Fanfics

Part-3

12:32, 25 August 2023

"ဦး ကျတော့်ကိုခေါ်တယ်ဆိုလို့"

"အင်း ဟုတ်တယ် ဂျီမင်းအေးအေးဆေးဆေးနားလို့ရအောင်လို့"

"ဟုတ်"

"လာထိုင်"

ဂျီမင်း ဦးပြတဲ့နေရာမှာထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုသေချာလေ့လာမိ၏။ အိမ်ရဲ့တောင်ဘက်မှာရေကူးကန်အကျယ်ကြီးနဲ ပန်းခြံအသေးလေးရှိတယ်။ အခုဦးက စာရင်းတွေစစ်နေပုံရပြီးဂျီမင်းကိုလဲ သူ့အနားမှာနေစေချင်တဲ့ပုံ ။ဒီနေ့ဦးအလုပ်နားရက်ဖြစ်မယ်။

နေရာလေးကအေးအေးချမ်းချမ်းနဲ့ အနားယူလို့တော်တော်ကောင်းတယ်။ ခဏနေတော့ ကောင်မလေးတစ်ယောက် စားစရာတွေလာချပေးသည်။

"ကလေးစားဖို့ လာပို့ခိုင်းထားတာ"

"ဪ ဟုတ်"

အခုဆိုသူ့ကို ကလေးလို့ခဏခဏခေါ်တတ်တယ်။ နေသားတော့ကျနေပါပြီ..

လာချပေးတဲ့ ကိတ်ကိုဖဲ့စားလိုက်ပြီး ဦးဘက်ကိုပါတိုးပေးလိုက်သည်။

"တော်ပြီ ဦး မစားတော့ဘူး"

ဂျီမင်း တစ်ယောက်ထဲစားနေရတာ တစ်မျိုးကြီးနေတာကြောင့် ဇွန်းနဲ့ခပ်ပြီး ဦးကိုခွန့်လိုက်၏..ဦးဘက်ကတော့ ဘာမှမပြောဘဲစားပေမယ့် ဂျီမင်းမျက်နှာနုနုကတော့ ရဲနေတော့သည်။ တစ်ခါမှအဲ့လိုတွေမလုပ်ဖူးတာ။

ဦးက စာရင်းစာအုပ်တွေက်ိုသိမ်းလိုက်ပြီး

"ဦးဆီခဏလာပါဉီး "

လက်တန်းပေးတာကြောင့် ဦးရင်ခွင်ထဲမှီလိုက်၏။ ဦးက ဂျီမင်းနှဖူးကို ငုံ့နမ်းလာပြီး

"ဉီး ကလေးကိုမြတ်နိုးတယ်"

တောက်

ထိုမြင်ကွင်းကို အပေါ်ဆုံးထပ်ကနေကြည့်နေသည့်ဂျောင်ကု..

Gym ဆော့ပြီး ဝရံတာဘက်ထွက်လာတာ အဲ့လိုမြင်းကွင်းမျိုးမြင်ရမယ်လို့ဘယ်သူထင်မှာလဲ။မနေ့ကထမင်းစားခန်းထဲမှာရော အခုရော ဒယ်ဒီ့ရဲ့ ဂရုစိုက်မှုတွေကိုလုယူသွားသလို ခံစားရတယ်။ ဒယ်ဒီကမေမေ့ကို တကယ်မေ့နိုင်သွားပြီလား။ မေ့နိုင်မှာပေါ့လေ မိန်းမမရှိတာကိုအခွင်းကောင်းယူပြီး အနားကပ်ပြီးဂရုစိုက်ပြနေတာကို ဘယ်ယောကျာ်းက မပါဘဲနေမှာလဲ။ အခုလဲကြည့်အလုပ်လုပ်တဲ့နေရာထိလိုက် နှောင့်ရှက်နေတာကို...

ဒီမြင်ကွင်းကိုဆက်မကြည့်နိုင်တော့တာကြောင့် ရေကူးဖို့လုပ်လိုက်သည်။ အပေါ်ဆုံးထက်မှာသူ့အတွက် သီးသန့်ရေကူးကန်ရှိတယ်။ သူကအပေါ်ဆုံးထပ်ကိုအပိုင်စားရထားတယ်ဆိုပါတော့။

ရေကူးပြီးရင် ဘိုးဘိုးအခန်းထဲသွားပြီးစကားသွား​ပြောမယ် ။ပြီးရင်အပြင်သွားမယ်။ အိမ်မှာလဲမနေချင် ဟိုလူမျက်နှာမြင်ရင်ဘယ်အချိန်ဘာလုပ်မိမလဲမသိလို့။

သူကဘိုးဘိုးအခန်းကို နေ့တိုင်းတော့မရောက်ဖြစ်ပေမယ့် တစ်ပတ်တစ်ခါတော့ရောက်တယ်။ ဘိုးဘိုးက နေမကောင်းထဲကအခန်းပြင်သိပ်မထွက်တော့ ။ လွန်ခဲ့တဲ့ငါးနှစ်လောက်က လေဖြတ်ပြီးအောက်ပိုင်းသေသွားတာ အဲ့အချိန်သူကဂျပန်မှာ။ မကြာခင်တော့ဂျပန်ကိုသွားကုမယ်ထင်တယ် ဘိုးဘိုးကိုပြောမရသေးတာကြောင့်သာ။ ဂျပန်မှာကဘိုးဘိုးညီမလဲရှိတယ်လေ သူဂျပန်မှာနေတုန်းကလဲအဘွားလေးနဲ့ဘဲနေခဲ့တာ

တီ တီ တီ

ဖုန်းမြည်သံကြားတာကြောင့် ရေကန်ထဲကတက်ခဲ့ပြီး ကိုင်လိုက်သည်။

"အေး ပြော"

". ......"

"နောက်တစ်နာရီလောက်နေရင်ထွက်ခဲ့မယ်"

" ......"

"အင်း"

ဘိုးဘိုးဆီကိုတော့ နောက်နေ့မှဘဲသွားလိုက်တော့မယ်....

...

"ကျတော့်အဝတ်ခြင်း လာပို့ပြီးပြီလား"

"အယ် အကိုလေးအဝတ်ခြင်းကိုမှားပြီး သခင်လေးအခန်းထဲ ထားခဲ့မိတယ်"

"သူက ကျတော်ဝင်ရင်ကြိုက်မှာမဟုတ်ဘူး သွားယူပေးပါလား"

"ဒုက္ခပါပဲ အကိုလေးရယ် ကျမတို့ကိုလဲ သူ့အခန်းထဲခဏခဏမဝင်ဖို့ပြောထားတာ"

" ....."

"အခန်းရဲ့အထဲကြီးမှာမဟုတ်ပါဘူး တံခါးဖွင့်ဝင်ပြီးဘေးနားလေးတင်"

"ဒါဆို ကျတော်ဘဲသွားယူလိုက်ပါမယ်"

"ဟုတ်ကဲ့"

ဂျီမင်းလဲသူ့အခန်းထဲဝင်လိုက်ပြီး အဝတ်ခြင်းကိုရှာလိုက်၏။ ဟောတွေ့ပါပြီဘေးစပ်လေးတင် သူလဲအစကတော့ မြန်မြန်ယူပြီးပြန်ထွက်မလို့ပါဘဲ ဒါပေမယ့် အခန်းကတော်တော်လေးရှုပ်ပွနေတာကြောင့် သိမ်ပေးဖို့စိတ်ကူးလိုက်မိသည်။ သူချထားတဲ့အဝတ်တွေကို လိုက်ကောက်လိုက်သည်။

ဂျောင်ကု ညနေပိုင်းလောက်မှ အဝတ်အစားလဲဖို့အိမ်ပြန်လာခဲ့တာ။ အဝတ်အစားလဲပီး ကားပြိုင်ကွင်းမှာ ဟိုကောင်တွေနဲ့ထပ်တွေ့ဖို့ရှိသေးတယ်။ အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်တော့

"ခင်များ ကျတော့်အခန်းထဲဘာဝင်ခိုးနေတာလဲ"

"ဟမ်.."

ဂျီမင်း သူ့ရဲ့အော်သံကြီးမှာလန့်ပြီးတုန်တောင်တုန်သွားတယ်...လက်ထဲက အဝတ်တွေတောင်အောက်ကိုပြန်ပြုတ်ကျသွားသည်အထိ။

" ဘာလဲ ကျတော့်ကိုလာမြှူဆွယ်တာလား ဒါဆိုရင်သွားလိုက်တော့ ကျတော်က ဒယ်ဒီလိုမဟုတ်ဘူး"

"ဒီမှာ ငါကငါ့အဝတ်ခြင်းပြန်လာယူရင်း မင်းအခန်းက ရှု​ပ်ပွနေလို့ရှင်းပေးနေတာ.."

"မလိုဘူး "

"မလိုရင်လဲ မရှင်းပေးဘူး စေတနာနဲ့မတန်တဲ့လူ"

"ဟတ် စေတနာ ဘာစေတနာလဲ အကျိုးလိုလို့ညောင်ရေသွန်းနေတာကိုများ..ခင်များကလေတကယ်အရှက်မရှိတာလား.. မွေးကတည်းကရှက်ကြိုးပျက်လာတာလား။ ဒါမှမဟုတ် မျိုးရိုးလိုက်တာလား ခင်များအမေတုန်းကလဲအဲ့လိုပဲလား"

"ဘာ မင်း"

ဖြန်း

"ငါ့ကိုပြောချင်ပြော ငါ့အမေကိုလာမပြောနဲ့"

" ခင်များ ကျတော့်ပါးကိုရိုက်လိုက်တာလား"

" ....."

"ဟမ်!"

အ့

ဂျီမင်းလက်တစ်ဖက်ကိုအတင်းဖျစ်ညစ်ထားတာကြောင့်

"နာတယ်နော် လွှတ် မင်းအရင်လာပြောလို့ရိုက်တာ"

ကျန်တဲ့လက်တစ်ဖက်နဲ့အတင်းဖယ်လဲမရတာကြောင့်ကိုက်ပြစ်လိုက်တော့

ဖြန်း

လက်ပြန်နဲ့ရိုက်ပြစ်တာကြောင့်ကြမ်းပြင်မှာခွေခွေလေးလဲကျသွားရသည်။

"ခင်များ သေချင်နေတာလား"

ရိုက်ထားလို့နာတာရော ပါးကိုလဲသူလက်ကြီးနဲ့ ဖျစ်ထားတာကြောင့် မျက်ရည်တွေကျလာသည်။

"မျက်ရည်ခံလာမထိုးနဲ့ ကျတော်ကဒယ်ဒီမဟုတ်ဘူး"

"လွတ် နာတယ်"

ဒုန်း

ဂျီမင်းကိုတွန်းပြစ်ပြီးရေချိုးခန်းဘက်ဝင်သွားတယ်။ အားတွေလဲဘယ်ကိုရောက်သွားမှန်းမသိတော့ ချက်ချင်းတောင်ပြန်မထနိုင်သည်အထိ..လူစိတ်မရှိတဲ့သူ!

ကိုယ့်အဝတ်ခြင်းကိုယူပြီး အခန်းထဲရောက်တော့မှန်ကိုအရင်ဆုံးပြေးကြည့်မိသည်။ ပါးတစ်ဖက်ဆိုရဲနေပြီး ရောင်တောင်ရောင်နေလားမသိပါ။ အခုတစ်ခေါက်ကတော့ သူ့အခန်းဝင်မိသွားတာကြောင့်ဘာမှမပြောလိုတော့ နောက်ထပ်မဝင်ဖို့သာကိုယ့်ဘာသာဆုံးမလိုက်မည်။ နောက်အခေါက်တွေကိုယ်ထိလက်ရောက်လုပ်လာရင်တော့ သည်းခံနေမှာမဟုတ်။ ဦး ကိုတိုင်သင့်ရင်လဲတိုင်ပါမည်။ ဒီတစ်ခေါက်ကတော့ကိုယ့်အပြစ်နဲ့ကိုယ်...

ညစာထမင်းစားချိန်ရောက်တော့ ဦးနဲ့သူနှစ်ယောက်ထဲ ပြောတော့ညစာကိုစုံစုံလင်လင်စားတယ်ဆိုပြီး မရှိတာလဲကောင်းပါတယ် သူရှိနေရင်ညနေကဖြစ်တဲ့ကိစ္စကိုအမှတ်ရနေဉီးမှာ..

အ့

ထမင်းကိုဝါးလိုက်တော့ ပါးကိုအညစ်ခံထားရတာကြောင့်ရော အရိုက်ခံထားရတာကြောင့်ရော နာနေတော့တာ။

"ကလေးဘာဖြစ်တာလဲ ပါးကလဲရဲလို့ "

"ဟို ရေချိုးခန်းထဲချော်လဲပြီး မျက်နှာကိုထိသွားတာ"

ယုတ်တိရှိလားမရှိလားမသိတော့ စိတ်ထဲပေါ်လာတာကိုပြောလိုက်မိသည်။

"ဆန်ပြုတ်သောက်မလား"

"ရတယ် ကျတော်ဗိုက်သိပ်မဆာလို့တက်နှင့်တော့မယ်"

"အပြင်မှာသွားစားမလား"

"တော်ပြီးဦး ကျတော်တကယ်မဆာတာ"

"ဟုတ်ပြီ ဟုတ်ပြီ"

ဒီနေ့တော့စောစောအိပ်လိုက်တော့မယ် မနက်ဖြန်ဖေဖေ့ဆီသွားမှာဆိုတော့...

...

"Jk မင်းဖေဖေလေးအိမ်ရောက်နေပြီဆို"

"ဘာဖေဖေလေးလဲ ငါရအောင်ဖျက်မှာ"

"ဟားဟား မင်းဒယ်ဒီလဲဆေးပေးမီးယူလေးလိုချင်ရှာမှာပေါ့ လေ့ကျင့်ခန်းလဲ​ဖြစ် ယတာပေါ့ကွာ"

"ဟျောင့် ငါ့အဖေကိုမစော်ကားနဲ့"

"မစော်ကားပါဘူးကွာ မင်းဖေဖေလေးကိုဘဲခဏလောက်လိုချင်တာ သူကအရမ်းလန်းတယ်ကွာ"

" လဒ မင်းနှာပူးထနေလိုက်"

" ဟားဟား Jkမင်းပြိုင်ဦးမှာလား"

"တော်ပြီ လောင်းဘဲလောင်းမယ်"

"လောင်းနေကျဘက်ကလား"

"အင်း "

"ဘယ်လောက်သုံးမလဲ"

" ***** "

"ဟ မများလွန်းဘူးလား"

"မများဘူး ငါအဖေကိုအရွှဲ့တိုက်ချင်လို့"

___________________________

"ဦး က်ေတာ့္ကိုေခၚတယ္ဆိုလို႔"

"အင္း ဟုတ္တယ္ ဂ်ီမင္းေအးေအးေဆးေဆးနားလို႔ရေအာင္လို႔"

"ဟုတ္"

"လာထိုင္"

ဂ်ီမင္း ဦးျပတဲ့ေနရာမွာထိုင္လိုက္ၿပီး ေဘးပတ္ဝန္းက်င္ကိုေသခ်ာေလ့လာမိ၏။ အိမ္ရဲ႕ေတာင္ဘက္မွာေရကူးကန္အက်ယ္ႀကီးနဲ ပန္းၿခံအေသးေလးရွိတယ္။ အခုဦးက စာရင္းေတြစစ္ေနပုံရၿပီးဂ်ီမင္းကိုလဲ သူ႕အနားမွာေနေစခ်င္တဲ့ပုံ ။ဒီေန႕ဦးအလုပ္နားရက္ျဖစ္မယ္။

