11
20:03, 17 October 2024"Fourth ငါနဲ့စကားပြောရအောင်"
Winny စကားကို fourth ကခေါင်းငြိမ့်ကာတုံ့ပြန်ရင်း တဖက်သို့ထွက်သွားကြသည်။
"Gemini မင်းတို့အခြေအနေဘယ်လိုလဲ"
Fourth ကိုကြည့်နေတဲ့ Gemini အား satang ကမေးသည်။
"သူငါ့ကိုရှောင်နေတယ် မင်းတို့အိမ်ကနေပြန်ရင် စကားသေချာပြောကြည့်မလို့"
"အင်း winny ငါ့ကိုပြောပြထားတာရှိတယ် fourth ဘာလို့ဒီလောက်စိတ်ဆိုးနေတာလဲဆိုတာလေ"
"ဘာလို့လဲ မင်း ငါ့ကိုပြောပြလို့ရတယ်မလား"________________________လွန်ခဲ့တဲ့ ၃ရက် ငါတို့ပြဿနာဖြစ်တဲ့နေ့
"Fourth!!"
ထွက်ပြေးသွားတဲ့ fourth ကို winny ကလှမ်းခေါ်လိုက်သည်။
"မင်းစိတ်ကိုအေးအေးထားပါအုန်း ဆရာနဲ့စကားသွားပြောလိုက်ပါ"
"အခုလိုမြင်နေတာတောင် ငါကဘာသွားပြောရမှာလဲ"
"ဟိတ် fourth ဆိုတာလား"
ငါတို့ဆီစကားလာပြောတဲ့ ခုနက p'gem နဲ့နမ်းနေတဲ့ အမျိုးသမီး
"ခများဘာလာလုပ်တာလဲ"
ပြန်ပြောနေတဲ့ winny ကိုငါတားလိုက်သည်။
"Winny မပြောနဲ့တော့"
"Fourth မင်းနဲ့စကားပြောချင်လို့ပါ တို့သတင်းတွေကြားထားသလာက် မင်းနဲ့ gemက ဆရာတပည့်ဆက်ဆံရေးထက်ပိုနေသလိုဘဲနော် ပြီးတော့ gem ကမင်းလိုယောကျာ်းတယောက်ကိုကြိုက်မယ်ထင်နေတာလား"
"ကြိုက်လို့ဘဲ ခုနကဖြစ်သွားတာကိုကြည့်လေ အဒေါ်ရဲ့"
Winny ဆီကစကားကိုကြားတော့ အဲ့အမျိုးသမီးဟာ စိတ်တိုသွားဟန်
"ဘာဘဲဖြစ်ဖြစ် gem နဲ့တို့နဲ့ကအလယ်တန်းထဲကသိလာကြတာပါ သူ့အကြောင်းကို တို့ကပိုသိသလို သူနဲ့တို့ကဟိုးအရင်ထဲကဇာတ်လမ်းတွေရှိခဲ့ဖူးပါတယ်"
"အဲ့တာ ကျတော်တို့နဲ့ဘာဆိုင်လို့လဲ"
"ပြောပြထားတာပါ တော်ကြာ အရင်လူဖြစ်တဲ့ တို့ ဆီပါသွားလို့ အခုလိုလာငိုနေမှာစိုးရိမ်လို့ ကဲ တို့ သွားတော့မယ်"
"ငါအဲ့အဒေါ်ကြီးကိုလုပ်မိတော့မယ်"
"ထားလိုက်ပါ သူပြောတာလဲမှန်တာဘဲလေ အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်းကိုဘဲတဝဲလည်တတ်ကြတာဘဲ"
"အတိတ်ကိုအတိတ်မှာဘဲထားတာကောင်းတယ်"
"အရင်လူပြန်လာရင် နောက်လူကအရှုံးဘဲ Winny ငါကဘယ်လိုလုပ် အရင်လူကိုယှဉ်နိုင်မှာလဲ"
"ဆရာကအဲ့လိုလူမဟုတ်ပါဘူး"
"မင်းလင်ရဲ့သူငယ်ချင်းဆိုပြီး ကောင်းတယ်စွတ်ထင်မနေနဲ့"
Fourth ပြောရင်းထွက်လာလိုက်သည်။
"ဘယ်သွားမလို့လဲ fourth"
"အိမ်"
"ငါလဲလိုက်ခဲ့မယ်"
Fourth လဲဘာမှပြန်မပြောဘဲ အိမ်သာပြန်လာလိုက်သည်။
"Fourth...Fourth"
"ဟာ ဘာလို့ခနခနခေါ်နေတာတုန်း မင်းလင်မဟုတ်ဘူး"
ငါစိတ်ပေါက်လာလို့ အော်လိုက်သည်။တကယ်လဲစိတ်ပေါက်ချင်စရာပါဘဲ။
"ဘော မင်းဖွင့်ပြောအုန်းမှာလားမေးမလို့"
"ဖွင့်ပြောရအောင် ငါကစောက်ရူးလား"
"စောက်ရူးလုပ်လိုက်လေ"
"မင်းလိုကောင်ကတော့လုပ်မှာပေါ့ ပြီးတော့ ငါ ဆရာနဲ့ပတ်သတ်မှာလဲမဟုတ်ဘူး ငါမပတ်သတ်ချင်တော့ဘူး"
ငါနဲ့ winny အချေအတင်ဖြစ်နေတုန်း winny ဆီဖုန်းလာသည်။
"ငါအကောင်းပြောနေတာ မင်း ဆရာရှင်းပြတာနားထောင်လိုက်"
Winny ဖုန်းကိုင်ပြီး ငါ့ကိုပြောကာထွက်သွားသည်။ငါလဲဖုန်းဆက်တာ ဒေါက်တာမှန်းသိတာကြောင့် နောက်ကလိုက်သွားသည်။သူရောက်လာမယ် လို့ငါထင်တာမို့ပင်။
"မလာပါနဲ့"
ဆရာ့ ခြေလှမ်းတွေက ငါ့ရဲ့စကားကြောင့်ရပ်တန့်သွားခဲ့တယ်။
"ထွက်သွားပါ ကျတော် ခများကိုမတွေ့ချင်တာမို့လို့"
"ကိုယ်ပြောတာကိုနားထောင်ပေးပါအုန်း"
"ကျတော် ခများအသံကိုမကြားချင်ဘူး ထွက်သွားပေးပါ"
ပြောပြီး fourth အိမ်ထဲသို့ဝင်သွားသည်။______________________Gemini လက်သီးကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
"Zo ကအဲ့လိုပြောခဲ့တာလား"
"အင်း မင်းဘယ်သွားမလို့လဲ"
Gemini ထထွက်သွားတာကြောင့် satang မေးလိုက်သည်။
"Fourth ဆီကို"_____________WS____________ဟိုအတွဲကိစ္စပြီးတော့ သူတို့ကိုပြန်ခိုင်းကာ ငါတို့အပြင်သွားဖို့စပြင်ရတော့သည်။
ကားပေါ်တက်ပြီးတော့နောက် Satang ကားမောင်းရင်း Winny ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။
ငါတို့ အိမ်ဝယ်ဖို့လိုက်ကြည့်မလို့ထွက်လာတာပင်။
"မောင် ကြိုက်တဲ့အိမ်တွေ့ရင်ပြောနော်"
"အမ်းမယ်ပေါ့ ဒေါက်တာက"
"မင်းတယောက်ထဲကိုဘဲ"
"ဒေါက်တာကမိုက်တယ်ဗျာ အာဘွားပေးအုန်းမယ်"
"မလုပ်နဲ့လေ ကားမောင်းနေတာကို"
ငါ့စကားကြောင့် winny ကငါ့လက်ကိုဘဲနမ်းသွားသည်။
ပွဲစားခေါ်ထားတဲ့အိမ်တွေလိုက်ကြည့်ရင်း ညအချိန်ထိရောက်တာတောင် ငါတို့အကြိုက်အိမ်ရှာမတွေ့ခဲ့ပါ။
ငါတို့ပြန်ဖို့လုပ်နေရင်း ပွဲစားက နောက်ဆုံးတအိမ်ဝင်ကြည့်လိုက်ပါဆိုတော့ သွားကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
အရမ်းလဲမကြီးသလို အရမ်းလဲမသေးတဲ့ ခြံဝင်းထဲကားရပ်လိုက်ကာ အိမ်ပေါ်တက်လာလိုက်သည်။လူနှစ်ယောက်အတွက် သင့်တော်တဲ့အကျယ်အဝန်းရယ် ကောင်းကင်ရှုခင်းကြည့်ဖို့အတွက် ကိုက်ညီတဲ့ balcony လေးရယ်။ပြည့်စုံလွန်းပါတယ်
"ဒေါက်တာ ကျတော်ဒီအိမ်မဆိုးဘူးလို့ထင်တယ်"
"အင်း ငါလဲကြိုက်တယ် မောင်"
ငါတို့အချင်းချင်းတိုင်ပင်ပြီး စျေးညှိကာဒီအိမ်ကိုဝယ်ဖို့ဆုံးဖြတ်လိုက်သည်။
"ဒေါက်တာ ကျတော်စိတ်လှုပ်ရှားနေတယ်"
"ဘာကိုလဲ မောင်"
ငါပြုံးကာ မောင့်ကိုမေးလိုက်သည်။
"ဒေါက်တာနဲ့အတူနေဖို့ကိုလေ မနက်နိုးရင် ဒေါက်တာ့ကိုမြင်နေရမယ် ဒေါက်တာနဲ့နေ့တိုင်းအတူဖြတ်သန်းရတော့မှာလေ"
"အခုလဲအဲ့လိုဘဲနေနေရတာလေဗျာ"
"အခုနဲ့မတူဘူးလေ ဒီအိမ်ကကျတော်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်အိမ်လေးဖြစ်လာမှာ"
"ဒီအခြေအနေကို မှတ်တမ်းတင်ထားရမယ်"
ငါ ဖုန်းထုတ်ကာ ပြောလိုက်သည်။
"ဓာတ်ပုံရိုက်မလို့လား"
"အင်းလေ အခုခေတ်ကအဲ့လိုရိုက်တင်နေကြတာမဟုတ်ဘူးလား"
"တင်တာကတင်တာပေါ့ ဒါမဲ့ဒေါက်တာကအဲ့လောက်အသက်မကြီးသေးပါဘူးဗျာ"
"မကြီးသေးပေမဲ့ ခေတ်နောက်ကျနေတာကို"
"အော်..."
ငါ့ရုပ်ကိုကြည့်ကာ winny ကရယ်သည်။
"ဘာရယ်တာတုန်း မောင်"
"ဒေါက်တာကချစ်ဖို့ကောင်းလို့"
"ဘာတုန်း မင်းနော်"
ငါရှက်တာကိုတောင် ချစ်စရာလေးဆိုတာလိုက်နမ်းနေပြန်သည်။
"ကားမောင်းနေတယ်လေကွာ မောင်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ငါမျက်စောင်းထိုးလိုက်တော့ ရီလျက် ခေါင်းငြိမ့်ကာ ဖယ်ပေးသည်။ရှက်နေသေးတာကြောင့် အိမ်ရောက်တာနဲ့ ကားကိုပါကင်မြန်မြန်ထိုးကာ အိမ်ထဲဝင်ပြေးလိုက်သည်။
"ဒေါက်တာ ဘယ်ကိုပြေးတာလဲ"
ငါ ဒေါက်တာ့ရဲ့ခါးသေးသေးလေးကိုဖက်ကာ မေးလိုက်သည်။
"မပြေးပါဘူး ရေချိုးမလို့ ဖယ်"
"မချိုးနဲ့ အိပ်ကြမယ်"
"ဟေး မောင် winny!!"
"စိတ်ချ တညလုံးအော်ရမှာ"
"မရဘူးလေ မနက်ဖြန် ကျောင်းသွားရမှာကို"
"ဒေါက်တာနားလိုက်လို့ရတာဘဲ"
လူဆိုတာ အပြောနဲ့အလုပ်ညီရမယ်လို့ ငါ့အမေကသင်ပေးထားတယ်။အမေ့စကားနားထောင်တဲ့ သားတယောက်အနေနဲ့ တညလုံးအလုပ်နဲ့သက်သေပြခဲ့သည်။_______________________*တီ တီ တီ*
နှိုးစက်ကြောင့် ငါ့ဒေါက်တာမနိုးခင် ငါထကာပိတ်လိုက်ပြီး ပြန်အိပ်ခိုင်းနေတဲ့ မျက်လုံးကိုအတင်းဖွင့်ကာ ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်။
ညကပင်ပန်းထားတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ ချစ်ရသူရဲ့နဖူးအထက်ကို အနမ်းပေးကာ အခန်းထဲကထွက်ဖို့ပြင်လိုက်တော့ ငါ့စိတ်တွေလေးလံနေသည်။
တခြားနေ့တွေနဲ့မတူ ဒီနေ့မှ တခုခုကိုဆုံးရှုံးရတော့မဲ့ခံစားချက်မျိုးဝင်နေသည်။ဒီအခန်းထဲကနေထွက်မသွားချင်။
ဒီတိုင်း ကျောင်းမသွားတာကြာလို့ဖြစ်တာပါ လို့ဘဲတွေးကာ ငါ အခန်းထဲကထွက်လာလိုက်သည်။
"မေမေ ဒေါက်တာ့ကိုဂရုစိုက်ပေးအုန်းနော်"
"အေး သား ဒါနဲ့သားလေးကဘာလို့မလိုက်တာလဲ"
"အော် ညကနေမကောင်းလို့သားနားခိုင်းလိုက်တာ မေမေ ဟဲဟဲ"
"ဟုတ်လား မေမေဂရုစိုက်လိုက်မယ်နော် သား"
"သား သွားတော့မယ်နော်"
"အေး အေး"
မေမေ တို့ကိုနှုတ်ဆက်ကာ winny ကျောင်းကိုထွက်လာလိုက်တယ်။
ကျောင်းမှာ မနေ့ကတွေ့ခဲ့တဲ့ အတွဲကို ကူညီပေးရသေးတယ်။ကျောင်းတရက်လာလိုက်တာနဲ့ သူတို့စောက်လုပ်တွေချည်းဘဲ။
အိမ်ပြန်ရောက်မှ ငါ့ဒေါက်တာလေးကိုတဝဖက်ပစ်အုန်းမယ်။ငါ့ဒေါက်တာလေးကိုလွမ်းလိုက်တာ အခုချိန်အိမ်ကို ပြေးသွားလို့ရရင်ကောင်းမယ်။
ဒေါက်တာမရှိတဲ့ ကျောင်းကအချိန်တွေကိုဖြတ်ကျော်နိုင်ခဲ့ပြီး ကျောင်းဆင်းချိန်ရောက်တော့ အပြုံးနဲ့အတူ ငါထွက်လာခဲ့တယ်။
ဒါပေမဲ့ ဒေါက်တာလာမကြိုတာမို့ ငါ့ အပြုံးတွေကကြာရှည်မခံလိုက်ပါ။
"တစ်စုံတစ်ယောက်ကတော့ လင်လာမကြိုလို့ ငိုတော့မယ်ထင်တယ်"
ငါကူညီပေးလိုက်လို့ အဆင်ပြေသွားတဲ့အတွဲက ငါ့ကိုလာလှောင်နေကြသည်။
"လီးဘဲ fourth"
ဘာဖြစ်လဲ သူလာမကြိုလဲ ငါ့ဟာငါ ပြန်လို့ရတာဘဲ။ငါ့အိမ်ပြန်လမ်းလေးဟာ အရင်တုန်းကလို ဒေါက်တာမပါတော့ မသာယာခဲ့ပါ။
ဘာတွေအလုပ်များနေလို့လာမကြိုနိုင်ရတာလဲ ဒါမှမဟုတ် ငါများလွန်သွားတာလား။
စိုးရိမ်စိတ်နဲ့ ငါအိမ်ကိုအမြန်ပြေးရတော့သည်။အိမ်ထဲပြေးဝင်တော့ ဖေဖေဟာ ငါ့ကိုစိုးရိမ်တကြီး ဘာလို့ပြေးလာတာလဲလို့တောင်မေးရသည်။
"ဒေါက်တာကော.."
"သားလေးက မနက်ထဲကထွက်သွားတာ အခုထိပြန်မလာသေးဘူး"
"ဘာမှပြောမသွားဘူးလား"
"သူပြန်လာမယ် လို့တော့ပြောသွားတာဘဲ ဖေဖေက သားနဲ့အတူပြန်လာမယ်ထင်နေတာ"
"သားဖုန်းဆက်ကြည့်လိုက်မယ်"
ငါ ဖုန်းတွေအထပ်ထပ်ခေါ်ပေမဲ့ စက်ပိတ်ထားပါသည်နဲ့ဘဲ တိုးကာ ခေါ်မရ။ဆရာ့ ကိုမေးကြည့်တော့လဲ သူနဲ့အတူမရှိဘူးလို့ပြောသည်။
ဒေါက်တာ့ အိမ်ကိုသွားကြည့်ပေမဲ့ အိမ်ကသော့ခတ်ထားတဲ့အပြင် မီးတွေလဲပိတ်ထားတာကြောင့် ငါပြန်လာရသည်။
ညနေကျောင်းဆင်းကနေ ညအထိလိုက်ရှာပြီးနောက် ငါအိမ်ပြန်လာတဲ့အထိ ဒေါက်တာရောက်မလာသေးပေ။
"Winny မင်းဒီနေ့တော့ဒီလောက်နဲ့နားလိုက်တော့ ဒေါက်တာသေချာပေါက်ပြန်လာမှာပါ"
Fourth ရဲ့အားပေးမှုကို ခေါင်းငြိမ့်ပြရင်း လက်ခံလိုက်သည်။
ငါ ဒီနေ့ကျောင်းမသွားလိုက်သင့်တာကွာ....____________________________တိုတိုလေးဘဲ။ စာမစစ်ထားပါ။မ up ဖြစ်တာက Wp ကအခုတလောဝင်လို့မရလို့ပါဗျ။
Zawgyi
"Fourth ငါနဲ႔စကားေျပာရေအာင္"
Winny စကားကို fourth ကေခါင္းၿငိမ့္ကာတုံ႔ျပန္ရင္း တဖက္သို႔ထြက္သြားၾကသည္။
"Gemini မင္းတို႔အေျခအေနဘယ္လိုလဲ"
Fourth ကိုၾကည့္ေနတဲ့ Gemini အား satang ကေမးသည္။
"သူငါ့ကိုေရွာင္ေနတယ္ မင္းတို႔အိမ္ကေနျပန္ရင္ စကားေသခ်ာေျပာၾကည့္မလို႔"
"အင္း winny ငါ့ကိုေျပာျပထားတာရွိတယ္ fourth ဘာလို႔ဒီေလာက္စိတ္ဆိုးေနတာလဲဆိုတာေလ"
"ဘာလို႔လဲ မင္း ငါ့ကိုေျပာျပလို႔ရတယ္မလား"________________________လြန္ခဲ့တဲ့ ၃ရက္ ငါတို႔ျပႆနာျဖစ္တဲ့ေန႔
"Fourth!!"
ထြက္ေျပးသြားတဲ့ fourth ကို winny ကလွမ္းေခၚလိုက္သည္။
"မင္းစိတ္ကိုေအးေအးထားပါအုန္း ဆရာနဲ႔စကားသြားေျပာလိုက္ပါ"
"အခုလိုျမင္ေနတာေတာင္ ငါကဘာသြားေျပာရမွာလဲ"
"ဟိတ္ fourth ဆိုတာလား"
ငါတို႔ဆီစကားလာေျပာတဲ့ ခုနက p'gem နဲ႔နမ္းေနတဲ့ အမ်ိဳးသမီး
"ခမ်ားဘာလာလုပ္တာလဲ"
ျပန္ေျပာေနတဲ့ winny ကိုငါတားလိုက္သည္။
"Winny မေျပာနဲ႔ေတာ့"
"Fourth မင္းနဲ႔စကားေျပာခ်င္လို႔ပါ တို႔သတင္းေတြၾကားထားသလာက္ မင္းနဲ႔ gemက ဆရာတပည့္ဆက္ဆံေရးထက္ပိုေနသလိုဘဲေနာ္ ၿပီးေတာ့ gem ကမင္းလိုေယာက်ာ္းတေယာက္ကိုႀကိဳက္မယ္ထင္ေနတာလား"
"ႀကိဳက္လို႔ဘဲ ခုနကျဖစ္သြားတာကိုၾကည့္ေလ အေဒၚရဲ့"
Winny ဆီကစကားကိုၾကားေတာ့ အဲ့အမ်ိဳးသမီးဟာ စိတ္တိုသြားဟန္
"ဘာဘဲျဖစ္ျဖစ္ gem နဲ႔တို႔နဲ႔ကအလယ္တန္းထဲကသိလာၾကတာပါ သူ႔အေၾကာင္းကို တို႔ကပိုသိသလို သူနဲ႔တို႔ကဟိုးအရင္ထဲကဇာတ္လမ္းေတြရွိခဲ့ဖူးပါတယ္"
"အဲ့တာ က်ေတာ္တို႔နဲ႔ဘာဆိုင္လို႔လဲ"
"ေျပာျပထားတာပါ ေတာ္ၾကာ အရင္လူျဖစ္တဲ့ တို႔ ဆီပါသြားလို႔ အခုလိုလာငိုေနမွာစိုးရိမ္လို႔ ကဲ တို႔ သြားေတာ့မယ္"
"ငါအဲ့အေဒၚႀကီးကိုလုပ္မိေတာ့မယ္"
"ထားလိုက္ပါ သူေျပာတာလဲမွန္တာဘဲေလ အသစ္ေတြဘယ္ေလာက္ေကာင္းေကာင္း အေဟာင္းကိုဘဲတဝဲလည္တတ္ၾကတာဘဲ"
"အတိတ္ကိုအတိတ္မွာဘဲထားတာေကာင္းတယ္"
"အရင္လူျပန္လာရင္ ေနာက္လူကအရွုံးဘဲ Winny ငါကဘယ္လိုလုပ္ အရင္လူကိုယွဥ္နိုင္မွာလဲ"
"ဆရာကအဲ့လိုလူမဟုတ္ပါဘူး"
"မင္းလင္ရဲ့သူငယ္ခ်င္းဆိုၿပီး ေကာင္းတယ္စြတ္ထင္မေနနဲ႔"
Fourth ေျပာရင္းထြက္လာလိုက္သည္။
"ဘယ္သြားမလို႔လဲ fourth"
"အိမ္"
"ငါလဲလိုက္ခဲ့မယ္"
Fourth လဲဘာမွျပန္မေျပာဘဲ အိမ္သာျပန္လာလိုက္သည္။
"Fourth...Fourth"
"ဟာ ဘာလို႔ခနခနေခၚေနတာတုန္း မင္းလင္မဟုတ္ဘူး"
ငါစိတ္ေပါက္လာလို႔ ေအာ္လိုက္သည္။တကယ္လဲစိတ္ေပါက္ခ်င္စရာပါဘဲ။
"ေဘာ မင္းဖြင့္ေျပာအုန္းမွာလားေမးမလို႔"
"ဖြင့္ေျပာရေအာင္ ငါကေစာက္႐ူးလား"
"ေစာက္႐ူးလုပ္လိုက္ေလ"
"မင္းလိုေကာင္ကေတာ့လုပ္မွာေပါ့ ၿပီးေတာ့ ငါ ဆရာနဲ႔ပတ္သတ္မွာလဲမဟုတ္ဘူး ငါမပတ္သတ္ခ်င္ေတာ့ဘူး"
ငါနဲ႔ winny အေခ်အတင္ျဖစ္ေနတုန္း winny ဆီဖုန္းလာသည္။
"ငါအေကာင္းေျပာေနတာ မင္း ဆရာရွင္းျပတာနားေထာင္လိုက္"
Winny ဖုန္းကိုင္ၿပီး ငါ့ကိုေျပာကာထြက္သြားသည္။ငါလဲဖုန္းဆက္တာ ေဒါက္တာမွန္းသိတာေၾကာင့္ ေနာက္ကလိုက္သြားသည္။သူေရာက္လာမယ္ လို႔ငါထင္တာမို႔ပင္။
"မလာပါနဲ႔"
ဆရာ့ ေျခလွမ္းေတြက ငါ့ရဲ့စကားေၾကာင့္ရပ္တန့္သြားခဲ့တယ္။
"ထြက္သြားပါ က်ေတာ္ ခမ်ားကိုမေတြ႕ခ်င္တာမို႔လို႔"
"ကိုယ္ေျပာတာကိုနားေထာင္ေပးပါအုန္း"
"က်ေတာ္ ခမ်ားအသံကိုမၾကားခ်င္ဘူး ထြက္သြားေပးပါ"
ေျပာၿပီး fourth အိမ္ထဲသို႔ဝင္သြားသည္။______________________Gemini လက္သီးကိုတင္းတင္းဆုပ္ကိုင္လိုက္သည္။
"Zo ကအဲ့လိုေျပာခဲ့တာလား"
"အင္း မင္းဘယ္သြားမလို႔လဲ"
Gemini ထထြက္သြားတာေၾကာင့္ satang ေမးလိုက္သည္။
"Fourth ဆီကို"_____________WS____________ဟိုအတြဲကိစၥၿပီးေတာ့ သူတို႔ကိုျပန္ခိုင္းကာ ငါတို႔အျပင္သြားဖို႔စျပင္ရေတာ့သည္။
ကားေပၚတက္ၿပီးေတာ့ေနာက္ Satang ကားေမာင္းရင္း Winny ရဲ့လက္ကိုဆုပ္ကိုင္လိုက္သည္။
ငါတို႔ အိမ္ဝယ္ဖို႔လိုက္ၾကည့္မလို႔ထြက္လာတာပင္။
"ေမာင္ ႀကိဳက္တဲ့အိမ္ေတြ႕ရင္ေျပာေနာ္"
"အမ္းမယ္ေပါ့ ေဒါက္တာက"
"မင္းတေယာက္ထဲကိုဘဲ"
"ေဒါက္တာကမိုက္တယ္ဗ်ာ အာဘြားေပးအုန္းမယ္"
"မလုပ္နဲ႔ေလ ကားေမာင္းေနတာကို"
ငါ့စကားေၾကာင့္ winny ကငါ့လက္ကိုဘဲနမ္းသြားသည္။
ပြဲစားေခၚထားတဲ့အိမ္ေတြလိုက္ၾကည့္ရင္း ညအခ်ိန္ထိေရာက္တာေတာင္ ငါတို႔အႀကိဳက္အိမ္ရွာမေတြ႕ခဲ့ပါ။
ငါတို႔ျပန္ဖို႔လုပ္ေနရင္း ပြဲစားက ေနာက္ဆုံးတအိမ္ဝင္ၾကည့္လိုက္ပါဆိုေတာ့ သြားၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။
အရမ္းလဲမႀကီးသလို အရမ္းလဲမေသးတဲ့ ၿခံဝင္းထဲကားရပ္လိုက္ကာ အိမ္ေပၚတက္လာလိုက္သည္။လူႏွစ္ေယာက္အတြက္ သင့္ေတာ္တဲ့အက်ယ္အဝန္းရယ္ ေကာင္းကင္ရွုခင္းၾကည့္ဖို႔အတြက္ ကိုက္ညီတဲ့ balcony ေလးရယ္။ျပည့္စုံလြန္းပါတယ္
"ေဒါက္တာ က်ေတာ္ဒီအိမ္မဆိုးဘူးလို႔ထင္တယ္"
"အင္း ငါလဲႀကိဳက္တယ္ ေမာင္"
ငါတို႔အခ်င္းခ်င္းတိုင္ပင္ၿပီး ေစ်းညႇိကာဒီအိမ္ကိုဝယ္ဖို႔ဆုံးျဖတ္လိုက္သည္။
"ေဒါက္တာ က်ေတာ္စိတ္လွုပ္ရွားေနတယ္"
"ဘာကိုလဲ ေမာင္"
ငါျပဳံးကာ ေမာင့္ကိုေမးလိုက္သည္။
"ေဒါက္တာနဲ႔အတူေနဖို႔ကိုေလ မနက္နိုးရင္ ေဒါက္တာ့ကိုျမင္ေနရမယ္ ေဒါက္တာနဲ႔ေန႔တိုင္းအတူျဖတ္သန္းရေတာ့မွာေလ"
"အခုလဲအဲ့လိုဘဲေနေနရတာေလဗ်ာ"
"အခုနဲ႔မတူဘူးေလ ဒီအိမ္ကက်ေတာ္တို႔ႏွစ္ေယာက္ရဲ့ကိုယ္ပိုင္အိမ္ေလးျဖစ္လာမွာ"
"ဒီအေျခအေနကို မွတ္တမ္းတင္ထားရမယ္"
ငါ ဖုန္းထုတ္ကာ ေျပာလိုက္သည္။
"ဓာတ္ပုံရိုက္မလို႔လား"
"အင္းေလ အခုေခတ္ကအဲ့လိုရိုက္တင္ေနၾကတာမဟုတ္ဘူးလား"
"တင္တာကတင္တာေပါ့ ဒါမဲ့ေဒါက္တာကအဲ့ေလာက္အသက္မႀကီးေသးပါဘူးဗ်ာ"
"မႀကီးေသးေပမဲ့ ေခတ္ေနာက္က်ေနတာကို"
"ေအာ္..."
ငါ့႐ုပ္ကိုၾကည့္ကာ winny ကရယ္သည္။
"ဘာရယ္တာတုန္း ေမာင္"
"ေဒါက္တာကခ်စ္ဖို႔ေကာင္းလို႔"
"ဘာတုန္း မင္းေနာ္"
ငါရွက္တာကိုေတာင္ ခ်စ္စရာေလးဆိုတာလိုက္နမ္းေနျပန္သည္။
"ကားေမာင္းေနတယ္ေလကြာ ေမာင္"
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ"
ငါမ်က္ေစာင္းထိုးလိုက္ေတာ့ ရီလ်က္ ေခါင္းၿငိမ့္ကာ ဖယ္ေပးသည္။ရွက္ေနေသးတာေၾကာင့္ အိမ္ေရာက္တာနဲ႔ ကားကိုပါကင္ျမန္ျမန္ထိုးကာ အိမ္ထဲဝင္ေျပးလိုက္သည္။
"ေဒါက္တာ ဘယ္ကိုေျပးတာလဲ"
ငါ ေဒါက္တာ့ရဲ့ခါးေသးေသးေလးကိုဖက္ကာ ေမးလိုက္သည္။
"မေျပးပါဘူး ေရခ်ိဳးမလို႔ ဖယ္"
"မခ်ိဳးနဲ႔ အိပ္ၾကမယ္"
"ေဟး ေမာင္ winny!!"
"စိတ္ခ် တညလုံးေအာ္ရမွာ"
"မရဘူးေလ မနက္ျဖန္ ေက်ာင္းသြားရမွာကို"
"ေဒါက္တာနားလိုက္လို႔ရတာဘဲ"
လူဆိုတာ အေျပာနဲ႔အလုပ္ညီရမယ္လို႔ ငါ့အေမကသင္ေပးထားတယ္။အေမ့စကားနားေထာင္တဲ့ သားတေယာက္အေနနဲ႔ တညလုံးအလုပ္နဲ႔သက္ေသျပခဲ့သည္။_______________________*တီ တီ တီ*
ႏွိုးစက္ေၾကာင့္ ငါ့ေဒါက္တာမနိုးခင္ ငါထကာပိတ္လိုက္ၿပီး ျပန္အိပ္ခိုင္းေနတဲ့ မ်က္လုံးကိုအတင္းဖြင့္ကာ ေက်ာင္းသြားဖို႔ျပင္ဆင္ရေတာ့သည္။
ညကပင္ပန္းထားတာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနတဲ့ ခ်စ္ရသူရဲ့နဖူးအထက္ကို အနမ္းေပးကာ အခန္းထဲကထြက္ဖို႔ျပင္လိုက္ေတာ့ ငါ့စိတ္ေတြေလးလံေနသည္။
တျခားေန႔ေတြနဲ႔မတူ ဒီေန႔မွ တခုခုကိုဆုံးရွုံးရေတာ့မဲ့ခံစားခ်က္မ်ိဳးဝင္ေနသည္။ဒီအခန္းထဲကေနထြက္မသြားခ်င္။
ဒီတိုင္း ေက်ာင္းမသြားတာၾကာလို႔ျဖစ္တာပါ လို႔ဘဲေတြးကာ ငါ အခန္းထဲကထြက္လာလိုက္သည္။
"ေမေမ ေဒါက္တာ့ကိုဂ႐ုစိုက္ေပးအုန္းေနာ္"
"ေအး သား ဒါနဲ႔သားေလးကဘာလို႔မလိုက္တာလဲ"
"ေအာ္ ညကေနမေကာင္းလို႔သားနားခိုင္းလိုက္တာ ေမေမ ဟဲဟဲ"
"ဟုတ္လား ေမေမဂ႐ုစိုက္လိုက္မယ္ေနာ္ သား"
"သား သြားေတာ့မယ္ေနာ္"
"ေအး ေအး"
ေမေမ တို႔ကိုႏွုတ္ဆက္ကာ winny ေက်ာင္းကိုထြက္လာလိုက္တယ္။
ေက်ာင္းမွာ မေန႔ကေတြ႕ခဲ့တဲ့ အတြဲကို ကူညီေပးရေသးတယ္။ေက်ာင္းတရက္လာလိုက္တာနဲ႔ သူတို႔ေစာက္လုပ္ေတြခ်ည္းဘဲ။
အိမ္ျပန္ေရာက္မွ ငါ့ေဒါက္တာေလးကိုတဝဖက္ပစ္အုန္းမယ္။ငါ့ေဒါက္တာေလးကိုလြမ္းလိုက္တာ အခုခ်ိန္အိမ္ကို ေျပးသြားလို႔ရရင္ေကာင္းမယ္။
ေဒါက္တာမရွိတဲ့ ေက်ာင္းကအခ်ိန္ေတြကိုျဖတ္ေက်ာ္နိုင္ခဲ့ၿပီး ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ အျပဳံးနဲ႔အတူ ငါထြက္လာခဲ့တယ္။
ဒါေပမဲ့ ေဒါက္တာလာမႀကိဳတာမို႔ ငါ့ အျပဳံးေတြကၾကာရွည္မခံလိုက္ပါ။
"တစ္စုံတစ္ေယာက္ကေတာ့ လင္လာမႀကိဳလို႔ ငိုေတာ့မယ္ထင္တယ္"
ငါကူညီေပးလိုက္လို႔ အဆင္ေျပသြားတဲ့အတြဲက ငါ့ကိုလာေလွာင္ေနၾကသည္။
"လီးဘဲ fourth"
ဘာျဖစ္လဲ သူလာမႀကိဳလဲ ငါ့ဟာငါ ျပန္လို႔ရတာဘဲ။ငါ့အိမ္ျပန္လမ္းေလးဟာ အရင္တုန္းကလို ေဒါက္တာမပါေတာ့ မသာယာခဲ့ပါ။
ဘာေတြအလုပ္မ်ားေနလို႔လာမႀကိဳနိုင္ရတာလဲ ဒါမွမဟုတ္ ငါမ်ားလြန္သြားတာလား။
စိုးရိမ္စိတ္နဲ႔ ငါအိမ္ကိုအျမန္ေျပးရေတာ့သည္။အိမ္ထဲေျပးဝင္ေတာ့ ေဖေဖဟာ ငါ့ကိုစိုးရိမ္တႀကီး ဘာလို႔ေျပးလာတာလဲလို႔ေတာင္ေမးရသည္။
"ေဒါက္တာေကာ.."
"သားေလးက မနက္ထဲကထြက္သြားတာ အခုထိျပန္မလာေသးဘူး"
"ဘာမွေျပာမသြားဘူးလား"
"သူျပန္လာမယ္ လို႔ေတာ့ေျပာသြားတာဘဲ ေဖေဖက သားနဲ႔အတူျပန္လာမယ္ထင္ေနတာ"
"သားဖုန္းဆက္ၾကည့္လိုက္မယ္"
ငါ ဖုန္းေတြအထပ္ထပ္ေခၚေပမဲ့ စက္ပိတ္ထားပါသည္နဲ႔ဘဲ တိုးကာ ေခၚမရ။ဆရာ့ ကိုေမးၾကည့္ေတာ့လဲ သူနဲ႔အတူမရွိဘူးလို႔ေျပာသည္။
ေဒါက္တာ့ အိမ္ကိုသြားၾကည့္ေပမဲ့ အိမ္ကေသာ့ခတ္ထားတဲ့အျပင္ မီးေတြလဲပိတ္ထားတာေၾကာင့္ ငါျပန္လာရသည္။
ညေနေက်ာင္းဆင္းကေန ညအထိလိုက္ရွာၿပီးေနာက္ ငါအိမ္ျပန္လာတဲ့အထိ ေဒါက္တာေရာက္မလာေသးေပ။
"Winny မင္းဒီေန႔ေတာ့ဒီေလာက္နဲ႔နားလိုက္ေတာ့ ေဒါက္တာေသခ်ာေပါက္ျပန္လာမွာပါ"
Fourth ရဲ့အားေပးမွုကို ေခါင္းၿငိမ့္ျပရင္း လက္ခံလိုက္သည္။
ငါ ဒီေန႔ေက်ာင္းမသြားလိုက္သင့္တာကြာ....____________________________တိုတိုေလးဘဲ။ စာမစစ္ထားပါ။မ up ျဖစ္တာက Wp ကအခုတေလာဝင္လို႔မရလို႔ပါဗ်။
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)





