42
15:48, 31 January 2025"မင်းတို့အသံတွေကိုပိတ်ထားလို့ မရဘူးလား !!! နားတွေကိုညီးနေတာပဲ !!! ငါ့ကိုခုချက်ချင်း ကြိုးဖြေပေးစမ်း !!!! ငါ့မိဘတွေ ဘယ်သူလဲ သိရဲ့လား !!! ပြီးတော့ ဟိုတယောက် မင်းရည်းစားလား ဘာလားမသိပေမဲ့ ငါ့မှာသူ့ကိုထိတောင်မထိရသေးဘူး ကို့ဘာသာ သတ်သေသွားတယ် ဟက်! ငါ့မှာပိုက်ဆံလဲဆုံးသေး ဘာမှမရတဲ့အပြင် အခုအချုပ်ပါခံထားရတယ် ဟန့်!!! "
"ခင်များကြီး !!!! "
ထိုလူရဲ့အပြောအဆုံး Taa တယောက် Eit အား ကြမ်းပြင်ထက် အသာအယာ ချလိုက်ပြီး ထိုလူဆီသွားရန်ပြင်သော်လဲ Offroad မှ ကြားထဲမှ တားလိုက်လေသည်။
"Taa မင်းစိတ်ထင်တိုင်း မလုပ်နဲ့ !! အဲ့လူ ထောင်ထဲမှာ ကောင်းကောင်းမနေရအောင် ငါလုပ်ပေးမယ် စိတ်လျော့"
Offroad တားဆီးထားသည်မို့ Taa မှာ ထိုနေရာတွင် ရပ်တန့်နေပါသော်လဲ လက်သီးကျစ်ကျစ်ဆုပ်ထားပါသော အ ခြေအနေရ ထိုလူအား သတ်ပစ်ချင်နေသည်မှာ သေချာလေသည်။
"ဟက်! ငါ့ကိုများ လာထိချင်နေသေးတယ် ! မင်းငါ့အကြောင်းမသိသေးလို့ပါ သိသွားရင် မင်းငါ့အရှေ့မှာ ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျက်ဖို့ တောင်း ပန်နေမှာ မြင်ယောင်သေးတယ် ဟုတ်တယ်မလား Tob "
Tob သူ့အားအဖော်လာညှီနေသူအား မျက်စိမှိတ်လို့လျှစ်လျူရှုထားလိုက်လေသည်။ သို့သော် ထိုလူမှာတော့ ကိုသေတွင်း ကိုဆက်တူးနေဆဲပင်။
"ဘာလဲ ! Tob မင်းမေ့သွားပြီလား မင်းညီမအတွက် မင်းမိဘတွေ ဘယ်လောက်အောက်ကျို့ခဲ့လဲဆိုတာလေ "
"မင်း!!!!!"
ထိုလူအပြောအဆုံး Tobထိုလူရဲ့ အိကျီစအား ဆွဲလိုက်ပြီး ထိုးရန်ပြင်လိုက်လေသည်။ တဖတ်ရှိ သူ့ငယ်သားများမှာ သူအားဆွဲထားလို့သာ ထိုရှေ့မှ လူရဲ့ သွားများအစုံလိုက်ရှိနေခြင်းပင် ။
"Tob "
"တောင်းပန်ပါတယ် P "
Daou အသံကြောင့် Tobလဲ သူ့ဒေါသအား ထိန်းလိုက်ပြီး တောင်းပန်လိုက်လေသည်။ Daou လဲ ခေါင်းသာ တချက်ညှိတ်ပြလိုက်လေသည်။ သို့သော် သေးတွင်းတူးချင်နေတဲ့သူက သပ်သပ်ကိုရှိနေလေသည်။ Tobပုံစံအား ကြည့်ပြီး အချုပ်ခံထားရသော တဖတ်လူသည် တဟားဟား အော်ရီလာလေသည်။
"ဟားဟားဟား .... Tob. မင်းက မပြောင်းလဲသေးဘူးပဲ ခုချိန်ထိ သူများပြောသမျှ နာခံနေတုန်းပဲ အဲ့တုန်းက ဒီလိုပဲမဟုတ်လား ! မင်းခခယယနဲ့ တောင်းပန်နေခဲ့တာလေ ပြောမဲ့သာ ပြောတာ အဲ့တုန်းက မင်းညီမလေး တကယ်သိပ်အရသာရှိတာကွ ! ခုထိငါမှတ်မိနေတုန်း ပဲ "
ထိုလူသည် လျှာသပ်လျက် Tob အား ကြည့်ပြီး ပြောလိုက်လေသည်။ Tobမှာတော့ ထွက်လာသော ဒေါသများအား မြိုသိပ်နေရသည်မှာ လက်မှ သွေးကြောများပင် ထောင် ထနေသည်က အသိအသာပင် ဖြစ်လေသည်။
"ငယ်ရွယ်ပြီး လက်ဆတ်တယ် လုံးဝ အသစ်ကလေး ဟက် ! ခတ်တာက အဲ့ကလေးမက မနာခံတတ်တာပဲ လုံးဝ သိတယ်မလား ! ဟက် အဲ့လိုကြောင့်နဲ့ လေ......"
"မင်းစောက်ပါးစပ်ကို ပိတ်ထားစမ်း!!!!! "
"ဘာဖြစ်လို့လဲ ငါကအဲ့တုန်းက အတွေ့အကြုံလေးပြောပြတာကို ! ဟွန့် "
"မင်း !!!!! "
"မင်းငါ့ကို လာထိကြည့်လိုက်လေ ! အဲ့တုန်းကလို ထောင်ထဲ ထပ်ရောက်ချင်လို့လား !!! "
"Tob စိတ်ထိန်းပါ အဲ့လူကို အပြင်ခေါ်ထုတ်သွားလို့ရမလား "
"မင်း က ဘာကောင်မို့လို့လဲ ! "
သူစကားဖြတ်ပြောလိုက်သူ Offroad အား လှည့်ကြည့်လာပြီး ထိုလူမှာ ရန်စသလိုဆိုလိုက်လေသည်။ Offroad ကတော့ ခပ်တည်တည်သာ ထိုလူအနား လျှောက်သွားရင်းပြောလိုက်လေသည်။
"မကြာခင် ခင်များကို ထောင်ထဲထည့်ပေးမဲ့သူလေ "
"ထောင်ထဲ ! ဟားဟား! ငါကကြောက်မယ် ထင်နေလား မင်းတို့အထက်လူကြီးတွေဆိုတာ ငါခြေထောက်အောက်က ခြေမှုန်လောက်တောင် ဂရုစိုက်စရာမလိုဘူးဆိုတာ သိရဲ့လား ! မင်းလိုဟာလေးအတွက်ကတော့ ဟက် !! "
ထိုလူမှာ သူ့ ရှေ့ ရပ်နေပါသော Offroad အား အပေါ်အောင် စုံဆန် ကြည့်လိုက်ပြီး ထပ်ပြောလိုက်လေသည်။
" လေတချက်မှုတ်တာနဲ့ ပျောက်သွားမယ့် ဖုန်မှုန့်လေးသာသာပဲ ရှင်းလား ! ဒါမဲ့ မင်း ကြည့်ရတာ အချောလေးပဲ ! ငါ့ကိုသာခစားမယ်ဆို မင်းဒီထက်အမြင့်ရောက်စေရမယ်လို့ ငါကတိပေးတယ် ဘယ်လိုလဲ ! စိတ်ဝင်စားလား "
"မင်း ! ငါ့ကိုကော စိတ်မဝင် စားဘူးလား !"
"မင်း!!! လွှတ် !! အား!!! ကယ်ကြပါအုန်း !!"
"P'Ou !! P'Ou ! P'Tob လုပ်ပါအုန်း !"
"P !"
ဖြစ်ပုံမှာတော့ တဖတ်လူမှာ ရိသဲ့သဲ့ ပြောရင်း Offroadအနားကပ်လာသည်အား တွေ့သည်နှင့် Daou တယောက် ထိုလူရှိရာသို့ ရောက်ချလာပြီး ဂုတ်မှဆွဲ ကာ တရွတ်တိုက်ခေါ်သွားချင်းဖြစ်လေသည်။ Offroadမှာ ရုတ်တရတ်မို့ အလန့်တကြားဖြစ်သွားရလေသည်။ Taaတို့အား လူအချို့ ချန်ထားစေလျက် Daou အနောက် ပြေးလိုက်ရတော့သည်။ ခုချိန်တွင် Daou အမှန်တကယ် ဒေါသထွက်နေသည်မှန်း သူခံစားမိလေသည်။
"မင်းဘာလုပ်တာလဲ !!! အဟွတ် ! အဟွတ် !"
Daou လူလက်ထဲမှ လူအား တရွတ်တိုက်ဆွဲလာရင်း သူတွေ့ခဲ့ပါသော ကြီးမားသော မီးဖိုကြီးများ ရှိနေသည့်နေရာသို့ ခေါ်ချသွားပြီး ထိုမီးဖိုကြီးတွေရှေ့ ပစ်ချလိုက်ခြင်းဖြစ်လေသည်။
"မီးမွှေးစမ်း !!"
Daou အမိန့်ပေးသံအဆုံး နောက်မှ လိုက်လာသော ငယ်သားတယောက်မှ မီးစမွှေးလိုက်လေသည်။ ထိုမီးဖိုကြီးများမှာ မီးသဂြိုလ်စက်များနှင့် ဆင်တူလေသည်။ Daou အထင်မှန်ခဲ့လေသည် ထိုနေရာရှိလူများသည် အလောင်းများစွန့်ပစ်ရန်အတွက် မီးရှိ့ အစဖျောက်ကြခြင်းဖြစ်လေသည်။ ထိုနေရာတွင် မီးသတ်ဂြိုလ်စက် ၅လုံးခန့်ရှိလေသည်။
"P'Ou "
Daouသူ့နောက်မှ လှမ်းခေါ်ပါသော Offroad အသံကြားပေမဲ့လဲ လှည့်မကြည့်ခဲ့ပေ။ သူ့ရှေ့ဆီ လူဆီကိုသာ စိုက်ကြည့်နေခဲ့လေသည်။ Daou ရဲ့အကြည့်များမှ သူ့အသက်အား နှုတ်တော့ မည့် သေမင်းတပါးနှယ် သူ့အား နှုတ်ခမ်းတွန့်ရုံရီပြလာလေသည်။ ထိုလူမှာကြောက်လန့်တကြား ဖြင့် ထွက်ပြေးရန်လုပ်ပါသော်လဲ Daou မှာ ထိုလူဝမ်းဗိုက်အား ထိုးလိုက်ပြီး ထိုလူရင်ဘက်ပေါ်နဲ့ သူ့ခြေထောက်အား တင်ထားလိုက်လေသည်။ ထိုလူမှာ ကြောက်လန့်တကြား ဟစ်အော်လာလေသည်။
"မင်း!!! ငါ့ကိုလွှတ်စမ်း !!! ငါကိုလာမထိနဲ့ !! ငါ့ကိုထိတာနဲ့ မင်းပြေးစရာမြေမရှိဖြစ်စေရမယ် !!"
"ဟုတ်လား !! ခတ်တာက မင်းပြောနေတဲ့ မင်းရဲ့ နောက်ခံကငါ့အတွက်တော့ ဂရုစိုက်ဖို့တောင် မတန်တဲ့ဟာတွေပဲ ပြီးတော့ မင်းကများ သူ့ကို ပါးစပ်သရမ်းရဲသေးတယ် "
Daou သူ့နောက်မှ Offroad အား လက်ညှိုးထိုပြလိုက်လေသည်။ သူ့ခြေထောက်အောက်ရှိ လူမှာ တံတွေးမြိုချလိုက်လေသည်။
"မင်းလိုကောင်ကများ !!!!"
Daou ထိုလူအား ကန်ဖို့ပြင်လိုက်ပေမဲ့ ထိုလူမှာ ထထိုင်လာပြီး လက်အုပ်ချီလျက် ဆိုလာလေသည်။
"တောင်းပန်ပါတယ် ! ကျနော်မှားသွားပါတယ် ! နောက်ဆို သတိထားပါ့မယ် အကိုကြီး ! ကျေးဇူးပြုပြီး ဒီလူက ဒီလိုတောင်းပန်ပါတယ် ဒီလို ! ဒီလိုတောင်းပန်ပါတယ် "
"P'Ou "
ထိုလူမှာ တတွတ်တွတ်ဆိုရင်း လက်အုပ်ချီလျက် Offroad အား ကန်တော့နေသည်မို့ Offroad နေရာအနည်းငယ် ရွှေ့လိုက်ပြီး Daou အား ခေါ်လိုက်သော်လဲ သူ့ရှေ့မှ လူသည်ကား ကျောခိုင်းထားဆဲ ဖြစ်နေသည်။
"ဟက်! မင်းသူ့ကို စပြီး ထိပါကတည်းက ငါ့သည်းခံစိတ်ကကုန်သွားပြီ !! ဒီကောင်ကို လာချုပ်ထားစမ်း !"
"အား!!!! မလုပ်ပါနဲ့ !!! ကြောက်ပါပြီ !!! ကျနော်တကယ် တောင်းပန်ပါတယ် !!!! မလုပ်ပါနဲ့ !!!!"
"P'Ou တော်လိုက်ပါတော့ ! "
"Tob!! Offroad ကို ခေါ်ထားစမ်း !! ဒီနားရောက်မလာစေနဲ့ !! "
"ဟုတ်ကဲ့ P တောင်းပန်ပါတယ် Offroad "
"P'Tob ....P'Ou !!"
Offroad မှာ အရှေ့မှ ကြောက်လွန်းလို့ အောက်ပိုင်းမှ အရည်တွေပါ ထွက်ကျနေသူကြောင့် Daouအား ရပ်တန့်ရန်ပြောပါသော်လဲ Daou မှတော့ ယနေ့မှ ပိုပြီး ဒေါသထွက်နေပုံရလေသည်။ အမိန့်ပေးသံကြားသည်နှင့် Tobမှာ Offroad အား တောင်းပန်လိုက်ပြီး ဖြတ်မသွားနိုင်အောင်ပိတ်ထားလိုက်လေသည်။ Offroad မှာ Tobနှင့် ရင်ဆိုင်ရင်း အရှေ့သို့မရောက်နိုင်ခဲ့ပေ။
ထိုအချိန် Daou မှာတော့ သူ့လက်စွဲတော် ဓားမြှောင်အား ထုတ်နေရင်းမှ ပြန်သိမ်းလိုက်ပြီး ငယ်သားတယောက်အား ဓားထုတ်ခိုင်းလိုက်လေသည် ။ ထိုဓားအား ယူလိုက်ပြီး သူ့ရှေ့က လူရဲ့ လည်ပင်းအား ချိန်ထားလိုက်လေသည်။
"ဒီနေရာကို ဖြတ်လိုက်ရမလား "
"မလုပ် !! မလုပ်ပါနဲ့ "
"မဟုတ်သေးဘူး! ဒီနေရာဆို တခါတည်းသေသွားမှာ ငါကမင်းကို မသေစေချင်သေးဘူး "
Daou အေးစက်စက် ဆိုလိုက်ရင်း ဓားသွားအား နှလုံးရှိရာဘက်သို့ ထောက်လိုက်လေသည်။ သူ့ရှေ့ကလူမှာ မလှုပ်ရဲစွာဖြင့် တဆတ်ဆတ်တုန်နေလေသည်။
"နိုး! ဒီနေရာကလဲ သေမှာ အဲ့တော့ ....."
တဖြေးဖြေး ဓားသွားသည် ဝမ်းဗိုကါနေရာအား ထောက်ထားလေသည်။
"ဟွန်း !! ဒီနေရာကျ သိပ်အဆင်ပြေမနေဘူး မင်းက မှတ်ထားမဲ့ကောင်မဟုတ်တော့ တခါထဲ မှတ်သွားအောင်လုပ်ပေးရမှာ "
တဖြေးဖြေး ဓားဖျားသည် ထိုလူရဲ့ အောက်ဘက်တနေရာတွင် ရပ်တန့်သွားလေသည်။ Daou ထိုလူအား ကြက်သိန်းထစွာ ပြုံးပြလိုက်လေချိန် ထိုလူမှာ ခေါင်းတွေခါလာေလသည်။
"မင်းက မျိုးပွားရတာ အရမ်းကြိုက်တယ်မဟုတ်လား မျိုးပွားလွန်းရင်ကျောက်ကပ်ထိခိုက်တတ်တယ်လေ ငါက မင်းကို ကောင်းစေချင်လို့ ကူညီပေးတာနော် သူ့ကိုမလှုပ်စေနဲ့ သေချာကိုင်ထား!!! မဟုတ်လို့ နေရာလွဲသွားရင် ငါပြန်မရှာပေးနိုင်ဘူးကွ "
Daou သူ့အပြောဆုံးတာနဲ့ နဂိုရီနေသော မျက်နှာမှ ရက်စက်ခတ်ထန်သော အမူအရာသို့ပြောင်းလဲသွားလေသည်။ ထို့နောက်တွင်တော့ Daou အရှေ့မှ လူရဲ့အော်သံနက်ကြီး ထွက်ပေါ်လာတော့သည်ပင်။
"အား!!!!!!!"
"မလှုပ်ပါနဲ့အုန်း !! နည်းနည်းကျန်သေးတယ် ...... ကဲ အခုမှ ပဲ ပုံစံကျသွားတော့တယ် "
Daou စကားဆိုပြီး အရှေ့မှ လူအားကြည့်လိုက်ချိန်ဝယ် ထိုလူမှာ ဖြူဖျော့နေပြီ ဖြစ်လေပြီး သူ့အောက်ပိုင်းဝယ် သွေးကွက်ကြီး တကွက်မှာ ရှိနေလေသည်။ Daou သူ့လက်ထဲမှ ဓားအား ငယ်သားတယောက်အားပေးလိုက်လေသည်။ သူ့ရှေ့မှ လူရဲ့လည်ပင်းအား ညှစ်လိုက်ပြီး မီးသဂြိုလ် စက်ရှေ့တည့်တည့်ထားလိုက်လေသည်။
"မင်းသေချာကြည့်ထား ! "
ထို့နောက် တဆတ်တည်း ဘေးဘက်မှ ငယ်သားအားဆိုလိုက်လေသည်။
"အဲ့အောက်ကဟာကို ရှေ့က မီးသဂြိုလ်စက်ထဲပစ်ထည့်လိုက် "
တဖတ်သူမှာလဲ Daou အမိန့်တိုင်းပဲ ပစ်ထည့်လိုက်လေသည်။ ထိုအထဲမှ တဖျစ်ဖျစ်တောက်လောင်နေပါသော အသံနှင့်အတူ အနံ့သက်တခုပါ ပေါ်လာလေသည်။
"နောက်တခါ ပါးစပ်ထပ်သရမ်းရင် ပြတ်သွားမှာ မင်းလျှာ ဖြစ်နေမယ် ကောင်းကောင်းသင်ယူထား မင်းတို့ ဒီအထပ်မှာ ခွဲစိတ်ခန်းရှိတယ် မင်းတို့ဖမ်းထားတဲ့အထဲမှာ ဆရာဝန်တယောက်ရှိလိမ့်မယ် အဲ့တယောက်ကိုခေ့ါ်ပြီး ကုခိုင်းလိုက်။ မသေစေနဲ့ လိုပြောလိုက် ဒီကောင်သေရင် အဲ့လူပါ တခါတည်းပစ်သတ်ခဲ့လိုက်ခေါ်သွားတော့ "
"ဟုတ်ကဲ့ '
ထိုလူအုပ်ထွက်သွားပြီး လူရှင်းသွားတော့မှ Daou အနောက်သို့ လှည့်ကြည့်လိုက်လေသည်။ သူ့အား မသိသူတယောက်လို့ ကြည့်နေပါသော Offroad ကြောင့် Daou တချိန်လုံးအနောက်ကို လှည့်မကြည့်ခဲ့ခြင်းဖြစ်လေသည်။ မဟုတ်ရင် သူ့ဆုံးဖြတ်ချက်များ ပြောင်းသွားနိုင်သည်မှာ အသေအချာပင်။
Tob လက်မှ လွတ်သည်နှင့် Offroad တယောက် Daouအရှေ့သို့အပြေးသွားလေသည်။
"P'Ou "
"ဒီနေရာက အနံ့အသတ်မကောင်းဘူး အပြင်သွားရအောင် "
Offroadအပြောအား စောင့်မနေတော့ပဲ Daou ထိုအခန်းတွင်းမှ ထွက်လာလိုက်ပြီး လက်ဆေးဖို့ နေရာအား ရှာလိုက်လေသည်။ ထိုရှာနေစဉ်အတောအတွင်း Offroad မှာ တောက်လျှောက် သူ့အနောက် တကောက်ကောက်လိုက်နေသည်မှာ ကလေးအမေကြီးနောက် တကောက်ကောက်လိုက်နေရှာသော ကလေးငယ်လေးအလားပင်။
Daou တနေရာတွင် လက်ဆေးဖို့ နေရာတွေ့သွားသည်မို့ သူ့လက်အား ပယ်ပယ်နယ်နယ် ဆေးနေလိုက်လေသည်။ သူ့အနောက်မှ Offroad မှာ စကားစလာလေသည်။
"P'Ou ဘာလို့ ဒီလို လုပ်လိုက်ရတာလဲ ? ကျနော့်ကိုဖြေ ...."
"........"
လက်ဆေးရေများအား ရှားပါးအရာသဖွယ် အာရုံစိုက်နေပါသော Daouအား Offroad လက်မှဆွဲလို့ သူ့ဖက်သို့ လှည့်လိုက်စေလေသည်။ ဒါတောင် မျက်လုံးချင်းမဆုံပဲ ရှောင်နေသူအား Offroad သူ့မျက်နှာတည့်တည့်အား ကြည့်စေလိုက်လေသည်။
"ကျနော်မေးနေတာ ဖြေ ..."
"မင်းကို ရစရာမရှိအောင် ပြောနေတဲ့ လူကို သဘောကောင်းပြနေရအောင် ကိုက တရားပေါက်နေတဲ့သူမဟုတ်ဘူး "
"ဒီအကြောင်းပြချက်ကြောင့်ပဲလား P'Ou "
"ဟုတ်တယ် "
"အဲ့လောက်ထိမလိုဘူးလေ P'Ou ! ကျနော်သူ့ကို ထောင်ကျအောင်လုပ်ပြီး ပြစ်ဒဏ်ခံရအောင် သေချာပေါက်လုပ်မယ်လို့ ပြောထားတယ်လေ ဘာလို့ဒီလိုနည်းလမ်းနဲ့ တုန့်ပြန့်ရတာလဲ ဒါက ဥပဒေမဲ့...."
"ဥပဒေမဲ့ဆိုပေမဲ့ ထိရောက်တယ်လေ Offroad "
"P'Ou ဒါပေမဲ့ ဒါကြီးက မှန်မနေဘူးလေ "
"ဒါဆို ဘာကမှန်တာလဲ Road ... ဥပဒေဘောင်အတွင်းက ဖြေရှင်းတာက အမှန်ဆုံးလား ! "
"အဲ့လိုက ပိုဖြစ်သင့်တယ်လေ P'Ou "
"ဟန့် ! မင်းအရမ်းငယ်သေးတယ် Road အဲ့လိုဟာတွေက ထောင်ထဲရောက်ရင်တောင် သူတို့နောက်ခံကြောင့် ထောင်ထဲမှာတောင် ဘဝကသာယာနေမှာပဲ !"
"ကျနော်ကတော့ ကတိပေးနိုင်တယ် သူသေချာပေါက်ခံစားရမှာ "
"ဘယ်လောက်သေချာလဲ Road !... မင်းတယောက်ထဲ အားနဲ့လား ! မင်းပြောတဲ့ ဥပဒေ ကသာ ပြဏ်ဒဏ်ချမှတ်နိုင်တယ်ဆို ကို့ရဲ့မိဘတွေအမှုမှန်ပေါ်တာ ကြာပြီပေါ့ Road ဒါကဝေးနေသေးတယ် အနီးစပ်ဆုံး Tob မင်းရဲ့ အရမ်းမျှတပါဆိုတဲ့ တရားဥပဒေကြောင့် သူထောင်ကျသွားတယ် တရားလိုကနေ တရားခံ ဖြစ်သွားခဲ့တာ ဒါကရော မင်းပြောတဲ့ တရားမျှတတဲ့ တရားဥပဒေရဲ့ စီရင်ချက်တခုပဲလား "
"P......"
"မင်းမသိတာတွေ အများကြီးရှိသေးတယ် Road ! ကိုအရင်သွားနှင့်မယ် မင်းကတော့ ဒီကကိစ္စတွေနဲ့ အလုပ်ရှုပ်အုန်းမယ် ထင်တယ် ခဏနေ Jeffတို့ရောက်လောက်ပြီ ကိုသွားတော့မယ် "
"P...."
စကားအဆုံးသတ်တာနဲ့ Daou ထိုနေရာမှ လှည့်ထွက်လာခဲ့တော့သည်။ နောက်မှ Offroadမှာတော့ Daouရဲ့ ကျောပြင်ကျယ်အား ကြည့်လျက်သား ကျန်ခဲ့လေသည်။ သူထံပါးတွင် ပြန်ဖြေရှင်းရန် စကားတို့ ပျောက်ဆုံးနေခဲ့လေသည်။ ခဏကြာ သူ့ပုခုံးထက်ရောက်လာ ပါသော လက်ကြောင့် Offroadလှည့်ကြည့် လိုက်သော် Tobဖြစ်နေလေသည်။
"Pက အရင်တုန်းက အဲ့ဥပဒေ ဘောင်အတွင်းကနေ အပြစ်ပေးဖို့ ကြိုးစားခဲ့ပါတယ် အဖိုးအခအနေနဲ့ သူ့အသက် ပါ ပေးရတော့ဖို့ နည်းနည်းပဲ လိုတော့တာ "
"အဲ့အကြောင်း ကျနော့်ကို ပြောပြနိုင်မလား "
"Pကို မေးကြည့်တာ ပိုကောင်းပါတယ် တခြားသူမေးတာထက် P ကသူကိုယ်တိုင် ပြောပြတာ ပိုပြည့်စုံပါလိမ့်မယ် သွားခွင့်ပြုပါအုန်း "
Tobပြောပြီးတာနဲ့ Offroad အား နှုတ်ဆတ်ပြီး ထွက်ခွာသွားလိုက်လေသည်။ သူအဝေးမရောက်ခင် Offroad အား ထည့်ဖြည့်ပြောလိုက်လေသည်။
"Pခုနက လုပ်လိုက်တဲ့အပြုအမူက တကယ်တော့ ညှာတယ်လို့တောင် ပြောလို့ရသေးတယ် P နေရာမှာ ကိုသာဆို အဲ့ထက်ဆိုးတာတွေ လုပ်မိလောက်တယ် အဲ့ကောင်ကြောင့် ကို့ညီမလေးဘဝပျက်ပြီး အရှက်တကွဲ သေခဲ့ရတယ် ကိုလဲ သူတို့ရဲ့အကွက်ဆင်မှုကြောင့် ထောင်ကျခဲ့ရတယ် အဖေနဲ့အမေလဲ တဘဝလုံး စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားရတယ်ခုချိန်ထိ သူတို့အခြေအနေက ကောင်းမွန်တယ်ဆိုရုံလောက်ပဲရှိသေးတယ် "
ပြီးတာနဲ့ Tob ထိုနေရာမှ ထွက်ခွာသွားတော့လေသည်။ Offroad မှာ ထိုနေရာတွင်သာ တဦးတည်း အထီးကျန်စွာ ရှိနေခဲ့လေသည်။ သူထင်မှတ်ထားခဲ့သော အရာများသည် Daou ပြောခဲ့ သည်အရာများနှင့် နှိုင်းယှဉ်လိုက်လျင် သူ့အတွက် လက်ခံဖို့ ခက်ခဲလှပေသည်။
သူသည် တရားမျှတမှုအားရနိုင်ပါ့မည်လား။ သူ့ ရှေ့မှ လူနှစ်ဦးကဲ့သို့ပင် အခြားထိခိုက်သူ ဘယ်လောက်များများရှိနိုင်လောက်သလဲ ။ သူအတွေးများနေတုန်း နောက်မှ အော်ခေါ်သံကြီးကြောင့် Offroad လန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်မိလေသည်။
"Offroad !!!!!! "
Offroad သူ့အား ခေါ်လာသူအား မြင်လိုက်ချိန် မှင်သက်သွားခဲ့လေသည်။ သူမထင်မှတ်ထားသောသူသည် ထိုနေရာတွင် အဘယ့် ကြောင့် ပေါ်လာရသနည်းပင်။
"P'Fine !"
"Offroad ! တကယ်မင်းပဲကွ "
"P ဒီကို ဘယ်လိုရောက်နေတာလဲ ? "
"ပြောရရင်အရှည်ကြီးပဲကွာ လာခဲ့! ငါမင်းကိုပြောပြမယ် "
နောက်ဆုံးမှာ Offroad တယောက်မှာတော့Fine ဆွဲခေါ်သွားရာနောက် ပါသွားလေတော့သည်။ ထိုနေရာတလျှောက်သည်လဲ Fine ရဲ့ အသံများဖြင့် ဆူညံ့နေတော့သည်။
Note
ပေါ်လာပါပြီ ထုခွန်းခ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