ေနရာေလးကေအးေအးခ်မ္းခ်မ္းနဲ႕ အနားယူလို႔ေတာ္ေတာ္ေကာင္းတယ္။ ခဏေနေတာ့ ေကာင္မေလးတစ္ေယာက္ စားစရာေတြလာခ်ေပးသည္။

"ကေလးစားဖို႔ လာပို႔ခိုင္းထားတာ"

"ဪ ဟုတ္"

အခုဆိုသူ႕ကို ကေလးလို႔ခဏခဏေခၚတတ္တယ္။ ေနသားေတာ့က်ေနပါၿပီ..

လာခ်ေပးတဲ့ ကိတ္ကိုဖဲ့စားလိုက္ၿပီး ဦးဘက္ကိုပါတိုးေပးလိုက္သည္။

"ေတာ္ၿပီ ဦး မစားေတာ့ဘူး"

ဂ်ီမင္း တစ္ေယာက္ထဲစားေနရတာ တစ္မ်ိဳးႀကီးေနတာေၾကာင့္ ဇြန္းနဲ႕ခပ္ၿပီး ဦးကိုခြန့္လိုက္၏..ဦးဘက္ကေတာ့ ဘာမွမေျပာဘဲစားေပမယ့္ ဂ်ီမင္းမ်က္ႏွာႏုႏုကေတာ့ ရဲေနေတာ့သည္။ တစ္ခါမွအဲ့လိုေတြမလုပ္ဖူးတာ။

ဦးက စာရင္းစာအုပ္ေတြက္ိုသိမ္းလိုက္ၿပီး

"ဦးဆီခဏလာပါဉီး "

လက္တန္းေပးတာေၾကာင့္ ဦးရင္ခြင္ထဲမွီလိုက္၏။ ဦးက ဂ်ီမင္းႏွဖူးကို ငုံ႕နမ္းလာၿပီး

"ဉီး ကေလးကိုျမတ္နိုးတယ္"

ေတာက္

ထိုျမင္ကြင္းကို အေပၚဆုံးထပ္ကေနၾကည့္ေနသည့္ေဂ်ာင္ကု..

Gym ေဆာ့ၿပီး ဝရံတာဘက္ထြက္လာတာ အဲ့လိုျမင္းကြင္းမ်ိဳးျမင္ရမယ္လို႔ဘယ္သူထင္မွာလဲ။မေန႕ကထမင္းစားခန္းထဲမွာေရာ အခုေရာ ဒယ္ဒီ့ရဲ႕ ဂ႐ုစိုက္မႈေတြကိုလုယူသြားသလို ခံစားရတယ္။ ဒယ္ဒီကေမေမ့ကို တကယ္ေမ့နိုင္သြားၿပီလား။ ေမ့နိုင္မွာေပါ့ေလ မိန္းမမရွိတာကိုအခြင္းေကာင္းယူၿပီး အနားကပ္ၿပီးဂ႐ုစိုက္ျပေနတာကို ဘယ္ေယာက်ာ္းက မပါဘဲေနမွာလဲ။ အခုလဲၾကည့္အလုပ္လုပ္တဲ့ေနရာထိလိုက္ ႏွောင့္ရွက္ေနတာကို...

ဒီျမင္ကြင္းကိုဆက္မၾကည့္နိုင္ေတာ့တာေၾကာင့္ ေရကူးဖို႔လုပ္လိုက္သည္။ အေပၚဆုံးထက္မွာသူ႕အတြက္ သီးသန့္ေရကူးကန္ရွိတယ္။ သူကအေပၚဆုံးထပ္ကိုအပိုင္စားရထားတယ္ဆိုပါေတာ့။

ေရကူးၿပီးရင္ ဘိုးဘိုးအခန္းထဲသြားၿပီးစကားသြား​ေျပာမယ္ ။ၿပီးရင္အျပင္သြားမယ္။ အိမ္မွာလဲမေနခ်င္ ဟိုလူမ်က္ႏွာျမင္ရင္ဘယ္အခ်ိန္ဘာလုပ္မိမလဲမသိလို႔။

သူကဘိုးဘိုးအခန္းကို ေန႕တိုင္းေတာ့မေရာက္ျဖစ္ေပမယ့္ တစ္ပတ္တစ္ခါေတာ့ေရာက္တယ္။ ဘိုးဘိုးက ေနမေကာင္းထဲကအခန္းျပင္သိပ္မထြက္ေတာ့ ။ လြန္ခဲ့တဲ့ငါးႏွစ္ေလာက္က ေလျဖတ္ၿပီးေအာက္ပိုင္းေသသြားတာ အဲ့အခ်ိန္သူကဂ်ပန္မွာ။ မၾကာခင္ေတာ့ဂ်ပန္ကိုသြားကုမယ္ထင္တယ္ ဘိုးဘိုးကိုေျပာမရေသးတာေၾကာင့္သာ။ ဂ်ပန္မွာကဘိုးဘိုးညီမလဲရွိတယ္ေလ သူဂ်ပန္မွာေနတုန္းကလဲအဘြားေလးနဲ႕ဘဲေနခဲ့တာ

တီ တီ တီ

ဖုန္းျမည္သံၾကားတာေၾကာင့္ ေရကန္ထဲကတက္ခဲ့ၿပီး ကိုင္လိုက္သည္။

"ေအး ေျပာ"

". ......"

"ေနာက္တစ္နာရီေလာက္ေနရင္ထြက္ခဲ့မယ္"

" ......"

"အင္း"

ဘိုးဘိုးဆီကိုေတာ့ ေနာက္ေန႕မွဘဲသြားလိုက္ေတာ့မယ္....

...

"က်ေတာ့္အဝတ္ျခင္း လာပို႔ၿပီးၿပီလား"

"အယ္ အကိုေလးအဝတ္ျခင္းကိုမွားၿပီး သခင္ေလးအခန္းထဲ ထားခဲ့မိတယ္"

"သူက က်ေတာ္ဝင္ရင္ႀကိဳက္မွာမဟုတ္ဘူး သြားယူေပးပါလား"

"ဒုကၡပါပဲ အကိုေလးရယ္ က်မတို႔ကိုလဲ သူ႕အခန္းထဲခဏခဏမဝင္ဖို႔ေျပာထားတာ"

" ....."

"အခန္းရဲ႕အထဲႀကီးမွာမဟုတ္ပါဘူး တံခါးဖြင့္ဝင္ၿပီးေဘးနားေလးတင္"

"ဒါဆို က်ေတာ္ဘဲသြားယူလိုက္ပါမယ္"

"ဟုတ္ကဲ့"

ဂ်ီမင္းလဲသူ႕အခန္းထဲဝင္လိုက္ၿပီး အဝတ္ျခင္းကိုရွာလိုက္၏။ ေဟာေတြ႕ပါၿပီေဘးစပ္ေလးတင္ သူလဲအစကေတာ့ ျမန္ျမန္ယူၿပီးျပန္ထြက္မလို႔ပါဘဲ ဒါေပမယ့္ အခန္းကေတာ္ေတာ္ေလးရႈပ္ပြေနတာေၾကာင့္ သိမ္ေပးဖို႔စိတ္ကူးလိုက္မိသည္။ သူခ်ထားတဲ့အဝတ္ေတြကို လိုက္ေကာက္လိုက္သည္။

ေဂ်ာင္ကု ညေနပိုင္းေလာက္မွ အဝတ္အစားလဲဖို႔အိမ္ျပန္လာခဲ့တာ။ အဝတ္အစားလဲပီး ကားၿပိဳင္ကြင္းမွာ ဟိုေကာင္ေတြနဲ႕ထပ္ေတြ႕ဖို႔ရွိေသးတယ္။ အခန္းတံခါးကိုဖြင့္ၿပီးဝင္လိုက္ေတာ့

"ခင္မ်ား က်ေတာ့္အခန္းထဲဘာဝင္ခိုးေနတာလဲ"

"ဟမ္.."

ဂ်ီမင္း သူ႕ရဲ႕ေအာ္သံႀကီးမွာလန့္ၿပီးတုန္ေတာင္တုန္သြားတယ္...လက္ထဲက အဝတ္ေတြေတာင္ေအာက္ကိုျပန္ျပဳတ္က်သြားသည္အထိ။

" ဘာလဲ က်ေတာ့္ကိုလာျမႇူဆြယ္တာလား ဒါဆိုရင္သြားလိုက္ေတာ့ က်ေတာ္က ဒယ္ဒီလိုမဟုတ္ဘူး"

"ဒီမွာ ငါကငါ့အဝတ္ျခင္းျပန္လာယူရင္း မင္းအခန္းက ရႈ​ပ္ပြေနလို႔ရွင္းေပးေနတာ.."

"မလိုဘူး "

"မလိုရင္လဲ မရွင္းေပးဘူး ေစတနာနဲ႕မတန္တဲ့လူ"

"ဟတ္ ေစတနာ ဘာေစတနာလဲ အက်ိဳးလိုလို႔ေညာင္ေရသြန္းေနတာကိုမ်ား..ခင္မ်ားကေလတကယ္အရွက္မရွိတာလား.. ေမြးကတည္းကရွက္ႀကိဳးပ်က္လာတာလား။ ဒါမွမဟုတ္ မ်ိဳးရိုးလိုက္တာလား ခင္မ်ားအေမတုန္းကလဲအဲ့လိုပဲလား"

"ဘာ မင္း"

ျဖန္း

"ငါ့ကိုေျပာခ်င္ေျပာ ငါ့အေမကိုလာမေျပာနဲ႕"

" ခင္မ်ား က်ေတာ့္ပါးကိုရိုက္လိုက္တာလား"

" ....."

"ဟမ္!"

အ့

ဂ်ီမင္းလက္တစ္ဖက္ကိုအတင္းဖ်စ္ညစ္ထားတာေၾကာင့္

"နာတယ္ေနာ္ လႊတ္ မင္းအရင္လာေျပာလို႔ရိုက္တာ"

က်န္တဲ့လက္တစ္ဖက္နဲ႕အတင္းဖယ္လဲမရတာေၾကာင့္ကိုက္ျပစ္လိုက္ေတာ့

ျဖန္း

လက္ျပန္နဲ႕ရိုက္ျပစ္တာေၾကာင့္ၾကမ္းျပင္မွာေခြေခြေလးလဲက်သြားရသည္။

"ခင္မ်ား ေသခ်င္ေနတာလား"

ရိုက္ထားလို႔နာတာေရာ ပါးကိုလဲသူလက္ႀကီးနဲ႕ ဖ်စ္ထားတာေၾကာင့္ မ်က္ရည္ေတြက်လာသည္။

"မ်က္ရည္ခံလာမထိုးနဲ႕ က်ေတာ္ကဒယ္ဒီမဟုတ္ဘူး"

"လြတ္ နာတယ္"

ဒုန္း

ဂ်ီမင္းကိုတြန္းျပစ္ၿပီးေရခ်ိဳးခန္းဘက္ဝင္သြားတယ္။ အားေတြလဲဘယ္ကိုေရာက္သြားမွန္းမသိေတာ့ ခ်က္ခ်င္းေတာင္ျပန္မထနိုင္သည္အထိ..လူစိတ္မရွိတဲ့သူ!

ကိုယ့္အဝတ္ျခင္းကိုယူၿပီး အခန္းထဲေရာက္ေတာ့မွန္ကိုအရင္ဆုံးေျပးၾကည့္မိသည္။ ပါးတစ္ဖက္ဆိုရဲေနၿပီး ေရာင္ေတာင္ေရာင္ေနလားမသိပါ။ အခုတစ္ေခါက္ကေတာ့ သူ႕အခန္းဝင္မိသြားတာေၾကာင့္ဘာမွမေျပာလိုေတာ့ ေနာက္ထပ္မဝင္ဖို႔သာကိုယ့္ဘာသာဆုံးမလိုက္မည္။ ေနာက္အေခါက္ေတြကိုယ္ထိလက္ေရာက္လုပ္လာရင္ေတာ့ သည္းခံေနမွာမဟုတ္။ ဦး ကိုတိုင္သင့္ရင္လဲတိုင္ပါမည္။ ဒီတစ္ေခါက္ကေတာ့ကိုယ့္အျပစ္နဲ႕ကိုယ္...

ညစာထမင္းစားခ်ိန္ေရာက္ေတာ့ ဦးနဲ႕သူႏွစ္ေယာက္ထဲ ေျပာေတာ့ညစာကိုစုံစုံလင္လင္စားတယ္ဆိုၿပီး မရွိတာလဲေကာင္းပါတယ္ သူရွိေနရင္ညေနကျဖစ္တဲ့ကိစၥကိုအမွတ္ရေနဉီးမွာ..

အ့

ထမင္းကိုဝါးလိုက္ေတာ့ ပါးကိုအညစ္ခံထားရတာေၾကာင့္ေရာ အရိုက္ခံထားရတာေၾကာင့္ေရာ နာေနေတာ့တာ။

"ကေလးဘာျဖစ္တာလဲ ပါးကလဲရဲလို႔ "

"ဟို ေရခ်ိဳးခန္းထဲေခ်ာ္လဲၿပီး မ်က္ႏွာကိုထိသြားတာ"

ယုတ္တိရွိလားမရွိလားမသိေတာ့ စိတ္ထဲေပၚလာတာကိုေျပာလိုက္မိသည္။

"ဆန္ျပဳတ္ေသာက္မလား"

"ရတယ္ က်ေတာ္ဗိုက္သိပ္မဆာလို႔တက္ႏွင့္ေတာ့မယ္"

"အျပင္မွာသြားစားမလား"

"ေတာ္ၿပီးဦး က်ေတာ္တကယ္မဆာတာ"

"ဟုတ္ၿပီ ဟုတ္ၿပီ"

ဒီေန႕ေတာ့ေစာေစာအိပ္လိုက္ေတာ့မယ္ မနက္ျဖန္ေဖေဖ့ဆီသြားမွာဆိုေတာ့...

...

"Jk မင္းေဖေဖေလးအိမ္ေရာက္ေနၿပီဆို"

"ဘာေဖေဖေလးလဲ ငါရေအာင္ဖ်က္မွာ"

"ဟားဟား မင္းဒယ္ဒီလဲေဆးေပးမီးယူေလးလိုခ်င္ရွာမွာေပါ့ ေလ့က်င့္ခန္းလဲ​ျဖစ္ ယတာေပါ့ကြာ"

"ေဟ်ာင့္ ငါ့အေဖကိုမေစာ္ကားနဲ႕"

"မေစာ္ကားပါဘူးကြာ မင္းေဖေဖေလးကိုဘဲခဏေလာက္လိုခ်င္တာ သူကအရမ္းလန္းတယ္ကြာ"

" လဒ မင္းႏွာပူးထေနလိုက္"

" ဟားဟား Jkမင္းၿပိဳင္ဦးမွာလား"

"ေတာ္ၿပီ ေလာင္းဘဲေလာင္းမယ္"

"ေလာင္းေနက်ဘက္ကလား"

"အင္း "

"ဘယ္ေလာက္သုံးမလဲ"

" ***** "

"ဟ မမ်ားလြန္းဘူးလား"

"မမ်ားဘူး ငါအေဖကိုအ႐ႊဲ႕တိုက္ခ်င္လို႔"

___________________________

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories