Fanfics

Part 12

16:44, 1 December 2023

Warning ⚠️: ဇာတ်လမ်းပါ အကြောင်းအရာများက စာရေးသူရဲ့ စိတ်ကူးသက်သက်သာ မည်သူမှ ထိခိုက်လိုချင်းမရှိ။အဆင်ပြေမှ ဖတ်ပါ။------

တောင်ကိုရီးယားနိုင်ငံ ရဲ့နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ကိုရီးယားအခြေစိုက် company တစ်ခု MOVE Company။

Company ဟာ သူသိများပင်မဲ့ ထို company ရဲ့ ဥက္ကဌကိုတော့ မည်သူမှမသိကြ၊ ထို ဥက္ကဌနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ လူတွေရဲ့ ပြောကားချက် အရတော့ ဥက္ကဌဟာ နှစ်ယောက်ရှိပြီး ပဥက္ကဌက စူးရှတဲ့ အကြည်နဲ့၊ လူတိုင်းကို ဆွဲဆောင်နိုင်ပြီး ဒုဥက္ကဌကတော့ ကပြားရုပ်လေးတဲ့။

Media သမားတွေမပြောနဲ့ အဲ့company မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ ကိုယ်တိုင်တောင် သူတို့ သူဌေး ဘယ်သူဘယ်ဝါ ဆိုတာ ရေရေရာရာ မသိကြ။

ရှည်လျား လှတဲ့ ခြေတံတွေနဲ့ အစည်းဝေးခန်းကို ဦးတည်လာတဲ့ Mask တပ်ထားတဲ့ လူနှစ်ယောက်၊ လူသိမခံနိုင်တာကြောင့် Mask တပ်ထားသော်လဲ ထင်းထွက်နေတဲ့ မျက်ဝန်း နှစ်စုံဟာ သိပ်ကို ကြည့်ကောင်းလှသည်။

တံခါးဖွင့်လိုက်သည်နှင့် စားပွဲရှည်ရှည်၌ ထိုင်နေကြတဲ့ ဝန်ထမ်းတွေဟာ ထိုနှစ်ယောက်ကို ဂါရဝပြုကြလေသည်။

" အခုအသစ်ပြုလုပ်ထားတဲ့ tissue ကိုဈေးကွက်မှာ ဖြန့်ဖို့ ပြင်ဆင်ထားပါတယ် "

သာမန်ဆိုရင် နာမည်ကြီး company ကtissue ထုတ်တယ်ဆိုတာ နည်းနည်းတော့ ရယ်စရာကောင်းပါတယ် ထို tissue ရဲ့နောက်ကြောင်းကို မသိခင်‌ထိပေါ့။

ထို Tissue တစ်ခုလုံးကို Cocaine အမှုန့်တွေနဲ့ ပြုလုပ်ထားပြီး ရေထိလိုက်တာနဲ့ ချက်ချင်းအရည်ပျော်ကာ အငွေ့ပြန်ပြီး Cocaine အမှုန့်ဖြစ်ပေါ်စေတယ်။

" ဒီ mask ကို ပြည်ပ တစ်ခုကိုပဲ တင်သွင်းဖို့ လုပ်ထားတာ ဖြစ်တယ်! ဒါကြောင့် ဒီ‌ mask ဟာ ပြည်တွင်းမှာ ပျံ့လို့ လုံးဝမရပါဘူး "

ဒီcompany က နည်းနည်းတော့ တကိုယ်‌ကောင်းဆန်တယ်။ သူ့နိုင်ငံအတွင်းကိုတော့ ဘယ် မူးယစ်ဆေးမှ မတင်သွင်း၊ မရောင်းချပဲ ပြည်ပကိုသာ တင်သွင်းတယ်။

ပြည်ချစ်ကြီး ဥက္ကဌနှစ်ဦး...။

" အကယ်လို့ ဒီ ပစ္စည်းက ပြည်တွင်းမှာ ပျံ့ခဲ့ရင်.. နောက်ဆက်တွဲ ပြဿနာတွေက မတွေးရဲစရာ ကောင်းတယ် "

စူးရှတဲ့ သမင်းမျက်လုံးတွေဟာ ဆံပင်ရှည်ရှည်အောက် အနည်း‌ငယ်ပျောက်ကွယ်နေတယ်။ ဒါပင်မဲ့ လေသံအရ ထိုလူဟာ ကြောက်စရာ အကောင်းဆုံး ဥက္ကဌ ရာထူးကို ရရှိ‌ထားပါသေးသည်။

" ကျန်တာတွေ မင်းပြောလိုက်တော့ "

စားပွဲရှည်ရဲ့ ထိပ်ဆုံး ညာဘက်တွင် ထိုင်နေတဲ့ mask အမဲနဲ့ တစ်ယောက်အား တာဝန်လွှဲပေးကာ ထိပ်ဆုံးတွင် ဝင်ထိုင်လေသည်။

" ဒီနှစ်ရဲ့ Cocaine တင်သွင်းမှုက... "

ဟိန်းခနဲ ထွက်လာတဲ့ အာဏာအပြည့်လေသံဟာ အစည်းဝေးခန်းထဲသို့ ပျံ့နှံ့သွားခဲ့လေသည်။ ဒီဥက္ကဌ နှစ်ယောက်က လိုက်လဲ လိုက်ပါတယ်ကွယ်၊ ဒါကြောင့်လဲ စိတ်တူကိုယ်တူ ဒီအလုပ်ကို လုပ်လို့ရတာပေါ့။

" ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားတယ် မနက်ဖြန် ပစ္စည်းရဲ့ အချက်အလက်အပြည့်အစုံ လိုချင်တယ်! "

" ဟုတ်ကဲ့ပါ ဥက္ကဌ! "

အားလုံးဆီက ပြိုင်တူ ထွက်ပေါ်လာတဲ့ အသံနှင့် ဂါရဝ ပြုခံလိုက်ရတဲ့ ဥက္ကဌ နှစ်ဦး။ tablet ကိုင်ကာ ခပ်ချေချေဖြင့် ထွက်လာတဲ့ ဥက္ကဌ နှစ်ဦးရဲ့ အရှိန်အဝါတွေက သာမန်လူသာဆို ရှိန်လွန်းလို့ ပြာကျသွားနိုင်တယ်။

" ပူလိုက်တာ! သူတို့သနားပါတယ် "

အီသန့်ပါးစပ်က ထွက်လာတဲ့ ထူးဆန်းတဲ့စကားကြောင့် ဂျေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းတောင် မသိ။ နေပါအုံး အခု သနားဂရုဏာသက်တဲ့ စကားကို အီသန်လီက သုံးလိုက်တာလား။

" ငါတို့ရဲ့ ချောမောလှတဲ့ မျက်နှာကို မမြင်ရတာ သနားဖို့ကောင်းတယ် ကျွတ်..ကျွတ် "

အော်..!

" နောက်ပြီး ဂျေး! "

ဂျေး လက်ထဲက အနက်ရောင် blazer ကို clothes hanger ၌ ချိတ်ကာ အီသန့်စကားကို လှည့်နားထောင်သည်။

" မင်းကို တစ်ပတ် နားရက်ပေးတယ် "

ဟ! အီသန်လီ ဒီနေ့ စိတ်တွေအရမ်းကြည်နေပါလား။ မပေးစဖူး ခွင့်တွေပါ‌တွေပေးလို့၊ ပါပဲ ဖြစ်ဖြစ် ယူထားရမယ် မဟုတ်ဘူးလား။

" ငါလဲ ခွင့်တစ်ပတ်ယူတယ် "

" Ok! ဒီနေ့က စလို့လား "

" ဟုတ်တယ်! "

Blazer အားပြန်ယူပြီး သူ့စားပွဲပေါ် တင်ထားတဲ့ ကား သော့အား ယူကာ ပြေးထွက်သွားလေ၏..။ တော်ကြာ တစ်ပတ်နားရက်ပေးပြီး အလုပ်တွေ ခိုင်းနေမှာဆိုးလို့။

" ဟေ့! ချှော်လဲမယ်! "

ပြေးထွက်သွားတဲ့ ဂျေးကို စိတ်ပူပူနဲ့ လှမ်းအော်လိုက်သော်လဲ ဒီကောင်လေးဟာ နည်းနည်းလေးမှ အဖက်မလုပ်။ တော်သေးတာပေါ့ mask တော့ပါသွားလို့။

*ကျောင်းလာ‌ကြိုမယ် ကလေးလေး*

'ကလေးလေး❤️' ဆိုတဲ့ contact name လေးကို စာလေးပို့ကာ အီသန် ကျောင်းသို့ ထွက်လာခဲ့သည်။ mask သာမတပ်ထားရင် အီသန့်ရဲ့ သွား 32ချောင်း‌လုံးကို အလကား မြင်ရမှာ ကြိမ်းသေတယ်။ Nishimura Riki နဲ့ ပတ်သက်ရင် အီသန်လီတို့က နားရွက်တပ်ချိတ်မတက် ပြုံးတတ်သည်။

-----

" နီခီ...မင်းအနီကွက်တွေရော "

" ကင်မ်ဆောနူ! "

အသံကို ညစ်ပြီးအော်လိုက်တော့ ဆောနူက ခပ်ပြုံးပြုံးဖြင့် လှည့်သွားလေရဲ့။ ဒီနေ့နဲ့ဆို ကင်မ်ဆောနူ ဟီးဆွန်းရဲ့ လက်ရာအနီကွက်တွေကို စတာ တတိယနေ့၊ အခုထိ အနီကွက်တွေ ကျန်နေသေးပုံရရင် ပေးခံရခြင်း ခရမ်းရောင်တွေသာ ဖြစ်လိမ့်မည်။

ရှက်လို့ သေတော့မှာပဲ..။

" လိုက်အုံးမလား ငါတို့ ကစားကွင်း သွားမလို့ "

" ကလေးကုလား မလိုက်ချင်ပါဘူး "

စာအုပ်တွေ သိမ်းနေရင်း နီခီ ဖုန်းဖွင့်ကြည့်လိုက်တော့ ပေါ်လွင်နေတဲ့ ချစ်စရာ စာလေးတစ်စောင်၊ နီခီအလိုလို ပြုံးမိပါတယ်။

" ဘာတွေပြုံးနေတာလဲ "

ဆောနူရဲ့ စကားကို ဆောင်းဟွန်းက ရယ်လျက်။

" သူ့ရည်းစားနဲ့ ပြောနေတာနေမှာပေါ့ ဟိုအကြောင်းလေ... "

" Ya!! "

" ဟျောင့်! ငါပြောတာ မင်းတို့ Date မဲ့အကြောင်းကို ပြောနေတာ "

" အဲ့လိုပြောပါလား! "

" ဟေ့ နီခီ ဟိုမှာ မင်းလူကြီး "

ကျောင်းရဲ့ မျက်နှာချင်းဆိုင် ပလက်ဖောင်းဘေးတွင် ကားရပ်ထားပြီးတော့ ကားကိုမှီကာ သူ့ကို ပြုံးပြီး ကြည့်နေတဲ့ နီခီ့ရည်းစား။ အနက်ရောင်ဝမ်းဆက်နဲ့ ဟီးဆွန်းဟာ ကြည့်အကောင်းဆုံးလေ။

ကျောင်းသူတွေတင်မက ကျောင်းသားတွေပါ ငမ်းတာ တစ်ချို့တွေဆို ပလက်ဖောင်းတောင် ခြေချော်ပြီး ပြုတ်ကျတယ်။ ဒါကို အီဟီးဆွန်းတို့က အပြုံးမပျက် တစ်ချက်တစ်ချက် လှည့်လှည့်ပြီး ရယ်သေးတယ်။

" ဘာလုပ်တာလဲ! "

ဟီးဆွန်းလက်မောင်းကို ဖြန်းခနဲတစ်ချက် ရိုက်လိုက်‌တော့ တစ်ချက်တွန့်သွားတာ သူ့ကို ကြောင်ကြည့်သည်။ နေကာမျက်မှန်ကြီး ကို ချွတ်ပြီး သူ့ကို သမင်မျက်လုံးလေးတွေနဲ့ သနားစရာ စိုက်ကြည့်နေပုံက သမင်ပေါက်လေး အစာတောင်းနေသလို။

" ကိုယ်က ဘာလုပ်လို့လဲ "

" ခများ လူတိုင်းကို ပြုံးမပြဘူးဆို! အခုကြတော့ အဲ့သွားတွေပါ ပေါ်တဲ့အထိ ရယ်စရာလား! "

ဒီကလေး သူ့ကို သဝန်တိုနေတာပါ။ ဟီးဆွန်း သိတာပေါ့၊ ဆူပုတ်နေလို့ အရှေ့ကို ထွက်နေတဲ့ နှုတ်ခမ်းထူထူလေးတွေ၊ အား!! ဟီးဆွန်းဖြင့် အသဲယားလွန်းလို့ ပြေးနမ်းချင်မိတယ်။

" ကိုယ့်ကလေးလေးက ကိုယ့်ကို သဝန်တိုနေတာလား? ပြောပါအုံး "

" မတိုပါဘူး! "

သဝန်တိုတာပေါ့ အီဟီးဆွန်းရဲ့ ခများဘယ်လိုတောင် မေးလိုက်တာလဲ။ ရေလဲလျှံ၊ ရုပ်လဲချော၊ အရပ်လဲရှည်တဲ့ ဘဲကြီးကို ရထား‌တာကို သဝန်မတိုပဲ နေမလား။

" အမှန်တိုင်းပြောလိုက်တာ ကလေးရယ် "

" ကျစ်! သဝန်တိုလွန်းလို့ ကျွန်တော့်ရှည်နေတဲ့ အရပ်တောင် ပုဝင်တော့မယ်! "

" ဟုတ်ပါပြီ ကလေးရယ် လာကားပေါ်တက်တော့ "

နီခီ ဟီးဆွန်းကားထဲ ဝင်တဲ့အထိ ကျောင်းသူ/သားတွေပါ မကျန် လမ်းသွားလမ်းလာတွေပါ တစေ့တစောင်း လိုက်ကြည့်နေကြတယ်။ နီခီကတော့ 'အီဟီးဆွန်းက ငါ့ရည်းစားလေ' ဆိုတဲ့ မျက်နှာဘေးနဲ့ ကားထဲဝင်သွားလေရဲ့။

-----

" ကိုကို့ ကလေးလေး.. "

ဆိုဖာပေါ်ထိုင်ရင်း ဖုန်းသုံးနေတဲ့ နီခီရဲ့ပေါင်ပေါ်ကို ခေါင်းအုံးရင်း လှဲနေတဲ့ ဟီးဆွန်း။ လှဲနေတာမဟုတ်ရပါဘူး၊ တကယ်တော့ ဒီ ချောမောလှတဲ့ မျက်နှာလေးကို ကြည်‌နေတာပါ ဘယ်လိုကြည့်ကြည့် ဘယ် ရှု့ထောက်ကနေ ကြည့်ကြည့် အမြဲကြည့်ကောင်းနေတာပဲ။

တက‌ယ်တော့လေ နီခီက နတ်ဘုရားတစ်ပါးလိုပဲ၊ သိပ်ကို မြင့်မြတ်တယ်..သိပ်ကို ချောမောလှတယ်၊ အဓိပ္ပာယ်ဖော်လို့မရတဲ့ အလှနဲ့ မြင့်မြတ်တဲ့ ဘုရင်နတ်ဘုရား တစ်ပါးလို။

" အဲ့ဖုန်းကို ဘာလို့ကြည့်နေတာလဲဟင်.. "

" စိတ်ဝင်စားလို့ပေါ့ "

" ကိုယ့်ကိုယ်ရော စိတ်မဝင်စားဘူးလား အဲ့ဖုန်းထက် ကိုယ်က ပိုပြီး ခန့်တာပေါ့ "

" ဟုတ်ကဲ့ပါဗျ ဒါဆို ကျွန်တော်..ဖုန်းပိတ်လိုက်ပါပြီ ဗျ "

ဖုန်းကို ပိတ်ပြီး အဝေးဆုံးကို ပို့ကာ ဟီးဆွန်းဆီပဲ ပြန်အာရုံစိုက်လိုက်သည်။ ဟီးဆွန်းက တကယ်ကို ကလေးလေးလိုပဲ၊ အသက် 22 ပြည့်ပြီးပြီဆိုတာ ဟီးဆွန်းကိုယ်တိုင်သာ မပြောရင် နီခီ ယုံမှာတောင် မဟုတ်ဘူး။

" ကလေးလေး "

" ဗျာ? "

" ကိုယ့်အကြောင်း မသိချင်ဘူးလား "

နီခီ ခနလောက် တွေဝေသွားတယ်၊ သိချင်တာပေါ့ ဒါပင်မဲ့ ဟီးဆွန်း စိတ်အဆင်မပြေမှာဆိုးလို့ နဲ့ အတိတ်က ပြဿနာတွေက ဟီးဆွန်းရဲ့ စိတ်ကို ပြန်ပြီး နှိုးဆွသလို ဖြစ်မှာဆိုးလို့ မမေးရုံပါ။

" သိချင်တာပေါ့ ကိုကိုရယ်.. ဒါပင်မဲ့ ကျွန်တော်က ကိုကို အဆင်မပြေမှာဆိုးလို့၊ ကိုကိုအဆင်ပြေရဲ့လား ပြောပြရမှာတာ "

ဟီးဆွန်းက တချက်ရယ်လိုက်ရင်း...။

" ကိုယ်အဆင်ပြေပါတယ် "

" ဒါဆို ပြောပါ ကျွန်တော်နားထောင်နေတယ် "

" အင်း..လွန်ခဲ့တဲ့ 11နှစ်က ကိုယ်တို့ မိသားစု ဂျပန်ကို အပျော်ခရီးထွက်ခဲ့ကြတယ် "

-----

" သားပျော်ရဲ့လား "

ပုံသဏ္ဍာန်မျိုးစုံ ပေါ်နေတဲ့ တိမ်တွေကို လေယာဉ်ပြတင်းပေါက်ကနေ ကြည့်ရင်း ပျော်နေတဲ့ 11အရွယ် ဟီးဆွန်းလေးရဲ့ မျက်နှာဟာ ပျော်ရွှင်မှု အရိပ်အယောင်တွေမှ ထင်းလို့။

နောက်15မိနစ်ကြာတော့ လေယာဉ်ဟာ ဂျပန်နိုင်ငံ Tokyo မြို့ကို ဆိုက်ရောက်ခဲ့လေသည်။

" လာကြိုမဲ့ သူရော ယောင်္ကျား "

" ဟိုမှာ ရောက်နေပြီ "

လေယာဉ်ကွင်းအပြင်၌ စောင့်နေတဲ့ အရပ်ရှည်ရှည် နဲ့ဦးလေးကြီးတစ်ယောက်။ ဖေဖေက သူ့ကို ပြေးဖက်ပုံရရင် ဒီလူဟာ ဟီးဆွန်းတို့ မိသားစုနဲ့ သိပ်ကို ရင်းနှီးပုံရတယ်။

" မတွေ့ရတာတောင် ကြာပြီ Haruki ငါတို့တွေ နောက်ဆုံးတွေ့ခဲ့တာ အထက်‌တန်းမှာမှတ်လား "

" အေးကွာ...အဲ့ထဲက ငါလဲ အသိမိတ်ဆွေဆိုလို့ နည်းသွားတာ ကြည့်ပါလား ငါ့ Korean accent တောင် နည်းနည်းဝဲလာပြီ "

အနည်းငယ် ဝဲနေတဲ့ လေသံနဲ့ ထိုလူကြီးကို ဟီးဆွန်း သေချာကြည့်မိနေ၏။

" ဒါက မင်း သားလား "

" ဟုတ်တယ်ကွ.. ဒါက ဆွန်းလေးလေ သားလေး ဒါက ဦးဦးHaruki လေ "

" အာညော်ဟာဆယ်ယို~~~ "

ပါးကို ဆွဲညစ်သွားတဲ့ Haruki ဆိုတဲ့ ထိုလူကြီး ဟီးဆွန်း သဘောမကျပါ။

" လာသွားကြရအောင် "

ထိုလူကြီးရဲ့ ကားထဲဝင်ရင်း သူတို့ Hotel ကိုခရီးဆက်ကြတယ်။

လက်ဆက်မှုနဲ့ ပြည့်နှံ့နေတဲ့ Tokyo မြို့ကြီးရဲ့ လေဟာ ကားပြတင်းပေါက် ဖွင့်ထားတဲ့ ဟီးဆွန်းဘက်ကို တိုက်ခတ်နေလေရဲ့။ အလုပ်ရှုပ်နေတဲ့ Tokyo မြို့သူ မြို့သားတွေဟာ မြို့ရဲ့ လမ်းပေါ်မှာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့။

Tokyo ရဲ့ နာမည်အကြီးဆုံး Hotel ရှေ့မှာ ကားရပ်လိုက်သည်နှင့် ဝန်ထမ်းများက ကြိုဆိုကြသည်။

မီးဆိုင်းအကြီးကြီး နဲ့ မျက်စိတစ်ဆုံး လှပတဲ့ ထို Hotel ကြီးကို ဟီးဆွန်း သေချာလိုက်ကြည့်နေမိတယ်။

" လာသား အာပါးတို့ အခန်းဆီသွားရအောင် "

ခရီးဆောင် အိတ်ကိုဆွဲကာ အာပါးက လေဆိပ်မှာ တွေ့ခဲ့တဲ့ ထိုလူကြီးနဲ့ စကားတပြောပြောနဲ့ ထွက်သွားလေရဲ့။ အိုမားနဲ့ ဟီးဆွန်းကတော့ တစ်‌စုံပေါ့။

အိုမားက ပြောတယ် အဲ့လူကြီးက အာပါးရဲ့ အထက်တန်းသူငယ်ချင်း ဟောင်းတဲ့။ အသက်15နှစ်မှာ ဂျပန်ကို ကျောင်းပြောင်းလာတဲ့ အာပါးကို ကူညီပေးခဲ့တဲ့ တစ်ယောက်ထဲသောသူတဲ့၊ သူငယ်ချင်းကောင်းဆိုပဲ။

ဟီးဆွန်းတော့ ကြည့်မရပါဘူး။သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပါးလေးကို ဆွဲသွားလို့..။

" Wow...! အိပ်ယာက အိနေတာပဲ "

အခန်းထဲ ဝင်ဝင်ချင်း ကုတင်အကြီးကြီး၊ နှစ်ယောက်အိပ်တစ်လုံး ပေါ်ကို ဟီးဆွန်း မှောက်ချကာ ပြောလေသည်။ အိစက်နေတာမှ ချက်ချင်းတောင် အိပ်ချင်သွားသလို။

" မအိပ်နဲ့အုံး မေ့သား! ရေချိုးရမယ်လေ၊ ဟိုဘက်မှာ သားရဲ့ကုတင် "

တစ်ယောက်အိပ် ကုတင်ရဲ့ မွေ့ယာဟာလဲ အိုမားတို့ ကုတင်ရဲ့မွေ့ယာနီးပါး အိ ပါလေသည်။

" ဟုတ်အိုမား! "

ဆံပင်ကုတ်ဝဲလေးနဲ့ နုပျိုနေတဲ့ ဟီးဆွန်းရဲ့ အမေဟာ အသက်34နှစ်လို့ ပြောရင်တောင် ယုံမယ်မထင်။ အရပ်လဲရှည်ပြီး ခန္ဓာကိုယ်အချိုးအစားဟာလဲ သိပ်ကို လှပတဲ့ အိုမားက ဟီးဆွန်း ပုခုံးလေးကို ကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားတာကို ဟိုလူကြီးက တစ်စေ့တစ်စောင်း လိုက်ကြည့်နေလေသည်။

----

" သားဟိုဟာစားချင်တယ် "

Tokyo night market ဟာ ထင်ထားထက် ပျော်စရာကောင်းပါတယ်။ မီးရောင်စုံစုံ၊ စားစရာမုန့် အစုံရတဲ့ Tokyo night market ကိုတော့ ဟီးဆွန်း 10/10ပေးချင်၏။

" သားကြိုက်ရဲ့လား "

" ကြိုက်တယ် "

" လာငါ့သားကို ချီမယ်! "

ကြီးကောင်ကြီးမားကြီးကို ချီပြီးပြေးသွားတဲ့ အာပါးနောက် အိုမားက ပြေးလိုက်သည်။ သိပ်ကို ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့တယ်၊ အေးတူပူမျှရင်ဆိုင်ကြပြီး တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးကြတယ်။ ဟီးဆွန်းကိုလဲ သိပ်ချစ်ကြသလို ဟီးဆွန်းက‌လဲ သူ့မိဘနှစ်ပါးကို သိပ်ချစ်ပါတယ်။

" Boss သူတို့တွေ Hotel ပြန်နေကြပြီ "

*ကောင်းပြီ မျက်ခြေမပျက်စေနဲ့*

ဟီးဆွန်းရဲ့ ပျော်ရွှင်ရတဲ့ အရင်းအမြစ်လေး မဆုံးရှုံးရခင် နာရီပိုင်းသာလိုတော့၏..။

-----

လမ်းလျှောက်ပြီး စားချင်ရာလျှောက်စားပြီးတော့ ဟီးဆွန်း ပင်ပန်းကာ အိပ်ပျော်သွားခဲ့ရ၏။ သို့သော် အိုမားရဲ့ စိုးရိမ်တကြီး နှိုးမှု့ကြောင့် လန့်နိုးခဲ့ရသည်။

" ဟီးဆွန်းသား!! ထ! ထ! "

" ဗျာ! "

" ထ! ကုတင် အောက်ထဲဝင်! အိုမား ထွက်လာလို့ မပြောမချင်း ထွက်မလာနဲ့နော် "

" Haruki!! မင်း စိတ်ဓာတ်က အောက်တန်းကျလှရီလား!! "

အိပ်ခန်းအပြင်က ထွက်ပေါ်လာတဲ့ ‌အာပါးရဲ့ ဒေါသဟာ အိပ်ခန်းထဲအထိတောင် ကြားရတယ်။ သေနတ်မောင်းချိန်သံဟာလဲ တစ်ချိန်ထဲမှာ လေးချက် ငါးချက်လောက် ဆင့်ကြားရ၏..။

မဟုတ်မှလွဲ..။

" အိုမား.. "

" ရှူး! ထွက်မလာနဲ့ အိုမားမပြောမချင်းထွက်မလာနဲ့နော် "

ဟီးဆွန်းကို ကုတင်အောက်ထဲ အတင်းထိုးထည့် ကာ အိုမားက ထွက်သွားလေသည်။

" ဟက်! မင်းမိန်းမက အလှလေးပဲ "

ကုတင်အောက်ကနေ လှမ်းမြင်နေရတဲ့အိုမားရဲ့ အနောက်ကနေ ရပ်နေတဲ့ လူကြီးနှစ်ယောက်ဟာ အိုမားရဲ့ ခန္ဓာကိုယ်ကို မထိတထိ ပွတ်သပ်နေလေရဲ့။

‌ပြေးလာတဲ့ အာပါးကို ကြားထဲက ဖြတ်ရိုက်ခံလိုက်ရတဲ့ အသံကို ကြားလိုက်ရတယ်။ နောက်ပြီး အထိုးခံနေရတဲ့ အသံကိုရော။ အဲ့လူကြီးနှစ်ယောက်ကလဲ အိုမားကို မတရားပြုကျင့်ကြတယ်၊ ဟီးဆွန်းခမျာ အသံမထွက်အောင်သာ ပါးစပ်အား လက်နဲ့အတင်းပိတ်ထားလေသည်။

နောက်ဆုံးအချိန်ထိ သူ့ကို ကုတင်အောက်ထဲက မထွက်နဲ့လို့ လက်ဟန်ခြေဟန်နဲ့ ပြခဲ့လေသည်။

သွေးတွေ အလိမ်းလိမ်းနဲ့ အာပါးကို အိုမားအား အဓမပြုကျင့်နေပုံကို ထိုင်ကြည့်ခိုင်းသည်မှာ ရင်နာစရာကောင်း၏။ ဟိုလူကြီးက ကြမ်းပြင်၌ အရုပ်ကြိုးပျက်လဲကျနေတဲ့ ဟီးဆွန်းရဲ့ အိုမားနဲ့ သွေးတလိမ်းလိမ်းနဲ့ အာပါးကို သေနတ်နဲ့ ချိန်ရင်း..။

" မင်းတို့သားလေး ဘယ်မှာလဲ သတ်မှတော့ တစ်မိသားစုလုံး သတ်ရမှာပေါ့ "

" သားလေးက သူ့အန်တိီတို့ အိမ်သွားတယ် "

ဟီးဆွန်းအာပါးရဲ့ စကားအဆုံး နှဖူးသို့ ဖောက်ဝင်သွားတဲ့ ကျည်နှင့်အတူ လဲကျသွားတဲ့ အာပါး။ အိုမားကိုလဲ သေနတ်နဲ့ချိန်ကာ နှဖူးတည့်တည့်ကို ပစ်သတ်ကာ ထွက်သွားလေသည်။

ထိုညတွင် ဟီးဆွန်းဟာ ရုတ်တရက်ဆိုသလို အလန့်လွန်ပြီး သတိလစ်သွားကာ သူ့မိဘနှစ်ပါးမှာတော့ တမလွန်ရောက်ခဲ့ပြီလေ။

------

" ကလေးလေး... "

နှာတရှုံ့ရှုံ့နဲ့ သူပြောသမျှနားထောင်နေတဲ့ ကလေး‌လေးကို ဟီးဆွန်းတစ်ချက် ခေါ်လိုက်တော့ မျက်ခမ်းတွေ နီရဲနေတဲ့အထိ ငိုထားလေသည်။

" ကလေးရယ် အဲ့လောက်ကြီး မငိုပါနဲ့ "

" ကိုကို ပင်ပန်းခဲ့မှာပဲ၊ ကိုကို့ မိဘတွေကို သတ်သွားတဲ့ အဲ့လူကြီးက ကျွန်တော်မုန်းတယ် "

ဒီကလေးကိုသာ အမှန်အတိုင်းပြောပြလိုက်ရင်တော့ စိတ်ဒုက္ခရောက်သွားမှာပဲ။

" ဟုတ်ကဲ့ပါဗျာ အဲ့ကိစ္စက ကိုကို့ကိစ္စနော် ကလေးရဲ့ ကိစ္စက ကိုယ့်ကို ချစ်ရဖို့ပဲ "

နီရဲနေတဲ့ နှာထိပ်လေးကို ဟီးဆွန်းတစ်ချက်နမ်းလိုက်တော့ ဟီးဆွန်းရင်ခွင်ထဲကို တိုးလာတဲ့ ခေါင်းလုံးလုံးလေး။ အသဲယားလို့ ဆွဲနမ်းမိပြန်သည်။ တကယ့်ချစ်စရာလေးပါ ကိုယ့်ကလေးလေးက။

" ဒါနဲ့ ကိုကို "

" ဟင် "

" ဂျေးဟျောင်းနဲ့ ဘယ်လိုတွေ့တာလဲ "

" ဂျေးဟျောင်းနဲ့က ကိုကိုအလယ်တန်းတက်နေချိန် 13နှစ်တုန်းက တွေ့တာ "

" ဘယ်လိုမျိုး‌လဲ "

" အင်း...ကိုယ်ဘက်ကြီး လမ်းလျှောက်နေတုန်း ဂျေးက..."

-----

1.12.2023

Happy 1st December par everyone.

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories