Fanfics

41

18:22, 22 January 2025

"P'Ou ဘာဖြစ်သွားသေးလဲ ? ဒီသွေးတွေက ......"

"ကို့သွေးတွေ မဟုတ်ဘူး !"

Offroad နှင့် Daou နှစ်ဦးသား ဖတ်နေရာမှ ခွာလိုက်ပြီးနောက် Offroadတယောက်  Daou တကိုယ်လုံးအား စစ်ဆေးလေတော့သည်။ အကျီထက် ပေကျံနေပါသော သွေးတွေအား သူလက်ညိုးထိုးပြလေတော့ Daou မှာ ခေါင်းခါလာပြီး မဟုတ်ကြောင်းပြောလာလေသည်။ ထိုမှသာ Offroad တယောက် သင်ပြင်းအသာ ချလိုက်လေသည်။

"မင်းတယောက်ထဲ ဒီကို ဝင်လာတာလား ကျန်တဲ့သူတွေကော ! ဟိုနှစ်ယောက်ကော!"

"P'Tob တို့နဲ့အတူ လိုက်လာတာပါ သူတို့အနောက်မှာကျန်ခဲ့တာ ကျနော်P'Ou ကို လိုက်ရှာနေလို့ ဒီကိုအရင်ရောက်လာတာ Taaတို့ နှစ်ယောက်ကတော့P'Jeffတို့ကို စောင့်ဖို့ထားခဲ့တယ်  "

"အွန်း ! Jeffတို့က ဘယ်ချိန်ရောက်မလဲ "

"အွန်း  သူတို့ ကတော့ နည်းနည်းတော့ ကြာလောက်အုန်းမယ် ထင်တယ် "

"ဒါနဲ့ P'Ou  Eitကိုတွေ့ပြီလား ! "

"အွန်း"

Daou အနည်းငယ် ခေါင်းညှိတ်ပြလိုက်ပြီး အခန်းထဲသို့သာညွှန်ပြလိုက်လေသည်။ Offroad အခန်းတွင်း တချက်ကြည့်ပြီး တဖတ်တွင် Daou လက်ချက်ဖြင့်  သတိမေ့နေသူ ရှိနေပြီး တခြားဖက်တွင်တော့ အဝတ်ဖြူအုပ်ထားပါသော အရာတစ်ခုရှိနေခဲ့လေသည်။

"P'Ou သူ...."

"အွန်း .... ကို့ဟာကို သတ်သေသွားတာ ကို တားလို့မမှီလိုက်ဘူး ကိုအသုံးမကျဘူး !"

"မဟုတ်ပါဘူး ! P'Ou လဲ တတ်နိုင်သလောက် လုပ်ပေးခဲ့တာပဲလေ ကျနော်စိတ်ပူတာက Taaကိုပဲ သူလက်ခံနိုင်ပါ့မလား "

နှစ်ဦးသား သက်ပြင်းမောတို့သာ ချလိုက်မိလိုက်လေသည်။ ဘယ်လောက်မှ မကွာသော အချိန်လေးတွင် သူတို့ဘက်ရောက်လာသော Tobတို့အား တွေ့လိုက်ရလေသည်။

"P အဆင်ပြေရဲ့လား ! "

"သက်သာနေပါပြီ မင်းတို့ကော ပြေကြရဲ့လား "

"ဟုတ်ကဲ့ P ! အငယ်လေးတွေက အတွေ့အကြုံရလို့တောင် ပျော်နေကြတာ "

"ကောင်းပြီ လူတွေဘယ်လိုလုပ်ခဲ့သေးလဲ "

"ဖမ်းဆီခံရတဲ့ လူတွေကိုတော့ အခန်းတွင်းမှာပဲ ခဏနေဖို့ ကျနော်စီစဉ်ထားပါတယ် အရှေ့မှာလဲ လူစောင့်ခိုင်းထားတယ် ဟိုအကောင်တွေကတော့ အကုန်တစုထဲ အခန်းထဲပိတ်ထားပါတယ် Offroad က သူ့လူတွေလဲ ဆက်သွယ်ထားတော့ အဆင်ပြေမှာပါ P "

"အဲ့တာဆို အထဲက အကောင်ကိုပါ သေချာချုပ်ထားလိုက် "

"ဟုတ်ကဲ့ P "

Daouအပြောဆုံးတာနဲ့  Tobလဲ အထဲဝင်သွားပြီး သူ့လူတွေအား လဲကျနေသူအားထူမရန် ခိုင်းလိုက်လေသည်။ သို့သော် Daou လက်စာမိထားလို့လားမသိ ထိုလူသည် လုံးဝနိုးထလာမည် အရိပ်အယောင်မရှိပေ။ Tobလဲ ငယ်သားတယောက်အား ရေသွားယူခိုင်းလိုက်ပြီး ရေပတ်နှိုးလိုက်ရလေသည်။

ဗွမ်း!!!!!!

"ဘယ် ! မ‌‌ေ* *ိုးတွေ ငါ့ကိုရေ လာလောင်းတာလဲကွ!!"

"သူ့ကို သေချာချုပ်ထားလိုက် "

အေးစက်စက်အမိန့်ပေးသံအဆုံး သူ့အားဘေးနှစ်ဖက်မှ လာဆွဲကိုင်ထားသော လူများအားတချက်ကြည့်လိုက်ပြီး ရုန်းကန်လိုက်လေသည် ။

"မင်းတို့ ! ငါဘယ်သူမှန်းကောသိရဲ့လားကွ ! ရာရာစ စ မင်းတို့ရဲ့ လက်တွေနဲ့ ငါ့ကိုလာထိရဲနေသေးတယ် !! ဖယ်ကြစမ်း !! ခုနက ငါ့ကိုထိုးသွားတဲ့အကောင် ဘယ်မှာလဲ !!! ခုချက်ချင်းထွက်ခဲ့စမ်း !!! မင်းပထွေးနဲ့ စာရင်းလာရှင်း "

Daou အခန်းထဲမှ အော်ကျယ် အော်ကျယ် အသံကြောင့် Tobအားလှမ်းပြောလိုက်လေသည်။

"ဘယ် ‌ေ*ွး ဒီထဲလာဟောင်နေတာလဲ Tob အဲ့ပါးစပ်ကို ပိတ်ထားစမ်း!! "

"ဟုတ်ကဲ့ P ! မင်းတို့ တွေ့ရာရှာပြီး ပိတ်လိုက်တော့ မြန်မြန် !! "

"မင်းတို့ !!! ဖယ်စမ်း !! မင်း! မင်း! Tob မင်းဘယ်လိုလုပ်ဒီရောက်နေတာလဲ !! မင်းသေပြီမဟုတ်ဘူးလား!!"

"မင်း!!!!"

"ဟားဟားဟား!! ငါကမင်းသေပြီတောင်ထင်နေတာ ဘာလုပ်နေတာလဲ ခုငါ့ကိုကြိုးဖြေပေလေ ! "

"Tob မင်းအသိလား! "

"မဟုတ်ပါဘူး P "

"အဲ့တာဆို သူ့ပါးစပ်ကိုဆို့ထားလိုက်တော့ "

"ဟုတ်ကဲ့ ! "

"ဟရောင်တွေ!!! ငါ *ိုး !!! "

"အခုမှ နားအေးသွားတော့တယ် "

Daou သူ့နားအားကလော်လိုက်ရင်း Offroad အားပြောလိုက်လေသည်။ Offroad မှ‌တော့ ခေါင်းတခါခါသာ လုပ်ပြနေလိုက်လေသည်။ မကြာခင် အသံတစ်ခုမှ သူတို့ရဲ့ အေးဆေးနေမှုလေးအား နှောက်ယှက်လိုက်တော့သည်။

"Offroad !....  P'Daou!... "

သူတို့နှစ်ဦးအမည်အား ခေါ်လျှက် ပြေးလာသူ Taa ကြောင့် Offroad တယောက် Daouအားမော့ကြည့်လိုက်လေသည်။ Daou သည်လဲ သက်ပြင်းအနည်းငယ်သာချလိုက်လေသည်။ Taaပြေးလာပြီး အခန်းရှေ့ တည့်တည့်ရပ်နေပါ‌ သောနှစ်ဦးသားအနားသို့ အမြန်သွားပြီး ပြောလိုက်လေသည်။

"တော်သေးတာပေါ့ P တို့ကို ရှာတွေ့လို့ "

"မင်းကို အရှေ့မှာ လူစောင့်ဖို့ ထားခဲ့တာလေ ဘာလို့ ဒီရောက်နေတာလဲ "

"မပူပါနဲ့ ဟိုမိန်းကလေးကို ကျနော်ထားခဲ့ပါသေးတယ် ပြီးတော့ Offroad အစောင့်တွေလဲ ထားခဲ့တယ်မဟုတ်လား အဆင်ပြေမှာပါ ကျနော်အထပ်တွေထဲ Eit  လိုက်ရှာနေတာ နောက်ဆုံး P တို့ကိုပဲ တွေ့ရတယ် သူ့ကို မတွေ့သေးဘူး Eit တွေ့မိသေးလား "

မျှော်လင့်ခြင်းအပြည့်ဖြင့် တောက်ပလင်းလက် နေသော မျက်ဝန်းအစုံဖြင့် သူတို့နှစ်ဦးအား ကြည့်လာသူ Taa ကြောင့် Daouကော Offroad ပါ Taaအား ဘယ်လိုပြောရမှန်းမသိတော့ပေ။ 

"ဘာဖြစ်လို့လဲ ဘာလို့ကျနော့်ကို ဒီလိုကြီးလာကြည့်နေတာလဲ Eitကိုတွေ့မိသေးလား "

Daou လဲ Taa အမေးအား ပြန်ဖြေမနေတော့ပဲ ပိတ်ရပ်ထားသော အပေါက်ဝရှေ့မှ ဘေးသို့ဖယ်ပေးလိုက်လေသည်။ Daou ရဲ့ လုပ်ရပ်အား နားမလည်သော မျက်ဝန်းများဖြင့် Taa လိုက်ကြည့်နေမိလေသည်။ Offroad အားကြည့်သော်လဲ သူ့အကြည့်များအား ရှောင်ရှားနေသည်ကိုသာ တွေ့ရလေသည်။

Taa လဲ သူ့မြင်ကွင်းထက် ရှင်းလင်းလာသော အခန်းအတွင်းပိုင်းအား ကြည့်လိုက်လေသည်။ သူအားကြိုဆိုနေသည်က ကြမ်းပြင်ထက်မှ စောင်အုပ်လွှမ်းထား ပါသော မြင်ကွင်းတခုသာ။ Taa ရဲ့ ခြေလှမ်းတို့သည် အနောက်သို့ တဖြေးဖြေး ဆုတ်သွားတာမို့ Offroad မှ အသိဝင်စေသည်။

"Taa .... "

"မဟုတ်ဘူး မလား !  မဟုတ်ဘူးမလား ! ကျနော့်ကို‌ နောက်နေတာလို့ ပြောပါအုန်း Offroad  p'Daou မဟုတ်ဘူးမလား "

"Taa ...."

Offroad သူ့ရှေ့တင် ဒူးထောက်ကျသွားသော Taa အား လှမ်းဆွဲထားရလေသည်။ သူခံစားမိလိုက်ရသည်က Taa တကိုယ်လုံးသည် တုန်ရင်နေခဲ့လေသည်။

"မဟုတ်ဘူးလို့ပြောပေးပါ!!! မဟုတ်ဘူးမလား !!!! မဖြစ်နိုင်တာ !!! "

Taaတယောက်  Offroad ရဲ့ ပွေ့ဖက်မှုအတွင်းမှ ပင် Daou အားကြည့်ပြီး မေးမြန်းနေခဲ့တာ ဖြစ်လေသည်။ Taa ရဲ့မျက်ဝန်းတွင်းမှ နောက်ဆုံးသော မျှော်လင့်ချက် အလင်းရောင်လေးအား မြင်နေခဲ့ရလေသည်။ ထိုအလင်းရောင်လေသည်ကား သူ့ဆီမှ ငြင်းပယ်မှုစကားအား ကြားရန်အလိုဌာ စီတ်အား ထက် သန်နေသလို အမှန်တရားအား လက်ခံနိုင်ရန် ခေါင်းမာနေဆဲ။

Daou သူ့ခေါင်းသာ ညှိတ်ပြလိုက်သည့်အချိန်တွင် Taa မျက်ဝန်းတွင်းမှ နောက်ဆုံးသော ရောင်ခြည်လေသည် မှေးမှိုန်ပျောက်ကွယ် သွားပြီး Taaသည်လဲ ကြမ်းပြင်ထက် သို့ အလုံးစုံပုံကျသွားခဲ့လေသည်။

"မဖြစ်နိုင်တာ !!!!!  ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!!! ခင်များတို့ လိမ်နေတာ !!! Eit က ကျနော့်ကို ထားသွားမှာမဟုတ်ဘူး !!!! "

"Taa စိတ်ထိန်းပါအုန်း !"

" မဟုတ်ဘူးမလား Offroad Eit ....ကျနော်ချစ်ရတဲ့ Eitက ဒီလိုဖြစ်ရမှာမဟုတ်ဘူးလေ !"

"တောင်းပန်ပါတယ် ငါရောက်တာ နောက်ကျသွားခဲ့တယ် သူ့ကိုမတားလိုက်နိုင်ဘူး "

"Eit !!!!! "

Offroad ဖက်တွယ်ထားသည်အား ရုန်းကန်လျက်  Taaသည် အထဲသို့ပြေးဝင်သွားခဲ့ ‌ေလသည်။ Daou မှာတော့ လဲကျသွားတဲ့ Offroad အား ဖေးမထားလေသည်  ။ အခန်းထဲမှ Taa မှာတော့ အဝတ်ဖြူစရှိရာအနားတွင် တဖြေးဖြေးထိုင်ချလိုက်လေသည်။

အဖြူစအား မလှန်ခင် Taaသူ့ကိုယ်သူ တည်ငြိမ်အောင်အရင်လုပ်လိုက်လေသည်။ ထိုအရာအား လက်ခံရန်သည် သူ့အတွက် အလွန်ခက်ခဲလွန်းလှနေသည်။ ယခုချိန်တွင် သူ့ တကိုယ်လုံးမှာ တုန်ရင်နေပြီး မတောင့်ခံထားလျှင် အရုပ်ကျိုးပျက်လဲကျသွားနိုင်ခြေရှိလေသည်။

Taa သူ့မျက်နှာထက်မှ မျက်ရည်စတွေအား သုတ်လိုက်လေသည်။ ပြီးသည်နှင့် ထိုအဖြူစအား ဖြေးညှင်းစွာ လှမ်းတင်လိုက်လေသည်။ ထိုအဝတ်ဖြူစအောက်မှ တဖြေးဖြေး ပေါ်ထွက်လာပါသော မျက်နှာလေးအား မြင်ချိန်ဝယ် Taa တင်းခံထားသမျှ ခွန်အားအလုံစုံသည် ပျောက်ဆုံးသွားခဲ့လေသည်။ ယခုချိန်တွင် ထိုအဝတ်ဖြူစကပင် အရမ်းပင်လေးလံလွန်းနေသည်ဟု သူခံစားနေရလေသည်။

တဖြေး ဖြေး သူ့အမြင်အာရုံသည်လဲ ဝေးဝါးလာခဲ့သည်ပင်။ အကြောင်းသည်ကား ယခုနမှ သုတ်ဖယ်လိုက်ပါသော မျက်ရည်စတွေ‌အပေါ် နောက်ထပ်သော မျက်ရည်စတို့သည် ထပ်ဆင့် စီးကျလာကြလေသည်။နောက်ဆုံး အားတင်းလျက် အဝတ်ဖြူစအား မျက်နှာ နုနုလေးထက်မှ သူဖယ်ခွာသွားနိုင်ခဲ့လေသည်။

သူ့မြင်ကွင်းထဲ ရောက်လာသည်က အေးခြမ်းစွာ အိပ်ပျော်ပါသော တဖတ်လူသားပင်။ လည်ပင်းထက်မှ ဒဏ်ရာအား မမြင်မိပါက ထိုလူသားငယ်သည် အမှန်တကယ် အိပ်ပျော်နေသည်ဟုပင် ထင်ရလေသည်။ နှုတ်ခမ်းထက်မှ ပြုံးယောင်ယောင်သန်းနေမှုကြောင့် ထိုလူသားငယ်သည် ‌အိမ်မက်ထဲ ပျော်ရွှင်နေသည်ဟုပင် ထင်မှတ်ရလေသည်။

Taa သူ့လက်တဖတ်အား ထိုပါးပြင်လေးထက်ကပ်လိုက်ချိန်ဝယ် အေးစက်စက် ခံစားမှုကိုသာ သူခံစားမိလေသည်။ ထိုလူသားငယ်အား သူပွေ့ဖက်ထားလိုက်လေသည်။ သူကိုယ်မှအနွေးဓာတ်လေးအား ရရှိပြီး ထိုအေးစက်စက်အငွေ့အသက်တို့များ ပျောက်လို့ပျောက်ညား သူစမ်းသပ်ချင်မိလေသည်။

ထိုအရာက ရှူးမိုက်မှုမှန်းသိသော်လဲ သူမလုပ်ပဲ မနေနိုင်ပေ။ ထိုလူသားသည် သူ့ရဲ့ ဘဝတစိတ်တပိုင်းဖြစ်လေသည်။

"Eit .... P ရောက်လာပြီလေ ဘာလို့ ငြိမ်နေတာလဲ P ကို မျက်လုံးလေး ဖွင့်ကြည့်ပါအုန်း နောက်ဆိုရင်းလေ Eit စိတ်တိုင်းကျ အကုန်ဖြစ်စေရမယ်လေ P က အကုန်လိုက်နာပေးမယ်လေ P ပြောတာကြားလား Eit P ပြောတာကြားလား "

"Taa "

Taa သူ့နာမည်ခေါ်သံနှင့်အတူ သူ့ပုခုံးထက်ရောက်လာသော အရပ်သို့ မော့ကြည့်မိတော့ Offroadသည် သူ့အား ငုံ့ကြည့်နေလေသည်။ Taa သူ့ မျက်ရည်တွေအား ပွတ်သုတ်လိုက်ပြီး Offroad အား ပြောလိုက်လေသည်။

"Offroad ဒါEitလေ ကျနော့်ချစ်သူ အရမ်း ‌ချစ်ဖို့ကောင်းတယ်မလား ! ခုကသူအိပ်ပျော်နေတာ ကျနော် နှိုးနေပေမဲ့ သူကမထဘူး ကျနော် က Offroad တို့နဲ့ မိတ်ဆတ်ပေးချင်တာကို ...Eit ကမထဘူး ကျနော့်ကို စိတ်ကောက်နေတယ် ထင်တယ် "

" Taa ... စိတ်ထိန်းပါအုန်း ! သူက ..."

Offroad ထံပါးမှ ထပ်မံထွက်ပေါ်လာမည် ထိုစကားတွေအား မခံစားနိုင်စွာTaa သူ့ရင်ခွင်ထဲမှ Eit အား တင်းကြပ်စွာဖက်တွယ်ထားသည်မှာ သူ့ရင်ခွင်ထဲမှ ဆွဲထုတ်သွားမည်အား စိုးရိမ်နေသည်အလားပင်။

"သူဘာမှ မဖြစ်ဘူး!!!  သူဘာမှ မဖြစ်ဘူး !!!!မပြောနဲ့ !!! အဲ့လို‌မပြောနဲ့ !!! Eit က အိပ်နေတာ ကျနော့်ကို ကောက်နေလို့ သူဒီလိုလုပ်နေတာ ဟုတ်တယ်မလား Eit !!!! Eitထပါအုန်း !! Pကို မထားခဲ့ပါနဲ့ !!! မထားခဲ့ပါနဲ့!"

"Taa ! မင်းစိတ်ထိန်းစမ်းပါ !! မင်းဒီလိုဖြစ်နေတာ Eit ကရော ပျော်နေမယ်ထင်လား "

Daou ရဲ့ စကားအဆုံး Taa အနည်းငယ် ငြိမ်သတ်သွားပေမဲ့ သူ့ကိုယ်လုံးမှာတော့ တုန်ရင်နေဆဲပင်။

"သူမဆုံးခင်က မင်းရောက်နေကြောင်းသူသိသွားတယ် သူ‌့ နောက်ဆုံးစကားက ‌'ကျေးဇူးတင်ပါတယ်' ဆိုတဲ့စကားနဲ့ အပြုံးတခုပဲ သူမင်းရောက်နေကြောင်းသိသွားသလို မင်းကြောင့်ပဲ သူ့နောက်ဆုံးအချိန်ကို အေးအေးချမ်းချမ်း ထွက်ခွာသွားခဲ့တာ "

Daou ရဲ့ ပြောစကားများ ကြောင့် Taa သူ့ရင်ခွင်တွင်းမှ  Eitအား ကြည့်မိလိုက်လေသည်။ ဟုတ်ပေသည် Eit မျက်နှာထက် အပြုံးလေးများရှိနေဆဲပင်။ သူ့လို‌မကောင်းတဲ့သူအတွက်တောင် Eitက ပြုံးပေးနေခဲ့သည်ပင်။ Taa တယောက် Eit အားကြည့်နေရင်း သူ့ရဲ့မျက်ရည်တို့သည် ထိုမျက်နှာလေးထက် ကျဆင်းကုန်သည်မို့  အသည်းအသန် လိုက်သုတ်ပေးနေမိလေသည်။

"Eit ကို ငြိမ်းငြိမ်ချမ်းချမ်း ထွက်သွားခွင့်ပြုလိုက်ပါ Taa "

Daou ရဲ့ အပြောအဆုံးအဝယ် Taa ခေါင်းအသာညှိတ်လာခဲ့လေသည်။

Note

နောက်ကျသွားလို့ ခေါထို့ခ။ ကျနော်မအားလို့ပါနော်။ အပိုင်းတိုသွားတယ် ။ နောက်နေ့မှ ရှည်ပေးမယ် ဗျ။

There are no comments yet. Log in to be the first to leave a review!

Similar stories