Fanfics

38

18:22, 11 January 2025

အနမ်းတို့ခြွေပြီးချိန်ဝယ် Daouနဲ့ Offroadတို့နှစ်ဦးသားအကြည့်ချင်းစုံရင်း ပြုံးလိုက်ကြလေသည်။ Daou လဲ Offroad နဖူးလေးထက် ခပ်ဖွဖွအနမ်းခြွေလေသည်။ ပြီးနောက် နူးညံ့သော ပန်းနုရောင် ပါးပြင်လေးထံ ပါးသို့တခေါက်။ သွယ်လျသော နှာတံစင်းစင်းလေးထံ တလှည့်နှင့် ဖြူဥလှပသော လည်ပင်းသားတို့ထံပါးသို့ Daou အနမ်းတို့ခြွေလေတော့သည်။

Offroad မှာတော့ သူ့လည်ပင်းအား ရန်ရှာနေသူDaou ကြောင့် တဖြေးဖြေးတွန့်လိမ်နေတော့သည်။

"P'Ou ... တော်တော့ မလုပ်နဲ့ ! ယားတယ် ... P'Ou "

Daou တယောက်မှာတော့ ခေါင်းမဖော်တမ်း Offroad လည်ပင်းသားတို့မှာ မခွာနိုင်ခဲ့ပေ။ Offroad မှာDaou မျက်နှာကြီးအား တွန်းထုတ်သော်လဲမရပေ။

"P'Ou လို့ !! "

"ဘာလို့လဲကွာ ! "

Offroad သူ့အား မ‌ ကျေမချမ်းလာကြည့်နေပါသော Daou ရင်ဘက်အား တချက်ရိုက်လိုက်လေသည်။

"ဘာကို ....ဘာလို့လဲ လဲ ! အပြင်ကြီးမှာ ! "

"ဘာဖြစ်လို့လဲ ! ဘယ်သူမှမရှိတာကို ဒီအချိန်ကြီး ဘယ်သူက ဒီနားလာမှာလဲလို့ ! "

"P'Ou! မလုပ်နဲ့ !! မရဘူး !!"

"တကယ်မရဘူးလား !! "

"တကယ်မရဘူး !!!"

Offroad သူ့အား နှုတ်ခမ်းကြီး ထော်ပြီးမေးနေသော Daou အားကြည့်ပြီး ရီချင်သော်လဲ သူ့မှာအသံမာမာလေးနဲ့ပြောရလေသည်။ မဟုတ်ရင် Daouအား သူတားလို့ရမည်မဟုတ်ပေ ။

"မရဘူးဆိုလဲကွာ ! မင်းကိုပဲဖတ်ထားတော့မယ် နွေးနေတာပဲကွာ "

"P'Ou ဖြေးဖြေးလုပ် အသက်ရှုကြပ်တယ် "

"နည်းနည်းလျော့ပေးမယ် "

သို့နှယ် နှစ်ဦးသား တိတ်ဆိတ်စွာ ကောင်းကင်ပြင်ထက်ရှိ လမင်းကြီးနဲ့ ကြယ်ရောင်စုံတို့အား အကြည့်ပို့မိနေတော့သည်။

ဂျွတ်!!!!

"အသံမထွက်ပါနဲ့ဆိုကွာ !! "

Daou တို့နှစ်ဦးသား အေးဆေး အနားယူနေခိုက် သစ်ကိုင်းခြောက်အား တတ်နင်းသံနှင့်အတူ လူတယောက်စကားပြောသံပါ ထွက်လာတာမို့ Daouတို့နှစ်ဦးသား အကြည့်ခြင်းစုံမိလိုက်လေသည်။

"အခုချိန်က လူမှမရှိတာ ဘာဂရုစိုက်စရာလိုလို့လဲ "

"သတိဆိုတာ အမြဲထားနေမှကွ ! မြန်မြန်သွားမယ် !! နောက်ကျနေပြီ "

Daou တို့က အနည်းငယ်မြင့်သော နေရာတွင်ရှိနေကြသည်ကတကြောင်း အပင်တွေကွယ်နေသည်က တဖုံမို့ ထိုလူတို့သည် သူတို့အားသတိထားမိပုံ မပေါ်ပေ။ Daouနဲ့ Offroad လဲ ကုန်ပြေမြင့်ရှိ အကွယ်တခုကနေ အသံလာရာနေရာအား ချောင်းကြည့်လိုက်လေသည်။

သူတို့မြင်ကွင်းထက်ဝယ် လူနှစ်ယောက် စကားတပြောပြောနှင့် တနေရာစီသို့အမြန်ထွက်ခွာသွားကြခြင်းပင်။ Offroad လဲ Daouအား လှည့်ကြည့်လိုက်တော့ .....

"ကြည့်ရတာ Tinနဲ့တူတယ် ညအချိန်မတာ်ကြီး ဘယ်သွားကြမလို့လဲ မသိဘူး ကိုတို့တွေလိုက်သွားကြည့်တာပေါ့  "

သို့နှယ် Daouနဲ့ Offroad နှစ်ဦးသား ထွက်ခွာသွားသော လူနှစ်ယောက်အနောက်သို့ ခပ်လှမ်းလှမ်းမှ တိတ်တဆိတ်လိုက်သွားတော့သည်။ ထိုလူနှစ်ဦးသည် တောထဲဝင်သွားကြသည်မို့ Daou တို့လဲ မပေါ့ဆရဲစွာ သတိကပ်လျက်လိုက်သွားလေတော့သည်။တနေရာအရောက် ထိုလူနှစ်ဦးသည် အိမ်သေးသေးလေးတစ်လုံးထဲသို့ဝင်သွားကြလေတော့သည်။

"ဒီအိမ်က အမဲလိုက်သမားတွေ ခဏနားဖို့နဲ့ ပစ္စည်းတွေဘာတွေ သိမ်းဖို့ ဆောက်ထားတာ လို့ Tin ပြောဖူးတယ် သူတို့ ဒီကို ဘာလာလုပ်ကြတာလဲ "

"ဒီကနေသိပ်မမြင်ရဘူး ဟိုမှာ! သူတို့အထဲဝင်သွားပြီး ကျနော်တို့ ဆက်လိုက်သွားရအောင် "

"အရမ်း အတင့်မရဲနဲ့နော် Offroad ကို့နောက်မှာနေ "

ပြောပြီးတာနဲ့ အိမ်လေးရဲ့ ပြတင်းပေါက်မှန်မှ တဆင့် နှစ်ဦးသား ချောင်းကြည့်လိုက်လေသည်။ အထဲရှိလူနှစ်ဦးသည် အိမ်လေးရဲ့အတွင်းပိုင်းရှိ သေတ္တာအဟောင်းကြီးတခုရှေ့တွင် မတ်တပ်ရပ်လိုက်လေသည်။

ပြီးနောက် ထိုသေတ္တာရဲ့ လက်ကိုင်မှ ဆွဲမလိုက်ချိန်ဝယ်  လေးမည်ထင်ရတဲ့ သေတ္တာကြီးသည် ထိုလူ့လက်ထဲ ပေါ့ပါးစွာ ပင့်မြှောက်သွားလျက် သေတ္တာ အောက်ဘက်တွင် အပေါက်တခုပေါ်လာခဲ့လေသည်။

ထိုလူနှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် ဝင်သွားကြလေပြီး‌ နောက်သေတ္တာကြီးမှာလဲ သူ့နေရာအတိုင်း အပေါက်အား ပြန်ပိတ်သွားလေသည်။ Daou နဲ့ Offroad လဲ အကြည့်ချင်းစုံလိုက်ပြီး ခဏအကြာ ထိုအိမ်လေးထဲသို့ဝင်လိုက်လေသည်။ စောနက လူနှစ်ယောက်လုပ်ခဲ့သည့်အတိုင်းလိုက်လုပ်ရင်း ပေါ်လာသော အပေါက်ထဲသို့ ဝင်သွားကြလေသည်။

အပေါက်အောက်ဘက်ရှိနေရာသည် မြေအောက် လှိုင်ခေါင်းကျယ်တခုဖြစ်ပြီး ဘေးပတ်လည်တွင် မီးသီးများတပ်ဆင်ထားလေသည်။ Daou လဲ Offroad လက်တဖတ်အား ဆွဲကိုင်လို့ သူ့ အနောက်ဘက် ဝယ်ရှိစေလျက် အရှေ့ဆုံးမှ Daouဦးဆောင်လျက် သတိချပ်ကာ သွားလေသည်။

သူတို့အတော်ကြာလမ်းလျှောက်ပြီးမကြာခင်ဝယ် သူတို့ရှေ့ရှိ လူနှစ်ယောက်အား လိုက်မှီသွားလေသည်။ ထိုလူနှစ်ယောက်သည် တံခါးတခုရှေ့တွင်ရပ်နေခဲ့ကြလေသည်။ထိုလူနှစ်ယောက်ထဲမှ တယောက်သည် သေချာပေါက်ပင် Tinဆိုသူဖြစ်နေလေသည်။

Tin သူ့ရှေ့ရှိ တံခါးထက်မှ Lock screen နေရာတွင် ကုတ်နံပတ်အားထည့်သွင်းလိုက်ပြီး ခဏအကြာတံခါးပွင့်လာချိန်ဝယ် အထဲဝင်သွားကြလေသည်။ Daou တို့လဲ ခဏတာစောင့်ဆိုင်းပြီးမှ ထိုတံခါးရှေ့သွားရပ်လိုက်လေသည်။

" ဒီဟာက Lock ရှိနေတာပဲ ဘယ်လိုလုပ်ကြမလဲ "

"ကျနော်ခုနက သူ့လက်အထားအသိုကို မှတ်မိလိုက်တယ် ကျနော်လုပ်လိုက်မယ် "

Offroad ယခုနက သူမြင်ခဲ့သည်အတိုင်း အစီစဉ်တကျ Lock screen ထက် ဂဏန်းများ ရိုက်ထည့်လိုက်လေသည်။ ကံကောင်းစွာပဲ Offroad အထင်သည် မှန်ကန်နေခဲ့သည်မို့ တံခါးသည်လဲ ပွင့်သွားခဲ့လေသည်။

သို့နှယ် နှစ်ဦးသား သတိပိုထားပြီး အထဲရှိ‌လျှောက်လမ်းအား ဖြတ်လျှောက်သွားကြလေသည်။ အတွင်းဘက်တွင်တော့ အဆောက်အဦးတခုအား အသေအချာဆောက်လုပ်ထားသည်အားတွေ့ရလေသည်။

သူတို့ရောက်နေသည်မှာ မြေအောက်ထပ်ဖြစ်လေပြီး အထက်ဘက်တွင် နောက်ထပ်အလွှာများရှိနေသေးသည်။ Daou နဲ့ Offroad လဲ အရင်ဆုံး Tinတို့အနောက် လိုက်သွားရန်သာတွေးလိုက်လေသည်။

သူတို့တိတ်တဆိတ်လိုက်လာရင်း တနေရာအရောက် အခြားသော လူများနှင့် စကားဆိုနေသော Tin တို့ကိုတွေ့လိုက်တာမို့ သူတို့လဲ အသာလေးနားစွင့်နေလိုက်လေသည် ။

"ဒီနေ့အခြေအနေဘယ်လိုလဲ "

"အဆင်ပြေပါတယ် အရင်အတိုင်းပဲ "

"အသစ်တွေကော ထပ်ရောက်လား "

"မနေ့ကပဲ နှစ်ယောက်ထပ်ရောက်လာတယ် "

"အရှင်လား ခွဲစိတ်ဖို့လား "

"အရှင်ပါ "

"အဲ့တာဆို သူတို့ကိုစလေ့ကျင့်ပေးလိုက်တော့ အလွန်အကျွံတော့မဖြစ်စေနဲ့ ပစ္စည်း ထိခိုက်ရင် မင်းတို့အသေပဲ "

"ကျနော်တို့နားလည်ပါတယ် "

"ပို့ရမဲ့ ပစ္စည်းတွေကော "

"အခုပဲ တင်ပြီးတာပါ ခဏနေ သွားပို့တော့မှာပါ "

"ဟုတ်ပြီ လုပ်စရာရှိတာ ဆက်လုပ်တော့ "

"ဟုတ်ကဲ့ "

ဆိုပြီးတာနဲ့ Tin တို့အထဲသို့လျှောက်ဝင်သွားပြီး တံခါးရှေ့ဝယ် အစောင့်၂ယောက်ကျန်ခဲ့လေသည်။ Daou နဲ့ Offroad တို့ ခေါင်းချင်းဆိုင်လိုက်ပြီး ထိုအစောင့်နှစ်ယောက်အားဖြတ်ကျော်ရန် အစီအစဉ်တွေးလိုက်လေသည်။ သူတို့ဒီအတိုင်း ရမ်းသမ်းဝင်သွားပါက ဘာမှမသိယုံတင်မကပဲ အဖမ်းပါခံရ‌နိုင်ခြေရှိတာမို့ တခြားအတွေးကောင်းတခုအား စဉ်းစားနေလေသည်။

Daou သူ့အား အပေါ်ဘက်သို့ ညွှန်ပြနေသော Offroad ကြောင့် သူအပေါ်ဘက်သို့ မော့ကြည့်လိုက်တော့ လေဝင်လေထွက်ပေါက် လုပ်ထားသော နေရာအားတွေ့ရလေသည်။

"ကျနော်တွေးနေသလို P'Ou တွေးနေပြီမလား "

"အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ် "

ထိုသို့ဖြင့် လေဝင်ပေါက် အားကာရံထားသော သံဇကာအားဖယ်လိုက်ပြီး Offroad အား အရင်ဝင်သွားစေလေသည်။ ထို့နောက် Daou ပါ တဆတ်တည်းလိုက်ဝင်သွားလေသည်။  သူတို့နှစ်ဦးသား လေဝင်ပေါက်အတွင်းမှ တွားသွားရင်း အဆောက်အဦးအတွင်း‌ပိုင်းသို့ရောက်ရှိသွားလေသည်။

အစောင့်ကင်းလောက်သော နေရာအား ရှာပြီးနောက် နှစ်ဦးသား လေဝင်ပေါက်မှ အောက်သို့ ခုန်ဆင်းလိုက်လေသည်။  အဆောက်အဦးပုံစံသည်က အလွှာတခုစီမှာ အခန်း၃ခန်း‌ဖြင့် ဖွဲ့စည်းထားပြီး ထိုအခန်း များအနက် ၂ခန်းတွင်အစောင့်ကိုယ်စီချထားခြင်း‌ဖြစ်ပြီး ကျန်တခန်းသည်ကတော့ အစောင့်ကင်းလွတ်နေလေသည်။

သူတို့အနေနဲ့ အစောင့်မရှိ‌ သောနေရာအား အရင်လေ့လာကြည့်ရန် နှစ်ဦးသား ပုန်းလျိုးကွယ်လျိုဖြင့် တဖြေးဖြေးရှေ့ဆက်လာချိန် ရှေ့ဆုံးရောက်နေသော  Offroad မှ ထိုအခန်းရဲ့မှန်ပြတင်းပေါက်မှ တ‌ဆင့်ချောင်းကြည့်မိလိုက်ချိန်ဝယ်.....

သူရုတ်တရက်အလန့်တကြား အသံထွက်မိတော့မည့်အချိန်ဝယ် Offroad အနောက်တွင်ရှိနေသော Daouမှ အလျင်အမြန် Offroad နှုတ်ခမ်းများအား သူ့လက်ဖြင့် ပိတ်ထားစေ‌လိုက်လေသည်။

ရှူးးးးးး

Daou အသံတိုးတိုးနေရန် အမူအရာပြသော်လဲ တုန်ရင်နေပုံရသော Offroad ကြောင့် Daou မေးဆတ်ပြီး အမေးပြလိုက်လေသည်။ Offroad မှ Daou အား ထိုအခန်းသို့သာ ညွှန်ပြနေသည်မို့ သူလဲ ထိုအခန်းထဲသို့ချောင်းကြည့်လိုက်လေသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် Daou လဲ လန့်သွားမိလေသည်။

ထိုအခန်းတွင်းဝယ် လူသုံးဦးတည်ရှိနေပြီး တဦးသည်ကား ကုတင်ထက်လှဲလှောင်းနေလေသည်။ ကျန်နှစ်ဦးသည်ကတော့ ဆရာဝန် နှင့် သူနာပြုဖြစ်ပုံပေါ်ပြီး ကုတင်ထက်ရှိလူထံမှ အတွင်းအင်္ဂါများ ထုတ်ယူနေပုံပင်။

ယခုပုံစံကြည့်ရသည်မှာ ထိုလူများသည် လူ့အတွင်းအင်္ဂါများ‌အား မှောင်ခိုကူးသန်းရောင်း‌ေနသူများဖြစ်နိုင်ပေသည်။ Offroadမှ  Daou အားတိုးညှင်းစွာ ‌ခေါ်လာလေသည်။

"P'Ou "

"ဒီကအခြေအနေတွေက ကိုတို့ထင်တာထက် ပိုရှုပ်မဲ့ပုံပဲ ကိုတို့ဆက်စောင့်ကြည့်မှရမယ် "

သူတို့စကားဆိုနေစဉ် ထိုအခန်းတံခါးပွင့်လာသည်မို့ Daou လဲ Offroad အား ထိုအခန်းဘေးဘက်ရှိ အမှောင်ကျနေသော နေရာတွင်းသို့ ဆွဲခေါ်သွားလိုက်လေပြီး အသာငြိမ်နေလိုက်လေသည်။ အခန်းထဲမှ လူနှစ်ဉီးသည်လဲ ရှေ့ဆင့်နောက်ဆင့်ထွက်ခွာလာလေသည်။  ထိုနှစ်ဦးသည် သူတို့ကိုယ်ပေါ်ရှိ ပလက်စတစ်အကာများနှင့် maskတွေအား ဖြုတ်ပစ်လိုက်ချိန် ထွက်ပေါ်လာသော မျက်နှာကြောင့်အမှောင်ထဲရှိ Daouကော Offroad ပါ အံ့ဩသင့်သွားလေသည်။

"Pinတို့ကတော့ ထုံးစံအတိုင်း ပဲနော် ကွက်တိကျနေတာပဲ "

"အပိုတွေလာလုပ်မနေနဲ့ ဒီနေ့ဘယ်နှယောက်လဲ "

"နောက်ထပ် ၃ယောက် ပဲ ကျန်တော့တယ် "

"ဟုတ်ပြီလေ ကလေးတွေပဲလား "

"ဒီတခါကလေးတွေပဲ ကောင်းပြီလေ ခဏနေ‌စမယ် အရင်အဲ့အလောင်းကို ရှင်းခိုင်းလိုက်အုန်း "

"ဒီနေ့စိတ်ဆတ်နေပါလား ဘယ်သူက မင်းကိုမပျော်အောင်လုပ်ထားလို့လဲ "

"ဒီမှာရှင်အလုပ်ကဘာလဲ "

"ခွဲစိတ်တာလေ "

"ကိုအလုပ်ကိုလုပ် မဆိုင်တာဝင်မပါနဲ့ "

"ကောင်းပါပြီ "

ထိုမိန်းကလေးသည်က  Mark အိမ်တွင် ရှိနေသင့်ပါသော Pinဖြစ်လေသည်။ သူမကလဲ ဒီလုပ်ငန်းတွင်းဝယ် ပါဝင်ပတ်သတ်နေသူတယောက်။ Tinသည်လဲ ဒီလုပ်ငန်းထဲ ပါနေတာဖြစ်သည်မို့ ဒါဆို Mark ကရော ထိုနေရာနှင့် အပ်စပ်နေပါသည်လား။

သူတို့အားကျောခိုင်းလျက် ထွက်ခွာသွားသူ ‌နှစ်ယောက် အဝေးရောက်သွားကာမှ Daou နှင့် Offroad တို့ နှစ်ဦးသား အမှောင်ထဲမှ ထွက်လာတော့သည်။

" P'OU သူတို့ကကလေးတွေ ......ကလေးတွေကိုအသုံးချနေတာပဲ "

Offroad တယောက်Daou အားပြောနေရင်း သူ့ရှေ့ရှိအခန်းတွင်းမှ အဝတ်ဖြူစနှင့် ဖုံးအုပ်ထားသော အရာအားကြည့်နေလိုက်လေသည်။ သူတို့သည် လူ့အသတ်အား လွယ်လွယ်လေးပင် ရောင်းဝယ်နေကြပါသည်လား ။

"Road ကိုတို့ အခြားအခန်းတွေကို သွားကြည့်ရအောင် ကိုပြောတာကြားလား "

"အွန်း .... အွန်း "

Offroad အသံသာပြုနေပါသော်လဲ သူ့မျက်ဝန်းတစုံမှာတော့ ထိုပိတ်စဖြူပါးပါးမှ မခွာသေးပေ။

"Road .... Road ကို့ကို ကြည့်! "

Daou လဲ Offroad မျက်နှာအား သူ့ဘက်သို့ ဆွဲလှည့်လိုက်ပြီး သူနှင့်အကြည့်စုံစေလိုက်သည်။

" မင်းဘယ်လိုခံစားနေရမလဲဆိုတာ ကိုသိတယ် ဒါပေမဲ့ ခုချိန်မှာ ဒီနေရာမှာ ကိုတို့ပဲရှိနေတာမို့ သူတို့ကို ကယ်ဖို့အဆင်မပြေသေးဘူး ဒါပေမဲ့ သူတို့အသက်ပေးသွားရတာနဲ့တန်အောင် အဲ့လူတွေ အပြစ်ပေးခံစေရမယ် တယောက်မှ မလွတ်စေရဘူး ဟုတ်ပြီလား ! ခုလောလောဆယ် Road စိတ်ကိုတင်းထားဖို့လိုတယ် ဒီထက်ဆိုးတာတွေတွေ့လာအုန်းမလား ကိုတို့မသိနိုင်ဘူးလေ ဟုတ်ပြီလား"

"တောင်းပန်ပါတယ် ကျနော်စိတ်ခဏလွတ်သွားတယ် "

" အဆင်ပြေသွားပြီလား ကိုတို့ ဒီကထွက်ဖို့လိုတယ် သူတို့ခဏနေပြန်ရောက်လာလိမ့်မယ် "

"ဟုတ်ကဲ့ "

နောက်ဆုံး Offroadအဆင်ပြေကြောင်း ခေါင်းညှိတ်ပြလာတော့မှ  Daou လဲ ရှေ့ဆက်သွားဖို့ပြင်လိုက်လေသည်။ တလမ်းလုံးသတိအနေထားဖြင့် သွားနေရင်း  အစောင့်ရှိနေသော အခန်းနားသို့ ‌သူတို့ရောက်ရှိလာလေသည်။ သူတို့အချိန်အခါအားစောင့်နေတုန်း အစောင့်နှစ်ယောက်သည် ထိုအခန်းတွင်းသို့ဝင်သွားကြလေသည်။

ပြီးနောက် ထိုအခန်းတွင်းမှ ကလေးတွေရဲ့အော်သံအားကြားလိုက်ရလေသည်။ အသံများအရ ထိုအခန်းတွင်းဝယ် ကလေးအတော်များများဖမ်းစီးထားပုံပေါ်လေသည်။ထိုအသံများအား နားထောင်နိုင်စွမ်းမရှိတော့ပါသော Offroadသည် သူ့နောက်ရှိ  Daou ရင်ခွင်ထဲတိုးဝင်လို့ သူ့ခေါင်းအား အတတ်နိုင်ဆုံး ဖွက်ထားလိုက်လေသည်။ Daou မှာတော့ ဖတ်ထားပေးရုံမျှသာ သူတတ်နိုင်လေသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးလုံးသည် ထိုခလေးငယ်လေးများအား ကယ်တင်နိုင်ဖို့ရန် ခွန်အားမရှိသေးသည်မို့ ဒီအတိုင်းရပ်ကြည့်နေရုံသာတတ်နိုင်လေသည်။ ခဏနေပြီးနောက် ထိုအခန်းတွင်းမှ ကလေးတယောက်အားတရွတ်တိုက်ဆွဲခေါ်သွားသည်အား Daou မြင်တွေ့ရလေသည်။ ထိုအစောင့်နှစ်ယောက် ကလေးတယောက်အား ဆွဲခေါ်သွားရင်း နေရာမှ ပျောက်သွားတော့မှ ထိုအခန်းအနားသို့ နှသ်ယောက်သားကပ်ကြည့်လိုက်လေသည်။

အခန်းကသော့ခတ်ခဲ့သည်မို့ အခန်းတံခါးရှိ မှန်ပြတင်းပေါက်မှသာ အတွင်းအားမြင်ရလေသည်။ ထိုအထဲဝယ် ဟောခန်းတလျှောက် ဒါဇင်ကျော်မျှမနည်းသော ကလေးများရှိနေခဲ့လေသည်။ အခန်းတွင်းနှစ်ထပ်ကုတင်များအပြည့်ရှိ နေခဲ့လေသည်။

ကလေးတွေမှာတော့ အခန်းထောင့်တွင် အားလုံးစုပေါင်းပြီးရှိနေကြလေသည်။ အချို့ ကလေးများမှာ မျက်လုံးတစ်ဖက်အား ပတ်တီးစည်းထားကြလေသည်။ ကလေးတွေမှာ၅နှစ် ၆နှစ်ကျော်ကလေးများအပြင် အကြီးဆုံးမှာ ၁၂ / ၁၃ အရွယ်လေးများဖြစ်နိုင်ပေသည်။Offroad အခန်းတွင်းဝင်သွားချင်သော်လဲ လော့ခ်ချထားသော တံခါးကြောင့် သူမှာတံခါးဘောင်ကိုသာ ထုရိုက်နိုင်လေသည်။

"Road !.... Road စိတ်ထိန်း အဲ့လူတွေအချိန်မရွေးပြန်ရောက်လာနိုင်တယ် ကိုတို့ဆက်သွားရမယ် "

"ကလေးတွေ .... ကလေးတွေ ကျနော်မထားခဲ့နိုင်ဘူး "

"Road ! ခုချိန်မှ မဖြစ်နိုင်သေးဘူးလို့ ကိုပြောထားတယ်လေ ကိုတို့ဒီနေရာအကြောင်းကို မသိသေးဘူး အခုကယ်လိုက်ပါပြီ သူတို့ကိုဘယ်နေရာကို ပို့ပေးမှာလဲ ကိုတို့ ဒီနယ်မြေကို မကျွမ်းချင်ဘူး နောက်ဆုံးကျ ကလေးတွေပါမကျန် ကိုတို့ကိုပါ ဖမ်းမိသွားနိုင်တယ် အခုလောလောဆယ်မှာ လူအင်အားအနေနဲ့ကလဲ ကိုတို့နှစ်ယောက်ပဲရှိတာ ဘယ်လိုမှသူတို့ကိုမနိုင်နိုင်ဘူး ..... အဲ့တာမို့ ကိုတို့ ရှေ့ဆတ်သွားရမယ် ပြီးတော့ အဲ့ကလေးတွေကို ပြန်လာကယ်မယ် နော် "

"......."

"Road ! ကိုပြောတာကြားရဲ့လား !?"

ပြန်မဖြေပါသော်လဲ ခေါင်းတော့ညှိတ်ပြလာသေးသည်မို့ တော်သေးသည်ပြောရပေမည်။ ပြီးတာနဲ့ နှစ်ယောက်သားထိုနေရာမှ ခွာလာပြီး အပေါ်ထပ်သို့တတ်လာခဲ့လေသည်။ အပေါ်ထပ်တွင်တော့ အခန်းအသေးလေးများ များစွာ ဖွဲ့ထားသည်အားတွေ့လိုက်ရလေသည်။

ထိုအခန်းလေးများမှ ထွက်ပေါ်လာသော ညည်းညူသံများသည်ကတော့ ထိုနေရာသည်ကား ပြည်တန်ဆာလုပ်ငန်းတခုဖြစ်သည်အား ဖော်ပြနေခဲ့လေသည်။ ထိုအထပ်သည်က လူအနည်းငယ် များသည်မို့ Daou တို့လဲ သတိအတော်ထားပြီး ပုန်းကွယ်နေရလေသည်။

ထိုအချိန် အခန်းတွင်းမှ ကောင်မလေးတစ်ယောက်အား ဆံပင်မှ ဆွဲပြီး ထွက်လာသည့် လူသန်ကြီးတယောက်အား သူတို့မြင်လိုက်ရလေသည်။ ထိုလူသန်ကြီးမှာ တဖတ်မှ ကောင်မလေးအား ရိုက်နှက်နေခြင်းပင်။

"‌‌ေွးမ နင်ကိုသေချာမသင်ပေးထားဖူးလားဘယ်လိုတွေလုပ်နေတာလဲ ! "

"ကျမတောင်းပန်ပါတယ် ကျမကိုလွှတ်ပေးပါ လွှတ်ပေးကြပါ  ကျမဒီနေရာမှာ မနေချင်ဘူး! "

"ဟရောင်တွေ မင်းတို့ ကောင်မက ဘယ်လိုလဲကွ !!"

ထိုလူသန်ကြီးပြောစကားအဆုံး လူနှစ်ယောက်သည် ထိုလူကြီး အနားရောက်လာကြလေသည်။

"စိတ်မရှိပါနဲ့ဗျာ သူကအသစ်လေးမို့ပါ သေချာသင်ပေးထားလိုက်ပါ့မယ် နောက်တခါကျ ဒီလိုမဖြစ်စေရပါဘူး "

လူသန်ကြီးသည် သူ့အားကတ်ဖားရပ်ဖားပြောနေသူအား လည်ကုတ်မှဆွဲပြီးပြောလိုက်လေသည်။

"ငါဒီကို‌အပျော်ရှာဖို့လာတာ မင်းတို့ရဲ့ဆင်ခြေတွေကို စိတ်မဝင်စားဘူး "

"ဟုတ်ပါတယ်ဗျာ ! တကယ်တောင်းပန်ပါတယ် နောက်ထပ်အလှလေးတွေနဲ့အစားထိုးပေးပါ့မယ် "

ဖွီ!!!

"‌ောက်သုံးကို မကျကြဘူး နောက်တယောက်လွှတ်လိုက် "

ထိုလူသန်ကြီးသည် မိန်းကလေးအား တံတွေးနဲ့ ထွေးလိုက်ပြီး သူ့အခန်းထဲပြန်ဝင်သွားလေတော့သည်။ ယခုနက ဖိနပ်အား ပြေးလျက်တော့မတပ် ဖြစ်နေပါသော လူသည်လဲ သူ့မျက်နှာသည် တည်တင်းသွားပြီး သူ့ ရှေ့ရှိ လဲကျနေသော သနားစရာမိန်းမပျိုလေးအားကြည့်လိုက်လေသည်။

"အဲ့တာကြောင့် အသစ်တွေကို စိတ်မရှည်တာ သူတို့က အပိုးကိုကျိုးမနေဘူး "

"ကျမကိုလွှတ်ပေးပါ ! တောင်းပန်ပါတယ် ! အိမ်ပြန်ပါရစေ!! ဒီကအကြောင်းတွေ လုံးဝပြန်မပြောပါဘူး !! ကတိ... ကတိပေးပါတယ် "

"ဟက် ! မင်းရဲ့ သုံးစားမရတဲ့ ကတိကို ငါကဘာလုပ်ရမှာလဲ ! အဲ့တာထက် မင်းရဲ့ အပျက်မလို့ ခန္ဓာကိုယ်ကမှ ပိုသုံးစားလို့ရ‌သေးတယ် ! ဟိုကောင်တွေ ဒီကောင်မကို ခေါ်သွားပြီး အပိုးကျိုးအောင်လုပ်ပေးလိုက် "

ခဏအကြာ လူတယောက်ထပ်ရောက်လာပြီး ထိုမိန်းကလေးအား အကြမ်းပတမ်းဆွဲခေါ်သွားလေရာ ထိုမိန်းကလေးရဲ့ တောင်းပန်းသံနှင့် အော်ဟစ်ငိုကြွေးသံတို့သည် ထိုနေရာ တောက်လျှောက် ကျယ်လောင်း စွာ ပျံ့နှံ့ကုန်လေသည်။

Note

ဇာတ်ကွက်အသစ်လေး ။ ရိုင်းစိုင်းသော အသုံးအနှုန်းများပါဝင်သောကြောင့် ကြိုတင် Request ပါနော်။ နောက်အပိုင်းလဲ အဲ့လိုမျိုး ပါမှာမို့လို့ပါနော်။

There are no comments yet. Log in to be the first to leave a review!

Similar stories