Fanfics

Episode 10 (ပထမဆုံးသော ရက်)

08:49, 3 October 2025

ပန်းချီကားချပ်ကို လက်မှာသယ်လို့ အိမ်ကိုပြန်လာသူလေးး ရွှေနန်းထယ်။

“သားငယ် ဘယ်ကပြန်လာတာလဲ”

မေမေပန်းသစ္စာ မှ အိမ်ပေါက်မှ ကြိုရင်းမေးသည်။

“ဟို…ဟီးး ပန်းချီသွားဆွဲတာပါ”

“သားငယ်ရယ် မင်းနဲ့လည်းး ပြောလို့ကိုမရဘူးး ပန်းချီက အိမ်မှာဆွဲလည်းရပါတယ် ရွာထိပ်က လက်ပံပင်ဆီပဲ သွားမနေပါနဲ့ဆို”

“အမေကလည်းး မတူဘူးဗျ အိမ်မှာဆွဲတာနဲ့ လက်ပံပင်အောက်မှာ ဆွဲရတာ မတူဘူးး ဟိုမှာက အေးချမ်းပြီးးး တကယ့် သဘာဝအလှတွေကို မြင်ရတယ် အိမ်မှာက စိတ်ကူးလို့ပဲရတာ မတူဘူးမေမေရဲ့”

“ဟင် ပြောလို့လည်းမရပါလားး ဒီကလေးနဲ့တော့လေ​”

“အမေကလည်းး ထားပါ သား အခု အိမ်ပြန်ရောက်လာပြီပဲ မလားးး”

“အေးအေးးး ကဲပါ ရေလေးဘာလေးချိုးအုံးး ပြီးမှ ထမင်းလာစားလှည့်”

“ဟုတ်ကဲ့ပါဗျ”

“အော် ဒါနဲ့ မေမေတို့ မိတ်ဆွေရဲ့သား အခုအိမ်မှာရောက်နေတယ် သားနဲ့ ပြီးရင်မိတ်ဆက် ပေးမယ် သူက ဒီမှာနေမှာလေ”

“ဟုတ်လားး ဒါဆို သားသူငယ်ချင်းထပ်ရတာပေါ့ ဟီးး”

“အေးး အေးး သွား ရေချိုးတော့ အဲပန်းချီကားးပေးး အမေသိမ်းလိုက်မယ်”

“ဟုတ်”

ပန်းချီကားကို မေမေ့လက်ထဲထည့်ကာ ရေချိုးဖို့သာထွက်လာခဲ့လိုက်သော နန်းထယ်။

ရေချိုးဖို့ရာ အခန်းထဲကို ဝင်မည်လာပ်တော့ အသင့်ပွင့်နေနှင့်တဲ့ အခန်းတံခါးကြောင့် ရပ်တန့်သွားရသည်။

တံခါးနားကနေ အသာကြည့်မိတော့ သူ့ခုံစောင်းမှ ခုံနဲ့ထိုင်နေတဲ့ လူရဲ့နောက်ကျောပြင်။

(သူက ဘယ်သူလဲ…ဘာလို့ငါ့အခန်းထဲရောက်နေတာလဲ သူခိုးးများလားးး)

နန်းထယ်အတွေးများရသည်။ ချက်ချင်းပဲ အနားကို ရှာကြည့်မိတော့ ဘာကိုမှမတွေ့ ထီးတစ်ခုသာ တွေ့သည်။

ဒါနဲ့ မတတ်နိုင်ဘူးးဆိုကာ ထီးကိုကောက်လို့ အခန်းထဲ ပြေးဝင်ပြီးး နောက်ကျောကနေ ထုပါတော့သည်။

“ သူခိုးဗျို့… သူခိုးးး”

“အ့…အ့..ဘယ်သူလဲ…”

“ဟင် ဒီအသံက…ခဗျား”

ထုနေရင်း သတိထားမိတော့ သူ့ကိုဓာတ်ပုံရိုက်သွားတဲ့လူ။

“ခဗျားး ဘယ်လိုလုပ် ကျွန်တော့်အခန်းထဲ ရောက်နေတာလဲ ဘာလဲ ခိုးလိုက်လာတာလားး နောက်ကချောင်းနေတာလား သူခိုးလားး ခဗျားက”

“မဟုတ်ဘူးး ကိုယ်က”

“ လာကြပါအုံးးး သူခိုးး သူခိုးဗျိုးး”

“အ့…နာတယ်…”

ထီးနဲ့ ရိုက်ချနေတော့ ဂျွန့်ခဗျာနာလှပြီ။ နန်းထယ်ရဲအော်သံကြောင့်လဲ အပြေးအလွှား အမေနဲ့အဖေလည်း ရောက်လာရသည်။

“ဘာ..ဘာဖြစ်ကြတာလဲ”

မေမေတို့ရောက်လာမှ နန်းထယ် အဖေဖြစ်သူ နောက်မှာပုန်းလို့

“အဖေ…ဒီလူပေါ့ သားနောက်လိုက်လာတာ သူ သူခိုးလားမသိဘူးး”

ဦးမြတ်စံလည်း ကြည့်လိုက်တော့မှ သဘောပေါက်မိသည်။

“ဟ…ငါ သူခိုးမဟုတ်ဘူးကွ”

“ဘယ်သူခိုးက သူက သူခိုးဘာလို့ ဝန်ခံမလဲ ​အဖေ…..သူ့ကိုဖမ်းထားးရမယ်”

ဦးမြတ်စံ နောက်မှပုန်း၍ ရန်ထောင်နေသော ကောင်လေးကြောင့် ခေါင်းတောင်နောက်ချင်လာသည်။

“သားးး သားကို မင်းအမေက မပြောထားဘူးလား”

“ဘာကိုလဲ အ​ဖေရဲ့”

“သစ္စာ…”

အမေ့ဘက်ကိုလှည့်ကြည့်တော့ အမေမှ

“အစ်ကိုကလည်းး သစ္စာ ပြောပါတယ် သား အမေပြောထားတယ်လေ အမေတို့ ရဲ့ မိတ်ဆွေသား လာနေမယ်လို့”

“အင်းလေ အဲဒါ ဘာဆိုင်…ဟင် ဒါဆို သူက”

နန်းထယ်အံ့ဩလို့ ပြူးကြောင်ကြောင်နဲ့ ကြည့်တုန်းး ဂျွန်မှာ နာနေတဲ့ခေါင်းကို….လက်နဲ့ပွတ်ရင်းး

“ဦးလေးရေ ဦးလေးသားက လက်သန်ပြောက်ချက်ဗျာ”

“ဟားးး သားငယ်ကတော့ လက်သွက်ချက်ပဲ…. သားငယ်ရယ် အဖေ မိတ်ဆက်ပေးမယ် ဒါက ရန်ကုန်က အဖေ့ မိတ်ဆွေရဲ့ သားး ဂျွန်သက်နောင်ရှိန်တဲ့…သူက ဒီနေ့ကစပြီး အဖေ တို့နဲ့ အတူလာနေမှာ”

“ဗျာ…သူက ဒီမှာနေမှာ”

“အေးးးကွယ့် ကဲပါ မင်းတို့ချင်း စကားလေးဘာလေး ပြောကြအုံးး အဖေ တို့လည်း မအားဘူးး သားငယ်က အော်တော့ လန့်ပြီးရောက်လာရတာ”

“အဘ…”

“သားငယ်ရယ် နောက်မှပြောတော့ အဖေ ပန်းပုတွေ မနက််ဖြန်ပို့ရမှာ မအားသေးဘူးး”

“အမေ…”

“ သားငယ်ရယ် အမေလည်း အားတာမဟုတ်ဘူးး သားတိုအချင်းချင်းညှိကြတော့ ဘယ်လိုနေနေ သူက ဒီအိမ်မှာနေရမဲ့သူပဲ တည့်အောင်ပေါင်းနော်”

ဘယ်လိုမှပြောမရ အမေနဲ့အဖေမှာ သူ့ကို ဂျွန်နဲ့ထားခဲ့ပြီ။ ဂျွန်လည်းး နန်းထယ်ကို လက်ပိုက်ကာကြည့်ပြီးး နံရံကိုမှီထားသည်။

“ခဗျားးက…”

“ကဲပါ… မိတ်ဆက်တာနောက်ကျသွားပေမဲ့ တွေ့ရတာဝမ်းသာပါတယ် ဂျွန်သက်နောင်ရှိန် ပါ”

လက်ကမ်းပေးတော့ နန်းထယ်မှာလည်း လက်ပြန်ကမ်းရင်းး

“ ရွှေနန်းထယ်ပါ တွေ့ရတာဝမ်းသာပါတယ်”

“ ရွှေနန်းထယ်တဲ့လားး”

“အင်းး နည်းနည်း မိန်းမဆန်တယ်မလားး”

“ဟင့်အင် လှတယ်….”

ဆိုသောစကားကြောင့် မော့ကြည့်မိတော့

“နာမည်က…”

လို့ဆက်ဆိုမှသာ မျက်နှာကို ပြန်လွှဲလို့ နန်းထယ်။

“မင်း က ကိုယ့်ထက် ငယ်မဲ့ပုံပဲနော်”

ဂျွန်ကမေးတော့မှ

“အသက်ကဘယ်လောက်မို့လို့လဲ ထယ်က ၂၀”

ထယ်တဲ့လားး သူ့ကိုယ်သူခေါ်တဲ့နာမက ထယ်တဲ့လားး။ ဆန်းပါဘိ နူးညံ့ပါဘိကွယ်။

“ကိုယ်က ၂၂… မင်းထက် ၂နှစ်တောင်ကြီးတယ်နော်”

“၂နှစ်ထဲပဲ မကွာပါဘူးး အတူတူလောက်ပဲကိုးး”

“ဟားး မင်းပြောသလိုပေါ့”

“ထားပါ ဂျွန်သက်နောင်ရှိန်က..”

“နေအုံးး အဲလောက်အပြည့်အစုံ မခေါ်နဲ့လေ မင်းပဲ မောမှာပေါ့”

“ဒါဆို ဘယ်လိုခေါ်ရမှာလဲ”

“ကြိုက်သလိုခေါ်လေ…”

“အင်းး ဒါဆို ဂျွန် လို့ပဲခေါ်မယ်”

“အင်းး ရတယ်လေ”

“ဂျွန်က ဘာလုပ်ဖို့ မြင်ကပါ ကိုရောက်လာတာလဲ ရန်ကုန်ကနေတောင် လာတာဆိုတော့ အရေးကြီးကိစ္စရှိလို့လား”

“အင်း အရေးကြီးတယ် ကိုယ်က ဓာတ်ပုံဆရာလေ”

“ဓာတ်ပုံဆရာ”

“အင်းး ရန်ကုန်မှာဆို ကိုယ်ကနာမည်ကြီးပဲ ကိုယ်ကတော့ ဝါသနာအရပေမဲ့ ပြိုင်ပွဲတွေပြိုင်ရင်း နိုင်လာတော့ နာမည်ရလာတာပေါ့….”

“အဲဒါနဲ့ ဘယ်လိုဆိုင်”

“အင်းး အခုလည်း လာမဲ့ ၅လလောက်မှာ ဓာတ်ပုံပြိုင်ပွဲရှိတယ် ကိုယ်အရင်က တခြားပုံတွေနဲ့ ပြိုင်လို့နိုင်တယ်လေ အခုတစ်ခေါက်ကျ ပိုထူးချင်တယ် ဒီတော့ မြန်မာ့အနှစ်သာရတွေကို ရိုက်ချင်တာ အဲအတွက် အကောင်းဆုံးက ပုဂံပဲလေ ဒါကြောင့် ပုဂံဘုရားစေတီတွေရဲ့ ပုံကိုလိုချင်တာကြောင့် ဖေဖေက သူ့မိတ်တွေရှိတယ်ပြောတာနဲ့ မြင်ကပါရွာကို ရောက်လာခဲ့တာပဲ”

“အော်…ဒီလိုကိုးးး ဒါဆို ထယ့်ပုံကရော ဘာလို့ရိုက်”

“အဲဒါက နန်းထယ် ကို ကိုယ်တွေ့တော့ ဘာလို့လဲမသိ သိပ်ကို ဓာတ်ပုံရိုက်ချင်သွားတာ ကိုယ်က လှတာတွေဆို ဓာတ်ပုံရိုက်ချင်တယ်လေ”

ဂျွန့်အဖြေကြောင့် နန်းထယ်မှာ ခပ်ရှက်ရှက်နဲ့ပင်။

“အဟမ်းးး ဂျွန် အနည်းဆုံးတော့ ခွင့်တောင်းသင့်တယ်”

“ကိုယ် အဲအတွက်တောင်းပန်ပါတယ် နန်းထယ် မကြိုက်ရင် ကိုယ် ပြန်ဖျက်ပေးပါ့မယ်”

“ရ..ရပါတယ် ရိုက်ထားတာတွေ နှမြောစရာကြီးး”

“သိမ်းထားလို့ရတယ်လားး”

“အင်းး ရတယ် ဒါပေမဲ့ အယူရှိရင် အပေးရှိရမယ်လေ”

“နန်းထယ်က ဘာလိုချင်တာလဲ ပြောလေ”

“ဂျွန့်ကို…”

“ဗျာ…အဲဒါကတော့ ကိုယ်နဲ့က အခုမှတွေ့တာလေ ချက်ချင်းကြီးကျ မကောင်းပါဘူးး နန်းထယ်ရဲ့ မင်းအဲလောက် ပွင့်လင်းမယ်မထင်ထားဘူးး ကိုယ်…”

ပါးတွေပါရဲရဲနီလို့ ရှက်သွားကာ ဂုတ်ပိုးကိုလက်နဲ့ပွတ်သတ်နေသည်။

“မဟုတ်ဘူးး ထယ်ပြောချင်တာက ဂျွန့်ရဲ့ ပုံကိုဆွဲချင်တယ်လို့ ပြောတာ”

“အော်…ပုံ ပုံကိုလားး”

ပုံကိုဆိုကာမှ ပြန်အရှက်ပြေသွားရသည်။

“အင်းး ပုံကိုပြောတာ”

ဂျွန်သက်နောင်ရှိန် တဲ့…… အသားက ခပ်ဖြူဖြူနဲ့ အရပ်ကထောင်ကောင်းကောင်း ခန္ဓာကိုယ်လည်း အချိုးကျကျ ကြွက်သားအပြည့်ရှိသည်။ ယောကျ်ားသားဆန်လှတဲ့ ဂျွန်ရဲ့ ပုံမှာ ပုံကောင်းတစ်ခုထွက်လာမှာ အသေအချာ။

အညိုရောင် မျက်ဝန်းတွေနဲ့ အကြည့်စူးရှရှကားး ဆွဲဆောင်နိုင်လွန်းသည်။ တစ်ချက်တစ်ချက် သူကြည့်လိုက်ရင် စူးကနဲ ဆက်ကနဲ ခံစားချက်တို့ကားး ဝင်လာသည်။

သူ့ပုံ သူအသွင်နဲ့ ဂျွန်မှာ အရမ်းချောကာ ခန့်ညားလှပေသည်။ ဂျွန်ဆိုရင် သူ့ပန်းချီအတွက် အကောင်းဆုံး မော်ဒယ်လ်ဖြစ်လာနိုင်မှာမလား။

“ရ..ရတာပေါ့ ဘာခက်တာမှတ်လို့”

“ဒါဆို ရပြီ…ဟီးး”

“ကိုယ်လည်း နန်းထယ်ကိုလိုချင်တယ်နော်”

“ဟင်…ထယ့်ကို”

“အင်းး နန်းထယ်ပုံတွေရိုက်ချင်တယ် ရမလားး”

“ရပါတယ်…ထယ်လည်း ကြိုက်ပါတယ်”

“ဒါဆို တစ်ယောက်ကိုယ်တစ်ယောက် အကးအညီပေးလို့ရတာပေါ့”

အပြန်အလှန်တည့်သွားရပြီ….. အပေးနဲ့အယူတော့ မျှတလေပြီ။

ညအချိန်မှာတော့ ခက်လေပြီ။ လူအိပ်ချိန်တောင် ရောက်နေပေမဲ့ မအိပ်ကြသေးး။ အိပ်စရာ….နေရာ လုနေသည်ပင်။

“ဂျွန်…. ဒါက ထယ့်ကုတင်လေ”

“အဲတော့”

“ဂျွန်က ဘာလို့ အိပ်နေတာလဲ”

“နန်းထယ်ကလည်း ကိုယ်က ဒီမှာမအိပ်လို့ ဘယ်မှာ အိပ်ရမှာလဲ”

“မဟုတ်ဘူးလေ….ဂျွန် ထယ်က”

“ကိုယ် မြေကြီးပေါ်မှာတော့ မအိပ်တတ်ဘူးနော် နန်းထယ် ဦးလေးကလည်း မင်းနဲ့အတူနေလို့ ပြောထားတာမလား ယောကျ်ားချင်းပဲ ဘာရှက်နေတာလဲ နန်းထယ်ရ”

“မ မရှက်ပါဘူးး ဘယ်သူကရှက်လို့လဲ”

“မရှက်ဘူးးဆို လာအိပ်လေ”

ကုတင်ပေါ်ကို လက်နဲ့ပုတ်ပြတော့ နန်းထယ်လည်း ဂျွန့်အနား တိုးထိုင်ကာ ကုတင်ပေါ်လှဲလိုက်သည်။

“အိပ်မယ်…”

“အင်းး အိပ်တော့”

တစ်ယောက်နဲ့တစ်ယောက် ကျောပင်ပေးလျက် အိပ်ရသည်။ ကျောပေးထားပေမဲ့ ကုတင်မှာ အတင်းမကြီးလှတော့ ထိကပ်နေသည့် ကျောပြင်တွေ။

ထိကပ်လာတဲ့ ကျောပြင်ကျယ်မှ မာတောင့်တောင့်နဲ့ ထိလိုက်မိတာနဲ့ သူ့ကြွက်သားတွေကို ခံစားမိသည်။ တော်တော်တောင့်တဲ့ ခန္ဓာကိုယ် ပါလားး ။

တွေးရင်းပင် တံတွေးတွေတောင် အလုံးလိုက်မြိုချမိသည်။ အသက်အရွယ်ငယ်ငယ်နဲ့ ဒီလောက်တောင့်ရလားး။ သူနဲ့ယှဥ်ရင် အကွာကြီးပဲမလားလေ။

ဂျွန်မှာလည်း သူ့ကျောကိုလာလာထိတဲ့ သေးငယ်တဲ့ ကျောလေးကြောင့် ရင်တွေတဒိတ်ဒိတ်ပင်။ ကျောကနေတောင် နူးညံ့မှုကိုခံစားမိသည်။ ကျောပေးထားတာတောင် သူ့ရဲ့ကိုယ်သင်းနံ့မှာ ပန်းနံ့သင်းကာ မွှေးပါသည်။

ဒါက ယောကျ်ားလေးတစ်ယောက်ရဲ့ အနံ့တဲ့လားးး။ နွေးထွေးကာ ချိုအီအီနဲ့ ပန်းနံ့တွေက ယောကျ်ားလေးတစ်ယောက် စီကတဲ့လားး။

သည်အနံ့တွေနဲ့ နူးညံ့တဲ့ကျောပြင်လေးကြောင့် တောင့်တင်းတင်းဖြစ်နေရသည့် ခန္ဓာကိုယ်နဲ့ အိပ်၍ပင်မရသော မျက်စိ…. ကခုန်နေသော နှလုံးသားတို့မှာ ပွဲတော်မလားး ဆူညံနေပြီလေ။

ဒီညတော့ အိပ်လို့ ရပါ့မလားးလေ။ မျက်စိကိုသာ အတင်းမှိတ်လို့ နှစ်ယောက်သား အိပ်ပျော်အောင် မနည်းကြိုးစားခဲ့ရပါသည်ပင်။

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

ပန္းခ်ီကားခ်ပ္ကို လက္မွာသယ္လို႔ အိမ္ကိုျပန္လာသူေလးး ေ႐ႊနန္းထယ္။

သားငယ္ ဘယ္ကျပန္လာတာလဲ

ေမေမပန္းသစၥာ မွ အိမ္ေပါက္မွ ႀကိဳရင္းေမးသည္။

ဟိုဟီးး ပန္းခ်ီသြားဆြဲတာပါ

သားငယ္ရယ္ မင္းနဲ႕လည္းး ေျပာလို႔ကိုမရဘူးး ပန္းခ်ီက အိမ္မွာဆြဲလည္းရပါတယ္ ႐ြာထိပ္က လက္ပံပင္ဆီပဲ သြားမေနပါနဲ႕ဆို

အေမကလည္းး မတူဘူးဗ် အိမ္မွာဆြဲတာနဲ႕ လက္ပံပင္ေအာက္မွာ ဆြဲရတာ မတူဘူးး ဟိုမွာက ေအးခ်မ္းၿပီးးး တကယ့္ သဘာဝအလွေတြကို ျမင္ရတယ္ အိမ္မွာက စိတ္ကူးလို႔ပဲရတာ မတူဘူးေမေမရဲ႕

ဟင္ ေျပာလို႔လည္းမရပါလားး ဒီကေလးနဲ႕ေတာ့ေလ

အေမကလည္းး ထားပါ သား အခု အိမ္ျပန္ေရာက္လာၿပီပဲ မလားးး

ေအးေအးးး ကဲပါ ေရေလးဘာေလးခ်ိဳးအုံးး ၿပီးမွ ထမင္းလာစားလွည့္

ဟုတ္ကဲ့ပါဗ်

ေအာ္ ဒါနဲ႕ ေမေမတို႔ မိတ္ေဆြရဲ႕သား အခုအိမ္မွာေရာက္ေနတယ္ သားနဲ႕ ၿပီးရင္မိတ္ဆက္ ေပးမယ္ သူက ဒီမွာေနမွာေလ

ဟုတ္လားး ဒါဆို သားသူငယ္ခ်င္းထပ္ရတာေပါ့ ဟီးး

ေအးး ေအးး သြား ေရခ်ိဳးေတာ့ အဲပန္းခ်ီကားးေပးး အေမသိမ္းလိုက္မယ္

ဟုတ္

ပန္းခ်ီကားကို ေမေမ့လက္ထဲထည့္ကာ ေရခ်ိဳးဖို႔သာထြက္လာခဲ့လိုက္ေသာ နန္းထယ္။

ေရခ်ိဳးဖို႔ရာ အခန္းထဲကို ဝင္မည္လာပ္ေတာ့ အသင့္ပြင့္ေနႏွင့္တဲ့ အခန္းတံခါးေၾကာင့္ ရပ္တန့္သြားရသည္။

တံခါးနားကေန အသာၾကည့္မိေတာ့ သူ႕ခုံေစာင္းမွ ခုံနဲ႕ထိုင္ေနတဲ့ လူရဲ႕ေနာက္ေက်ာျပင္။

(သူက ဘယ္သူလဲဘာလို႔ငါ့အခန္းထဲေရာက္ေနတာလဲ သူခိုးးမ်ားလားးး)

နန္းထယ္အေတြးမ်ားရသည္။ ခ်က္ခ်င္းပဲ အနားကို ရွာၾကည့္မိေတာ့ ဘာကိုမွမေတြ႕ ထီးတစ္ခုသာ ေတြ႕သည္။

ဒါနဲ႕ မတတ္နိုင္ဘူးးဆိုကာ ထီးကိုေကာက္လို႔ အခန္းထဲ ေျပးဝင္ၿပီးး ေနာက္ေက်ာကေန ထုပါေတာ့သည္။

သူခိုးဗ်ိဳ႕ သူခိုးးး

အ့အ့..ဘယ္သူလဲ

ဟင္ ဒီအသံကခဗ်ား

ထုေနရင္း သတိထားမိေတာ့ သူ႕ကိုဓာတ္ပုံရိုက္သြားတဲ့လူ။

ခဗ်ားး ဘယ္လိုလုပ္ ကြၽန္ေတာ့္အခန္းထဲ ေရာက္ေနတာလဲ ဘာလဲ ခိုးလိုက္လာတာလားး ေနာက္ကေခ်ာင္းေနတာလား သူခိုးလားး ခဗ်ားက

မဟုတ္ဘူးး ကိုယ္က

လာၾကပါအုံးးး သူခိုးး သူခိုးဗ်ိဳးး

အ့နာတယ္

ထီးနဲ႕ ရိုက္ခ်ေနေတာ့ ဂြၽန့္ခဗ်ာနာလွၿပီ။ နန္းထယ္ရဲေအာ္သံေၾကာင့္လဲ အေျပးအလႊား အေမနဲ႕အေဖလည္း ေရာက္လာရသည္။

ဘာ..ဘာျဖစ္ၾကတာလဲ

ေမေမတို႔ေရာက္လာမွ နန္းထယ္ အေဖျဖစ္သူ ေနာက္မွာပုန္းလို႔

အေဖဒီလူေပါ့ သားေနာက္လိုက္လာတာ သူ သူခိုးလားမသိဘူးး

ဦးျမတ္စံလည္း ၾကည့္လိုက္ေတာ့မွ သေဘာေပါက္မိသည္။

ဟငါ သူခိုးမဟုတ္ဘူးကြ

ဘယ္သူခိုးက သူက သူခိုးဘာလို႔ ဝန္ခံမလဲ အေဖ..သူ႕ကိုဖမ္းထားးရမယ္

ဦးျမတ္စံ ေနာက္မွပုန္း၍ ရန္ေထာင္ေနေသာ ေကာင္ေလးေၾကာင့္ ေခါင္းေတာင္ေနာက္ခ်င္လာသည္။

သားးး သားကို မင္းအေမက မေျပာထားဘူးလား

ဘာကိုလဲ အေဖရဲ႕

သစၥာ

အေမ့ဘက္ကိုလွည့္ၾကည့္ေတာ့ အေမမွ

အစ္ကိုကလည္းး သစၥာ ေျပာပါတယ္ သား အေမေျပာထားတယ္ေလ အေမတို႔ ရဲ႕ မိတ္ေဆြသား လာေနမယ္လို႔

အင္းေလ အဲဒါ ဘာဆိုင္ဟင္ ဒါဆို သူက

နန္းထယ္အံ့ဩလို႔ ျပဴးေၾကာင္ေၾကာင္နဲ႕ ၾကည့္တုန္းး ဂြၽန္မွာ နာေနတဲ့ေခါင္းကို.လက္နဲ႕ပြတ္ရင္းး

ဦးေလးေရ ဦးေလးသားက လက္သန္ေျပာက္ခ်က္ဗ်ာ

ဟားးး သားငယ္ကေတာ့ လက္သြက္ခ်က္ပဲ. သားငယ္ရယ္ အေဖ မိတ္ဆက္ေပးမယ္ ဒါက ရန္ကုန္က အေဖ့ မိတ္ေဆြရဲ႕ သားး ဂြၽန္သက္ေနာင္ရွိန္တဲ့သူက ဒီေန႕ကစၿပီး အေဖ တို႔နဲ႕ အတူလာေနမွာ

ဗ်ာသူက ဒီမွာေနမွာ

ေအးးးကြယ့္ ကဲပါ မင္းတို႔ခ်င္း စကားေလးဘာေလး ေျပာၾကအုံးး အေဖ တို႔လည္း မအားဘူးး သားငယ္က ေအာ္ေတာ့ လန့္ၿပီးေရာက္လာရတာ

အဘ

သားငယ္ရယ္ ေနာက္မွေျပာေတာ့ အေဖ ပန္းပုေတြ မနက္္ျဖန္ပို႔ရမွာ မအားေသးဘူးး

အေမ

သားငယ္ရယ္ အေမလည္း အားတာမဟုတ္ဘူးး သားတိုအခ်င္းခ်င္းညွိၾကေတာ့ ဘယ္လိုေနေန သူက ဒီအိမ္မွာေနရမဲ့သူပဲ တည့္ေအာင္ေပါင္းေနာ္

ဘယ္လိုမွေျပာမရ အေမနဲ႕အေဖမွာ သူ႕ကို ဂြၽန္နဲ႕ထားခဲ့ၿပီ။ ဂြၽန္လည္းး နန္းထယ္ကို လက္ပိုက္ကာၾကည့္ၿပီးး နံရံကိုမွီထားသည္။

ခဗ်ားးက

ကဲပါ မိတ္ဆက္တာေနာက္က်သြားေပမဲ့ ေတြ႕ရတာဝမ္းသာပါတယ္ ဂြၽန္သက္ေနာင္ရွိန္ ပါ

လက္ကမ္းေပးေတာ့ နန္းထယ္မွာလည္း လက္ျပန္ကမ္းရင္းး

ေ႐ႊနန္းထယ္ပါ ေတြ႕ရတာဝမ္းသာပါတယ္

ေ႐ႊနန္းထယ္တဲ့လားး

အင္းး နည္းနည္း မိန္းမဆန္တယ္မလားး

ဟင့္အင္ လွတယ္.

ဆိုေသာစကားေၾကာင့္ ေမာ့ၾကည့္မိေတာ့

နာမည္က

လို႔ဆက္ဆိုမွသာ မ်က္ႏွာကို ျပန္လႊဲလို႔ နန္းထယ္။

မင္း က ကိုယ့္ထက္ ငယ္မဲ့ပုံပဲေနာ္

ဂြၽန္ကေမးေတာ့မွ

အသက္ကဘယ္ေလာက္မို႔လို႔လဲ ထယ္က ၂၀

ထယ္တဲ့လားး သူ႕ကိုယ္သူေခၚတဲ့နာမက ထယ္တဲ့လားး။ ဆန္းပါဘိ ႏူးညံ့ပါဘိကြယ္။

ကိုယ္က ၂၂ မင္းထက္ ၂ႏွစ္ေတာင္ႀကီးတယ္ေနာ္

၂ႏွစ္ထဲပဲ မကြာပါဘူးး အတူတူေလာက္ပဲကိုးး

ဟားး မင္းေျပာသလိုေပါ့

ထားပါ ဂြၽန္သက္ေနာင္ရွိန္က..

ေနအုံးး အဲေလာက္အျပည့္အစုံ မေခၚနဲ႕ေလ မင္းပဲ ေမာမွာေပါ့

ဒါဆို ဘယ္လိုေခၚရမွာလဲ

ႀကိဳက္သလိုေခၚေလ

အင္းး ဒါဆို ဂြၽန္ လို႔ပဲေခၚမယ္

အင္းး ရတယ္ေလ

ဂြၽန္က ဘာလုပ္ဖို႔ ျမင္ကပါ ကိုေရာက္လာတာလဲ ရန္ကုန္ကေနေတာင္ လာတာဆိုေတာ့ အေရးႀကီးကိစၥရွိလို႔လား

အင္း အေရးႀကီးတယ္ ကိုယ္က ဓာတ္ပုံဆရာေလ

ဓာတ္ပုံဆရာ

အင္းး ရန္ကုန္မွာဆို ကိုယ္ကနာမည္ႀကီးပဲ ကိုယ္ကေတာ့ ဝါသနာအရေပမဲ့ ၿပိဳင္ပြဲေတြၿပိဳင္ရင္း နိုင္လာေတာ့ နာမည္ရလာတာေပါ့.

အဲဒါနဲ႕ ဘယ္လိုဆိုင္

အင္းး အခုလည္း လာမဲ့ ၅လေလာက္မွာ ဓာတ္ပုံၿပိဳင္ပြဲရွိတယ္ ကိုယ္အရင္က တျခားပုံေတြနဲ႕ ၿပိဳင္လို႔နိုင္တယ္ေလ အခုတစ္ေခါက္က် ပိုထူးခ်င္တယ္ ဒီေတာ့ ျမန္မာ့အႏွစ္သာရေတြကို ရိုက္ခ်င္တာ အဲအတြက္ အေကာင္းဆုံးက ပုဂံပဲေလ ဒါေၾကာင့္ ပုဂံဘုရားေစတီေတြရဲ႕ ပုံကိုလိုခ်င္တာေၾကာင့္ ေဖေဖက သူ႕မိတ္ေတြရွိတယ္ေျပာတာနဲ႕ ျမင္ကပါ႐ြာကို ေရာက္လာခဲ့တာပဲ

ေအာ္ဒီလိုကိုးးး ဒါဆို ထယ့္ပုံကေရာ ဘာလို႔ရိုက္

အဲဒါက နန္းထယ္ ကို ကိုယ္ေတြ႕ေတာ့ ဘာလို႔လဲမသိ သိပ္ကို ဓာတ္ပုံရိုက္ခ်င္သြားတာ ကိုယ္က လွတာေတြဆို ဓာတ္ပုံရိုက္ခ်င္တယ္ေလ

ဂြၽန့္အေျဖေၾကာင့္ နန္းထယ္မွာ ခပ္ရွက္ရွက္နဲ႕ပင္။

အဟမ္းးး ဂြၽန္ အနည္းဆုံးေတာ့ ခြင့္ေတာင္းသင့္တယ္

ကိုယ္ အဲအတြက္ေတာင္းပန္ပါတယ္ နန္းထယ္ မႀကိဳက္ရင္ ကိုယ္ ျပန္ဖ်က္ေပးပါ့မယ္

ရ..ရပါတယ္ ရိုက္ထားတာေတြ ႏွေျမာစရာႀကီးး

သိမ္းထားလို႔ရတယ္လားး

အင္းး ရတယ္ ဒါေပမဲ့ အယူရွိရင္ အေပးရွိရမယ္ေလ

နန္းထယ္က ဘာလိုခ်င္တာလဲ ေျပာေလ

ဂြၽန့္ကို

ဗ်ာအဲဒါကေတာ့ ကိုယ္နဲ႕က အခုမွေတြ႕တာေလ ခ်က္ခ်င္းႀကီးက် မေကာင္းပါဘူးး နန္းထယ္ရဲ႕ မင္းအဲေလာက္ ပြင့္လင္းမယ္မထင္ထားဘူးး ကိုယ္

ပါးေတြပါရဲရဲနီလို႔ ရွက္သြားကာ ဂုတ္ပိုးကိုလက္နဲ႕ပြတ္သတ္ေနသည္။

မဟုတ္ဘူးး ထယ္ေျပာခ်င္တာက ဂြၽန့္ရဲ႕ ပုံကိုဆြဲခ်င္တယ္လို႔ ေျပာတာ

ေအာ္ပုံ ပုံကိုလားး

ပုံကိုဆိုကာမွ ျပန္အရွက္ေျပသြားရသည္။

အင္းး ပုံကိုေျပာတာ

ဂြၽန္သက္ေနာင္ရွိန္ တဲ့ အသားက ခပ္ျဖဴျဖဴနဲ႕ အရပ္ကေထာင္ေကာင္းေကာင္း ခႏၶာကိုယ္လည္း အခ်ိဳးက်က် ႂကြက္သားအျပည့္ရွိသည္။ ေယာက်္ားသားဆန္လွတဲ့ ဂြၽန္ရဲ႕ ပုံမွာ ပုံေကာင္းတစ္ခုထြက္လာမွာ အေသအခ်ာ။

အညိုေရာင္ မ်က္ဝန္းေတြနဲ႕ အၾကည့္စူးရွရွကားး ဆြဲေဆာင္နိုင္လြန္းသည္။ တစ္ခ်က္တစ္ခ်က္ သူၾကည့္လိုက္ရင္ စူးကနဲ ဆက္ကနဲ ခံစားခ်က္တို႔ကားး ဝင္လာသည္။

သူ႕ပုံ သူအသြင္နဲ႕ ဂြၽန္မွာ အရမ္းေခ်ာကာ ခန့္ညားလွေပသည္။ ဂြၽန္ဆိုရင္ သူ႕ပန္းခ်ီအတြက္ အေကာင္းဆုံး ေမာ္ဒယ္လ္ျဖစ္လာနိုင္မွာမလား။

ရ..ရတာေပါ့ ဘာခက္တာမွတ္လို႔

ဒါဆို ရၿပီဟီးး

ကိုယ္လည္း နန္းထယ္ကိုလိုခ်င္တယ္ေနာ္

ဟင္ထယ့္ကို

အင္းး နန္းထယ္ပုံေတြရိုက္ခ်င္တယ္ ရမလားး

ရပါတယ္ထယ္လည္း ႀကိဳက္ပါတယ္

ဒါဆို တစ္ေယာက္ကိုယ္တစ္ေယာက္ အကးအညီေပးလို႔ရတာေပါ့

အျပန္အလွန္တည့္သြားရၿပီ.. အေပးနဲ႕အယူေတာ့ မွ်တေလၿပီ။

ညအခ်ိန္မွာေတာ့ ခက္ေလၿပီ။ လူအိပ္ခ်ိန္ေတာင္ ေရာက္ေနေပမဲ့ မအိပ္ၾကေသးး။ အိပ္စရာ.ေနရာ လုေနသည္ပင္။

ဂြၽန္. ဒါက ထယ့္ကုတင္ေလ

အဲေတာ့

ဂြၽန္က ဘာလို႔ အိပ္ေနတာလဲ

နန္းထယ္ကလည္း ကိုယ္က ဒီမွာမအိပ္လို႔ ဘယ္မွာ အိပ္ရမွာလဲ

မဟုတ္ဘူးေလ.ဂြၽန္ ထယ္က

ကိုယ္ ေျမႀကီးေပၚမွာေတာ့ မအိပ္တတ္ဘူးေနာ္ နန္းထယ္ ဦးေလးကလည္း မင္းနဲ႕အတူေနလို႔ ေျပာထားတာမလား ေယာက်္ားခ်င္းပဲ ဘာရွက္ေနတာလဲ နန္းထယ္ရ

မ မရွက္ပါဘူးး ဘယ္သူကရွက္လို႔လဲ

မရွက္ဘူးးဆို လာအိပ္ေလ

ကုတင္ေပၚကို လက္နဲ႕ပုတ္ျပေတာ့ နန္းထယ္လည္း ဂြၽန့္အနား တိုးထိုင္ကာ ကုတင္ေပၚလွဲလိုက္သည္။

အိပ္မယ္

အင္းး အိပ္ေတာ့

တစ္ေယာက္နဲ႕တစ္ေယာက္ ေက်ာပင္ေပးလ်က္ အိပ္ရသည္။ ေက်ာေပးထားေပမဲ့ ကုတင္မွာ အတင္းမႀကီးလွေတာ့ ထိကပ္ေနသည့္ ေက်ာျပင္ေတြ။

ထိကပ္လာတဲ့ ေက်ာျပင္က်ယ္မွ မာေတာင့္ေတာင့္နဲ႕ ထိလိုက္မိတာနဲ႕ သူ႕ႂကြက္သားေတြကို ခံစားမိသည္။ ေတာ္ေတာ္ေတာင့္တဲ့ ခႏၶာကိုယ္ ပါလားး ။

ေတြးရင္းပင္ တံေတြးေတြေတာင္ အလုံးလိုက္ၿမိဳခ်မိသည္။ အသက္အ႐ြယ္ငယ္ငယ္နဲ႕ ဒီေလာက္ေတာင့္ရလားး။ သူနဲ႕ယွဥ္ရင္ အကြာႀကီးပဲမလားေလ။

ဂြၽန္မွာလည္း သူ႕ေက်ာကိုလာလာထိတဲ့ ေသးငယ္တဲ့ ေက်ာေလးေၾကာင့္ ရင္ေတြတဒိတ္ဒိတ္ပင္။ ေက်ာကေနေတာင္ ႏူးညံ့မႈကိုခံစားမိသည္။ ေက်ာေပးထားတာေတာင္ သူ႕ရဲ႕ကိုယ္သင္းနံ႕မွာ ပန္းနံ႕သင္းကာ ေမႊးပါသည္။

ဒါက ေယာက်္ားေလးတစ္ေယာက္ရဲ႕ အနံ႕တဲ့လားးး။ ႏြေးေထြးကာ ခ်ိဳအီအီနဲ႕ ပန္းနံ႕ေတြက ေယာက်္ားေလးတစ္ေယာက္ စီကတဲ့လားး။

သည္အနံ႕ေတြနဲ႕ ႏူးညံ့တဲ့ေက်ာျပင္ေလးေၾကာင့္ ေတာင့္တင္းတင္းျဖစ္ေနရသည့္ ခႏၶာကိုယ္နဲ႕ အိပ္၍ပင္မရေသာ မ်က္စိ. ကခုန္ေနေသာ ႏွလုံးသားတို႔မွာ ပြဲေတာ္မလားး ဆူညံေနၿပီေလ။

ဒီညေတာ့ အိပ္လို႔ ရပါ့မလားးေလ။ မ်က္စိကိုသာ အတင္းမွိတ္လို႔ ႏွစ္ေယာက္သား အိပ္ေပ်ာ္ေအာင္ မနည္းႀကိဳးစားခဲ့ရပါသည္ပင္။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar  

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories