Fanfics

Part 11

17:15, 29 November 2023

မနက်ခင်းနေရောင် ဖျော့ဖျော့သည် ဟီးဆွန်းရဲ့မျက်စိတည့်တည့်ကိုထိုးနေတာကြောင့်ဟီးဆွန်းညီးညူကာမဖွင့်ချင်ပဲ ဖွင့်ခဲ့ရတယ်။ သူ့ရင်ခွင်ထဲအိပ်ပျော်နေတဲ့ နီခီ့ကိုကြည့်ရင်း တစ်နေ့တာကိုအစပြုမိသည်၊ ဘာကြောင့်မှန်းမသိ အားနာစိတ် နဲ့နောင်တတစ်ချို့ကပ်ပါလာခဲ့တယ်။ အပြစ်ကင်းတဲ့ကလေးကို သူ့ရဲ့ငါးစာအဖြစ်အသုံးချဖို့ဆုံးဖြတ်ခဲ့သည့် သူ့ကိုသူပါ ပါးပြန်ရိုက်ချင်မိသည်။

" ကိုယ်ဘာကြောင့်များ ရူးမိုက်တဲ့အကြံကိုချခဲ့မိတာပါလိမ့် အသက်ရယ် "

ထိုစကားကိုတော့ အိပ်ပျော်နေတဲ့ကောင်လေးမကြားလိုက်ပါ။ ကြမ်းပြင်ပေါ်က အချစ်သက်သေထူထားတဲ့ အကျီတွေဟာဘယ်လောက်ချစ်ခဲ့ကြောင်း ပြနေသယောင်။

စောင်ထဲ နစ်ဝင်နေကိုယ်ငယ်လေးအား အသဲတယားယားဖြစ်လာတာကြောင့် ကြမ်းပြင်၌ အပြစ်ထားခံရတဲ့ ဖုန်းလေးအား ကောက်ကာ ဓာတ်ပုံရိုက်ပြီး သိမ်းထားလိုက်သည်။

ပေါက်ပြဲနေတဲ့ နှုတ်ခမ်းနှစ်လွှာရယ်၊ ဟိုတစ်ကွက် ဒီတစ်ကွက် နဲ့ ပြန့်ကြဲနေတဲ့ Hickey တွေရယ် နဲ့ ကောင်လေးသည် သိပ်ကို ချောမောလှပါသည်။

ဟီးဆွန်းရင်ဘတ်ပေါ် အိပ်ပျော‌နေတဲ့ နီခီ့ကို အသာအယာလေး မနိုးအောင် ဖယ်ကာ နီခီနိုးလာရင် စားဖို့ မနက်စာ ပြင်ရင် ကြိမ်းပြင်၌ ပျံ့ကြဲနေတဲ့ ဘောင်းဘီအား ကောက်ဝတ်ကာ ထွက်လာခဲ့သည်။

သေချာပေါက် ဒါဟာ သူ့ရဲ့ 11နှစ်နေမှ ပြန်လုပ်ဖူးတဲ့ မနက်စာလေး။ မီး‌ဖိုချောင်နဲ့ အနေမနီးတဲ့ ကျေးဇူးကြောင့် အခုအခြေအနေမှာ ခေါက်ဆွဲပြုတ်နဲ့ sandwich ကလွဲရင် သူ့မှာလုပ်တတ်တာ ဘာမှမရှိ။

အပေါ်ပိုင်းဗလာ အနေအထားနဲ့ sandwichလုပ်ရန် ပြင်ဆင်လိုက်သည်။

နီခီနိုးလာတော့ လစ်ဟာနေတဲ့ နေရာကြောင့် အလိုမကျသလို မျက်မှောင်ကျုံ့ကာ လိုက်ရှာမိတော့ မီးဖိုချောင်ထဲက ဆူဆူညံညံထွက်ပေါ်လာတဲ့ အသံ။

နာနေတဲ့ ခါးအား လစ်လျူရှု့လျက် ဘောင်းဘီနှင့် အကျီအားဝတ်ကာ မီးခိုချောင်ကို အားယူကာ သွားမိတော့ အပေါ်ပိုင်းဗလာ အနေအထားနဲ့ Sandwich လုပ်နေတဲ့ နီခီ့ရည်းစား။

" ဟီးဆွန်းဟျောင်း "

" ဟင်သက်သာရဲ့လား "

" အင်းသက်သာတယ်၊ ဒီနေ့ရောအလုပ်ရှိလားဟင် "

တစ်လှမ်းခြင်း လျှောက်လာရင်း ဟီးဆွန်းခါးကို အနောက်ကနေ သိုင်းဖက်ကာ ကျောကုန်း၌ မျက်နှာကပ်ကာ ကြောင်လေးတစ်ကောင်လို ပွတ်သပ်၏...။

" အင်း...ရှိတယ် အသက်ကအနားမှာနေစေချင်တယ်ဆိုရင် ကိုယ်ခွင့်ယူလိုက်မယ်လေ "

ထိုစကားကြောင့် နီခီပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့ လက်ခံလေရဲ့။

" ဟေ့ကောင်လေး နှိုက်မစားနဲ့လေ ပြီးရင်လဲ စားရမှာကို "

Sandwich ထဲထည့်ရန် ပြင်ဆင်ထားတဲ့ အသားပြားကိုပဲ ရွေးစားသွားတဲ့ နီခီကြောင့် ဟီးဆွန်းမှာ အော်ရပြန်သည်။

" Hello? ဆောနူရေ ကျောင်းဒီနေ့မလာနိုင်လို့ "

" အွန်း ခြေထောက်တွေ ကိုက်နေတယ်၊ ညက အလုပ်ရှုပ်သွားပြီး လှုပ်ရှားလိုက်တာ "

ဟီးဆွန်းအား ကြည့်ရင်း ပြောနေတဲ့ နီခီရဲ့ အကြည့်တွေမှာ ဖြူစင်ခြင်းဆိုလို့ 1%တောင်မပါ။

" အွန်း ကျေးဇူးပဲ "

တီခနဲ ကျသွားတဲ့ ဖုန်းကောလ်နောက် ‌နီခီက ဟီးဆွန်းရဲ့ ခါးအား လာဖက်ကာ ပုခုံး၌ လှပသော အနီကွက်အမှတ်အသားများ ရေးဆွဲလေသည်။ ဖြူဖွေးနေတဲ့ ပုခုံးသား၌ ထင်းနေတဲ့ အနီကွက်တွေရယ် ကျောနောက်က အနီစင်းရာတွေရယ်။

" လှလိုက်တာ "

" အဲ့စကားက မင်းအတွက်လေ ကလေးလေးရဲ့ "

" ဒါပင်မဲ့ ကိုကိုက တော်တော်လှတာ "

အနောက်ကသိုင်းဖက်ရင်း ဟီးဆွန်းရဲ့ ဗိုက်သားတွေကို ပွတ်သပ်ရင်း အလုပ်ရှုပ်နေကာ၊ သု့ရဲ့ နှာခေါင်း လေးနဲ့လဲ မထိတထိလာပွတ်သပ်နေသေးတယ်။

" ကိုယ်နောက်တစ်ခါ ထပ်ဆိုးရင် ကိုယ့်ကိုအဆိုးမဆိုနဲ့နော် "

နီခီက ခပ်ဟဟ ရယ်လိုက်ရင်း ဟီးဆွန်းအား သူ့ဘက်လှည့်ကာ နှုတ်ခမ်းသားတွေကို နမ်းရှိုက်လိုက်သည်။

နီခီ့ခါးထက် ရောက်လာတဲ့ လက်သွယ်သွယ်တွေရယ်၊ ဟီးဆွန်းရဲ့ လည်ပင်းနား ဝိုင်းနေတဲ့ နီခီ့ရဲ့ လက်သွယ်သွယ်တွေရယ်။

နှုတ်ခမ်းက စခဲ့တဲ့အနမ်းတွေဟာ တစ်ဖြေးဖြေး ခန္ဓာကိုယ်၌ ပြန့်နှံ့သွားလေသည်။ နီခီဟာ ဟီးဆွန်းစေလိုရာကနေတဲ့ ရုပ်သေးရုပ်လေးလို၊ သက်ရှိဖန်ရုပ်လေးလို။

ဟီးဆွန်းဖြင့် အထက်ထက်အခါခါ ဒီမျက်ဝန်း၊ ဒီအနမ်း၊ ဒီခန္ဓာကိုယ် နဲ့ သူ့ကိုချစ်ကြောင်း၊ သူ့ကို ပျော်ရွှင်မှုပေးနိုင် ဒီနှုတ်ခမ်းလေး‌တွေမှာ အခါခါလဲကျမိပါသည်။

နမ်းလို့မဝသေးခင် ဖယ်ခွာသွားတဲ့ နီခီ့ရဲ့ နှုတ်ခမ်းတွေနောက် ဟီးဆွန်းက အမှီလိုက်သေးတယ်။

" မဝသေးဘူးလား "

" အွန်း "

နီခီ့လက်ချက်ကြောင့် ဖွာလန်ကြဲနေတဲ့ ဟီးဆွန်းရဲ့ ဆံပင်တွေကို နီခီက တစ်ချက်သပ်ပေးရင်း တစ်ချယ်ရယ်သည်။

" လောလောဆယ်တော့ ကျွန်တော်တို့ မနက်စာ စားရအောင်လေ "

စိတ်ပျက်သွားဟန် မျက်လုံးအား လည်လိုက်ရင်း ဟီးဆွန်းက နီခီစားဖို့ မနက်စာ ပြင်ပေးလေသည်။

" ရော့ပါ ဘုရင်လေး "

သူ့ရှေ့ရောက်လာတဲ့ Sandwich လေးအား တစ်ခုယူရင်း ကိုက်လိုက်တဲ့အချိန်မှာ ပါးစပ်ထဲသို့ ဝင်လာတဲ့ တစ်ခါမှမစားဘူးတဲ့ အရသာလေး။ ဟီးဆွန်းက ချစ်တဲ့နေရာ အကြင်နာပေးတဲ့ နေရာမှာတင် တော်တာမဟုတ်ဘူး အခုလို နေရာတွေမှာလဲတော်တယ်။

" ကောင်းလား ကလေးလေး... ရော့ ဒါလေးက strawberry milkshake လေး "

ဖန်ခွက်အရှည်၌ တည်ရှိနေတဲ့ strawberry milkshake လေးဟာလဲ sandwich နည်းတူ သိပ်ကို အရသာ ရှိလှပါသည်။

ဟီးဆွန်းလဲ နီခီ့နည်းတူ sandwich နဲ့ strawberry milkshake ကိုစားလိုက်သည်။ ပြောမဲ့သာ ပြောရတာ သူ့လိုလူက အခုလို မနက်စာကို ကောင်းတာထက်ပိုအောင် လုပ်တတ်တာ တော်ရုံစကေးနဲ့တော့ မရဘူး။

*♪*

တုန်ခါလာတဲ့ ဖုန်းနဲ့ ကြောင့် နီခီမသိမသာလေး အကြည့်ပို့မိလိုက်တော့ ' ကျုံးစိန် ' ဆိုတဲ့ contact name လေး။ ကျုံးစိန်? ပေါက်ပေါက်ရှာရှာ ပေးတတ်ပါ့။

" ပြော ဂျေး "

အာ... ဂျေးဟျောင်းပဲ။ ဒါဆို ဂျေးဟျောင်းရဲ့ nickname က ကျုံးစိန်ပေါ့။ နီခီ ရယ်ရင်း တစ်ချက်ခေါင်းခါကာ စားစရာ ရှိတာပဲ ဆက်စားနေလိုက်တယ်။

" ဂျေးရာ မင်းရှိနေတာပဲဟာကို မင်းပဲ လုပ်လိုက်ပါ...နော်.. ငါဒီမှာ ကလေးနဲ့ အတူတူရှိနေတာ "

" အွန်း...ငါညက ဆိုးသွားလို့ ကလေးကို ပြန်ချော့နေရတယ် "

ဟီးဆွန်းစကားကြောင့် နီခီ့ခမျာ စားနေတဲ့ sandwich တောင် သီးသွားရသည်။ ဒီလူအရှက်ကို မရှိဘူး၊ ဂျေးဟျောင်းနဲ့ ဘယ်လောက်ပဲ ခင်နေပါစေ အခုလိုမပြောသင့်ဘူးမဟုတ်လား။ အာ!! ဒီလူ! အရှက်မရှိတဲ့လူကြီး၊ ရှက်ကြောနဲ့ ချပ်ကြော မှားဖြတ်လာတာလား!!

တစ်ဖက်က ကြားလိုက်ရတဲ့ ဂျေးရဲ့ ရယ်သံကြောင့် နီခီ့ရဲ့ အရှက်level မှာ အနီဆင့်သို့။

" ကောင်းပြီ မနက်ဖြန်မှ လာခဲ့မယ် "

တီခနဲ ကျသွားတဲ့ ဖုန်းနောက် ကပ်ပါလာတဲ့ ဖြောင်းခနဲ ရိုက်သံတစ်ချက်။ အရိုက်ခံလိုက်ရတဲ့ ဟီးဆွန်းကတော့ သမင်မျက်လုံးလေးတွေနဲ့ အံ့ဩတကြီးမော့ကြည့်ကာ ခေါင်းကို ပွတ်နေလေရဲ့။

" မရှက်ဘူးလား ခများ "

ခများ? သေချာပါတယ် သူ့ကလေး ကောက်သွားပြီ။

" ကိုကို့က အဲ့လိုပြောလိုက်တာ မဟုတ်ရပါဘူး အချစ်ရယ်၊ ကျုံးက အဲ့လိုထင်သွားတာ နေမယ် စိတ်မဆိုးပါနဲ့ "

" ခများဗျာ... "

တစ်ချက် မကျေနပ်ဟန် ရည်ရွတ်ရင်း နီခီဘာလုပ်လို့ ဘာကိုင်ရမလဲတောင် မသိတော့။ဒီလူကို နှစ်ရက်လောက် ပိတ်ပြီး စိတ်ကောက်ပြစ်ရမယ်။

" ကိုကို့ ရဲ့ ကလေးလေးရယ်... ကိုကို့ကို စိတ်မဆိုးပါနဲ့ "

" သွားလာမခေါ်နဲ့ "

လက်ပိုက်ကာ Kitchen counter ပေါ်တက်ထိုင်ရင်း မျက်နှာအား တစ်ဖက်လွှဲထားတဲ့ ချစ်စရာ ကလေးငယ်။ နှုတ်ခမ်းလေးအားထော်ထားကာ စိတ်ကောက်နေတဲ့ ပုံစံလေးက ဘဲပေါက်လေး‌လို။ မှတ်မိတယ်မှတ်လား ကော်ဖီဆိုင်မှာ ဘဲပေါက်နဲ့တူလို့ သူ့ကို စွာစိလန်အောင် ခံပြောခဲ့တာလေ။

" ကိုကို့ ကို အတည်စိတ်ဆိုးသွားတာလား၊ အင်းပါ ကိုကို သွားပြီ ကလေးလေး တစ်ယောက်ထဲ နေခဲ့တော့နော် "

မီးဖိုခန်းထဲက ထွက်ကာ သူ့ကလေးအား မစရင် မနေနိုင်တဲ့ အီဟီးဆွန်းတို့က ထွက်သွားတဲ့ ပုံစံနဲ့ တူအောင် အိမ်ရှေ့တံခါးအား အသံမြည်အောင် ဖွင့်ပြီး အသံမြည်အောင် ပိတ်လိုက်သည်။

မီးဖိုချောင်ထဲက ‌နီခီ့ခမျာမှတော့ အတွေးကမ္ဘာထဲ ရောက်နေရင်း ရုန်းထွက်မရ။

လေးလံနေတဲ့ စိတ်နှင့် အပြင်ထွက်လာမိတော့ ဆိုဖာအောက်တွင် ကျနေတဲ့ ဟီးဆွန်းရဲ့ တီရှပ်အဖြူလေး။ မဟုတ်မှ! ဒီလူ အကျီချွတ်ကြီးနဲ့ ထွက်သွားတာလား။

" ကုန်ပါပြီ ငါ့ရည်းစား အမေ့! "

အပြင်ထွက်ရန် လှည့်လိုက်ချိန် သူ့ရှေ့မှာ ရပ်နေတဲ့ အပေါ်ပိုင်းဗလာအနေအထားနဲ့ ခပ်မိုက်မိုက်ဘဲကြီးတစ်ယောက်။ ခပ်ညစ်ညစ်အပြုံးကို ဆင်မြန်းထားလျက် သူ့အားခါးထောက် ကြည့်နေတဲ့ ဟီးဆွန်းကို နီခီ တံတွေးမြိုချရင်း ပြန်ကြည့်နေမိသည်။

" ကိုယ်က ဒီလို အပေါ်ပိုင်းဗလာကြီးနဲ့ ထွက်စရာလား ကိုယ့်ခန္ဓာကိုယ်ကို မင်းကလွဲပြီး ဘယ်သူမှ မပြနိုင်ပါဘူး နော် "

ခါးအား ဆွဲဖက်ကာ သူ့နှုတ်ခမ်းနားကပ်ပြီး မထိတထိလေး ကြည်စယ်လေသည်။

" Hk! ကိုယ့်ကလေးလေးက ရှက်နေတာလား "

နီခီ့ရဲ့ နီရဲနေတဲ့ မျက်နှာလေးကို ကြည့်ရင်း မေးလေသည်။ သွားဖြူဖြူတွေပေါ်သည်အထိ ပြုံးကာ ကြည်စယ်လေသည်။

Shit! ဘယ်ဘက် ရင်အုံက ဘာလို့အဲ့လောက်တောင် ခုန်နေရတာလဲ..။

" မ..မပြုံးနဲ့! "

" ဘာလို့လဲ "

" မပြုံးနဲ့! ခများအဲ့လို ဘယ်နှစ်ယောက်ကို ပြုံးပြခဲ့ပြီးပြီလဲ "

" ကိုယ့်ကို Media သမားတွေကတောင် profile မှာကိုယ့်ကို အရယ်အပြုံးနည်းတယ်လို့ ရေးထားတယ်လေ... ဒါကိုများကိုက ဘယ်သူ့ကို အခုလို ရက်ရက်ရောရော ပြုံးပြရမှာလဲ "

" ဟုတ်လို့လား "

" ဟုတ်ပါတယ်ဆို ကလေးကလဲ ကြည့်! ကိုယ်ကတော့ ကလေးကို ယုံကြည်ရတာ ကလေးကို ကိုယ့်ကို မယုံဘူး "

စိတ်မကောင်းသလို မျက်နှာလေး ညိုးကာ ပြောလိုက်တော့လဲ နီခီဟာ မနေတတ်ပြန်သေး။

" စိတ်မဆိုးပါနဲ့ ကိုကိုကလဲ၊ ကျွန်တော်က သဝန်တို လွန်သွားလို့ပါ "

" စိတ်ဆိုးမပြေသေးဘူးနော် "

" ဒါဆိုရင်... "

ဆူထွက်နေတဲ့ နှုတ်ခမ်းလေးကို အသံမြည်အောင် တစ်ချက်နမ်းလိုက်တော့ ချက်ချင်းဆိုသလို ပြုံးရယ်လာတဲ့ မျက်နှာလေး။

" စိတ်ဆိုးနေတုန်းလား "

" မဆိုးတော့ဘူး "

နီခီအသံထွက် ရယ်ရင်း ဟီးဆွန်းရဲ့ ရင်ခွင်ထဲ ဝင်တိုးမိလေသည်။ ဒီရင်ခွင်ကြီးကို တသ်နေ့သူပိုင်ရမယ်လို့ တွေးတောင်မတွေးခဲ့ဘူး ဆိုပင်မဲ့ အခုလို နွေးထွေးပြီး comfort zone လေးဟာ သူ့အပိုင်ဖြစ်ခဲ့တယ်လေ။

သိပ်ချစ်တာမို့ စိတ်ပျက်အောင် မလုပ်ပါနဲ့ အီဟီးဆွန်းရှီး...။

-----

*ရာ့ နီခီ ငါနဲ့ ဆောင်းဟွန်း မင်းအိမ်ကို လာနေတယ်*

နီခီစာကိုမြင်မြင်ချင်း တစ်ချက် ဝှေ့ကြည့်လိုက်တော့ ပွနေတဲ့ ကြမ်းပြင်နှင့်၊ တွန့်ကြေနေတဲ့ ဆိုဖာအခင်းတွေ။ ဆိုဖာပေါ်က နှင်းဆီပန်းစည်း။

*နောက်၁၅မိနစ် နေရင်ရောက်ပြီ*

သေပြီ...။ ၁၅မိနစ်ထဲနဲ့ အခု ရှုပ်ပွနေတဲ့ အခန်းကို သူဘယ်လို နည်းနဲ့ရှင်းရမှာလဲ ပါဝါရိန်းချားလဲ မဟုတ်။ နေရာက ထပြီး ခပ်သွက်သွက်ပဲ ရှင်းလိုက်တယ်။ နှင်းဆီပန်းစည်းကြီးကိုတော့ အခန်းထဲ ထည့်ပြီး စောင်နဲ့ အုပ်ထားလိုက်သည်။

ပြီးတော့ အောက်မှာ ကျနေတဲ့ ဟီးဆွန်းရဲ့ ကုတ်အနက်။ ဟာ! ဒီလူကွာ! ကျနေတဲ့ ကုတ်အနက်ကို ကောက်ယူလိုက်ပြီး အဝတ်လျှော်ခြင်းထဲ ထည့်လိုက်တယ်။ ‌ဆောင်းဟွန်းဟျောင်းကိုတော့ ပြောစရာမလိုပင်မဲ့၊ အဲ့ဆောနူ! အဲ့ကောင်တကယ် စပ်စုစိန်။

နောက်ပြီး သူ့ကိုယ်ပေါ်က အနီကွက်တွေ၊ သေရောပဲ! ချက်ချင်းအခန်းထဲဝင်ပြီး turtle neck ကိုဝတ်ရသည်။

" နီခီ~~ "

တံခါးဖွင့်သံနှင့်အတူ ဝင်လာတဲ့ ဆောနူနဲ့ သူ့ရည်းစား။

" မင်း ခြေထောက်သက်သာရဲ့လား "

" သက်သာပါတယ် "

တကယ်တော့ နာနေတာ ခါး ဟေး။

" မင်း အေးနေတာလား "

Turtle neck ကြီးနဲ့ နီခီ့ကြောင့် ဆောနူ မေးတာလဲ မစမ်းပါ။

ဒါပင်မဲ့ နီခီက အိမ်နေရင်းတောင် style မိနေအောင် ဝတ်တတ်သေးသည်။

" အေးတယ်လေ ဟိုမှာတွေ့လား Aircon ဖွင့်ထားတော့ "

" အော်အေးဟုတ်သားပဲ၊ ဒါနဲ့ ဟွန်းရော "

စကားပြောနေရင်း ရုတ်တရက်ပျောက်သွားတဲ့ ဆောင်းဟွန်းကြောင့် ဆောနူက သူ့ရည်းစားကို မေးလေသည်။

" နီခီ..ဒီကုတ်က မင်းဟာလား "

လက်ညိုးနဲ့ လက်မနဲ့ မထိတထိကိုင်ကာ ‌Laundry Room ထဲကထွက်လာတဲ့ ဆောင်းဟွန်း။

" အဲ့..အဲ့တာက "

" မင်း ‌သုံးနေကြ ရေမွှေးမဟုတ်ဘူးနော် "

သေလိုက်ပါတော့ကွာ! ဒီအတွဲက တကယ်တူတယ်တော့။

" ဟုတ်ပါတယ် ကျွန်တော် ရေမွှေးလဲထားတာ အဲ့ကုတ်ဝတ်တုန်းက "

ဆောင်းဟွန်းက 'အော်' ဟုပြောကာ ကုတ်ကို ခြင်းထဲ ပြန်သွားထည့်လိုက်သည်။

" စာ..စာကူးမယ်! စာအုပ်ပေးအုံး ဆောနူ "

" ရော့! "

သူ့ရှေ့ကို ထုတ်ပေးလာတဲ့ စာအုပ် နှစ်အုပ်‌ကို ဆွဲယူကာ စာကူးရန် ပြင်လိုက်သည်။ ဒီနေ့တော့ သင်တာနည်းတယ်ဆိုလို့ နီခီ့မှာ ပျော်ခဲ့ရသေးတယ်။

" နီ..နီခီ! ဟျောင့်! "

ဆောင်းဟွန်းဆီက ထွက်ပေါ်လာတဲ့ အော်သံကြောင့် နီခီ လည်ပင်းကိာ ကုတ်နေရင်းကနေ ကြောင် ကြည့်မိသည်။

Fuck! သေပြီ! ငါတော့ သေပြီ!

" မင်း လည်ပင်းက အနီကွက်တွေ!  "

" ခြင်..ခြင်ကိုက်တာ..ပါ "

" ဆောနူ! သေချာကြည့် ဒါမျိုး မြင်ဖူးတယ်မှတ်လား "

တစ်ချက်ကြည့်လိုက်‌ရုံနဲ့ သိတဲ့ ဆောနူက ပါးစပ်အား လက်ဖြင့် အုပ်လျက် အံ့ဩနေလေရဲ့။

" မဟုတ်မှ...ဟိုလူကြီးနဲ့မင်း!! ရည်းစားတွေဖြစ်သွားပြီး!!! "

" ‌တော်တော့!! ကင်မ်ဆောနူ!! "

နီခီပိတ်လေ ပိုဆိုးလေထို နှစ်ယောက်ကြောင့် ထိုနေ့တွင် နီခီ့တိုက်ခန်းလေးထဲတွင် ချိုသာတဲ့ အော်သံလေးတွေပျံ့နှံ့ခဲ့ရသည်။

-----

29.11.2023

မနက်ဖြန် တစ်‌ရက်လောက် နားပါမယ်နော်

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories