Fanfics

Part-4

18:31, 25 August 2023

ဂျီမင်းရဲ့ ပြဿနာက ညနက်သန်းခေါင်အချိန်မှာစတော့တာ။ ရေဆာလို့ဘူးထဲ ကြည့်လိုက်တော့ ရေကမရှိဘူးဖြစ်နေခြင်း။  အောက်ထပ်ကိုမီးမဖွင့်တော့ဘဲ ဆင်းသွားလိုက်သည်။ ညနက်နေပြီဆိုတော့တခြားသူတွေလဲအိပ်နေပြီလေ။ ညမီးရောင်မှိန်ဖျော့ဖျော့လေးသာရှိ၏။

ရေထည့်ပြီးအပေါ်ထပ်ကိုတက်နေတုန်း

"ပတ်ဂျီမင်း အဲ့မှာခဏရပ်"

လှည့်ကြည့်လိုက်တော့ဂျောင်ကု ညနေက ကိစ္စကလဲရှိနေသေးတာကြောင့် ပြေးတက်လိုက်တော့အနောက်ကနေ တဒုန်းဒုန်းနဲ့ပြေးလိုက်လာသည်။သူခြေလှမ်းတွေကဘာလို့အဲ့လောက်မြန်နေရတာလဲ ။ အခန်းထဲဝင်မလို့လုပ်တုန်း ဆွဲလှည့်ပြစ်လိုက်တာအရုပ်တစ်ရုပ်အတိုင်း

"ခင်များကိုနေဦးလို့ပြောနေတာမကြားဘူးလား"

"ဘာလဲ ငါ့ဘာငါရေသွားထည့်တာနော်"

"ဒါဆိုဘာလို့ခေါ်တာကို ပြေးတက်သွားတာလဲ"

"ဘာဖြစ်ဖြစ်.."

"ကျတော့်ကို ညစာပြင်ပေး"

"ဘာ.."

"ကျတော်ညစာမစားရသေးဘူး"

"မင်းဘာသာစားရမဲ့အချိန်အိမ်မှာမရှိတာလေ တခြားသူသွားခိုင်း မလုပ်ပေးနိုင်ဘူး"

အ့

"နာတယ်..မင်း"

လက်မောင်းကိုသူ့အားကြီးတွေနဲ့အတင်း ညစ်ထားပြီးအံကြိတ်သံဖြင့်

"ခင်များကိုပိုက်ဆံပေးပြီးအိမ်ခေါ်ထားတာ ခိုင်းရင်လုပ်"

"ငါကဆေးကုဖို့ ထမင်းဝိုင်းပြင်ပေးဖို့မဟုတ်ဘူး လွှတ်"

အတင်းရုန်းလဲမရ။

"ပြင်ပေးဆိုပြင်ပေး မဟုတ်ရင်ခင်များအိပ်ရမယ်မထင်နဲ့"

"မင်းကလေ သပ်သပ်ကိုပြဿနာရှာတာ"

"ဟွန်း သိရင်ပီးရော"

တောက်

ဂျီမင်းအောက်ထပ်ကိုပြန်လိုက်သွားရသည်။ ညစာထမင်းကလဲမကျန်တော့တာမို့ ခေါက်ဆွဲပြုတ်ပေးဆိုလို့ပြုတ်ပေးနေရသည်။ တကယ်ညကြီးသန်းခေါင် လိုက်ပြဿနာရှာနေတာ ကြည့်လို့ကိုမရဘူး။

ဂျောင်ကုဟိုလူခေါက်ဆွဲပြုတ်တာကို ထိုင်ခုံမှာထိုင်ပြီးကြည့်နေလိုက်သည်။ တကယ်တော့ဗိုက်ဆာလို့မဟုတ် အိမ်ထဲဝင်လာတော့ သူ့ကိုမြင်ပြီး ဒုက္ခပေးချင်လာလို့။  အဲ့လူကသေချာကြည့်မှ တော်တော်ကိုသေးတာ။ သေးတာသာသေးတာပါ တချို့နေရတွေကတော့လိုအပ်တာထက်ကို လွန်ကဲနေပါသေးတယ်။ ဆေးထိုးထားတာများလား ဒီလောက်ထိ လွန်လွန်ကဲကဲ....

"ရော့ "

တူနဲ့ခေါက်ဆွဲပြုတ်ခွက်ကို ချပေးခဲ့ပြီးသွားမယ်အလုပ် ...

"နေဦး စားပြီးသည်အထိစောင့် "

"ရူးနေလားမစောင့်နိုင်ဘူး ငါအိပ်ချင်ပြီ "

"ကျတော် မကုန်ဘူး ခင်များပါစား"

"ဒီမှာမြင်လား မင်းလုပ်ထားတာ ငါဘာမှမစားနိုင်ဘူး "

"ခင်များ အပြစ်နဲ့ခင်များ "

လူကိုမျက်စောင်းထိုးပြီးထွက်သွားပြီဖြစ်သည်။ ဒီနေ့မှခေါက်ဆွဲပြုတ်ကတော်တော်စားလို့ကောင်းသည်။ ငြိုငြိုညင်ညင်လုပ်ပေးထားလို့လားတော့မသိ...

....

ဂျီမင်းတစ်မနက်လုံး ဖေဖေ့ကိုဆေးရုံစောင့်ပေနေခဲ့တာ နေ့လည်စာကိုတော့ အပြင်မှာစားဖို့စိတ်ကူးထားတယ်။ ဖေဖေအခုထိသတိမရသေး နှလုံးရောဂါတော်တော်ဆိုးမှခွဲစိတ်တာကြောင့်ရော ဆေးအရှိန်ရော​ကြောင့်ဖြစ်လောက်မည်။

ဆိုင်ထဲရောက်တော့ မှာထားတာတွေလာချပေးဖို့စောင့်နေတုန်း...

"ပတ်ဂျီမင်း မလား"

"ဟင်.."

"ဟုတ်တယ်မင်း ဂျီမင်းပဲ "

"ထယ် ထယ်ယောင်း "

ဟုတ်တယ် ထယ်ယောင်း။ ထယ်ယောင်းကဂျီမင်းတို့ ဘူဆန်မှာနေတုန်းက သူငယ်ချင်း အလယ်တန်းကနေ အထက်တန်းအထိအတူတူတက်လာခဲ့တဲ့ အိမ်နီးနားချင်းတွေ..

"ငါမင်းကိုသတိရနေတာ"

"အင်းငါရောပဲ "

"ဒီဝိုင်းမှာပဲ ထိုင်လိုက်တော့မယ် "

ဂျီမင်းခေါင်းညိတ်ပြလိုက်သည်။ မတွေ့ရတာကြာတဲ့နှစ်တွေအတွင်း ထယ်ယောင်းက အရမ်းချောလာတာ။ အရပ်တွေလဲ ရှည်ပြီး ခန့်ချောကြီးဖြစ်လာတာ။

"ကဲ ကြည့်လို့ဝပြီလား"

"မင်းကအရမ်းချောလာတာကိုး "

"ဟား ဟား ဟုတ်ပါပြီ မင်းကလှလာတာ"

"အာ ဘာလှတာလဲ ယောကျာ်းလေးကို"

" မင်းအဆင်ပြေရဲ့လား"

"အင်း ဖေဖေကအခုဆေးရုံမှာ ငါကမကြာခင် လက်ထပ်ရတော့မှာ"

"ဟမ်.... "

ထယ်ယောင်းအပျော်တွေပင်ပျောက်သွားရသည်။ ကိုယ့်မှာတော့ ငယ်ချစ်ကလေးကိုပြန်တွေ့ပြီဆိုပြီးပျော်လိုက်ရတာ သူကတော့လက်ထပ်တော့မယ်တဲ့လား...သူ့အချစ်တွေကနောက်ကျခဲ့ပြန်ပြီ။

"ဘာဖြစ်လို့လဲ ထယ်ယောင်း"

"အင်း ဘာမှမဖြစ်ပါဘူး ဦးလေးရောအဆင်ပြေရဲ့လား"

"နှလုံးခွဲစိတ်ထားတာ အခုထိတော့သတိမရသေးဘူး"

"ငါနောက်နေ့အားမှ လိုက်ကြည့်ချင်တယ်"

"အင်းရတယ်လေ"

တီ တီ တီ

"ဟယ်လို.."

". ......"

"အခုချက်ချင်းလာခဲ့မယ်"

" ......."

"အင်း"

"ဘာဖြစ်တာလဲ ထယ်ယောင်း "

"အရေးပေါ်လူနာရှိလို့တဲ့ ငါသွားရမယ် ဒါကငါ့ဆေးခန်းလိပ်စာ"

"ဪ အေး အေး"

ထယ်ယောင်းကတော့ အရေးတကြီးထွက်သွားသည်။ ကြည့်ရတာ ထယ်ယောင်းက ဆရာဝန်ကြီးဖြစ်ပြီး ဆေးခန်းဖွင့်ထားပုံရတယ်။ စားတာကိုအမြန်အဆုံးသတ်ပြီး ထွက်လာခဲ့သည်။ ဒီနေ့တော့ bus နဲ့ပြန်မည်...

ဝူး

သူ့ရှေ့ကို ပြိုင်ကားအနက်ရောင်တစ်စီးထိုးရပ်လာပြီး ကားမှန်တွေချလာတော့ ဂျောင်ကု

"အိမ်ပြန်မလိုလား"

"အင်း"

"အဲ့တာဆိုတက် ကျတော်လဲအိမ်ပြန်မှာ "

"ရတယ် ငါbus နဲ့ပြန်မှာ "

"ခင်များတက်မှာလား မတက်ဘူးလား ကျတော်ကိုယ်တိုင်လာခေါ်ရမှာလား"

"ကျစ် မင်းတော်တော်ဒုက္ခပေးတဲ့ကောင် "

မျက်စောင်းထိုးပြီးကားပေါ်တက်လိုက်သည်။ လူကြားထဲ ပြဿနာမဖြစ်ချင်ပါ။ အခုမှကားပေါ်တက်လို့ ခါးပတ်ပတ်ရုံရှိသေး..

ဝူး

"အမေ့ မင်းဖြေးဖြေးမောင်း "

"ကိုယ်ကားနဲ့ကိုယ် မောင်းချင်သလိုမောင်းမယ်"

" ငါကြောက်တယ် "

"စိတ်ချ ဘာမှမဖြစ်စေရဘူး"

" ....."

" ကျတော်ဝင်စရာရှိသေးတယ် "

"ဘယ်လဲ"

"ကားပြိုင်ကွင်း "

"ဟင် ငါမလိုက်ဘူးနော် အိမ်ကိုအရင်ပို့ပေး "

"ကျတော့်ကားကိုစီးရင် ကျတော့်သဘော ခင်များဘာသာလိုက်စီးတာ"

"ဘာ ငါ့ဘာသာ bus နဲ့ပြန်မှာကို မင်းအတင်းခေါ်တာလေ"

"ဘယ်တုန်းကခေါ်လို့"

"ဘာ..."

ဂျီမင်းတကယ်အံသြသွားရသည်။ သူ့လို့အခုတစ်မျိုး တော်ကြာတစ်မျိုးလူမျိူးကို အခုမှတွေ့ဖူးတော့တယ်။ ပြန်ပြောစရာစကားတောင်မရှိတော့ဘူး..

အဟွတ် အဟွတ်

"မင်းကားထဲမှာဆေးလိပ်မသောက်နဲ့ အဟွတ်"

" ......."

"ကားမှန်ချသောက်.."

"ဒါကျတော့်ကားနော် ခင်များပါးစပ်ပိတ်ထားရင်ကောင်းမယ် "

" မလိုက်ဘူး မင်းကားနဲ့အခုရပ် အခုရပ် "

ကျွီ

ဂျီမင်းစိတ်တိုတိုနဲ့ကားပေါ်ကဆင်းလိုက်သည်။

ဝူး

သူ့ကိုတကယ်ထားခဲ့တာ ။ ဒါဘယ်နေရာကြီးလဲ ကားတွေကလဲ တစ်စီး နှစ်စီးလောက်သာ ။ ကားပြိုင်ကွင်းနဲ့နီးလို့လူပြတ်တာနေမှာ ။ အငှားကားလဲတစ်စီးမှမရှိ ။ တမင်သပ်သပ်ဂျီမင်းကိုထားခဲ့တာ..

"ဟေ့ တစ်ယောက်ထဲလား "

"လာ အကိုတို့နဲ့လိုက်ခဲ့လေ "

"မူမနေပါနဲ့လာပါ "

ဂျီမင်းမျက်ရည်တွေပါ ကျလာသည် ။ အခုလိုမျိုးတွေမှမကြုံဖူးတာ။ ပြီးတော့သူကယောကျာ်းလေးတစ်ယောက် ယောကျာ်လေးကိုတောင်အလွှတ်မပေးလိုက် နှောင့်ရှက်နေတဲ့လူတွေ..

"ဟ ငိုနေတာတောင်လှတယ်ကွ ဟား ဟား"

"ဟား ဟား"

ဝူး ကျွီ

ကားအနက်ရောက်တစ်စီးထိုးရပ်လာတော့ ကြည့်လိုက်တော့ ဂျောင်ကုကား ဘာပဲဖြစ်ဖြစ် သိတဲ့လူဆိုလို့ သူတစ်ယောက်ထဲရှိတာကြောင့် ပြေးပြီးကားထဲဝင်လိုက်သည်..

"ဒီလောက်လေးကို ငိုနေတာလား"

" ......"

ဂျောင်ကုလဲတော်တော်ဆွံအသွားရသည့အထိ ပတ်ဂျီမင်းကငိုတဲ့အချိန်ပိုလှတာလားမသိ။

မျက်ရည်တွေက မျက်တောင်တိုစိပ်စိပ်လေးတွေကပ်နေပြီး ကျဆင်းသွားတဲ့မျက်ရည်လေးက ဂရုတစိုက်သုတ်ပေးချင်စရာ ။ ငိုနေတာကြောင့်နီရဲနေတဲ့ မျက်နှာနုနုလေး အဆိုးဆုံးက ရဲတွတ်နေတဲ့နှုတ်ခမ်းလေး ဘယ်လိုအရသာများဖြစ်မလဲသိချင်စမ်းပါဘိ။

ကျစ် ဂျောင်ကု မင်းအဲ့လူနှုတ်ခမ်းကိုနမ်းချင်တဲ့လို့တွေးလိုက်တာလား...ဟာ  fuck ပဲ

"မင်းလူစိတ်မရှိတဲ့ကောင် ဟင့် "

"အင်း ကျတော်ကအဲ့လိုပဲ "

..

ဂျီမင်းကားပြိုင်ကွင်းရောက်တော့ သူ့နောက်ကိုလိုက်မသွားဘဲ ကားထဲမှာဘဲနေခဲ့သည်။ အချိန်တော်တော်ကြာထိရောက်မလာတော့အိပ်တောင်ပျော်သွားသည်..အခုဂျီမင်းနိုးလာတော့ညနေတောင်ရောက်နေပြီထင်တယ်။ ဟင် ဒါ ဒါအိမ်ကိုပြန်ရောက်နေတာမဟုတ်ဘူးလား နာရီကြည့်လိုက်တော့ ၆ နာရီ ရောက်တာကိုနှိုးမသွားဘူး.. ကားပေါ်ကအမြန်ဆင်းလိုက်ပြီး တွေ့တဲ့အလုပ်သမားလေးကိုခေါ်ပြီး..

"ဒီကားကရပ်ထားတာကြာပြီလား"

"ဟုတ်ကဲ့ သခင်​လေး ပြန်​ရောက်ကတည်းက ၄ နာရီလောက်ကတည်းက သခင်လေးကမနှိုးဘဲထားလိုက်လို့ပြောလို့ပါ"

အလုပ်သမားကထွက်သွားတော့ ဂျီမင်းကားကိုပြန်ကြည့်မိသည်။ ကားမှန်ကိုချထားတာ ကားပေါ်မှာဆေးလိပ်သောက်တုန်းကတောင် ကားမှန်မချတာ ဒါသပ်သပ်အရှက်ခွဲတာ ။ နောက်ပြီးမနှိုးဘဲထားလို့တောင်ပြောထားသေးတာဆိုဘဲ ။

ဂျီမင်းသိလိုက်ပြီ ။ ဂျောင်ကုဆိုတဲ့ကောင်က လူစိတ်လုံးဝမရှိဘူးဆိုတာ.....

____________________

ဂ်ီမင္းရဲ႕ ျပႆနာက ညနက္သန္းေခါင္အခ်ိန္မွာစေတာ့တာ။ ေရဆာလို႔ဘူးထဲ ၾကည့္လိုက္ေတာ့ ေရကမရွိဘူးျဖစ္ေနျခင္း။  ေအာက္ထပ္ကိုမီးမဖြင့္ေတာ့ဘဲ ဆင္းသြားလိုက္သည္။ ညနက္ေနၿပီဆိုေတာ့တျခားသူေတြလဲအိပ္ေနၿပီေလ။ ညမီးေရာင္မွိန္ေဖ်ာ့ေဖ်ာ့ေလးသာရွိ၏။

ေရထည့္ၿပီးအေပၚထပ္ကိုတက္ေနတုန္း

"ပတ္ဂ်ီမင္း အဲ့မွာခဏရပ္"

လွည့္ၾကည့္လိုက္ေတာ့ေဂ်ာင္ကု ညေနက ကိစၥကလဲရွိေနေသးတာေၾကာင့္ ေျပးတက္လိုက္ေတာ့အေနာက္ကေန တဒုန္းဒုန္းနဲ႕ေျပးလိုက္လာသည္။သူေျခလွမ္းေတြကဘာလို႔အဲ့ေလာက္ျမန္ေနရတာလဲ ။ အခန္းထဲဝင္မလို႔လုပ္တုန္း ဆြဲလွည့္ျပစ္လိုက္တာအ႐ုပ္တစ္႐ုပ္အတိုင္း

"ခင္မ်ားကိုေနဦးလို႔ေျပာေနတာမၾကားဘူးလား"

"ဘာလဲ ငါ့ဘာငါေရသြားထည့္တာေနာ္"

"ဒါဆိုဘာလို႔ေခၚတာကို ေျပးတက္သြားတာလဲ"

"ဘာျဖစ္ျဖစ္.."

"က်ေတာ့္ကို ညစာျပင္ေပး"

"ဘာ.."

"က်ေတာ္ညစာမစားရေသးဘူး"

"မင္းဘာသာစားရမဲ့အခ်ိန္အိမ္မွာမရွိတာေလ တျခားသူသြားခိုင္း မလုပ္ေပးနိုင္ဘူး"

အ့

"နာတယ္..မင္း"

လက္ေမာင္းကိုသူ႕အားႀကီးေတြနဲ႕အတင္း ညစ္ထားၿပီးအံႀကိတ္သံျဖင့္

"ခင္မ်ားကိုပိုက္ဆံေပးၿပီးအိမ္ေခၚထားတာ ခိုင္းရင္လုပ္"

"ငါကေဆးကုဖို႔ ထမင္းဝိုင္းျပင္ေပးဖို႔မဟုတ္ဘူး လႊတ္"

အတင္း႐ုန္းလဲမရ။

"ျပင္ေပးဆိုျပင္ေပး မဟုတ္ရင္ခင္မ်ားအိပ္ရမယ္မထင္နဲ႕"

"မင္းကေလ သပ္သပ္ကိုျပႆနာရွာတာ"

"ဟြန္း သိရင္ပီးေရာ"

ေတာက္

ဂ်ီမင္းေအာက္ထပ္ကိုျပန္လိုက္သြားရသည္။ ညစာထမင္းကလဲမက်န္ေတာ့တာမို႔ ေခါက္ဆြဲျပဳတ္ေပးဆိုလို႔ျပဳတ္ေပးေနရသည္။ တကယ္ညႀကီးသန္းေခါင္ လိုက္ျပႆနာရွာေနတာ ၾကည့္လို႔ကိုမရဘူး။

ေဂ်ာင္ကုဟိုလူေခါက္ဆြဲျပဳတ္တာကို ထိုင္ခုံမွာထိုင္ၿပီးၾကည့္ေနလိုက္သည္။ တကယ္ေတာ့ဗိုက္ဆာလို႔မဟုတ္ အိမ္ထဲဝင္လာေတာ့ သူ႕ကိုျမင္ၿပီး ဒုကၡေပးခ်င္လာလို႔။  အဲ့လူကေသခ်ာၾကည့္မွ ေတာ္ေတာ္ကိုေသးတာ။ ေသးတာသာေသးတာပါ တခ်ိဳ႕ေနရေတြကေတာ့လိုအပ္တာထက္ကို လြန္ကဲေနပါေသးတယ္။ ေဆးထိုးထားတာမ်ားလား ဒီေလာက္ထိ လြန္လြန္ကဲကဲ....

"ေရာ့ "

တူနဲ႕ေခါက္ဆြဲျပဳတ္ခြက္ကို ခ်ေပးခဲ့ၿပီးသြားမယ္အလုပ္ ...

"ေနဦး စားၿပီးသည္အထိေစာင့္ "

"႐ူးေနလားမေစာင့္နိုင္ဘူး ငါအိပ္ခ်င္ၿပီ "

"က်ေတာ္ မကုန္ဘူး ခင္မ်ားပါစား"

"ဒီမွာျမင္လား မင္းလုပ္ထားတာ ငါဘာမွမစားနိုင္ဘူး "

"ခင္မ်ား အျပစ္နဲ႕ခင္မ်ား "

လူကိုမ်က္ေစာင္းထိုးၿပီးထြက္သြားၿပီျဖစ္သည္။ ဒီေန႕မွေခါက္ဆြဲျပဳတ္ကေတာ္ေတာ္စားလို႔ေကာင္းသည္။ ၿငိဳၿငိဳညင္ညင္လုပ္ေပးထားလို႔လားေတာ့မသိ...

....

ဂ်ီမင္းတစ္မနက္လုံး ေဖေဖ့ကိုေဆး႐ုံေစာင့္ေပေနခဲ့တာ ေန႕လည္စာကိုေတာ့ အျပင္မွာစားဖို႔စိတ္ကူးထားတယ္။ ေဖေဖအခုထိသတိမရေသး ႏွလုံးေရာဂါေတာ္ေတာ္ဆိုးမွခြဲစိတ္တာေၾကာင့္ေရာ ေဆးအရွိန္ေရာ​ေၾကာင့္ျဖစ္ေလာက္မည္။

ဆိုင္ထဲေရာက္ေတာ့ မွာထားတာေတြလာခ်ေပးဖို႔ေစာင့္ေနတုန္း...

"ပတ္ဂ်ီမင္း မလား"

"ဟင္.."

"ဟုတ္တယ္မင္း ဂ်ီမင္းပဲ "

"ထယ္ ထယ္ေယာင္း "

ဟုတ္တယ္ ထယ္ေယာင္း။ ထယ္ေယာင္းကဂ်ီမင္းတို႔ ဘူဆန္မွာေနတုန္းက သူငယ္ခ်င္း အလယ္တန္းကေန အထက္တန္းအထိအတူတူတက္လာခဲ့တဲ့ အိမ္နီးနားခ်င္းေတြ..

"ငါမင္းကိုသတိရေနတာ"

"အင္းငါေရာပဲ "

"ဒီဝိုင္းမွာပဲ ထိုင္လိုက္ေတာ့မယ္ "

ဂ်ီမင္းေခါင္းညိတ္ျပလိုက္သည္။ မေတြ႕ရတာၾကာတဲ့ႏွစ္ေတြအတြင္း ထယ္ေယာင္းက အရမ္းေခ်ာလာတာ။ အရပ္ေတြလဲ ရွည္ၿပီး ခန့္ေခ်ာႀကီးျဖစ္လာတာ။

"ကဲ ၾကည့္လို႔ဝၿပီလား"

"မင္းကအရမ္းေခ်ာလာတာကိုး "

"ဟား ဟား ဟုတ္ပါၿပီ မင္းကလွလာတာ"

"အာ ဘာလွတာလဲ ေယာက်ာ္းေလးကို"

" မင္းအဆင္ေျပရဲ႕လား"

"အင္း ေဖေဖကအခုေဆး႐ုံမွာ ငါကမၾကာခင္ လက္ထပ္ရေတာ့မွာ"

"ဟမ္.... "

ထယ္ေယာင္းအေပ်ာ္ေတြပင္ေပ်ာက္သြားရသည္။ ကိုယ့္မွာေတာ့ ငယ္ခ်စ္ကေလးကိုျပန္ေတြ႕ၿပီဆိုၿပီးေပ်ာ္လိုက္ရတာ သူကေတာ့လက္ထပ္ေတာ့မယ္တဲ့လား...သူ႕အခ်စ္ေတြကေနာက္က်ခဲ့ျပန္ၿပီ။

"ဘာျဖစ္လို႔လဲ ထယ္ေယာင္း"

"အင္း ဘာမွမျဖစ္ပါဘူး ဦးေလးေရာအဆင္ေျပရဲ႕လား"

"ႏွလုံးခြဲစိတ္ထားတာ အခုထိေတာ့သတိမရေသးဘူး"

"ငါေနာက္ေန႕အားမွ လိုက္ၾကည့္ခ်င္တယ္"

"အင္းရတယ္ေလ"

တီ တီ တီ

"ဟယ္လို.."

". ......"

"အခုခ်က္ခ်င္းလာခဲ့မယ္"

" ......."

"အင္း"

"ဘာျဖစ္တာလဲ ထယ္ေယာင္း "

"အေရးေပၚလူနာရွိလို႔တဲ့ ငါသြားရမယ္ ဒါကငါ့ေဆးခန္းလိပ္စာ"

"ဪ ေအး ေအး"

ထယ္ေယာင္းကေတာ့ အေရးတႀကီးထြက္သြားသည္။ ၾကည့္ရတာ ထယ္ေယာင္းက ဆရာဝန္ႀကီးျဖစ္ၿပီး ေဆးခန္းဖြင့္ထားပုံရတယ္။ စားတာကိုအျမန္အဆုံးသတ္ၿပီး ထြက္လာခဲ့သည္။ ဒီေန႕ေတာ့ bus နဲ႕ျပန္မည္...

ဝူး

သူ႕ေရွ႕ကို ၿပိဳင္ကားအနက္ေရာင္တစ္စီးထိုးရပ္လာၿပီး ကားမွန္ေတြခ်လာေတာ့ ေဂ်ာင္ကု

"အိမ္ျပန္မလိုလား"

"အင္း"

"အဲ့တာဆိုတက္ က်ေတာ္လဲအိမ္ျပန္မွာ "

"ရတယ္ ငါbus နဲ႕ျပန္မွာ "

"ခင္မ်ားတက္မွာလား မတက္ဘူးလား က်ေတာ္ကိုယ္တိုင္လာေခၚရမွာလား"

"က်စ္ မင္းေတာ္ေတာ္ဒုကၡေပးတဲ့ေကာင္ "

မ်က္ေစာင္းထိုးၿပီးကားေပၚတက္လိုက္သည္။ လူၾကားထဲ ျပႆနာမျဖစ္ခ်င္ပါ။ အခုမွကားေပၚတက္လို႔ ခါးပတ္ပတ္႐ုံရွိေသး..

ဝူး

"အေမ့ မင္းေျဖးေျဖးေမာင္း "

"ကိုယ္ကားနဲ႕ကိုယ္ ေမာင္းခ်င္သလိုေမာင္းမယ္"

" ငါေၾကာက္တယ္ "

"စိတ္ခ် ဘာမွမျဖစ္ေစရဘူး"

" ....."

" က်ေတာ္ဝင္စရာရွိေသးတယ္ "

"ဘယ္လဲ"

"ကားၿပိဳင္ကြင္း "

"ဟင္ ငါမလိုက္ဘူးေနာ္ အိမ္ကိုအရင္ပို႔ေပး "

"က်ေတာ့္ကားကိုစီးရင္ က်ေတာ့္သေဘာ ခင္မ်ားဘာသာလိုက္စီးတာ"

"ဘာ ငါ့ဘာသာ bus နဲ႕ျပန္မွာကို မင္းအတင္းေခၚတာေလ"

"ဘယ္တုန္းကေခၚလို႔"

"ဘာ..."

ဂ်ီမင္းတကယ္အံၾသသြားရသည္။ သူ႕လို႔အခုတစ္မ်ိဳး ေတာ္ၾကာတစ္မ်ိဳးလူမ်ိဴးကို အခုမွေတြ႕ဖူးေတာ့တယ္။ ျပန္ေျပာစရာစကားေတာင္မရွိေတာ့ဘူး..

အဟြတ္ အဟြတ္

"မင္းကားထဲမွာေဆးလိပ္မေသာက္နဲ႕ အဟြတ္"

" ......."

"ကားမွန္ခ်ေသာက္.."

"ဒါက်ေတာ့္ကားေနာ္ ခင္မ်ားပါးစပ္ပိတ္ထားရင္ေကာင္းမယ္ "

" မလိုက္ဘူး မင္းကားနဲ႕အခုရပ္ အခုရပ္ "

ကြၽီ

ဂ်ီမင္းစိတ္တိုတိုနဲ႕ကားေပၚကဆင္းလိုက္သည္။

ဝူး

သူ႕ကိုတကယ္ထားခဲ့တာ ။ ဒါဘယ္ေနရာႀကီးလဲ ကားေတြကလဲ တစ္စီး ႏွစ္စီးေလာက္သာ ။ ကားၿပိဳင္ကြင္းနဲ႕နီးလို႔လူျပတ္တာေနမွာ ။ အငွားကားလဲတစ္စီးမွမရွိ ။ တမင္သပ္သပ္ဂ်ီမင္းကိုထားခဲ့တာ..

"ေဟ့ တစ္ေယာက္ထဲလား "

"လာ အကိုတို႔နဲ႕လိုက္ခဲ့ေလ "

"မူမေနပါနဲ႕လာပါ "

ဂ်ီမင္းမ်က္ရည္ေတြပါ က်လာသည္ ။ အခုလိုမ်ိဳးေတြမွမႀကဳံဖူးတာ။ ၿပီးေတာ့သူကေယာက်ာ္းေလးတစ္ေယာက္ ေယာက်ာ္ေလးကိုေတာင္အလႊတ္မေပးလိုက္ ႏွောင့္ရွက္ေနတဲ့လူေတြ..

"ဟ ငိုေနတာေတာင္လွတယ္ကြ ဟား ဟား"

"ဟား ဟား"

ဝူး ကြၽီ

ကားအနက္ေရာက္တစ္စီးထိုးရပ္လာေတာ့ ၾကည့္လိုက္ေတာ့ ေဂ်ာင္ကုကား ဘာပဲျဖစ္ျဖစ္ သိတဲ့လူဆိုလို႔ သူတစ္ေယာက္ထဲရွိတာေၾကာင့္ ေျပးၿပီးကားထဲဝင္လိုက္သည္..

"ဒီေလာက္ေလးကို ငိုေနတာလား"

" ......"

ေဂ်ာင္ကုလဲေတာ္ေတာ္ဆြံအသြားရသည့အထိ ပတ္ဂ်ီမင္းကငိုတဲ့အခ်ိန္ပိုလွတာလားမသိ။

မ်က္ရည္ေတြက မ်က္ေတာင္တိုစိပ္စိပ္ေလးေတြကပ္ေနၿပီး က်ဆင္းသြားတဲ့မ်က္ရည္ေလးက ဂ႐ုတစိုက္သုတ္ေပးခ်င္စရာ ။ ငိုေနတာေၾကာင့္နီရဲေနတဲ့ မ်က္ႏွာႏုႏုေလး အဆိုးဆုံးက ရဲတြတ္ေနတဲ့ႏႈတ္ခမ္းေလး ဘယ္လိုအရသာမ်ားျဖစ္မလဲသိခ်င္စမ္းပါဘိ။

က်စ္ ေဂ်ာင္ကု မင္းအဲ့လူႏႈတ္ခမ္းကိုနမ္းခ်င္တဲ့လို႔ေတြးလိုက္တာလား...ဟာ  fuck ပဲ

"မင္းလူစိတ္မရွိတဲ့ေကာင္ ဟင့္ "

"အင္း က်ေတာ္ကအဲ့လိုပဲ "

..

ဂ်ီမင္းကားၿပိဳင္ကြင္းေရာက္ေတာ့ သူ႕ေနာက္ကိုလိုက္မသြားဘဲ ကားထဲမွာဘဲေနခဲ့သည္။ အခ်ိန္ေတာ္ေတာ္ၾကာထိေရာက္မလာေတာ့အိပ္ေတာင္ေပ်ာ္သြားသည္..အခုဂ်ီမင္းနိုးလာေတာ့ညေနေတာင္ေရာက္ေနၿပီထင္တယ္။ ဟင္ ဒါ ဒါအိမ္ကိုျပန္ေရာက္ေနတာမဟုတ္ဘူးလား နာရီၾကည့္လိုက္ေတာ့ ၆ နာရီ ေရာက္တာကိုႏွိုးမသြားဘူး.. ကားေပၚကအျမန္ဆင္းလိုက္ၿပီး ေတြ႕တဲ့အလုပ္သမားေလးကိုေခၚၿပီး..

"ဒီကားကရပ္ထားတာၾကာၿပီလား"

"ဟုတ္ကဲ့ သခင္​ေလး ျပန္​ေရာက္ကတည္းက ၄ နာရီေလာက္ကတည္းက သခင္ေလးကမႏွိုးဘဲထားလိုက္လို႔ေျပာလို႔ပါ"

အလုပ္သမားကထြက္သြားေတာ့ ဂ်ီမင္းကားကိုျပန္ၾကည့္မိသည္။ ကားမွန္ကိုခ်ထားတာ ကားေပၚမွာေဆးလိပ္ေသာက္တုန္းကေတာင္ ကားမွန္မခ်တာ ဒါသပ္သပ္အရွက္ခြဲတာ ။ ေနာက္ၿပီးမႏွိုးဘဲထားလို႔ေတာင္ေျပာထားေသးတာဆိုဘဲ ။

ဂ်ီမင္းသိလိုက္ၿပီ ။ ေဂ်ာင္ကုဆိုတဲ့ေကာင္က လူစိတ္လုံးဝမရွိဘူးဆိုတာ.....

____________________

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories