေ တစ်ပုံတစ်ပင် ရောက်နေမည်ဆိုတာ ပြောပြဖို့ပင်မလို.. ဆော့ဂျင်သူ့အကျင့်စရိုက်ကိုလည်းသိသည်။ သူကအချစ်စာလွှာတွေကို အချိန်ကုန်ခံပြီး ပြန်ပေးမဲ့သူမျိုးတော့မဟုတ်။ ဒါပေမဲ့ သူစိတ်အနှောင့်အယှက်တော့ ဖြစ်ရစမြဲပဲ.. သူ့အတွက်မိန်းမတွေက သူအိပ်စက်အနားယူရန်သက်သက်အသုံးချခဲ့တယ်ဆိုရင်တောင် အနာဂတ်မှာ သူအဲလိုမျိုး လုပ်လေအုံးမလားဆိုတာက သူ့ကိုအတွေးလွန်စေသည်။ သူအတွေးတွေကို ခါယမ်းထုတ်လိုက်ပြီး စားပွဲပေါ်က တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။ အတွေးလွန်နေတာက မကောင်းဘူး။ မဖြစ်လာသေးတဲ့ကိစ္စကို ကြိုတင်ပြီး ပူပန်နေတာက သူ့ပုံစံတော့မဟုတ်ဘူး။
တယ်လီဖုန်းက မြည်သံခဏအကြာတွင် တစ်ဖက်က ဖြေဆိုလာခဲ့သည်။
" မရီး.. "
" အင်း.. မင်းအားလား "
" ကျုပ်အားတယ် မရီးဘာပြောမလို့လဲ "
" ဒီနေ့ပိတ်ရက်လေ အလုပ်ရှုပ်နေတာလား ငါဒီနေ့အပြင်သွားစရာရှိတယ် မင်းလာအုံးမှာလား "
" ဘယ်ကိုလဲ.. "
" အရေးတကြီးကိစ္စတော့မဟုတ်ပါဘူး မွေးနေ့ပါတီသွားမလို့ ညနေသုံးနာရီလောက်ဆိုတော့ သိပ်လည်းနောက်မကျတာမလို့ လက်ထောက်ကိန်းဝပ်ကိုပဲ ခေါ်သွားလိုက်ပါ့မယ် "
" အင်း.. ဒါဆိုကျုပ်မလိုက်တော့ဘူး ခင်ဗျားအတွက် လက်ဆောင်ပို့လိုက်မယ် ခဏနေရောက်လာလိမ့်မယ် "
" ဘာလက်ဆောင်လဲ "
" ရောက်လာရင်ကြည့်လိုက် ခင်ဗျားမြင်ရင် နည်းနည်းတော့ အံ့ဩသွားမယ်ထင်တယ် "
" အင်း.. ဒါဆိုမင်းမလိုက်တော့ဘူးနော် "
" အင်းလေ ကျုပ်ကိုလိုက်စေချင်လို့လား အရေးမကြီးဘူးဆို.. "
" အရေးမကြီးပါဘူး တကယ်မရေးမကြီးဘူး သေချာအောင်မေးကြည့်တာ တော်ကြာ မင်းနောက်မှသိတဲ့အခါ မင်းကိုမပြောရကောင်းမလားဆိုပြီး ရန်ရှာနေမှာစိုးလို့ "
" မွေးနေ့ပွဲသွားတာလောက်ကို ကျုပ်ကရန်ရှာရအုံးမှာလား.. ဘယ်သူ့မွေးနေ့မလို့လဲ "
" ဒါဆို ဒါပဲနော် ငါမွေးနေ့သွားဖို့ ပြင်ဆင်ရအုံးမယ် ဖုန်းချလိုက်တော့မယ် "
ဆော့ဂျင် သူ့ရဲ့ဇဝေဇဝါရေရွတ်သံသဲ့သဲ့ကြောင့် ဖုန်းအမြန်ချတော့မလို လုပ်လိုက်သည်။ ထိုအခါသူက တစ်ခုခုကို သိလိုက်သလိုဖြတ်မေးလာသည်။
" ခဏလေး.. ဘယ်သူ့မွေးနေ့လဲ "
ဆော့ဂျင်တမင်မဖြေဘဲ အသံတိတ်နေလိုက်သည်။ သူကချက်ချင်းပင် ခန့်မှန်းလာသည်။
" ဟိုသက်ကြီးကောင်တော့မဟုတ်ဘူးမလား "
ခန့်မှန်းတတ်သားပဲ။ သူကသူ့ကို သာမန်မွေးနေ့ပွဲသွားစရာရှိမည်လောက်နဲ့ တယ်လီဖုန်းဆက်ပြောနေမလေဘူးလေ။ သူကလည်း သူရန်ရှာလိမ့်မယ်လို့ ပြောလိုက်တာနဲ့ ချက်ချင်းရိပ်မိသွားတော့တာပဲ။
" ကျစ်.. လာခဲ့မယ် အတူသွားမယ် "
ဆော့ဂျင်ဘာမှပြန်မပြောဘဲ တစ်ဖက်ကနေ သဘောကျရယ်နေမိသည်။ သူတွက်ဆထားသလိုပဲ သူက ဦးစီးယွန်ဆိုတာနဲ့ ဘာကိုအမြင်မကြည်ဖြစ်နေမှန်းမသိ မျက်မုန်းကျိုးနေတတ်သည်။ ဦးစီးယွန်မှန်းသိရင် သူမည်သို့တုံ့ပြန်လေမည်ဆိုတာ ဆော့ဂျင်အကြမ်းဖျင်းခန့်မှန်းမိပေမဲ့ သူ့တုံ့ပြန်မှုက ရယ်စရာကောင်းလှသည်။
" ခင်ဗျားတမင်လုပ်တာမလား ဘာလို့စောစောတည်းက ဘယ်သူဆိုတာ မပြောရတာလဲ ဟွန်း!... ဘယ်တုန်းက လာဖိတ်သွားရတာလဲ "
" မနေ့ကပဲ.. "
" ကိုယ်တိုင်လား တယ်လီဖုန်းနဲ့လား လူကြုံပါးလိုက်တာလား "
ဆော့ဂျင် ကူကယ်ရာမဲ့စွာ ရယ်လိုက်သည်။ သူဘာလို့ အဲလိုအသေးစိတ်တွေကို သိရတာကြိုက်တာလဲဆိုတာ သူမစဉ်းစားတတ်။
" ဘာပဲဖြစ်ဖြစ်ဖိတ်စာက လက်ထဲရောက်လာလို့ သွားရတော့မယ် မင်းလာမယ်ဆို သုံးနာရီမတိုင်ခင် လာခဲ့ "
" ဟွန်း.. အခုပဲထွက်ခဲ့မယ် "
" မင်းသဘောပဲ "
ဆော့ဂျင်သူနဲ့တယ်လီဖုန်းပြောပြီး ခဏမျှအထိ ရယ်နေခဲ့သည်။ သူကအခုဆို တစ်ယောက်တည်းနေရင်း ပြုံးနေတတ်ရုံမက ကိုယ်ပိုင်ရယ်စရာတွေကိုတောင် ဖန်တီးတတ်နေပြီ။ အကြောင်းပြချက်ကတော့ အခုထိ ပြောင်းလဲမှုမရှိသေးဘဲ သူ့ကြောင့်သာလျှင် ဖြစ်နေသေးသည်။
သူအချိန်ကို ကြည့်လိုက်ရင်း ရေချိုးဖို့လုပ်လိုက်သည်။ ရေချိုးပြီးသွားတော့ သူပြောတဲ့လက်ဆောင်ဆိုတာကို သတိရသွားပြီး အခုလောက်ဆိုရင် ရောက်နေလောက်ပြီလို့ တွေးမိရင်း အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ နေ့ခင်းဖြစ်တာမလို့ အိမ်မကြီးထဲတွင် လုပ်စရာအလုပ်များရှိမနေ၍ အလုပ်သမားတွေလည်း ရှိမနေ။ အောက်ထပ်တစ်ခုလုံးက ရှင်းလင်းလို့နေသည်။ သူ့မျက်လုံးတွေနဲ့ ဟိုကြည့်ဒီကြည့်လုပ်ရင်း သူပြောတဲ့လက်ဆောင်ဆိုတာကို ပုံဖော်နေမိသည်။ ဒါပေမဲ့ လက်ဆောင်ပစ္စည်းနှင့် တူတာဆိုလို့ တစ်ခုမှ ရှာမတွေ့သေး..
ဘာမှမတွေ့တဲ့နောက် သူဆက်မရှာတော့ဘဲ စားဖိုဆောင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ နေ့လယ်စာအဆာပြေမုန့်တစ်ခုခုစားဖို့ရာနှင့် ဂျွန်ဂျောင်ဂုလည်း လာမည်ဆိုတော့ လက်ဖက်ရည်တစ်အိုး လုပ်ထားလိုက်မည်။
သူစားဖိုဆောင်ထဲဝင်လာတော့ ရင်းနှီးမှုရှိနေတဲ့ နောက်ကျောပြင်ကို လှမ်းမြင်လိုက်ရသည်။ ကတုံးဆံတောက်ကေ၊တောင့်တင်းခိုင်မာပုံပေါ်နေတဲ့ကျောပြင်နဲ့ ခပ်မတ်မတ်ရပ်နေတဲ့ အနေအထားက စစ်သားတစ်ယောက် အသွင်အပြင်နဲ့ပင် ခပ်ဆင်ဆင်ပဲ။ သူတို့အိမ်တော်မှာ စစ်သားဆိုလို့ လက်ထောက်ကိန်းဝပ်နဲ့ ဂျွန်ဂျောင်ဂုသာရှ်ိသည်။ လက်ထောက်ကိန်းဝပ်က သူညနေခင်းမှ အပြင်ထွက်မှာသိလို့ အိမ်တော်မှာရှိမနေဘူး။ ဂျွန်ဂျောင်ဂုဟုတ်မနေဘူးဆိုတာကိုတော့ အဆောင်ယောင်နဲ့တင် သူငြင်းလို့ရတယ်.. ဒါဆိုသူကဘယ်သူလဲ..
" အစ်ကို.. "
သူ့အတွေးတွေနဲ့အတူ ထိုကျန်းမာကြံ့ခိုင်ပုံပေါ်တဲ့လူသားက သူ့ဘက်လှည့်လာပြီး သူ့ကိုလှမ်းခေါ်လာတဲ့အခါ သူပိုလို့အံ့အားသင့်သွားမိသည်။
" အစ်ကို ကျွန်တော်ပြန်ရောက်ပြီ "
အံ့အားသင့်နေတဲ့သူ့ကို ဒန်က သူ့မူပိုင်အပြုံးလေးနဲ့ နှုတ်ဆက်လာတဲ့အခါ သူအရင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတဲ့အငွေ့အသက်တွေ ပြန်ရလာခဲ့သည်။ တကယ်ပဲ ဒန်ပေါ့လေ.. သူ ဒန်ရဲ့ပြောင်းလဲသွားပုံကို မျက်တောင်မခတ်အကဲခတ်နေရင်း သူ့ခြေလှမ်းတွေက တဖြည်းဖြည်းရှေ့တိုးသွားလိုက်သည်။ ဒီတောင့်တင်းရဲ့ရင်အုပ် ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်က ဒန်ဆိုတာ သူမယုံနိုင်သေးဘူး။
" မင်း ဘယ်လိုတောင်ပြောင်းလဲသွားရတာလဲ စစ်သားတစ်ယောက်ကြနေတာပဲ "
" ဟုတ်အစ်ကို ကျွန်တော်စစ်သားတွေလို လေ့ကျင့်ရေးဆင်းခဲ့ရလို့ဖြစ်မယ် ကျွန်တော်အရမ်းပြောင်းလဲသွားတာလား "
" အရမ်းပဲ ငါမင်းကို ရုတ်တရက်မှတ်တောင်မမှတ်မိတော့ဘူး မင်းအရမ်းပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရတယ်ထင်တယ် ဟမ် အခုရော ဘယ်လိုဖြစ်တာလဲ အပြီးတိုင်ပြန်လာခွင့်ရခဲ့တာလား ပြောပါအုံး "
" ဟုတ်တယ်အစ်ကို ကျွန်တော်သခင်လေးစစ်တဲ့အရည်အချင်းစစ် စာမေးပွဲတွေ အကုန်အောင်တယ်လို့ ပြောလို့ရမယ် သခင်လေးက စိတ်တိုင်းကျလို့ ကျွန်တော့်ကို ပြန်ခိုင်းခဲ့တာ.. သခင်လေးပြောတဲ့အတိုင်းပဲ အစ်ကိုအံ့ဩသွားလိမ့်မယ်တဲ့ ကျွန်တော်တကယ်ပဲအရမ်းပြောင်းလဲသွားခဲ့တာလား "
" တကယ်ပေါ့ မင်း မင်းငါ့ကိုတောင် ကိုင်ပေါက်လို့ရတော့မယ်ထင်တယ် "
သူအပိုပြောတာမဟုတ်။ တကယ်ပဲ ဒန်ဟာ စစ်သားတစ်ယောက်လို ပြောင်းလဲသွားခဲ့သည်။ သူဘယ်လိုလို့ ရုတ်တရက်မှတ်မိနိုင်မလဲ။ သူနဲ့စတွေ့ခဲ့တဲ့ဒန်က ပိန်ပိန်ပါးပါးနဲ့ဖြူလွလွကောင်ငယ်လေးတစ်ယောက်ပဲ ရှိသေးတယ်။ သူ့နောက်လိုက်ဖြစ်လာတော့မှ အနည်းငယ်ဖွံ့ဖြိုးလာခဲ့တာ။ အခုပုံစံကတော့ အရင်ကပုံစံကို နည်းနည်းလေးမှ ပြန်ရှာမရအောင် ပြောင်းလဲသွားခဲ့တာ.. သူမမြင်ရတာလည်း ကြာပြီမလို့ထင်တယ်။ ဂျွန်ဂျောင်ဂုက သူ့ကို စစ်သားတွေလေ့ကျင့်သလို လေ့ကျင့်ခိုင်းစေတယ်တဲ့လား.. ဒီလိုပိန်ပိန်ပါးပါး ဖြူလွလွကောင်းလေးတစ်ယောက်က စစ်သားတစ်ယောက်လို တောင့်တောင့်တင်းတင်း ယောကျာ်းတစ်ယောက်ပုံစံအဖြစ် ပြောင်းလဲသွားရတာက အပင်ပန်းခံပြီး အများကြီးကြိုးစားအားထုတ်ခဲ့မယ်ဆိုတာ အသေအချာ.. ဆော့ဂျင်ရုတ်တရက် အများကြီး အားနာသွားရသည်။ ဒန်က သူ့ကြောင့်နဲ့ သူ့ကိုယ်သူ ဘယ်လောက်ပြောင်းလဲခဲ့ရမလဲ..
" မင်း မင်းအတွက် ခက်ခဲခဲ့သေးလား ငါ သူက မင်းကို အခုလောက်ထိ ဖိအားပေးလိမ့်မယ်လို့ မထင်ထားမိဘူး နည်းနည်းလောက်ပဲ ခံနိုင်ရည်ရှိအောင်.. "
" မဟုတ်ဘူးအစ်ကို ကျွန်တော်ကိုယ်တိုင်က ကျွန်တော့်ကိုယ်ကျွန်တော် ပြောင်းလဲချင်ခဲ့တာပါ အဲနေ့က ကျွန်တော့်ကြောင့် အစ်ကိုဒုက္ခရောက်ခဲ့ရတာ.. ကျွန်တော်က အစ်ကို့နောက်လိုက်နေပြီး အခြေခံကိုယ်ကာယစွမ်းရည် နည်းနည်းလေးမှ မတတ်မြှောက်ထားလို့ အခုလိုဖြစ်သွားရတာ အဲဒါကြောင့် ကျွန်တော်တွေးမိတာ ကျွန်တော်က အစ်ကို့နောက်အမြဲလိုက်မဲ့သူ၊ အစ်ကို့ကိုကာကွယ်ဖို့ ကျွန်တော့်မှာတာဝန်ရှိတာမလို့ ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့တာပါ "
သူဒန့်ကိုတင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ သွေးသားတော်စပ်ခြင်းလည်း မရှိဘဲနဲ့ သူ့အပေါ်ဒီလောက်ထိတွေးပြီး ကောင်းပေးတဲ့လူဆိုလို့ ဒန့်အပြင် မရှိတော့ဘူး။ သူဓားပြတွေဆီ ပြန်ပေးဆွဲခံရတုန်းက သူ့အပြစ်မဟုတ်တာတောင် ဒန်က သူ့ကိုယ်သူအပြစ်ရှိသလိုခံစားခဲ့ရတာ သူသိသည်။ သူဘာအစွမ်းအစမှမရှိလို့ သူအခုလိုဖြစ်သွားရတယ်ဆိုပြီး သူတွေးနေခဲ့တာ.. ဆော့ဂျင်သူ့ကိုအပြစ်လည်းမတင်သလို အပြစ်လည်းမမြင်ခဲ့တာက သူ့ကိုပြောင်းလဲစေဖို့ ပိုတွန်းအားပေးလာခဲ့တာပဲ..
" အစ်ကို.. ကျွန်တော်.. "
ဒန်က မျက်နှာချင်းဆိုင်ကနေ သူတို့အဖြစ်အပျက်တွေကို မျက်မှောင်ကုတ်ကြည့်နေတဲ့ လူတစ်ယောက်ကြောင့် ခပ်တောင့်တောင့်အနေအထားဖြင့် သူ့ကိုဖယ်တွယ်ထားတဲ့ အစ်ကို့လက်မောင်းတွေကြားက အနည်းငယ်တွန်းကန်လိုက်သည်။
" ဘာလို့လဲ မင်းဒီလောက်ပြောင်းလဲသွားတာ ငါမင်းခန္ဓာကိုယ်ကို အကြာကြီးပွေ့ဖက်ပြီး စစ်ဆေးကြည့်ချင်သေးတာ မင်းခန္ဓာကိုယ်ဘယ်လောက်တောင်တောင့်တင်းလဲသိလား ကြက်ဥနဲ့ပေါက်ရင်တောင် ကြက်ဥကွဲလောက်တယ် "
" ဟုတ်အစ်ကို ဒါပေမဲ့.. "
အစ်ကိုက သူ့ရင်ဘတ်တွေကို စမ်းကြည့်ရင်း လက်တွေက ရင်ဘတ်ပေါ် ပြေးလွှားနေတာကြောင့် ဒန်သူ့ရင်ဘတ်တွေကို လက်ဖြင့် မဝံ့မရဲကာ,ကာ တားဆီးလိုက်သည်။ သခင်လေးဂျွန်က သူတို့ဆီကို အကြည့်စူးစူးတွေနဲ့ ပစ်လွှတ်နေပေမဲ့ အစ်ကိုမှမမြင်ရတာ .. အစ်ကိုမြင်အောင် ဘယ်လိုအသိပေးရမလဲလည်း သူမသိ..
" မင်း လူပါပြောင်းလဲသွားရုံမက မင်းရဲ့စိတ်ပါ ပြောင်းလဲကုန်တာလား ငါအရင်က မင်းကိုမထိကိုင်ဖူးတာလည်း မဟုတ်ဘဲနဲ့ "
" မဟုတ်ပါဘူး အခုက.. "
သူဘာထပ်ပြောရမှန်းပင်မသိတော့။ သခင်လေးဂျွန်က အလိုမကျတဲ့အကြည့်တွေနဲ့ အနားလျှောက်လာတာ မြင်လိုက်ရတော့ သူအသက်ပင်ရှူမိလားမသိတော့။
" ဘာလုပ်နေကြတာလဲ "
" မင်း.. ရောက်လာပြီလား "
ဂျောင်ဂုအနားလျှောက်သွားလိုက်ပြီး ကင်မ်ဆော့ဂျင်ရဲ့ သူတစ်ပါးရင်ဘတ်နားရောက်နေတဲ့လက်တွေကို မျက်မှောင်ကုတ်ကြည့်ရင်း မေးလိုက်သည်။ သူရောက်လာကတည်းက အပေါ်ထပ်ကိုတက်ဖို့ လုပ်လိုက်ပေမဲ့ စားဖိုဆောင်ကလာတဲ့စကားသံတွေကြောင့် စားဖိုဆောင်ဘက်ကို ဦးတည်လိုက်သည်။ ထိုအခါ မျက်လုံးထဲကန့်လန့်ဝင်လာသည်က ကင်မ်ဆော့ဂျင် တခြားယောကျာ်းတစ်ယောက်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်နေတဲ့ မြင်ကွင်း.. ထိုသူက သူ့လက်ထောက်ဖြစ်နေတာတောင်မှ သူအလိုမကျဘူး။ အဲဒီလက်ထောက်ကောင်လေးအများကြီးပြောင်းလဲသွားခဲ့တာ သိပေမဲ့ ကင်မ်ဆော့ဂျင်ဒီလောက်ထိ အံ့အားသင့်ပြီး အခုလိုပွေ့ဖက်စစ်ဆေးနေလိမ့်မယ်လို့တော့ ဘယ်ထင်ထားမလဲ သူသာအသံမပေးရင် ဒီထက်ရင်းနှီးတာတွေပါ လုပ်လာတော့မည်မြင်ယောင်ပြီး သူအမြန်ဆုံးခွာပစ်လိုက်သည်။
ကင်မ်ဆော့ဂျင်ရဲ့တစ်ပါးသူရင်ဘတ်ပေါ်ရောက်နေတဲ့လက်တွေကို ဆွဲယူလိုက်သည်။ ထိုအခါမှ ကောင်လေးကလည်း နောက်ဆုတ်သွားပြီး ကင်မ်ဆော့ဂျင်က သူ့ဘက်ပါလာသည်။ သူသာဆွဲမခေါ်ခဲ့ရင် ဘယ်အချိန်ထိ အခုလိုမျိုး ဖြစ်နေကြအုံးမလဲမသိ။
______________________________
" မင်းသူ့ကို ဘယ်လောက်တောင်ခိုင်းထားလဲ သူက ငါမြင်နေကြပုံတောင် ဖမ်းလို့မရတော့ဘူး မင်းစစ်တပ်ကိုခေါ်ပြီး သူ့ကိုနှိပ်စက်ထားတာမလား "
" ခင်ဗျားရော နှိပ်စက်ခံချင်လို့လား အဲလိုရင်ဘတ်မျိုးလိုချင်ရင် ခင်ဗျားကိုယ်တိုင်ဘာလို့မကြိုးစားတာလဲ "
" ငါလိုချင်တယ်လို့ပြောမိလို့လား "
" ဒါဆိုစစ်ဆေးကြည့်နေတာမျိုးလည်း မလုပ်နဲ့လေ ခင်ဗျားမမြင်ဖူးလို့လား "
" ဒန့်ကိုအခုလိုမြင်ရတာက ပထမဦးဆုံးပဲလေ.. ဘာလဲ မင်းက မင်းလေ့ကျင့်ပေးခဲ့တဲ့သူက မင်းထက်သာသွားတာကို မမြင်ချင်လို့လား.. မင်း အယ်ရိုငါ့ကို သေနတ်ပစ်သင်ပေးတုန်းကလည်း မင်းမနာလိုခဲ့တယ်မလား အယ်ရိုက မင်းသင်ပေးတုန်းက မတတ်တဲ့သူကို သူကကောင်းကောင်းသင်နိုင်ခဲ့လို့လေ "
ဆော့ဂျင်အတည်ပေါက်နှင့် ပြောလိုက်သည်။ ဂျွန်ဂျောင်ဂုကို စရတာကို သူပျော်ရွှင်နေသည်။ သူ့ကိုစခွင့်ကြုံတဲ့ အခါတိုင်း သူ့ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာတွေ့သွားခဲ့သလိုမျိုး သူစိတ်ရောကိုယ်ပါနှစ်ပြီး စနောက်ချင်နေမိသည်။ ဂျွန်ဂျောင်ဂုမျက်နှာက ရှုတင်းတင်းဖြစ်နေတုန်းပဲ သူကအမြဲ အခုလိုတစ်ပါးသူကို မနာလိုတာက ရှားတယ်.. မဟုတ်ဘူး ရှိကိုမရှိတာလည်း ဖြစ်နိုင်သည်။ ဒါက သူ့ရဲ့ ရှားရှားပါးပါး ကလေးဆန်ဆန် ယှဉ်ပြိုင်မှုတစ်ခုလို့ ပြောလို့ရတယ်။ သူ့ရဲ့ ဒီလိုမြင်ရခဲတဲ့ ပုံစံကြောင့် ဆော့ဂျင်အူမြူးသွားသည်။ ဟမ် အမြဲ မာန်မာနထောင်လွှားပြီး အထက်စီးကပဲနေတဲ့သူက အခုလိုရှားရှားပါးပါးမနာလိုတဲ့ မြင်ကွင်းမျိုးက တစ်သက်မှာတစ်ခါတောင် မြင်ဖို့ခဲယဉ်းလိမ့်အုံးမည်။
" မင်းအဲလောက်လည်း စိုးရိမ်နေစရာမလိုပါဘူး သူတို့မင်းကိုသာတယ်ဆိုတဲ့နေရာက သေးသေးမွှားမွှားလေးတွေပါ မင်းမနာလိုဖြစ်မနေပါနဲ့ "
ဆော့ဂျင်ထပ်လောင်းပြောလိုက်တော့ သူက မျက်လုံးတွေမှေးကျဉ်းကာ ကြည့်လာသည်။
" ခင်ဗျားက အဲလိုထင်မြင်နေတော့လည်း ကျုပ်အမှန်တရားကို ပြောပြသင့်လား "
" ခ်ခ် မင်းဝန်ခံတော့မလို့လား "
ဆော့ဂျင် အသောမတတ်နိုင်အောင် တခစ်ခစ်ရယ်နေမိသည်။ သူ့အတွက် ဂျွန်ဂျောင်ဂုရဲ့ကလေးဆန်တဲ့အပိုင်းတွေကို မြင်တွေ့ရတာက ပျော်ရွှင်စရာကောင်းလှသည်ဟု ထင်နေမိသည်။ သူ့လိုလူက ကလေးဆန်လိုက်တာလို့ တွေးမိတဲ့အခါ ပိုလိုဘဝင်ကျလာသည်။ သူရယ်ရလွန်းလို့ မျက်ရည်ပါဝဲတော့မယ်။
သူက ဆော့ဂျင်ရယ်ပြီးတဲ့အထိ သည်းခံစောင့်နေပြီးမှ ထရပ်လာသည်။ သူထရပ်လာပြီး ဆော့ဂျင်ကိုပါ လက်ဟန်ဖြင့် ထရပ်ဖို့လုပ်ပြလာတော့ ဆော့ဂျင်အရှိန်မသေသေးတဲ့အပြုံးတွေဖြင့် ထရပ်လိုက်သည်။ ဆော့ဂျင်ထရပ်လိုက်တာနဲ့ သူ့ခြေလှမ်းတွေက သူ့ဆီလှမ်းလာပြီး အနားရောက်တဲ့အထိ သူ့ကိုယ်ကို ဆွဲယူလိုက်ကာ လက်တွေက ရင်ဘတ်ပေါ်ရောက်လာသည်။
ခန္ဓာကိုယ်ချင်းက ပူးကပ်လုမတတ် လက်တွေကပါ ရင်ဘတ်ကို အားပါပါဖြင့် ထိကိုင်လာတာမလို့ သူသူဘာလုပ်ချင်လည်းဆိုတာ နားမလည်နိုင်စွာ မော့ကြည့်လိုက်သည်။ မျက်နှာချင်းကလည်း ထိကပ်လုမတတ် နီးနေပြီး နှုတ်ခမ်းချင်းထိကပ်ခါနီးတွင်သူက နားရွက်နားဆီသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။
" သူ့ရင်ဘတ်ကို မနာလိုတာမဟုတ်ဘူး သူ့ရင်ဘတ်ကို ဒီလိုမျိုးကိုင်ထားတဲ့ခင်ဗျားလက်တွေကို သဘောမကျတာ ဘယ်သူ့ရင်ဘတ်ဘယ်လောက် တောင့်တောင့် ခင်ဗျားလက်မရောက်နေသ၍ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး "
သူ့နားရွက်တစ်ခုလုံး အာငွေ့နွေးနွေးက ရိုက်ခတ်သွားပြီး နားထဲညင်သာစွာ စီးဝင်လာတဲ့ စကားတွေကြောင့် သူ့တစ်ကိုယ်လုံးက နှလုံးနေရာကသာလျှင် လှုပ်ရှားနေလိမ့်မည်။ သူဘာမှမတုံ့ပြန်နိုင်လိုက်ခင် သူ့ခန္ဓာကိုယ်က ပခုံးနှစ်ဖက်ကနေကိုင်ကာ ဆွဲလှည့်ခြင်းခံလိုက်ရပြီး သူအခု သူ့ကိုကျောပေးနေလျက်သား ဖြစ်သွားတော့သည်။ ဆော့ဂျင်ထပ်ပြီး သူဘာလုပ်ချင်နေလည်းဆိုတာ မသိဘူး။ သူ့ခန္ဓာကိုယ်က သူလိုသလိုလုပ်ဖို့ သူ့လက်ထဲအလိုက်သင့်ပါသွားသည်။
" ဒီလိုမျိုး.. သေနတ်ပစ်သင်တဲ့အခါ ခင်ဗျားက အနေအထားခဏခဏမှားနေတော့ သင်ပြပေးတဲ့သူက မှန်ကန်တဲ့အနေအထားကို သင်ပြပေးနိုင်ဖို့ သူက ဒီလိုမျိုး ခင်ဗျားနောက်ကနေ နေယူရလိမ့်မယ် "
သူ့ကိုသေနတ်ပစ်တဲ့အကြောင်း ဘာလို့လာပြောနေရလဲဆိုတာ ဆော့ဂျင်ရုတ်တရက် မတွေးမိနိုင်။ သူတို့အနေအထားက နီးကပ်လွန်းသည်ထက်ကို သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ထိတွေ့ပွတ်တိုက်နေပြီး တောက်လောင်တော့မဲ့ အငွေ့အသက်တွေကိုပင် ခံစားလာရသည်။ သူ့လက်တွေက ဆော့ဂျင်လက်ဖျားတွေနဲ့ ခါးကို မထိတထိပွတ်သပ်လာတဲ့အခါ သူ့တစ်ကိုယ်လုံး ပူလောင်လာသလို ခံစားလိုက်ရသည်။ သူခပ်တောင့်တောင့် အနေအထားနှင့် ရပ်နေမိပြီး သူဘာလုပ်ချင်နေလဲဆိုတာ မတွေးမိနိုင်သေး..
" ဒီလိုအနေအထား ဒီလိုမျိုး ခင်ဗျားရဲ့အစိတ်အပိုင်းတွေကို သူစိမ်းယောကျာ်းတစ်ယောက်က ထိတွေ့နေမှာမလိုချင်လို့လေ အဲဒီသူက ကလေးတစ်ယောက်ဖြစ်ဖြစ် တူလေးဖြစ်ဖြစ်.. "
ဆော့ဂျင်တစ်ကိုယ်လုံးအပူလှိုင်းတွေ ထိုးတက်သွားတော့သည်။ သူ့တင်ပါးကြားနေရာတွင် ခပ်မာမာအရာတစ်ခုက ထိတွေ့နေပြီး သိသိသာသာ ပွတ်တိုက်ဆွဲငင်နေသလိုမျိုး.. ထိုအခါမှ သူရှင်းပြမယ်ဆိုတဲ့ အကြောင်းအရာတွေကို နားလည်လိုက်ပြီး သူကိုယ်တိုင်ကိုယ်ကျ ပြသခံလိုက်ရတယ်ဆိုတာကို သိလိုက်ရသည်။
" ခင်ဗျားပြောကြည့် ရှင်းပြလိုက်တာနဲ့ ခင်ဗျားစွပ်စွဲသလို ငြိမ်ခံနေလိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျားနားလည်လိုက်ရဲ့လား.. "
" မင်း...! ဖယ်စမ်း..! မင်း မင်း အယ်ရိုက ကလေးပဲရှ်ိသေးတယ် သူက ဘယ်လိုလို့ အဲလိုမျိုးတွေကို နားလည်နိုင်မှာလဲ "
ဆော့ဂျင် သူ့ကိုတွန်းထုတ်ပစ်ပြီး နားနားကပ်ပြောလွန်းလို့ အာငွေ့တွေဖြင့် ထူပူနေတဲ့ နားကိုလည်း လက်ဖြင့်ပွတ်တိုက်ရင်း သူ့ကိုပြန်ပြောလိုက်သည်။ ဘယ်လိုတောင် အရှက်မရှိ လျှောက်ပြောရဲရတာလဲ သူ့မှာအံ့ဩလွန်းလို့ ပြောစရာစကားပင်မရှိတော့။ အဲတော့ မနာလိုလို့မဟုတ်ဘဲ သဝန်တိုလို့ဆိုတာ ပြောချင်တာလား ဒါပေမဲ့ ဒီအသက်မပြည့်တဲ့ကလေးနဲ့လေ..
" ဘယ်လိုလူနဲ့ဖြစ်နေပါစေ ကျုပ်လူလို့သတ်မှတ်ထားရင် သူစိမ်းယောကျာ်းမိန်းမ ဘယ်သူဖြစ်ဖြစ် မကြိုက်ဘူး "
" မင်း မင်းကျတော့ရော.. "
" ကျုပ်ကဘာလဲ ဘယ်သူနဲ့ဘယ်လိုနေနေလို့လဲ ကျုပ်တခြားတစ်ယောက်နဲ့ အဲလိုနေတာမြင်ရင် ခင်ဗျားလည်းကျုပ်ကို ပြောပိုင်ခွင့်ရှိတယ် "
____________TBC
မေ့ကုန်ကြပြီလား ဒီတစ်ခေါက် တော်တော်ကြာသွားတယ် ༎ຶ‿༎ຶလိုင်းမရလို့တော့ မဟုတ်ဘူး မအားတာနဲ့ဘဲ အလုပ်စဝင်စဆိုတော့ ပင်ပန်းညောင်းကိုက် အသားမကျသေးတာတွေကြောင့် အချိန်ကလည်း မရ အလုပ်ကပြန်လာရင် ဟိုလုပ်ဒီလုပ်နဲ့ ဖုန်းကိုင်ချိန်ကမရှိ ညကျရင်လည်း အစောကြီး အိပ်ရာဝင်တော့ စာရေးဖို့အချိန်မပြောနဲ့ စစ်ဖို့အချိန်ကို မရှိတာ။ ဆောရီးတောင် အရင်က စစ်ထားပြီးသားရှိနေလို့ လွမ်းနေကြမယ်ထင်လို့ အရင်တင်ပေးလိုက်တာ တင်ပြီးသားတွေ ဆိုပေမဲ့ အသစ်အတိုင်းပဲ အပ်ဒိတ်က စောင့်ရအုံးမှာ အဲတော့ တခြားဟာတွေ မျှော်မနေကြနဲ့တော့༎ຶ‿༎ຶ မချစ်ဘူးမုန်းတယ်လို အပိုင်းရှည်မျိုး ပြန်တင်ပေးဖို့က မဖြစ်နိုင်တော့ပါဘူး ༎ຶ‿༎ຶ မမျှော်ကြတာအကောင်းဆုံးပါပဲ မတ်လေးကိုတော့ အဆုံးထိအပ်ပေးမှာပါ ဒါက စိတ်ချလို့ရတယ်
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



