37
18:28, 8 January 2025Daou အိမ်နောက်ဘက်ရှိ ရေချိုးခန်းဘက်ဝင်လာချိန်ဝယ် ရေချိုးဖို့ရန် အကျီချွတ်နေပါသော Offroad နှင့်ဆုံတော့သည်။ ရေချိုးခန်းဆိုပေမဲ့လဲ ရေအပြည့်ဖြည့်ထားသောအုတ်ကန်နှင့် ဘေးပတ်လည် ကာရံထားသော နေရာတခုဖြစ်တာမို့ နေရာလဲကျယ်သလို လူ2ယောက် 3ယောက် တပြိုင်တည်းရေချိုးနိုင်လေသည်။
Daou ယူလာသောအဝတ်များအား စင်ပေါ်တင်လိုက်ပြီး အကျီလက်တဖတ်အားချွတ်နေပါသော Offroad ဘေးသို့ရောက်သွားလေသည်။
"ကို ကူပေးရမလား အဲ့လက်ကနာနေတုန်းလား "
"အွန်း နည်းနည်းပါပဲ "
Daouလဲ Offroad အကျီချွတ်ရတာတွင်ကူညီပေးလိုက်ပြီး သူ့အရှေ့ထင်ထင်ရှားရှားပေါ်လာပါသော ကျောပြင်ငယ်အား အကြည့်ပို့လိုက်လေသည်။ သို့သော် ထိုကျောပြင်ငယ်သည် ယခုချိန်ထိ အညိုအမဲစွဲနေသော အရာကြီးဖြင့်ဖုံးအုပ်နေဆဲပင်။ Daou ထိုနေရာအား ထိကိုင်ရန် လက်ကတဖြေးဖြေးရှေ့တိုးသွားသော်လဲ ကျောပြင်ငယ်နှင့် ထိစပ်ကာနီးအကွာအဝေးအနည်းငယ်တွင် သူ့ရဲ့ လက်တို့သည် ရပ်တန့်သွားပြီး သက်ပြင်းတခုသာချလိုက်လေသည်။
ထိုအသံအား သတိထားမိပါသော Offroad သည် တဖက်လှည့်ကြည့်ရန်လုပ်ချိန်ဝယ် Daou သည် အလှည့်မခံဘဲ Offroad ပုခုံးထက် သူ့မျက်နှာအား ငိုက်စိုက်ထားလိုက်လေသည်။ တဖတ်မှ Offroad ကတော့ ဘာလုပ်ရမှန်းမသိစွာ ခဏတာ ဖြစ်သွားပေမဲ့လဲ သူ့ပုံခုံးထက် မျက်နှာဖွက်ထားသူDaouရဲ့ ခေါင်းအား ခပ်ဖွဖွပုတ်ပေးလိုက်လေသည်။
"တောင်းပန်ပါတယ် "
"ဟွန်... ဘာလို့တောင်းပန်တာလဲ P'Ou "
"ကိုမင်းအဖေကို မင်းမထိခိုက်အောင် ကာကွယ်ပေးမယ်လို့ ကတိပေးထားပေမဲ့ မင်းကိုအခုထိ ထိခိုက်စေမိနေတုန်းပဲ "
"ဒါက .... ဒါက ကျနော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပဲလေ အဲ့နေ့ကသာ မိုးရေထဲ ထွက်မထိုင်နေရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးလေ "
"မင်းအဲ့လို ထွက်ထိုင်နေရအောင်လဲ ကိုပဲ လုပ်ခဲ့မိတာလေ "
"P'Ou ...."
"ကိုမကောင်းတာပါ "
"P ဒီမှာကြည့် ! ...."
"ဟင့်အင်း "
Offroad တဖက်သို့ လှည့်ပြီး စကားဆိုချင်သော်လဲ Daou ကတော့ သူ့အား တဖက်သို့လှည့်ခွင့်မပေးခဲ့ပေ။ Offroad မှာ ထိုအတိုင်းသာစကားဆိုရတော့သည်။
"ဒီလိုတွေ ဖြစ်ရတာက ကျနော့်ကြောင့်လဲ တစိတ်တပိုင်းပါဝင်နေတာပဲလေ ကျနော်ကြောင့် P'Ouလဲ ဘယ်လောက်တောင် ထိခိုက်ခဲ့ပြီးပြီလဲ "
"ကိုက ခံရသင့်တယ်လေ ကိုကြောင့်သာမဟုတ်ရင် ခုချိန်ဆို Offroad မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဝကို ဖြတ်သန်းနေရမှာ "
"အွန်း.... တကယ်တော့ ကျနော်အဲ့လိုမတွေးမိတာတော့မဟုတ်ပါဘူးလေ ဒါပေမဲ့ ခုချိန်မှာ ကျနော်နားလည်လာတာက ကျနော်ဘဝမှာ ဆုံးရှုံးသွားခဲ့တဲ့အရာတွေရှိခဲ့သလို ကျနော်ပြန်ရလိုက်တဲ့ အရာတွေလဲအများကြီးပါပဲ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေ ကျနော့်ကို အကိုလိုအဖေလို စောက်ရှောက်ပေးတဲ့ P'Jeffလဲရှိတယ် ပြီးတော့တခြားသူတွေ အထူးသဖြင့် P'Ou ကျနော့်ဘဝရဲ့ တစိတ်တပိုင်းဖြစ်လာ ပေးတဲ့ Pနဲ့ဆုံတွေ့ခဲ့ရတာပဲ လေ "
"ဒါမဲ့...."
"ဒါမဲ့ ဆိုတာတွေ ဘာတွေမရှိတော့ဘူး P'Ou အခုချိန်မှာ ကျနော်ဆုံးရှုံးသွားခဲ့တာတွေကို ပြန်လိုချင်ရင်တောင် ပြန်မရနိုင်တော့ဘူး အကယ်လို့ P'Ou အပြစ်ရှိတယ် ခံစားရရင် ကျနော့်ဘေးနားမှာ တဘဝလုံးအဖော်ပြုပေးပါ အဲ့တာ P'Ou ကျနော့်အပေါ် ပြန်ပေးဆပ်ရမဲ့ အပြစ်ကြွေးပဲ "
"အွန်း ..... ဒီလိုမျိုးကိုတော့ အပြစ်ကြွေးလို့တော့ ယူဆလို့မရဘူးပေါ့ မင်းမပြောတောင် ကိုကမင်းဘေးနားမှာ ကပ်တွယ်နေမှာပါ ကိုမင်းကို ချစ်တယ်နော် Offroad "
"ကျနော်လဲ P'Ou ကိုချစ်တယ် "
" ဟုတ်ပြီ ရေချိုးကြတာပေါ့ ကြာနေရင် မကောင်းဘူး "
"ကျနော် အကျီကူချွတ်ပေးမယ် P'Ou ကျောကုန်းက နာနေတုန်းမဟုတ်လား "
"နည်းနည်းပါ "
သို့နှယ် Offroadလဲ Daou အကျီအား ကူချွတ်ပေးလိုက်လေသည်။ ထိုအချိန် သူ့မျက်ဝန်းတို့ရှေ့ ပေါ်ပေါက်လာသော တစုံတခု။ Daou ရင်ဘက်ထက်မှ တတ်တူးသုံးခု။ ထိုတတ်တူးသုံးခုအား Offroad သူ့ရဲ့လက်များဖြင့်ဖြေးညှင်းစွာ ထိကပ်လိုက်လေတယ်။ ပြီးနောက် သူ့အားငုံ့ကြည့်နေပါသော Daou အား မေးလိုက်လေသည်။
"P'Ou သူတို့က ဘာအဓိပ္ပာယ်နဲ့ ထိုးထားတာလဲ "
"ဒါကလား ...... ကိုမိဘတွေနဲ့ ဖော့Neal ရဲ့ မွေးသက္ကရာဇ် တွေလေ "
"ဘာလို့လဲ "
"သူတို့က အခုချိန်မှာ ကို့အနားမှာ မရှိတော့ပေမဲ့ ကို့ရဲ့ ဟော့ဒီနေရာ ....."
Offroad လက်ဖဝါးပြင် ထိခတ်နေပါသော သူ့ရင်ဘက်နေရာထက်သို့ Offroad လက်အား အပေါ်မှ အုပ်မိုးကိုင်လို့Daou ပြောလိုက်လေသည်။
" ကို့ရဲ့နှလုံးသားထဲမှာတော့ သူတို့ကအမြဲရှင်သန်နေဆဲပါဆိုတဲ့ အဓိပ္ပာယ်နဲ့ ထိုးထားတာ ဒါပေမဲ့ နောက်ထပ်တတ်တူး ထိုးဖို့လိုလာခဲ့ရင် အဲ့တတ်တူးတွေထဲမှာ မင်းရဲ့မွေးသက္ကရာဇ်ကိုတော့ ကိုမထိုးချင်ဘူး "
"ဘာလို့လဲ ! P'Ou "
Daou ရဲ့ အဖြေအဆုံး Offroad သူ့အား ခေါင်းထောင်ကြည့်လို့မေးလာခဲ့လေသည်။ Daouလဲ Offroad ကိုယ်လုံးလေးအား သူ့ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။
"ကိုမင်းမရှိပဲ မနေနိုင်လို့လေ ဖြစ်နိုင်မယ်ဆိုရင် မင်းနဲ့အတူ တသက်လုံး အတူနေသွားချင်တာ တနေ့နေ့ တချိန်ချိန်မှာ ခွဲခွာရမယ်ဆိုရင်တောင် မင်းထက်အရင် ကိုသွားချင်တယ် မင်းထွက်ခွာသွားတာကိုတော့ ကိုကြည့်နေနိုင်မယ်မထင်ဘူး ကိုကတကိုယ်ကောင်းဆန်တယ်မလား "
Daou ရဲ့အမေအား Offroad သည် Daouရဲ့ ရင်ခွင်တွင်းမှ ခေါင်းခါပြလာခဲ့လေသည်။ ပြီးနောက် .....
"မဟုတ်ပါဘူး ကျနော်အဲ့လို မထင်ပါဘူး ကျနော်တို့မလွန်ဆန်နိုင်တဲ့အရာတွေဆိုတာ ရှိကြတာပဲလေ ဘယ်သူပဲအရင်သွားသွား ကျနော်ကတော့ P'Ou သွားတဲ့နေရာကို အမြဲလိုက်ပါလာမှာပါ "
"ဟက်! ကောင်းပြီလေ အခုတော့ ရေချိုးကြတာပေါ့ မဟုတ်ရင် အအေးပတ်ကုန်တော့မှာပဲ "
သူတို့ရဲ့စကားဝိုင်းသည် ထိုနေရာတွင်ပင် အဆုံးသတ်ခဲ့လေသည်။ တနေ့တာအား သူတို့ကုန်ဆုံးပြီး နောက်နေ့ မနက်စောစောတွင်Offroad အိပ်ရာထက်မှ နိုးထလာခဲ့လေသည်။ သူ့ဘေးဘက်ရှိနေရာအား လိုက်လံစမ်းသပ်သော်လဲ ရှိနေရမည့် လူသားသည် ထိုနေရာတွင်မရှိနေခဲ့ပေ။ Offroad ကုတင်ထက်မှ ထထိုင်လိုက်ပြီး အခန်းပတ်လည်အား ကြည့်သော်လဲ Daouအားမတွေ့သည်မို့ အခန်းပြင်သို့ထွက်လာခဲ့လေသည်။ အခန်းပြင်ဘက်နေရာတွင် လိုက်လံရှာဖွေနေရင်း မနက်စာစားနေသော Mark ကိုတွေ့တာမို့ ထိုလူအနားသွားလိုက်လေသည်။ Offroad လာတာကို တွေ့တာနဲ့ Mark လဲ နှုတ်ဆတ်လိုက်လေသည်။
"မောနီး Offroad ဒီနေ့စောစောနိုးနေပါလား မနက်စာ စားတော့မလား ပြင်ခိုင်းလိုက်မယ်လေ "
"ကျနော်ခနနေမှ စားလိုက်ပါ့မယ် မျက်နှာမသစ်ရသေးလို့ "
"မျက်နှာမသစ်ပဲ မင်းက ဘာတွေအလုပ်ရှုပ်နေတာတုန်း "
"ကျနော် P'Ou ကိုရှာနေတာ သူ့ကို တွေ့သေးလား "
"Daou လား မနက်စောကြီး သူနိုးနေတာလေ Tinတို့ အမဲလိုက်ဖို့သွားမယ် ကြားတာနဲ့ အဲ့လူတသိုက်နဲ့ပါသွားတယ် "
"ဒီမှာကအမဲလိုက်လို့ရတာလား ဒါပေမဲ့ P'Ou က ဒဏ်ရာကြီးနဲ့လေ သူအဆင်ပြေပါ့မလား ကျနော်လိုက်သွား..... "
"အဲ့.... အဲ့.... ဘယ်သွားမလို့လဲ ဒီကို ပြန်လာခဲ့"
ပြေးထွက်သွားရန် ပြင်နေသော Offroad တယောက်အား Mark မှာ အလျင်အမြန်တားလိုက်ပြီး သူ့အရှေ့တွင်လာထိုင်ခိုင်းလိုက်ရတော့သည်။
"မင်း က သူတို့သွားတဲ့နေရာကို လိုက်သွားမယ်ပေါ့လေ ဒါ့ဖြင့် သူတို့ဘယ် ကိုသွားလဲကောသိလို့လား "
Mark အမေးအား ခေါင်းသာ ခါပြနေတဲ့Offroad ကြောင့် Mark မှာတဟားဟားအော်ရီနေတော့သည်။ Offroad မှာတော့ Markရီသံကြားမှာပင် မျက်နှာငယ်လေးနဲ့သာ သူ့အားကြည့်နေရတော့သည်။
"သူတို့နေရာမသိပဲ မင်းကလိုက်သွားလိုက်တယ် အကယ်လို့ မင်းလမ်းပျောက်သွားရင် ပိုမခတ်ကုန်ဘူးလား ဒီမှာပဲ ငြိမ်ငြိမ်လေးထိုင်နေပြီး Daouတို့ပြန်အလာကို စောင့် ဟုတ်ပြီလား "
"ကျနော်သူ့ကိုစိတ်ပူလို့ပါ "
"ပူမနေနဲ့ သူ့ဘေးမှာ Tin တယောက်လုံးပါသွားတာ Tin ငယ်ငယ်ကတည်းက သူ့အဖေနဲ့ အမဲလိုက်နေကြမို့ သူကတောကျွမ်းပြီးသား ဟုတ်ပြီလား ငါအာမခံတယ်ကွာ ပြီး တော့ သူတို့ပြန်လာဖို့ ကြာအုန်းမှာ မင်း မျက်နှာသစ်ပြီး မနက်စာ စားထားနှင့်လေ "
"ဟုတ်ကဲ့ "
"အွန်း အွန်း "
တဖြေးဖြေး နေလည်ချိန်ရောက်လာမှသာ ခြံရှေ့တွင် လူနှစ်ယောက် စကားတပြောပြောနှင့် ပေါ်လာခဲ့လေသည်။ Offroad မှာတော့ လူရိပ်တွေ့သည်နှင့် အိမ်တံခါးမကြီးရှေ့ပြေးထွက်သွားသည်မှာ Mark ပင် တားလို့မမှီလိုက်ပေ။
"P'Ou !! "
"Road ! "
Daou တယောက် Offroadခေါ်သံကြားသည်နှင့် Tinနှင့်စကားပြောသည်အား ရပ်တန့်လိုက်ပြီး Offroad အရှေ့သို့ အမြန်လျှောက်သွားလိုက်လေသည်။ Offroadမှာတော့ သူ့ရှေ့ ရောက်ချလာသော Daou အား ဟိုကြည့်ဒီကြည့်လုပ်နေပြီးမှ နဖူးထက်မှ ချွေးစတို့အား သူ့လက်ဖျားဖြင့်သုတ်ပေးနေလေသည်။
"ထိခိုက်လာသေးလား P'Ou "
"မထိခိုက်ပါဘူးကွာ ! ကိုကအပျော်လိုက်သွားရုံလေးပါ ကို့ကို စောင့်နေတာလား "
"အွန်း "
"အေးဟေ့ အဲ့မှာလေ မိုးလင်းပြီး မျက်လုံးနှစ်လုံးဖွင့်ကတည်းက ပြာယာခတ်ပြီး မင်းကိုရှာနေတာကွ ငါတောင်မျက်လုံးနောက်တယ် "
Offroad အဖြေဆုံးပြီးမကြား အိမ်ထဲမှ Mark ရဲ့ပြောသံကြီးကြောင့် Offroad မျက်နှာတခုလုံး စတော်ဘယ်ရီအလား နီရဲတွတ်သွားတော့သည်။ သူ Daou အားကြည့်မိတော့ Daouမှ သူ့အားပြုံးပြုံးကြီးကြည့်နေပြီး ဟုတ်လား ဆိုတဲ့အမေးသဘောဖြင့် မျက်ခုံးတဖက်အား ပင့်ပြနေလေသည်။ Daou နောက်မှ Tin တယောက်ကလဲ ပြုံးစိစိလုပ်နေရင်း Offroad အားမျက်စိတဖတ်မှိတ်ပြပြီး အထဲဝင်သွားတော့သည်။ Offroad သူ့မျက်နှာအား ဘယ်နားထားရမှန်းမသိတော့ပေ။
"ဒေါက်တာကလဲ "
"ငါပြောတာ မှားလို့လားကွ "
Offroad ရှက်ရှက်နဲ့ပြောလိုက်သော်လဲ ဆက်စနေတဲ့ Mark ကြောင့် သူထိုနေရာကနေ ပြေးထွက်သွားရန်လုပ်လိုက်လေသည်။ သို့သော် သူ့အားဆွဲထားသူ Daouကြောင့် Offroad မှာ ရုန်းလို့လဲမရ သွားမရနှင့် Daouရင်ခွင်ထက်သာ မျက်နှာဖွက်ထားမိတော့သည်။ သူ့အကွက်ထဲဝင်လာတဲ့ Offroad ကြောင့် Daou လဲ အခွင့်အရေးအား လက်လွတ်မခံစွာ Offroad ခါးလေးအား ပြန်သိုင်းဖတ်ထားလေတော့သည်။
"ရှက်မနေနဲ့တော့လေ ဒေါက်တာက တယောက်တည်းဖြစ်နေလို့ သူမနာလို အားကျနေတာကို "
"အေ့ပေါ့ကွာ မင်းတို့က နှစ်ယောက်အားဆိုတော့လဲ Tinမင်းတို့ ဒီနေ့ဘာရလာတာလဲ "
"ယုန်ရလာတယ်လေ ညကျ ကင်စားကြမလား "
"ကောင်းသားပဲ မီးပုံပွဲလေးလုပ်ကြတာပေါ့ "
"ဟုတ်ကဲ့ ကျနော် Pin ကို ပြင်ပေးဖို့ပြောထားလိုက်မယ် "
"ကောင်းပြီကွာ ဟိုအိမ်ရှေ့ကနှစ်ယောက် အဲ့မှာပဲရပ်မနေကြနဲ့လေ ညကျ ပွဲရှိတယ်နော် "
"ဟုတ်ကဲ့ပါဗျာ သိပါပြီ "
Daouလဲ Markအမေးအား ပြန်ဖြေလိုက်ပြီး ခုထိသူ့ရင်ခွင်ထဲ ပုန်းနေပါသော Offroad အား ပြောလိုက်လေသည်။
"ကို မှာ မင်းအတွက် လက်ဆောင်ပါလာတယ် "
"ဟွန် ! ဘာပါလာတာလဲ "
"ဒီမှာ ..... လှတယ်မလား "
"နေကြာပန်းတွေ "
"အွန်း .... ကိုတို့အပြန်မှာ နေကြာပန်းခင်းတွေတာနဲ့ ဝင်ခူးလာတာ မင်းအတွက် "
"ဝင်ခူးလာတာထက် အားမနာတမ်း တောင်းလာတာပါကွာ "
Daou အဖြေအား Tinမှ ဝင်ပြီးဖြေပေးလိုက်သည်မို့ Mark နဲ့ Offroad တို့ပွဲကျကုန်တော့လေသည်။
"ကျနော် နောက်ကျ ကျသင့်တဲ့တန်ဖိုးငွေ ပြန်ပေး ပေးမှာပါဗျာ "
"ဦးလေးတို့ပန်းခင်းထဲကလား "
"ဟုတ်ကဲ့ "
"အဲ့တာဆို ပေးစရာမလိုပါဘူးကွာ အဲ့တာ Tin ရဲ့ ဦးလေး စိုက်ခင်းလေ ဘာမှမဖြစ်ဘူး "
"ကျနော် အားနာလို့ပါ "
"အားနာလို့သာပဲ မင်းအသေအချာကို အားမနာတမ်းခူးနေတာလေ ငါသာခေါ်မထုတ်လာရင်း ဘယ်ချိန်ထိခူးနေအုန်းမလဲပဲ"
"ဒါကတော့ ကျနော့်ချစ်သူအတွက် အလှဆုံးလေးတွေပေးချင်လို့လေ ဒေါက်တာတို့ ဒါတွေကိုနားမလည်ပါဘူးဗျာ "
"ဒီကောင်တော့ကွာ ဟားဟားဟား ......"
Daou အဖြေအား အိမ်ရှိလူအားလုံးအတွက် ပွဲစည်စေခဲ့လေသည်။ Daou လဲ သူ့လက်ထဲရှိ ပန်းများအား အပြုံးလေးတခုနှင့် ကြည့်နေပါသော Offroad အား မေးလိုက်လေသည်။
"သဘောကျလား "
"အွန်း ... အရမ်းသဘောကျတယ် အရမ်းလဲလှတယ် ဒါမဲ့ ဘာလို့ နေကြာပန်းပေးတာလဲ"
"ကိုကမင်းရဲ့နေကြာပန်းလေးမို့လို့လေ Offroad ဆိုတဲ့ မင်းလေးကိုပဲ Daou ဆိုတဲ့ကိုက အမြဲ မော်ဖူးပြီး မျှော်ငေးကြည့်နေမှာမို့လေ "
"P'Ou ဒါမျိုးတွေလဲသိတယ်ပေါ့ "
"မင်းတယောက်ထဲအတွက်ပါကွာ အခု ကိုရေချိုးလိုက်အုန်းမယ် "
"ကျနော်လဲ ကူပေးမယ်လေ "
Offroad သူ့ရဲ့ပန်းစည်းလေးအား အိမ်ရှေ့ရှိ ခုံလေးပေါ်တွင် တင်ထားခဲ့လေသည်။ တဆတ်ထဲ Markတို့ကိုလဲ အသိပေးခဲ့ပြီး Daouနောက်သို့ ပြေးလိုက်သွားလေသည်။
ထိုချိန်အပြင်မှ ပြန်လာသော Pin တယောက် ပန်းစည်းအားမြင်သော် ကောက်ကိုင်လိုက်လေသည်။ ထိုအခြင်းအရာအား မြင်လိုက်သော Mark မှ လှမ်းပြောလိုက်လေသည်။
"Pin အဲ့ပန်းစည်းက Offroadအတွက် Daou ကိုယ်တိုင်ခူးလာတဲ့ဟာလေ အဲ့မှာထားထားလိုက် နှစ်ယောက်သား အနောက်ဖက်ရောက်နေကြလို့ ခဏနေ Offroad ပြန်လာယူလိမ့်မယ် "
"ဟုတ်ကဲ့ "
သူမဘက်မှ ဟုတ်ကဲ့အဖြေထွက်လာသော်လဲ လက်ထဲရှိပန်းစည်းအား ပြန်ချထားဖို့ရန် စိတ်ကူးမရှိသေးပုံပင်။ သူမလက်ထဲ ထိုပန်းစည်းကိုသာ တင်းကြပ်စွာကိုင်ထားလေသည်မှာ ပန်းရိုးများပင် ကျိုးတော့မရောင်ပင်။
"မင်းမကျော်သင့်တဲ့စည်းကို မကျော်တာအကောင်းဆုံးပဲ "
ပြောပြီးနောက် Pin လက်ထဲမှ ပန်းစည်းအား Tinသည် ဆွဲယူသွားခဲ့လေသည်။ သို့သော် Pin သည် လွှတ်ပေးလိုက်ရန် တင်းခံနေခဲ့လေသည်။
"Pin !!"
Tinအသံမာမာဖြင့်ထပ်ခေါ်လိုက်တော့မှ Pin သည် ပန်းစည်းလေးအား လွှတ်ပေးလာခဲ့လေသည်။ Pin လဲတပြိုင်နက်ထဲ မီးဖိုချောင်ဘက်သို့ ဝင်သွားခဲ့တော့သည်။
ညနေဘက်သို့ရောက်လာချိန်မှာတော့ Mark ပြောခဲ့သည့်အတိုင်း ပွဲအသေးစားလေးလုပ်ခဲ့ကြလေသည်။ မီးပုံလေး နှင့်အတူ ဘေးပတ်လည်ဝယ် ဝိုင်းထိုင်လိုက်ကြပြီး ချစ်ရသူ ခင်မင်ရင်းနှီးသူတို့ဖြင့် ပွဲလေးအား ပျော်ရွှင်စွာ ဖြတ်သန်းခဲ့လေသည်။
အားလုံးသည် စကားတပြောပြော သောက်စားကြရင်း ထိုညခင်းအချိန်လေးအား တန်ဖိုးရှိစွာ ဖြတ်သန်းကြလေသည်။ ညသိပ်မနောက်ကျခင် အချိန်မှာပဲ ပွဲလေးကိုအဆုံးသတ်ခဲ့ပြီး Mark သည် အထဲဝင်ရန် ပြင်ရင်း Daou တို့အား မေးလိုက်သည်။
"ငါတော့မခံနိုင်တော့ဝူး အိပ်နှင့်တော့မယ် မင်းတို့ကော မအိပ်သေးဘူးလား "
"ခဏတော့ အပြင်မှာနေလိုက်အုန်းမယ် ခဏနေ ကျနော်တို့လဲ နားတော့မှာပါ "
"ဟုတ်ပြီ သိပ်နောက်မကျစေနဲ့နော် "
ဆိုပြိးနောက် Mark သူ့အခန်းသို့ဝင်သွားခဲ့လေသည်။ Daou ကတော့ Offroad လက်အားဆွဲကာ ခြံပြင်ဘက်သို့ခေါ်သွားခဲ့လေသည်။
"P'Ou ဘယ်သွားမလို့လဲ မိုးချုပ်နေပြီလေ "
"ကိုပြစရာရှိလို့လေ လိုက်ခဲ့"
"ခုချိန်ကြီး မြင်ရပါ့မလား "
"ရပါတယ် လာ လိုက်ခဲ့ "
သို့နှယ် Daouခေါ်ရာနောက် Offroad လဲတရွေ့ရွေ့ပါသွားလေတော့သည်။ Daou ရွာအပြင်ဘက်စိုက်ခင်း တွေဘက်သို့ ထွက်လာပြီး အနည်းငယ် မို့မောက်နေသော ကုန်းမြေမြင့်လေးတခုပေါ်သို့ ခေါ်ဆောင်သွားခဲ့လေသည်။
"ဒီမှာရောက်ပြီး လာ ! ကိုအခင်းခင်းပေးမယ် လှဲချလိုက် "
Daou သူယူလာသော အခင်းအား နေရာတကျ ခင်းလိုက်ပြီး သူကအရင်လှဲလိုက်လေသည်။ ပြီးနောက် Offroad အား သူ့လက်မောင်းထက် လှဲစေလေသည်။
"ဘာပြမလို့လဲ P'Ou "
"အပေါ်ကို ကြည့်ကြည့် "
Daou ညွှန်ပြသည့်အတိုင်း Offroad ကြည့်လိုက်ချိန်ဝယ် ကြယ်ရောင်စုံတို့နှင့် သက်ဝင်တောက်ပနေပါသော ကောင်းကင်ပြင်ကြီးရယ် ထိုကောင်းကင်ပြင်ထက်မှ တောက်ပစွာ လင်းထိန်နေပါသော လပြည့်ဝန်းကြီးတခု။
"လှတယ်မဟုတ်လား "
"အရမ်းလှတာပဲ ကျနော်တို့မြို့မှာ ဒါမျိုးတွေ မမြင်ရဘူးနော် "
"ဟုတ်တာပေါ့ မြို့ကမီးရောင်စုံတွေကြားထဲမှာ ဒီလိုသဘာဝအလှတရားတခုက ဖုံးအုပ်နေခဲ့တာလေ ကို့မှာလုပ်ချင်တဲ့ ဆန္ဒတခုရှိတယ်လေ ယခုလိုညမျိုးမှာ ကိုချစ်ရတဲ့ မင်းနဲအတူတူ ကြယ်တွေကို ရေတွက်ချင်တယ် ပြီးတော့ ဒီကြယ်ပင်လယ်ကြီးကို သက်သေထားလို့ မင်းကို ဘယ်လောက်ချစ်ကြောင်းကိုကျိန်ဆိုပြချင်တယ် "
Daouသည် ထိုစကားများအား သူ့ လက်မောင်းတွင်းရှိ Offroad ရဲ့ မျက်ဝန်းတောက်တောက် လေးများအား ငေးကြည့်လျက် ဆိုလာခဲ့လသည်။ ပြီးနောက် သူ့ရဲ့ ခေါင်းသည် တဖြေးဖြေးနိမ့်ဆင်းသွားလျက် Offroad ရဲ့ မျက်နှာနှင့် အကွာအဝေးအနည်းငယ်အကွာတွင် ရပ်တန့်လိုက်လေသည်။
"ကိုကပြောချင်တယ် ကိုမင်းကိုသိပ်ချစ်တယ်ကြယ်တလုံးချင်းစီကသာ ဆုတောင်းတခုဖြစ်ခဲ့ရင် ကို့ဘဝဆက်တိုင်းမှာ မင်းနဲ့သာ ဆုံတွေ့ချင်ပါတယ်လို့ ကိုကဆုတောင်းမှာ မင်းကသာ ကို့ဘဝအတွက် အဖိုးတန်ဆုံးလူသားတစ်ဦးဖြစ်ကြောင်း သူတို့ကို သက်သေထားပြီး ကျိန်ဆိုပါတယ် "
"ကျိန်ဆိုစရာမလိုပါဘူး P'Ou ရဲ့ အချစ်တွေကို ကျနော် ခံစားမိတာမို့ P'Ou ကို ကျနော်ယုံကြည်ပြီးသားပါ P'Ou ကလဲ ကျနော့်ဘဝမှာ အဖိုးတန်ဆုံး လူသားတစ်ဦးပါပဲ "
Offroad စကားဆုံးသည်နှင့် DAOU ရဲ့နှုတ်ခမ်းတို့သည် Offroad ရဲ့နှုတ်ခမ်းသားတို့ထက် နေရာယူသွားခဲ့လေသည်။ ချိုမြိန်လှပသော အနမ်းတစ်ခုအား လမင်းကြီးနှင့် ကြယ်လေးများက သက်သေဖြစ်စေခဲ့လေသည်။
Note
ရှည်ကြီးပဲနော် ထုခွန်းတို့ ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




