Fanfics

54(Final)

19:31, 18 May 2025

Offroad ဆေးရုံအတွင်းသောင်တင်နေသည်မှာ ၃ရက်ခန့်ရှိနေပြီ ဖြစ်လေသည် ။ သူ့အတွက်တော့ ဒဏ်ရာက သက်‌သာနေပြီဆိုသော်လဲ ဆရာဝန်ကမှုသူ့အား ဆေးရုံမှဆင်းခွင့်မပြုပေ။ သူ့မှာထိုနေရာကြီးအား ပျင်းနေပြီမို့ ဆေးရုံဆင်းခွင့်ပြုဖို့ Daou အားစည်းရုံးသော်လဲ ထိုလူသားသည်က ဆရာဝန်သဘောအတိုင်းသာ နှလုံးမူနေသည်မို့ Offroad မှာ ထိုနေရာကြီးအား ပျင်းရိနေသော်လဲ ဆတ်လက်နေထိုင်ရာစမြဲပင်။

ယနေ့တွင်တော့ ထုံးစံအတိုင်း Offroad သူ့လူနာကုတင်ထက် ပျင်းရိနေစဉ်ဝယ် အချိန်မှန်အတိုင်း Daou တစ်ယောက် စားစရာအစုံအလင်ဖြင့် သူ့အခန်းတွင်းဝင်လာခဲ့လေသည်။

"P'Ou ...."

"Road ဒီနေ့လဲ ကိုမင်းကြိုက်တာလေးတွေ ယူလာခဲ့တယ် "

"အစပ်ထည့်ခဲ့သေးလား ! ကျနော်အစပ်အရမ်းစားချင်နေတာ "

"ဟွန်း....."

Daou စဉ်းစားသလို လုပ်နေသည်မို့ Offroad မှာ မျက်လုံးတောက်တောက်လေးများဖြင့် မော့ကြည့်နေလေသည်။ သူ့အား ချစ်စဖွယ်ကောင်းစွာ မော့ကြည့်နေပါသော လူသားငယ်လေးကြောင့် Daouမှာ အလိုလိုက်ချင်သလိုလိုဖြစ်လာလေသည်။ သို့သော် ထိုလူသားလေး ကျန်းမာရေးအား ပူပန်ရသေးသည်ကြောင့် တင်းခံထားရန်သာ ဆုံးဖြတ်လိုက်လေသည်။

"မရသေးဘူး! သက်သာလာမှစားရမယ် "

"အာ..... P'Ou .....ကျနော် နေကောင်းနေပါပြီဆို ! ..."

စိတ်အလိုမကျ‌ပါသော ကလေးသဖွယ် ကောက်နေပါသော်လဲ Daouမှာ အလိုမလိုက်နိုင်ပေ။ မဟုတ်ရင် ထိုလူသားလေးမှာ ပိုဆိုးလာတော့မည်ဖြစ်လေသည်။ သိူ့သော် သူ့အား မြှူစွယ်နေပါသော ဆူထော် နေပါသော နှုတ်ခမ်းသား ပန်းနုရောင်လေးအား အသားယူရင်း တချက်နမ်းလိုက်လေသည်။

"P'Ou ! "

တဆတ်တည်း ထွက်လာပါသော ဆူအောင့်အောင့်အသံလေးမှာလဲ Daou အတွက်တော့ အသာယာဆုံးသော အသံလေးဖြစ်လေသည်။

"လိမ္မာတယ်လေနော် Road .... နေကောင်းရင် ကြိုက်သလောက်စား ဟုတ်ပြီလား ! "

"ဟွန့် ! "

Daou ခေါင်းလေးပုတ်လို့ ချော့မော့ပါသော်လဲ အဂျစ်ကလေးOffroadမှာတော့ တဖတ်လှည့်လို့ စိတ်ကောက်နေလေပြီ။ ပုံမှန်ဆို သိပ်စိတ်မကောက်တတ်တာမို့ ထိုသို့စိတ်ကောက်နေပုံလေးကို တခါတလေမြင်ရခြင်းဖြစ်လေသည်။

Daouအတွက်တော့  Offroad စိတ်ကောက်နေခြင်းသည် အမွှေးဖွဖွကြောင်လေးမှ သူနှလုံးသားလေးအား လက်သည်းဖြင့် လာကုတ်နေသလို တရွရွဖြစ်နေရလေသည်။နောက်ဆုံး မနေနိုင်ပါသော Daouမှာတော့ သူ့ရင်ခွင်ကျယ်ထဲ  Offroad လေးအားသိမ်းကြုံးဖတ်ထားလိုက်လေသည်။

သို့သော် အဂျစ်ကလေးမှာ အဖတ်မလုပ်တာမို့ Offroadလည်ပင်းသားလေးအား Daou တရှုံ့ရှုံ့နမ်းရင်း ရန်ရှာရလေတော့သည်။ ယားတတ်ပါသော ထိုလူသားလေးမှာ သူ့ရင်ခွင်ထဲ တွန့်လိမ်နေတော့သည်။

"P'Ou !.....ဟား...ဟား.....ယားတယ် ... မလုပ်နဲ့ P'Ou ....အာ့! "

Daou တယောက် Offroad အား ကျီစယ်ကလိထိုးနေရင်း Offroad ထံမှ နာကျင်တဲ့အသံထွက်လာသည်မို့ သူ့မှာ ပြာပြာသလဲ မေးရတော့သည်။

"ဘာဖြစ်တာလဲ ? ကိုလုပ်တာ အရမ်းနာသွားတာလား! ကို့ကို ပြပါအုန်း "

"နည်းနည်း နာသွားရုံပါ ! ဘာမှမဖြစ်ပါဘူး "

"ကို ကြည့် ကြည့်မယ် "

အပြောနှင့်အတူ Daou လဲ Offroad အကျီအား အနည်းငယ် လှန်တင်လို့ ဒဏ်ရာချုပ်ရိုးနေရာလေးအား ကြည့်လိုက်လေသည်။ ချုပ်ရိုးရာအကြောင်းလိုက်သည်ကား ဖြူဖွေးသော ကျောပြင်လေးထက် အကျည်းတန်စွာ နေရာယူနေလေသည်။

ထိုဒဏ်ရာလေးအားအနည်းငယ် ထိကိုင်လိုက်ရင်း Daou ဝမ်းနည်းလာမိလေသည်ထိုဒဏ်ရာသည် သူ့ကြောင့် ရခဲ့တဲ့ ဒဏ်ရာဖြစ်လေသည်။ သူမကာကွယ်နိုင်လို့ ထိုဒဏ်ရာသည် Offroad ကျောပြင်ထက် ရှိနေခြင်းဖြစ်လေသည်။

"ကိုတောင်းပန်ပါတယ် ! မင်းကိုနာကျင်အောင် လုပ်ခဲ့မိတယ် "

"ကျနော်ကတော့ နာကျင်ပေမဲ့ ! ပျော်နေတုန်းပဲ "

"ဘာလို့လဲ ! "

"ကျနော် ချစ်တဲ့သူကို ကာကွယ်ရင်း ရတဲ့ဒဏ်ရာ ဖြစ်နေလို့လေ! နောက်တကြိမ်ပဲ ဖြစ်ဖြစ် ရွေးချယ်ခွင့်ရခဲ့ရင်တောင် ကျနော်ကတော့ P'Ou ကို ကာကွယ်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး ! "

ထိုအပြောအဆုံး Daou သည်စကားတော့မဆိုပေမဲ့ Offroad ကျောပြင်ထက်မှ ဒဏ်ရာလေးအပေါ် အနမ်းခြွေလိုက်လေသည်။ Offroad ကတော့အနည်းငယ် တွန့်သွားပေမဲ့ ဘာမှတော့ မပြောခဲ့ပေ။ Daou စိတ်အရှိတိုင်းသာ ပြုမူခွင့်ပေးခဲ့လေသည်။

Daou လဲOffroad ရဲ့ ဒဏ်ရာလေးအား အနမ်း‌ခြွေပြီးတာနှင့် ထိုဒဏ်ရာရဲ့ အပေါ်ဘက်မှ ကန့်လန့်ဖြတ် အမာရွတ်ဆီသို့ အကြည့်တို့ရောက်သွားလေသည်။ ထိုအမာရွတ်ထက် သို့ သူ့လက်ဖျားတို့အား တင်လိုက်လေသည်။

"မင်းအတော်နာကျင်ခဲ့မှာပဲနော် "

"အစတုန်းကတော့ အရမ်းနာကျင်ခဲ့ပေမဲ့ ! အခုချိန်မှာဝောာ့ သူကကျနော့်အတွက် ဒီအတိုင်း အတိတ်က နာကျင်မှုတခုလို့ပဲ မှတ်ယူထားပါတယ် "

"မင်းဒီဒဏ်ရာကြောင့် မီးအသုံးပြုရမှာ ကြောက်နေဝာာမဟုတ်လား "

"အွန်း "

ထိုဒဏ်ရာသည်ကား Offroad တို့အိမ် မီးလောင်စဉ်က ရရှိခဲ့သော မီးလောင်ဒဏ်ရာဖြစ်လေသည်။ ထိုဒဏ်ရာကြောင့်ပဲ Offroad သည် မီးအသုံးပြုရမှာကို ကြောက်ရွံ့နေခြင်းဖြစ်လေသည်။ Offroad ကျောပြင်အား ကြည့်ရင်း ငြိမ်သတ်နေပါသော Daouကြောင့် ထိုလူသည် အတွေးများနေပြီမှန်း Offroad သိလိုက်လေသည်။

Offroad အကျီအား ပြန်ချလိုက်ပြီး Daou နှင့် မျက်နာချင်းဆိုင်လိုက်လေသည်။ Daou ရဲ့ လက်နှစ်ဖတ်အား သူဆုပ်ကိုင်ထားလိုက်လေသည်။

" ဒါပေမဲ့ ..... အဲ့အရာတွေက ကြာခဲ့ပြီလေ ! ကျနော်တို့အနေနဲ့ အတိတ်မှာပဲ မြှုပ်နှံနေလို့မှမရတာ ! ရှေ့ဆတ်ရတော့မယ်လေ "

"ဒါပေမဲ့..... ကိုသာ စောရောက်လာခဲ့ရင် ..... "

အသံတို့တိုးတိတ်လျက် သူ့မျက်နှာအား ငုံ့ထားပါသော Daou ကြောင့် Offroad အနည်းငယ် ပြုံးလိုက်မိလေသည်။ Daouမျက်နှာအား  Offroad လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး သူနှင့်အကြည့်စုံစေလိုက်လေသည်။

"အခုချိန်မှာ ကျနော်အနားမှာ ကျနော့်ကိုချစ်တဲ့ P'Ou ရှိနေပြီလေ ! ပြီးတော့ ကျနော့်ကို ဂရုစိုက်တဲ့ တခြားသူတွေကော ကျနော်အတွက်တော့ ဒီလိုလေးက ပြည့်စုံတာထက် ပိုနေပါပြီ အဖေနဲ့အမေလဲ ကျနော့်အတွက် ဝမ်းသာနေမှာပါ  "

"......."

Daou မှာတော့  Offroad အပြောအား ခေါင်းညှိတ်ထောက်ခံနေပါသော်လဲ ပြန်တော့မပြောသေးပေ။ Offroad မှာ ထိုကလေးကြီးအား အသဲယားလာသည်မို့ ပါးတွေအား ဖြစ်ညှစ်လိုက်ပြီး တမျက်နှာလုံးအနှံ့အနမ်းမိုးများရွာချလေတော့သည်။ နောက်ဆုံး နှုတ်ခမ်းသားများ အလှည့်တွင်တော့ ရှည်ကြာသော အနမ်းတပွင့်အား ဖန်တီးလိုက်ကြလေသည်။

ကြာညောင်းပါသော အနမ်းတပွင့်အား အဆုံးသတ်လိုက်ပြီး Daouနှင့် Offroad တို့ တဦးကို တဦး ချစ်မြတ်နိုးစွာ စိုက်ကြည့်နေကြလေသည်။ နောက်ဆုံးပိတ် အနမ်းတခုအား နှုတ်ခမ်းထက် လျှပ်တပြတ် ခြွေချလိုက်လေသည်။ မကြာခင် တံခါးခေါက်သံ ပေါ်လာတာမို့ နှစ်ဦးသား တံခါးဘက် လှည့်ကြည့်ချိန်ဝယ် ဝတ်စုံအပြည့်နှင့် ဖြစ်နေပါသော Jeff ကို မြင်တာမို့ Offroad မှာ လှမ်း‌ေမးလိုက်လေသည်။

"P'Jeff ရောက်ပြီလား ! ဘာလို့ဝတ်စုံပြည့်နဲ့ဖြစ်နေတာလဲ ? ဆေးရုံကနေ ရုံးတန်းသွားမလို့လား ! "

Jeff မှာ Offroad အမေးအား အသာ ခေါင်းရမ်းပြလိုက်ပြီး  Daou ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာလေသည်။ပြီးသည်နှင့် Daou ရှေ့မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲဝယ် လက်ထိတ်အား ကိုင်ထားလိုက်လေသည်။ ထိုအရာအား မြင်လိုက်ပါသော Offroad မှာ Daouနှင့်  Jeff အား တလှည့်စီကြည့်လိုက်လေသည်။

"P'Jeff ဘာလုပ်တာလဲ ? P'Ou ဘာတွေ ဖြစ်နေတာလဲ ? "

" Daou မင်းရှင်းပြလိုက်တာ ပိုကောင်းမယ် ထင်တယ် "

Jeff အပြောအား Daou ခေါင်းညှိတ် ထောက်ခံလိုက်ပြီး သူ့အား နားမလည်သလိုကြည့်နေပါသော Offroad လက်လေးနှစ်ဖက်အား အုပ်ကိုင်ထားလိုက်လေသည်။

"ကိုလုပ်ခဲ့သမျှ ပြစ်မှုတွေကို ဝန်ခံလိုက်ပြီ Road "

"P'Ou ....."

"အွန်း..... ဒါက ကိုနဂိုတည်းက တွေးထားပြီးသား အရာပါ.... ကိုလက်စားချေပြီးသွားရင်ကိုလုပ်ခဲ့သမျှ မကောင်းမှုတွေကို ဝန်ခံဖို့ တွေးထားပြီးသားပါ "

"ဒါပေမဲ့ ..... P'Ou ..."

"ကိုအဆင်ပြေသွားမှာပါ ! အရမ်းစိတ်မပူပါနဲ့! Tobတို့အတွက်လဲ အကုန်စီစဉ်ပြီးသားပါပဲ နောက်ဆုံး မင်းအတွက်လဲ ......ကိုအစောကတည်းက အကုန်စီစဉ်ပြီးသားပါ !"

"P'Ou ကလေ တကယ်မကောင်းတဲ့လူ ..... ကျနော့်ကို ဘာမှအသိမပေးဘဲ P လုပ်ချင်တာပဲလုပ်သွားတယ် .... ကျန်ခဲ့ရမယ့် ... ကျနော့်ခံစားချက်ကိုကော အရင်မေးဖို့သတိရသေးရဲ့လား ! "

"ကိုသိပါတယ် ...... Road စိတ်ပူမှာဆိုးလို့ပါ .. နော် ပြီးတော့ ကိုမင်းကို သာယာအေးချမ်းတဲ့ ဘဝမျိုးလေးပဲ ပေးချင်တယ် အဲ့လိုပေးနိုင်ဖို့အတွက် ကိုဒီအလုပ်တွေကို စွန့်လွှတ်ဖို့ လိုတယ် Road .... ကိုမင်းကို ထပ်ထိခိုက်လာမှာ မလိုချင်ဘူး Road .... ကိုပြောတာနားလည်မလား"

Daou သူ့နဖူး နှင့် Offroad  နဖူးလေးအား ထိကပ်ထားရင်း ချစ်ရသူအား ဖြေသိမ့်ပေးနေမိလေသည်။ သူတို့ကြားမှ Third Wheel ဖြစ်နေရသူJeff မှာလဲ Offroad အား ဝင်ရောက်ဖြန်ဖြေပေးရလေသည်။

"Offroad ဒီနည်းလမ်းက Daou အတွက်အကောင်းဆုံးဆိုတာ မင်းသိနေတာပဲ သူ့အနေနဲ့ အဲ့အလုပ်တွေကို ဒီတိုင်းသာ ထားခဲ့လိုက်ရင် အန္တရာယ်တွေက တနည်းမဟုတ် တနည်း မင်းတို့ဆီရောက်လာမှာပဲ ! Daou နဲ့ငါ အစကတည်းက ဒီလိုလုပ်ဖို့အတွက် အစီအစဉ်ဆွဲထားတာမို့ .... မင်းစိတ်ချပါ! ပြီးတော့ မင်းတို့အနေနဲ့ အထဲမှာ တွေ့လို့ရအောင် ငါကစီစဉ်ပေးအုန်းမှာပါ.....ဟေး...ဟုတ်တယ်မလား Daou "

Jeffမှာအရီတဝက်နှင့်  Daou အား အဖော်ညှိနေသည်မို့ Daou မှာလဲOffroad အားကြည့်ရင်း အပြုံးလေးနှင့် ထောက်ခံလေသည်။နောက်ဆုံး Offroad မှာတော့ သက်ပြင်းအသာ ချလို့သာ သူ့အား တိုင်ပင်သည်မ မည်သော အသိပေးလာသော ကိစ္စကြီးအား လက်ခံယုံမှတပါး ရွေးချယ်စရာမရှိပေ။ သူလက်မခံဘူးပြောလျှင်လဲ Daou တယောက်မှာ နေရင်းထိုင်ရင်း ဝရမ်းပြေးဖြစ်နေအုန်းမည်ပင်။ အရင်ကတည်းက အလိုရှိစာရင်းထဲ ပါဝင်နေပင်မယ့်ပေါ့လေ။

လက်ခံပုံမြင်မှသာ Daou လဲ သက်ပြင်းအသာချလို့ Offroad အား ဖတ်တွယ်ထားလိုက်လေသည်။

"ကိုကတော့ ဒီကိုယ်သင်းရနံ့လေးကို လွမ်းနေရတော့မှာပဲ ..... ကို့ကို စောင့်နေပါနော် Offroad "

Daou တယောက် Offroad လက်လေးနှစ်ဖတ်အား အနမ်းဖွဖွပေးရင်း ဆိုနေလေသည်။ နောက်ဆုံး Offroad နှုတ်ခမ်းသားတို့အား သိမ်းပိုက်လိုက်ပြီး ရှည်ကြာသော အနမ်းတစ်ခုအား ဖန်တီးလေသည်။ ဘေးမှာ အတောင့်သားရပ်နေပါသော Jeff မှာတော့ သု့အားဂရုပင်မစိုက်သော နှစ်ယောက်သားကြောင့် နောက်ကျောသာပေးထားလိုက်လေသည်။

ချစ်ရသူနှစ်ဦးရဲ့ ရှည်ကြာလှသော နှုတ်ဆတ်မှု အပြီးတွင်တော့ Jeffလဲ  Daou လက်များအား လက်ထိပ်ခတ်လိုက်ပြီး ထွက်ခွာခြင်းအား စတင်လေသည်။ Offroad မှာတော့ သူပါအတူလိုက်ချင်သော်လဲ ဘူးခံငြင်းနေပါသော Daou ကြောင့် အခန်းတွင်းသာကျန်ရစ်ခဲ့လေသည်။

မကြာသော ရက်တပတ်အတွင်းမှာပဲ ပွက်လောရိုက်နေပါသော သတင်းတခုအား သတင်းခေါင်းစဉ်များကြား နေရာယူထားလျက်ရှိလေသည်။ မာဖီယားဂိုဏ်းကြီးတခုရဲ့ ခေါင်းဆောင်တဦးအား လက်ရဖမ်းစီးမိခြင်းနှင်းအတူ ပရဟိတဖခင်ကြီးသဖွယ် အများလေးစားရပါသော လူတစ်ဦးရဲ့ နောက်ကွယ်မှ လုပ်ရပ်များနှင့် ကျူးလွန်ခဲ့သော အမှုပေါင်းစုံ ပေါ်ပေါက်လာခြင်းဖြစ်လေသည်။

ပြည်သူလူထုတစ်ရပ်လုံး မှာ ထိုသတင်းအား လက်ခံရန် အတော်ပင် အငြင်းပွား အချိန်ယူလိုက်ရလေသည်။ ထိုလူအား ပြည်သူတရပ်လုံးသည် လေးစားအားကျခဲ့ရပါသော်လဲ ထိုလူသားသည်က အကောက်ကျစ်ဆုံး လူယုတ်မာဖြစ်နေလိမ့်မည်လို့ သူတို့လုံးဝမထင်ထားခဲ့ပေ။

ထို့အပြင် ကြာလွန်ခဲ့သော ၁၀နှစ်ကျော်ခန့်မှ ချောက်ထဲပြုတ်ကျခဲ့ပါသော ဘက်စ်ကားရဲ့ ဖြစ်ရပ်မှန်အသေးစိတ်များထွက်ပေါ်လာခြင်းပင်။ ပိုအံ့ဩစ ရာကောင်းသည်ကား ထိုအမှုအတွင်း ခံစားခဲ့ရပါသော မျက်မြင်သက်သေမှာ သက်ရှိထင်ရှားရှိနေဆဲဆိုသော ကိစ္စပင် ဖြစ်လေသည်။ ထိုသူရဲ့ ရှာဖွေစု‌ေဆာင်းချပြလာမှုတို့ကြောင့် ပြည်သူတရပ်လုံး တုန်လှုပ်ခြောက်ခြား သွားရလေသည်။ ထိုလူသားအားလဲ ပြည်သူတရပ်လုံး သနားစိတ်တို့ ယိုဖိတ်ခဲ့ရလေသည်။

သို့နည်းအတူ ထိုပရဟိတဖခင်ကြီးမှ နောက်ထပ်ပြုလုပ်ခဲ့ပါသော သက်သေဖျောက်လူသတ်မှုတွေအထိပါ ပေါ်ပေါက်လာခြင်းပင်။  သူတို့ပင် လက်ခံရန် ခက်ခဲလှသော အရာများအား ပြုလုပ်ခဲ့သော ထိုလူကြောင့် ပြည်သူတရပ်လုံးမှာ ရင်ထုမနာဖြစ်ခဲ့ကြရသလို နစ်နာသူမိသားစုများမှာ ထိုထက် ပိုခံစားကြရမည်ဖြစ်လေသည်။

ယနေ့တွင် ထိုအမှုအား တရားဝင်ကြားနာစစ်ဆေးခဲ့ပြီး သက်သေအထောက်အထား ခိုင်လှုံမှုတို့ကြောင့်  Nake နှင့် Nick တို့သားအဖအား လူသတ်မှု၊လူသတ်ရန်ကြံစည်မှု ၊ သက်သေဖျောက်မှု ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှု၊ လက်နက်ကိုင်ဆောင်မှုနှင့်တကွ တခြားသော အမှုတို့ဖြင့် ထိုသားအဖအား တသတ်တကျွန်း အပြစ်ချမှတ်ခဲ့လေသည်။ ထိုသားအဖနှစ်ဦးအား အယူခံဝင်ခွင့်မရှိ အဖြစ် ချမှတ်ခဲ့ပြီး ပိုင်ဆိုင်သမျှ ပစ္စည်းမှန်သမျှ အား နိုင်ငံပိုင်အဖြစ်သိမ်းဆည်းသွားမည်ဖြစ်လေသည်။

နောက်ပြီး Daou အတွက်ကိုတော့ လက်နက်ရောင်းဝယ်ရေးသည်က ကြီးမားသော ပြဏ်ဒဏ်ကျခံသည့်ပင်မဲ့ အချိန်မလွန်ခင် အသိတရားရ  လက်နက်ချ ဝန်ခံသည့်အပြင် တဖတ်လူများရဲ့ အချက်အလက်များအား ရဲများဘက်မှ ကူညီရှာ‌စုံးစမ်းရှာ ဖွေပေးသည့်အပြင် တရားခွင်အတွင်း လွန်ခဲ့သော 10နှစ်အကျော် အတွင်းဖြစ်ပျက်ခဲ့ပါသော အဖြစ်အပျက်နှင့်တကွ တခြား‌ေသာ အကြောင်းအရာများရဲ့ မျက်မြင်သတ်‌ေသတနည်းအပြင် နစ်နာသူဖြစ်နေပါသော အချက်အလက်များအား ဖြည့်သွင်းစဉ်းစားပေးလျက် အမှုပြစ်ဒဏ်အား လျော့ချပေးခဲ့လေသည်။ တရားသူကြီးရဲ့ စီရင်ချက်အပြီးဝယ် သူ့အားကြိမ်းမောင်းလျက် ထွက်ခွာသွားပါသော သားအဖအား Daou အနေနဲ့ အပြုံးတပွင့်ဖြင့်သာ တုန့်ပြန်ခဲ့လေသည်။

Daou အပြင်ဘက်မရောက်ခင် သူ့‌ေရှ့လာရပ်နေပါသော ဝတ်စုံပြည့်နှင့်ဖြစ်နေပါသော  Offroad,  Jeff ,  Dinတို့နှင့်အတူ    Tob ၊Wat  တို့နှင့် ဆုံကြလေသည်။ သူတို့အား ခဏတာ စကားဆိုခွင့်ပေးရန် အစောင့်နှစ်ဦးအား Jeff မှ တောင်းဆိုလိုက်လေသည်။Jeff မှ Daou ပုခုံးအား ပုတ်လိုက်ပြီး တော််တယ်ဟု လက်မထောင်ပြနေလေသည်။ Tobမှာတော့ Daou အား တင်းတင်းကြပ်ကြပ်ဖတ်တွယ်ထားပြီး သူ့ပုခုံးထက် ခေါင်းဖွက်လို့ ငိုနေတာမို့ Daou မှာ သူ့ကျောပြင်အား ပုတ်‌ေပးရင်း ချော့မော့ရလေသည် ။

"Tob ဘယ်လိုဖြစ်တာတုန်း ! မင်းတကယ်ကြီးငို‌ေနတာလား ! လူအများကြီးရှေ့မှာ မင်းမရှတ်ဘူးလား! "

"P လုပ်ချင်ရာ လုပ်နေတာ ကျနော်တို့ကိုလဲ ဘာမှမတိုင်ပင်ဘူး "

Tob အပြောအား Din နဲ့Watမှလဲ ခေါင်းညှိတ် ထောက်ခံကြလေသည်။ ထိုအကြောင်းအား သူတို့မှာလဲ Daou အကုန် စီစဉ်ပြီးမှ သိရချင်းဖြစ်လေသည်။ Tobမှာ သူလဲအတူလိုက်ပါရန် ပြောပါသော်လဲ Daou သည်ကား လုံးဝ လိုက်ပါခွင့်မပြုခဲ့တာပင်။ ဘယ်လို တောင်းဆိုပါစေ လုံးဝ ခေါင်းမာနေခဲ့ချင်းပင်။

"ကဲပါကွာ ! ဒါကအကောင်းဆုံးနည်းလမ်းပဲ ဟုတ်ပြီလား ! ငါ့ကိုဘာပူစရာရှိလို့လဲ !! ဒီလောက် ခဏခဏအသတ်ခံရတာတောင် ငါမသေတာ ! အဲ့ထောင်လောက်ကတော့ ငါ့ကို မထိခိုက်နိုင်ပါဘူးကွာ "

"ဒါပေမဲ့ ...."

"တော်တော့ Tob ! ဆတ်ငြင်းမနေနဲ့ ငါမှာတဲ့အတိုင်း လုပ်စရာရှိတာတွေ ဆတ်လုပ်သွား ကြားလား "

"ဟုတ်ကဲ့ "

Tobအား မှာကြားပြီးသည်နှင့်  Daouမှာ တဆတ်တည်း  Watနဲ့  Dinအားလဲ ထက်မှာကြားရသေးသည်။

"Wat မင်းအတွက်တော့ ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်ဖို့ ငါကြိုတင် စီစဉ်ထားတယ် အချက်အလက်တွေက Tob ဆီမှာ အကုန်ရှိပြီးသား ပြီးဝောာ့ Din !မင်းကတော့ ငါစိတ်အချရဆုံးလူပါပဲ မင်းအဖေကို သေချာဂရုစိုက် ဟုတ်ပြီလား! ပြီးတော့ မင်းတို့သုံးယောက်လုံး ကို့ဘာသာ ဂရုစိုက်ကြပါ "

"ဟုတ်ကဲ့ P !! "

သုံးယောင်သား ပြိုင်တူ ထောက်ခံသံ ပြုလိုက်ပြီး Daou အား တင်းကြပ်စွာ ဖတ်တွယ်ထားလေသည်။ နောက်ဆုံးမှတော့ Jeff ခေါ်ရာနောက် သုံးယောက်သား ပါသွားလေတော့သည်။ ယခုတွင်တော့ Daou နှင့် Offroad သာ ကျန်ရှိခဲ့လေတော့သည်။ Daouလက်ထိပ်ခတ်ခံထားရပါသော သူ့ရဲ့ လက်တစုံဖြင့်  Offroad လက်လေးအား ဆုပ်ကိုင်ထားလေသည်။

"ကိုဘာသာ သေချာဂရုစိုက်နော်! ကိုမရှိတာနဲ့ အရင်လို ဖြစ်သလိုတွေ မစားနဲ့နော် Road ! တခုခုဆို ကို့ကို ပြောဖို့မလွယ်ရင် Jeff ကိုပြော ဒါမှမဟုတ် ဟိုသုံးယောက်ကို ပြောလဲရတယ် ! အပတ်စဉ် Wat က မင်းအတွက် ကျန်းမာရေး ပုံမှန်စစ်ဆေးပေးလိမ့်မယ် ! ငြင်းခွင့်မရှိဘူးနော် ဒါလေးကိုနားထောင် Jeff က အလုပ်တွေအရမ်းပေးရင်လဲ Dinကိုပြောလိုက်ကြားလား! နောက်ဆုံးအနေနဲ့ ကို့ ကို မမေ့ပဲ စောင့်နေပေးပါနော် ကိုပြောတာကြားလား Road "

Daouပြောသမျှအား  Offroad မှာ ခေါင်းလေးတညှိတ်ညှိတ်ဖြင့် ထောက်ခံရှာလေသည်။ Daou မှာတော့ သူ့စကားအား ခေါင်းလေးတညှိတ်ညှိတ်ဖြင့် နားထောင်နေရှာသော Offroad အား နေရာတွင်းပင် ဖတ်နမ်းချင်ပါသောလဲ အခြေအနေက ထိုသို့လုပ်ရန် မသင့်လျော်နေပေ။ သူ့မှာ သက်ပြင်းကြီးကြီသာချလို့ Offroad အားဆိုလေသည်။

"ခုကတည်းက ကိုက မင်းကိုလွမ်းနေရပြီ Road "

"ဒါဆို Pက မြန်မြန်ပြန်ထွက်လာလေနော် "

"အွန်းပါ ကိုမြန်မြန်ပြန်ထွက်လာခဲ့မယ် ! မင်းကသာ ဒီအတိုင်းလေးသာ စောင့်နေပေးပါနော် "

"ကျနော် P ကို အမြဲတမ်းစောင့်ဆိုင်းနေမှာပါ P "

သူ့အား အလှဆုံးပြုံးပြနေပါသောOffroadအားငေးကြည့်နေလျက်သားဖြင့်ပင်  Daou မှာ သူ့အား လာခေါ်သွားပါသော အစောင့်တို့အနောက်လိုက်ပါသွားလေသည်။ သူ့အား ပို့ဆောင်မည့် ကားပေါ်တွင် ထိုင်လိုက်ပြီး ကားပြတင်းပေါက်မှ ကားမထွက်မချင်း Offroad နှငိ့ အခြား သူများအား ကြည့်နေမိလေသည်။ အဓိက သူကြည့်နေသူမှာတော့ သူချစ်ရပါသော Offroad လေးပင်။

သိုနှယ် ထောင်အတွင်းမှာတော့ Daou မှာ Nick တို့သားအဖနှင့် တွေ့ဆုံခဲ့ပြီး  သူတေးမှတ်ထားပါသော အကြွေးမှန်သမျှအား ထိုသားအဖအား ဖြေးဖြေးချင်းစီ ခံစားခိုင်းစေလေသည်။ Offroad မှာလဲ သူ့အား လာ‌ေတွ့မြဲ ထို့အပြင် သူ့အား ရက်မပြတ် လာလာတွေကြပါသော Tob, Wat နဲ့ Din တို့အားလဲ သွားတွေ့ရသည်က အလုပ်တလုပ်ပင်။ Jeff မှာလဲ တခါတလေ ပေါ်ပေါ်လာတတ်စမြဲ Daou ၌ ဧည့်တွေ့ချိန်သည်ကား အမြဲတမ်း ပြည့်နှက် လျက်သားပင်။

