10
19:33, 5 October 2024မနက်စာဝင်သင်တော့ သူသတိထားမိပါသည် fourth ဟာသူ့ကိုကြည့်နေသည်။သူပြန်ကြည့်တော့လဲ အကြည့်ချင်းလွှဲသွားခြင်းမရှိ အတွေးလွန်နေပုံဘဲ။
ငါ ဆူလိုက်ချင်ပေမဲ့ သက်ပြင်းတချက်ချကာ စာသင်တာကိုဘဲအာရုံစိုက်လိုက်သည်။
သူမနေ့ကအိမ်မှာပြောလိုက်သည်ကိုတွေးနေပုံထောက်တယ်။ကျောင်းဆင်းမှပြန်ချော့လိုက်တော့မယ် ဟုတွေးလိုက်သည်။
စာတွေပတ်သင်ရင်း ကိုယ်တိုင်တောင်မသိဘဲ ကျောင်းဟာဆင်းသွားသည်။ရုံးခန်းထဲပြန်ကာ ကားသော့ယူပြီး fourth ဆီသွားမယ်လို့ဆုံးဖြတ်လိုက်သည်။
ငါ ရုံးခန်းထဲရောက်တော့ အမျိုးသမီးတယောက်ကိုတွေ့သည်။
"ဆရာ ရောက်ပြီလားရှင့်"
"Zo မင်းပြန်လာတာလား"
ဒီအမျိုးသမီးက Zo..ငါ့ရဲ့ငယ်သူငယ်ချင်းလို့ဘဲပြောရမလား။ငါရယ် satang ရယ် Zo ရယ်က အလယ်တန်းထဲကခင်လာခဲ့တဲ့ သူငယ်ချင်းတွေ။ငါ့အတွက်က သူငယ်ချင်းဆိုပေမဲ့ Zo အတွက်တော့ ငါဟာ သူငယ်ချင်းထပ်ပိုခဲ့တယ်။
အထက်တန်းနှစ်စထဲက Zo ဟာ ငါ့ကိုပိုကပ်လာသည်။အိမ်ကိုလဲခနခနလာတယ် သူ့အိမ်ကိုလဲအမြဲခေါ်တယ် အထူးသဖြင့်သူ့အိမ်မှာလူမရှိတဲ့အချိန်တွေပေါ့။ချမ်းသာလွန်းတဲ့အတွက် ငါလိုချင်တာဘာမဆိုတော့ ဖြည့်ဆည်းပေးနိုင်တယ် ဒါပေမဲ့ ငါ့အတွက်အဲ့အရာတွေမလိုအပ်ပါ။
သူ ငါ့ကိုဖွင့်ပြောတော့ ငါ ငြင်းဆိုလိုက်တာကြောင့် ရှက်ကာ နိုင်ငံခြားကိုအပြီးပြောင်းသွားခြင်းဖြစ်သည်။
"အင်း တို့ ပြန်လာတာ"
"ဘယ်လိုပြန်ရောက်လာတာလဲ ဘာလို့လဲ"
"ဒီလိုဘဲ ကိစ္စလေးတွေရှိတယ်လေ"
"ဘာကိစ္စမို့လို့လဲ"
ငါ့အမေးကိုပြန်မဖြေဘဲ ဖုန်းအားတချက်ကြည့်ကာ ငါ့အား စာရေးစားပွဲနားတွန်းလိုက်သည်။အဲ့နောက် ငါကြောင်နေတုန်း ငါ့ပုခုံးပေါ်လက်တင်ကာ ငါ့အနားကပ်လာသည်။
"P'gem"
ငါ fourth ရဲ့အသံကိုကြားတာနဲ့ ချက်ချင်း Zo အားတွန်းဖယ်ရင်း fourth လက်အားကိုင်လိုက်သည်။ငါတို့ဘာမှမဖြစ်ပေမဲ့ သူတို့အမြင်မှာ ငါတို့ဟာနမ်းနေသယောင်ပင်။
"Fourth မဟုတ်ဘူး"
ငါ့ အားတွန်းဖယ်ကာ fourth နေရာကနေထွက်သွားသည်။
"Fourth! နေဦးလေ"
Fourth နောက်ကနေ လိုက်လာတဲ့ Gemini ကို satang က တားလိုက်ပြီး winny က fourth နောက်လိုက်သွားလိုက်သည်။
"Gem ခန စိတ်ကိုအေးအေးထား"
"Fourth အထင်လွှဲသွားပြီ"
"ငါသိတယ် အခုသူ့ကိုခနလောက်လွှတ်ထားပေးလိုက်"
Satang ရဲ့စကားကြောင့် Gemini စိတ်လျော့ကာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။
"ဒါ ဟိုကောင်မကြောင့်"
Gemini ချက်ချင်းနောက်ပြန်လှည့်ကာ ရုံးခန်းထဲပြန်ဝင်လိုက်တော့ Zo မရှိတော့ပေ။
"ချီးဘဲ ဘယ်တုန်းကရှောင်ပြေးသွားလဲမသိဘူး"
စိတ်တိုနေတဲ့ Gemini ကို satang ထိန်းကာထိုင်ခိုင်းလိုက်သည်။
"Gem စိတ်လျော့အုန်း ဒါကျောင်းမှာလေ မင်းတို့ကဘာလို့နမ်း..."
"လီးကိုနမ်းရမှာလားကွ"
ပြောပြီး ထပ်မံ၍ထလာတဲ့ Gemini ကို satang လိုက်ထိန်းရပါသေးသည်။
"မင်းဘယ်သွားမလို့လဲ"
"Fourth ဆီကိုလေ" ပြောကာ ငါ ရုံးခန်းထဲက ထွက်လာတော့ satang ကနောက်ကလိုက်လာတယ်။
"Gem သူမင်းကိုစကားပြောမယ်ထင်လား"
Fourth အိမ်နားရောက်တော့ နောက်ကလိုက်လာတဲ့ satang ကပြောသည်။
"မထင်ပါဘူး"
"အဲ့ဒါဆိုဘာလို့လာတာလဲ"
"သူမပြောလဲ ငါ့ဘက်ကပြောမှာလေ"
"ငါ winny ကိုခေါ်ထားတယ် သူလာဖွင့်ပေးလိမ့်မယ်"
Winny ကအိမ်တံခါးဖွင့်ပေးဖို့ လာတော့ အနောက်က fourth ပါ လိုက်ပါလာသည်။
"မလာပါနဲ့"
ငါ့ခြေလှမ်းတွေက ထိုကလေးရဲ့စကားတခွန်းမှာရပ်တန့်သွားခဲ့တယ်။
"ထွက်သွားပါ ကျတော် ခများကိုမတွေ့ချင်တာမို့လို့"
"ကိုယ်ပြောတာကိုနားထောင်ပေးပါအုန်း"
"ကျတော် ခများအသံကိုမကြားချင်ဘူး ထွက်သွားပေးပါ"
ပြောပြီး fourth ဟာထွက်သွားသည်။
"Fourth ကအခုထိစိတ်အဆင်မပြေသေးလို့ပါ သူ့ကိုအချိန်ခနပေးလိုက်ပါ"
Winny ကအိမ်ထဲကထွက်လာရင်းပြောသည်။
ငါ ခေါင်းညိတ်လိုက်ကာ fourth အိမ်နဲ့ဆန့်ကျင်ဘက်သို့ထွက်လာခဲ့ရသည်။
Satang နဲ့ winny ကတော့ငါ့ကိုနှစ်သိပ့်ပေးပါတယ်။
ထိုနေ့ကစပြီး fourth ဟာငါ့အိမ်ကိုမလာတော့ပေ။ကျောင်းမှာလဲ အရင်လိုမဟုတ်တော့ဘဲ ငါ့ကိုတောင်စကားပြန်မပြောတော့ပေ။ငါ့ကိုလဲရှောင်နေသည်။ဖြစ်ချင်တော့ ရင်ဖွင့်နေကျ satang နဲ့သူ့လင်ကပါ ရုတ်တရက်ကြီးပျောက်သွားသည်။
ရုတ်တရက်ကြီးဘာတွေဖြစ်ကုန်တာလဲငါမသိတော့ဘူး။
"Fourth ပြီးရင် ဆရာ့ရုံးခန်းထဲလာပေးပါ"
"ဟုတ်ကဲ့ပါ"
Fourth ကိုငါ့ရုံးခန်းထဲခေါ်ခဲ့လိုက်ပြီး အတန်းပြီးတော့ ငါရုံးခန်းထဲဝင်ကာ အမှတ်မရှိထိုင်စောင့်နေလိုက်သည်။
ထိုပြဿနာဖြစ်တဲ့နေ့ပြီးထဲက ငါ fourth နဲ့အတူနှစ်ယောက်ထဲရှိဖို့အမြဲကြိုးစားပေမဲ့ ကျရှုံးခဲ့သည်။ရုံးခန်းထဲလာဖို့ခေါ်ရင်လဲ fourth ဟာ မေ့သွားသည်ဆိုပြီး မလာသည်ကများသည်။ ကိုယ့်ဆရာကို မလေးစားရာကျပေမဲ့ ငါနားလည်ပါသည်။
အခုလဲ လာ၊မလာ မသေချာပါဘူး။
*ဒေါက် ဒေါက် ဒေါက်*
တံခါးခေါက်သံကြားတော့ ငါ မှန်ကြည့်ကာ ပြင်ဆင်ရင်း ဝင်ခိုင်းလိုက်သည်။
ငါ ထင်ထားသလို fourth မဟုတ်ပါ။သူတို့အတန်းက အတန်းခေါင်းဆောင်ပင်။winny မလာတော့ အခုတလောအဲ့ကောင်က fourth နားကိုအရမ်းကပ်နေသည်။အဲ့တာကြောင့် ငါအဲ့ကောင်ကို အလုပ်ခနခနခိုင်းထားရသည်။
"ဘာပြောစရာရှိလို့လဲ"
"ဆရာ တောင်းထားတဲ့ ဖိုင်ပါ ပြီးတော့ Fourth ကဆရာခေါ်ထားတာ အကအဖွဲ့ လေ့ကျင့်တာရှိလို့ မလာနိုင်ဘူးလို့ ပြောလိုက်တယ်ဗျ"
ငါ အတန်းခေါင်းဆောင်ဆိုတဲ့ကောင် ကိုခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါပြီ မင်းသွားလို့ရပြီ"
အဲ့ကောင် ငါ့ ရုံးခန်းထဲကထွက်သွားတော့ဘောင်းဘီအိတ်ကပ်ထဲက အသံမြည်နေတဲ့ဖုန်းကို ကိုင်လိုက်သည်။
"Satang မင်းကော winny ကောမတွေ့တာ ၃ရက်လောက်ရှိနေပြီ ဘာဖြစ်တာတုန်း ငါဖုန်းဆက်တော့လဲမကိုင်ဘူး"
"ငါအခု winny အိမ်မှာဘဲနေနေတာ မင်းကျောင်းဆင်းရင် fourth နဲ့အတူတူလာခဲ့လိုက်"
"အင်း ဟုတ်ပြီလေ အဲ့ကျတွေ့မယ်"
ငါ တချက်ပြုံးရင်းဖုန်းချလိုက်သည်။ဘာဘဲဖြစ်ဖြစ် အတူတူရှိဖို့အခွင့်အရေးရတာပေါ့။
ဘောင်းဘီအိတ်ကပ်ထဲ ဖုန်းနှင့်အတူလက်ပါထည့်လိုက်ပြီး အကအဖွဲ့လေ့ကျင့်ရာအခန်းသို့သွားလိုက်သည်။
စတိတ်စင်ပေါ်မှာ လေ့ကျင့်နေတဲ့ fourth ကိုကြည့်လိုက်သည်။ဘယ်လိုကနေဘယ်လို အကအဖွဲ့ကိုရောက်သွားလဲမသိပေမဲ့ fourth ကနေတာကို တခြားလူတွေမြင်မှာကို ငါမလိုလားပေ။
ငါ နားတဲ့အချိန်အထိစောင့်နေရင်း fourth ဆီလျှောက်လာတုန်း အတန်းခေါင်းဆောင်ဆိုတဲ့ကောင်က ငါ့ရှေ့ကဖြတ်ကာ fourth ဆီရောက်သွားသည်။
"Fourth ရော့ ရေ ပင်ပန်းနေပြီလား"
"ဟင့်အင်း မပင်ပန်းပါဘူး"
Fourth က သူပေးတဲ့ရေပုလင်းကိုသောက်တော့ ငါ ကိုယ်တိုင်တောင်မသိဘဲ စိတ်ကတိုလာသည်။
"အော် ဆရာ လေ့ကျင့်တာလာကြည့်တာလားဗျ"
ငါ့ကိုသတိထားမိကာ မေးတော့ အတန်းခေါင်းဆောင်ကောင်ရဲ့ ပုခုံးကိုပုတ်လိုက်သည်။
"မင်းက အကအဖွဲ့ကမို့လို့ ဒီမှာလာနေနေတာလား"
"မဟုတ်ပါဘူးဗျ"
"အတန်းထဲမှာ ဆရာတွေစာသင်နေတယ်လေ စာတွေအရမ်းရနေရင်ပြော စာမေးပွဲကိုမင်းအတွက်သီးသန့်ကြိုစစ်ပေးမယ်"
"မဟုတ်ပါဘူး ဆရာ"လို့ ပြောပြီး အတန်းခေါင်းဆောင်ပြန်သွားတော့ fourth ဟာ မသိချင်ယောင်ဆောင်ကာထွက်သွားသည်။
"Fourth ဘယ်ကိုသွားတာလဲ ဘာလို့ကိုယ့်ကိုရှောင်နေရတာလဲ"
"ကျတော်မရှောင်ပါဘူး ဘာပြောစရာရှိလို့လဲ"
"ခနနေကျောင်းဆင်းရင် ကိုယ်နဲ့လိုက်ခဲ့"
"ဘာလို့လိုက်ရမှာတုန်း"
"ကိုယ် အခန်းရှေ့မှာစောင့်နေမယ်"
Fourth ဆီကဘာသံမှမကြားရတော့ပါ။fourth က ပြောင်းလဲသွားတယ်။ငါ့ကို ပြန်ပြောတာကိုဘဲ ကြည့်အုန်း။_______________________ကျောင်းဆင်းတော့ လေ့ကျင့်တဲ့အခန်းရှေ့မှာ ငါသွားစောင့်နေလိုက်သည်။fourth ကငါ့ကိုမသိသလိုလုပ်ကာ ဝင်တိုက်သွားသည်။
"Fourth ကိုယ်နဲ့ပြန်မယ်လို့ပြောထားတယ်လေ"
ငါ fourth လက်ကိုဆွဲကာ ကားနားခေါ်လာရင်းပြောလိုက်သည်။
"တခြားလူတွေရှိတယ်လေ ဆရာနဲ့ကျတော်နဲ့ကိုတမျိုးထင်ကုန်မယ်"
"အဲ့ဒါဆို လူတွေမမြင်ခင် မင်းကားထဲဝင်လိုက်တော့"
Fourth ကဘာမှမပြောဘဲ ငါ့ကို မကျေနပ်သလိုကြည့်ကာကားထဲဝင်သွားသည်။
ဒီကလေးတော်တော်ဆိုးလာတာဘဲ။
"ကျတော့်ကိုဘယ်ခေါ်သွားမလို့လဲ"
"မင်းသူငယ်ချင်းအိမ်ကို"
"ဘာကိစ္စရှိလို့လဲ ကျတော့်ကိုတောင်သူမလာခိုင်းတာ"
"မင်းသူငယ်ချင်းကိုယ်တိုင်ခေါ်ထားလို့ စပ်စုလိုက်တာကွာ ဟိုရောက်ရင်သိမှာပေါ့"
Fourth က မယုံသလိုလိုနဲ့စပ်စုနေတာကြောင့် ငါ ဟောက်လိုက်တော့ ငါနဲ့ဆန့်ကျင်ဘက်ကိုလှည့်ကာ ငြိမ်သွားသည်။_______________WS________________"မောင်တို့ဘယ်သွားမလို့လဲ ကိုကို"
ဒေါက်တာက ငါ့လက်ကိုဆွဲရင်း ရှေ့ဆက်နေရာမှ ရပ်ကာ ငါ့ကိုလှည့်ကြည့်သည်။
"တောင်းပန်ပါတယ်"
"ဘာကိုလဲ ဒေါက်တာ"
"ငါ့အိမ်က မင်းလိုမဟုတ်ဘူးလေ"
ငါ ဒေါက်တာ့ကို ဖက်လိုက်သည်။
"ကျတော်နားလည်ပါတယ် ဒေါက်တာ့မိဘတွေကိုအချိန်ပေးပြီးရှင်းပြလိုက်ပါ"
"ငါအိမ်မပြန်ချင်ဘူး"
"အင်း ကျတော့်အိမ်လိုက်ခဲ့လေနော့်"
"အဆင်ပြေပါ့မလား"
"အိမ်ကတောင်ခေါ်နေကြတာလေ ဒေါက်တာ့ကို ထမင်းစားဖိတ်ဖို့"
အဲ့ဒါတော့ဟုတ်ပါတယ် winny အိမ်ကငါဘယ်ချိန်သွားသွား ထမင်းစားပြီးမှပြန်ခိုင်းတယ် ခုနကသွားတုန်းကလဲ ထမင်းစားပြီးညပါအိပ်ခိုင်းနေကြတာ...ငါ့ဘက်ကအမြဲငြင်းနေတာတောင် မငြိုငြင်ကြဘူး။
"အင်း ဟုတ်ပြီလေ"
ငါတို့ winny အိမ်ကိုဘဲ လမ်းလျှောက်ပြီးသွားဖြစ်ကြသည်။ညအချိန်က လူသူမရှိ တိတ်ဆိတ်ပြီး ငါသဘောကျသည်။အထူးသဖြင့် winny နဲ့အတူရှိနေရတာကြောင့်ပေါ့။
ငါတို့ winny အိမ်ရောက်သွားတော့ အရင်လိုဘဲငါတို့ကို နွေးထွေးစွာကြိုဆိုသည်။
"သားလေးတို့ လာကြလေ winny ကိုလိုက်ပို့တာလား"
ငါ မပြောရဲတာကြောင့် winny အားအကြည့်လွှဲလိုက်တော့ winny ကသဘောပေါက်စွာ ခေါင်းငြိမ့်ပြသည်။
"မေမေ ဒေါက်တာ့ကိုဒီမှာအိပ်ခိုင်းလို့ရလား"
"ရတာပေါ့ သားလေးရဲ့"
Winny ရဲ့အမေက ငါ့လက်ကိုဆွဲကာ အိမ်ထဲခေါ်သွားသည်။
"အိမ်မှာ အခန်းမရှိတော့ဘူး သားလေး မေမေတို့နဲ့အတူအိပ်မလား"
"ဟာ မရဘူးလေဗျ ဒေါက်တာ့ကိုသားအခန်းထဲမှာဘဲထားမှာပေါ့"
"အမလေးတော် အကဲပိုနေတာများ ဒီကလဲစတာပါ အဲ့လိုဘဲ သားလေး winny နည်းနည်းကပ်စီးနှဲတယ် အအိပ်လဲကြမ်းတယ် တခုခုဆိုကုတင်ပေါ်ကကန်ချလိုက်"
"အိုးဟိုး...ရက်စက်လိုက်တာ"
"အိပ်ခွင့်ပေးလို့ ကျေးဇူးပါ မေမေခမျ"
"ဘာတွေကျေးဇူးတင်စရာလိုလို့လား ကဲ သွား နားတော့လေ"
"Krub"
"ခန winny သားပြီးရင်ပြန်လာခဲ့နော် မေမေပြောစရာရှိလို့လား"
"ဟုတ်ကဲ့ဗျ"
ငါ လန့်သွားသည်။ငါလာအိပ်တာကိုများမကြိုက်လို့လား။winny က ငါ့အားသူ့အခန်းထဲသွားခိုင်းပြီး ထွက်သွားသည်။winny အိမ်ကို အလွတ်နီးပါးရလောက်သည်အထိ ရောက်ဖူးနေတာကြောင့် သူ့အခန်းကဘယ်မှာလဲဆိုတာ ငါသိသည်လေ။
"ဟူး...."
အိမ်ရဲ့ ဝရံတာပါတဲ့ တဦးတည်းသောအခန်းဖြစ်တာကြောင့် ထိုဝရံတာကနေ ကောင်းကင်ကိုထိုင်ကာကြည့်နေလိုက်သည်။
အင်းပေါ့။ဒီလိုဝရံတာတွေနဲ့အိမ်ရဲ့အကောင်းဆုံးအခန်းကိုတောင်ပေးထားပြီးချစ်ရတဲ့သားက ကျောင်းတောင်မပြီးသေးဘဲ ရီးစားကိုအိမ်ခေါ်လာတယ်ဆိုတော့ စိတ်ကတော့တိုချင်စရာဘဲလေ။
"ဒေါက်တာ ဘာတွေတွေးနေတာလဲ"
ငါ တွေးနေတုန်း winny ရောက်လာကာ ငါ့ဘေးနားလာထိုင်သည်။
"ဘာမှမဖြစ်ပါဘူး မောင်"
"စိတ်ဆိုးနေတာလား ကျတော် ဒေါက်တာလို့ခေါ်နေလို့"
"မဟုတ်ပါဘူး အမှန်တော့ ကိုကိုဆိုတာထက် မင်းခေါ်တဲ့ ဒေါက်တာဆိုတဲ့နာမ်စားကိုငါပိုကြိုက်တယ်"
"ဟုတ်ပါပြီဗျ အော် ခုနက မေမေက ဒေါက်တာ့မျက်နှာမကောင်းလို့ဘာဖြစ်တာလဲခေါ်မေးတာ"
"အာ တကယ်လား"
"အွန်း ကျတော်အကုန်ပြောပြလိုက်တယ် မေမေ့ ကိုကော ဖေဖေ့ကိုကော"
"....."
"သူတို့က ဒီမှာကြိုက်သလောက်နေလို့ရတယ်တဲ့ သူတို့က ဒေါက်တာ့ အဆင်မပြေမှာကိုစိတ်ပူနေကြတာ ဒေါက်တာဘာမှစိတ်မပူနဲ့နော်"
ငါ ဘာမှပြန်မပြောဘဲ winny ရင်ခွင်ထဲ ကလေးတယောက်လိုတိုးဝှေ့ကာ ငိုမိလိုက်သည်။
"ငိုချလိုက်နော် ဒေါက်တာ ကျတော့်ရင်ခွင်ထဲပြိုလဲလို့ရပါတယ်"
Winny ရဲ့စကားအဆုံး ငါ ပိုလို့ပင်ငိုမိသည်။
"တောင်းပန်ပါတယ်။ငါ့မိသားစုက မင်းမိသားစုလိုမဟုတ်လို့"_______________________ညကငိုပြီးအိပ်ပျော်သွားတဲ့ ငါ့ကို winny က အိပ်ရာပေါ်တင်ပေးခဲ့တယ်လို့ပြောသည်။
အလုပ်ကြောင့်မနက်စောစောထရတာကြောင့် ငါအခုလဲနိုးထလာရပြန်သည်။ငါ့ဘေးမှာ winny မရှိတော့တာကြောင့် နာရီကြည့်ဖို့ ဖုန်းဖွင့်လိုက်တော့ ၇နာရီထိုးနေပြီလေ။ဖုန်းအသံပိတ်ထားတာကြောင့် missed call တွေကို ငါမြင်လိုက်ရသည်။
အထူးသဖြင့် ငါ့အိမ်ကလူတွေပေါ့။Gemini လဲငါ့ဆီဖုန်းဆက်ထားတာတွေ့ပေမဲ့ ပြန်ဆက်ဖို့စိတ်မပါသေးတာကြောင့် ဖုန်းအားပိတ်ချလိုက်သည်။
"ဒေါက်တာ နိုးပြီလား ဖေဖေမနက်ကလမ်းထလျှောက်တော့ သွားတိုက်တံတစ်ချောင်းဝင်ဝယ်ခဲ့တယ်တဲ့ ဒေါက်တာ့ဟာက အဖြူရောင်လေးဗျ"
"ဟုတ်ပြီ မောင် ဖေဖေ့ကိုကျေးဇူးပါလို့"
မောင်ကခေါင်းငြိမ့်ကာ မနက်စာသွားပြင်ပေးမယ်ပြောပြီးထွက်သွားသည်။ငါ သွားတိုက်ဖို့ ရေချိုးထဲဝင်ကြည့်တော့ တကယ်ဘဲသွားတိုက်တံဟာ နှစ်ချောင်းရှိနေခဲ့သည်။
Winny ပြောခဲ့တဲ့အတိုင်း အပြာနဲ့အဖြူစုံတွဲသွားတိုက်တံလေးမှ ငါအဖြူရောင်ကိုယူလိုက်ကာ ပြုံးရင်းသွားတိုက်မိသည်။
သွားတိုက်ပြီးနောက် ငါ မနက်စာစားဖို့ဆင်းလာခဲ့သည်။winny ကငါ့အတွက် မနက်စာပြင်ပေးထားသည်မို့ ငါ အခန့်သားပင်စားလိုက်သည်။
"Satang အဲ့ဒါ winny ကိုယ်တိုင်ထပြီးပြင်ပေးထားတာလေ ပုံမှန်ဆိုအဲ့ကောင် အခုထိမနိုးသေးဘူး"
"တကယ်လား winny"
လူကြီးတွေရှေ့မို့ ငါ winny လို့ဘဲခေါ်လိုက်သည်။
"အမယ် အခန်းထဲမှာဘဲ မောင် ဆို မင်းတို့မေမေကော ဖေဖေကောကြားတယ်"
Winny ရဲ့အဖေက အခုလိုပြောတော့ ငါ ရှက်သွားသည်။
"အိုး နားအရမ်းပါးတာဘဲ ဒါနဲ့လင်မယားနှစ်ယောက်လုံး လန်ထွက်နေတာဘဲ ဘယ်သွားမလို့လဲ"
"ကလေးတွေရိုတာမမြင်ချင်လို့ နှစ်ယောက်ဒိတ်မလို့"
Winny ရဲ့စကားကို အခုလိုပြန်တုန့်ပြန်တော့ ငါ ရယ်ချင်ကာ သီးသွားသည်။
"ဒေါက်တာ အဆင်ပြေရဲ့လား ရော့ ရေသောက်နော်"
"သားလေ ဒေါက်တာ့ကိုဂရုစိုက်နော် မေမေတို့သွားပြီ"
"Krub...ဒါနဲ့ဒေါက်တာ အလုပ်သွားမလို့လား"
"ဟုတ်တယ်လေ မင်းကောကျောင်းမသွားဘူးလား"
"ကျတော့်အထင် ခနရှောင်သင့်တယ်ထင်တယ် အဲ့မှာ ဆရာလဲရှိတယ်လေ တော်ကြာ ဒေါက်တာ့မိဘတွေသိကုန်မှဖြင့်"
"Gemini ကအဲ့လိုပြန်မပြောပါဘူး"
"ကျတော်သိပါတယ် ဒါပေမဲ့ခနလောက်မသွားဘဲနေသင့်တယ်ထင်လို့"
"အင်း မောင့်သဘောလေ ငါလဲအဲ့လိုထင်တယ်"
"ဟုတ်ပြီ ဒါဆိုဆက်စားနှင့်နော် ပန်းကန်ကျတော်ဆေးလိုက်မယ်"
ငါ မျက်လုံးမှိတ်သည်ထိပြုံးကာ ခေါင်းငြိမ့်ပြလိုက်တော့ winny ကငါ့ခေါင်းအားပွတ်ကာ "ဒေါက်တာ ဆိုးလာတယ်"ဟုပြောသည်။________________________ဒီမိသားစုလေးက ငါ့ကိုအရမ်းချစ်သလို ငါကလဲဒီမိသားစုလေးကို အရမ်းကိုချစ်ပါသည်။ငါ့ကို သားအရင်းလိုပင်ဆက်ဆံသလို ငါကလဲ သူတို့ကိုမိဘအရင်းလိုဆက်ဆံသည်။ရင့်ကျက်ပြီးသား လူတယောက်ဖြစ်တာမို့ လူကြီးမိဘတွေရဲ့သဘောကျမှုကိုရယူဖို့ ငါ့အတွက် မခက်ခဲပါ။
မနက်မနက်ဆို မေမေတို့က ငါ့အလုပ်အတွက်ယူသွားဖို့ဆိုကာ မနက်စာတွေပြင်ထားပေသည်မို့ winny က ပြောထားရသေးသည်။
Winny အား စာတွေလဲငါရှင်းပြရသေးသည်။ချစ်ရသူနဲ့မိသားစုနဲ့အတူနေရတာကလဲ တကယ်ကိုကောင်းသည်။အထူးသဖြင့် ချစ်သူရဲ့မိဘတွေဆီက အချစ်ခံရတာကပိုကောင်းသည်။
"မောင် ငါတို့ Gemini ကိုပြောသင့်တယ်ထင်တယ်"
"အင်း fourth ကလဲအိမ်လာမယ်လုပ်နေလို့ လိမ်ထားရတာ"
"ဖုန်းခေါ်လိုက်မယ်လေ"
"ဟုတ်ကဲ့ဗျ"
Winny က ဖုန်းသုံးရင်းငါ့အားပြန်ဖြေသည်။Gemini ကိုဖုန်းဆက်ရင်း fourth ကိုပါခေါ်လာခိုင်းလိုက်သည်။ခနအကြာ သူတို့ရောက်လာတော့ fourth က winny အားပြေးထိုးသည်။
"မင်းပြောတော့ မင်းအဘွားနေမကောင်းလို့ သွားကြည့်နေတာဆို"
"ငါတောင်းပန်ပါတယ်ကွာ"
"နေပါအုန်း အခုဘာဖြစ်တာလဲ"
"ငါ ပြောပြမယ်" ဆိုကာ ငါ သူတို့နှစ်ယောက်ကို ရှင်းပြလိုက်သည်။
"မင်းအဖေလိုလူမျိုးကို အခုလိုသွားပြောရဲတာ ငါလေးစားတယ်"
Gemini ကငါ့အားပြောသည်။
"ဒါပေမဲ့အခုလဲငါပျော်နေပါတယ်"
"အဲ့တော့ ကျတော်တို့က ဒေါက်တာနဲ့ winny ကိုဖွက်ပေးထားရမှာလား"
"မဟုတ်ပါဘူး အသိပေးတဲ့သဘောပါ"
"မင်းအဖေက စုံစမ်းမဲ့လူမျိုး ခနအတွင်းတွေ့သွားနိုင်တယ်"
"ငါသိပါတယ်"
"မင်းစီစဉ်ထားတာရှိလား"
"ငါ့လခနဲ့ တိုက်ခန်းတခန်းတော့ဝယ်နိုင်ပါတယ်"
"Winny သဘောကကော"
Fourth မေးတော့ winny ကငါ့လက်အားဆုပ်ကိုင်ရင်း
"ဒေါက်တာနဲ့အတူရှိရဖို့ ဘာမဆိုလုပ်မှာပါ"
"လုပ်ခိုင်းတာမဟုတ်ဘူး အိမ်ပြောင်းခိုင်းနေတာ"
Fourth ဆီကစကားသံကြောင့် winny က fourth အားပိတ်ရိုက်လိုက်သည်။_______________________အရှည်ကြီးရေးထားပေးပါတယ်ဗျပစ်ထားမိတာကော exam ကြောင့်ပစ်ထားမိမှာမို့အရှည်ကြီးရေးပေးထားတာပါ။
Zawgyi
"ဆရာ ရောက်ပြီလားရှင့်"
"Zo မင်းပြန်လာတာလား"
"အင်း တို့ ပြန်လာတာ"
"ဘာကိစ္စမို့လို့လဲ"
"P'gem"
"Fourth မဟုတ်ဘူး"
"Fourth! နေဦးလေ"
"ဒါ ဟိုကောင်မကြောင့်"
"လီးကိုနမ်းရမှာလားကွ"
"မင်းဘယ်သွားမလို့လဲ"
"မထင်ပါဘူး"
"မလာပါနဲ့"
"ဟုတ်ကဲ့ပါ"
*ဒေါက် ဒေါက် ဒေါက်*
"ဘာပြောစရာရှိလို့လဲ"
"မဟုတ်ပါဘူးဗျ"
"တောင်းပန်ပါတယ်"
"ဘာကိုလဲ ဒေါက်တာ"
"ငါအိမ်မပြန်ချင်ဘူး"
"အဆင်ပြေပါ့မလား"
"အင်း ဟုတ်ပြီလေ"
"ရတာပေါ့ သားလေးရဲ့"
"Krub"
"ဟုတ်ကဲ့ဗျ"
"ဟူး...."
"ဘာမှမဖြစ်ပါဘူး မောင်"
"အာ တကယ်လား"
"....."
"တကယ်လား winny"
"ဖုန်းခေါ်လိုက်မယ်လေ"
"ဟုတ်ကဲ့ဗျ"
"ငါတောင်းပန်ပါတယ်ကွာ"
"ငါသိပါတယ်"
"Winny သဘောကကော"
There are no comments yet. Log in to be the first to leave a review!
![Love at first sight [Complete]](https://fanficsread.net/media/fs-stories-1/5639/conversions/7a79c9ba1b0da249967faa01c327996a.jpg)