Fanfics

Part 4

15:04, 25 November 2023

နီခီတစ်ယောက် မနေ့ကညက ဂိမ်းအဆော့လွန်ပြီး အိမ်စာမလုပ်မိတာကြောင့် ဒီနေ့ကျောင်းလစ်လာသည်။ ကျောင်းလဲမသွားချင်၊ ကင်မ်ဆောနူနဲ့ အတူအချိန်ဖြုန်းဖို့ကတော့လဲ သူဘဲနဲ့ ကြည်နူးနေကြတော့ နီခီ့အတွက် မအား။ ဒါကြောင့် တစ်ယောက်ထဲ ကော်ဖီဆိုင်ထိုင်လိုက်သည်။

အညိုရောင်အပြည့်နဲ့ ပြင်ဆင်ထားတဲ့ ကော်ဖီဆိုင်ဟာ နီခီ့အကြိုက်ဆုံးထဲက တစ်ခု။

" ထိုင်လို့ရလား "

ခပ်ဩဩလေသံနှင့် မေးလာတဲ့ တစ်ယောက်သောသူဟာ suit အပြည့်ဝတ်ဆင်ထားလေသည်။ ထိုသူမှာ အီဟီးဆွန်းသာ။

" ခများ! "

" ကျစ်! ခေါ်ပြန်ပြီ နားဝင်ဆိုးလိုက်တာ "

" ခံလေ! ဘာလာလုပ်တာလဲ "

" ကော်ဖီလာသောက်တာလေ "

လက်ထဲက ကော်ဖီခွက်အား လှုပ်ခါပြလျက် ဟီးဆွန်းက ဖြေလေသည်။ ဒီလူသူ့နောက်ကို လိုက်နေတာတော့ မဟုတ်လောက်ပါဘူးနော်၊ သူ့အလုပ်ချိန်နေမှာပေါ့။

" ဒီတိုင်းပဲ မတ်တပ်ရပ်ခိုင်းတော့မှာလား "

" ထိုင်! ထိုင်! "

လွတ်နေတဲ့ ခုံတွေအများကြီးကို သူ့ဝိုင်းမှာ လာထိုင်ထဲက ဒီလူကြီး သူ့ကို ရည်းစားစကားပြောတော့မှာလား။

" ကျောင်းမသွားဘူးလား "

" လစ်လာတာ "

" ကျောင်းသားက အဲ့လိုလုပ်စရာလား၊ ဘာလို့လစ်လာတာလဲ "

" အိမ်စာမပြီးသေးလို့ "

နှုတ်ခမ်းလေးကို အပြင်ထုတ်ရင်း ပြောနေတဲ့ ထိုကောင်လေးက ဘဲပေါက်လေးနဲ့တူတယ်။ ဟီးဆွန်းရဲ့ ဘဲပေါက်စလေး။

" ဘဲပေါက်လေး "

" ဟမ်? "

" ဘဲပေါက်လေးနဲ့ တူတယ်မင်းက "

" ကျွန်တော်ကဘဲပေါက်မဟုတ်ရပါဘူးနော် "

သူ့ကိုရန်‌တွေ့နေတဲ့ ထိုဂျပန်ကောင်လေးသည် ဟီးဆွန်းရဲ့ နှလုံးသားအား နှလုံးခုန်နှုန်းမြန်စေရန် အမိန့်ပေးနေသလို။ အခုလဲကြည့် နှုတ်ခမ်းထူထူလေးတွေကို အရှေ့ထုတ်ပြီး ပြောနေပုံက ဆွဲနမ်းရင်လဲ သူပဲအထိုးခံရမှာ။

" ဘာပြောမလို့လဲ ကျွန်တော့်ကို "

" ကိုယ်လမ်းကြုံရင်း ဝင်လာတာနဲ့ မင်းကိုတွေ့လို့လေ၊ ကိုယ့် company က ဟိုနားလေးမှာ "

ကော်ဖီဆိုင်ထဲကနေ လှမ်းမြင်နေရတဲ့ အမြင့်ဆုံးအဆောက်အဦးတစ်ခု။ ပြောင်လဲ့နေတဲ့ အနက်ရောင်အဆောက်အဦးရဲ့ ထိပ်ဆုံးတွင် ရေးဆွဲထားသည့် 'Lee Group'

" ဝါးးး အဲ့မှာလုပ်တာလား မန်နေဂျာလား "

" ဖူး! "

ရီခီ့အမေးကြောင့် ဟီးဆွန်းမှာ ကော်ဖီတွေတောင် ပြန်ထွက်ကုန်သည်၊ ဘယ်နဲ့ မန်နေဂျာလဲ ဒီရုပ်ဒီရေ ဒီအရည်အချင်းနဲ့ မန်နေဂျာဖြစ်စရာလား။ ဒီကလေးမကြည့်တတ်တာလား ဘာလား။ ဒါရိုက်တာ ဆိုရင်တောင် နည်းနည်းဟုတ်အုံးမယ်။

သန့်ရှင်းရေးလားလို့ မမေးတာပဲ သူကျေးဇူးတင်လှပါပြီ။

" အော်! ဒါဆိုရင် Staff? "

" CEO ကွ! "

" ဟမ်! ခများကလေ ဒီGroup ရဲ့ "

" ဟုတ်တယ် ကိုယ်က အဲ့group ရဲ့ CEO "

ရီခီ့ခမျာမှာတော့ ပါးစပ်တောင် မစိနိုင်ဖြစ်နေလေရဲ့။ သူကြားဖူးသလောက်ကတော့ Lee Group ရဲ့ CEOက  အနေအေးတယ်၊ စည်းကမ်းကြီးတယ်၊ မလိုအပ်တဲ့စကားတွေမပြောဘူး အရယ်အပြုံးနည်းတယ်။ သို့ပင်မဲ့ ဒီ CEOကကျတော့ နှစ်မျိုးလေး။ သူနဲ့ဆို အမြဲ ဆက်ဖြီးဖြီးနဲ့ ကလေးလိုလိုဘာလိုလိုနဲ့။

" မတူသလိုပဲနော် "

" ကိုယ်က နာမည်ကြီးလေ မင်းမသိဘူးလား ဒါလေးတောင် "

" ကြားဖူးတယ် ခများဆိုတာလဲ သိတယ် ဒါပင်မဲ့ နည်းနည်းလေးတော့ လွဲနေသလားလို့ ကျွန်တော်ကြားဖူးတာက အဲ့CEO က စည်းကမ်းကြီးတယ် အရယ်အပြုံးနည်းတယ် ဒါပင်မဲ့ ခများက ကျွန်တော်နဲ့တွေ့တိုင်း ဆက်ဖြီးဖြီးနဲ့ "

" မင်းက ကိုယ့်ရဲ့ဗီတာမင်လေးမို့လေ အဲ့တာကြောင့် ကိုယ်ကမင်းနဲ့ဆိုရင် ကိုယ်တောင် မသိလိုက်ခင်မှာ အမြဲပြုံးနေတတ်တာပေါ့ "

ရီခီ့ မျက်နှာတစ်ခုလုံး နီရဲသွားတာကို ဟီးဆွန်း သေချာတွေ့လိုက်ပါတယ် ဒီကလေးရှက်တဲ့အချိန်ဆို သိပ်ချစ်ဖို့ကောင်းတယ်။

" ဒါဆို ကိုယ်သွားပြီနော် ကိုယ့်ကို စဉ်းစားပေးအုံး "

မျက်စိတစ်ဖက်မှိတ်ပြကာ ဆိုင်ထဲက ထွက်သွားတဲ့ ဟီးဆွန်းကို ရီခီကြောင်သာ ကြည့်နေမိတယ်။ ဘာလဲ အခု ရင်..ရင်ခုန်နေတာလား။

" ရီခီ မင်းက ချစ်ဖို့ကောင်းတယ် "----

" ဟီးဆွန်းဟျောင်း! "

အစည်းအဝေးခန်းထဲ ပြေးဝင်လာတဲ့ ဂျေးကို ဟီးဆွန်းတစ်ချက် စူးခနဲစိုက်ကြည့်လိုက်သည်။ ဝန်ထမ်းတွေကတော့ ရုတ်တရက်ပြေးဝင်လာတဲ့ ဂျေးကိုကြောင်ကြည့်ကာ ဘာမှဆက်မပြောကြတော့။

မေးကျောတွေထောင်ကာ မေးရိုးထင်းနေသည့်ပုံစံသည် ဂျေးဘယ်လောက် စိတ်တိုနေလဲဆိုတာ အသိအသာပြနေသည်။

" ငါဥက္ကဌနဲ့ စကားပြောချင်လို့ အားလုံးထွက်သွား အစည်းအဝေးကို ရွေ့ဆိုင်းတယ် "

" ဂျုံဆောင်း မင်းဘာတွေလုပ်နေတာလဲ!! "

" ဟျောင်းကို ပြောစရာရှိတယ် "

ဝန်ထမ်းတွေကတော့အခြေအနေကို နားမလည်စွာ ငြိမ်သက်နေကြသည်။ ဒုဥက္ကဌဟာ ဥက္ကဌကို ဟောဒီ့လို ပြောနိုင်တာ သတ္တိရှိတာထက်ကို ပိုလွန်းသည်။ ဟီးဆွန်းကတော့ ညီတော်မောင် အခုလိုလုပ်နေတာတွေကို တစ်ခုမှနားမလည်တော့ပဲ သက်ပြင်းချကာ သူကပဲ အလျော့ပေးလိုက်ရတယ်။

" အစည်းအဝေးကို ရွေ့ဆိုင်းတယ် အချိန်ကို ကိုယ့်အတွင်းရေးမှူးနဲ့ ပြောခိုင်းလိုက်မယ် "

နှေးကွေးစွာ စာရွက်သိမ်းနေကြတဲ့ လူတွေနဲ့ စားပွဲအရှည်ရဲ့ ထောင့်တစ်ဖက်တစ်ချက်ဆီကနေ အကြည့်ချင်း စစ်ခင်းနေတဲ့ နှစ်ယောက်ကာ ထိုလူတွေ ထွက်သွားချိန်တော့ သတ်ကြတော့မှာ ကြိမ်းသေသည်။

" နှေးကွေးနေလိုက်ကြတာ မြန်မြန်သိမ်းပြီး ထွက်သွားစမ်း!!! "

ဒေါသထွက်နေသည့် အရှိန်ကြောင့် ဂျေးအော်လိုက်တော့ အကုန်လုံး ခပ်မြန်မြန်ပင် အစည်းဝေးခန်းထဲက ထွက်သွားကြသည်။

" လက်စားချေချင်တယ်ဆိုလဲ တစ်ခြားနည်းလမ်းနဲ့ချေလေ ရီခီ့ကို အသုံးမချစမ်းပါနဲ့! ခုနက ကော်ဖီဆိုင်ထဲမှာ ပြောခဲ့တဲ့ စကားတွေ ကျွန်တော်အကုန်သိတယ် "

" မင်းငါ့နောက်ကို လိုက်ချောင်းနေတာလား "

" ထင်ချင်သလို ထင်နိုင်တယ်! "

" မင်းဘာသိလို့လဲ "

" ဘာသိလို့လဲဟုတ်လား?  ‌ကျွန်တော်ရီခီ့ကိုကျွန်တော်လိုမ‌ဖြစ်စေချင်ဘူး၊ မိသားစုဝင်တစ်ယောက်ကိုစိတ်နာတာနဲ့ သူတို့သားသမီးကို တကယ်မချစ်ပဲနဲ့ မျှော်လင့်ချက်တွေ‌ပေးနေတာကို ကျွန်တော်မုန်းတာမရှိဘူး "

ဂျေးရဲ့ခံစားချက်တွေ၊ နာကျဉ်းချက်တွေက မျက်ဝန်းထက် ဝဲနေတဲ့မျက်ရည်‌တွေထဲတွင်အတိုင်းသားမြင်နေရသည်။

ဂျေးလေ ဟီးဆွန်းသာ သူ့ထက်လူကောင်မကြီးရင် သူ့ထက်သာ အသက်မကြီးရင် ဂျေးမေးမေးပြီး ရိုက်သည်။ အေးပေါ့လေ သူမှအဲ့လို ခံစားချက် နားမလည်တာ၊ ဟီးဆွန်းက နှလုံးသားမရှိတဲ့ လူ! မချစ်တတ်တဲ့လူ! အသဲမာတာထက်တောင် ပိုသေးသည်!

" အဲ့တာမင်းအကြောင်းလေ ငါလုပ်သင့်တဲ့အရာ ငါလုပ်မှာပဲ "

ဂျေးက တောက်တစ်ချက်ခေါက်ပြီး ဟီးဆွန်းကိုမထိုးမိအောင် လက်သီးကိုကျစ်ကျစ်ဆုပ်လိုက်သည်။ ဟီးဆွန်းကတော့ ဟက်ဟက်ပက်ပက်ရယ်လိုက်ရင်း ဂျေးဆီသို့ တစ်ဖြေးဖြေးလျှောက်လာသည်။မျက်ဝန်း၌ အနည်းငယ်ဝေ့နေတဲ့ မျက်ရည်တွေဟာ နာကျဉ်းချက်‌တွေ ပြည့်နှံ့နေသည်ကို ပြသနေသည်။

" ငါမိဘမရှိပဲ နေခဲ့တာ 11နှစ်ရှိပြီ၊ အဲ့11နှစ်အတွင်းငါလက်စားချေမယ်လို့ တေးထားတာလေ။ အဲ့တာကိုအခုငါက လက်လျော့လိုက်ရတော့မှာလား ဟမ်မင်းဖြေစမ်း ပတ်ခ်ဂျုံဆောင်း!! "

"....."

" နောက်ပြီး ငါ့မိဘတွေက မတရားတဲ့နည်းနဲ့ ငါ့မျက်စိရှေ့မှာတင် သေဆုံးခဲ့ရတာကွ! ငါ့မျက်စိရှေ့မှာတင် သွေးသံတရဲရဲနဲ့ အသက်လုနေရတဲ့ အဖေနဲ့အမေ! ငါ့မျက်စိရှေ့မှာတင် သူတို့ သေနတ်နဲ့ တစ်ကြိမ်မက ပစ်သတ်သွားတာကွ! "

" ... "

" မင်းဖြေလေဘာလို့အသံတိတ်နေတာလဲ၊ မင်းသူဌေးမေးတာကွ!! "

" ဟျောင်းအဲ့လိုလုပ်တာ ဟျောင်းအတွက်နာကျင်ရမယ် "

" ဟားဟား မင်းကတော့တကယ့်ကိုရယ်စရာပဲ "

ရယ်သံတွင် နာကျဉ်းချက်တွေကပ်ပါနေပြီး မျက်ဝန်းထက် မျက်ရည်တွေကဟီးဆွန်းရဲ့ ပါးပေါ်တန်ဆာစဉ်လျက်။ ကိုယ်ချင်းစာတတ်စမ်းပါ ဟီးဆွန်း၊ တစ်ဖက်လူအတွက် တွေးတတ်စမ်းပါ။ ကျေးဇူးပြုပြီး ဘယ်သူ့အတွက်မှမကြည့်ရင်တောင် ကောင်းကင်ဘုံက မိဘနှစ်ပါးမျက်နှာတော့ ထောက်ပါ ကျေးဇူးပြု၍။

" နောက်ဆုံးအကြိမ်သတိပေးပါရစေ၊ နာကျင်ရလိမ့်မယ် ဟီးဆွန်းဟျောင်း "

ဟီးဆွန်းပါးပေါ်၌ မလှမပနေရာ‌ယူနေတဲ့ အရည်ကြည်လေးတွေကို ဂျေးတစ်ချက် လက်မနဲ့သုတ်ပေးခဲ့ရင်း အစည်းအဝေးခန်းထဲက ထွက်လာခဲ့သည်။ ဆုံးရှုံးမှု့ကို ဂျေးနားလည်ပါသည် အခုက လွန်လွန်းတယ်လို့ မထင်ဘူးလား?

" လူတိုင်းက အမြင်မတူနိုင်ဘူး ဂျုံ‌ဆောင်းလေးရဲ့...ငါ့အလုပ်မှာ ငါက နှလုံးသားကို ဦးစားပေးလိုက်ရင် ငါရှုံးသွားမှာပေါ့ "

ဒီစကားကို ဂျုံဆောင်းကြားရင် လှောင်ရယ်နေမလား၊ ဒါမှမဟုတ် သူ့ရဲ့ ပျားရည်ရောင် လက်‌သီးလေးပဲ လက်ဆောင်ပေးမလား။

သေချာသည်မှာ ဟီးဆွန်း သိပ်ကြီးမားတဲ့ အမှားကြီး လုပ်ခဲ့မိပြီလေ..။

-----25.11.2023

Take care.

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories