21
19:42, 7 December 2023ထယ်ယောင်းကျောင်းသွားဖို့ အဝတ်အစားလဲနေရင်း မျက်နှာကိုလက်နဲ့ပွတ်၍ သက်ပျင်းချနေသည်။မနေ့ညနေကအဖြစ်အပျက်က ခေါင်းထဲကမထွက်ပဲ ထပ်တလဲလဲဒါကိုပဲမြင်ယောင်နေသည်။
မောင့်ရှေ့မှာ ကိုယ်လုံးတီးကြီးနဲ့..အား!!!။ပြန်တွေးမိတာနဲ့တင် ရှက်ဖို့သေအောင်ကောင်းနေတာမို့ ကိုယ့်ဆံပင်ကိုယ်ပြန်ဆွဲမိသည်။ဘာလို့မောင့်ရှေ့မှာမှ အချိန်ကိုက်ကျွတ်ကျရလဲ?ဘာလို့လဲ?ခုတော့ မောင်ကအကုန်မြင်သွားပြီ။မနေ့တစ်နေ့လုံး အဲ့ကိစ္စနဲ့ပဲရှက်လွန်းလို့ ညစာတောင်ထွက်မစားနိုင်ဘူး။မောင်ကတံခါးအပြင်ကနေ 'သူဘာမှမမြင်လိုက်ပါဘူး' ဆိုပြီးအတင်းနားချသေးသော်လည်း လိမ်နေတာအသိသာကြီးမို့ အိပ်ချင်နေလို့အကြောင်းပြပြီးပဲ အခန်းထဲမှာခွေနေခဲ့တာ။
ဒီနေ့လည်းအမှန်တော့ ကျောင်းနားချင်ပေမယ့် အစည်းအဝေးရှိတာမို့ မသွားလို့ကမဖြစ်။
သောက်အစည်းအဝေးကလည်း တစ်လကိုဆယ့်ငါးခါလောက်လုပ်နေတာ...ယီးလိုပဲ။
ဒီလိုနဲ့ပဲမရှိ ရှိတဲ့အားတွေဆွဲထုတ်ပြီးတော့ လက်ဆွဲအိတ်ဆွဲ၍အပြင်ထွက်လာလိုက်သည်။ရှောင်နေလည်း ပြီးမယ့်ကိစ္စမှမဟုတ်ပဲလေ။
"ကိုကို...မနက်စာစား...."
"ဟို...ကျောင်းမှာအစည်းအဝေးရှိလို့...ဒီနေ့တော့တက်စီနဲ့ကျောင်းသွားလိုက်နော်"
ဂျောင်ကုစကားတောင်မဆုံးသေး...ထယ်ယောင်းကမျက်နှာချင်းတောင်မဆိုင်ပဲ ကြားဖြတ်ပြော၍အလောတကြီးသွားသည်။မျက်နှာရဲပြီးရှက်နေတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုလည်းအတင်းအကျပ်မလုပ်တော့ပဲ ပြုံးဆဆနဲ့သာလုပ်ထားတဲ့မနက်စာတွေကို ရေခဲသေတ္တာထဲပြန်ထည့်၍ ကျောင်းသွားဖို့ပြင်ဆင်နေလိုက်သည်။ညနေကျရင်တော့ ကိုကိုလာကြိုမှာပဲ..အဲ့ကျမှ မရှက်ဖို့အတင်းဖိအားပေးရမယ်။
...
ထယ်ယောင်း ကျောင်းကိုရောက်တော့ 8နာရီခွဲသာရှိသေးသည်။10နာရီမှစမယ့်အစည်းအဝေးကြောင့် အလုပ်စားပွဲမှာထိုင်ရင်း မနေ့ကစစ်ထားတဲ့စာမေးပွဲအဖြေလွှာတွေကို စစ်နေလိုက်သည်။အဖြေလွှာမှာပဲစိတ်နှစ်ထားသော်လည်း ပြန်မြင်ယောင်လာတဲ့ပုံရိပ်ကြောင့် ဘောပင်ကိုပစ်ချရင်း သက်ပျင်းချမိပြန်သည်။ယောကျာ်းလေးအချင်းချင်းမို့ ဘာမှမဖြစ်ဘူးဆိုပေမယ့်လည်း မောင်ကသူ့ရည်းစားလေ။သူစိမ်းမှမဟုတ်တာ...အဲ့ဒါကိုသူ့ရဲ့ချစ်စရာဖွားဖက်တော်လေးကိုမြင်သွားတာ။ဘယ်လိုလုပ်ရပါ့မလဲ?ရှက်လို့သေတော့မှာပဲ။
အဖြေလွှာတွေကို ဖြစ်သလိုစီပြီးဘေးကပ်ရင်းနဲ့ ခေါင်းကဆံပင်ကိုသာအပြစ်မရှိ ဆွဲဖွာနေမိတော့သည်။
"ဆရာကင်မ်...စိတ်ရှုပ်စရာရှိလို့လားဟင်"
"အာ...ဆရာမရှင်း"
အနားမှာလာထိုင်တဲ့ဆရာမရှင်းကြောင့် ရှုပ်ပွနေတဲ့ဆံပင်ကို လက်နဲ့သပ်ချရင်း နည်းနည်းလေးပြုံး၍ခေါင်းခါပြလိုက်သည်။
"အတန်းသစ်တွေသင်ရတာ...အဆင်ပြေရဲ့လားဆရာကင်မ်...ဟာရီကတော့တော်တော်လေးပင်ပန်းတယ်...မနေ့ကလည်းဆရာဂိုမလာလို့...သူ့အစားပါအတန်းဝင်ပေးရသေးတယ်"
ဆရာမရှင်းကမိန်းကလေးပီပီ ပင်ပန်းကြောင်းကိုငြီးတွားပြသည်။
"ကျွန်တော်ကတော့အဆင်ပြေတယ်လည်းမဟုတ်ပါဘူး...ပင်ပန်းတာတော့ပင်ပန်းတယ်...အခုတလောnoteလည်းထုတ်ရ...reportကလည်းအဆက်မပြတ်တင်ပြနေရတာဆိုတော့..."
"ဟုတ်တယ်...ဟုတ်တယ်...ကျောင်းအုပ်ကအရမ်းဆိုးတာပဲ...သူ မရေးရတိုင်း..အားနေreportပဲရေးခိုင်းနေတာ"
ဆရာမရှင်းကခုံကို သူမရဲ့လက်သီးဆုပ်သေးသေးလေးနဲ့ထုပြီး မကျေနပ်ကြောင်းပြောတော့ ထယ်ယောင်းကရယ်သည်။ထယ်ယောင်းရဲ့ခပ်သြသြရယ်သံကြောင့် ဆရာမရှင်းရဲ့တည်ငြိမ်နေတဲ့နှလုံးသားက ပြန်ရွစိထလာပြန်သည်။
"မဖြစ်ဘူး!!"
"ဘာဖြစ်လို့လဲ ဆရာမရှင်း"
ရုတ်တရက်ကြီး မတ်တပ်ထရပ်ပြီးအော်လိုက်တဲ့ဆရာမရှင်းကြောင့် ထယ်ယောင်းခန္ဓါကိုယ်လေးတောင်တုန်တက်တဲ့အထိ လန့်သွားသည်။
"သန့်...သန့်စင်ခန်းသုံးချင်လို့"
ဆရာမရှင်းမှာပြောချင်ရာပြောပြီး သန့်စင်ခန်းရှိရာသို့ပြေးသွားတော့သည်။ရင်ခုန်လို့မဖြစ်ဘူး။ဆရာကင်မ်မှာ သူ့ဘဲလေးရှိတယ်။
ငါထပ်အသည်းမပြဲနိုင်ဘူး!!
ကျန်ခဲ့တဲ့ထယ်ယောင်းမှာတော့ ဆရာမရှင်းများ ဝမ်းလျှောနေသလားလို့တွေးပြီး ဆောင်ထားတတ်တဲ့ဝမ်းပိတ်ဆေးကို ဆရာမရှင်းစားပွဲပေါ်သွားတင်ပေးထားလိုက်သည်။
...
"ဒီနေ့အစည်းအဝေးကတော့...အားလုံးသိတဲ့အတိုင်း...ကျောင်းသားတွေရဲ့တိုးတက်မှုကို...သိချင်လို့လုပ်လိုက်တာပါ...အားလုံးရဲ့တင်ပြချက်ကို...ကြည့်ရသလောက်တော့...အကုန်အဆင်ပြေပါတယ်...တစ်ခုပဲ...ရှေ့အပတ်ကမှအသစ်ရောက်တဲ့...အထက်တန်းပထမနှစ်ကိုတာဝန်ယူထားတဲ့...englishဆရာအသစ် ကင်မ် ဆော့ ဂျင်"
ကျောင်းအုပ်စကားကြောင့် အစည်းအဝေးခန်းမှာရှိတဲ့ဆရာအားလုံးက ဆရာအသစ်ဆော့ဂျင်ကိုကြည့်ကြသည်။ဆော့ဂျင်လည်း သူ့နာမည်ကိုပြောလာတဲ့ကျောင်းအုပ်ကင်မ်နမ်ဂျွန်ကြောင့် ဘာများဆက်ပြောမလဲဆိုပြီး ကျောင်းအုပ်ကိုကြည့်နေလိုက်သည်။
"ကျွန်တော်မနေ့က...ဆရာဂျင်စာသင်တာကိုအပြင်ကနေနားထောင်နေတာ...တစ်ချို့အသံထွက်တွေကိုenglishလိုမထွက်ပဲ...ကိုရီးယားအသံထွက်နဲ့ထွက်နေတာကြားလိုက်တယ်...အဲ့ဒါကတော်တော်အဆင်မပြေဘူးလို့ထင်ပါတယ်"
ကျောင်းအုပ်စကားကြောင့် စိတ်ရှုပ်နေတဲ့ထယ်ယောင်းအပါအဝင် ကျန်တဲ့ဆရာတွေအကုန်လုံး ထိုင်နေရင်းနဲ့ခါးကိုမတ်မတ်ထားလိုက်ပြီး အာရုံစိုက်လိုက်ကြသည်။သူတို့ကျောင်းအုပ်က အပြစ်ရှာတာတော်တာမို့ နည်းနည်းလေးအမှားလုပ်မိတာနဲ့ မြှားဦးလှည့်လာမှာစိုးလို့ပင်။
"ဟို...ဘာများအဆင်မပြေတာ..."
ဆော့ဂျင်က ခပ်တိုးတိုးမေးသည်။
"ကျွန်တော်အဲ့နေ့ကကြားလိုက်တာ...ပထမတစ်ခုကbanana...ကျွန်တော်တို့ကိုရီးယားလူမျိုးတွေက...ငှက်ပျောသီးကိုဘနားနားဆိုပြီး...အသံထွက်ပေမယ့်...englishလိုကဘနားနားမဟုတ်ပဲ...bə'nanə(ဘယ်နားနာ)လေ"
ကျောင်းအုပ်နမ်ဂျွန်ပြောတာကို ပြောတာကိုဆော့ဂျင်ကပြုံးပြုံးလေးနဲ့နားထောင်နေသည်။
"ဟုတ်ကဲ့"
"ပြီးတော့...snakeဆိုတာ...ကျွန်တော်တို့လူမျိုးတွေက...မြွေကိုတွေ့ရင်...စနိတ်ခု ဆိုပြီးပြောတာကိုနားလည်ပေမယ့်...englishစာသင်နေတဲ့ဆရာဂျင်ကိုတော့...englishအသံထွက်အတိုင်း snake(စနိတ်ခ်)လို့ပဲ...ပီပီသသထွက်စေချင်တယ်...ကျောင်းသားတွေကိုအသံထွက်အမှန်ပဲသိစေချင်လို့ပါ"
"ဟုတ်ကဲ့ပါ...ကျွန်တော်ရှေ့လျှောက်သတိထားပါ့မယ်"
ဆော့ဂျင်မျက်နှာချောချောလေးက ပြုံးရင်းပြောနေပေမယ့် ဘယ်သူမှမမြင်ရတဲ့ စားပွဲအောက်ကလက်နှစ်ဖက်ကတော့ ကျောင်းအုပ်ဘက်ကိုမူတည်၍ လက်ခလယ်ထောင်နှစ်ချောင်းထောင်ပြနေတာဖြစ်သည်။
"အခု..ကျွန်တော့်နောက်ကအသံလိုက်ထွက်ကြည့်ပါ"
"ဗျာ!"
ကျောင်းအုပ်စကားကြောင့် ဆော့ဂျင်ရောတစ်ခြားဆရာတွေပါ အလန့်တကြားဖြစ်သွားသည်။အသံထွက်အမှားလေးပဲကို ကျောင်းအုပ်ကသေရေးရှင်ရေးလို အိုဗာလုပ်နေတာမလား?
"ဘယ်နားနာ"
ဆော့ဂျင်ကိုသေချာကြည့်၍ ပြောတဲ့ကျောင်းအုပ်ကင်မ်နမ်ဂျွန်အသံ။
"အာ...ဟုတ်ကဲ့...ဘယ်...နား...နား"
ဆော့ဂျင်လည်း သောက်ရစ်ရှည်တဲ့ကျောင်းအုပ်ကြောင့် သက်ပျင်းခိုးချရင်းနဲ့သာ လိုက်အသံထွက်ရသည်။
"နောက်ဆုံးကနားမဟုတ်ဘူး...နာပဲ...ဘယ်နားနာ"
"ဘယ်..နား..နာ့"
"နာ့မဟုတ်ဘူး...နာပါ...ဘယ်နားနာ"
"ဪ..အင်းအင်း...ဘယ်နား..နာ"
"အိုကေ...မြန်မြန်လိုက်ပြောကြည့်မယ်..ဘယ်နားနာ...ဆက်တိုက်5ခေါက်လောက်ပြောကြည့်ပါ"
ဆော့ဂျင်မှာ သောက်ရစ်ရှည်လွန်းတဲ့ကျောင်းအုပ်ကို ဒယ်ပြားနဲ့ထရိုက်ချင်နေပြီဖြစ်သည်။
"ဘယ်နားနာ...ဘယ်နားနာ...ဘယ်နားနာ....ဘယ်နားနာ...ဘယ်နားနာ!"
"အိုကေ...တော်သားပဲ...နောက်တစ်ခု စနိတ်ခ်"
"စ..နိတ်"
"No...စနိတ်ခ်က keနဲ့ဆုံးတာနော်...ခ် ဆိုတဲ့အသံပါရမယ်...ကျွန်တော့်ပါးစပ်ကိုသေချာကြည့်...စနိတ်ခ်"
"စ..နိတ်"
"No!...စနိတ်ခ်"
"စ..နိတ်"
ရုတ်တရက်ကြီး english စာတွေထသင်နေတဲ့ကျောင်းအုပ်ကြောင့် ဆော့ဂျင်သာမက ထယ်ယောင်းပါထရိုက်ချင်နေပြီဖြစ်သည်။ငှက်ပျောသီးနဲ့မြွေကိုပဲ ထပ်တလဲလဲကြားနေရတာကြောင့် အစည်းအဝေးခန်းထဲမဝင်ခင် ခေါင်းထဲကထုတ်ထားခဲ့တဲ့ သူ့အချောင်းတန်းလန်းကိစ္စက ခေါင်းထဲပြန်ရောက်လာပြီး လက်သီးကိုကျစ်ကျစ်ဆုပ်ထားလိုက်သည်။
"စနိတ်ခ်"
"စနိတ်"
"စနတ်ခ်လို့!"
"ဟုတ်ကဲ့...စနိတ်"
"အား!!...တော်တော့!!"
နားထဲမှာဒါကိုပဲ ထပ်ခါထပ်ခါကြားနေရတဲ့အခါ ထယ်ယောင်းမှာစိတ်လွတ်ပြီး ထအော်မိတော့သည်။
"ဘာဖြစ်တာလဲ ဆရာကင်မ်"
ကျောင်းအုပ်အသံကြားမှ ထယ်ယောင်းလည်းသတိပြန်ဝင်ပြီး ပေါင်ကိုကိုင်လိုက်၍
"ကြွက်...ကြွက်တက်လို့ပါ"
"အာ...ဟုတ်သားပဲ...3နာရီတောင်ကြာသွားပြီပဲ...ကျွန်တော်လည်းနာရီကြည့်ဖို့မေ့သွားတယ်...အစည်းအဝေးကိုဒီမှာပဲရပ်လိုက်ကြရအောင်...ဆရာဂျင်ကတော့...အသံထွက်သင်ဖို့ကျွန်တော့်ရုံးခန်းကိုလိုက်ခဲ့ပါ"
ကျောင်းအုပ်ထွက်သွားမှ ထယ်ယောင်းမှာသက်ပျင်းချနိုင်တော့သည်။တော်သေးတယ်...ဒီနေ့ကျောင်းအုပ်ကသဘောကောင်းနေလို့ သူလွတ်သွားတာ။
အစည်းအဝေးခန်းကနေ ဆရာအကုန်ထွက်သွားကြသော်လည်း ထယ်ယောင်းမှာတော့ကြွက်တက်ချင်ယောင်ဆောင်နေရ၍ ခဏထိုင်ပြနေလိုက်ရသည်။ကျောင်းအုပ်နောက်လိုက်သွားရမယ့် ဆော့ဂျင်မှာလည်း စာအုပ်တွေကိုဖြေးဖြေးချင်းယူ၍ အချိန်ဆွဲနေသည်။
"သောက်ရူးကောင်!"
ရုတ်တရက်ထဆဲတဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းတစ်ယောက်မျက်လုံးပြူးသွားသည်။
"ဆရာကင်မ်ကိုဆဲတာမဟုတ်ပါဘူး...သောက်ကြောရှည်တဲ့ကျောင်းအုပ်ကိုဆဲတာပါ...သွားလိုက်ပါဦးမယ်ခင်ဗျ"
အလုပ်ဝင်တာတောင်တစ်ပတ်မပြည့်သေးတဲ့လူက ကျောင်းအုပ်ကိုဆဲနေတာမို့ ထယ်ယောင်းလည်းကြောင်တောင်တောင်ဖြင့်သာအခန်းထဲ၌ ကျန်ခဲ့သည်။ဒါပေမယ့်လည်း englishဆရာအသစ်က ခင်ဖို့ကောင်းမယ့်ပုံဖို့ ရှေ့လျှောက်ရင်းရင်းနီးနီးနေဖို့ ဆုံးဖြတ်လိုက်သည်။
"တစ်ကယ်လည်း သောက်ရစ်ရှည်တဲ့ကျောင်းအုပ်...ဆဲခံရတာတောင်နည်းသေးတယ်"
...
နေ့လည်ရောက်တော့ ကျောင်းကန်တင်းမှာပဲနေ့လည်စာစားပြီး မောင်ပို့ထားတဲ့မက်ဆေ့တွေကိုဖတ်နေလိုက်သည်။မက်ဆေ့အားလုံးနီးပါးက လွမ်းတယ်နဲ့ချစ်တယ်ဆိုတာချည်း။နေ့လည်စာကိုလည်း ကောင်းကောင်းစားဖို့မှာပြီး ညကျရင်တော့ သူကိုယ်တိုင်အရသာရှိတာချက်ကျွေးမယ်လို့ ပြောသည်။တော်သေးတယ်...မောင်ကဟိုကိစ္စကိုအစမဖော်တော့လို့။
ဟူး....အိမ်ပြန်ရောက်ရင်လည်း ရှက်ရဦးမှာပါလား?
"ဆရာကင်မ်..ကြွက်တက်တာအဆင်ပြေရဲ့လား"
ထမင်းဗန်းကိုင်ပြီး အနားကိုရောက်လာတဲ့ဆရာဂျင်ကြောင့် ပြုံးရင်းနဲ့ ခေါင်းညိတ်ပြလိုက်သည်။
"ကြွက်တက်ရင်...ကြောင်ကိုနမ်းခိုင်းရတယ်တဲ့"
ဆော့ဂျင်က ထမင်းကိုဇွန်းအပြည့်ယူ၍ အားရပါးရစားရင်းပြောသည်။
"ဗျာ!...တစ်ကယ်ကြီးလား"
"တစ်ကယ်ပါဆို"
"ဪ...ကျွန်တော်တော့အဲ့စကားကိုခုမှကြားဖူးတာ"
ထယ်ယောင်းစကားကြောင့် ဆော့ဂျင်ကထမင်းစားနေတာကိုရပ်ပြီး လက်ခုပ်တီး၍အော်ရယ်သည်။ထယ်ယောင်းကတော့ ဆော့ဂျင်အပြုအမူကြောင့် အူကြောင်ကြောင်လေးဖြစ်နေသည်။
"ဆရာကင်မ်က ကျွန်တော်ပေါက်ကရပြောနေတာကို...တစ်ကယ်ယုံသွားတာလား...ဝါး...ကျွန်တော့်ဟာသကိုယုံပေးတာ...ဆရာကင်မ်ကပထမပဲ...ဟားဟား"
ပြောရင်းနဲ့ရယ်နေပြန်တဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းမှာစိတ်လေသလိုပုံနှင့်သာ ခေါင်းညိတ်ပြလိုက်သည်။
"နောက်ထပ် ရယ်စရာတစ်ခုပြောပြရမလား"
တက်တက်ကြွကြွပြောလာတဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းလည်း ထမင်းစားနေရင်းနဲ့ခေါင်းညိတ်ပြလိုက်သည်။
"ခြင်ကို..ဘာလို့ခြင်လို့ခေါ်လဲသိလား"
ဆော့ဂျင်အမေးကြောင့် ထယ်ယောင်းလည်းခဏလောက်တော့စဥ်းစားလိုက်သည်။ခြင်ကိုအရင်တည်းကခြင်လို့ပဲခေါ်ပြီး ဘာလို့ခေါ်လဲဆိုတာရှိလို့လား?စဥ်းစားမရတာကြောင့် ခေါင်းခါပြလိုက်တော့
"ဆင်မဟုတ်လို့လေ...ဟားဟား ဟားဟား!!"
အဖြေကိုမျှော်လင့်တကြီးစောင့်နေတဲ့ ထယ်ယောင်းမှာ ဆော့ဂျင်ရဲ့ပေါက်ကရစကားကြောင့် လိုက်တောင်မရယ်နိုင်ပဲ သက်ပျင်းသာခိုးချမိတော့သည်။မေးတဲ့လူကတော့ သူ့ဘာသာမေးပြီး သူ့ဘာသာရယ်နေတာ...သူ့ရဲ့မရယ်ရတဲ့ဟာသကို တော်တော်သဘောကျနေတဲ့ပုံ။
ရုပ်ချောပေမယ့် ကျပ်မပြည့်ရှာဘူးပဲ...ကျွတ်ကျွတ်။
...
စာသင်ချိန်အားလုံးပြီးတိုင်းပျော်နေတတ်တဲ့ ဂျောင်ကုမှာ အခုတော့မျက်နှာမသာမယာဖြစ်နေသည်။အကြောင်းမှာတော့ လာကြိုမယ့်ကိုကိုကမလာနိုင်ဘူးဆိုတာကြောင့်ပင်။ကိုကိုကခုနကစာပို့တယ်။ကျောင်းကိုဆရာအသစ်ရောက်လာလို့ ဒီညကြိုဆိုပွဲရှိတယ်လို့ လာမကြိုနိုင်တာမို့ အိမ်ကိုတက်စီနဲ့ဂရုစိုက်ပြီးပြန်ဖို့နဲ့ ညစာကိုလည်းမစောင့်ပဲစားထားနှင့် ဆိုပြီးသေချာမှာထားသည်။
ထို့ကြောင့် ဂျောင်ကုမှာဆူပုပ်ပုပ်မျက်နှာပေးနဲ့ပဲ ကျောင်းရှေ့ကတက်စီကိုငှားစီး၍ အိမ်ပြန်သွားတော့သည်။
..
englishဆရာဆော့ဂျင်အတွက်ကြိုဆိုပွဲဆိုပြီး ကျောင်းအုပ်ကိုယ်တိုင်လိုက်၍ ဆိုင်ကောင်းကောင်းမှာလိုက်ကျွေးသည်။
"ဆိုမက် one shot သောက်ရအောင်"
တက်ကြွတဲ့မန်နေဂျာမမချောင်းဆုန်းရီက ဆိုဂျူးနဲ့မက်ဂျူကိုဆတူရော၍ အားလုံးကိုတစ်ခွက်စီချပေးသည်။ထယ်ယောင်းက အရက်ဆိုအနံ့တောင်မခံနိုင်တာကြောင့် ပုံမှန်ဆိုလက်ခါပြပြီးငြင်းတတ်ပေမယ့် ဒီနေ့တော့မူးသွားချင်တာမို့ ထိုခွက်ကိုလက်ခံသည်။
အိမ်ပြန်ရင် မောင်နဲ့တွေ့ရဦးမှာမို့ ရဲဆေးနည်းနည်းတင်ရမယ်လေ။
"ကမ်းပေ့!!!"
ခွက်ချင်းတိုက်သံတွေနဲ့အတူ အားလုံးကတစ်ကျိုက်တည်းမော့ကြတာကြောင့် ထယ်ယောင်းလည်းမျက်လုံးစုံမှိတ်ပြီး ထိုအရည်ခါးခါးတွေကို မျိုချပစ်လိုက်သည်။
ယီး!...ခါးလိုက်တာ..ဒါလူသောက်တဲ့အရည်ရောဟုတ်ရဲ့လား??ဒီလိုအရသာကို ခွေးပဲသောက်မှာ။
"ကမ်းပေ့!!"
"ကမ်းပေ့!!"
"ကမ်းပေ့!!"
ထိုခွေးသောက်တဲ့အရည်ကို သူပဲဆက်တိုက်သောက်ပြီး နောက်ဆုံးမှာတော့ ခေါင်းတောင်မထောင်နိုင်တော့ပဲ စားပွဲပေါ်ခေါင်းမှောက်သွားတော့သည်။
"ခင်ဗျားက...သောက်ရမ်းလျှာရှည်တာနော်"
သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောနေတဲ့ဆော့ဂျင်ကြောင့် နမ်ဂျွန်မှာသောက်နေရင်းနဲ့ သီးသွားတော့သည်။
"ကျွန်တော်ကိုပြောလိုက်တာလား"
"အေးလေ...ဘာပါလိမ့်..ဘယ်နားနာနဲ့..စနိတ်ခ်ဟုတ်လား..ဖင်ကိုယားတယ်...ခင်ဗျားကြောင့်..ကျွန်တော်အာကိုညောင်းသွားတာပဲ"
မူးရူးနေတဲ့ဆော့ဂျင်မှာ နမ်ဂျွန်ကော်လံကိုဆွဲပြီးပြောနေတာမို့ နမ်ဂျွန်လည်းထိုလက်တွေကိုထိန်းကိုင်လိုက်ရပြီး အနားမှာရှိတဲ့ဝက်သုံးထပ်သားနဲ့ ပါးစပ်ကိုပိတ်လိုက်ရတော့သည်။
ဒေါသထွက်လွယ်တဲ့ကျောင်းအုပ်ကင်မ်နန်ဂျွန်က သူ့ကိုစော်ကားသွားတဲ့ englishဆရာကင်မ်ဆော့ဂျင်ကိုတော့ စိတ်ဆိုးပုံမရပဲအေးဆေးပဲမို့ တစ်ခြားဆရာတွေမှာအထူးအဆန်းဖြစ်ကုန်သည်။
နမ်ဂျွန် သူကျွေးလိုက်တဲ့သုံးထပ်သားကို စားနေတဲ့ဆော့ဂျင်ကိုတစ်လှည့် မှောက်နေတဲ့ထယ်ယောင်းကိုတစ်လှည့်ကြည့်ပြီး ပိုက်ဆံမြန်မြန်သွားရှင်းလိုက်သည်။
"အားလုံးပဲ...ဝိုင်းသိမ်းပြီးပြန်ရအောင်...ဆရာကင်မ်အိမ်ဘယ်သူသိလဲ...တစ်ယောက်လိုက်ပို့ပေးလိုက်ပါ"
နမ်ဂျွန်မေးတော့ ဆရာမရှင်းကလက်ထောင်ပြသည်မို့ နမ်ဂျွန်လည်း ဆရာမရှင်းကိုတာဝန်ပေးလိုက်သည်။သောက်တဲ့လူတွေအားလုံးမှာ အကုန်ပုံမှန်...ဒီကင်မ်မျိုးနွယ်နှစ်ယောက်ပဲ မူးရူးသွားတာ။
"ဟိုလေ..ကျောင်းအုပ်...ဆရာဂျင်ကို ဒီကဆုန်းရီပဲလိုက်ပို့ပေးလိုက်ပါ့မယ်"
မန်နေဂျာမမချောင်းဆုန်းရီက ရုပ်ချောချောဆော့ဂျင်ကိုကြည့်ပြီး အရောင်တောက်နေတဲ့ကြောင်မျက်လုံးနဲ့ပြောလာသည်။
"မလိုဘူး!...ကျွန်တော်ပဲပြန်ပို့လိုက်ပါ့မယ်..ခွင့်ပြုပါဦး"
နမ်ဂျွန်ကပြောပြီးတာနဲ့ ခုံမှာခွေခေါက်နေတဲ့ဆော့ဂျင်ကိုပွေ့ထူပြီးကျောပေါ်တင်၍ ဆော့ဂျင်အိတ်ကိုလည်ပင်းမှာဆွဲပြီး ဆိုင်ထဲကထွက်သွားသည်။မန်နေဂျာမမချောင်းဆုန်းရီမှာတော့ ဆော့ဂျင်ကိုအပီဝိုက်မယ့်အကြံအစည်လေး ရေစုန်မျောသွားပြီမို့ အရက်ဆက်သောက်ရင်းကျန်ခဲ့တော့သည်။
...
ကုတင်ပေါ်မှာခြေကားယား လက်ကားယားဖြင့်အိပ်နေတဲ့ထယ်ယောင်းကို လက်ပိုက်ကြည့်နေတဲ့ဂျောင်ကုမျက်နှာက အနည်းငယ်ဒေါသထွက်နေပုံပေါက်နေသည်။
မူးနေတဲ့ကိုကိုကဘာမှမသိပေမယ့် ဆရာမရှင်းကအိမ်ပြန်လိုက်ပို့တာမလား?ဒါကဖြစ်သင့်လား?မူးနေတယ်ဆိုရင်တောင် သူ့ကိုလာခေါ်ခိုင်းပေါ့။အခုတော့ မိန်းမတစ်ယောက်မောင်းတဲ့ကားပေါ် စိတ်အေးလက်အေးလိုက်စီးလာတယ်။ထိုမိန်းမကလည်း သူ့ကိုမှသဘောကျနေတဲ့လူ။
ဘာမှမသိတဲ့ဝက်ဝံညိုလေးရဲ့ဖင်ကိုရိုက်ပြီး လိုက်စီးလာဦးမလား?ဆိုပြီးမေးလိုက်ချင်တာ...လက်ကိုယားနေတာပဲ။
'ဖြောင်း!!'
စိတ်ကူးနဲ့လက်တွေ့ ထပ်တူကျစွာ ထယ်ယောင်းရဲ့လုံးကစ်နေတဲ့ဖင်ကို ရိုက်လိုက်တဲ့ဂျောင်ကု။
"အာ့!...ဘယ်ကောင်ရိုက်တာလဲကွ"
မူးနေတဲ့အမူးသမားလေးက အသားနာတော့ဆတ်ခနဲထထိုင်ပြီးအော်သည်။မျက်လုံးကတော့မပွင့်။
"ကိုကို့ယောကျာ်းရိုက်တာ"
ဂျောင်ကုက မျက်လုံးမပွင့်ပဲအော်နေတဲ့ထယ်ယောင်းနား,နားကိုကပ်ပြီး တိုးတိုးပြောတော့ ထယ်ယောင်းကသူ့မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်သည်။
"ဘယ်ကယောကျာ်းလဲ...ငါကလူပျို...မိန်းမယူမှာ"
"သေချာကြည့်စမ်း...ဘယ်မိန်းမကိုယူမှာလဲ"
ပေါက်ကရပြောနေတဲ့ကိုကို့ရဲ့ပါးနှစ်ဖက်ကို အုပ်ကိုင်ပြီးသူနဲ့အကြည့်ချင်းစုံစေကာမေးတော့ ဘာမှမသိသလိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်သည်။
"ဂျောင်ကုကီး!!"
"ကျစ်!...ဘာဂျောင်ကုကီးလဲ...မောင်လို့ခေါ်"
"အာ...ဟုတ်သားပဲ...ကိုကိုမေ့သွားတာပါ...မောင်...မောင်...မောင်"
အသည်းယားချင်အောင်ပြောနေတဲ့ထယ်ယောင်းကြောင့် တည်တင်းနေတဲ့ဂျောင်ကုမှာ ဆက်မတည်နိုင်တော့ပဲရယ်လိုက်မိသည်။
"ခုနကကိစ္စကိုရှင်း...ဘယ်မိန်းမကိုယူမှာလဲ"
သူမေးတော့ ကိုကိုကချက်ချင်းမဖြေပဲသွားစိရယ်ပြပြီး သူ့နှာခေါင်းထိပ်ကိုလက်နဲ့တို့သည်။ဒါသပ်သပ် အရူးကွက်နင်းနေတာ။မူးနေပေမယ့် အမူးပါးလေး။
"ဟီး...ဒီကောင်လေးကိုပဲယူမှာပါ...ခုနကလျှောက်ပြောလိုက်တာ"
"ဟက်!...အလည်လေး"
ဂျောင်ကုကပြောရင်းနဲ့ ထယ်ယောင်းနှာခေါင်းကိုဖွဖွဆွဲမယ်လုပ်တော့ ထယ်ယောင်းကအဆွဲမခံပဲ ရင်ခွင်ထဲအတင်းတိုးဝင်သည်။
"ချစ်တယ်"
ရင်ခွင်ထဲကိုသူ့သဘောနဲ့သူ လိုလိုလားလားဝင်ပြီး ရင်ဘတ်ကိုနမ်း၍'ချစ်တယ်'ပြောနေတဲ့ကိုကိုကြောင့် ရင်ဘတ်ထဲကနှလုံးက ချက်ချင်းကိုဆောင့်ခုန်လာတော့သည်။
"ဘယ်လောက်ချစ်လဲ"
"ကိုကိုကြိုက်တဲ့ စတော်ဘယ်ရီထက်ပိုချစ်တယ်"
"ကိုကိုကတော့ဗျာ"
သူ့အဖြေကိုသူသဘောကျပြီး တခစ်ခစ်ရယ်နေတဲ့ရင်ခွင်ထဲကကိုကို့ကြောင့် ရင်ခုန်သံတွေကပိုမိုမြန်ဆန်လာတာမို့ မေးဖျားကိုလက်နဲ့အသာထိန်းကိုင်၍ နမ်းမိတော့သည်။သူနမ်းတော့ သူ့လည်ပင်းကိုဖက်ပြီး အလိုက်သင့်လိုက်နမ်းပေးသည်။နမ်းနေရင်းနဲ့ ကိုကို့လျှာဖျားကတစ်ဆင့် ကိုကိုသောက်လာတဲ့အရက်အရသာကိုခံစားရသည်။အခုအနေအထားကထိုင်လျက်သားအတိုင်းမို့ နမ်းနေရင်းနဲ့အားမရစွာ ကိုကို့ခန္ဓါကိုယ်သေးသေးလေးကိုမပြီး သူ့ပေါင်ပေါ်သို့တင်လိုက်တော့ ကိုကိုကအလိုက်သင့်လေးပါလာသည်။
ရူးလောက်အောင်သဘောကျရပါသောကိုကို့နှုတ်ခမ်းအိအိလေးက သူ့အတွက်တော့ဘယ်လောက်နမ်းနမ်းမဝတာကြောင့် အတင်းနမ်းရှိုက်မိသည်။လက်သွယ်သွယ်လေးကအသက်ရှုမဝလို့ထင် ရင်ဘတ်ကိုတွန်းလာတော့ နမ်းတာကိုမရပ်ပေးပဲ ခေါင်းကနေထိန်းကိုင်၍ သူ့မှာရှိသမျှလေအကုန်ကို ကိုကို့ဆီနမ်းရင်းနဲ့ပဲလွှဲပေးလိုက်ပြီး မိနစ်အတော်ကြာနမ်းပစ်လိုက်သည်။ကျေနပ်ပြီဆိုမှထိုနှုတ်ခမ်းလေးကိုလွှတ်ပေးလိုက်ပြီး စီးကျလာတဲ့အရည်ကြည်တွေကိုလည်း သုတ်ပေးလိုက်သည်။
အမူးသမားကတော့ ရင်ဘတ်ကိုလက်နဲ့ဖိရင်းအသက်ရှုနေသည်။
"ယီး!..အောက်ဆီဂျင်ပြတ်ပြီး..သေတော့မယ်ထင်တာ"
တစ်ယောက်တည်းတိုးတိုးလေးဆဲပြီး ပွစိပွစိပြောနေတဲ့ကိုကိုက သိပ်ချစ်ဖို့ကောင်းနေတာမို့ ပါးကိုနမ်းမယ်လုပ်တော့အတင်းတွန်းထုတ်ပြီး မနမ်းနဲ့တော့တဲ့။
"ကိုကို...မောင်တောင်းဆိုစရာရှိတယ်"
ထယ်ယောင်းကဂျောင်ကုစကားကြောင့် မော့ကြည့်သည်။
"မောင်စာမေးပွဲအောင်တော့...ကိုကိုကလိုချင်တာပြောလို့ပြောတယ်လေ...အဲ့ဒါအခုထိ..မောင်မတောင်းရသေးဘူးမလား"
ထယ်ယောင်း ဂျောင်ကုစကားကိုမနည်းစဥ်းစားရင်းခေါင်းညိတ်ပြလိုက်သည်။သူအဲ့လိုပြောဖူးတာတော့ မှတ်မိတယ်။
"မောင်နဲ့တစ်ညတာတူတူဖြတ်သန်းပေးမလား"
သူ့ကိုရီဝေဝေကြည့်ပြီး ယိုင်ထိုးနေတဲ့ကိုကိုက တော်တော်နဲ့ပြန်မဖြေတာကြောင့် ကိုကို့လက်နှစ်လုံးကိုဆုပ်ကိုင်လိုက်သည်။
"ကိုကိုသဘောမတူရင်..မောင်အတင်းအကျပ်မလုပ်ပါဘူး...မောင်စောင့်နိုင်တယ်"
လေသံအေးအေးနဲ့ပြောတော့ ကိုကိုကသူ့မျက်နှာကိုအုပ်ကိုင်ပြီး
"ဒါဆို...ခဏစောင့်"
ထယ်ယောင်းကပြောပြီးတာနဲ့ ကုတင်ပေါ်ကဆင်းသည်။သို့သော် ချာချာလဲနေတဲ့ခေါင်းကြောင့် ဘုတ်ခနဲလဲကျတော့သည်။
"ကိုကို!!"
"ရတယ်...မနာဘူး...စောင့်နေနော်"
ကိုကိုက လာထူတဲ့သူ့ကိုလက်ကာပြပြီး သူ့သာဘာကုန်းရုန်းထသည်။
"ကိုကို ဘာလုပ်မလို့လဲ"
"ရေချိုးမလို့လေ...အခုကနည်းနည်းနံနေသလိုပဲ...ဒီပုံနဲ့ဖြတ်သန်းရင်ရှက်စရာကြီး"
ဂျောင်ကုမှာထယ်ယောင်းစကားကြောင့် မျက်လုံးမှိတ်ကျတဲ့အထိရယ်ပြီး ထယ်ယောင်းကတော့ယိုင်ထိုးယိုင်ထိုးနဲ့သာ တွေ့ရာသပတ်ကိုယူ၍ ရေချိုးခန်းထဲဝင်သွားသည်။
'ဂျောက်'
ပွင့်သွားတဲ့ရေချိုးခန်းတံခါးနဲ့အတူ မြင်လိုက်ရတာက အပေါ်ပိုင်းကိုသပတ်နဲ့ခြုံထားပြီး အောက်ပိုင်းကိုပါသပတ်အဖြူဖြင့်လျော့တိလျော့ရဲပတ်ထားတဲ့ ကိုကို။သူ့ကိုပြုံးပြနေပေမယ့်လည်း မျက်လုံးတွေကတော့ အမူးမပြေသေးကြောင်းဖော်ပြနေသည်။
"ခေါင်းလျှော်လာတာလား"
သူမေးတော့ ကိုကိုကခေါင်းညိတ်ပြသည်။
"အရင်ဆုံးဒီမှာလာထိုင်...ခေါင်းခြောက်အောင်လုပ်ရမယ်"
ဂျောင်ကုက ခေါင်းသုတ်ပုဝါတစ်ခုကိုသွားယူပြီး ကုတင်ပေါ်ပြန်ထိုင်၍ ပေါင်ကိုလက်နဲ့ပုတ်ပြပြီးခေါ်တော့ ခြေလှမ်းသိပ်မမှန်တဲ့ထယ်ယောင်းက ခေါင်းညိတ်ပြပြီးချက်ချင်းလာထိုင်သည်။
"ကိုကို စိတ်လှုပ်ရှားနေလား"
"အင်း"
"ကြောက်ရောကြောက်လား"
"အင်း"
ခေါင်းသုတ်ပေးတာကိုငြိမ်ခံနေတဲ့ထယ်ယောင်းက မျက်လုံးမှိတ်ထားပြီး 'အင်း'ကလွဲ၍မဖြေ။
"ရပြီ...ရေခြောက်သွားပြီ"
ရေခြောက်သွားတဲ့ထယ်ယောင်းဆံပင်ကို ဂျောင်ကုကဖွရင်းပြောတော့ ထယ်ယောင်းကခေါင်းညိတ်ပြပြီးပြုံးပြသည်။
"ကိုကို"
"ဟင်"
"နမ်းချင်တယ်"
ဂျောင်ကုကပြောပြီးတာနဲ့ ထယ်ယောင်းအဖြေကိုမစောင့်ပဲ ထယ်ယောင်းခါးသိမ်သိမ်လေးကိုဖက်၍ နမ်းတော့သည်။ထယ်ယောင်းကလည်း ဂျောင်ကုလည်ပင်းကိုပြန်သိုင်းဖက်ရင်း အလျှင်မှီအောင်လိုက်နမ်းသည်။ဂျောင်ကုကနမ်းရင်းနဲ့ ထယ်ယောင်းကိုမချီ၍ အိပ်ယာပေါ်ဖြေးဖြေးချင်းလှဲချပြီး ကြမ်းကြမ်းတမ်းတမ်းနမ်းသည်။နှုတ်ခမ်းနှစ်ခု၏ချိတ်ဆက်မှုကိုမပြတ်စေပဲ လက်တွေကလည်းထယ်ယောင်းခန္ဓါကိုယ်အနှံ့ကိုပွတ်သပ်၍ ထယ်ယောင်းပတ်တဲ့အပေါ်ပိုင်းသပတ်ကို ဆွဲဖယ်ပြီးကုတင်အောက်သို့ပစ်လိုက်ပြီးတာနဲ့ လည်တိုင်ကိုစနမ်းသည်။
"အာ့!...ဘာလို့ကိုက်တာလဲ"
လည်ပင်းကိုကိုက်လိုက်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းကထအော်သည်။
"ချစ်လို့ကိုက်တာ"
ဂျောင်ကုကထိုတစ်ခွန်းသာပြောပြီး လည်တိုင်နှစ်ဖက်ရောရင်ဘတ်ဖွေးဖွေးကိုပါ နှုတ်ခမ်းနဲ့ပွတ်ဆွဲ၍နမ်းတော့ ထယ်ယောင်းလည်းမျက်လုံးစုံမှိတ်ပြီးသာ ထိုအထိအတွေ့အသစ်ကိုခံစားနေလိုက်သည်။တဖြည်းဖြည်းခန္ဓါကိုယ်အောက်ပိုင်းသို့ရောက်လာတဲ့ စိုစိစိနှုတ်ခမ်းတွေကြောင့် ထယ်ယောင်းမှာမနေတတ်တော့ပဲ အတင်းရုန်းတော့သည်။
"ဘာလို့လဲ ကိုကို"
အတင်းရုန်းနေတဲ့ကိုကိုကြောင့် မျက်နှာကိုကိုင်ပြီးမေးတော့
"မ...မနေတတ်လို့"
"ဒါဆို...အဓိကကိုပဲသွားရအောင်"
ဂျောင်ကုက မနေတတ်ဘူးဆိုတဲ့ထယ်ယောင်းကြောင့် အချိန်ဆွဲမနေတော့ပဲ တစ်ခုတည်းပဲကျန်တော့တဲ့ထယ်ယောင်းခါးအောက်ပိုင်းက သပတ်ကိုဆွဲဖယ်ပြီး သူ့ကိုယ်မှာရှိတဲ့အဝတ်အစားအားလုံးကိုလည်း အကုန်ချွတ်လိုက်သည်။နှစ်ယောက်လုံးအမေ့ဗိုက်ထဲကထက်တုန်းကအတိုင်း ဖင်တုံးလုံးဖြစ်နေချိန်မှာ ဂျောင်ကုကသူ့ကိုမျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတဲ့ထယ်ယောင်းမျက်နှာနားကို ငုံ့ချ၍
"ကျေးဇူးပါ ကိုကို...မောင်တောင်းဆိုတာကိုဖြည့်ဆည်းပေးလို့"
ပြောရင်းနဲ့နဖူးကိုနမ်းတော့ ကိုကိုကမျက်လုံးမှိတ်ရင်းခံယူပြီး 'မောင့်ကိုချစ်တယ်' ဟုတိုးတိုးပြောသည်။
"အား!!...ယီး!!...နာတယ်!!...ပြန်ထုတ်!!"
စစဝင်ချင်းမှာပဲ အတင်းရုန်းကန်ပြီးအော်တဲ့ကိုကိုကြောင့် အားစိုက်နေတဲ့သူပါလန့်သွား၍ လှုပ်ရှားမှုကိုရပ်လိုက်ရသည်။
"အရမ်းနာသွားလား ကိုကို...မောင်ဖြေးဖြေးပဲစတာပါ"
ထယ်ယောင်းမှာ ဂျောင်ကုမေးနေတာကိုတောင်မဖြေနိုင်ပဲ နာကျင်လွန်း၍အမူးပါပြေသွားသည်။ပြီးတော့ အမေအိမ်လာတုန်းကမေးတာကိုသတိရပြီး ချက်ချင်းပင်သူ့ကိုအုပ်မိုးထားတဲ့ ဂျောင်ကုလက်မောင်းနှစ်ဖက်ကိုကိုင်၍
"မောင်အောက်မှာနေ...ကိုကိုအပေါ်မှာနေမယ်"
"ကိုကို ရလို့လား"
"ရတယ်...အပေါ်မှာပဲနေချင်တယ်...ယီး!...မင်းမလှုပ်နဲ့လေ!!...သေအောင်နာတယ်ကွ!!"
သူ့ဆံပင်တွေကိုပါဆောင့်ဆွဲပြီး အော်နေတဲ့ကိုကိုကြောင့် ချက်ချင်းပဲ ကိုကို့ကိုမ၍ ချိတ်ဆက်လျက်သားအတိုင်းနှင့်သာ အနေအထားပြောင်းပေးပြီး အပေါ်မှာထိုင်ခိုင်းလိုက်ရသည်။
ကိုကိုကအပေါ်နေချင်တယ်ဆိုတော့လည်း မောင်ကအပေါ်မှာထားရတာပေါ့။
"အား!!...ပိုနာတယ်!!...ယီးပဲ!!...အား!!...ကွဲပြီထင်တယ်!!....ယီး!!!"
အပေါ်မှာနေမှပဲ ပိုပြီးအတွင်းထဲကိုရောက်နေတဲ့ လူမဆန်တဲ့မောင့်ဟာကြောင့် နာကျင်လွန်း၍ကျောပါကော့တက်သွားသည်။
"နာလည်းမတတ်နိုင်တော့ဘူး ကိုကို...သည်းခံပြီးရှေ့ဆက်ရအောင်"
"အား!!...ဂျွန်ဂျောင်ကု!!!...ရပ်လိုက်စမ်း!!!!"
နှစ်ယောက်လုံးရဲ့ပထမဆုံးအကြိမ်က ထယ်ယောင်းရဲ့ဆဲဆိုသံတွေနဲ့ပဲဆူညံသွားသည်။ထယ်ယောင်းက အပေါ်မှာနေတော့လည်းဂျောင်ကုကိုဆဲသည်။အောက်မှာနေတော့လည်း ဂျောင်ကုကိုဆဲသည်။ထို့အတိုင်း ဆူဆူညံညံနှင့် အထက်အောက်ပြောင်းပြီး သုံးကြိမ်လောက်ပြီးသွားမှာပဲ နှစ်ယောက်လုံးမှာနေသားကျ၍ သာယာမှုကိုခံစားသွားနိုင်တော့သည်။လေးကြိမ်မြောက်မှာတော့ ထယ်ယောင်းဆီက ခပ်သြသြအော်ညည်းသံကိုကြားရပြီး ဂျောင်ကုဆီကသာယာတဲ့အသံတွေလည်း ပလုံစီအောင်ထွက်လာသည်။
နောက်ဆုံး မိုးလင်းခါနီးမှ ပြီးစီးသွားတဲ့အပေါ်ထပ်၊အောက်ထပ်တိုက်ပွဲကြောင့် နှစ်ဖက်အိမ်နီးနားချင်းတွေလည်း ထိုအခါမှသာ နားထဲဆို့ထားတဲ့ဂွမ်းကိုဖယ်ပြီး ထိုနှစ်ယောက်ကိုမေတ္တာပို့၍ အိပ်ကောင်းခြင်းအိပ်ရတော့သည်။
ဖြစ်ချင်တော့ နှစ်ဖက်လုံးကအိမ်နီးနားချင်းတွေက တစ်ယောက်တည်းနေတဲ့ ကျောင်းဆရာမအပျိုကြီးတွေချည်းဖြစ်၏။
တော်တော်ကဲတဲ့အတွဲကတော့ မိုးလင်းခါနီးမှအိပ်ပျော်သွားတာကြောင့် အလုပ်နဲ့ကျောင်းတောင်မသွားနိုင်ပဲ တစ်ယောက်နှင့်တစ်ယောက်ဖက်ပြီး အိပ်ပျော်သွားကြတာ မနက်ဖြန်မနက်မှနိုးကြသည်။
'တီ...တီ...တီ'
အခန်းထဲမှာလှဲနေတုန်း ကြားလိုက်ရတဲ့ဖုန်းသံကြောင့် ထယ်ယောင်း ခြေလှမ်းကိုတစ်လှမ်းချင်းဖြေးဖြေးလှမ်း၍ စားကြည့်စားပွဲကဖုန်းကို သွားယူရသည်။ကြည့်လိုက်တော့ အမေ့ဆီကဖြစ်တာမို့ မြန်မြန်ဆန်ဆန်ပင် အခန်းတံခါးကိုသွားပိတ်ပြီး လော့ချလိုက်သည်။
ဖုန်းကိုင်လိုက်တာနဲ့အမေက 'ဟယ်လို' တောင်ပြောခွင့်မပေးပဲ မနေ့ညကသူမ,မက်တဲ့အိပ်မက်အကြောင်းကို ပြောပြသည်။အိပ်မက်ထဲမှာ ကျွန်တော့်လည်ပင်းကိုစုန်းကိုက်သွားတယ်လို့မက်ပြီး ဖုန်းမကိုင်တဲ့ကျွန်တော့်ကိုတစ်နေ့လုံးစိတ်ပူနေတယ်ဟုပြောသည်။အမေပြောတာကိုနားထောင်ရင်း မှန်မှာသွားကြည့်တော့ လည်ပင်းမှာတစ်ကယ်ရှိတဲ့ကိုက်ရာကညိုပုပ်ပုပ်အရောင်သမ်းနေသည်။
စုန်းကိုက်တာတော့မဟုတ်ဘူး...မောင်ကိုက်ထားတာ။
"အင်း...စိတ်မပူပါနဲ့အမေ...ဘယ်စုန်းမှမကိုက်ပါဘူး"
သူပြောတော့အမေက စိတ်မချနိုင်ကြောင်းနဲ့ဘုရားတရားလုပ်ဖို့ပြောတာမို့ 'အင်း' သာဖြေလိုက်သည်။အမေပြောတဲ့ဘုရားကျောင်းသွားဖို့မပြောနဲ့...ကျောင်းကိုတောင်3ရက်ခွင့်တိုင်ထားရတယ်။လမ်းတောင်ဖြောင့်ဖြောင့်မလျှောက်နိုင်ဘူး။
အခုတောင်ဖင်ကိုင်တာနဲ့ နာနေတုန်း...ယီးပဲ။
"ဒါနဲ့...အမေ့ကိုမေးစရာရှိသေးတယ်"
ထယ်ယောင်းကဖုန်းကိုလက်နဲ့အုပ်၍ တံခါးဝကိုကြည့်ပြီး
"အမေပြောတော့ အပေါ်ထပ်မှာနေရင်မနာဘူးဆို...ပိုနာတယ်အမေရ"
သူမေးတော့ အမေကဘယ်လိုလုပ်ကြလို့နာရသလဲဆိုပြီး နှိုက်နှိုက်ချွတ်ချွတ်တွေမေးလာတာမို့ ရေနွေးအိုးတည်ထားတာမေ့နေသည်ဟု အကြောင်းပြ၍ဖုန်းချလိုက်သည်။
"အလကား...အမေ့ကိုယုံမိတာဆယ်ပါးမှောက်တော့တာပဲ...ငါ့ဘာသာနဂိုတည်းကအောက်မှနေလိုက်ရင် ကောင်းသား.."
ထယ်ယောင်းမှာ သူ့ဖင်လေးကိုကိုင်ရင်းနဲ့ပဲ တစ်ယောက်တည်းအားမလိုအားမရဖြစ်၍ နောက်တစ်ခါနေရင်တော့ အလိုက်တသိအောက်မှာပဲနေတော့မယ်ဟု တွေးနေတော့သည်။
Kimharu4121992🌵Borahae💜
#ကဲ...မခွဲချင်သေးဘူးဆိုတဲ့ readerလေးတွေကြောင့်ကိုယ်ထပ်ဆွဲဆန့်ပြီး ရေးပေးလိုက်ပါတယ်ရှင့်♡
ခွဲတာတော့တစ်ကယ်ခွဲရတော့မှာနော်😞
Zawgyi
"ကိုကို...မနက်စာစား...."
...
"အာ...ဆရာမရှင်း"
"မဖြစ်ဘူး!!"
...
"ဟို...ဘာများအဆင်မပြေတာ..."
"ဟုတ်ကဲ့"
"ဗျာ!"
"ဘယ်နားနာ"
"အာ...ဟုတ်ကဲ့...ဘယ်...နား...နား"
"ဘယ်..နား..နာ့"
"ဪ..အင်းအင်း...ဘယ်နား..နာ"
"စ..နိတ်"
"စ..နိတ်"
"No!...စနိတ်ခ်"
"စ..နိတ်"
"စနိတ်ခ်"
"စနိတ်"
"စနတ်ခ်လို့!"
"ဟုတ်ကဲ့...စနိတ်"
"အား!!...တော်တော့!!"
"ဘာဖြစ်တာလဲ ဆရာကင်မ်"
"ကြွက်...ကြွက်တက်လို့ပါ"
"သောက်ရူးကောင်!"
...
"ဗျာ!...တစ်ကယ်ကြီးလား"
"တစ်ကယ်ပါဆို"
...
..
"ကမ်းပေ့!!!"
"ကမ်းပေ့!!"
"ကမ်းပေ့!!"
"ကမ်းပေ့!!"
...
'ဖြောင်း!!'
"ဂျောင်ကုကီး!!"
"ဟက်!...အလည်လေး"
"ချစ်တယ်"
"ဘယ်လောက်ချစ်လဲ"
"ကိုကိုကတော့ဗျာ"
"ဒါဆို...ခဏစောင့်"
"ကိုကို!!"
"ကိုကို ဘာလုပ်မလို့လဲ"
'ဂျောက်'
"ခေါင်းလျှော်လာတာလား"
"အင်း"
"ကြောက်ရောကြောက်လား"
"အင်း"
"ရပြီ...ရေခြောက်သွားပြီ"
"ကိုကို"
"ဟင်"
"နမ်းချင်တယ်"
"အာ့!...ဘာလို့ကိုက်တာလဲ"
"ချစ်လို့ကိုက်တာ"
"ဘာလို့လဲ ကိုကို"
"မ...မနေတတ်လို့"
"အား!!...ယီး!!...နာတယ်!!...ပြန်ထုတ်!!"
"ကိုကို ရလို့လား"
'တီ...တီ...တီ'
There are no comments yet. Log in to be the first to leave a review!