Fanfics
ep 9
14:08, 20 July 2023
အခုဆို ဂျွန်နဲ့ထယ်လက်ထပ်ခဲ့တာ ငါးလတင်းတင်းပြည့်ခဲ့ပြီဖြစ်၏။ အချိန်တစ်ခုသာကြာခဲ့ပြီဖြစ်သော်လည်း ဂျောင်ကုနဲ့ထယ်‌ယောင်းရဲ့ဆက်ဆံရေးမှာတော့ တိုးတတ်လာခြင်းအလျင်းမရှိပေ။ အရင်အတိုင်းသာ ဂျွန်ကစိမ်းကားနေဆဲပင်။ သို့ပေမယ့် ထယ်ယောင်း၌သူငယ်ချင်းအသစ်ရှိလာပြီဖြစ်၏။
ထိုသူကား ပတ်ဘိုဂမ်ဆိုသူဖြစ်သည်။ ဂျွန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မိုးလင်းတိုင်းအိမ်ရှေ့သို့ရောက်လာတတ်သည့်သူ့ကြောင့် သနားကာ သူငယ်ချင်းဖြစ်ဖို့ ထယ်ယောင်းခွင့်ပြုပေးခဲ့တာဖြစ်၏။ သုံးလတိတိတစ်ရက်မှမပျက်ပဲ အိမ်ရှေ့သို့လာစောင့်တတ်သည့်သူ့ကို ယခုလိုအခွင့်အရေးပေးမိတာ ထယ်ယောင်းလွန်သည်မထင်ပါ။ ဘိုဂမ်ဟျောင်းကတစ်ကယ်ကိုကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပင်။ ဂျွန့်ဆီကမရသည့် ဂရုစိုက်မှုတွေကို သူနှင့်မှသာ ရခဲ့တာဖြစ်၏။ ဘိုဂမ်ဟျောင်းက ကျွန်တော့်အတွက်တော့ သူငယ်ချင်းထက်ပိုတဲ့အကိုတစ်ယောက်ပါပဲ။သူကလည်းညီလေးတစ်ယောက်လိုသဘောထားသည်မို့ ထယ်ယောင်းတို့ဆက်ဆံရေးက ပို၍ပြေပြစ်ခဲ့၏။
မိဘတွေဆီကမရခဲ့သည့် ဂရုစိုက်မှုတွေ လက်ထပ်ထားသူဆီက မရသည့်ကြင်နာမှုတွေကို ဘိုဂမ်ဟျောင်းဆီကရခဲ့ရသည်မို့ ထယ်ယောင်း သူ့ကိုသိပ်ခင်ပါ၏။
"ထယ် ဟျောင်းတို့ တစ်ခုခုသွားစားမလား"
"မစားတော့ဘူးဟျောင်း"
ထယ်ယောင်းအပြင်ထွက်လာတာ သိပ်ကြာနေပြီမို့ ဟျောင်းနှင့်နေ့လည်စာအတူစားဖို့ကို ငြင်းလိုက်ရတာဖြစ်၏။ မနက်ကတည်းကအပြင်ထွက်လာတာပြီး ယခုထိအိမ်မပြန်သေးတာကို ဂျွန်သိရင် ထယ်ယောင်း ဂျွန်ပြောတာကိုခံရဦးမည် မဟုတ်လား။ ထို့ကြောင့်လည်း ဟျောင်းကိုငြင်းကာ အိမ်ပြန်ပို့ခိုင်းရတာဖြစ်၏။
"တကယ်ပဲ အိမ်ပြန်တော့မှာလား ထယ်"
"ဟုတ်ဟျောင်း ကျွန်တော်အပြင်ထွက်လာတာကြာပြီလေ"
"အင်းပါ ထယ်ပြန်မယ်ဆိုလည်း သဘောပါ"
ဘိုဂမ်စိတ်မပါပေမယ့်လည်း ဟန်ဆောင်ကာပြုံးထားရ၏။ ထယ်ယောင်းသာအဆင်ပြေနေရင် သူဘယ်လိုပဲနေရနေရအဆင်ပြေတာမို့ ထယ်ယောင်းစိတ်ချမ်းသာဖို့ကသာ အရေးကြီးဆုံးပင်။ လက်တွေ့မှာ သူနဲ့အချိန်တွေအကြာကြီးထပ်ဖြုန်းချင်ပေမယ့်လည်း မြတ်နိုးရသူကပြန်မယ်‌ဆိုတော့လည်း သူ့သဘောပဲပေါ့။
ထယ်ယောင်းအား အိမ်ပေါက်ထိရောက်အောင်သေချာလိုက်ပို့ပြီးနောက် ထယ်ယောင်းကနှုတ်ဆက်ကာ အိမ်ထဲ၀င်သွားသည်အထိ ငေးကြည့်ရင်းကျန်နေခဲ့မိ၏။ ဒီကောင်လေးနဲ့ သူအရင်တွေ့ခဲ့ရရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင် ဂျောင်ကုမပိုင်ဆိုင်ခင် သူပိုင်ဆိုင်ခဲ့ရမှာ။
မြတ်နိုးရလွန်းသူလေးရယ်.......။
_-_-_-_-_-_-_-_-_-_-_-_--_-_-_-_--_-_-_--_-__-_-_-_--_
ထယ်ယောင်းအိမ်ထဲ၀င်လာတော့ ဂျွန်ကဧည့်ခန်း၌မိန့်မိန့်ကြီးထိုင်ကာစောင့်နေလေ၏။ သူအိမ်၌မရှိဘူးဟူသော အသိဖြင့် အေးအေးလူလူ၀င်လာပြီးမှ ရုတ်တရက်ကြီး သူ့ကို တွေ့လိုက်ရသည်မို့ ထယ်ယောင်းလန့်သွားရလေသည်။
"ဟင်! ဂျွန် !"
မနက်ကသူကုမ္ပဏီကိုထွက်သွားသည်မို့ ထယ်ယောင်းက ဘိုဂမ်ဟျောင်းနဲ့ လျှောက်လည်မိတာဖြစ်သည်။ ဘာလို့ ဂျွန်ကအိမ်ရောက်နေတာလဲ။ ဒီနေ့ စနေနေ့လည်းမဟုတ်ပါဘူး။
"ပျော်ခဲ့ရဲ့လား"
ဆိုဖာပေါ်၌ခြေကလိမ်ကွပ်ကာ ထိုင်နေရင်းမှ အကြည့်စူးစူးတွေဖြင့်ကြည့်ကာ မေးလာသည်မို့ ထယ်ယောင်းဒူးတို့က ခွေယိုင်မတတ်ပင် တုန်နေပြီဖြစ်၏။ သူစိတ်တိုရင် ဘာလုပ်မလဲ ထယ်ယောင်းသိထားသည်မို့ တွေးရင်းပင် တံတွေးကိုအကြိမ်ကြိမ်မျိုချမိသည်။
"ငါမေးနေတယ်လေ"
"ပျော် ပျော်ပါတယ်"
"ဘာ!!!"
ဂျောင်ကု၏သံမြင့်ကြိမ်‌နှုန်းများအဆုံး ထယ်ယောင်းကိုယ်လုံးလေးတုန်သွားလေ၏။ အပြစ်လုပ်ထားသူမို့ ဘာမှလည်းပြန်မပြောရဲဘဲ ခေါင်းကိုသာ မဖော်စတန်းငုံ့ထားမိသည်။ ဒီအချိန် ဂျောင်ကုဘယ်လောက်ထိ စိတ်တိုနေမယ်မှန်း ထယ်ယောင်း မော့မကြည့်ပါဘဲ သိ၏။ တုန်ခါနေသော သူ့အသံနောက်မှာ ထိန်းချုပ်ထားသည့် ဒေါသများစွာရှိနေသည်ကို ထယ်ယောင်းအတိုင်းသား မြင်နေရ၏။
မဝံ့မရဲဖြင့် ခေါင်းလေးအားမော့ကြည့်ချိန် စူးရဲနေသောအကြည့်တစ်စုံဖြင့် ရင်ဆိုင်လိုက်ရသည်မို့ ထယ်ယောင်းခေါင်းကို အမြန်ငုံ့ပစ်လိုက်ရ၏။
ဂျွန့်အကြည့်တွေက ဘာလို့အရမ်းကြောက်ဖို့ကောင်းနေရတာလဲ......။
ထယ်ယောင်းပျော်သည်ဟုဖြေတော့ ဂျောင်ကုစိတ်တို့က အလိုမကျနိုင်တော့‌ပေ။ ဘာလို့လဲ။ ဘာကြောင့် ဤသို့ဖြစ်နေရသည်ကို ကာယကံရှင်ဖြစ်သည့် ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်ပေ။ သူအခြားတစ်ယောက်နဲ့အပြင်သွားခဲ့လို့လား။ ဒါမှမဟုတ် သူပျော်တယ်ဆိုတာကြောင့်လား။ ဘာကြောင့်ရယ်မသိပေမယ့် ဂျောင်ကုအတော်လေးစိတ်တိုမိသည်။ ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့တောင် သူကပျော်နေနိုင်တာလား။
ဘာလဲ။ ငါအခုသူ့ကို သ၀န်တိုနေတာလား။ မဟုတ်ဘူး။ သူ့ကိုငါကမုန်းနေတာ။ သူ့ကိုတစ်ခြားသူကပျော်အောင်ထားတာ မကြိုက်လို့ ငါခံပြင်းနေတာ။
ဂျောင်ကု ကိုယ့်စိတ်ကိုမသိစွာဖြင့် ခေါင်းမာကာငြင်းနေမိ၏။ မချစ်တတ်သူတစ်ယောက်မို့ သ၀န်တိုတာကိုမသိရင် လက်ခံနိုင်ပါသေးသည်။ သို့ပေမယ့် ဂျောင်ကုက မချစ်တတ်သူမဟုတ်ပေ။ ချစ်ခဲ့ဖူးသည်။ သ၀န်တိုခဲ့ဖူးသည်။ ယခုလည်း သ၀န်တိုသည့်စိတ်ကိုအမုန်းတွေနဲ့အစားထိုးကာ ငြင်းဆန်နေတာဖြစ်၏။
"မင်း နောက်နေ့ငါနဲ့မှမဟုတ်ရင် ဘယ်သူနဲ့မှအပြင်မထွက်နဲ့"
"ဂျွန်"
ဒေါသသံမစွက်သည့် အသံချိုချိုနှင့်သာ ထယ်ယောင်းခေါ်လိုက်မိတာဖြစ်သည်။ ဂျွန်ဘာဖြစ်နေတာလဲ ထယ်ယောင်းနားမလည်နိုင်တော့ပေ။ အခုပဲစိတ်တိုသည် အခုပဲအပြင်မထွက်ရဘူးဆိုပြီးပြောသည်။ ဘိုဂမ်ဟျောင်းနဲ့အပြင်သွားလို့ သ၀န်တိုတာလား။ မဖြစ်နိုင်။ ဂျွန်က သူ့ကိုမုန်းနေသည်မဟုတ်လား။
"ဘာလဲ"
နာမည်ကိုခေါ်ပြီး ဘာမှမမေးဘဲ ခေါင်းငုံ့နေသူအား စိတ်မရှည်စွာ အော်လိုက်မိခြင်းပင်။ သူများနာမည်ကိုလျှာအရိုးမရှိတိုင်းလျှောက်ခေါ်နေသည်က စိတ်ပျက်စရာ။ သူမေးသည့်တိုင် ဘာမှပြန်မဖြေလာသော ထယ်ယောင်းအား ဂျောင်ကုမျက်မှောင်ကြုတ်၍သာ ကြည့်မိ၏။
"ကင်မ်ထယ်ယောင်း မင်းမှာပါးစပ်မပါဘူးလား"
"......."
ဂျောင်ကုအထပ်ထပ်အခါခါမေးနေသည့်တိုင် ထယ်ယောင်းဆီမှ စကားပြန်မလာပေ။ ခေါင်းငုံ့ကာသာ ပေတေတေဖြင့်ရပ်နေလေ၏။
"ကင်မ်ထယ်ယောင်း!!!"
ဂျောင်ကုအော်လိုက်ကာမှ ခန္ဓာကိုယ်လေးတုန်သွားကာ မော့ကြည့်လာလေသူ။
"ဘာလဲ မင်းက ဂျွန်ဂျောင်ကုဆိုတဲ့ဒီကောင်ကို စောက်ဖတ်မလုပ်တာလား စောက်ဂရုစိုက်စရာမလိုတာလို့ထင်‌နေတာလား ဟမ်"
ဆိုဖာပေါ်ခြေကလိမ်ကွပ်ထိုင်နေရာမှ ထလာကာ ထယ်ယောင်းပါးနှစ်ဖက်အား အားပြင်းပြင်းဖြင့်ကုပ်ပြီးမေးတာဖြစ်၏။
"ဂျွန် လွှတ် လွှတ်ပါ နာတယ်"
"ခများ ဒီထက်နာတာတောင် ခံခဲ့ဖူးပြီးပြီမဟုတ်လား"
"ဂျွန်"
ဂျွန်ဘက်စကားကြမ်းတွေပြောလာတိုင်း ထယ်ယောင်းရင်ထဲကနာသည်ဆိုသော်လည်း စိတ်မဆိုးရက်နိုင်ပါ။ သိပ်ချစ်သူသာစိတ်ချမ်းသာရင် ထယ်ယောင်းဘယ်လိုပင်ကြမ်းတမ်းတဲ့စကားဖြစ်ပါစေ ကြံ့ကြံ့ခံနိုင်ပါတယ်လေ။
"အွန့် ! ဂျွန် !"
သူ့အပေါ်ဘယ်လောက်ကြမ်းတမ်းတဲ့စကားသုံးနေပါစေ ဘာမှပြန်မပြောတဲ့ ထယ်ယောင်းကို ဂျောင်ကုစိတ်မရှည်ပါ။ တစ်ခုခုဆို ကိုယ့်ဘက်က သူပြန်တုံ့ပြန်လာမည်ထင်ထားပေမယ့်လည်း အထင်နဲ့အမြင်က တစ်ခြားဆီမို့ စိတ်တိုကာ သူ့နှုတ်ခမ်းတွေအား ဆွဲငုံပစ်လိုက်ခြင်းပင်။ ဒီနှုတ်ခမ်းတွေက သိပ်ကိုနှုတ်ဆိတ်နေချင်တာမဟုတ်လား။ စိတ်ချ ဒီလူက အဲ့ဒီပါးစပ်ကနေ ငြီးသံတွေထွက်လာအောင်လုပ်ပေးမှာမို့။
"ဂျွန့် !"
နှုတ်ခမ်းအားစုပ်နမ်းနေရာမှရပ်ကာ ရုတ်တရက်ပခုံးပေါ်တင်ကာ အပေါ်ထပ်ဆီသို့ ခေါ်သွားလေသော ဂျွန်ကြောင့် ထယ်ယောင်းကြောင်အစွာ။ ခနအတွင်းမှာ ဖြစ်ပျက်သွားသည့်အရာတွေအား ထယ်ယောင်းအတော်နှင့် နားမလည်လိုက်နိုင်။
"အင့်!"
အိပ်ယာပေါ်သို့အရှိန်ပြင်းပြင်းဖြင့်ပစ်ချခံလိုက်ရသည်မို့ ထယ်ယောင်းခေါင်းထဲ မိုက်နဲဖြစ်သွားကာ ချက်ချင်းပြန်မထနိုင်ပေ။ သို့ပေမယ့် တစ်ခုခုကိုတော့ ထယ်ယောင်းရိပ်စားမိလာသလိုရှိ၏။ ဒီနေ့လည်း ထယ်ယောင်းရဲ့နေ့နဲ့ညက ပုံမှန်ထက်ပိုကြာဦးမည်ထင်ပါသည်။
...........................................................................
တစ်ဖက်တွင်တော့ စိတ်ကောက်တော့မူနေသော babyလေးအားချော့နေရလေသည်။
"babyလေးရေ"
ဆေးရုံထဲမှာ လူနာကင်းလှည့်နေတုန်း ခိုးနမ်းနေရင်း လူမိသွားသောအဖြစ်ကြောင့် ယွန်ဂီရဲ့အသည်းအသက်လေးက စိတ်ဆိုးနေတာဖြစ်၏။ ဆေးရုံကတည်းက,ချော့နေတာကို ယခုညသို့ရောက်သည်အထိတိုင် စိတ်ဆိုးမပြေသေးပေ။ ပုံမှန်စိတ်မရှည်တတ်သည့် ယွန်ဂီတစ်ယောက်လည်း babyလေးနဲ့မှ အတော်ကိုစိတ်ရှည်တတ်နေပြီဖြစ်၏။
"baby ကိုယ်တောင်းပန်ပါတယ် ကိုယ်တကယ်မထိန်းနိုင်တော့လို့ပါ ပြီးတော့ ဒီနေ့တစ်နေ့လုံးမှာ ကိုယ်တစ်ခါတည်းပဲနမ်းတာပါ "
"တစ်ခါလည်းတစ်ခါပဲ အချိန်ကနဲသလား သူများအတင်းတွန်းနေတာတောင် ဆက်ပြီးနမ်းနေတာ ဘယ်သူလဲ"
"ကိုယ်တစ်ကယ်တောင်းပန်ပါတယ်ကွာနော် ကိုယ့်ကိုယ်ခွင့်လွှတ်ပါကွာ ပြန်ရတော့မယ် လူတစ်ယောက်ကို စိတ်မကောင်းအောင်မလုပ်ပါနဲ့"
"ဘာ! ပြန်ရတော့မယ် ဟုတ်လား"
"ဟမ်"
ယွန်ဂီလျှို့ဝှက်ထားသည့်ကြားမှ မထင်မှတ်ဘဲထွက်သွားသည့်စကားကြောင့် ကိုယ့်ခေါင်းကိုသာ ပြန်ရိုက်မိ၏။
"ဆောရီး baby အ့တာကလေ....."
"ဘာလဲ ခများကလူကို ကစားတုန်းက ကစားပြီး အခုမှ စွန့်ပစ်မယ်ပေါ့"
"မဟုတ်ဘူး baby ကိုယ်ပြောတာ....."
"ဟင့်! ခများ လူယုတ်မာကြီး အကျင့်မကောင်းတဲ့လူကြီး"
"ဟုတ်ပါတယ် ကိုယ်ကမကောင်းတဲ့လူကြီးပါ"
ဂျီမင်း၏ခန္ဓာကိုယ်လုံးလုံးလေးအား ထွေးဖက်ရင်း ပြောနေတာဖြစ်၏။ မခွဲခွာချင်ပေမယ့်လည်း မပြီးပြတ်သေးသော ကိစ္စကြောင့် ခေတ္တခွဲခွာရဦးမည်။ ဒီကိစ္စတွေပြီးသွားရင်တော့ ကိုယ်မင်းဆီ အပြေးပြန်လာမှာပါ။
"ဘာလို့ပြန်မှာလဲ"
ရင်ခွင်ထဲကနေ မျက်ရည်‌လေးတွေဝေ့ဝဲကာမေးလာသူကြောင့် ယွန်ဂီစိတ်ထဲမကောင်း။ ဒီကောင်‌လေးပါးစပ်က ဘယ်လောက်ပဲမချစ်ဘူးပြောနေပါစေ သူ့ရင်ထဲက အချစ်တွေကိုတော့ အတိုင်းသားမြင်နေရပါသည်။ ဒီကောင်လေး သူ့အပေါ်မှာ ဘယ်လောက်တောင်မေတ္တာရှိသလဲ။ ဘာမှသွေးမတော် သားမစပ်တဲ့လူကို အသက်ကယ်ပေးခဲ့တဲ့အပြင် သူ့အိမ်မှာထားပြီး ဂရုတစိုက်ပြုစုပေးသေးသည်။ ချစ်သူတွေဖြစ်ပြီးနောက်လည်း ခနတိုင်းစိတ်ကောက်တတ်ပေမယ့် တစ်ပါးသူကိုငဲ့ညှာတတ်သည့် သူလေးက အကြာကြီးစိတ်မကောက်ဖူးပေ။
"သွေးစုပ်ဖုတ်ကောင်ကြီး ကျွန်တော့အသွေးအသားကိုယူပါ"
"baby"
"ယူလို့ ပြီးကျရင် ဘယ်အချိန်ရောက်ရောက် ကျွန်တော့်ကိုပြန်လာရှာမယ်လို့ ကတိပေး"
"ကိုယ်ကတိပေးပါတယ် ဒါပေမယ့် baby အသွေးအသားကိုတော့ မယူချင်ဘူး"
"ဘာလဲ ခများက လူကိုရွံတာလား"
"ရွံစရာလားကွာ ဒီလောက်ထိ မြတ်နိုးရတာကို"
"ဒါဆို ယူ"
"baby"
"ခများ မယူရင် အခြားတစ်ယောက်နဲ့ သွားအိပ်...."
သူ့ရင်ခွင်ထဲမှရုန်းထကာ ထသွားရန်ပြင်တော့မှ လူကိုပြန်ဖက်ထားကာ စကားတို့အားနှုတ်ဆိပ်စေရန် တံဆိပ်တူသော့နှင့်ခတ်နှိပ်လေ၏။
"baby နောင်တမရဘူးနော်"
ယွန်ဂီအမေးကြောင့် ဂျီမင်းပြုံးရင်းခေါင်းခါပြလိုက်မိ၏။ ထို့နောက်တွင့်တော့ ဧည့်ခန်းဆီမှ အိပ်ခန်းဆီသို့။ ဤနောက်တွင်တော့ သွေးစုပ်ဖုတ်ကောင်နဲ့ ဘေဘီလေးတို့၏ညတာသည် ရှည်လျားနေခဲ့လေသည်။
J JuliH
မအားတာနဲ့ update ကြာသွားတယ် မီယားနဲ။စာလုံးမှားတာလေးတွေရှိရင်လည်း ပြင်ဖတ်သွားပါနော်။ ပြီးပြီးချင်းတင်ထားတာမို့ ပြန်မစစ်ရသေးပါဘူး။
Zawgyi
မစားတော့ဘူးဟျောင်း
_-_-_-_-_-_-_-_-_-_-_-_--_-_-_-_--_-_-_--_-__-_-_-_--_
ဟင်! ဂျွန် !
ပျော်ခဲ့ရဲ့လား
ငါမေးနေတယ်လေ
ပျော် ပျော်ပါတယ်
ဘာ!!!
ဂျွန်
ဘာလဲ
.......
ကင်မ်ထယ်ယောင်း!!!
ဂျွန်
အွန့် ! ဂျွန် !
ဂျွန့် !
အင့်!
..................
babyလေးရေ
ဟမ်
ဆောရီး baby အ့တာကလေ.....
ဘာလို့ပြန်မှာလဲ
baby
ဒါဆို ယူ
baby
baby နောင်တမရဘူးနော်
J JuliH
There are no comments yet. Log in to be the first to leave a review!
Similar stories