မည်မျှပင် လာဘ်ထိုးထားသည်မသိ ထောင်မှူးမှ သူ့အား လုပ်ချင်ရာ လုပ်ခွင့်ပြုသည်မှာ ထောင်တွင်းမှ Daou ဘဝသည်ကားဘုရင်ကြီးတပါးအလားပင်။ သူ့အတွက် နေ့စဉ်လုပ်ငန်းစဉ်များကား အိပ်ရာထ ၊ မျက်နှာသစ် ၊ မနက်စာစား ၊ ‌ေလ့ကျင့်ခန်းလေးလုပ် ၊ တဖတ်သားအဖအား စိတ်ဆင်းရဲစရာလေး‌ေ‌ပးလိုက် ၊ Offroad အား ထိုင်လွမ်းလိုက်နှင့် Tob တို့အား တွေ့သည်နှင့် Offroad အကြောင်းမေးရသည်ကအမော Wat အား Offroad ကျန်းမာရေးအကြောင်းမေးရသည်ကတဖုံ သတိရတိုင်းချ ရေးထားပါသော သီချင်းများ ၊ ကဗျာများနှင့် Daou ဘဝကြီးက အပန်းဖြေနေရသလိုပင်။

ဒါတောင် Offroad မှာ သူ့အား လာတွေ့နေသည်ကြားကပင် သူ့မှာ လွမ်းနေရခြင်းပင်။ အထဲမှ ထောင်သားများမှာ Daou ရဲ့ အလွမ်းဝေဒနာအား နားထောင်ရသည်ထက် ကျားမြီးသား ပြေးဆွဲချင်ကြသည်အထိပင်။ သို့သော် ထိုရက်များသည်ကား သိပ်ပင်မကြာလိုက်ပေ Daou မှာ ခံဝင်ချက်ဖြင့် ထောင်မှ စောလွတ်ခဲ့လေသည်။

ယနေ့သည်ကား ထိုထောင်တွင် သူနေရသည့် နောက်ဆုံးရက်ဖြစ်လေသည်။ ရှိသမျှ ထောင်သားတိုင်အား အရင်းနှီးဆုံးဖော်ရွေပြနေပြီး ဟိုသားအဖနှင့် ‌အပေါင်းပါများမှ လွဲ၍ကျန်သူများအား နှုတ်ဆတ်ပြီး  တလှမ်းခြင်း ထိုသံတိုင်များကြားမှ သူထွက်ခွာလာခဲ့လေသည်။ နောက်ဆုံးသော တာဝန်ကျ ရဲအရာရှိမှ စစ်ဆေးမှုအပြီး Daou သူ့အထုတ်အား လွယ်လို့ အပြင်ဘက်သို့ ခြေတလှမ်းချလိုက်လေသည်။ လွတ်လပ်သော လေအား အပြည့်ရှုသွင်းလိုက်ပြီး ထောင်တံခါးဝအား တချက်လှည့်ကြည့်လို့ အပြီးတိုင် ကျောခိုင်းခဲ့လေသည်။  Daou ခြေစမလှမ်းခင် ကားဟွန်းတီးသံကြားသည်မို့ အသံလားရာဘက်သို့ သူလှည့်ကြည့်လိုက်လေသည်။

ကားအားမှီလျက်သား သူ့အားအသင့်စောင့်ဆိုင်းနေပါသော Offroad အားတွေ့လိုက်သည်နှင့် Daou ရဲ့တည်တံ့နေပါသော မျက်နှာထက် အပြုံများပွင့်လန်းလာလေသည်။ သူနှင့်ထပ်တူချစွာ ပြန်လည် ပြုံးရီးနေပါသော Offroad အား Daou လှမ်းခေါ်လိုက်လေသည်။

"Road ..... ကိုပြန်လာပြီနော် "

Offroad သည်လဲ ခေါင်းအသာညှိတ်ပြလိုက်ပြီး Daou ဆီပြေးသွားလိုက်ပြီး Daou အား ခုန်ဖတ်လိုက်လေသည်။ Daou မှာတော့ သူ့အား သိုင်းဖတ်လာသော လူသားလေအား ပြန်လည် ဖတ်တွယ်ထားရင်း ထိုလူသားလေးအား လေထဲ မွှေ့ရမ်းလိုက်လေသည်။ ထို့နောက်နှစ်ဦးသား အကြည့်ချင်းဆုံလျက် အနမ်းတို့အား ခြွေချလိုက်လေသည်။

အနမ်းများအား ပုံဖော် ပြီးနောက် နှစ်ဦးသား နဖူးချင်းတေ့လျက် နူးညံ့စွာပြုံးပြနေကြရင်းဒီဇာတ်လမ်းလေးအား အဆုံးသတ်လိုက်ပါသည်။

The End.......

There are no comments yet. Log in to be the first to leave a review!

Similar stories