53
19:22, 27 April 2025Daou သူအားလှောင်ပြောင် သရောနေပါသော လူတစ်စုဖတ်လှည့်လိုက်ပြီး သူ့ရင်တွင်းမှ ခံစားနေရပါသော နာကျင်မှု ဒေါသများအား ထိုလူစုထံပုံချလိုက်လေသည်။
အသိစိတ်လွတ်နေပါသော လူတစ်ယောက်သဖွယ် သူ့ရှေ့ မြင်သမျှ အရာအားလုံးအား ဖျက်စီးနေပါသော Daou အားကြည့်ရင်း Nick တယောက် တဖြေးဖြေး အနောက်သို့ ဆုတ်လာမိေလသည်။
Daou ရဲ့နောက်ကျောဘတ်တွင်ကား အစိတ်အစိတ်အမွှာမွှာဖြစ်ေနပါေသာ မီးေလာင်ကျွမ်းေနပါေသာ အခန်းငယ်တခုနှင့် Daou ဖြတ်သန်းလာတဲ့လမ်းတလျှောက်တွင်းကား သူရှေ့ပိတ်ရပ်လာသမျှ လူများမှာ ကြမ်းပြင်ထက် အပြိုပြိုအလဲလဲများပင်။
ထိုအရာများအား ပြုလုပ်ထားသူ Daou မှာတော့ စိတ်လွတ်သွားသူပမာ ထိုလူများအား အပီအပြင် လက်စားချေနေပါတော့သည်။ Nickတဖြေးဖြေး သူ့ဆီလျှောက်လှမ်းလာပါသော Daou အား ကြည့်ရင်း ကြောက်စိတ်နည်းနည်းဝင်လာလေတော့သည်။ ယခုသူရှေ့ဝယ် တွေ့မြင်နေရပါသော Daou သည် သု့ရှေ့ရှိ အရာမှန်သမျှအား ဖျက်စီးဖို့သာ ဆန္ဒရှိနေသူ ဖြစ်နေလေသည်။
နီရဲနေပါသော သွေးကြောများနှင့် မျက်ဝန်းတစုံ နဂိုထက်ပင် ခြောက်ခြားစရာကောင်းနေပါသော အေးစက်နေမှုများနှင့် သူမတူပါသော ခွန်အားများ။ ဒီလူက ဘယ်သူလဲ ? Nick သူ့ရှေ့တွင် လူနှစ်ယောက်အား အကာအကွယ် ယူရင်း တဖြေးဖြေး အနောက်ဆုတ်လာလေသည်။သူတို့ရှေ့ တဖြေးဖြေး ရောက်လာပါသော Daou ကြောင့် Nick သူ့ရှေ့မှ လူအား ပြောလိုက်လေသည်။
"မင်းဘာရပ်လုပ်နေတာလဲ !!!! သူသတ်တာ ခံဖို့စောင့်နေတာလား !!!! သူ့ကို အမြန် အပြတ်ရှင်းလိုက် !!!! "
Nick အရှေ့မှ လူသည်လဲ သူေကြာက်ေနေပမဲ့ သူ့သခင်လေးရဲ့ အမိန့်ဖြစ်နေသည်ကြောင့် သု့လက်ထဲမှ ဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း Daou ရှေ့တဟုန်ထိုး ပြေးသွားလိုက်ပြီး Daou ဝမ်းဗိုက်နေရာအား ဓားဖြင့်ထိုးလိုက်လေသည်။
ထိုနေရာသည်ကာ သူတို့အရင်က Offroad အား ပြန်ပေးဆွဲစဉ် Daou ဝမ်းဗိုက်ထက် ဓားနှင့်ထိုးမိစဉ်က ရှိနေပါသော ဒဏ်ရာဟောင်းနေရာသို့ ပြန်လည်ထိုးမိခြင်းဖြစ်လေသည်။ ထိုနေရာသည်ကား နဂိုတည်းက ပြန်မကောင်းသေးသည်ပင်။ ယခုတွင်တော့ ဒဏ်ရာအသစ်နှင့်ပေါင်းပြီး ဒဏ်ရာက ပိုဆိုးလာတော့မည် ဖြစ်လေသည်။
သို့သော် ထိုအချိန်ဝယ် Daou အတွေးထဲ ထိုဝမ်းဗိုက်မှနာကျင်မှုသည်ကား Offroad အား ဆုံးရှုံးလိုက်ရပါသော နာကျင်မှုကိုပင် မှီမနေခဲ့ပေ။ သူအား အံ့ဩတကြီးကြည့်နေပါသော ထိုလူအား လက်ပြန်ရိုက်ချလိုက်ပြီး ထိုနေရာမှ ထပ်မထလာနိုင်စေရန် Daou လက်သီးချက်များဖြင့် အေမှာက်သိပ်လိုက်လေသည်။
တဖတ်လူအသိမရှိတော့သည်နှင့် Daou သူ့ရန်သူတော် Nick အား မျက်နှာချင်းဆိုင်လိုက်လေသည်။ ပြိးနောက်သူ့ဝမ်းဗိုက်မှ ဓားတန်းလန်းအား ဆွဲထုတ်လိုက်လေသည်နှင့် တပြိုင်နက် နီရဲနေပါသော သွေးတို့သည် အရှိန်နှင့်စီးဆင်းလာလျှက် သူ့အားတမျိုးတဖုံ ကြောက်ဖို့ကောင်းစေသည်ပင်။
ထိုဒဏ်ရာအား ဂရုမစိုက်နိုင်စွာ ပင် Daou သူ့လက်ထဲမှ ဓားအား သူ့ရှေ့ရှိ လူနှစ်ယောက်ထံ ပစ်ပေါက်လိုက်လေသည်။ Daou ရဲ့ လက်တည့်ပုံဖြင့် Nick အကာအကွယ်ယူနေပါသော သူ့ရှေ့မှ လူရဲ့ နဖူးထက် တည့်တည့်စိုက်ဝင်နေခဲ့လေသည်။ Nick အားမကိုးရပါသော ထိုလူအားပစ်ထုတ်လိုက်ပြီး သူ့အား စူရဲစွာကြည့်နေပါသော Daou အား အလန့်တကြားကြည့်လိုက်မိလေသည်။ သူယခုမှ ကြောက်ရမှန်း အသိဝင်လာပြီး အနောက်သို့ တဖြေးဖြေး ဆုတ်တော့သည်ပင်။ ထို့သို့အနောက်ဆုတ်ရင်း သူ့ရှေ့တဖြေးဖြေး ချည်းကပ်လာပါသော Daou အား လက်တကာ ကာဖြင့် ဆိုလေသည်။
" Daou ....... မင်းရူးနေလား ! !! ငါ့အနားမလာနဲ့နော် !!!!ယောက်ကျားတယောက်အတွက် !!!! မင်းအဲ့လောက်ထိ လုပ်စရာမလိုနေပါဘူး !!!!! မင်းငါ့ကို သတ်လိုက်ရင် ဘာဖြစ်မလဲ သိတယ်မဟုတ်လား !!!! "
"အေ့.....ဟုတ်တာပေါ့! မင်းအတွက်ေတာ့ သူကယောက်ကျားတယောက်သာသာ ဆိုပေမဲ့ ငါ့အတွက်တော့ သူက ငါ့ဘဝတခုလုံးကွ !! မင်းက ငါ့ရဲ့ဘဝတခုလုံးကို ဖျက်စီးရဲမှတော့!!!! ငါကလဲ အားနာမနေတော့ဘူး!!!! ငါကို ဘာလို့ ဒီလိုအခြေအနေထိဖြစ် အောင် တွန်းပို့နေကြတာလဲ !!! ဘာလို့လဲ !!!!!"
"မလာနဲ့နော်!!!?..... မလာခဲ့နဲ့!!!!! အား-....."
Daou အား အလန့်တကြား စကားဆိုနေရင်း နောက်ဆုတ်လာသည်မို့ Nick တယောက် ပစ္စည်းတခုနှင့်တိုက်မိပြီး ချော်လဲပေတော့သည်ပင်။ Daou လဲ သူအမျိုးဖြုတ်ချင်နေပါသော Nick အရှေ့ရောက်သည်နှင့် စကားမဆိုနေပဲ လက်တုံပြန်ချင်းအား စတင်တော့သည်။
မရပ်မနားထိုလူအား ရိုက်နှက်နေရင်း သူ့နှလုံးသားထဲမှ နာကျင်မှူများအား ဖြေသိမ့်လိုပါသော်လဲ ဘယ်လိုမှ မကျေနပ်နိုင်ပေ။ ထိုလူအား အပိုင်းပိုင်း ဖြတ်ပစ်ရင်တော့ သူရင်တွင်းမှ နာကျင်မှုများသည်ကား ပြေပျောက်နိုင်ဖို့ရန် မဖြစ်နိုင်ပေ။ သူ မဖြေသိမ့်နိုင်ပါ မကျေနပ်နိုင်ပါ ။ သူရင်တွင်းမှ လွတ်လပ်နေမှုသည် သူသတ်ဆုံးတိုင်အထိ ထိုအတိုင်း ရှိနေတော့မည် ဖြစ်လေသည်။
ထိုကွက်လပ်အားဖြစ်စေသူ ..... သူ ချစ်ရပါသော လူများအား ဆွဲထုတ်သွားပါသော တရားခံကိုတော့ သူအပြစ်ပေးနိုင်သေးသည်ပင်။ Daou သူ့ရှေ့တွင် ဆုတ်ပြတ်သတ်နေပြီဖြစ်သော Nick အား မကျေနပ်နိုင်စွာ ထပ်ပြီး ဆွဲထိုးရန်ပြင်ချိန် အသံတခုအား သူကြားလိုက်ရလေသည်။
"P'Ou! ....... "
တိုးညှင်းလှပါသော အသံလေး။ တနည်းအားဖြင့် သူ့အား ပျော်စေနိုင်သူ ကျရှုံးစေနိုင်သူ သူ့ဘဝတခုလုံးအား ပြောင်းပြန်လှန်နိုင်စွမ်း ရှိပါသော ထိုလူသားရဲ့ အသံအား ကြားယောင်နေသလိုပင်။ သူထပ်ပြီး Nick အားဆွဲထိုးရန် ပြင်ချိန်ဝယ် ထပ်မံကြားလိုက်ကပါသော အသံငယ်လေးကြောင့် Daou မော့ကြည့်လိုက်မိလေသည်
"P'Ou... "
သူနှင့်မလှမ်းမကန်းအကွာအဝေးတွင် Jeff အားတွဲခိုရင်းရှိနေပါသော Offroad အား တွေ့လိုက်ရလေသည်။
"Offroad ..! "
"P'Ou "
"Offroad ..... "
Daou ဆွဲထိုးနေပါသော Nick အားဂရုမစိုက်တော့ဘဲ ပစ်ချလိုက်ပြီး ယခုသူ့မျက်စီရှေ့မှ လူသားစီ တလှမ်း ချင်းသွားမိလေသည်။ ထိုလူသားသည် အစစ်အမှန်လား သူမြင်ယောင်နေခြင်းလား သူဝေမခွဲနိုင်ပါပေ။ ထိုလူသားလေးနားဆီသို့ သွားနေတုန်း Offroadသည်လဲ သူတွဲခိုထားပါသော Jeff အားလွှတ်လိုက်ပြီး Daou ဆီသို့ ဦးတည်လာခဲ့လေသည်။ သို့သော် ကျောဘတ်မှ ဒဏ်ရာအခြေအနေကြောင့် ထင်သည် Offroad တချက်ယိုင်သွားတုန်း Daou လဲ ထိုလူသားအား အပြေး ထွေးပွေ့လိုက်လေသည်။
သူ့ရင်ခွင်တွင်းမှ နွေးထွေးသော ခန္ဓာကိုယ်လေးသည်ကား အစစ်အမှန်ဖြစ်ကြောင်းသူ့အား သတ်သေပြနေသလိုပင်။ Daou ထိုလူသားငယ်အား ပွေ့ဖတ်ထားမိလေသည်။ ယခုမှ သူ့ဘဝရဲ့ အလင်းရောင်လေးအား ပြန်လည်တွေ့ဆုံလိုက်ရသလိုပင်။ ထိုလူသားငယ်အား မလွှတ်တမ်း ဖတ်တွယ် ထားချင်မိလေသည်။ သို့သော် သူသတိလွတ်မနေသေးပါ Offroad တွင် ဒဏ်ရာရှိနေသေးသည်ပင်။ သို့သော်လဲ အစစ်အမှန်ဖြစ်ကြောင်းကိုတော့ သူသိချင်နေဆဲပင်။
"Road .....Road ..... တကယ် မင်းပါနော် ! ကို့ကို မခြောက်ပါနဲ့ ! ကို့ကို ပြောပါအုန်း "
"တကယ် ကျနော်ပါ P'Ou .... ကျနော်ပါ ..."
"အဆင်ပြေရဲ့လား ..... ကိုလန့်သွားတာပဲ !Road .... ကျေးဇူးတင်ပါတယ် ... အရမ်း ကျေးဇူးတင်ပါတယ် ..... ကို့နားမှာရှိနေပေးလို့ ဒါနဲ့Jeff မင်းတို့ ဘယ်လိုတွေ့ကြတာလဲ ! "
Daou တယောက် Offroad အား မေးမြန်းနေရင်းမှ Jeff ကိုလဲ တဆင့်မေးမြန်းလိုက်လေသည်။ Jeff မှာလဲ ပြုံးနေရင်း စကားဆိုလိုက်လေသည်။ တပြိုင်တည်း Daou သွေးထွက်နေပါသော နေရာအား တချက်စစ်ဆေးကြည့်ရန်ပါ ပြင်လိုက်လေသည်။
"မင်းကအရမ်းလောတာကို အဲတော့ လူတွေကွဲကုန်တာပေါ့ ! တော်သေးတာက ငါ Offroad ကို အရင်ရှာတွေ့လို့သာပဲ ! "
"ကျေးဇူးတင်ပါတယ် Jeff. ! Tobကိုတွေ့ခဲ့သေးလား ! "
"မင်းတပည့်တွေ သူ့ကို ပြန်ခေါ်သွားကြတယ် ! အခုလောလောဆယ် မင်းဒဏ်ရာကို ငါကြည့်ပါရစေအုန်း "
ဒဏ်ရာအသံ ကြားသည်နှင့် Daou ရင်ခွင်တွင်းမှ ထွက်ရန်Offroad ပြင်ပါသောလဲ တဖတ်သူကတော့ သူ့အားတင်းကြပ်စွာဖတ်ထားသည်မို့ Jeff မှာ ကြားမှ ဝင်ပါကတော့သည်။
"နည်းနည်းေလာက်ဖယ်ေပးစမ်ပါအုန်းကွာ .... မင်းဒီလိုလုပ်နေတာနဲ့ တခုခုဖြစ်ရင်Offroad ကို ဘယ်သူကာကွယ်မှာလဲ ? "
Daou ထိုအခါမှ Offroad ဒဏ်ရာအကြောင်းသတိရသွားသည်မို့ Daou မှ Offroad အား ပွေ့ချီလိုက်လေသည်။ ရုတ်တရတ်ဖြစ်သည်မို့ Offroadမှာ Daou လည်ပင်းအား လှမ်းဖတ်တွယ်လိုက်ချိန် ဒဏ်ရာအားသွာထိမိသည်ကြောင့် အသံအနည်းငယ် ထွက်သွားရလေသည်။ Daou အား စိုးရိမ်တကြီး အသံထွက်မေးလာလေသည်။
"အဆင်ပြေရဲ့လား ! အရမ်းနာသွားသေးလား ! အရင်ဆုံး Offroad ကို ဆေးရုံအရင် ပို့သင့်တယ် ကျန်တာကတော့ ငါပြောထားတဲ့အတိုင်း ဆတ်လုပ်လိုက်ပါ Jeff "
Daou အပြောအား နားမလည်ရှာပါသောOffroad လဲ Daou အားမေးမြန်းလိုက်လေသည်။
" ဘာတွေလဲ P'Ou..... P'Jeff ဘာတွေလဲ ? "
Daouအားမေးမြန်းနေပါသော်လဲ ပြန်မဖြေလာသောကြောင့် Offroad လဲ Jeff အား လည်ပြန်ကြည့်ပြီးမေးလိုက်လေသည်။ သို့သော် Jeff ရဲ့ အပြောပင်မဆုံးသေးခင် Daou မှာ အလျင်အမြန်ထွက်ခွာသွားသည်မှာ ကိုယ်တိုင်ကတော့ ဒဏ်ရာရနေသည်ကိုပင် သတိမမူမိပေ။
အနောက်မှာ ကျန်ခဲ့ပါသော Jeff တယောက်မှာ မြေပြင်ထက် ရိုက်ချခံထားရပါသော Nick အား လည်ကုတ်မှ ဆွဲကိုင်လိုက်ပြီး သူနှင့်အတူ တပါတည်း ခေါ်ဆောင်သွားလိုက်လေသည်။ ကျန်သော လူများအားလဲ ခေါ်ဆောင်လာရန် သူ့အဖွဲ့သားများအား တာဝန်ပေးလိုက်တော့သည်။ ထို့သိုနှယ် ကိစ္စကြီးတစ်ခုအား ဖြေရှင်းလို့ပြီးစီးသွားလေသည်။ မပြီးသေးသည်က တဖတ်မှ ဆေးရုံမှာပင်။
ဆေးရုံတွင်း အရေးပေါ်ဌာန ခွဲခန်းရှေ့တွင် Daou တယောက် အငြိမ်မနေနိုင် ဖင်တကြွကြွ ဖြစ်နေသည်မှာ သူ့အနီးအနားထိုင်နေပါသော Tob. မှာ ဒဏ်ရာက နာရသည့်အထဲ မျက်လုံးပါ ပိုနောက်လာတော့သည်။
" P .... ထိုင်နေလိုက်ပါလား ! Offroad အတွက် သိပ်လဲစိတ်မပူနေပါနဲ့ ! Wat ကိုယ်တိုင် ဦးဆောင်ပေးနေတာပဲ !အရမ်းလဲ စိတ်မပူပါနဲ့ P ဒဏ်ရာကို ဆေးအရင်ထည့်လိုက်ပါအုန်း "
"အွန်းပါ..... မင်းလဲ အနားယူလိုက်ပါအုန်း ! ပင်ပန်းသွားပါပြီ ! ကျေးဇူးလဲ တင်ပါတယ် "
"P ကျနော့်ကို ကူညီခဲ့တာေတွ အတွက် ဒါကအသေးအမွှား ကိစ္စလေးပါပဲ P ! ဒါဆိုကျနော် သွားအနားယူလိုက်အုန်းမယ် "
Daouခေါင်းသာညှိတ်ပြလိုက်သည်မို့ Tobလဲ ဆေးပိုက်တန်းလန်းဖြင့် သူ့အခန်းရှိရာသို့သာ သွားလိုက်လေသည်။ သိပ်ပြီးမကြာခင်မှာပဲ သူ့အနားသို့ ဆရာဝန်တယောက် ရောက်ရှိလာပြီး ဒဏ်ရာချုပ်ပေးရန် ခေါ်ပါသော်လဲ ပေကတ်နေပါသော ထိုလူကြောင့် ဆရာဝန်မှာ ခေါင်းစားရလေသည်။
Jeff နှင့် Din အပြင် Din မွေးစားအဖေပါ ရောက်လာသည်နှင့်အထိ ထိုပြဿနာမှာ မပြီးသေးသည်မို့ နောက်ဆုံးတွင်တော့ Jeff မှာ အကူအညီတောင်းပြီ ထိုခွဲစိတ်ခန်းဘေးတွင်သာ ဒဏ်ရာချုပ်ရတော့သည့် အဖြစ်သို့ရောက်ရှိလေတော့သည်။
Daou လဲ ထိုလူသုံးဦးအားအပြန်အလှန် နှုတ်ဆတ်လိုက်ပြီး ထိုလူသုံးယောက်သည်လဲ အသီးသီး နေရာယူလိုက်လေသည်။ Jeffမှ Daou အား မေးမြန်းလိုက်လေသည်။
"Offroad အခြေအနေဘယ်လိုနေလဲ ! "
"ခုချိန်ထိတော့ ထွက်မလာသေးဘူး ! Wat. ကတော့ စိတ်ပူစရာမရှိဘူး ပြောတာပဲ "
"အရမ်းလဲ စိတ်မပူပါနဲ့ အကုန်အဆင်ပြေသွားမှာပါ ! "
" အဲ့လိုပဲ ထင်ပါတယ် Offroad က ထင်ထားတာထက် သန်မာပါတယ် ဒါနဲ့ ပြောထားတဲ့ကိစ္စ ...."
Daou တယောက် Jeffအား ပြောမဲ့စကားမတိုင်ခင် Dinမှ ဝင်ပြောလိုက်လေသည်။
"P အဲ့လောက်ထိ လုပ်စရာမလိုတာ သိတယ်မဟုတ်လား P အဲ့လောက်ကြီးကျ ....... "
"Din ငါဒီလောကထဲ ဝင်လာကတည်းက တနေ့ ဒီလိုလုပ်မယ်လို့ ဆုံးဖြတ်ပြီးသားမို့ ငါ့ကိုမတားပါနဲ့ Din "
"ဒါ ပေမဲ့ Offroad ကကော P သူ့အတွက်ကော ....... "
"သူလဲ ဒီအတိုင်းဖြစ်စေချင်မှာပါ ..... ဒီမှာတင် ရပ်ရအောင် Din "
"P...... "
Din ဆတ်ပြောမည့်ကိစ္စအား Jeff မှ ခေါင်းခါပြလိုက်တာမို့ Din လဲ သဘောတူရုံသာ တတ်နိုင်ပေတော့သည်။ Daou မှာတော့ လာတော့မည့် ကိစ္စများအား ထိပ်တိုက်ရင်ဆိုင်ရုံသာ တွေးထားလေတော့သည်။ Daou တို့ စောင့်နေသည်မှာ နောက်ထပ် တနာရီကြာပြီးနောက် ခွဲခန်းမှ မီးအလင်းမှာ ပိတ်လိုက်ပြီး ထိပ်ဆုံးမှ Wat ဦးဆောင်ပြီး ခွဲခန်းမှ ထွက်လာလေသည်။ Daou ထိုအနားသွားလိုက်ပြီး မေးလိုက်လေသည်။
"အဆင်ပြေရဲ့လား Wat "
"သွေးထွက်တော့လွန်နေပေမဲ့ ကျနော်တိူ့ အချိန်မှီ ကယ်တင်လိုက်နိုင်ပါတယ် စိတ်ပူစရာတော့မရှိတော့ပါဘူး! အခုတော့မေ့ဆေးကြောင့် အိပ်နေပါလိမ့်မယ် မကြာခင်သတိရလာလိမ့်မယ် အဲ့ချိန်ကျ ကျနော့်ကိုလာခေါ်ပေးပါ P "
"ကောင်းပါပြီ Wat.... ကျေးဇူးတင်ပါတယ် "
"ကျနော့်တာဝန်ပါ P ခဏနေနေရာရွှေ့ပေးလိုက်မယ် P လဲဂရုစိုက်ပါ "
Daou ခေါင်းညှိတ်ပြလိုက်သည်နှင့် Wat လဲအနောက်မှ Jeff နှင့် Din တို့အား ပြုံးပြလိုက်ပီ့း သူ့ဆရာဝန်အဖွဲ့နှင့်အတူ ထွက်ခွာသွားကြလေသည်။ ခဏနေ ခွဲခန်းထဲမှ Offroad အား တင်ဆောင်ထားပါသော ကုတင်ထွက်လာပြီး ထားရှိရမည့် အခန်းထဲဝယ် နေရာချပေးသွားလေသည်။
အားလုံးပြီးစီးမှ Daou လဲ Offroad ကုတင်ဘေးထိုင်လို့ လက်သွယ်သွယ်အား ကိုင်တွယ်ထားရင်း တဖတ်သောသူလေး သတိရလာမည့်အချိန်အား စောင့်ဆိုင်းနေမိလေသည်။ညအချိန်မှ နေ့အချိန်သို့ ကူးပြောင်းလာချိန်ဝယ် ဖိမှိတ်ထားခဲ့ပါသော မျက်ဝန်းတစုံသည် ဖွင့်ဟလာခဲ့လေသည်။
Offroad သူသိတိရလာခြင်းပင် တွေ့လိုက်ရပါသော မျက်နှာကျက် ဖြူဖြူအား ခေတ္တခဏ စိုက်ကြည့်နေမိလေသည်။ ပြီးနောက် ဘေးဘီဝဲယာအားကြည့်မိတော့ ဆေးရုံကဲ့သို့သော အပြင်အဆင်နှင့်အတူ သူ့ဘေးနားဝယ် ဘေးတခြမ်းစောင်း မှောက်အိပ်နေပါသော Daou အားတွေ့လိုက်ရလေသည်။
Offroad ကုတင်ထက် နှစ်ခြိမ့်စွာ အိပ်ပျော်နေပါသော Daou အားငေးကြည့်နေရင်း သူ့အချိန်စက္ကန့်အချို့အား ကုန်ဆုံးစေလိုက်လေသည်။ ထိုလူသားသည် ယခုအိပ်ပျော်နေချိန်ဝယ် အကာအကွယ်မဲ့နေသလို အန္တာရာယ်မရှိသလိုထင်ရပါသော်လဲ Nick အား ဆုံးမနေချိန်ဝယ် ရက်စက်ပြတ်သားလှပါသော သူ့ရဲ့ အင်အားကို ခံစားမိလေသည်။
သို့ေသာ် ယခုချိန်တွင်တော့ ထိုလူသည် အပြစ်ကင်းစွာ အိပ်ပျော်နေခဲ့လေသည်။ ထိုလူသားသည် သူ့ချစ်ရပါသော သူဖြစ်လေသည်။ သူအသတ်နှင့်ပင် ရင်းပြီး ချစ်ရသော သူ ဖြစ်လေသည်။ Offroad သူ့လက်တဖတ်အား ဆန့်တန်းလိုက်ပြီး သူ့ဖက်လှည့်အိပ်ေနပါေသာ Daou နဖူးပြင်လေးအား အသာထိကြည့်လိုက်လေသည်။ ပြီးနောက် စူးရဲပြင်းထန်ပါသော မျက်ဝန်းတစုံအား ဖုံးကွယ်ထားပေးပါသော မျက်ခွံလေးထက် တဖုံ နှာတံ စင်းစင်းလေးအားလဲ ထိကြည့်မိလေသည်။ ထို့နောက် ပါးပြင် နုနုထံလေး နောက်ဆုံးအနေဖြင့် အနူးညံ့ဆုံးအနမ်းတို့နှင့်အတူ စကားလုံးလေးတွေအား ဆိုတတ်ပါသော နှုတ်ခမ်းရဲရဲလေးအား ထိကြည့်မိလေသည်။
Offroad နှုတ်ခမ်းသားလေးအား ထိကြည့်နေတုန်း လက်တဖတ်မှ သူ့လက်လေးအား ဆုပ်ကိုင်လာလေသည်။ ပြီးနောက် သူအိပ်နေသည်ထင်ပါသော Daou မှတော့ သူ့ရဲ့စူးရဲစွာညှိုးငင်နိုင်ပါသော မျက်ဝန်းတစ်စုံအား ဖွင့်ဟလာလေသည်။
"တောင်းပန်ပါတယ် ကျနော်လုပ်လိုက်လို့ နိုးသွားတာလား ! "
"မဟုတ်ပါဘူး ! ကိုဒီအတိုင်း မျက်လုံးတွေ မှိတ်ထားရုံပါ "
"အစကတည်းက သိနေတာပေါ့ ! ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ !"
"ကိုအိပ်နေတဲ့ချိန် မင်းလေး ဘာတွေ လုပ်မလဲ သိချင်လို့လေ "
Daou မှာ Offroad လက်လေးအား ဆုပ်ကိုင်ထားပြီး ခေါင်းစောင်းလျက် အိပ်နေသည့်အတိုင်း Offroad အားစိုက်ကြည့်နေလေသည်။ ထိုသို့နှယ် ကောင်လေးနှစ်ယောက်မှာ မည်သည့်စကားမျှမဆိုပဲ တဦးကို တဦး ငြိမ်သတ်စွာ ကြည့်နေကြရင်း အခန်းလေးထဲ ငြိမ်အေးနေလေသည်။ ထိုကောင်လေးနှစ်ဦးရဲ့ အတွေးကကော ထပ်တူကြပါရဲ့လား ????
Note
နောက်တပိုင်းဆို ဒါလေးဇာတ်သိမ်းပါတော့မယ်နော်။ ဟီး..... မကြာခင်ခွဲရတော့မယ်
ကျနော်ရဲ့ wattpad ကလေ စာတွေ reply ပြန်မရဖြစ်နေလို့လေ reply မပြန်မိတာပါနော်။ ဘာဖြစ်နေမှန်းကိုမသိတာပါ ခင်ဗျ ။
နောက်နေ့မှတွေ့မယ်နော် ဘိုင်ဘိုင်ခ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




